ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 14 (Zawgyi)

5.1K 952 168
By akyinnamon

မိုးမလင်းသေးပါ။ အိမ်ရှေ့နှင့် ဧည့်ခန်းဆောင်တွင် ထွန်းထားသော မီးတိုင်များကြောင့် လင်းထင်းနေခြင်းဖြစ်သည်။ အိမ်ကြီးတစ်အိမ်လုံး သွားလာလှုပ်ရှားသူများ၊ အထုပ်အပိုးသယ်သူများ၊ ကူညီပေးနေသူကျွန်များနှင့် လှုပ်ရှားဆူညံနေကြသည်။ မီးရောင်အောက်မှာ ဖြတ်သွားဖြတ်လာ အရိပ်များသည် အိမ်နံရံများမှ ဆေးရေးပန်းချီများထက်တွင် ပေါ်လိုက်၊ ပျောက်လိုက်နှင့် အရိပ်ထင်နေသည်။

မြင်းလှည်းနှစ်စီးကို အိမ်ကြီးရှေ့တွင် ရပ်တန့်ထားသည်။ အသင့်စောင့်ဆိုင်းနေသော မြင်းလှည်းသမားသည် ဆောင်းတွင်းရောက်ခါနီး အေးလှသောကြောင့် ၀တ်ရုံထူကို လုံလုံခြုံထားသည်။

တစ်ဖက်အိမ်မှ ဒီဒီရာနှင့် ဒါမီဒယ်တို့ မောင်နှမနှစ်ယောက် ထွက်လာကြသည်။ ဒီဒီရာသည် လှပစွာ ပြင်ဆင်ထားသည်။ အချိန်သိပ်မရသဖြင့် ဆံထုံးနှင့်ဆံပင်ပုံစံကတော့ ရိုးရိုးလေးဖြစ်သည်။ ကျစ်ဆံမြီးကျစ်ကာ ပြန်ခွေထားသည့် ဆံလိပ်များနှင့် ခွေလိပ်ကျနေသော အနက်ရောင် ဆံပင်လိပ်ငယ်များနှင့် ဖြစ်သည်။ အဖိုးတန်ပိုးသားခြုံထည်ကို ခေါင်းမှလွှမ်းခြုံထားသည်။

မြင်းလှည်းနံရံတွင် ပန်းချီလက်ရာများဖြင့် ပုံဖော်ထားသလို ငွေပြားများနှင့် တန်ဆာဆင်ထားသေးသည်။ မီးတိုင်မှ အလင်းရောင်ကြောင့် ဖြိုးခနဲ ဖျက်ခနဲ လင်းလက်နေသည်။ မြင်းလှည်းဘီးကြီးများသည် လေးလံသော လှည်းနှင့်အညီ ကြီးမားလှသည်။ လူဝင်ပေါက်သည် နံဘေးမှ မဟုတ်။ အနောက်ဘက်မှဖြစ်သည်။ မနက်ခင်းနေရောင်ခြည်လို ရှင်းသန့်လှပနေသော ချစ်စရာဒီဒီရာလေးသည် အစေခံကျွန်များချပေးသော ခွေးခြေပုလေးမှတစ်ဆင့် မြင်းလှည်းနောက်သို့ ၀င်ရောက်သွားသည်။ သူမနောက်မှ သူမ၏အထိန်းတော် အစေခံမကြီးနှင့် အစ်ကိုဖြစ်သူ ဒါမီဒယ်သည် ဆက်လက် လိုက်ပါသွားသည်။

"ကျုပ်အစ်ကိုရော အဘိုးကြီး.."

အားရီးယူးစ်သည် အိပ်ချင်မပြေသေးဟန် သန်းဝေလိုက်သည်။ မနေ့ညကသောက်ခဲ့သည့် စပျစ်ရည်များ၏ အရှိန်မသေသေးကြောင့် မျက်လုံးများ နီရဲနေသည်။ ခြေလှမ်းကမမှန်ချင်။ အိမ်ထိန်းအဘိုးအိုမှာ မတိုက်မိအောင် ရှောင်ပေးလိုက်ရသည်။

"အလုပ်ခန်းထဲမှာ သခင်လေး။ အခုလာခဲ့မယ်တဲ့။"

"ဟာ.. သူ့အလုပ်တွေကို ဟိုအထိ ယူသွားဦးမလို့လား။ အစ်ကိုကတော့ဗျာ.."

အားရီးယူးစ်သည် မကျေမနပ်ပြောရင်း ဒီဒီရာတို့ရှိရာ မြင်းလှည်းပေါ်သို့ တက်သွားသည်။ ဒီဒီရာ၏ ရန်တွေ့သံ ခပ်စူးစူးနှင့် အားရီးယူးစ်နှင့် ဒါမီဒယ်တို့၏ ရယ်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။ လူလေးယောက်လောက် ကျယ်ကျယ်ဝန်းဝန်းစီးနှင်းလိုက်ပါနိုင်သည့် မြင်းလှည်းအမျိုးအစားဖြစ်သောကြောင့် နေရာမဆံ့စရာတော့ မရှိပါ။ ဒါပေမဲ့ ဒီဒီရာက အားရီးယူးစ်ကို သူမတို့လှည်းအပေါ်တွင် လိုက်ပါစေချင်ဟန်မတူ။

"သွားလိုက်တော့ဟေ့။"

မိုးလင်းလျှင် မြင်းလှည်းများ အသွားအလာ မရှိစေရတော့သည့် မြို့၏စည်းကမ်းကြောင့် လူစုံနေပြီဖြစ်သော ပထမမြင်းလှည်းကို အဘိုးအို အရင်သွားခိုင်းလိုက်သည်။ မြင်းလှည်းထွက်သွားမှ နောက်ပြန်လှည့်ကာ လုလိယက်စ်၏အလုပ်ခန်းရှိရာ ပြန်လှည့်လာခဲ့သည်။ သူ ထင်သည့်အတိုင်း လုလိယက်စ်သည် စင်မှ စာရွက်လိပ်များ၊ စာရေးထားသည့် သစ်သားပြားများကို ကျွန်တစ်ယောက် ပိုက်ထားသည့် သေတ္တာတစ်ခုထဲ ထည့်နေသည်။ အလုပ်တွေကိုပါ အနားယူရာသို့ ယူသွားမည်မှာ သေချာသည်။

"အရှင်.. သွားရအောင်။ မိုးလင်းတော့မယ်။"

"ပြီးပါပြီ အဘရာ။"

နောက်ဆုံး စာရွက်လိပ်နှစ်ခုကို ထည့်ရင်း သေတ္တာအဖုံးကိုပါ ပိတ်လိုက်သည်။ ညက ကောင်းကောင်းအိပ်ခဲ့ပုံမရ။ မျက်တွင်းများကျကာ မျက်လုံးတွေရဲနေသည်။

"အဘ.."

"ဟုတ်ကဲ့.."

"ဟိုကောင်လေး လိုက်ခဲ့မယ်တဲ့လား။"

လုလိယက်စ်သည် မနေ့ညကတည်းက ခရီးထွက်ရာတွင် ဖဲလ်လစ် လိုက်ချင်လား မေးပေးစမ်းပါဟု အဘိုးအိုကို မေးခိုင်းထားခဲ့သည်။ လိုက်ခဲ့ဟု အမိန့်ပေးလိုက်လျှင် ရနေပေမယ့် ဒီလိုလိုက်ခဲ့ချင်လားဟု မေးခိုင်းသူကို အဘိုးအို သစ္စာဖောက်ကာ ဒီမေးခွန်းကို မမေးခဲ့။ မမေးခဲ့သလို မလိုက်ဖြစ်အောင် စီစဉ်ထားခဲ့သည်။ ဖဲလ်လစ်ကို မြေအောက်ခန်းကိုပို့ကာ တစ်ညလုံးနီးပါး ညည့်နက်သည်အထိ အလုပ် ခိုင်းထားခဲ့သည်။

"သူ ဘာပြောလဲ အဘ။ လိုက်ခဲ့မယ်တဲ့လား။"

"ကျုပ်.. ကျုပ် မမေးဖြစ်ဘူး အရှင်။"

အဖြေနောက်မှ သူ့ဆန္ဒကို လုလိယက်စ် သိလိမ့်မည်ပဲဖြစ်သည်။ သူတို့နှစ်ယောက်တွင် လုလိယက်စ်သည် အရှင်သခင်ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် သားအဖလိုပင် သံယောဇဉ်ရှိနေကြသည်။ ငယ်ရွယ်စဉ်အချိန်မှစ၍ ယနေ့အချိန်အထိ အဘိုးအို၏ သွန်သင်မှုများကို လုလိယက်စ်သည် တလေးတစား နားထောင်တတ်မြဲဖြစ်သည်။ မိမိဆန္ဒနှင့်ဆန့်ကျင်နေတာတောင် အဘိုးအိုကို လွန်ဆန်မှာ မဟုတ်။ ဒါပေမဲ့ လုလိယက်စ်၏ သက်ပြင်းချသံသဲ့သဲ့ကို ကြားရတော့ အဘိုးအို စိတ်မကောင်းနိုင်။

လုလိယက်စ်သည် ဘာစကားမှ ထပ်မပြောတော့ဘဲ မြင်းလှည်းပေါ်သို့သာ တက်သွားသည်။ လုလိယက်စ်နောက်မှ သေတ္တာပိုက်ထားသော ကျွန်ကပါ လိုက်တက်မည်အပြုတွင် အဘိုးအို မိမိကိုယ်ကို ကျိန်ဆဲမိသွားသည်။ မပြတ်သားနိုင်သည့် သူ့စိတ်ဓါတ်ကို သူ ဒေါသဖြစ်ရသည်။

"ဟေ့ကောင်.. နေဦး.. မတက်နဲ့..အရှင်.. ခဏ.."

သေတ္တာပိုက်ထားသော ကျွန်မှာ ဘာဆက်လုပ်ရမည် နားမလည်တော့။ အဘိုးအို လေပူများကို မှုတ်ထုတ်ရင်း အိမ်ထဲအပြေးပြန်ဝင်ကာ မီးဖိုဆောင်အောက်နားမှ ပစ္စည်းသိုလှောင်ခန်းသို့ ၀င်လာခဲ့သည်။ သူ ထင်သည့်အတိုင်းပင်။ ဖဲလ်လစ်သည် စပျစ်ရည်အိုးများကို နေရာရွှေ့နေဆဲဖြစ်သည်။ တစ်ကိုယ်လုံး ဖုန်မှုန့်များ၊ ဂျုံမှုန့်များ ပေကျံနေသည်မှာ မြင်မကောင်း။

"ဟေ့ကောင်လေး.."

မထင်မှတ်ထားဘဲ သူ့ကို မြင်လိုက်ရသဖြင့် အံ့သြသွားဟန်။

"မင်း ယာခင်းအိမ်လိုက်ချင်လား။"

"ဗျာ.."

"အရှင် မေးခိုင်းထားတာ။ မြန်မြန်ဖြေ။ လိုက်ချင်လား။ မလိုက်ချင်ဘူးလား။ မလိုက်ချင်ဘူး မဟုတ်လား။ ဒါဆိုဒါပဲ။ ငါသွားပြီ။"

အဘိုးအိုမှာ မိမိဘာသာမေး၊ မိမိဘာသာဖြေပြီး မြေအောက်ခန်းမှ လှည့်ထွက်ရန် ပြင်လိုက်သည်။

"ကျွန်တော် လိုက်ချင်တယ် အဘ။"

အခန်းဝရောက်နေပြီဖြစ်သော အဘိုးအိုမှာ နတ်ဘုရားများကို ကျိန်ဆဲမိတော့မတတ်။ အံကိုကြိတ်ကို နောက်လှည့်ကြည့်ဖြစ်သည်။

"ဘာပြောတယ်။"

"ကျွန်..ကျွန်တော် လိုက်ခဲ့ချင်တယ်။"

ဘာလို့လိုက်ချင်ရတာလဲ..

အေးအေးဆေးဆေး အိမ်မှာနေခဲ့ပါလား..

သေမှအေးမှာ..

ခွေးကောင်လေး..

အဘိုးအိုမှာ ဖဲလ်လစ်ကို ဆဲနည်းပေါင်းစုံနှင့် စိတ်ထဲမှ ဆဲရေးတိုင်းထွာမိသွားသည်။

"ဒါဆို အခုလိုက်ခဲ့။ မြန်မြန်.."

"ကျွန်.. ကျွန်တော်.."

ဖဲလ်လစ်မှာ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ရင်း မျက်လုံးပြူးနေသည်။ ဟုတ်သည်လေ။ တစ်ကိုယ်လုံး ဂျုံမှုန့်များဖြင့် ဖြူဖွေးနေသည်မှာ ကြည့်မကောင်း။

"အချိန်မရှိတော့ဘူး။ ဒီအတိုင်းပဲလိုက်ခဲ့။"

"ခဏလေးပါ အဘရာ။ ကျွန်တော် ချက်ချင်းလာခဲ့မယ်။"

အဘိုးအို မတားလိုက်နိုင်။ လှေကားများမှ ပြေးတက်သွားသည်။ သိပ်မကြာခင်မှာ အ၀တ်အစားလဲကာ အိမ်ရှေ့သို့ ပြန်ပြေးလာသည်။ မျက်နှာပါသစ်ခဲ့ဟန်ရှိသည်။ သို့ပေမယ့် ဆံပင်နက်များမှာ ဂျုံမှုန့်တွေရှိနေဆဲဖြစ်သောကြောင့် အဘိုးအို ရယ်ချင်သွားသည်။ မြင်းလှည်းရှိရာရောက်တော့ သေတ္တာပိုက်ထားသော ကျွန်၏ လက်ထဲမှ စာရွက်လိပ်များထည့်ထားသည့် သေတ္တာကို ဆွဲယူလိုက်သည်။

"မင်း မလိုက်နဲ့တော့။ နေခဲ့။ ဒီကောင်လေး မင်းအစားလိုက်ခဲ့မယ်။"

သေတ္တာကို ဖဲလ်လစ်လက်ထဲ ပြောင်းထည့်ရင်း မြင်းလှည်းပေါ် တွန်းတင်လိုက်သည်။ မြင်းလှည်းပေါ်သို့ တက်လာသော သူတို့နှစ်ယောက်ကို လုလိယက်စ်က လှမ်းကြည့်နေပေမယ့် ဘာမှမပြော။ ဖဲလ်လစ်ကလည်း သူ့မူပိုင်ယူထားသည့် ပုံစံလိုသဘောထားပုံရသော ခေါင်းငုံ့ထားသည့် ပုံစံနှင့်ဖြစ်သည်။ အဘိုးအိုသာ သေတ္တာကိုယူပြီး နေရာမချလျှင် ခရီးဆုံးထိ သေတ္တာပိုက်ကာ လိုက်လာမည့်ဟန်။

မြင်းလှည်းဆရာ၏ လေချွန်သံ၊ ကြာပွတ်ဝှေ့သံနောက်မှာ သိမ့်ခနဲ လှုပ်ခါသွားသော လှုပ်ရှားမှုနှင့်အတူ မြင်းလှည်းသည် ပုံပေမြို့မှ ထွက်ခွာလာပြီဖြစ်သည်။

ကောင်းကင်ပြင်တွင် မှုန်ဝါးဝါး အလင်းရောင်မှသည် တဖြည်းဖြည်း လင်းချင်းလာနေသည်။ သူရဲကောင်းကြေးရုပ်တုကြီးများသည် မနက်ခင်းရောင်ခြည်အောက်တွင် ရွှေသားနှင့်ထုလုပ်ထားသလို တောက်ပနေသည်။ မြင်းလှည်းသည် အောင်ပွဲခံ မုခ်တံတိုင်းကြီးအောက်မှ ဖြတ်ကျော်ကာ မြှားထိပ်ပိုင်းကဲ့သို့ သုံးထောင့်ချွန် သတ္တုများနှင့် တန်ဆာဆင်ထားသော မြို့တံခါးကြီးကို ဖြတ်ကျော်လာခဲ့ကြသည်။ စစ်မက်ဘေးရန်မှ ကင်းရှင်းသဖြင့် မြို့တံခါးကြီးကို ပြန်မပိတ်တော့ဘဲ ဒီအတိုင်းဖွင့်ထားခဲ့သည်မှာ အချိန်ကာလကြာခဲ့ပြီဖြစ်သည်။

မြို့အ၀င်ဝတွင် တည်းခိုခန်းသဖွယ် တည်ဆောက်ဖွင့်လှစ်ထားသော အဆောက်အဦးများ၊ လမ်းမလျှောက်ချင်သူများအတွက် မြို့ထဲသို့ဝင်ရန် လူထမ်းစင်ငှားရမ်းသည့်နေရာများ၊ ခရီးသွားများအတွက် မြင်း၊ မြင်းလှည်းငှားသည့် နေရာများအပြင် ဈေးသည်များ၊ ဆိုင်ခန်းများဖြင့် စည်ကားနေသည်။

လုလိယက်စ်သည် ရိုးရိုးစစ်သားတစ်ယောက် ခရီးသွားနေသလို ချည်ထည်ဝတ်စုံနှင့် နီညိုရောင်ခြုံထည်ကြမ်းကို ၀တ်ဆင်ထားသည်။ ခြုံထည်၏ အနားစနှစ်ခုကို ပခုံးထက်တွင် ကြေးချိတ်နှင့် ချိတ်ထားသည်။ မြင်းလှည်းပြတင်းပေါက်ကို ကာရံထားသော သားရေပြားကို ဘေးဖယ်ထားသောကြောင့် အလင်းရောင်နှင့်အတူ အေးစိမ့်စိမ့် မနက်ခင်းလေပြည်အေးသည် အဆက်မပြတ် တိုးဝင်တိုက်ခတ်နေသည်။

"အရှင်.. မနက်စာ စားခဲ့ရတာ ၀ရဲ့လား။ ဘာစားချင်သေးလဲ။"

အဘိုးအိုသည် မေးလည်းမေးရင်း စီရမ်နာထည့်ပေးလိုက်သော အစားခြင်းတောင်းကိုလည်း လှမ်းယူသည်။

"အဘ ကျွန်တော့်ကို ကလေးတစ်ယောက်လို မြင်နေတုန်းပဲလား။"

ရယ်သံနှင့်အမေးကြောင့် အဘိုးအိုသည် သွားကျိုးများပေါ်သည်အထိ ပြုံးမိသွားသည်။ သူသည် တကယ်ပင် လုလိယက်စ်ကို ကလေးတစ်ယောက်လို သဘောထားဆဲဖြစ်သည်။ တစ်ချိန်က စောင့်ရှောက် သွန်သင်ခဲ့သည့် ကလေးငယ်မဟုတ်တော့ဘဲ အရာရှိတစ်ယောက်၊ လွှတ်တော်အမတ်တစ်ယောက် ဖြစ်နေပြီဆိုတာကို မကြာခဏ မေ့သွားတတ်သည်။

"အဘတို့ ဆာရင်စားလေ။ ကျွန်တော် မဆာဘူး။"

"စားခဲ့ပြီ အရှင်ရ။"

အဘိုးအို ခြင်းတောင်းကို အောက်ဘက်ပြန်လိုက်သည်။ သူတို့သုံးယောက်ထဲတွင် မနက်စာမစားခဲ့ရသူမှာ ဖဲလ်လစ်တစ်ယောက်သာရှိသည်။ တစ်ညလုံးအလုပ်လုပ်နေရသဖြင့် ဆာလောင်နေလိမ့်မည်။ ဒါပေမဲ့ အဘိုးအို မကျွေး။ ဒီကောင်လေးကို အဘိုးအို စေတနာမရှိ။ အထူးသဖြင့် အရှင်လုလိယက်စ်အတွက် ရည်ရွယ်ပြင်ဆင်လာခဲ့သော အစာများကို ပေးရလောက်အောင် သဘော မကောင်းနိုင်။

အဘိုးအို၏ပုံစံသည် သားဖြစ်သူကို သဘောမတူနိုင်သဖြင့် ချွေးမကို အမြင်ကတ်နေသည့် အတ္တကြီးသည့် အမေအိုတစ်ယောက်ပုံစံ ဖြစ်နေလိမ့်မည်။ ဒါပေမဲ့ မတတ်နိုင်။ လုလိယက်စ်သည် သူ့အတွက်တော့ ကိုယ်တိုင်မမွေးဖွားခဲ့ရပေမယ့် ရင်နှစ်သည်းချာ သားရတနာတစ်ပါးပင်ဖြစ်သည်။ လုလိယက်စ် အတွက်သာဆိုလျှင် အကောင်းဆုံးကို ဖြစ်စေချင်သည်။ အဖိုးအထိုက်တန်ဆုံးသူနှင့်သာ သဘောတူချင်သည်။

ဖဲလ်လစ်သည် လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ကာ ခေါင်းကိုငုံ့ထားသည်။ လုလိယက်စ်နားတွင်ရောက်တိုင်း မနေတတ်၊ မထိုင်တတ်တော့သလို မျက်နှာပျက်နေတတ်သည့် ဒီကောင်လေးပုံစံကို အဘိုးအိုကတော့ ရင်းနှီးနေပြီဖြစ်သည်။

မြို့ပြင်သို့ ရောက်သည်နှင့် ကျယ်ပြန့်သော ကွင်းပြင်ကျယ်များ၊ စိုက်ခင်းများကို တစ်မျှော်တစ်ခေါ် မြင်လာရသည်။ ဆောင်းဝင်လာသောကြောင့် နေရာပြောင်းရွှေ့ရန် အုပ်စုဖွဲ့ ပျံသန်းသွားသော ပျံလွှားငှက်ငယ်များကိုလည်း မြင်းလှည်းပြတင်းပေါက်မှ လှမ်းမြင်နေရသည်။ ကောင်းကင်တစ်ခုလုံး အမည်းရောင် အစက်အပြောက်များဖြင့် ခေတ္တခဏ အုပ်စိုးသွားကာ လှပပြီး မညီညာသော ပုံစံမျိုးစုံ ထင်ကျန်အောင် ပြုလုပ်ပျံသန်းထွက်ခွာသွားသော ငှက်ငယ်များသည် အေးချမ်းလာသည့် ကျွန်းဆွယ်ကို ချန်ထားရစ်ကာ ပူနွေးသော အာဖရိကတိုက်အထိ ပျံသန်းခရီးသွားကြဦးမည်ပဲဖြစ်သည်။

လယ်ကွင်းများ၊ ဂျုံခင်းများသည် ရိုးပြတ်များနှင့် ထိန်ထိန်ဝါနေသည်။ ကောက်ရိတ်၊ ကောက်သိမ်းချိန်ဖြစ်သောကြောင့် လယ်ထဲတွင် အလုပ်လုပ်နေသော ကျွန်များ၊ ဂျုံလှည်းများကို နေရာတိုင်းလိုလိုမှာ တွေ့နေရသည်။ စပျစ်ခင်းများထဲတွင် ခေါင်းမဖော်တမ်း လုပ်ကိုင်နေကြသော ကျွန်များလည်း ရှိသည်။ စပျစ်သီးများကို ခူးဆွတ်ကာ စပျစ်ရည်ဖြစ်လာသည်အထိ သူတို့အားလုံး ကြိုးစားကြရဦးမည်။

ယာခင်းတစ်ခုနှင့်တစ်ခုအကြားတွင် လူချမ်းသာများ၏ ယာခင်းအိမ်ကြီးများရှိသလို ၎င်းတို့၏ အလုပ်သမားများဖြစ်သော ဆင်းရဲသားလယ်သမားများ၏ ချို့တဲ့သော အိမ်ငယ်များလည်းရှိသည်။ အ၀တ်အစားစုတ်ပြတ်နေသာ ကလေးငယ်များသည် မြင်းလှည်းနောက်က ပြေးလိုက်လာပြီး အော်ဟစ် နှုတ်ဆက်နေကြသည်။ မြေကြီးပေါ်ထိုင်ကာ ရွှံ့များ၊ သဲများနှင့် ဆော့ကစားနေကြသည့် ကလေးငယ်များလည်း ရှိသည်။

"ညီ ငယ်ငယ်တုန်းက သူတို့လိုပဲနေမှာ အဘ။"

"သခင်လေးကတော့ ဘယ်တော့မှ လူကြီးစကား နားမထောင်တဲ့ ကလေးမျိုးပဲ အရှင်ရ။ သခင်မကြီးဆို အခုထိ ပြောလို့မဆုံးဘူး။"

အားရီးယူးစ်၏ ငယ်ဘ၀ကို အဘိုးအိုရော လုလိယက်စ်ပါ မမီလိုက်ကြ။ လုလိယက်စ်နှင့် အားရီးယူစ်တို့နှစ်ယောက်သည် အသက်အရွယ်ချင်း ကွာခြားသည့်အပြင် အားရီးယူးစ် မွေးဖွားပြီး ၂ နှစ်အရွယ်လောက်တွင် လုလိယက်စ်သည် မနက်ပိုင်းတွင် ဖခင်နှင့်အတူ လွှတ်တော်သို့ ပညာတော်သင်အဖြစ် သွားရောက်ရုံသာမက နေ့လယ်ချိန်များတွင် စစ်ရေးလေ့ကျင့်မှုများနှင့် မအားလပ်တော့။ အားရီးယူးစ် ၇ နှစ်သားအရွယ်တွင်တော့ လုလိယက်စ်သည် ရောမမြို့မှာ မရှိတော့။ အသက်အရွယ် ငယ်ရွယ်သေးသော်လည်း အထက်တန်းလွှာမိသားစုဝင် တစ်ဦးဖြစ်သည့်အပြင် ထက်မြက်ရဲရင့်သောကြောင့် ရောမစစ်တပ်ကို အုပ်ချုပ်ကြီးကြပ်သူ တစ်ယောက်အဖြစ် နယ်စပ်ဒေသများသို့ ထွက်ခွာသွားခဲ့ပြီသည်။

လုလိယက်စ်သည် လက်ရှိအင်ပါယာရှင်ကိုယ်တိုင် ဦးစီးတိုက်ခိုက်သော စစ်ပွဲများတွင် ပါဝင်ခဲ့သည်။ အချိန်မကြာခင်မှာပင် အင်ပါယာရှင်ကိုယ်တိုင် ယုံကြည်အားကိုးရသော ညာလက်ရုံးဖြစ်လာခဲ့သည်။ မြို့ပြမှ ဝေးလံလွန်းသည့် ပြည်နယ်များတွင် ကျူးကျော်လာသူများကို ခုခံတိုက်ခိုက်ရင်း ရောမအင်ပါယာ၏ နယ်နမိတ်ကို ထိန်းသိမ်းကာကွယ်နိုင်ခဲ့သည်။

ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီးသည့်အချိန် လုလိယက်စ် ရောမမြို့သို့ ပြန်ရောက်ချိန်တွင် အားရီးယူးစ်သည် လူငယ်လေးတစ်ယောက်ပင် ဖြစ်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် စာများဖြင့် အဆက်အသွယ်မပြတ်ခဲ့သော်လည်း လူချင်းတွေ့ဆုံရချိန် ရှားပါးခဲ့သည်။ ဒါ့ပေမဲ့ ညီအစ်ကိုနှစ်ယောက်၏ သံယောဇဉ်ကို အဘိုးအိုသိသည်။ လုလိယက်စ်သည် အားရီးယူးစ်ကို မိဘများနှင့်အပြိုင် ချစ်ခင်အလိုလိုက်သည်။ အားရီးယူးစ် အတွက်ဆိုလျှင် ဘာပဲဖြစ်ဖြစ် လိုက်လျောပေးဖို့ အသင့်ဖြစ်နေတတ်သည်။

"သခင်မကြီး စာရေးသေးလား အရှင်။"

"ရေးတယ် အဘ။ အားရီးယူးစ်အကြောင်း မေးထားတာတွေချည်းပဲ။"

လုလိယက်စ် ပြုံးသည်။ ငိုက်ကျလာသော ဆံပင်လိပ်ကို သပ်တင်ရင်း လှည်းနံရံကို ခေါင်းမှီလိုက်ကာ အိပ်ချင်သလို သန်းဝေလိုက်သည်။

"ဒီကောင်လေး ဒီမှာ ဒီလောက်ကြာကြာနေနေလို့ မယ်မယ် အံ့သြနေတယ်။ အခုထိ ရောမပြန်မယ်လို့ မပြောသေးဘူးလားတဲ့။"

"အရှင် ပင်ပန်းရင် အိပ်လိုက်ပါလား။ ယာခင်းအိမ်ရောက်ဖို့ အများကြီးလိုသေးတယ်။"

"အင်း.. ညက ကျွန်တော် အလုပ်လုပ်ရင်း ညည့်နက်သွားတယ်။"

မြင်းလှည်းဘီးမှ တအီအီမြည်သံသည် ဂီတသံတစ်ခုလို ထွက်ပေါ်နေသည်။ ကျောက်စရစ်ခဲငယ်များ ရောခင်းထားသော လမ်းပေါ်တွင် ခရီးသွားနေခြင်းဖြစ်ခြင်းကြောင့် မြင်းလှည်းမှာ တလှုပ်လှုပ် တခါခါဖြစ်နေသည်။ ဖဲလ်လစ်သည် မြည်းလှည်းပြတင်းပေါက်ရှိ ဖွင့်ဟထားသော လိုက်ကာစကို ကြိုးဖြည်ကာ ချလိုက်သည်။ အပြင်ဘက်မှ အလင်းရောင်များကို တားဆီးလိုက်သောကြောင့် လှည်းအတွင်း အနည်းငယ် မှောင်ရိပ်သန်းသွားသည်။

"ဖဲလ်လစ်.. ဒါ မင်းအတွက်.."

လုလိယက်စ်သည် လက်ဖ၀ါးထဲမှ အရာတစ်ခုကို ဖဲလ်လစ်ရှိရာ ကမ်းပေးသည်။ ရွှေရောင်မျှင်များ အနားကွပ်ထားသည့် ချည်ထည်စတစ်ခု။ ဖဲလ်လစ်သည် အံ့သြသလို ငြိမ်သက်နေပြီးမှ လှမ်းယူသည်။

လက်ကိုင်ပ၀ါလေးတစ်ခု။ ပိုပြီးသေချာအောင် ပြောရမည်ဆိုပါလျှင် အမျိုးသမီးများ ကိုယ်နှင့်မကွာ ဆောင်ထားတတ်သည့် ပိုးသားလက်ကိုင်ပ၀ါလေးဖြစ်သည်။ အီဂျစ်ပြည်မှ အဖိုးတန် ရေမွှေးနံ့သည် သင်းပျံဆဲဖြစ်သည်။ လေးထောင့်ပုံ ခေါက်ထားသော လက်ကိုင်ပ၀ါငယ်ကို ဖြေလိုက်ချိန်တွင် ရွှေမျှင်များနှင့် ပုံဖော်ထားသော နတ်ဘုရားတစ်ပါးပုံကို တွေ့လိုက်ရသည်။

"မင်း စကားမပြောတတ်ဘူးလား။ ကျေးဇူးတင်တယ်တောင် မပြောတတ်ဘူးလား။"

အဘိုးအို ထံမှ ဟောက်သံထွက်လာမှ ဖဲလ်လစ်သည် ကျေးဇူးတင်ပါတယ်ဟု မပီမပြင် ပြောဖြစ်သည်။ အမျိုးသမီးတစ်ယောက်၏ အသုံးအဆောင်ပစ္စည်းကို ဘာလို့ သူ့ကို လက်ဆောင်ပေးရတာလဲဆိုတာကို ဖဲလ်လ်စ် နားမလည်။ လုလိယက်စ်ကို မော့ကြည့်ချိန် မျက်လုံးပြာများက သူ့ကို တစ်စုံတစ်ရာ ပြောချင်ဟန် စူးစိုက်ကြည့်နေသည်။ ဒါပေမဲ့ လုလိယက်စ် ဘာစကားမှ ထပ်မပြော။ ၀မ်းနည်းရိပ်သန်းသော အပြုံးသဲ့သဲ့ကိုသာ မြင်လိုက်ရသည်။ ထို့နောက်မှာတော့ လက်နှစ်ဖက်ကိုပိုက်ရင်း မျက်လုံးမှိတ်ထားသည်။ လှုပ်ခါနေသော မြင်းလှည်းကြောင့် ရွှေရောင်ဆံပင်လိပ်များသည် ယိမ်းနွဲ့နေသည်။

အဘိုးအိုနှင့်ယှဉ်ထိုင်နေရာမှ နေရာပြောင်းကာ လုလိယက်စ်ဘေးတွင် ဖဲလ်လစ် ၀င်ထိုင်လိုက်သည်။ ခွင့်မတောင်း။ ရိုကျိုးမှုမရှိ။ ပိုင်စိုးပိုင်နင်းနိုင်လှသည်ဟု အဘိုးအို မတွေးဘဲမနေနိုင်။

"အရှင်.. အိပ်ချင်ရင်..ကျွန်တော့်ကို မှီထားပါလား။"

ဖဲလ်လစ်ထံမှ နောက်ဆက်ပြောသော စကားကြောင့် အဘိုးအိုမှာ အံ့သြရုံသာ တတ်နိုင်သည်။ လုလိယက်စ်သည်လည်း သူ့နည်းတူ အံ့သြသွားဟန်။

"ရတယ် ဖဲလ်လစ်။ ဘယ်နေရာပဲဖြစ်ဖြစ် ကိုယ် အိပ်တတ်တယ်။"

ဖဲလ်လစ်သည် အောက်နှုတ်ခမ်းများကို ခပ်ဖွဖွဖိကိုက်လိုက်သည်။ တစ်ခုခု ပြောချင်သလို နှုတ်ခမ်းများဖွင့်ဟ သွားပြီးမှ အသံတိတ်နေသည်။ အတန်ကြာမှာ ဟုတ်ကဲ့ ဟု ခပ်တိုးတိုးပြောကာ နေရာပြန်ရွှေ့ရန် ပြင်လိုက်သည်။ ဒါပေမဲ့ ဖဲလ်လစ်၏ လက်ဖျံကို လုလိယက်စ်က ဖမ်းဆုပ်ကိုင်ကာ လှမ်းတားလိုက်သဖြင့် ရပ်တန့်သွားသည်။

"မင်းအတွက် အနှောင့်အယှက် မဖြစ်ဘူးဆိုရင်တော့.."

"အာ.. မဖြစ်ဘူး အရှင်.."

ဖဲလ်လစ်သည် ကပျာကယာဖြေပြီးမှ အလောကြီးသွားသည့် သူ့ကိုယ်သူ သတိထားမိသွားဟန် အသံတိတ်သွားသည်။ ကိုယ်ကိုရို့ပြီး နောက်ဆုတ်ကာ လုလိယက်စ်နှင့် ပခုံးချင်းယှဉ်ထိုင်လိုက်သည်။ အသက်မှရှူရဲ့လားမသိဟု ထင်ရလောက်အောင် သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်နေသည်။ လုလိယက်စ်ကတော့ ဒါကို သတိမထားမိတာလား၊ သတိမထားမိချင်ယောင် ဆောင်လိုက်တာလားမသိ။ ကိုယ်ကိုရွှေ့ရင်း ဖဲလ်လစ်၏ ပခုံးထက်မှာ ခေါင်းကိုမှီလိုက်သည်။ ထို့နောက် မျက်လုံးများကို ခပ်ဖြည်းဖြည်းပိတ်ကာ သက်ပြင်းမျှင်မျှင်ကို ရှိုက်ထုတ်လိုက်သည်။

မြင်းလှည်းအလှုပ်တွင် လုလိယက်စ် ပခုံးပေါ်မှ ခြုံထည်မှာ လျှောကျသွားသည်။ ဖဲလ်လစ်သည် ခပ်ဖြည်းဖြည်း ပြန်လည်မယူကာ ပခုံးထက်မှာ ခြုံပေးလိုက်သည်။ လုလိယက်စ်နဖူးနှင့် ဖဲလ်လစ်၏နှုတ်ခမ်းများသည် ထိလုနီးပါး။ ရွှေရောင်သန်းနေသာ လုလိယက်စ်၏ မျက်တောင်ရှည်များကို တစ်ချက်ခိုးကြည့်လိုက်ပြီးမှ ဖဲလ်လစ် အကြည့်လွှဲလိုက်သည်။ ငြိမ်သက်စွာထိုင်နေရင်းကပင် ပြတင်းပေါက်မှ လိုက်ကာလေး၏ လှုပ်ခါမှုကို စိုက်ကြည့်နေသည်။

မြို့ပြင်လမ်းသည် ကျောက်တုံးကြီးများ ခင်းထားသော လမ်းမဟုတ်။ သို့ပေမယ့် ခိုင်ခံ့မှုနှင့် အသုံးဝင်မှုတွင်တော့ မြို့တွင်းလမ်းများနှင့် မခြားပါ။ လှည်းဘီးမှ တအီအီမြည်သံသည် ခပ်မှန်မှန် ထွက်ပေါ်နေဆဲသည်။ မြေစိုင်မြေခဲများကို ဖိကြိတ်နေသည့် လှည်းဘီသံသည် ပျင်းရိဖွယ်ကောင်းနေသည်။ တိတ်ဆိတ်နေသော မြင်းလှည်းထဲမှာ အရာရာသည် မှုန်ဝါးဝါး။ ခရီးလမ်းသည် အဆုံးမရှိသလို ရှည်လျားကြာမြင့်နေသည်။

လုလိယက်စ်သည် အသက်မှန်မှန်ရှူရင်း ငြိမ်းအေးစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်သည်။ ဖဲလ်လစ်ကတော့ သူ့လက်ထဲမှ ပ၀ါလေးကို ဖြန့်ကာ စူးစိုက်ကြည့်နေဆဲ။

"မင်း အဲ့ဒီ့ နတ်ဘုရားအကြောင်း သိလား။"

"ကိုင်းရို့စ် (Kairòs) မဟုတ်လား အဘ။"

"အေး။ ဟုတ်တယ်။ သူက ဂရိနတ်ဘုရားတွေထဲမှာ ထူးခြားတဲ့ နတ်ဘုရားတစ်ပါးပဲ။ ရောမလိုတော့ Tempus ဒါမှမဟုတ် Occasio ပေါ့ကွာ။"

Zeus ရဲ့ သားတော်တစ်ပါးဖြစ်သည့် ကိုင်းရို့စ်နတ်ဘုရားအကြောင်းကို ဖဲလ်လစ် ဖတ်ရှုလေ့လာဖူးသည်။ ခဏတာနတ်ဘုရား သို့မဟုတ် တဒင်္ဂနတ်ဘုရားလို့ ပြောနိုင်မလားမသိ။ ကျန်းမာသန်စွမ်းသော လူငယ်တစ်ယောက်ပုံစံဖြစ်သော ထိုနတ်ဘုရား၏ လက်တစ်ဖက်တွင် ဓါးသွားပေါ်တင်ထားသော ချိန်ခွင်ငယ်တစ်ခု ရှိသည်။ ဆံပင်ရှည်သော်လည်း ရှေ့ဘက်ခြမ်းသာဖြစ်သည်။ ဦးခေါင်းနောက်ဘက်တွင် ကတုံးပြောင်ပုံစံဖြစ်သည်။ နတ်ဘုရား၏ ခြေထောက်နှင့်ကျောတွင် အတောင်ပံများနှင့်ဖြစ်သည်။

ဓါးမောက်ပေါ်တွင် ချိန်ခွင်ရှိနေသည်မှာ အရာရာသည် ခေတ္တခဏအချိန်အတွင်း ပြောင်းလဲနိုင်ပြီး လူသားများ၏ရှင်သန်မှုသည်လည်း မျက်တောင်တစ်ခတ်အချိန်အတွင်း ပျောက်ဆုံးသွားနိုင်ကြောင်း သတိပေးထားခြင်းပင်။ ကိုင်းရို့စ်သည် ထိုခေတ္တခဏအချိန်၏ နတ်ဘုရားဖြစ်သည်။ အချိန်အခါ၊ အခွင့်အရေးဟူသည် မိမိထံလျှင်မြန်စွာ ရောက်လာပြီး လျှင်မြန်စွာ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း နတ်ဘုရား၏ ခြေထောက်မှ တောင်ပံများကြောင့် နားလည်နိုင်သည်။ ထိုအချိန်အခါကို ရောက်လာချိန်တွင် ဖမ်းဆုပ်ဖို့လိုသည်။ ဖြတ်သန်းသွားပြီးလျှင်တော့ မည်သူမှ မတတ်နိုင်တော့ကြောင်း နတ်ဘုရား၏ ရှေ့ဆံပင်ရှည်သာ ရှိပြီး နောက်ခြမ်းဘာမှမရှိခြင်းက ပြောကြားနေခြင်းပင်။

ကိုင်းရိုးစ်သည် နတ်ဘုရားဆိုတာထက် ဂရိလူမျိုးများ၏ ဘ၀အမြင်ဒဿနဟုပင် ဆိုနိုင်လောက်သည်။ အသက်မသေဆုံးခင်တွင် ဘ၀၏ ပျော်ရွှင်ဖွယ်အချိန်များကို တန်ဖိုးထားကုန်ဆုံးစေရန်ဖြစ်သည်။ အတိတ်နှင့် အနာဂတ်ထက် လက်ရှိပစ္စပ္ပန်ကို အလေးထားရန် ဖြစ်သည်။

"ဘယ်အချိန်ကမှ လက်ရှိအချိန်လောက် အရေးမကြီးဘူး ဖဲလ်လစ်။ ဘ၀မှာ လက်ရှိပစ္စုပ္ပန်ကာလကသာ အရေးအကြီးဆုံး၊ အဓိပ္ပါယ်အရှိဆုံးပဲ။ ဒါကိုတန်ဖိုးထားတတ်ဖို့လိုတယ်။"

အဘိုးအိုသည် လေသံတိုးတိုးနှင့်ပြောဖြစ်သည်။ ဖဲလ်လစ်အပေါ်တွင် လုလိယက်စ် လုံးဝဥဿုံ မယုံကြည်ပေမယ့် ဒီချည်ထည်စလေးဖြင့် ဒါတွေကို သူ ဂရုမစိုက်ကြောင်း ပြောနေသလိုပင်။

နောက်ပြီး ဒီလက်ကိုင်ပ၀ါလေးသည် သာမာန်ချည်ထည်စလေး တစ်ခု မဟုတ်။

ဒီလက်ကိုင်ပ၀ါလေး၏ ပိုင်ရှင်ဟောင်းသည် အရှင်လုလိယက်စ်အတွက် ဘယ်လောက်အရေးကြီးခဲ့သည် ဆိုတာကို အဘိုးအိုကောင်းကောင်းသိသည်။

လုလိယက်စ်သည် ဒီကောင်လေးအပေါ် သူ ထင်ထားတာထက် အဆပေါင်းများစွာ တန်ဖိုးထားနေပြီဆိုတာကို ဒီလက်ဆောင်လေးက သက်သေပြနေသည်။ အဘိုးအိုအနေဖြင့် ဖဲလ်လစ်ကို မမုန်းပါ။ မမုန်းသည့်အပြင် သနားမိသလို သံယောဇဉ်ဖြစ်နေသည်။ ဖဲလ်လစ်သာ အရှင်လုလိယက်စ် အပေါ် သစ္စာရှိမည်၊ ကောင်းလိမ့်မည်ဆိုတာသေချာလျှင် သူသည် ဒီဒုက္ခိတကောင်လေးကို နတ်ဘုရားတစ်ပါးလို ပူဇော်ကိုးကွယ်ဖို့ပင် ၀န်လေးမည်မဟုတ်။

အခုတော့..

ဘာတွေဆက်ဖြစ်လာဦးမည်မသိ။

ဖဲလ်လစ်သည် သူ့လက်ထဲမှ လက်ကိုင်ပ၀ါစငယ်ကို ကြာမြင့်စွာ စိုက်ကြည့်နေသည်။ ထို့နောက်မှာတော့ ခါးပတ်မှာထည့်ထားသော သားရေအိတ်ငယ်ထဲသို့ တရိုတသေခေါက်ထည့်သည်။ အဓိပ္ပါယ် ဖတ်ရခက်လွန်းသည့် မျက်နှာသည် တည်ငြိမ်နေသည်။ လုလိယက်စ်ရှိရာသို့ ငဲ့ကြည့်ကာ နှုတ်ခမ်းများကို ဖိကိုက်ပြီးမှ သက်ပြင်းဖွဖွချသည်။ ထို့နောက်မှာတော့ လုလိယက်စ်၏ ခေါင်းကို သူ့ပါးနှင့်ထိကာ မျက်စိမှိတ်ရင်း အိပ်ပျော်သွားခဲ့သည်။

Continue Reading

You'll Also Like

1M 62.7K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
94.3K 4.7K 13
(Zawgyi +Unicode) ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မင်း အတွက် စိတ်ပင်ပမ်းမူတွေကို ပြေပျောက်စေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်တော့ ဖြစ်မှာပါ။ ...
162K 18.1K 95
ဘာသာပြန်သူ - စွဲညို့အသင်း
1M 185K 100
Title - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL