ထာ၀ရ ပုံပေ
By akyinnamon
1.5M 189K 11.2K
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )
Part 13 (Zawgyi)
4.8K 918 160
By akyinnamon
ပင်လယ်လေသည် တဖြူးဖြူးတိုက်ခတ်နေသည်။ ဆောင်းတွင်းကာလ ရောက်ခါနီးပြီဖြစ်ကြောင်း အေးစိမ့်နေသော လေညှင်းက သတိပေးနေသည်။ နေ့ရက်များသည်လည်း ယခင်ကထက် တိုတောင်းလာပြီး နေ့လယ်ခင်းအချိန်များသည် အကုန်ဆုံးမြန်နေပြီဖြစ်သည်။
လက်ထဲမှ သစ်ကိုင်းခက်များဖြင့် ပြုလုပ်ထားသော တံမြက်စည်းရှည်ကို ကျောက်တံတိုင်းမှာ မှီထောင်လိုက်သည်။ လှမ်းမြင်နေရသော ပင်လယ်ပြင်မှ ဖဲလ်လစ် မျက်လုံးမခွာနိုင်။ ပင်လယ်ပြင်ရှိ လှိုင်းလုံးဖြူများကြားတွင် ရွက်လွှင့်ထားသော ရွက်လှေငယ်များ ခုန်ပေါက်ကာ ခရီးနှင်နေကြသည်။ ဆောင်းကာလရောက်တော့မည်ဖြစ်၍ ပင်လယ်ပြင်တွင် ငါးဖမ်းရွက်လှေတစ်ချို့မှလွဲ၍ ခရီးသွားရွက်လှေများ၊ ကုန်တင်ရွက်လှေများကို မတွေ့ရတော့။
နေ့လယ်ခင်း၏ ရွှေရောင်တောက်နေသော နေရောင်အောက်တွင် ပုံပေမြို့ကြီးသည် လှချင်တိုင်း လှနေသည်။ ပင်လယ်ပြာပြာကို နောက်ခံထားကာ အနီရောင် အုတ်ကြွပ်ခေါင်မိုးများ၊ တိုက်ခန်းဝရန်တာများတွင် လှန်းထားသော ရောင်စုံအ၀တ်စများနှင့်အတူ အိမ်တိုင်းလိုလိုတွင် စိုက်ပျိုးထားသော ပန်းအိုး၊ ပန်းပွင့်များကြောင့် ရောင်စုံခြယ်ထားသော ပန်းချီကားတစ်ချပ်လိုပင်။
"ဒီဒီရာ.. ညည်း ရေချိုးဆောင်သွားတာ ကြာလှချည်လား။"
ဖဲလ်လစ်ရှိနေရာသည် အရှင်လုလိယက်စ်အိမ်ကြီး၏ အပေါ်ဆုံးနေရာ ဥယျာဉ်ကြီးထဲမှာ ဖြစ်သည်။ ပုံစံတူလိုမျိုး ဆောက်လုပ်ထားသည့် တစ်ဖက်ခြံကို လှမ်းမြင်နေရသည်။ အပြင်ဥယျာဉ်နေရာမှ စကားသံများကိုလည်း တစ်ခါတစ်ရံ ကြားရတတ်သည်။ အခုလည်း တစ်ဖက်အိမ်၏ အိမ်အောက်ဆုံးနေရာ ဧည့်ခန်းဆောင်မှ စကားသံကို သူ ကြားလိုက်ရခြင်းဖြစ်သည်။ ဧည့်ခန်းဆောင်အလယ် ရေကန်ဘေးနားအစွန်းတွင် ထိုင်နေသော အမျိုးသမီးငယ်လေး၏ ပုံရိပ်ကိုလည်း မသဲမကွဲမြင်နေရသည်။
"အစ်ကိုနဲ့သွားတာပဲ.. မယ်မယ်ကလည်း.."
"ညည်းနော်။ အ၀တ်အစားကလည်း ပြည့်တန်ဆာပုံစံမျိုး ၀တ်ထားရလား။"
ရေကန်ထဲမှာ ထင်ဟပ်နေသော အမျိုးသမီးငယ်၏ မျက်နှာသည် စူပုပ်သလို မဲ့သွားသည်။ ပါးလွှာသော ပိုးထည်ဝတ်ရုံသည် ကောက်ကြောင်းလှလှများကို ထင်နေစေသည်ကို ဖဲလ်လစ် မငြင်းနိုင်။
ဒီဒီရာ..
လုလိယက်စ်၏ သူငယ်ချင်းဖြစ်သူ ဒါမီဒယ်၏ ညီမငယ်..
သူမကိုတွေ့တိုင်း နူးညံ့စွာပြောဆိုဆက်ဆံတတ်သည့် လုလိယက်စ်၏ ရုပ်ပုံလွှာကို မသဲမကွဲ ပြန်လည်မြင်ယောင်လာသည်။
လုလိယက်စ်နှင့် ဒီဒီရာ..
တကယ်ပင် လိုက်ဖက်လွန်းသည့် မောင်နှံနှစ်ယောက်။ လုလိယက်စ်သည် သူမထက် အသက်ဆယ်နှစ်ကျော်လောက်တော့ ပိုကြီးလိမ့်မည်။ ဒါပေမဲ့ အထူးအဆန်းတော့မဟုတ်ပါ။ လက်ထပ်ထိမ်းမြားချိန်တွင် အမျိုးသားဖြစ်သူသည် အမျိုးသမီးထက် အသက်ကြီးတတ်သည်မှာ ထုံးစံဖြစ်သည်။
ဒီဒီရာသည် ဆိုးနွဲ့သလို ထင်ရသော်လည်း စိတ်နှလုံးဖြူစင်သည်။ လုလိယက်စ်အပေါ်တွင်လည်း အမှန်တကယ်ပင် မေတ္တာသက်ဝင်နေပုံရသည်။ တစ်ချိန်ချိန်တွင် လုလိယက်စ်အတွက် သူမသည် ချစ်စရာကောင်းသော အိမ်ထောင်ရှင်မလေးတစ်ယောက် ဖြစ်လာနိုင်သည်။ ကြင်နာသနားတတ်ပြီး တည်ကြည်ဖြောင့်မတ်သည့် အိမ်ထောင်ရှင်တစ်ဦး၏ ဇနီးမယားတစ်ယောက် ဖြစ်လာလိမ့်မည်။ ဒီလိုဆိုလျှင်တော့ သူမသည် ပျော်ရွှင်ကာ စိတ်ချမ်းသာရသည့် အမျိုးသမီးလေး ဖြစ်လာလိမ့်မည်။
သူ သိခဲ့ဖူးသည့်...
"ဟေ့.. ငေးလှချည်လား။"
နောက်နားဆီမှ ခေါ်သံကြောင့် ဖဲလ်လစ် အတွေးရပ်ကာ နောက်လှည့်ကြည့်လိုက်သည်။ အစေခံမလေး နော်ရာသည် ချစ်စဖွယ် ပြုံးပြနေသည်။ သူ့ဘေးမှာလာရပ်ကာ သူကြည့်နေရာကို တစ်ချက်လှမ်းအကြည့်ပြီးမှာတော့ မျက်နှာမဲ့သွားသည်။
"နင် အဲ့ဒီ့ကောင်မလေးကို သဘောကျနေတာလား။ မတန်မရာတွေနော် ဖဲလ်လစ်။"
ဖဲလ်လစ် မျက်မှောင်ကြုတ်ရုံမှလွဲ၍ မဖြေဖြစ်။ လူချမ်းသာမိန်းမပျိုတစ်ယောက်ကို စိတ်ကူးယဉ်ရအောင် သူသည် ဦးနှောက်မပျက်သေးပါ။ နှုတ်မှဖွင့်မပြောကြပေမယ့် ဒီဒီရာသည် လုလိယက်စ်အတွက်ဟု မိသားစုနှစ်ခုလုံးက သတ်မှတ်ထားကြသည်ကို ဖဲလ်လစ်သိသည်။ အပျိုမှန်လျှင် လွှတ်မပေးချင်သည့် သခင်လေးအားရီးယူးစ်ပင်လျှင် ဒီဒီရာကို ညီမငယ်တစ်ယောက်အဖြစ်သာ ဆက်ဆံသည်။ တစ်နေ့တစ်ချိန်တွင် အစ်ကိုဖြစ်သူ၏ ဇနီးအဖြစ် ဆွေမျိုးတော်ကြမည်ဟု စနောက်နေသည်ကို ကြားခဲ့ရသည်။
"ဟိတ်။ နင်က ဘာလို့ ဒီလောက်စကားနည်းရတာလဲ။"
ဥယျာဉ်ထဲမှ သစ်ရွက်ခြောက်တွေကို ပြန်လှည်းနေသည့် ဖဲလ်လစ်အနားမှ နော်ရာမခွာသေး။ လက်နှစ်ဖက်ကို နောက်ပစ်ရင်း အတင်းကပ်ကာ လိုက်မေးနေသည်။ ကပိုကရိုအလှနှင့် ချစ်စရာကောင်းသော သူမသည် တည်တည်တံ့တံ့သာနေတတ်လျှင် အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နှင့်ပင် မှားယွင်းနိုင်သည်။ သူမ၏ မျက်နှာတွင် ဆွဲဆောင်မှုအရှိဆုံးမှာ မျက်လုံးများနှင့် နှုတ်ခမ်းဖြစ်သည်။ ဆည်းဆာရောင်လို လှပသည့် ဆံပင်လိပ်များလည်း ပါသည်။
"နင် မနက်ဖြန် အရှင်လုလိယက်စ်တို့နဲ့ လိုက်သွားမှာလား။"
နော်ရာက ခေါင်းကိုစောင်းကာ ငိုက်ကျနေသော ဆံပင်များအောက်မှ ဖဲလ်လစ်၏မျက်နှာကို မြင်ရအောင်ကြည့်ရင်း မေးသည်။ ဖဲလ်လစ် ဘာဖြေရမလဲမသိ။ မနက်ဖြန်ဆိုလျှင် အရှင်လုလိယက်စ်ရော၊ သခင်လေးအားရီးယူးစ်တို့ပါ မြို့ပြင်မှ အနားယူအိမ်ကြီးရှိရာသို့ ထွက်သွားကြတော့မည်ဖြစ်သည်။ လုလိယက်စ်၏ သူငယ်ချင်းဖြစ်သူ ဒါမီဒယ်နှင့် ညီမငယ်ဒီဒီရာတို့ပါ လိုက်ပါသွားကြလိမ့်မည်။
"ငါ မသိဘူး။"
အမှန်အတိုင်း ဖြေဖြစ်သည်။ တကယ်လည်း လိုက်ရမည်မထင်။ အဘိုးအို အဲလ်ဇီယိုသည် ဘယ်နည်းနဲ့မှ ဖဲလ်လစ်ကို လိုက်ခိုင်းလိမ့်မည်မဟုတ်။ သူ ဒဏ်ရာရပြီးကတည်းက အဘိုးအိုသည် ဖဲလ်လစ်ကို ပိုပြီးအမြင်မကြည်ဖြစ်လာသည်။ ဖျားနာနေချိန်က လုလိယက်စ်ကိုစော်ကားလိုက်သလို ပြောမိသည့်ကိစ္စကလည်း အကူအညီမဖြစ်ခဲ့။ အခုနောက်ပိုင်း အိမ်ထဲမှာတောင် အဆိုးဆုံးနေရာ၊ အခက်ခဲဆုံးနေရာတွေမှာသာ အလုပ်ခိုင်းတော့သည်။ အရှင်လုလိယက်စ်နှင့် လုံးလုံးမတွေ့စေနိုင်သည့် နေရာများဆိုလျှင် မမှားပါ။
"ညကျရင် ငါ့ဆီလာခဲ့ပါလား။"
ဖဲလ်လစ် မျက်လုံးပြူးကာ နော်ရာ့ကို လှည့်ကြည့်ဖြစ်သည်။ ကျွန်တစ်ယောက်သည် သခင့်အပိုင်ဖြစ်သည်။ မိမိသဘောဆန္ဒဆိုတာ မရှိစေရ။ ဒီလိုအတင့်ရဲစွာ ဖိတ်ခေါ်မှုမျိုးကို ဒီကောင်မလေး ဘယ်လိုသတ္တိမျိုးနှင့် လုပ်နိုင်သည်ကို သူ နားမလည်။
"နင့်ကို အရှင်လုလိယက်စ်ပိုင်တာ နင် မသိဘူးလား။"
"အရှင်လား... တစ်ခါမှ ငါ့ကိုမခေါ်ဘူးဟ။ ငါ ပျင်းလွန်းလို့ဟ။ ဟိ.."
တခစ်ခစ်ရယ်သံနှင့်ပြောနေသော နော်ရာ့ကိုကြည့်ရင်း သူ အံ့သြရပြန်သည်။ ဘယ်လိုလူလဲ။ ဒီလောက်ချစ်စရာကောင်းသည့် ကျွန်အမျိုးသမီးတစ်ယောက်ကို ပိုင်ဆိုင်ပြီးတာတောင် အိပ်ရာကိစ္စတွေမှာ အသုံးမချတတ်ဘူးဆိုလျှင် သူထင်ထားသည့်အတိုင်း တကယ်ပင် အသုံးမကျသည့်သူ ဖြစ်ရမည်။
"ဘယ်လိုလဲ။ နင် လာခဲ့မလား။"
"နင် သေချင်နေလို့လား နော်ရာ။ နင်ရော ငါပါ ဒုက္ခရောက်သွားမယ်။"
နော်ရာသည် မိမိထက် အသက်ပိုကြီးသော်လည်း တုံးအသည့် ညီမငယ်တစ်ယောက်လို ဆူမိသွားသည်။ ဒီကလေးမငယ်သည် ကျွန်တစ်ယောက်၏ဘ၀ကို နားလည်ဟန်မတူ။ သူတို့မှာ မိမိသဘောဆန္ဒအရ ဘာဆိုဘာမှ ပြုလုပ်ပိုင်ခွင့်မရှိသည်ကို လက်မခံသေးဘူးလားမသိ။
"အရှင်က သဘောကောင်းတယ်ဟ။ နင် ဘာမှစိတ်မပူနဲ့။ နင်နဲ့ငါနဲ့ ကြိုက်နေကြတယ်ဆိုရင်တောင် ပေးစားဖို့ သဘောတူမှာ။"
"နင့်ကိုမှ ငါ မကြိုက်တာ။"
ဖဲလ်လစ်ရဲ့ စကားအဆုံးမှာ နော်ရာမျက်နှာ ရှုံ့မဲ့သွားသည်။ မျက်လုံးချိုချို အကြည့်ချိုချိုတွေ မရှိတော့။ ဒုက္ခိတကောင်ကများ၊ အပေါစားကျွန်ကများ၊ အကန်းအပဲ့ကများ ဆိုသည့် ဆဲစကားတွေ ထပ်သွားသည်။
ဆောင်းတွင်းကာလ ရောက်လာတော့မည် ဖြစ်သောကြောင့် သစ်ပင်တစ်ချို့သည် ၎င်းတို့၏ သစ်ရွက်များကို ခြွေကာချရင်း ရောက်လာတော့မည့် အေးစိမ့်မှုများကို ကြံ့ကြံ့ခံဖို့ ကြိုးစားနေကြသည်။ ဤဥယျာဉ်ကြီးထဲတွင် ဆောင်းတွင်းကာလအတွင်း ပွင့်တတ်သည့် ပန်းပင်ငယ်များကို ပြောင်းလဲစိုက်ပျိုးချိန် ရောက်လာတော့မည်ဖြစ်သည်။
နော်ရာ၏ ဆဲဆိုသံများကို လျစ်လျူရှုရင်း ဥယျာဉ်ထဲမှ နှင်းဆီရုံသို့ ဖဲလ်လစ် အကြည့်ပြောင်းဖြစ်သည်။ အဖြူရောင်ကျောက်တိုင်ကြီး နှစ်ခုအောက်တွင် နှင်းဆီရိုင်းပင်များကို ပန်းအိုးကြီးနှစ်ခုအတွင်း စိုက်ပျိုးထားသည်။ နောက်ဆုံးလက်ကျန်ပွင့်နေသည့် နှင်းဆီပန်းတစ်ပွင့်ကို မြင်လိုက်ရသည်။ ဇာပုဝါများ အထပ်ထပ်ခြုံထားသလို နှင်းဆီရိုင်းပွင့်လေး၏ ပွင့်ဖတ်ငယ်များသည် ပွင့်အာနေသည်။ ပန်းရောင်သန်းသော နှင်းဆီပွင့်သည် ဒီနှစ်အတွက် နောက်ဆုံးပန်းတစ်ပွင့် ဖြစ်လိမ့်မည်။ နွေဦးရာသီ မရောက်မချင်း နောက်ထပ် နှင်းဆီပွင့်ကို မြင်ရဖို့ဆိုတာ မသေချာတော့။
"ဟဲ့.. ကောင်မလေး.. ညည်းကို စီရမ်နာ လိုက်ရှာနေတယ်။"
အဘိုးအို အဲလ်ဇီယို၏အသံ။ ထို့နောက်မှာတော့ နော်ရာ၏ မျက်စောင်းတစ်ခု ဖဲလ်လစ်ထံရောက်လာသည်။ မကျေမနပ် ခပ်တိုးတိုးရေရွတ်ရင်း အနားမှထွက်ခွာသွားသည့် နော်ရာ့ကြောင့် ဖဲလ်လစ် ပြုံးမိသည်။
"မင်းက ဘာလို့ အဲ့ဒီ့ပန်းကို ခူးလိုက်ရတာလဲ။"
အဘိုးအိုပြောမှ ဖဲလ်လစ် သတိထားမိသည်။ သူ့လက်ထဲမှာ နှင်းဆီပွင့်ငယ်။
သူ ခူးမိသွားတာလား။
နောက်ဆုံးပန်းပွင့်လေးကိုလေ။
ဘာအတွက်လဲ။
"ဟေ့ကောင်လေး.. မေးရင် ဖြေစမ်း။ နာချင်နေပြီလား။"
ဖဲလ်လစ် နှင်းဆီပွင့်ကို အဘိုးအို အဲလ်ဇီယိုရှေ့ တိုးပေးလိုက်သည်။ အဘိုးအိုမှာ မျက်လုံးပြူးသွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။
"မင်း..မင်းရဲ့ပန်းကို ငါ.. ငါက ဘာလုပ်ရမှာလဲ။"
"အရှင့်ရုံးခန်းထဲမှာ ပန်းအိုးထိုးပေးပါလား အဘ။"
စကားအဆုံးမှာ ဖဲလ်လစ် ခေါင်းကိုငုံ့ချလိုက်သည်။ ကိုယ်တိုင်ပင် မထင်မှတ်ထားသည့် စကား။ သေချာပါသည်။ ပန်းခူးလိုက်သည့်အတွက် အဘိုးအို အဆူမခံရအောင် သူ့ကိုယ်သူ ကာကွယ်လိုက်တာပဲ ဖြစ်ရမည်။ သူ သတိထားမိသည်။ ဥယျာဉ်ကြီး၏ ဒီနေရာကိုရောက်တိုင်း လုလိယက်စ်သည် နှင်းဆီပွင့်ငယ်များရှိရာ ယခုနေရာတွင် ရပ်တန့်တတ်သည်။ သခင်လေးအားရီးယူးစ်နှင့် စကားပြောရန်ပဲဖြစ်ဖြစ်၊ ပင်လယ်ရှုခင်းကို ကြည့်ရန်ပဲဖြစ်ဖြစ် ဒီနေရာကိုသာ ရွေးချယ်သည်။ ထို့အပြင် တစ်ခါတစ်ရံ နှင်းဆီပွင့်နားသို့ ကိုယ်ကိုကိုင်းရင်း နှင်းဆီရနံ့ကို နှစ်လိုစွာ ရှိုက်နမ်းတတ်သည်။
အဘိုးအိုမှာ သူ့စကားကို မကြားသလို သူ့မျက်နှာကို သေချာစိုက်ကြည့်နေသည်။ ဖဲလ်လစ် မနေတတ်တော့။
"အရှင်က နှင်းဆီပန်းကို ကြိုက်တယ်မဟုတ်လား အဘ။"
စကားသံတွေက ခပ်တိုးတိုး။ အဘိုးအိုကို မော့မကြည့်ရဲ။ နှင်းဆီပွင့်လေး၏ ပွင့်ဖတ်လေးများကိုသာ စိုက်ကြည့်နေဖြစ်သည်။ မနက်ဖြန်ဆိုလျှင် အရှင်လုလိယက်စ် ခရီးထွက်တော့မည်ဖြစ်သည်။ အမဲလိုက်သွားဖို့ရန်ဟု သူ သိထားပေမယ့် မြို့ပြင်ရှိ အနားယူစံအိမ်ကြီးတွင် လုလိယက်စ်တို့အားလုံး အတော်ကြာအောင် နေဖြစ်မည်။ ဘယ်အချိန်မှ ပုံပေမြို့သို့ ပြန်လာမည် မသိ။ အရှင်လုလိယက်စ်သည် ဒီအိမ်ကြီးတွင် ရှိနေတော့မည်မဟုတ်။ အပန်းဖြေအိမ်တွင် အချိန်မည်မျှကြာအောင် နေလိမ့်မည်ဆိုတာကို သူ မခန့်မှန်းတတ်။
"မင်းဘာသာမင်း သွားပါလား။ မင်း ခိုင်းတိုင်းလုပ်ပေးရအောင် ငါက မင့်ကျွန်လား။"
အဘိုးအို၏ ခပ်ဟောက်ဟောက်စကားသံအဆုံးမှာ ဖဲလ်လစ် ဘာဆက်ပြောရမလဲမသိတော့။
"မင်းသွားမယ်ဆို မြန်မြန်သွား ဟေ့ကောင်လေး။ အရှင် ပြန်လာတော့မယ်။ မင်းရဲ့ကျက်သရေမရှိတဲ့ရုပ်ကို အရှင် မမြင်စေနဲ့။"
ပခုံးကိုတွန်းကာ အဘိုးအို ရှေ့ဆက်ပြောမှ ဖဲလ်လစ် နားလည်သွားသည်။ လုလိယက်စ် အိမ်ကို ပြန်မရောက်သေးလို့ သူ့ကို သွားခိုင်းသည်ပဲ။ သက်ပြင်းတစ်ချက်ကိုချရင်း လှေကားထစ်များအတိုင်း အမြန် ပြေးဆင်းလာခဲ့သည်။ ပန်းလေး နွမ်းသွားမှာကို စိုးရိမ်သည်။
အလုပ်ခန်းရှိရာ အောက်ဆုံးထပ်တွင် လှုပ်ရှားသွားလာနေသော အစေခံများ မရှိ။ နေ့လယ်စောင်းအချိန် ဖြစ်သောကြောင့် ညစာအတွက် ပြင်ဆင်နေကြသော မီးဖိုဆောင်တွင်သာ လှုပ်ရှားမှုများရှိနေသည်။ လုလိယက်စ်သည် အားရီးယူးစ်နှင့် ရေချိုးဆောင်မှာပင် ရှိလိမ့်ဦးမည်။ အားရီးယူးစ်ပုံပေမြို့သို့ ရောက်လာပြီးကတည်းက မနက်ပိုင်းအလုပ်ချိန်အပြီးတွင် လုလိယက်စ်သည် အမြဲလိုလို ညီဖြစ်သူနှင့် အချိန်ကုန်ဖြစ်သည်။ ရေချိုးဆောင်သို့သွားသည်ပဲဖြစ်စေ၊ ဓါးရေးကျင့်သည်ဖြစ်စေ၊ ညစာစားချိန်တွင်ဖြစ်စေ အားရီးယူးစ်နှင့်သာ အမြဲအတူ အချိန်ကုန်ဆုံးစေသည်။
လုလိယက်စ်၏ အလုပ်ခန်းရှေ့သို့ အရောက်မှာတော့ သံကွင်းများနှင့် ချိတ်ကာထားသော လိုက်ကာစကို ဆွဲဖယ်လိုက်ကာ အခန်းတွင်းသို့ လှမ်းဝင်လိုက်သည်။ ဖဲလ်လစ်၏ နှုတ်ခမ်းနှစ်ခု ခပ်ဟဟ ပွင့်ဟသွားသည်။ ဘာသံမှထွက်မလာ။ လက်ထဲမှ ပန်းပွင့်ငယ်၏ ရိုးတံကိုသာ ဖိဆုပ်မိသွားသည်။
အလုပ်စားပွဲဘေးမှ စာရွက်လိပ်စင်များ စီတန်းတင်ထားရာ စင်၏အရှေ့တွင် လုလိယက်စ် ရပ်နေသည်။ စာရွက်လိပ်များကြားမှာ တစ်စုံတစ်ရာကို ရှာဖွေနေဟန်တူသည်။ ခွင့်ပင်မတောင်းဘဲ အခန်းတွင်းဝင်လာသည့် ဖဲလ်လစ်ကို လှမ်းကြည့်နေသည့် မျက်လုံးပြာများသည် ရုတ်တရက် အံ့သြသွားသလို။ အခန်းတွင်းဖြာကျနေသော အလင်းရောင်အောက်မှာ နက်ရှိုင်းနေသည်။
လုလိယက်စ်သည် ရေချိုးဆောင်မှာပဲ ရှိနေတာ မဟုတ်ဘူးလား။
အဘိုးအို အဲလ်ဇီယိုကို ဖဲလ်လစ် ကျိန်ဆဲမိသွားသည်။
အခုအချိန်မှာမှ နောက်ပြန်ဆုတ်ဖို့ သူ ဘယ်လိုလုပ်ရမလဲ။
စကားပြောဖို့ ဘယ်လိုစရမလဲ။
သူ့လက်ထဲက နှင်းဆီပွင့်အကြောင်းကိုရော ဘယ်လိုရှင်းပြရမလဲ။
"ဘာဖြစ်လို့လဲ ဖဲလ်လစ်။"
လုလိယက်စ်၏လေသံသည် တည်ငြိမ်အေးဆေးသည်။ ပြောမရအောင် စိတ်လှုပ်ရှားနေသည်မှာ သူ တစ်ယောက်ပဲလား မသိ။ ပြောရမည့်စကားကို ရှာဖွေပေမယ့် ခေါင်းတွေပူနေကာ တစ်လုံးမှ ထွက်မလာ။
"နှင်းဆီပန်းက .. ဘာဖြစ်လို့.. အာ.. ကိုယ့်အတွက်လား.."
သူရှိရာ ခြေတစ်လှမ်းတိုးရုံ လှမ်းလာပြီးမေးသည်။ ကမ်းလာသောလက်ကို ခေါင်းငုံ့ထား၍ ငိုက်ကျနေသော ဆံပင်နက်များကြားမှ ဖဲလ်လစ် မြင်နေရသည်။ လက်ကိုရွှေ့ပြီး နှင်းဆီပွင့်ငယ်ကို လုလိယက်စ်လက်ထဲသို့ ခပ်ဖြည်းဖြည်း ထည့်ပေးလိုက်သည်။ သူ့လက်ဖျားမှ အေးစက်မှုကြောင့် ပွင့်ဖတ်လေးများကို မအေးခဲသွားစေချင်ပါ။
"ပန်းအိုးတစ်ခုလောက် ကူရှာပေးပါလား။ ကိုယ့်အခန်းက မင်းမြင်တဲ့အတိုင်းပဲ။"
လုလိယက်စ်၏ စကားအဆုံးမှာ ဖဲလ်လစ် ခေါင်းညိတ်ပြမိသည်ထင်သည်။ မသေချာ။ သူ့ကိုယ်သူပင် ဘာတွေမြင်ကာ ဘာတွေလုပ်နေသည်ကို ဖဲလ်လစ်မသိ။ အရေးကြီး စာချုပ်စာတမ်းများ ထည့်ထားတတ်သော ဆင်စွယ်ဗူးငယ်များ၊ စာရွက်လိပ်များ၊ မြေပုံများ၊ မှင်တံများကြားမှာ ဟိုဟိုဒီဒီ ရှာဖြစ်သည်။ သိပ်မကြာခင်မှာပဲ ငွေရောင်တောက်နေသည့် ပန်းအိုးငယ်ကို စင်၏ထောင့်မှာတွေ့ရသည်။
ဖုန်တွေကို အ၀တ်စနှင့်သုတ်ဖယ်ကာ ပန်းအိုးလေးကို စားပွဲပေါ် တင်ပေးဖြစ်သည်။ လုလိယက်စ်သည် ရေကရားထဲမှ ရေတစ်ချို့ကို ပန်းအိုးထဲ ပြောင်းထည့်နေသည်။ မသိမသာ မော့ကြည့်ချင်ပေမယ့် မ၀ံ့ရဲ။ တစ်ခါတလေ လုလိယက်စ်၏မျက်နှာသည် ဘယ်လိုပုံစံလဲဆိုတာကို ဖဲလ်လစ် မနည်းပြန်စဉ်းစားရသည်။ လုလိယက်စ်ရှေ့တွင် အမြဲခေါင်းငုံ့ထားတတ်သည့် သူ့အတွက် လုလိယက်စ်၏ လက်ဖ၀ါး၊ ခြေချောင်းများ၊ ၀တ်ရုံစများကိုသာ သေချာမှတ်မိနေသည်။
ရေကျသံရပ်သွားသည်နှင့် နှင်းဆီပွင့်ဖြူလေးကို ပန်းအိုးထဲမှာ လုလိယက်စ် ခပ်ဖြည်းဖြည်း ထည့်လိုက်သည်။ လှလိုက်တာ။ ငွေရောင်လဲ့နေသော ပန်းအိုးလေးနှင့် လိုက်ဖက်လွန်းစွာ လှပနေသော ပန်းပွင့်လေးကို ကြည့်ရင်း ဖဲလ်လစ် ပြုံးသွားမိသည်။
"ကျေးဇူးပဲ ဖဲလ်လစ်..."
စကားသံတိုးတိုးကို ကြားလိုက်ရသည်။ သူ့ရင်ထဲမှ လှိုက်ခနဲ ခံစားရမှုသည် အပျော်တွေများလား။ မရဲတရဲ မေးရင်း ခြေတစ်လှမ်းနောက်ဆုတ်ကာ ခပ်တိုးတိုး ပြောဖြစ်သည်။
"ကျွန်တော့်ကို ခွင့်ပြုပါဦး အရှင်"
ခြေနှစ်လှမ်းအထိ မျက်နှာချင်းဆိုင် နောက်ဆုတ်ပြီးမှ ခေါင်းညွှတ်အရိုအသေပြုရင်း နောက်လှည့်ဖြစ်သည်။
"ဖဲလ်လစ်.."
ခေါ်သံနောက်မှာ ၀ှီးခနဲ အသံတစ်ခု။ အကျင့်ပါနေသောလက်က လုလိယက်စ်ပစ်ပေးလိုက်သော အရာကို မြေပြင်ပေါ်မကျခင် လှမ်းဖမ်းလိုက်နိုင်သည်။ ၀ိုင်းစက်သောအရာတစ်ခု။ အသေအချာပြောရပါလျှင် နီရဲနေသော ပန်းသီးတစ်လုံး။ မွှေးသင်းသော ပန်းသီးနံ့ကို သူ ရလိုက်သည်။
လုလိယက်စ်သည် သူ့အလုပ်စားပွဲပေါ်ရှိ သစ်သီးပန်းကန်ထဲမှ ပန်းသီးနီတစ်လုံးကို သူ့ကို ပစ်ပေးလိုက်ခြင်းဖြစ်သည်။ သူ လုလိယက်စ်ကို ငေးကြည့်မိသွားသည်။ ရွှေရောင်ဆံပင်လိပ်တွေသည် လုလိယက်စ်၏ အပြုံးနှင့်အတူ တောက်ပနေသည်။ ကြည်လင်သောမျက်လုံးပြာများတွင် နွေးထွေးမှုနှင့် ချစ်ခင်မှုသာ ရှိသည်။
"မင်းအတွက်.."
ဖဲလ်လစ်ရှိရာသို့ မေးကိုမသိမသာငေါ့ရင်း လုလိယက်စ်ပြောသည်။ ထိုစကားသံသည် နားထောင်မိသူရင်ထဲ နွေးထွေးသွားစေနိုင်သည်ကို မသိဘူးလားမသိ။ သူ တစ်ခုခု ပြောသင့်သလား။ အနည်းဆုံး ကျေးဇူးတင်စကားဖြစ်ဖြစ်လေ။ တကယ်တမ်းမှာတော့ ဘာမှ မပြောဖြစ်။ ဖဲလ်လစ် လုလိယက်စ်ကို နောက်တစ်ကြိမ် အရိုအသေပြုရင်း အလုပ်ခန်းမှထွက်လာဖြစ်ခဲ့သည်။
ပန်းသီးငယ်ကို နှုတ်ခမ်းနားထိ မယူလာပေမယ့် မကိုက်စားဖြစ်ပါ။ သဲ့သဲ့ရသော နှစ်လိုဖွယ် ပန်းသီးနံ့လေးကိုသာ ရင်ထဲထိရောက်အောင် ရှိုက်ယူဖြစ်သည်။
.................
Happy Birthday ပါ ညီမလေး @thu_thu-01
မွေးနေ့မှာ ပျော်ရွှင်ပါစေ။
မမွန်
၀၈.၀၆.၂၀၁၉
Continue Reading
You'll Also Like
129K 15.2K 96
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
5.4M 353K 54
2.5M 190K 77
109K 11.3K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...