Taeyong's POV
"ကေလး...အဆင္သင့္ျဖစ္ၿပီလား?"
ဦးဂ်ယ္က တစ္ကိုယ္လံုးခိုက္ခိုက္တုန္ေနတဲ့ က်ေနာ့္ကို အသာေလး ကိုင္ရင္း ေမးလာတယ္။
ဒါဟာ ဒုတိယအႀကိမ္ဆိုေပမယ့္ ပထမတုန္းကထက္ေတာင္ က်ေနာ္ေၾကာက္ေနမိတယ္
"စိတ္မပူနဲ႔..ကိုယ့္ကို ယံုတယ္မို႔လား? ဘာမွေၾကာက္စရာမလိုဘူး ဟုတ္ၿပီလား"
က်ေနာ္ အသက္ျပင္းျပင္း႐ွဴ ထုတ္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္တယ္။ ဦးဂ်ယ္က ျပန္ျပံဳးျပၿပီးေတာ့ က်ေနာ့္ေအာက္ကို ေခါင္းငံု႔သြားတယ္။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
က်ေနာ့္ ဖိနပ္ႀကိဳးေျပေနတာကို သတိထားမိၿပီး သူက ျပန္ခ်ည္ေပးေနရင္းနဲ႔
"အေမတို႔က ဘယ္လိုမွသေဘာမထားေလာက္ပါဘူး။ အရမ္းေၾကာက္မေနနဲ႔။ ကိုယ္ ႐ွိတယ္ေလ"
ဦးဂ်ယ္နဲ႔ အေမတို႔နဲ႔ ေပးေတြ႔တာ ႏွစ္ေခါက္႐ွိသြားၿပီေလ။ ဒါေပမယ့္ ဒီတစ္ေခါက္က ပထမတုန္းကလို မဟုတ္ဘူး။ ဒီေန႔မွာေတာ႔ က်ေနာ္တို႔ ႏွစ္ေယာက္အေၾကာင္းကို ေျပာျပၾကေတာ့မယ္
ဖိနပ္ႀကိဳးခ်ည္ေပးၿပီး ဦးဂ်ယ္က က်ေနာ့္ေဘးမွာဝင္ထိုင္လိုက္တယ္။ က်ေနာ့္ေပါင္ေပၚမွာ တင္ထားတဲ့ က်ေနာ့္ရဲ႕ေအးစက္ေနတဲ့ လက္ေတြကို သူက ကိုင္ထားေပးၿပီး က်ေနာ့္ကိုအသံတိတ္ေခ်ာ့ေနတယ္
မၾကာပါဘူး အေမေရာ အေဖေရာ ေရာက္လာၾကတယ္။ ဝင္လာတုန္းကေတာ့ အေမ့မ်က္ႏွာခမ်ာ ျပံဳးရႊင္ေနတာပဲ။ ေနာက္မွ တစ္ခုခုျဖစ္ရင္ေတာ့....
"သားရဲ႕ ဆရာလည္း ေရာက္ေနတာပဲ။ ေယာက္်ား..ဒါ ႐ွင္ခရီးသြားေနတုန္းက အိမ္ကိုအလည္လာတဲ့ သားရဲ႕ဆရာ Jaehyunေလ"-Mom
"ေၾသာ္...ဟုတ္လား?? သားကို ဂ႐ုစိုက္ေပးလို႔ေက်းဇူးပါပဲဗ်ာ"-Dad
အေဖက ဦးဂ်ယ္လက္ကိုေတာင္ဆဲြၿပီး ေက်းဇူးတင္စကားဆိုေနတယ္။ ဦးဂ်ယ္ကေတာ့ ျပန္ျပံဳးျပရင္းနဲ႔ပဲ က်ေနာ့္ကိုလွမ္းၾကည့္ကာ စိတ္မပူနဲ႔ ဆိုတဲ့ မ်က္ႏွာေပးလုပ္ျပတယ္။
~~~
က်ေနာ့္ အေမနဲ႔အေဖက စကားနည္းတယ္။ ဦးဂ်ယ္ ဒီမွာဘာလို႔ဝင္ထိုင္ေနသလဲ သူတို႔နဲ႔တူတူဘာလို႔ထမင္းဝင္စားေနလဲ တစ္ခြန္းမေမးခဲ့ဘူး။ အကုန္လံုး စားေသာက္ၿပီးလို႔ ျပန္ေတာ့မယ့္ ဆဲဆဲမွာ ဦးဂ်ယ္က အေမနဲ႔အေဖကို ေခၚလိုက္တယ္
"အေမ...Taeyongေလးက ေျပာစရာစကား႐ွိပါတယ္တဲ့"
အေမေရာ အေဖေရာ..သူတို႔ႏွစ္ေယာက္လံုးရဲ႕ အၾကည့္ေတြက က်ေနာ့္ဆီေရာက္လာၿပီး ေမးခြန္းထုတ္ေနတဲ့ မ်က္လံုးေတြနဲ႔ ၾကည့္ေနတယ္။
က်ေနာ္လည္း မနည္း အားေမြးလိုက္ၿပီး
"ပထမဆံုး..အာ...အေမတို႔ႏွစ္ေယာက္လံုး က်ေနာ့္ကို နားလည္ေပးမယ္လို႔ ထင္ပါတယ္.. က်ေနာ္ ဒါကိုေျပာဖို႔ အခ်ိန္အရမ္းယူခဲ့ရတယ္...။ က်ေနာ္...က်ေနာ္က gayတစ္ေယာက္ဆိုရင္ အေမတို႔ရဲ႕သားတစ္ေယာက္အေနနဲ႔ အဆင္ေျပမလား?"
အေမ့ရဲ႕ မ်က္လံုးေတြက မ်က္ရည္ေတြနဲ႔ လဲ့ေနတယ္။ အေဖက ေခါင္းကိုငံု႔ထားၿပီး အေမ့အေျဖကို ေစာင့္ေနတဲ့ပံုစံနဲ႔ေနတယ္။ ဦးဂ်ယ္က က်ေနာ့္ကိုႏွစ္သိမ့္တဲ့အေနနဲ႔ က်ေနာ့္ေပါင္ေတြကို ကိုင္ထားတယ္
တစ္ခန္းလံုးတိတ္ဆိတ္ေနခဲ့တယ္။ တစ္ေယာက္မွစကားတစ္လံုးမွ မဟခဲ့ဘူး။ ဒီအခ်ိန္ေလးက တကယ္တမ္းခဏေလးေပမယ့္ က်ေနာ့္အတြက္ေတာ့ အသေခၤ်တစ္ခု အလားပဲ။ အေမကလည္း က်ေနာ့္ကိုအေတာ္ၾကာစိုက္ၾကည့္ေနၿပီးမွ စားပဲြေပၚကိုသူ႔လက္တင္လာၿပီး က်ေနာ့္လက္ကိုေတာင္းတဲ့ဟန္လုပ္တယ္။ က်ေနာ္လည္း အေမ့ကိုလက္ကမ္းလိုက္ေတာ့ အေမက အရမ္းကိုတည္ၿငိမ္တဲ့ အသံနဲ႔ေျပာတယ္။
"Taeyong...."-Mom
"..."
"Taeyong..သားေလး။ သား ဒါကိုေျပာဖို႔ ေၾကာက္ေနခဲ့တာလား? ဟုတ္လား?"-Mom
က်ေနာ္ ေခါင္းေတြပဲညိတ္ျပလိုက္ေတာ့ အေမက က်ေနာ့္ကို ရႊင္လန္းစြာနဲ႔ျပံဳးျပတယ္
"သား....မွတ္ထားေနာ္။ သားဟာ ဘယ္လိုပဲျဖစ္ေနျဖစ္ေန၊ ဘယ္လိုပဲေျပာင္းလဲသြားပါေစ သားက အေမတို႔ရဲ႕ သား Lee Taeyongပါပဲ.."-Mom
က်ေနာ္ မထင္မွတ္ထားတဲ့ အေမ့ရဲ႕စကားေတြက က်ေနာ့္ကိုမ်က္ရည္က်ေစခဲ့တယ္။ အေဖ့ကို လွမ္းၾကည့္ခဲ့ေတာ့လည္း အေဖက ေခါင္းညိတ္ျပၿပီး ဘာမွမျဖစ္ဘူး ဆိုတဲ့ အျပံဳးေလးျပန္ေပးတယ္။ ဦးဂ်ယ္လည္း ေတာ္ေတာ္ေလးအံ့ၾသသြားတယ္
"အေမ သားအတြက္ ဂုဏ္ယူတယ္.."-Mom
က်ေနာ့္မွာ ဘာစကားတစ္ခြန္းမွျပန္ေျပာစရာမ႐ွိေတာ့ဘူး။ ဒီလိုမိဘေတြကို က်ေနာ္ ပိုင္ဆိုင္ထားတာ ကံမေကာင္းလြန္းဘူးလား?
ဒီအခ်ိန္မွာပဲ ဦးဂ်ယ္က အခြင့္ေကာင္းယူၿပီး ေနာက္ထပ္စကားတစ္ခြန္းကို ထပ္ေဖာက္ဖို႔ ဟန္ျပင္ေနတယ္။
က်ေနာ္က သူ႔ကိုတားတဲ့အေနနဲ႔ ေပါင္ကိုလွမ္းကိုင္လိုက္ေတာ့ သူက က်ေနာ့္လက္ကိုသူ႔လက္နဲ႔ျပန္အုပ္လိုက္တယ္။
"က်ေနာ္လည္း ေျပာစရာ႐ွိပါတယ္။ အေမနဲ႔ အေဖ..."
အေမနဲ႔အေဖရဲ႕အၾကည့္ေတြက ဦးဂ်ယ္ဆီကို တန္းေရာက္သြားၿပီး ဦးဂ်ယ္ရဲ႕ စကားေတြကိုေစာင့္ေနတယ္။
"Taeyongေလးကို က်ေနာ့္လက္ထဲ အပ္ႏိုင္မလား?"
အေမတို႔ႏွစ္ေယာက္လံုး အံ့ၾသသြားတဲ့ အမူအရာေတြနဲ႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနၾကတယ္။ လဏၾကာေတာ့ အေဖ့ဆီက ရယ္သံတစ္ခု ၾကားလိုက္ရတယ္။
"ဒါကေတာ့ က်ေနာ္တို႔ဆီက ခြင့္ေတာင္းဖို႔လိုေသးလို႔လားဗ်ာ?"-Dad
"အခုကတည္းကိုက Taeyongနဲ႔ အဆင္ေျပေနၿပီမဟုတ္လား? သူ အဆင္ေျပတယ္ဆိုရင္ က်ေနာ္တို႔က အလိုလိုေခါင္းညိတ္ၿပီးသားေပါ့ Jaehyunေရ"-Dad
အေဖက ဦးဂ်ယ္ရဲ႕ လက္ကို ေမးေငါ့ျပၿပီးေျပာတယ္။ လက္စသတ္ေတာ့ သူက က်ေနာ္တို႔ရဲ႕ လက္စြပ္ေတြကို ျမင္ထားတာပဲကို!
ဒီေတာ့မွ ဦးဂ်ယ္က ရယ္ေမာလိုက္ၿပီး
"ေက်းဇူးတင္ပါတယ္ အေဖ"
"Jaehyunလို လူမ်ိဳးနဲ႔မွ Taeyongကို စိတ္မခ်ရရင္ ဘယ္ျဖစ္မလဲေနာ္"-Mom
"တကယ္လား အေမ?!"
"ဒါေပါ့႐ွင္..Taeyongက အသက္ႀကီးေနၿပီဆိုေပမယ့္ စိတ္ကေလးက အေတာ္ႏူးညံ့တယ္။ ဂ႐ုစိုက္ေပးပါေနာ္ သမက္Jeong (အယ္လဲ့)"-Mom
အေမက သူ႔ကိုသမက္လို႔ေခၚလိုက္ေတာ့ ဦးဂ်ယ္ႀကီးရဲ႕ ပါးခ်ိဳင့္ႀကီးေတြက နဂိုထက္ ႏွစ္ဆေလာက္ေတာင္ထင္းသြားတယ္။
~~~
အေဖနဲ႔အေမ ျပန္ဖို႔အတြက္ ဦးဂ်ယ္က လိုက္ပို႔ေပးမယ္ဆိုေတာ့ အေမတို႔ကTaxiပဲ ရေအာင္ငွါးၿပီး ျပန္သြားတယ္။
က်ေနာ္တို႔လည္း ဦးဂ်ယ္ကား႐ွိရာကို ျပန္လာလိုက္တယ္ တစ္ေယာက္လက္ေတြတစ္ေယာက္ဆုပ္ကိုင္ထားရင္းနဲ႔။
"ကိုယ္ အခုထိကိုမယံုႏိုင္ေသးဘူး...အေမတို႔ကို!"
ဦးဂ်ယ္က သြားေနရင္းရပ္လိုက္တာေၾကာင့္ က်ေနာ္လည္း သူ႔ကိုလွမ္းၾကည့္လိုက္တယ္
"က်ေနာ္ေရာပဲ.."
"အေမတို႔ပံုစံကို ၾကည့္ရတာ ႀကိဳသိထားတာလားမသိဘူး"
"အာ....မဟုတ္ေလာက္ပါဘူး"
"တံု႔ုျပန္မႈေတြက အရမ္းတည္ၿငိမ္လြန္းတယ္"
"ကဲ..Jeong Jaehyun sshi!!က်ေနာ္မ်ိဳးကို အိမ္လိုက္ပို႔ေပးပါေတာ့။ မနည္းအားတင္းၿပီး ေျပာခဲ့ရလို႔ အားကုန္ေနပါၿပီ"
"အဲ့ေတာ့ ဒီညကို ကိုယ့္အိမ္မွာအိပ္လိုက္ေပါ့"
"စလာျပန္ၿပီလား..အဲ့လိုေတြ လက္လႊတ္စပယ္ မေျပာနဲ႔ေနာ္ ဦးဂ်ယ္!"
"Hahaha ေၾကာက္ပါတယ္ သခင္ေလးရယ္!
က်ေနာ္တို႔ ႏွစ္ေယာက္ရယ္ရယ္ေမာေမာနဲ႔ အိမ္ျပန္ခဲ့ၾကတယ္။
ေက်းဇူးျပဳၿပီး ဒီလူႀကီးနဲ႔ပဲ တစ္သက္လံုး ဒီလိုေလးေနပါရေစ....
Taeyong's POV END
***
Jaehyun's POV
November..
ေနာက္ ေလးလေလာက္ဆို ကေလးလည္း ေက်ာင္းၿပီးေတာ့မယ္။ အခုဆို က်ေနာ္တို႔ အေၾကာင္းေတြကို သိတဲ့လူေတြလည္း သိကုန္ၾကၿပီ။ က်ေနာ္တို႔ႏွစ္ေယာက္ တဲြခဲ့ၾကတာလည္း 8လေလာက္႐ွိေရာ့မယ္။
က်ေနာ့္ေဘးကလူေတြကေမးၾကတယ္။ ဒီေကာင္ေလးကို မင္း ယူေရာယူမွာလား တစ္သက္လံုးတူတူလက္တဲြသြားမွာလားတဲ့
က်ေနာ့္ရဲ႕ အေျဖကေတာ့ 'ဒါေပါ့'
ဒီေန႔ေတာ့ Markလည္း အိမ္မွာမ႐ွိလို႔ က်ေနာ့္ကေလးကို 'ဒုတိယအႀကိမ္' က်ေနာ့္အိမ္ကို ေခၚလိုက္တယ္။
သူက အိမ္မွာမုန္႔လုပ္စားမယ္ဆိုၿပီး ingredientsေတြ ဝယ္လာၿပီး မီးဖိုထဲမွာ အလုပ္႐ႈပ္ေနတယ္။
"ကိုယ္ ဘာလုပ္ေပးရမလဲ?"
"ေမးမွေမးပါ့မလားလို႔ ဦးဂ်ယ္ရယ္..ဒီဟာေလး ovenထဲထည့္ေပး"
စားပဲြေပၚက cookieဗန္းကို ၫႊန္ျပၿပီး အေနာက္ထဲဝင္သြားတယ္
"ကေလး..temperatureက ဘယ္ေလာက္ထားရမွာလဲ?"
"..."
"ကေလး?"
ၾကည့္ရတာ အိမ္သာ သြားတာနဲ႔တူတယ္။ က်ေနာ္လည္း temperatureတင္တဲ့ ခလုတ္ကို ႏွိပ္လို႔ရသေလာက္ႏွိပ္ထားခဲ့လိုက္တယ္
ခဏေနေတာ့ သူလည္းထြက္လာၿပီး လုပ္စရာ႐ွိတာေတြဆက္လုပ္ေနတယ္။ ဒီေန႔ဘာစားမလဲေတာ့မသိဘူး။ က်ေနာ္ျမင္ေနတာေတာ့ ၾကက္ဥေတြ ဂ်ံဳမႈန္႔ေတြ creamေတြပဲ ေတြ႔ေနတယ္
"ကေလး..ဘာလုပ္စားမွာလဲ?"
"cupcakes! cookies, macarons, pie, pudding, ၿပီးေတာ့ ဘာပါလိမ့္ cheese cake! Ice creamေရာာာာာ"
"ဟင္ အဲ့ဒါေတြက dessertေတြေလ ထမင္းလြတ္စားလို႔ဘယ္ျဖစ္မွာလဲ"
"က်ေနာ္ကေတာ့ အဆင္ေျပတယ္..ဦးဂ်ယ္ မႀကိဳက္လို႔လား"
"မဟုတ္ဘူးေလ ကိုယ္က ဘာစားရစားရ အဆင္ေျပတယ္။ Yutaက ေျပာဖူးတယ္ 'မင္း ဘာစားေနရလဲဆိုတာ အေရးမႀကီးဘူး၊ ဘယ္သူနဲ႔တူတူစားေနရလဲဆိုတာက အေရးႀကီးတာ'တဲ့"
"Awwwnnn Yuta hyungက sweetလိုက္တာ"
"ကိုယ္ကေရာ?"
"မဆိြပါဘူး။ ဘာႀကီးမွန္းကိုမသိဘူး"
က်ေနာ့္ရဲ႕ စိတ္ဆိုးသြားတဲ့ မ်က္ႏွာကို ရယ္ေမာေနတယ္
"ဦးဂ်ယ္!..ခုနက cookiesေတြေရာ"
"ovenထဲ ထည့္ဆို..ဟိုမွာေလ...အိုး ေသၿပီ!!"
ovenထဲက အေငြ႔ေတြထြက္ေနတာမ်ား ျမင္လို႔ကိုမေကာင္းဘူး။
ကေလးက အလန္႔တၾကားနဲ႔ ovenကို သြားဖြင့္မလို႔လုပ္ေတာ့ က်ေနာ္လည္း သူပူသြားမွာစုိးၿပီး လက္နဲ႔သြားကာလိုက္တာ အက်ိဳးဆက္က က်ေနာ့္လက္ေမာင္း ကင္ၿပီးသားျဖစ္သြားတာပဲ။
"ဟာ...ဦးဂ်ယ္ အပူေလာင္ကုန္ၿပီမို႔လား???ဆီစိမ္း ဆီစိမ္းဘယ္မွာတုန္း..ဆီစိမ္းလိမ္းရမယ္!!"
"ကိုယ့္ကို ထားလိုက္။ ဟိုဟာႀကီး အရင္သြားလုပ္လိုက္ဦး"
က်ေနာ္ေျပာတဲ့အတိုင္းပဲ က်ေနာ့္ကိုထားခဲ့ၿပီး ovenကို သြားပိတ္ရတယ္။ သူဖြင့္လိုက္ေတာ့ မီးခိုးအမည္းႀကီးေတြ ထြက္လာတာမ်ား ေၾကာက္စရာ။ သူမ်ားေတြ ျမင္ရင္ေတာ့ အိမ္မီးေလာင္ေနတယ္ ထင္ေတာ့မွာပဲ။
က်ေနာ္လည္း လက္ေမာင္းကို ေဆးလိမ္းၿပီး သူ႔ဆီကိုျပန္သြားလိုက္တယ္။ သူက တျခားမုန္႔ေတြဆက္လုပ္ေနၿပီး အဆင္သင့္ျဖစ္ေနတဲ့မုန္႔ေတြကို ပန္းကန္ထဲမွာ စီစီရီရီနဲ႔ထည့္ေနတယ္
"ကိုယ္ ဘာထပ္လုပ္ေပးရဦးမလဲ"
"ေတာ္ပါၿပီဗ်ာ~~မီးဖိုေခ်ာင္ႀကီး ျပာမက်ခ်င္ရင္ ဟိုမွာ ေအးေဆးေလးပဲ ထိုင္ေနလိုက္ပါေနာ္"
အေကာင္းနဲ႔လည္း သူမပင္ပန္းေအာင္ေျပာရေသးတယ္။ ဟုတ္ပါတယ္ေလ က်ေနာ္ကလည္း သူတစ္ခုပဲခိုင္းခဲ့တာကို cookiesကေန မီးေသြးျဖစ္ေအာင္ လုပ္ခဲ့ေတာ့လဲ
~~~
သူ႔မုန္႔ေတြကို စားၿပီးသြားတဲ့အခ်ိန္မွာ က်ေနာ္တို႔sofaမွာလွဲရင္း tvၾကည့္ေနခဲ့တယ္။ က်ေနာ့္ sofaက လူႏွစ္ေယာက္လွဲလို႔ရတဲ့ထိ က်ယ္တယ္။ ဒါေပမယ့္ Taeyongက က်ေနာ့္ရဲ႕ ဆန္႔က်င္ဘက္ေထာင့္မွာပဲထိုင္ေနတယ္။ က်ေနာ္ကေတာ့ တစ္ဘက္မွာ လွဲၿပီး လက္တစ္ဖက္နဲ႔ေခါင္းကိုေထာက္ရင္း ၾကည့္ေနခဲ့တယ္။
တစ္ေအာင့္ေလးၾကာေတာ့ သူကတြားသြားၿပီး က်ေနာ့္ရင္ခြင္ထဲတိုးလာတယ္။ tvဘက္ကို ကိုယ္တစ္ျခမ္းေစာင္းၿပီးၾကည့္ေနေတာ့ သူဝင္လာဖို႔အတြက္ကြက္တိျဖစ္ေနတာေပါ့။ ၿပီးေတာ့ က်ေနာ့္ခါးကိုလာဖက္ၿပီး ေခါင္းႀကီးကို ရင္ဘတ္နဲ႔လာကပ္ေနတယ္
"ဖက္ထားေပး!"
"Hmm?"
"ခ်မ္းတယ္! ဖက္ထားေပးလို႔!!"
က်ေနာ္လည္း သေဘာက်လြန္းလို႔ ေအာ္ရယ္လိုက္ၿပီး ေခါင္းကိုေထာက္ထားတဲ့လက္ကိုခ်၊၊ ေနာက္လက္တစ္ဖက္နဲ႔တူတူ သူ႔ကိုတင္းေနေအာင္ ဖက္ထားလိုက္တယ္
"ရၿပီလား? ေႏြးသြားၿပီလား?"
ဘာမွမေျပာဘဲ ေခါင္းေလးပဲညိတ္ျပ႐ွာတယ္။ mint အေရာင္hoodieေလး၊ မ်က္မွန္ေလးနဲ႔ သိပ္ခ်စ္ဖို႔ေကာင္းေနတဲ့ က်ေနာ့္ကေလးေလး
"ဦးဂ်ယ္...က်ေနာ့္ကို ခ်စ္လား?"
"ဟဟ ေမးစရာလိုလို႔လား ခ်စ္တာေပါ့"
"အဲ့ဒါဆို ယူမွာလား?"
"ဘာေတြလာေမးေနတာလဲ? ယူဖို႔ ကေလးလက္မွာ လက္စြပ္ကေတာင္ ႀကိဳေရာက္ေနၿပီေလ...။ မေစာင့္ႏိုင္ေတာ့ဘူးလား? ဒါဆိုလည္း အခုယူၾကစို႔!!"
"အမ္းးးး မဟုတ္ဘူး။ အဲ့လိုေျပာတာမဟုတ္ဘူးေလ။ က်ေနာ္က ဒီေလာက္ဆိုးတာကို ခ်စ္တယ္ေပါ့ ဦးဂ်ယ္က?"
ရင္ခြင္ထဲမွာ ေခါင္းေလးနစ္ဝင္ေနၿပီး ေမးခ်င္ရာေတြေမး ေျပာခ်င္ရာေတြေျပာေနတယ္။ က်ေနာ္လည္း သူ႔ေခါင္းေလးကို ဆဲြမ,လိုက္ၿပီး
"ဘယ္နားဆိုးရမွာလဲ? ဘာမွမဆိုးဘူး။ ခ်စ္တယ္ သိပ္ကိုခ်စ္တာ"
"ဘာလို႔ခ်စ္တာလဲ?"
"ဘာလို႔လည္းဆိုေတာ့~~~ခ်စ္တယ္ဆိုတဲ့ေနရာမွာ အေၾကာင္းျပခ်က္ေပးဖို႔လိုလို႔လား? ဒီတိုင္း ခ်စ္ေနတာကိုက ခ်စ္တာပဲေလ"
စကားဆံုးေတာ့ သူ႔ကိုလွမ္းၾကည့္လိုက္တယ္။ က်ေနာ့္ကို ေပါက္ထြက္မတတ္ၾကည့္ေနၿပီး ျပန္ေျပာလိုက္တဲ့စကားက
"က်ေနာ္လည္း ခ်စ္တယ္~~"
Jaehyun's POV END
---
°Unicode°
Taeyong's POV
"ကလေး...အဆင်သင့်ဖြစ်ပြီလား?"
ဦးဂျယ်က တစ်ကိုယ်လုံးခိုက်ခိုက်တုန်နေတဲ့ ကျနော့်ကို အသာလေး ကိုင်ရင်း မေးလာတယ်။
ဒါဟာ ဒုတိယအကြိမ်ဆိုပေမယ့် ပထမတုန်းကထက်တောင် ကျနော်ကြောက်နေမိတယ်
"စိတ်မပူနဲ့..ကိုယ့်ကို ယုံတယ်မို့လား? ဘာမှကြောက်စရာမလိုဘူး ဟုတ်ပြီလား"
ကျနော် အသက်ပြင်းပြင်းရှူ ထုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဦးဂျယ်က ပြန်ပြုံးပြပြီးတော့ ကျနော့်အောက်ကို ခေါင်းငုံ့သွားတယ်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ကျနော့် ဖိနပ်ကြိုးပြေနေတာကို သတိထားမိပြီး သူက ပြန်ချည်ပေးနေရင်းနဲ့
"အမေတို့က ဘယ်လိုမှသဘောမထားလောက်ပါဘူး။ အရမ်းကြောက်မနေနဲ့။ ကိုယ် ရှိတယ်လေ"
ဦးဂျယ်နဲ့ အမေတို့နဲ့ ပေးတွေ့တာ နှစ်ခေါက်ရှိသွားပြီလေ။ ဒါပေမယ့် ဒီတစ်ခေါက်က ပထမတုန်းကလို မဟုတ်ဘူး။ ဒီနေ့မှာတော့ ကျနော်တို့ နှစ်ယောက်အကြောင်းကို ပြောပြကြတော့မယ်
ဖိနပ်ကြိုးချည်ပေးပြီး ဦးဂျယ်က ကျနော့်ဘေးမှာဝင်ထိုင်လိုက်တယ်။ ကျနော့်ပေါင်ပေါ်မှာ တင်ထားတဲ့ ကျနော့်ရဲ့အေးစက်နေတဲ့ လက်တွေကို သူက ကိုင်ထားပေးပြီး ကျနော့်ကိုအသံတိတ်ချော့နေတယ်
မကြာပါဘူး အမေရော အဖေရော ရောက်လာကြတယ်။ ဝင်လာတုန်းကတော့ အမေ့မျက်နှာခမျာ ပြုံးရွှင်နေတာပဲ။ နောက်မှ တစ်ခုခုဖြစ်ရင်တော့....
"သားရဲ့ ဆရာလည်း ရောက်နေတာပဲ။ ယောက်ျား..ဒါ ရှင်ခရီးသွားနေတုန်းက အိမ်ကိုအလည်လာတဲ့ သားရဲ့ဆရာ Jaehyunလေ"-Mom
"သြော်...ဟုတ်လား?? သားကို ဂရုစိုက်ပေးလို့ကျေးဇူးပါပဲဗျာ"-Dad
အဖေက ဦးဂျယ်လက်ကိုတောင်ဆွဲပြီး ကျေးဇူးတင်စကားဆိုနေတယ်။ ဦးဂျယ်ကတော့ ပြန်ပြုံးပြရင်းနဲ့ပဲ ကျနော့်ကိုလှမ်းကြည့်ကာ စိတ်မပူနဲ့ ဆိုတဲ့ မျက်နှာပေးလုပ်ပြတယ်။
~~~
ကျနော့် အမေနဲ့အဖေက စကားနည်းတယ်။ ဦးဂျယ် ဒီမှာဘာလို့ဝင်ထိုင်နေသလဲ သူတို့နဲ့တူတူဘာလို့ထမင်းဝင်စားနေလဲ တစ်ခွန်းမမေးခဲ့ဘူး။ အကုန်လုံး စားသောက်ပြီးလို့ ပြန်တော့မယ့် ဆဲဆဲမှာ ဦးဂျယ်က အမေနဲ့အဖေကို ခေါ်လိုက်တယ်
"အမေ...Taeyongလေးက ပြောစရာစကားရှိပါတယ်တဲ့"
အမေရော အဖေရော..သူတို့နှစ်ယောက်လုံးရဲ့ အကြည့်တွေက ကျနော့်ဆီရောက်လာပြီး မေးခွန်းထုတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။
ကျနော်လည်း မနည်း အားမွေးလိုက်ပြီး
"ပထမဆုံး..အာ...အမေတို့နှစ်ယောက်လုံး ကျနော့်ကို နားလည်ပေးမယ်လို့ ထင်ပါတယ်.. ကျနော် ဒါကိုပြောဖို့ အချိန်အရမ်းယူခဲ့ရတယ်...။ ကျနော်...ကျနော်က gayတစ်ယောက်ဆိုရင် အမေတို့ရဲ့သားတစ်ယောက်အနေနဲ့ အဆင်ပြေမလား?"
အမေ့ရဲ့ မျက်လုံးတွေက မျက်ရည်တွေနဲ့ လဲ့နေတယ်။ အဖေက ခေါင်းကိုငုံ့ထားပြီး အမေ့အဖြေကို စောင့်နေတဲ့ပုံစံနဲ့နေတယ်။ ဦးဂျယ်က ကျနော့်ကိုနှစ်သိမ့်တဲ့အနေနဲ့ ကျနော့်ပေါင်တွေကို ကိုင်ထားတယ်
တစ်ခန်းလုံးတိတ်ဆိတ်နေခဲ့တယ်။ တစ်ယောက်မှစကားတစ်လုံးမှ မဟခဲ့ဘူး။ ဒီအချိန်လေးက တကယ်တမ်းခဏလေးပေမယ့် ကျနော့်အတွက်တော့ အသင်္ချေတစ်ခု အလားပဲ။ အမေကလည်း ကျနော့်ကိုအတော်ကြာစိုက်ကြည့်နေပြီးမှ စားပွဲပေါ်ကိုသူ့လက်တင်လာပြီး ကျနော့်လက်ကိုတောင်းတဲ့ဟန်လုပ်တယ်။ ကျနော်လည်း အမေ့ကိုလက်ကမ်းလိုက်တော့ အမေက အရမ်းကိုတည်ငြိမ်တဲ့ အသံနဲ့ပြောတယ်။
"Taeyong...."-Mom
"..."
"Taeyong..သားလေး။ သား ဒါကိုပြောဖို့ ကြောက်နေခဲ့တာလား? ဟုတ်လား?"-Mom
ကျနော် ခေါင်းတွေပဲညိတ်ပြလိုက်တော့ အမေက ကျနော့်ကို ရွှင်လန်းစွာနဲ့ပြုံးပြတယ်
"သား....မှတ်ထားနော်။ သားဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုပဲပြောင်းလဲသွားပါစေ သားက အမေတို့ရဲ့ သား Lee Taeyongပါပဲ.."-Mom
ကျနော် မထင်မှတ်ထားတဲ့ အမေ့ရဲ့စကားတွေက ကျနော့်ကိုမျက်ရည်ကျစေခဲ့တယ်။ အဖေ့ကို လှမ်းကြည့်ခဲ့တော့လည်း အဖေက ခေါင်းညိတ်ပြပြီး ဘာမှမဖြစ်ဘူး ဆိုတဲ့ အပြုံးလေးပြန်ပေးတယ်။ ဦးဂျယ်လည်း တော်တော်လေးအံ့သြသွားတယ်
"အမေ သားအတွက် ဂုဏ်ယူတယ်.."-Mom
ကျနော့်မှာ ဘာစကားတစ်ခွန်းမှပြန်ပြောစရာမရှိတော့ဘူး။ ဒီလိုမိဘတွေကို ကျနော် ပိုင်ဆိုင်ထားတာ ကံမကောင်းလွန်းဘူးလား?
ဒီအချိန်မှာပဲ ဦးဂျယ်က အခွင့်ကောင်းယူပြီး နောက်ထပ်စကားတစ်ခွန်းကို ထပ်ဖောက်ဖို့ ဟန်ပြင်နေတယ်။
ကျနော်က သူ့ကိုတားတဲ့အနေနဲ့ ပေါင်ကိုလှမ်းကိုင်လိုက်တော့ သူက ကျနော့်လက်ကိုသူ့လက်နဲ့ပြန်အုပ်လိုက်တယ်။
"ကျနော်လည်း ပြောစရာရှိပါတယ်။ အမေနဲ့ အဖေ..."
အမေနဲ့အဖေရဲ့အကြည့်တွေက ဦးဂျယ်ဆီကို တန်းရောက်သွားပြီး ဦးဂျယ်ရဲ့ စကားတွေကိုစောင့်နေတယ်။
"Taeyongလေးကို ကျနော့်လက်ထဲ အပ်နိုင်မလား?"
အမေတို့နှစ်ယောက်လုံး အံ့သြသွားတဲ့ အမူအရာတွေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတယ်။ လဏကြာတော့ အဖေ့ဆီက ရယ်သံတစ်ခု ကြားလိုက်ရတယ်။
"ဒါကတော့ ကျနော်တို့ဆီက ခွင့်တောင်းဖို့လိုသေးလို့လားဗျာ?"-Dad
"အခုကတည်းကိုက Taeyongနဲ့ အဆင်ပြေနေပြီမဟုတ်လား? သူ အဆင်ပြေတယ်ဆိုရင် ကျနော်တို့က အလိုလိုခေါင်းညိတ်ပြီးသားပေါ့ Jaehyunရေ"-Dad
အဖေက ဦးဂျယ်ရဲ့ လက်ကို မေးငေါ့ပြပြီးပြောတယ်။ လက်စသတ်တော့ သူက ကျနော်တို့ရဲ့ လက်စွပ်တွေကို မြင်ထားတာပဲကို!
ဒီတော့မှ ဦးဂျယ်က ရယ်မောလိုက်ပြီး
"ကျေးဇူးတင်ပါတယ် အဖေ"
"Jaehyunလို လူမျိုးနဲ့မှ Taeyongကို စိတ်မချရရင် ဘယ်ဖြစ်မလဲနော်"-Mom
"တကယ်လား အမေ?!"
"ဒါပေါ့ရှင်..Taeyongက အသက်ကြီးနေပြီဆိုပေမယ့် စိတ်ကလေးက အတော်နူးညံ့တယ်။ ဂရုစိုက်ပေးပါနော် သမက်Jeong (အယ်လဲ့)"-Mom
အမေက သူ့ကိုသမက်လို့ခေါ်လိုက်တော့ ဦးဂျယ်ကြီးရဲ့ ပါးချိုင့်ကြီးတွေက နဂိုထက် နှစ်ဆလောက်တောင်ထင်းသွားတယ်။
~~~
အဖေနဲ့အမေ ပြန်ဖို့အတွက် ဦးဂျယ်က လိုက်ပို့ပေးမယ်ဆိုတော့ အမေတို့ကTaxiပဲ ရအောင်ငှါးပြီး ပြန်သွားတယ်။
ကျနော်တို့လည်း ဦးဂျယ်ကားရှိရာကို ပြန်လာလိုက်တယ် တစ်ယောက်လက်တွေတစ်ယောက်ဆုပ်ကိုင်ထားရင်းနဲ့။
"ကိုယ် အခုထိကိုမယုံနိုင်သေးဘူး...အမေတို့ကို!"
ဦးဂျယ်က သွားနေရင်းရပ်လိုက်တာကြောင့် ကျနော်လည်း သူ့ကိုလှမ်းကြည့်လိုက်တယ်
"ကျနော်ရောပဲ.."
"အမေတို့ပုံစံကို ကြည့်ရတာ ကြိုသိထားတာလားမသိဘူး"
"အာ....မဟုတ်လောက်ပါဘူး"
"တုံ့ပြန်မှုတွေက အရမ်းတည်ငြိမ်လွန်းတယ်"
"ကဲ..Jeong Jaehyun sshi!!ကျနော်မျိုးကို အိမ်လိုက်ပို့ပေးပါတော့။ မနည်းအားတင်းပြီး ပြောခဲ့ရလို့ အားကုန်နေပါပြီ"
"အဲ့တော့ ဒီညကို ကိုယ့်အိမ်မှာအိပ်လိုက်ပေါ့"
"စလာပြန်ပြီလား..အဲ့လိုတွေ လက်လွှတ်စပယ် မပြောနဲ့နော် ဦးဂျယ်!"
"Hahaha ကြောက်ပါတယ် သခင်လေးရယ်!
ကျနော်တို့ နှစ်ယောက်ရယ်ရယ်မောမောနဲ့ အိမ်ပြန်ခဲ့ကြတယ်။
ကျေးဇူးပြုပြီး ဒီလူကြီးနဲ့ပဲ တစ်သက်လုံး ဒီလိုလေးနေပါရစေ....
Taeyong's POV END
***
Jaehyun's POV
November..
နောက် လေးလလောက်ဆို ကလေးလည်း ကျောင်းပြီးတော့မယ်။ အခုဆို ကျနော်တို့ အကြောင်းတွေကို သိတဲ့လူတွေလည်း သိကုန်ကြပြီ။ ကျနော်တို့နှစ်ယောက် တွဲခဲ့ကြတာလည်း 8လလောက်ရှိရော့မယ်။
ကျနော့်ဘေးကလူတွေကမေးကြတယ်။ ဒီကောင်လေးကို မင်း ယူရောယူမှာလား တစ်သက်လုံးတူတူလက်တွဲသွားမှာလားတဲ့
ကျနော့်ရဲ့ အဖြေကတော့ 'ဒါပေါ့'
ဒီနေ့တော့ Markလည်း အိမ်မှာမရှိလို့ ကျနော့်ကလေးကို 'ဒုတိယအကြိမ်' ကျနော့်အိမ်ကို ခေါ်လိုက်တယ်။
သူက အိမ်မှာမုန့်လုပ်စားမယ်ဆိုပြီး ingredientsတွေ ဝယ်လာပြီး မီးဖိုထဲမှာ အလုပ်ရှုပ်နေတယ်။
"ကိုယ် ဘာလုပ်ပေးရမလဲ?"
"မေးမှမေးပါ့မလားလို့ ဦးဂျယ်ရယ်..ဒီဟာလေး ovenထဲထည့်ပေး"
စားပွဲပေါ်က cookieဗန်းကို ညွှန်ပြပြီး အနောက်ထဲဝင်သွားတယ်
"ကလေး..temperatureက ဘယ်လောက်ထားရမှာလဲ?"
"..."
"ကလေး?"
ကြည့်ရတာ အိမ်သာ သွားတာနဲ့တူတယ်။ ကျနော်လည်း temperatureတင်တဲ့ ခလုတ်ကို နှိပ်လို့ရသလောက်နှိပ်ထားခဲ့လိုက်တယ်
ခဏနေတော့ သူလည်းထွက်လာပြီး လုပ်စရာရှိတာတွေဆက်လုပ်နေတယ်။ ဒီနေ့ဘာစားမလဲတော့မသိဘူး။ ကျနော်မြင်နေတာတော့ ကြက်ဥတွေ ဂျုံမှုန့်တွေ creamတွေပဲ တွေ့နေတယ်
"ကလေး..ဘာလုပ်စားမှာလဲ?"
"cupcakes! cookies, macarons, pie, pudding, ပြီးတော့ ဘာပါလိမ့် cheese cake! Ice creamရောာာာာ"
"ဟင် အဲ့ဒါတွေက dessertတွေလေ ထမင်းလွတ်စားလို့ဘယ်ဖြစ်မှာလဲ"
"ကျနော်ကတော့ အဆင်ပြေတယ်..ဦးဂျယ် မကြိုက်လို့လား"
"မဟုတ်ဘူးလေ ကိုယ်က ဘာစားရစားရ အဆင်ပြေတယ်။ Yutaက ပြောဖူးတယ် 'မင်း ဘာစားနေရလဲဆိုတာ အရေးမကြီးဘူး၊ ဘယ်သူနဲ့တူတူစားနေရလဲဆိုတာက အရေးကြီးတာ'တဲ့"
"Awwwnnn Yuta hyungက sweetလိုက်တာ"
"ကိုယ်ကရော?"
"မဆွိပါဘူး။ ဘာကြီးမှန်းကိုမသိဘူး"
ကျနော့်ရဲ့ စိတ်ဆိုးသွားတဲ့ မျက်နှာကို ရယ်မောနေတယ်
"ဦးဂျယ်!..ခုနက cookiesတွေရော"
"ovenထဲ ထည့်ဆို..ဟိုမှာလေ...အိုး သေပြီ!!"
ovenထဲက အငွေ့တွေထွက်နေတာများ မြင်လို့ကိုမကောင်းဘူး။
ကလေးက အလန့်တကြားနဲ့ ovenကို သွားဖွင့်မလို့လုပ်တော့ ကျနော်လည်း သူပူသွားမှာစိုးပြီး လက်နဲ့သွားကာလိုက်တာ အကျိုးဆက်က ကျနော့်လက်မောင်း ကင်ပြီးသားဖြစ်သွားတာပဲ။
"ဟာ...ဦးဂျယ် အပူလောင်ကုန်ပြီမို့လား???ဆီစိမ်း ဆီစိမ်းဘယ်မှာတုန်း..ဆီစိမ်းလိမ်းရမယ်!!"
"ကိုယ့်ကို ထားလိုက်။ ဟိုဟာကြီး အရင်သွားလုပ်လိုက်ဦး"
ကျနော်ပြောတဲ့အတိုင်းပဲ ကျနော့်ကိုထားခဲ့ပြီး ovenကို သွားပိတ်ရတယ်။ သူဖွင့်လိုက်တော့ မီးခိုးအမည်းကြီးတွေ ထွက်လာတာများ ကြောက်စရာ။ သူများတွေ မြင်ရင်တော့ အိမ်မီးလောင်နေတယ် ထင်တော့မှာပဲ။
ကျနော်လည်း လက်မောင်းကို ဆေးလိမ်းပြီး သူ့ဆီကိုပြန်သွားလိုက်တယ်။ သူက တခြားမုန့်တွေဆက်လုပ်နေပြီး အဆင်သင့်ဖြစ်နေတဲ့မုန့်တွေကို ပန်းကန်ထဲမှာ စီစီရီရီနဲ့ထည့်နေတယ်
"ကိုယ် ဘာထပ်လုပ်ပေးရဦးမလဲ"
"တော်ပါပြီဗျာ~~မီးဖိုချောင်ကြီး ပြာမကျချင်ရင် ဟိုမှာ အေးဆေးလေးပဲ ထိုင်နေလိုက်ပါနော်"
အကောင်းနဲ့လည်း သူမပင်ပန်းအောင်ပြောရသေးတယ်။ ဟုတ်ပါတယ်လေ ကျနော်ကလည်း သူတစ်ခုပဲခိုင်းခဲ့တာကို cookiesကနေ မီးသွေးဖြစ်အောင် လုပ်ခဲ့တော့လဲ
~~~
သူ့မုန့်တွေကို စားပြီးသွားတဲ့အချိန်မှာ ကျနော်တို့sofaမှာလှဲရင်း tvကြည့်နေခဲ့တယ်။ ကျနော့် sofaက လူနှစ်ယောက်လှဲလို့ရတဲ့ထိ ကျယ်တယ်။ ဒါပေမယ့် Taeyongက ကျနော့်ရဲ့ ဆန့်ကျင်ဘက်ထောင့်မှာပဲထိုင်နေတယ်။ ကျနော်ကတော့ တစ်ဘက်မှာ လှဲပြီး လက်တစ်ဖက်နဲ့ခေါင်းကိုထောက်ရင်း ကြည့်နေခဲ့တယ်။
တစ်အောင့်လေးကြာတော့ သူကတွားသွားပြီး ကျနော့်ရင်ခွင်ထဲတိုးလာတယ်။ tvဘက်ကို ကိုယ်တစ်ခြမ်းစောင်းပြီးကြည့်နေတော့ သူဝင်လာဖို့အတွက်ကွက်တိဖြစ်နေတာပေါ့။ ပြီးတော့ ကျနော့်ခါးကိုလာဖက်ပြီး ခေါင်းကြီးကို ရင်ဘတ်နဲ့လာကပ်နေတယ်
"ဖက်ထားပေး!"
"Hmm?"
"ချမ်းတယ်! ဖက်ထားပေးလို့!!"
ကျနော်လည်း သဘောကျလွန်းလို့ အော်ရယ်လိုက်ပြီး ခေါင်းကိုထောက်ထားတဲ့လက်ကိုချ၊၊ နောက်လက်တစ်ဖက်နဲ့တူတူ သူ့ကိုတင်းနေအောင် ဖက်ထားလိုက်တယ်
"ရပြီလား? နွေးသွားပြီလား?"
ဘာမှမပြောဘဲ ခေါင်းလေးပဲညိတ်ပြရှာတယ်။ mint အရောင်hoodieလေး၊ မျက်မှန်လေးနဲ့ သိပ်ချစ်ဖို့ကောင်းနေတဲ့ ကျနော့်ကလေးလေး

"ဦးဂျယ်...ကျနော့်ကို ချစ်လား?"
"ဟဟ မေးစရာလိုလို့လား ချစ်တာပေါ့"
"အဲ့ဒါဆို ယူမှာလား?"
"ဘာတွေလာမေးနေတာလဲ? ယူဖို့ ကလေးလက်မှာ လက်စွပ်ကတောင် ကြိုရောက်နေပြီလေ...။ မစောင့်နိုင်တော့ဘူးလား? ဒါဆိုလည်း အခုယူကြစို့!!"
"အမ်းးးး မဟုတ်ဘူး။ အဲ့လိုပြောတာမဟုတ်ဘူးလေ။ ကျနော်က ဒီလောက်ဆိုးတာကို ချစ်တယ်ပေါ့ ဦးဂျယ်က?"
ရင်ခွင်ထဲမှာ ခေါင်းလေးနစ်ဝင်နေပြီး မေးချင်ရာတွေမေး ပြောချင်ရာတွေပြောနေတယ်။ ကျနော်လည်း သူ့ခေါင်းလေးကို ဆွဲမ,လိုက်ပြီး
"ဘယ်နားဆိုးရမှာလဲ? ဘာမှမဆိုးဘူး။ ချစ်တယ် သိပ်ကိုချစ်တာ"
"ဘာလို့ချစ်တာလဲ?"
"ဘာလို့လည်းဆိုတော့~~~ချစ်တယ်ဆိုတဲ့နေရာမှာ အကြောင်းပြချက်ပေးဖို့လိုလို့လား? ဒီတိုင်း ချစ်နေတာကိုက ချစ်တာပဲလေ"
စကားဆုံးတော့ သူ့ကိုလှမ်းကြည့်လိုက်တယ်။ ကျနော့်ကို ပေါက်ထွက်မတတ်ကြည့်နေပြီး ပြန်ပြောလိုက်တဲ့စကားက
"ကျနော်လည်း ချစ်တယ်~~"
Jaehyun's POV END
---
🙆♂️🙆♂️📺