"ခင္ဗ်ားက မဆိုးဘူး.. မိုက္တယ္ 😉 "
မ်က္လံုးေလးတဖက္မွိတ္ကာ လက္မေလးေထာင္ရင္း သစ္ ေျပာလိုက္သည္
သတိုးကေတာ့ ခပ္ေပါ့ေပါ့ပင္ ျပံဳးျပလိုက္ကာ
"မင္းကေတာ့ဆိုးတယ္"
သစ္ မ်က္ႏွာေပးက ခ်က္ခ်င္းဆူပုပ္သြားကာ
"ဘာ... ဘာလို႔ကြၽန္ေတာ္ကဆိုးရမွာလဲ 😕"
မ်က္ႏွာႏွစ္ခုကို နီးနီးကပ္ကပ္ျဖစ္ေနေအာင္
သတိုးကပ္လိုက္ၿပီး
သစ္မ်က္လံုးေတြကိုေသခ်ာေလးၾကည့္ ႏႈတ္ခမ္းပိစိကို အသာေလး နမ္းလိုက္ၿပီးမွ
"ထန္တယ္ေလ... "
အႏွီေကာင္ေလး သစ္က သူ႔ကို အသာေလး ထိရံုေလးနမ္းကာ ဘာအဆင့္မွဆက္မတက္လို႔မေက်နပ္သည့္ ပံုႏွင့္ လက္ကေလးပိုက္ကာ ေခါင္းကိုခ်ာခနဲ ဟိုဘက္လွည့္လိုက္ၿပီး
"Goေတာ့ Goေတာ့"
"အင္း... "
ကုတင္ေပၚကထကာ အဆင္သင့္ျပင္လာတဲ့အက်ႌေတြကို အိတ္ထဲက ထုတ္ဝတ္ရင္း သတိုး ေျပာလိုက္သည္
"ေနာက္တႀကိမ္... မင္းအဆင္ေျပမလား"
"ဘယ္ေန႔လဲ"
"သဘက္ခါ"
"ဘယ္အခ်ိန္လဲ ... ကြၽန္ေတာ္ မနက္၈နာရီကေန ေန႔လည္ ၁၂ နာရီအထိ အလုပ္႐ွိတယ္ "
"အဲ့တာဆိုလဲ ၂နာရီေလာက္ကစတာေပါ့ အဆင္ေျပမလား"
"ဘယ္အခ်ိန္ထိလဲ... ဘယ္ႏွခ်ီလဲ"
"ညေန၆နာရီထိ ယူၾကတာေပါ့ .. အေရအတြက္ကေတာ့..? "
"okok မေျပာနဲ႔ေတာ့..."
"ေစ်းက အဲ့ေန႔မွညိွမလား?"
"အင္း... အဲ့ေန႔မွ ညိွတာေပါ့ ကြၽန္ေတာ္ အနားယူေတာ့မယ္ ခင္ဗ်ားသြားေတာ့ cameraေတြပါ တခါထဲ သိမ္းသြား"
"သူတို႔လာသိမ္းလိမ့္မယ္ ... အဲ့ေန႔က်ရင္ cameraman မေခၚေတာ့ဘူး ကိုယ္ ကိုယ္တိုင္ ဆင္လိုက္မယ္ okမလား"
"ပိုေကာင္းတာေပါ့ဗ်ာ... "
"Ok bye bye "
လက္ကေလးေျမႇာက္ျပလိုက္ၿပီးသည္ႏွင့္ သတိုးကိုေက်ာေပးကာ လွဲခ်လိုက္သည့္ သစ္
အနားယူခ်င္ေနပံုရသည္လို႔ သတိုးယူဆၿပီး အခန္းအျပင္ထြက္လိုက္ေတာ့
အခန္းအျပင္တြင္ ႐ုတ္စု႐ုတ္စုျဖစ္ေနသည့္
Cameramen ေတြ...
"Cameras ေတြ ျမန္ျမန္သိမ္းခဲ့လိုက္ပါ.. "
"ဟုတ္ကဲ့"
ေျပာၿပီးသည္ႏွင့္ သတိုး ခ်က္ခ်င္း ထြက္သြားလိုက္သည္.. ကိုယ့္ကိစၥနဲ႔ကိုယ္ ကို
😉😉😉😉😉
သစ္ ျပန္ႏိုးလာေတာ့ ေနာက္တမနက္ခင္းပင္ စေနေလၿပီ
အိပ္ခ်င္မူးတူးနဲ႔ ေခါင္းဦးေအာက္က phoneကိုယူကာ နာရီၾကည့္လိုက္ေတာ့
8:30..
"Shit ေသၿပီ တကယ္ ေသၿပီ... "
အလန္႔တၾကားနဲ႔ ထထြက္သြားမည္ျပင္ၿပီးကာမွ ဘာအဝတ္မွမပါသည့္အျဖစ္ကိုသတိရကာ
အခန္းထဲက ျမန္ျမန္ထြက္ ေဘး အခန္းထဲ ဝင္ကာ ေရမိုးခ်ိဳး အဝတ္အစားဝတ္ၿပီး ဟိုအခန္းထဲက phone ျပန္ဝင္ယူကာ ဧည့္ခန္းထဲက ခံုေပၚတြင္တင္ထားသည့္ ေက်ာပိုးအိတ္ကိုဆြဲကာ အလုပ္ကိုေျခသုတ္တင္ရေတာ့သည္
အလုပ္ကိုေရာက္ေတာ့ 8:45
ထင္သည့္အတိုင္းပင္ အလုပ္ေ႐ွ႕တြင္ မတ္တပ္ရပ္ေစာင့္ေနေလေသာ
အရင္းေခါက္ေခါက္ ခ်စ္သူငယ္ခ်င္းအေခ်ာေလး...
"ဟာ... အခ်စ္... ကိုယ့္ကိုေစာင့္ေနတာလား ကိုယ္နည္းနည္းေနာက္က်..."
ၾကည့္ေနသည့္ ေၾကာက္မခန္းလိလိ မ်က္လံုးေၾကာင့္ သြားၿဖီးျပကာ
"ငါ ေတာင္းပန္ပါတယ္ ငါ အိပ္ယာထေနာက္က်သြားလို႔ပါ "
"မင္း အိမ္နဲ႔ငါ့cafe ဘယ္ေလာက္ေဝးလဲ"
"၃လမ္း"
"လာရင္ ဘယ္ေလာက္ၾကာလဲ"
"၁၀မိနစ္အလြန္ဆံုး"
"အဲ့တာကို မင္းက fluckမို႔လို႔... အျမဲတမ္းေနာက္က်ေနရတာလား... "
အသံေအာင္လြန္းလွတဲ့ သူငယ္ခ်င္းျဖစ္သူကို သစ္ ခ်က္ခ်င္း ေျပးဖက္ကာ
"စိတ္ေလ်ွာ့ သူငယ္ခ်င္း စိတ္ေလ်ွာ့ ငါမွားတာငါသိပါတယ္ ငါ ေနာက္ဆိုအေစာႀကီးလာပါ့မယ္ လာလာ ဆိုင္ထဲဝင္ရေအာင္ေနာ္ "
ေဒါသအိုးက အတင္းကာေရာေတြ ျပႆနာ႐ွာေနလို႔ သစ္မွာ cafeထဲက စားဖိုေဆာင္ကို အျမန္ဆြဲေခၚကာ အျမႇပ္ထြက္မတတ္ ေတာင္းပန္ၿပီး ေခ်ာ့ရေတာ့သည္
ေနာက္ဆံုးတြင္ေတာ့ တခ်က္လြတ္အမိန္႔က
ေနာက္ဆို အလုပ္တက္ခ်ိန္ ၈နာရီထက္ တမိနစ္ေလးပဲ ျဖစ္ျဖစ္ ေနာက္က်တာနဲ႔
တဆိုင္လံုး သန္႔႐ွင္းေရးလုပ္ရမယ္ ဟူသည့္ အမိန္႔ပင္ျဖစ္သည္
....
သစ္ခမ်ာလဲ ကိုယ့္အျပစ္နဲ႔ ကိုယ္မို႔ ျပန္မေျပာရဲ
သူငယ္ခ်င္းဆိုေပမယ့္လဲ ေဒါသအိုးက လူပုစိတ္တိုမို႔ သစ္ လန္႔ရသည္
....... 😉
ျပန္မေရာက္ခင္ upေပးလိုက္တယ္ေနာ္ ေမ်ွာ္ေနၾကတယ္ဆိုလို႔
Unicode
"ခင်ဗျားက မဆိုးဘူး.. မိုက်တယ် 😉 "
မျက်လုံးလေးတဖက်မှိတ်ကာ လက်မလေးထောင်ရင်း သစ် ပြောလိုက်သည်
သတိုးကတော့ ခပ်ပေါ့ပေါ့ပင် ပြုံးပြလိုက်ကာ
"မင်းကတော့ဆိုးတယ်"
သစ် မျက်နှာပေးက ချက်ချင်းဆူပုပ်သွားကာ
"ဘာ... ဘာလို့ကျွန်တော်ကဆိုးရမှာလဲ 😕"
မျက်နှာနှစ်ခုကို နီးနီးကပ်ကပ်ဖြစ်နေအောင်
သတိုးကပ်လိုက်ပြီး
သစ်မျက်လုံးတွေကိုသေချာလေးကြည့် နှုတ်ခမ်းပိစိကို အသာလေး နမ်းလိုက်ပြီးမှ
"ထန်တယ်လေ... "
အနှီကောင်လေး သစ်က သူ့ကို အသာလေး ထိရုံလေးနမ်းကာ ဘာအဆင့်မှဆက်မတက်လို့မကျေနပ်သည့် ပုံနှင့် လက်ကလေးပိုက်ကာ ခေါင်းကိုချာခနဲ ဟိုဘက်လှည့်လိုက်ပြီး
"Goတော့ Goတော့"
"အင်း... "
ကုတင်ပေါ်ကထကာ အဆင်သင့်ပြင်လာတဲ့အကျႌတွေကို အိတ်ထဲက ထုတ်ဝတ်ရင်း သတိုး ပြောလိုက်သည်
"နောက်တကြိမ်... မင်းအဆင်ပြေမလား"
"ဘယ်နေ့လဲ"
"သဘက်ခါ"
"ဘယ်အချိန်လဲ ... ကျွန်တော် မနက်၈နာရီကနေ နေ့လည် ၁၂ နာရီအထိ အလုပ်ရှိတယ် "
"အဲ့တာဆိုလဲ ၂နာရီလောက်ကစတာပေါ့ အဆင်ပြေမလား"
"ဘယ်အချိန်ထိလဲ... ဘယ်နှချီလဲ"
"ညနေ၆နာရီထိ ယူကြတာပေါ့ .. အရေအတွက်ကတော့..? "
"okok မပြောနဲ့တော့..."
"ဈေးက အဲ့နေ့မှညှိမလား?"
"အင်း... အဲ့နေ့မှ ညှိတာပေါ့ ကျွန်တော် အနားယူတော့မယ် ခင်ဗျားသွားတော့ cameraတွေပါ တခါထဲ သိမ်းသွား"
"သူတို့လာသိမ်းလိမ့်မယ် ... အဲ့နေ့ကျရင် cameraman မခေါ်တော့ဘူး ကိုယ် ကိုယ်တိုင် ဆင်လိုက်မယ် okမလား"
"ပိုကောင်းတာပေါ့ဗျာ... "
"Ok bye bye "
လက်ကလေးမြှောက်ပြလိုက်ပြီးသည်နှင့် သတိုးကိုကျောပေးကာ လှဲချလိုက်သည့် သစ်
အနားယူချင်နေပုံရသည်လို့ သတိုးယူဆပြီး အခန်းအပြင်ထွက်လိုက်တော့
အခန်းအပြင်တွင် ရုတ်စုရုတ်စုဖြစ်နေသည့်
Cameramen တွေ...
"Cameras တွေ မြန်မြန်သိမ်းခဲ့လိုက်ပါ.. "
"ဟုတ်ကဲ့"
ပြောပြီးသည်နှင့် သတိုး ချက်ချင်း ထွက်သွားလိုက်သည်.. ကိုယ့်ကိစ္စနဲ့ကိုယ် ကို
😉😉😉😉😉
သစ် ပြန်နိုးလာတော့ နောက်တမနက်ခင်းပင် စနေလေပြီ
အိပ်ချင်မူးတူးနဲ့ ခေါင်းဦးအောက်က phoneကိုယူကာ နာရီကြည့်လိုက်တော့
8:30..
"Shit သေပြီ တကယ် သေပြီ... "
အလန့်တကြားနဲ့ ထထွက်သွားမည်ပြင်ပြီးကာမှ ဘာအဝတ်မှမပါသည့်အဖြစ်ကိုသတိရကာ
အခန်းထဲက မြန်မြန်ထွက် ဘေး အခန်းထဲ ဝင်ကာ ရေမိုးချိုး အဝတ်အစားဝတ်ပြီး ဟိုအခန်းထဲက phone ပြန်ဝင်ယူကာ ဧည့်ခန်းထဲက ခုံပေါ်တွင်တင်ထားသည့် ကျောပိုးအိတ်ကိုဆွဲကာ အလုပ်ကိုခြေသုတ်တင်ရတော့သည်
အလုပ်ကိုရောက်တော့ 8:45
ထင်သည့်အတိုင်းပင် အလုပ်ရှေ့တွင် မတ်တပ်ရပ်စောင့်နေလေသော
အရင်းခေါက်ခေါက် ချစ်သူငယ်ချင်းအချောလေး...
"ဟာ... အချစ်... ကိုယ့်ကိုစောင့်နေတာလား ကိုယ်နည်းနည်းနောက်ကျ..."
ကြည့်နေသည့် ကြောက်မခန်းလိလိ မျက်လုံးကြောင့် သွားဖြီးပြကာ
"ငါ တောင်းပန်ပါတယ် ငါ အိပ်ယာထနောက်ကျသွားလို့ပါ "
"မင်း အိမ်နဲ့ငါ့cafe ဘယ်လောက်ဝေးလဲ"
"၃လမ်း"
"လာရင် ဘယ်လောက်ကြာလဲ"
"၁၀မိနစ်အလွန်ဆုံး"
"အဲ့တာကို မင်းက fluckမို့လို့... အမြဲတမ်းနောက်ကျနေရတာလား... "
အသံအောင်လွန်းလှတဲ့ သူငယ်ချင်းဖြစ်သူကို သစ် ချက်ချင်း ပြေးဖက်ကာ
"စိတ်လျှော့ သူငယ်ချင်း စိတ်လျှော့ ငါမှားတာငါသိပါတယ် ငါ နောက်ဆိုအစောကြီးလာပါ့မယ် လာလာ ဆိုင်ထဲဝင်ရအောင်နော် "
ဒေါသအိုးက အတင်းကာရောတွေ ပြဿနာရှာနေလို့ သစ်မှာ cafeထဲက စားဖိုဆောင်ကို အမြန်ဆွဲခေါ်ကာ အမြှပ်ထွက်မတတ် တောင်းပန်ပြီး ချော့ရတော့သည်
နောက်ဆုံးတွင်တော့ တချက်လွတ်အမိန့်က
နောက်ဆို အလုပ်တက်ချိန် ၈နာရီထက် တမိနစ်လေးပဲ ဖြစ်ဖြစ် နောက်ကျတာနဲ့
တဆိုင်လုံး သန့်ရှင်းရေးလုပ်ရမယ် ဟူသည့် အမိန့်ပင်ဖြစ်သည်
....
သစ်ခမျာလဲ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ပြန်မပြောရဲ
သူငယ်ချင်းဆိုပေမယ့်လဲ ဒေါသအိုးက လူပုစိတ်တိုမို့ သစ် လန့်ရသည်
....... 😉
ပြန်မရောက်ခင် upပေးလိုက်တယ်နော် မျှော်နေကြတယ်ဆိုလို့