ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 34 (Zawgyi)

3K 546 5
By akyinnamon

တောင်ကုန်းများထက်တွင် ဒေါင်လိုက်တန်းစီစိုက်ပျိုးထားသော စပျစ်ပင်များသည် အစိမ်းရောင် ရေစီးကြောင်းများ စီးဆင်းနေသလို နေရာယူထားကြသည်။ စပျစ်သီးမှည့်များ ရိတ်သိမ်းချိန်ဖြစ်သော ဆောင်းဦးရာသီဖြစ်သောကြောင့် သစ်ရွက်စိမ်းများကြားတွင် ရောယှက်နေသော ရော်ရွက်ဝါများသည် ရွှေရောင်ဖောက်ထားသော ကောဇောပြင်တစ်ခုလိုပင်။ ဘယ်နေရာကြည့်ကြည့် မျက်စိတစ်ဆုံး ရှည်လျား သွယ်တန်းနေသော စပျစ်ခင်းများသာ ရှိနေသည်။

အင်္ဂလိပ်အက္ခရာ 8 ပုံစံဖြစ်အောင် ကြိုးစားပျိုးထောင်ထားသော စပျစ်ပင်များသည် လူတစ်ရပ်ခန့်ပင် ရှည်လျားသည်။ အပင်တိုင်းလိုလိုတွင် စပျစ်ခိုင်များ ၀င်းမှည့်ပြွတ်သိပ်စွာ သီးနေကြသည်။ အညိုရောင် စပျစ်သီးအလုံးကြီးများသည် အရည်ရွှမ်းကာ ချိုနေမည်ဆိုတာကို လှမ်းကြည့်ရုံနှင့်သိသာစေသည်။ စပျစ်ရွက်များကိုပင် ကောင်းကောင်းမမြင်ရလောက်အောင် စပျစ်ခင်းတစ်ခုလုံး လှိုင်နေအောင် သီးနေကြသည်။

စပျစ်ခိုင်တစ်ခုကို ခူးယူရင်း မြေပြင်ပေါ်ချထားသော ကြိမ်ခြင်းထောင်းထဲ ဖဲလ်လစ် ထည့်လိုက်သည်။ မို့မောက်နေသော ခြင်းထောင်းကိုကြည့်ပြီး ခါးကိုပြန်မတ်လိုက်သည်။ ညောင်းညာမှုက မသက်သာသွား။ စပျစ်ရည်စွန်းနေသော လက်များမှာ အစေးများကြောင့် ညစ်ထေးကာ မည်းညစ်နေသည်။ ရှရာ၊ ပွန်းရာများ အပြည့်။ ကြိမ်ခြင်းတောင်းကြီးရှေ့မှာ ဒူးကွေးထိုင်ရင်း ထိပ်ကြိုးကို ခေါင်းမှာချိတ်ကာ ကိုယ်ကိုပြန်မတ်လိုက်သည်။ လေးလံလှသော်လည်း အလေ့အကျင့်ဖြစ်နေပြီဖြစ်သောကြောင့် မခက်ခဲပါ။ စပျစ်သီးခူးနေသော အခြားအစေခံများကို မထိခိုက်မိအောင် သတိထားရင်း စပျစ်ခင်းကြားမှာ လျှောက်လာခဲ့သည်။

စပျစ်ခင်းများတည်ရှိရာ တောင်ကုန်းငယ်များကြားတွင် အဆောက်အဦးတစ်ခုရှိသည်။ အနီရောင် အုပ်ကြွပ်မိုးများနှင့် ခပ်နိမ့်နိမ့်ဖြစ်သည်။ ဖဲလ်လစ်အပါအ၀င် စပျစ်တောင်းကြီးများကို ထမ်းထားနေသူအားလုံး တောင်ကုန်းများထက်မှ ထိုအဆောက်အဦးရှိရာသို့ တရွေ့ရွေ့သွားနေကြသည်။ အဆောက်အဦးကြီးသည် ခန်းမတစ်ခုတည်းဖြစ်သည်။ ဘာအခန်း၊ ဘာအဆင်တန်ဆာမှ မရှိ။ ခန်းမကြီးအလယ်တွေတော့ ကန်ကြီးတစ်ခုရှိပြီး အစေခံများသည် သယ်ဆောင်လာသော စပျစ်သီးများကို ကန်ထဲသို့ လောင်းထည့်နေကြသည်။

ထိုကန်ကြီးထဲတွင် တုတ်များနှင့်ထောက်ရင်း စပျစ်သီးများကို နင်းချေနေကြသော အခြားကျွန်များရှိသည်။ သူတို့အားလုံးသည် စပျစ်ရည်များနှင့် စေးကပ်ပေကျံနေကြသည်။ လက်ထဲမှတုတ်ရှည်ကို အားပြုရပ်ရင်း စပျစ်သီးများကို ခြေဗလာနှင့် နင်းနေကြခြင်းဖြစ်သည်။ နကျယ်ကောင်များ၊ ပျားပိတုန်းများသည် စပျစ်ရည်စိုနေသော အစေခံများနားမှာ တ၀ီဝီ ပျံဝဲနေကြသည်။ ကျွန်များသည် မိမိတို့ရပ်ရွာဒေသမှ သီချင်းများကို သံပြိုင်သီဆိုရင်း ပင်ပန်းမှုဒဏ်ကို အံတုနေကြသည်။

ကန်ကြီး၏ အချို့နေရာများတွင် ခြေင်္သေ့ခေါင်းပုံ အပေါက်ငယ်များရှိပြီး စပျစ်ရည်များ စီးကျနေသည်။ ၎င်းတို့အောက်ခြေတွင် အခြားကန်ငယ်များရှိသည်။ ရေစစ်ဇကာလို ခံထားသောကြောင့် အခွံ၊ ရိုးတံနှင့် ပိုးမွှားကောင်သေများ တင်ကျန်ရစ်သည်။ ထိုကန်ငယ်ထဲတွင် စပျစ်ရည်များ ပြည့်လာလျှင်တော့ အခြားကျွန်များသည် မြေအိုးများထဲသို့ သဲ့ခပ်ပြီး အခြားသိုလှောင်ရာနေရာသို့ သယ်ယူသွားကြမည်ပဲဖြစ်သည်။

ခြံကျယ်ကြီး၏ နေရာတစ်ခုတွင် စပျစ်ရည် လီတာ ၁၅၀၀ မှ ၂၀၀၀ ခန့်အထိဆံ့သည့် မြေအိုးကြီးများကို မြေကြီးထဲတွင် လည်ပင်းပေါ်ရုံ မြှုပ်ထည့်ထားသည်။ အမြင့်ပေသုံးပေကျော်မြင့်သည့် ထိုအိုးကြီးများထဲသို့ စပျစ်ရည်လောင်းထည့်ကာ ဆယ်ရက်ခန့်ထားလျှင် စပျစ်ရည်များ တဖြည်းဖြည်း ဆူပွက်လာလိမ့်မည်။ ဆယ်ရက် အကြာတွင်တော့ မြေအိုးကြီးများကို အဖုံးပိတ်ကာ အချိန်တစ်နှစ်ခန့် သို့မဟုတ် နှစ်အတော်များများ ပိတ်လှောင်သိမ်းဆည်းပြီးမှ ဈေးကွက်သို့ ပြန်လည်ရောင်းချကြလိမ့်မည်။ ပုံပေမြို့ပတ်ဝန်းကျင်မှ စပျစ်ရည်သည် ရောမလူမျိုးများကြားတွင် ရေပန်းစားကာ နာမည်ကျော်ကြားသည်။ နှစ်စဉ်နှစ်တိုင်း စပျစ်ရည်ရောင်းဝယ်သည့် လုပ်ငန်းများမှ ရရှိသည့် ၀င်ငွေသည် မနည်းလှ။

ကန်ကြီးနားသို့ ရောက်လာပြီဖြစ်သောကြောင့် ဖဲလ်လစ်သည် ခေါင်းမှ ကြိမ်ခြင်းတောင်းကြီးကို ချွတ်ကာ အထဲမှစပျစ်သီးအားလုံးကို ကန်ထဲလောင်းထည့်လိုက်သည်။ သူနှင့်မလှမ်းမကမ်းတွင် ကြိမ်ခြင်းအလွတ်များကို ဘေးချထားသော လူစုစုကို တွေ့လိုက်ရသည်။ အားလုံးအစေခံများဖြစ်သည်။ တစ်စုံတစ်ရာကို တီးတိုးပြောဆိုရင်း စိုးရိမ်နေဟန် မျက်လုံးများပြူးနေကြသည်။ အခြားသူများနှင့် ခပ်ဝေးဝေးသာနေတတ်သော သူ့အကျင့်ကြောင့် ဘာဖြစ်နေတာလဲဟု ဖဲလ်လစ်မမေးဖြစ်။ ခြင်းတောင်းအလွတ်ကို လက်မှဆွဲပြီး အပြင်ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။

"နတ်ဘုရားတွေရဲ့ ကျိန်စာပဲ။"

"အေးဟ။"

"သူတို့ နတ်ဘုရားတွေ မကျေနပ်အောင် ဘာတွေလုပ်ခဲ့သလဲမှ မသိတာ။"

"ဟုတ်ပါရဲ့။"

"မင်းတို့သတိထားမိလား။ အခုရက်ပိုင်း နမိတ်မကောင်းဘူး။ ငါတွေ့သမျှတော့ ငှက်တွေအားလုံးလိုလို နေ၀င်ရာဘက်ကိုပဲ ပျံသွားနေကြတယ်။ ကြောက်စရာတစ်ခုခုတော့ ဖြစ်တော့မှာပဲ။"

"ယဇ်ပူဇော်ပြီး နတ်ဘုရားတွေရဲ့ သဘောထားကို ဘုန်းတော်ကြီးတွေကို မေးခိုင်းမှဖြစ်မယ်။ ဒီအတိုင်းဆက်နေဖို့မကောင်းဘူး။"

တီးတိုးသံများကို ဆက်ကြားနေရသည်။ ရောမလူမျိုးများသည် အတိတ်နမိတ်ကောက်ပြီး အယူသည်းသူများဖြစ်သည်။ ဇီးကွက်ကိုမြင်လျှင် မကောင်းတာဖြစ်လိမ့်မည်ဟု ယုံကြည်ကာ လင်းယုန်ငှက်သည် မုန်တိုင်းတိုက်မည့် အတိတ်နမိတ်ဖြစ်သည်။ ပျားများကို အတိတ်နမိတ်ကောင်းဖြစ်သည်ဟု ယုံကြည်ကြသလို ငှက်များ၏ပျံသန်းပုံကို ကြည့်ကာ အယူသည်းတတ်ကြသည်။ အရှေ့ဘက်အရပ်ဆီသို့ ငှက်များပျံသန်းသည်ကို တွေ့ပါလျှင် အတိတ်နမိတ်ကောင်းဖြစ်ပြီး အနောက်ဘက်သို့ ပျံသန်းလျှင်တော့ ကံမကောင်းသည့်အဓိပ္ပါယ်ဟု လူအများပင် ယုံကြည်ကြသည်။

"တိတ်စမ်း။ အားလုံး လုပ်စရာရှိတာဆက်လုပ်ကြစမ်း။"

ကျွန်ထိန်းရဲ့ စကားအဆုံးမှာ လူစုစုသည် တဖြည်းဖြည်း အုပ်စုခွဲကာ လုပ်ငန်းနေရာများသို့ ပြန်လည်ထွက်ခွာသွားကြသည်။ လူငယ်လေးတစ်ယောက်သာ ဖဲလ်လစ်နားသို့ လျှောက်လာသည်။

"ဟိုဘက်ခြမ်းက ယာခင်းအိမ်တွေက စပျစ်ပင်တွေ အကုန်သေနေတယ်တဲ့။ အဲ့ဒီ့မှာ အလုပ်လုပ်တဲ့ လူတွေလည်း ချောင်းတွေဆိုးပြီး ဖျားနေကြတယ်။"

စကားဆုံးသည်နှင့် လူငယ်သည် ခြေလှမ်းသွက်သွက်နှင့် ထွက်ခွာသွားသည်။ ဖဲလ်လစ် စပျစ်ခင်းထဲပြန်မသွားဘဲ ကျွန်ထိန်းရှိရာသို့ လျှောက်လာခဲ့သည်။ ကျွန်ထိန်းဖြစ်သူ နဲရို့စ်နှင့်သူသည် ရင်းနှီးခင်မင်နေပြီဖြစ်သည်။ နဲ့ရို့စ်သည် အဘိုးအို အဲလ်ဇီယိုလောက် သဘောမကောင်းပေမယ့် အစေခံများကို နှိပ်စက်တတ်သူတော့မဟုတ်။ စပျစ်ခင်း၊ သံလွင်ပင်စိုက်ခင်းမှအစ မွေးမြူရေးလုပ်ငန်း အားလုံးကို ဦးစီးကြပ်မတ်ပေးရန် လုလိယက်စ်၏ ယုံကြည်အားကိုးခံရသူဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ နဲရို့စ်"

"မင်းကိုယ်တိုင်ပဲ သွားကြည့် ဖဲလ်လစ်"

နဲရို့စ်သည် ဟန်ကိုဖို့ထားပေမယ့် စိုးရိမ်ကြောက်လန့်နေမှန်း သိသာလွန်းသည်။ လက်ထဲမှ ခြင်းတောင်းကိုပစ်ချကာ မလှမ်းမကမ်းမှ တောင်စောင်းနေရာသို့ ဖဲလ်လစ်လျှောက်လာခဲ့သည်။ တောင်ပို့တစ်ခု ကွယ်နေသောကြောင့် ချက်ချင်းမမြင်ရ။ ထိပ်နားအရောက် ဝေါခနဲ တိုက်ခတ်လာသော ပင်လယ်ပြင်မှ လေပြင်းကြောင့် ချည်ထည်ကြမ်းအနားစသည် တဖျတ်ဖျတ်လွင့်ခါသွားသည်။

လှမ်းမြင်လိုက်ရသော မြင်ကွင်းသည် ယုံနိုင်စရာပင်မရှိ။ မနေ့တစ်နေ့လေးကပင် စိမ်းစိုနေခဲ့သော စပျစ်ခင်းကြီးသည် မီးမြှိုက်ခံလိုက်ရသလို ခြောက်ကပ်နေသည်။ တစ်ချို့နေရာများတွင် မြေပြင်သည် မီးရှို့ခံထားရသလို မည်းနက်နေသည်။ ထိုစပျစ်ခင်းများကြားတွင်တော့ ပိန်လှီစုတ်ပြတ်နေသော အစေခံများ တရွေ့ရွေ့သွားနေသည်။ အကောင်းကျန်သေးသည့် စပျစ်သီးတစ်ချို့ကို ရလိုရငြား ကြိုးစားနေကြဟန်တူသည်။ ကျွန်ထိန်းများ၏ ရက်ရက်စက်စက် ရိုက်နှက်မှုများ၊ ဆဲဆိုသံများကို ကြားနေရသည်။ ကလေး၊ လူကြီးမကျန် မျှော်လင့်ချက်တစ်စုံတစ်ရာ မရှိတော့သော မျက်နှာသေများနှင့် ကြိမ်ဒဏ်များကြားမှာ ပုရွက်ဆိတ်ငယ်များသဖွယ် လှုပ်ရှားနေခြင်းဖြစ်သည်။ ခြေထောက်မှ ခြေကျင်းများ၊ သံကြိုးများမှာလည်း မြင်ရက်စရာမရှိ။

သူတို့ယာခင်းအနေအထားနှင့်တော့ တခြားစီဖြစ်သည်။ တေးသီချင်းများ သီဆိုကာ တက်ကြွစွာ လုပ်ငန်းခွင်ဝင်နေကြသော လုပ်ဖော်ကိုင်ဖက် အစေခံများရှိရာသို့ ဖဲလ်လစ် လှမ်းကြည့်မိသွားသည်။ စပျစ်ခြံခြင်းအတူတူ၊ လုပ်ငန်းခြင်းအတူတူ ဖြစ်ပေမယ့် ပိုင်ရှင်မတူတာနှင့် ကွာခြားလွန်းသော အနေအထား။

ပိုင်ရှင်..

ဒီစကားလုံးနှစ်လုံးကို သူ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။ မွေးဖွာလာစဉ်ကတည်းက သူ့မှာ ပိုင်ရှင်ရှိခဲ့သည်။ ဖခင်ဟု တစ်ခါတစ်ရံ တစ်ယောက်တည်း ခေါ်ဆိုဖို့ ကြိုးစားခဲ့ဖူးပေမယ့် ဒီ့အတွက်ပင် အပြစ်ရှိသလို မလုံမလဲ ခံစားခဲ့ရသည်။

သူ့မှာ ဖခင်မရှိ။ ပိုင်ရှင်တဖြစ်လည်း အရှင်သခင်သာ ရှိခဲ့သည်။

အခုအချိန်မှာရော..

သူ့ကို..

ဘယ်သူပိုင်တာလဲ..

အရှင်တိတိုထံမှ ဖဲလ်လစ်ထွက်ခွာလာခဲ့သည့်အချိန်မှာ တစ်နှစ်ပင် မကြာသေးပါ။ သူမှတ်မိနေသည့် အရှင်တိတို၏ မျက်နှာသွင်ပြင်တွင် မျက်လုံးများသည် အထူးခြားဆုံးဖြစ်လိမ့်မည်။ တောက်ပသောမျက်လုံးများ သည် ဥာဏ်ပညာကြီးမြတ်မှုနှင့် သတ္တိစွမ်းအားရှိမှုကိုပါ ပြညွှန်းနေသည်။ အခုတော့ ရောမမြို့သာမက အင်ပါယာတစ်ခုလုံး၏ အရှင်သခင်ဖြစ်နေပြီ ဖြစ်သည်။ အင်ပါယာရှင်ကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဆိုတာ ဖဲလ်လစ် သံသယမရှိ။ အကြွင်းမဲ့ယုံကြည်သည်။

အရှင်တိတို..

ငယ်စဉ်ကတည်းက ကြီးပြင်းလာချိန်အထိ ဖဲလ်လစ်၏ကြိုးစားမှုများသည် အရှင်သခင်ဖြစ်သော အရှင်တိတို ကျေနပ်နှစ်သိမ့်ရန် အတွက်သာ ဖြစ်ခဲ့သည်။ မိမိကိုယ်ကို သက်ရှိလူသားတစ်ဦးအဖြစ်ပင် မမြင်နိုင်လောက်အောင် အပင်ပန်းအဆင်းရဲခံကာ ကြိုးစားခဲ့ခြင်းပင်။

ပင်လယ်မှတိုက်ခတ်နေသော လေပြေအေးသည် ရင်တွင်းမှပူလောင်မှုများကို မငြိမ်းချမ်းစေနိုင်ပါ။ လှိုင်းထန်နေသော ပင်လယ်ပြာသည် သူ့ရင်ထဲမှ ခံစားချက်များကို ထပ်တူနားလည်ပေးနိုင်လိမ့်မည်။ မသိစိတ်နှင့်အတူ လက်တစ်ဖက်က ခါးပတ်မှာချိတ်ဆွဲထားသော သားရေအိတ်လေးပေါ် တင်ဖြစ်သွားသည်။ ဟိုးမိုးကုပ်စက်ဝိုင်းအစွန်းကို ငေးကြည့်ရင်း အားလုံးကိုခွဲခွာကာ ငှက်ငယ်လေးတစ်ကောင်လို ပျံသန်း လွတ်မြောက်ချင်မိသည်။

ဒါပေမဲ့ အခုအချိန်အထိ သူသည် ဒီနေရာမှ မလွတ်မြောက်နိုင်သေး။ လွတ်မြောက်ချင်စိတ် မရှိတာသည် အဓိကဖြစ်လိမ့်မည်။

ဖဲလ်လစ်သည် ပုံပေမြို့ရှိ လုလိယက်စ်၏နေအိမ်မှ အနားယူစံအိမ်ကြီးရှိရာသို့ ရုတ်တရက် အပို့ခံခဲ့ရသည်။ ဘာ့ကြောင့်ဆိုတာကို မသိခဲ့ရ။ အစေခံများထဲတွင်မှ နိမ့်ကျကာ မည်သူမှမဖြစ်ချင်သည့် ယာလုပ်သား အစေခံတစ်ယောက်ဖြစ်လာသည်။ တစ်ချိန်က မိမိလက်အောက်တွင်ရှိခဲ့သော အရှင်တိတို၏အစေခံများမြင်လျှင် မည်မျှအံ့သြလိမ့်မည်ကိုတွေးမိတော့ ၀မ်းနည်းစွာ ပြုံးမိသည်။ ယခုအခါ ရောမလွှတ်တော်ထဲတွင် တစ်ချိန်က ဖဲလ်လစ်၏ လက်အောက်အစေခံများပင် နေရာရော၊ အာဏာပါ ရနေကြပြီဆိုတာ မြေကြီးလက်ခတ်မလွဲပင်။

သုံးလဆိုသည့်အချိန်အတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားနိုင်ရန် သူ့အတွက် အခွင့်အရေးများစွာ ရှိခဲ့သည်။ ခြေကျင်းမခတ်ထားသော၊ ဖမ်းချုပ်ထားခြင်းမရှိသော လွတ်လပ်သည့် အစေခံတစ်ယောက်အနေဖြင့် သူ ဒီအိမ်မှ ထွက်မပြေးဖြစ်ခဲ့သေးသည်မှာ မရဲတရဲ မျှော်လင့်နေခဲ့သော မျှော်လင့်ချက်လေးတစ်ခုကြောင့်ဖြစ်သည်။

ပင်လယ်ပြင်ကို ကျောခိုင်းကာ တောင်ကုန်းမြင့်ထက်မှ ဖဲလ်လစ် ပြန်ဆင်းလာခဲ့သည်။ စပျစ်ခင်းတွင် မည်သူမျှမရှိတော့။ နေ၀င်သွားပြီဖြစ်သောကြောင့် လုပ်ငန်းခွင်သိမ်းသွားကြပြီဖြစ်သည်။ အနားယူစံအိမ်ကြီး ရှိရာသို့ ရောက်လာချိန်တွင် အလင်းရောင်သဲ့သဲ့သာ ရှိတော့သည်။ ခြေ၊ လက်၊ မျက်နှာ ဆေးပြီးသည်နှင့် ဥယျာဉ်ကြီးရှိရာ သွားဖြစ်သည်။ မနက်မိုးမလင်းခင် လုပ်ငန်းခွင် ၀င်ရသောကြောင့် ညနေစောင်းအချိန်များသည်သာ သူ၏ ကိုယ်ပိုင်အားလပ်ချိန်များ ဖြစ်သည်။

ပန်းအိုးကြီးများနှင့် စိုက်ပျိုးထားသော နှင်းဆီချုံမှ အလှဆုံးနှင်းဆီသုံးပွင့်ကို ခူးယူလိုက်သည်။ ထို့နောက် ပင်လယ်ကို မျက်နှာချင်းဆိုင်မြင်နေရသော အိပ်ခန်းတစ်ခုဆီသို့ လျှောက်လာခဲ့သည်။ ပိုင်ရှင်မရှိသော အိပ်ခန်းငယ်သည် အမှောင်ထဲမှာ တိတ်ဆိတ်နေသည်။ မီးတိုင်ကို ထွန်းညှိရင်း ပန်းအိုးထဲမှ နွမ်းနေသော ပန်းပွင့်ငယ်များကိုဖယ်ကာ ခူးယူလာခဲ့သော ပန်းရောင်နှင်းဆီပွင့်လေးများကို စိုက်ထိုးလိုက်သည်။ အိပ်ရာခင်းကို သေသပ်အောင်ပြင်ဆင်ကာ စားပွဲ၊ သေတ္တာများပေါ် ငှက်မွှေးကြက်တောင်ဖြင့် ဖုန်မှုန့်များမရှိအောင် သန့်ရှင်းဖြစ်သည်။ အထူးတလည် သန့်ရှင်းနေစရာ မလိုပါ။ သုံးလလုံးလုံး နေ့စဉ်ရက်ဆက် သန့်ရှင်းပြီးသားဖြစ်သော အခန်းငယ်သည် ရှင်းသန့်တောက်ပြောင်နေသည်။

စားပွဲဝိုင်းငယ်ပေါ်မှ ကြေးမှန်လေးကို နောက်ဆုံးဖုန်သုတ်ပြီးချိန်မှာတော့ ချက်ချင်းမချဖြစ်။ နောက်ဘက် ကျောပေးနေရာမှ လှည့်ကြည့်ပြုံးပြနေဟန် မိန်းမပျိုလေးကို ဖဲလ်လစ် ငေးကြည့်နေမိသည်။

"ကျွန်တော်တို့ဆီမှာ နေခဲ့တဲ့တစ်လျှောက်လုံး ဒီလိုမပြုံးခဲ့ပါလား သခင်မလေးရာ.."

အန်နီရာဆိုသည့် မိန်းမပျိုတစ်ယောက်နှင့် အရှင်တိတိုလက်ထပ်ခဲ့စဉ်က ဖဲလ်လစ် မပျော်ခဲ့ပါ။ ဖခင်ဖြစ်သူ၏ တရားဝင်သားသမီးတစ်ယောက်ကို မွေးဖွားပေးနိုင်သည့် အန်နီရာ့ကို မုန်းတီးခဲ့မိသေးသည်။ သူ့တစ်သက်လုံး ဖခင်ကို အဖေဟု မခေါ်နိုင်ဘဲ အရှင်ဟု ခေါ်ခဲ့ရသည်။

အရှင်တိတို၏ သွေးသားဖြစ်သောကြောင့် သူ့ကို အစေခံများသည် အရောမ၀င်ကြသလို မိတ်ဆွေမဖွဲ့ကြ။ ခင်မင်ရင်းနှီးသူဆို၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့။ အစေခံများအားလုံးက သူ့ကို ရွံကြောက်ကြီးဖြစ်ကာ ဝေးဝေးမှ ရှောင်ခဲ့ကြသည်။

ဒါဆို အထက်တန်းလွှာဖြစ်သော ဖခင်ဖြစ်သူ၏ အသိုင်းအ၀ိုင်းကရော။ အရှင်တိတိုအတွက် သူသည် သားတစ်ယောက်မဟုတ်။ အဆင့်အတန်းနိမ့်သည့် ကျွန်မတစ်ယောက်မှ မွေးဖွားလာသည့် အစေခံ ကျွန်တစ်ယောက်သာ ဖြစ်သည်။ အခြားမိသားစုဝင်များအတွက်တော့ ဖဲလ်လစ်သည် နှုတ်မရသော ဆူးတစ်ချောင်း ဖြစ်သည်။ မုန်းတီးစက်ဆုပ်မှုများ၊ ရန်ရှာအပြစ်ဖွဲ့မှုများ၊ မမျှတသော အပြစ်ဒဏ်ပေးခံရမှုများသည် ဖဲလ်လစ်အတွက်တော့ အထူးအဆန်း မဟုတ်ခဲ့။

အားလုံးကို မြိုသိပ်ရင်း တစ်ယောက်တည်းနေတတ်အောင် ကြိုးစားဖြစ်ခဲ့သည်။ အရာအားလုံးကို ကြိုးစားသင်ယူခဲ့သည်။ တိုက်ခိုက်မှု၊ ပညာရေး၊ ဆေးပညာ။ ဘယ်လောက်ပင် ခက်ခဲပင်ပန်းပါစေ။ အံကိုကြိတ်ရင်း ကြိုးစားခဲ့သည်။ သူသာ ဘက်စုံထူးချွန်နေခဲ့လျှင် ဖခင်ဖြစ်သူသည် သူ့အတွက် ဂုဏ်ယူလိမ့်လေမည်လားဟု မျှော်လင့်ခဲ့ဖူးသည်။

ဖဲလ်လစ်၏ သူမတူအောင် ကြိုးစားမှု၊ ထူးချွန်မှုများသည် အလဟဿတော့ မဖြစ်ခဲ့။ အရှင်တိတို၏ အိမ်တော်ကို ဦးစီးရသည့် လူယုံအစေခံတစ်ယောက် ဖြစ်လာခဲ့သည်။ ဟုတ်ပါသည်။ အစေခံတစ်ယောက်သာ။ သူသည် သစ္စာရှိကာ ယုံကြည်နိုင်သည်ဆိုသည့် ကျွန်တစ်ယောက်ထက် ဘယ်တော့မှမပိုခဲ့။ အရာအားလုံးသည် စိတ်ကူးယဉ်ဆန်ခဲ့သည်။ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရှင်တိတိုအတွက် ဖဲလ်လစ်သည် အခြားကျွန်များကဲ့သို့ ပိုင်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။

သူသည် အိမ်ရှေ့မင်းသားတစ်ပါး၏ သားတစ်ယောက် မဖြစ်ချင်ခဲ့သလို ယခုအခါတွင်လည်း အင်ပါယာရှင်တစ်ယောက်၏ သား မဖြစ်ချင်ပါ။ ပြင်းပြသောဆန္ဒတစ်ခုပဲ ရှိခဲ့သည်။ တစ်ချိန်ချိန်၊ တစ်ခါခါတော့ အရှင်တိတိုသည် သူ့ကို အသိအမှတ်ပြုသည့် မျက်လုံးတစ်စုံနှင့် ကြည့်ရှုစေချင်သည်။ ဖခင်ဖြစ်သူထံမှ သူ့အတွက် ဂုဏ်ယူဟန်အပြုံးတစ်ခုကို လက်ခံရရှိချင်သည်။ ဒါပဲဖြစ်သည်။ ဒီအခြင်းအရာတွေကိုသာ သူ ရူးမတတ် တောင့်တမိခဲ့သည်။

"မင်းနဲ့ တို့နဲ့က ဘ၀တူတွေပါ ဖဲလ်လစ်ရာ။ မဖြစ်နိုင်မှန်းသိရဲ့နဲ့ မျှော်လင့်ချက်တွေကို မစွန့်လွှတ်နိုင်ကြသေးဘူး။"

အန်နီရာ၏ စကားသံများကို ဖဲလ်လစ် ပြန်လည်ကြားယောင်မိသည်။ သူ့အပေါ်တွင် အစ်မတစ်ယောက်လို ရင်းနှီးကြင်နာစွာ ဆက်ဆံခဲ့သည့် မိန်းကလေး။ နောက်ဆုံးထွက်သက်အထိ သူ စိတ်ချမ်းသာပါစေတော့ဟု ကြိုးစားစီစဉ်ပေးခဲ့သော မိန်းကလေး။ အန်နီရာ့အပေါ်တွင် ဒီတစ်သက်လုံး ဖဲလ်လစ် အကြွေး မကျေနိုင်တော့။

သန့်ရှင်းသပ်ရပ်နေသော အခန်းငယ်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်ပြီး အခန်းပြင် ထွက်လာခဲ့သည်။ မီးဖိုချောင်မှ ဆူညံများကို သတိမထားမိ။ အတူတူ ညစာစားရန် လှမ်းခေါ်နေသည့် အစေခံတစ်ချို့ကို နှုတ်ဆက်ပြီး စံအိမ်ကြီးအပြင်သို့ ဆက်လျှောက်လာခဲ့သည်။ သူ ထိုင်နေမြဲဖြစ်သော ကျောက်ဆောင်များသို့ ခြေဦးလှည့်ဖြစ်သည်။ ပင်လယ်ပြင်သည် လှိုင်းထန်ဆဲဖြစ်သည်။ အရှိန်အဟုန် ခပ်ပြင်းပြင်း တိုက်ခတ်နေသော လေပြင်းသည် အရှိန်လျော့မည့်ပုံ မရှိသေး။

မြင်းခွာသံလိုလို ကြားလိုက်ရသည်။

မသေချာ။ ပင်လယ်မှ လှိုင်းပုတ်သံလည်းဖြစ်နိုင်သည်။ ဖဲလ်လစ် ပင်လယ်ကိုမျက်နှာမူနေရာမှ နောက်သို့လှည့်ကြည့်လိုက်သည်။ သူ မမှားပါ။ အဝေးတစ်နေရာမှ ယာခင်းအိမ်ရှိရာ လာနေသော မြင်းနှစ်ကောင်နှင့် လူနှစ်ယောက်။

ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်သည်...

Continue Reading

You'll Also Like

630K 37.8K 35
၀န်ခံပါတယ် ကျွန်တော် သူ့ကိုမြင်မြင်ချင်းချစ်မိခဲ့တယ် #ဈာန်ဘုန်းမာန် မချစ်ပါနဲ့ ကလေး ကိုယ်ကမင်းဖေဖေရဲ့ သူငယ်ချင်းဖြစ်နေတယ်လေ #ဘုန်းသစ်နိုင် (Yaoi)
88.5K 11.3K 88
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
69K 3.5K 15
S-1ဖတ်ပြီးရင်တော့ ဆက်စပ်မိမှာပါ။ မဖတ်ဖူးသေးလည်း S-1နဲ့ ကွဲလွဲတဲ့ ဇတ်အိမ်တစ်ခုနဲ့ ရေးထားပါတယ်။ အချစ်တွေနဲ့ သာယာနေတဲ့ သူတို့ဘဝထဲကို တတိယလူ တွေ ဝင်လာတဲ့...
70.9K 6.6K 58
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...