တစ္ရံေရာအခါ.....

By SmileSmile553

59.8K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... More

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 31 )

1.6K 39 0
By SmileSmile553

" ေနေကာင္းလား … အန္တီ။ မေတြ႕တာေတာင္ၾကာၿပီေနာ္ "

" ဟယ္ … သား ခန္႔ေက်ာ္ … အိမ္ကို လာမလည္တာေတာင္ ၾကာၿပီေနာ္ … ေနေကာင္းပါ့႐ွင္။ သား … မိဘေတြေရာ ေနေကာင္းၾကရဲ႕လား "

" ေနေကာင္းၾကတယ္ အန္တီ … ဒါနဲ႔ အန္တီ … ေရာ့ … အန္တီ စားဖို႔ သား မုန္႔ဝယ္လာတာ "

" ေၾသာ္ … သားရယ္။ ဘာလို႔ ဝယ္လာတာလဲ ပိုက္ဆံကုန္တာေပါ့။ ဒီတိုင္း လူပဲလာတာမဟုတ္ဘူး "

" အန္တီကလည္း သားက စားေစခ်င္လို႔ကို "

" ဟုတ္ပါၿပီ႐ွင္။ ကဲ ထိုင္ဦး အန္တီ ဒီမုန္႔ေတြ ေနာက္ေဖး သြားထားလိုက္ဦးမယ္ "

" သားလည္း လိုက္မယ္အန္တီ။ ဘာခ်က္လဲ အန္တီ "

ခန္႔ေက်ာ္ကမ္းေပးေသာ Donutမုန္႔ထုပ္ကိုယူကာ ေနာက္ေဖးဝင္သြားေသာ ဟန္စစ္ေမေမနဲ႔တူတူ ခန္႔ေက်ာ္အိမ္ေနာက္ေဖးသို႔ လိုက္ဝင္လာလိုက္သည္။ ေျပာလို႔ေျပာတာမဟုတ္ ဟန္စစ္ေမေမက ဟင္းခ်က္အရမ္းေတာ္သည္။ အထူးသျဖင့္ မုန္လာဥနဲ႔ငါးကို ဆီျပန္ဟင္းခ်က္ရင္ ခ်ဥ္ၿပံဳးခ်ဥ္ၿပံဳးႏွင့္  အရမ္းစားလို႔ေကာင္းသည္။

" ဒီေန႔ မုန္လာဥနဲ႔ငါးကို ဆီျပန္ခ်က္တယ္ေလ သား "

" ဟာ … စားရကံႀကံဳလို႔ မုတ္ဆိတ္ပ်ားစြဲ ဆိုတာ ဒါမ်ိဳးေနမယ္။ ဟီး … ဟီး … သား ထမင္းစားသြားမယ္ေနာ္ "

" ေျပာစရာလား … သားရယ္။ အဝသာစားသြား "

" မဝမွာ မပူနဲ႔ အန္တီ "

ဟန္စစ္ေမေမထည့္ေကြၽးေသာ ထမင္းနဲ႔ဟင္းကို စားေနရင္း ဟန္စစ္အခန္းေ႐ွ႕က တံခါးေသာ့ခတ္ထားတာကို သတိရသြား၍

" အန္တီ ဟန္စစ္ေရာ အိမ္မွာမ႐ွိဘူးလား "

သူ႔အေမးကိုျပန္ေျဖတာမၾကားတာေၾကာင့္ ခန္႔ေက်ာ္ ထမင္းစားေနရာမွ အန္တီကို ေမာ့ၾကည့္လိုက္ရင္း

" အန္တီ "

" ေဟ … ေဟ … သား … ဘာေျပာတာလဲ "

သူလက္ကိုကိုင္လႈပ္၍ ေခၚမွ သတိဝင္လာဟန္ အေယာင္ေယာင္အမွားမွားနဲ႔ ျပန္ေျပာလာေသာ အန္တီေၾကာင့္ ခန္႔ေက်ာ္ စိတ္တြင္ တစ္မ်ိဳးပင္။

" ဟန္စစ္နဲ႔မေတြ႕တာၾကာလို႔ သူနဲ႔ေတြ႕ရေအာင္ လာခဲ႔တာ။ အျပင္လည္းသြားခ်င္လို႔။ သူ မ႐ွိဘူးလား အန္တီ "

" သား … သူငယ္ခ်င္းက ေမာ္လၿမိဳင္က သူ႔ ဦးေလးငယ္ဆီ သြားတယ္ေလ "

" ဟုတ္လား … သားကိုလည္း ဘာမွမေျပာဘူး။ သူ႕ ဖုန္းဆက္ေတာ့လည္း ဖုန္းပိတ္ထားတယ္ႀကီး ေျပာေနတယ္ "

" ဟုတ္လား … အန္တီလည္း ဖုန္းမဆက္ျဖစ္ေတာ့ မသိပါဘူးကြယ္။ ၾကည့္ရတာ မင္းသူငယ္ခ်င္းက ေမာ္လၿမိဳင္မွာ ေပ်ာ္ေနၿပီထင္တယ္ "

" ဘာလို႔လဲ အန္တီ "

" အန္တီသူငယ္ခ်င္းရဲ႕ သမီးနဲ႔ မင္းသူငယ္ခ်င္းကို လူငယ္ခ်င္းရင္းႏွီးရေအာင္ ေတြ႕ဖို႔လႊတ္လိုက္တာေလ။ ခု ဖုန္းပါ ပိတ္ထားတယ္ဆိုေတာ့ ရန္ကုန္က လူေတြကို ေမ့ေနၿပီထင္တယ္ "

" ဗ်ာ … ဒါဆို ဟန္စစ္က "

" ဟုတ္တယ္ … မင္း သူငယ္ခ်င္းနဲ႔ သေဘာတူထားတဲ႔သူကို သြားေတြ႔တာကြဲ႕ "

ဟန္စစ္ေမေမရဲ႕စကားအဆံုး ဘာျပန္ေျပာရမွန္းမသိျဖစ္သြားကာ ေ႐ွ႕တြင္႐ွိေနေသာ ပန္းကန္ထဲက ထမင္းကိုခပ္၍ စားလိုက္ေသာ္ျငား သူအႀကိဳက္ဆံုးဟင္းတို႔က ခံတြင္းမေတြ႕ေတာ့ေခ်။ ထမင္းပန္းကန္အား အေၾကာင္းမဲ႔ေမႊေႏွာက္ေနေသာ သူ႔အား ဟန္စစ္ေမေမက

" စားေလ … သား ဘာလို႔လဲ စားမေကာင္းဘူးလား "

" မဟုတ္ပါဘူး … အန္တီ။ ဟန္စစ္ အေၾကာင္းၾကားၿပီး အံ႔ၾသသြားလို႔ပါ။ ဒီေကာင္က သားကို ဘာမွေတာင္မေျပာသြားဘူး။ လာပေလ့ေစဦး ျပန္လာမွ မေျပာရေကာင္းလားဆိုၿပီး မွတ္ေလာက္ေအာင္ ဆုံးမရမယ္ "

" ဟုတ္ပါၿပီ႐ွင္ … ကဲ … ကဲ … စား … စား အန္တီေ႐ွ႕မွာ ဆိုင္သြားၾကည့္လိုက္ဦးမယ္ "

" ဟုတ္ကဲ႔ … အန္တီ "

ေနာက္ေဖးခန္းထဲမွ ဟန္စစ္ေမေမထြက္သြားတာ ေတာ္ေတာ္ၾကာၾကာမွ ခန္႔ေက်ာ္ သက္ျပင္းခ်မိသည္။ သူ ဒီအေၾကာင္းေတြကို တစ္စံုတစ္ေယာက္အား မည္သို႔ျပန္ေျပာရမည္နည္း။ ဟန္စစ္ မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲကြာ။ ယခုအေၾကာင္းေတြအား တစ္စံုတစ္ေယာက္အား ျပန္ေျပာသင့္ မေျပာသင့္ စဥ္းစားရင္း ထမင္းသာဆက္စားေနမိသည္။ ဟန္စစ္ေမေမခ်က္သမွ်ထဲမွ မိမိအႀကိဳက္ဆံုးဟင္းလ်ားက စစားကာစႏွင့္မတူ။ အေတာ္ေလးကို ခံတြင္းမေတြ႕ေတာ့ေခ်။ မစားေတာ့ဘဲ သြန္ပစ္ဖို႔ကလည္း ဟင္းခ်က္ထားေသာ ဟန္စစ္ေမေမကို အားနာရသည္။ အေတြးလက္စတစ္ခ်ိဳ႕တို႔ကို ေခါင္းခါ၍ ထုတ္ပစ္လိုက္ၿပီး သိပ္မက်န္ေတာ့ေသာ ထမင္းအားကုန္ေအာင္သာစားရန္ ေတြးလိုက္ေတာ့သည္။

ထမင္းစားၿပီးေနာက္ ပန္းကန္ေဆး၊ ေရသုတ္ ပန္းကန္စင္ေပၚတြင္ ေသခ်ာေမွာက္ၿပီးေနာက္ မီးဖိုေပၚက အိုးေသးေသးေလးဆီအၾကည့္က ေရာက္သြားသည္။ အိုးေသးေသးေလးအား အဖံုးဖြင့္၍ စပ္စုၾကည့္လိုက္သည့္အခါ သာကူလံုးေလးေတြနဲ႔ထမင္းကိုေရာကာ ေသခ်ာေလးျပဳတ္ထားေသာ ႏို႔ထမင္းပင္။ တစ္ေယာက္ေယာက္ ေနမေကာင္းမ်ားျဖစ္ေနလို႔လား။ တစ္ေယာက္ထဲ ကိုယ့္ဘာသာကိုယ္ေတြးၿပီး အေ႐ွ႕ထြက္လာေတာ့ ေသာ့ခတ္ထားေသာ ဟန္စစ္အခန္းေ႐ွ႕ သူခဏမွ်ရပ္ေနလိုက္မိသည္။

မင္းတကယ္ပဲ မိဘခ်င္းသေဘာတူထားတဲ႔ မိန္းကေလးနဲ႔ သြားေတြ႕တာလား ဟန္စစ္

အေတြးနဲ႔အတူ ႐ႈပ္ေထြးလာေသာစိတ္တို႔ေၾကာင့္ ခန္႔ေက်ာ္ေခါင္းကုတ္ကာ အိမ္ေ႐ွ႕သို႔ ထြက္လာလိုက္သည္။ ဝယ္သူ သံုးေလးဦးနဲ႔ လက္မလည္ျဖစ္ေနေသာ အန္တီအား ဝိုင္းကူေရာင္းေပးလိုက္ၿပီး အန္တီကိုႏႈတ္ဆက္၍ ဟန္စစ္တို႔အိမ္မွ ျပန္လာလိုက္သည္။

" ဟန္နဲ႔ေတြ႕ခဲ႔လား … ညီ "

" ေျဖးေျဖးေမးပါကြာ။ မင္းကလည္း ခုမွေရာက္တဲ႔သူကို အေလာတႀကီးနဲ႔ "

" မင္း အသာေနစမ္းပါ အံ႔မင္းရာ "

ဟန္စစ္တို႔လမ္းထိပ္တြင္ ရပ္ထားေသာ လူယုတ္မာႀကီးရဲ႕ကားေပၚ သူတက္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ စကၠန္႔မျခားေမးခြန္းထုတ္လာေသာ အစ္ကိုလင္းခန္႔ေၾကာင့္ ခန္႔ေက်ာ္ၿပံဳးလိုက္မိသည္။ မိမိေျပာလာမည့္စကားကို ေစာင့္ဆိုင္းေနေသာ ထိုလူသားရဲ႕မ်က္ဝန္းေတြမွ မိမိသူငယ္ခ်င္းအား မည္မွ်ခ်စ္သည္ဆိုတာကို ခန္႔မွန္းသိႏိုင္ေပသည္။ လူယုတ္မာႀကီးေျပာျပသေလာက္ သိရသမွ်ကေတာ့ ဟန္စစ္ဆီက အဆက္အသြယ္မရတဲ႔ ဒီတစ္ပတ္အတြင္း စိတ္နဲ႔လူနဲ႔မကပ္ႏိုင္ေအာင္ျဖစ္ေနသည္တဲ႔။အ႐ူးေထာင္ပို႔ရေတာ့မည္အဆင့္မေရာက္ခင္ အစ္ကိုလင္းခန္႔စိတ္ေအးရေအာင္ ဟန္စစ္အေၾကာင္းသြားေမးေပးဖို႔ အကူအညီလာေတာင္းတာဟူ၍ သူငယ္ခ်င္းျဖစ္သူအားအပုတ္ခ်၍ မိမိအားဟန္စစ္အိမ္ကိုသြား၍ ဟန္စစ္အေၾကာင္းစံုစမ္းေပးဖို႔ အကူအညီေတာင္းလာခဲ႔ေလသည္။ ကိုယ္တိုင္လည္း ခရီးကျပန္လာထဲက ဘာအဆက္အသြယ္မွမရေသာ သူငယ္ခ်င္းႏွင့္လည္း ေတြ႕ခ်င္တာေၾကာင့္ ဟန္စစ္တို႔အိမ္ကိုလာခဲ႔လိုက္ျခင္းျဖစ္သည္။

သို႔ေသာ္ ၾကားလာရေသာ သတင္းမ်ားေၾကာင့္ မိမိမည္သို႔ ျပန္ေျပာရမည္နည္း။ မိမိၾကားခဲ႔ရသည့္အတိုင္း ဖြင့္ေျပာလွ်င္ ေသခ်ာပါသည္ ထိုလူသားသည္ လူယုတ္မာႀကီးေျပာသလို ႐ြာသာႀကီးသို႔ ေသခ်ာေပါက္ပို႔ရေတာ့ေပလိမ့္မည္။

" ညီ … ဟန္ နဲ႔ ေတြ႕ခဲ႔လား။ အစ္ကို ေမးတာေျဖပါဦး "

အစ္ကိုလင္းခန္႔ရဲ႕အသံေၾကာင့္ ခန္႔ေက်ာ္စဥ္းစားေနရာမွ လက္႐ွိပစၥဳပၸန္သို႔ ေရာက္႐ွိလာၿပီး ေခါင္းကိုအသာခါလိုက္ကာ

" မေတြ႕ခဲ႔ဘူး အစ္ကို။ ေမာ္လၿမိဳင္က သူ႕ဦးေလးဆီသြားတယ္တဲ႔ "

" ဟုတ္လား … အစ္ကို႔ကို ဘာမွေတာင္မေျပာဘူး။ ဖုန္းလည္း ဆက္လို႔မရနဲ႔ "

" ဖုန္းက … သူ … သူအိမ္မွာ က်န္ခဲ႔တာ အစ္ကို။ ကြၽန္ေတာ္တို႔ ခရီးက ျပန္ေရာက္တဲ႔ေန႔ ညေနကပဲ သူ႕ဦးေလး ဖုန္းဆက္ေခၚလို႔ ကမန္းကတန္းထသြားရေတာ့ ဖုန္းေမ့က်န္ခဲ႔တာတဲ႔ "

" ေၾသာ္ "

" စိတ္မပူပါနဲ႔ အစ္ကိုရ။ သူ႔မွာလည္း အေၾကာင္းတစ္ခုခု႐ွိလို႔ မေျပာသြားျဖစ္တာေနမွာေပါ့။ ဒီေကာင္က အစ္ကို ကုတ္နဲ႔ခြာထုတ္ရင္ေတာင္ သြားမွာမဟုတ္ဘူး။ အစ္ကို႔နားမွာ ေကာ္နဲ႔ကပ္သလိုေနေနမယ့္အေကာင္။ စိတ္မပူနဲ႔ ဒီေကာင္ျပန္လာမွ ကြၽန္ေတာ္ ဆံုးမေပးမယ္ "

ေနာက္ခန္းတြင္ထိုင္ေနေသာ လင္းခန္႔ႏိုင္အား ကိုယ္ေလးေစာင္းငဲ႔ကာ ရင္ဘတ္ေလးပုတ္၍ေျပာေနေသာ က်ဴးေလးကိုၾကည့္ရင္း အံ႔မင္းသာ အသည္းယားလာရသည္။ အစ္ကို႔နားမွာေကာ္နဲ႔ကပ္သလို ေနေနမယ့္အေကာင္ ဆိုေသာစကားေၾကာင့္ အံ႔မင္းၿပံဳးလိုက္ရင္း

" ခင္ဗ်ားေလးကေရာ ကြၽန္ေတာ့္နားမွာ ေကာ္နဲ႔ကပ္သလိုေနေနမွာလား "

သူ႕စကားေၾကာင့္ လင္းခန္႔ကိုစကားေျပာေနရာမွ မ်က္လံုးေစြၾကည့္လာကာ မ်က္ႏွာမဲ႔႐ြဲ႕ျပ၍ အေ႐ွ႕တည့္တည့္သို႔ လွည့္သြားေလေသာ က်ဴးေလးအားအသည္းယားလြန္းတာေၾကာင့္ ခႏၶာကိုယ္ကိုေ႐ွ႕သို႔တိုးလိုက္ကာ

" မြ … မပူနဲ႔ ကိုယ္က မင္းနား ေကာ္နဲ႔ကပ္ထားသလိုကို ကပ္ေနမွာ "

ေဘးတေစာင္းျမင္ေနရေသာ ပါးေလးအား အနမ္းခပ္ဖြဖြေပး၍ ထိုစကားအားေျပာလိုက္ၿပီး ပါးကိုအုပ္ကိုင္ကာ တအံ႔တၾသလွည့္ၾကည့္လာေသာ ေကာင္ေလးအား မ်က္စိတစ္ဖက္မွိတ္၍ ၿပံဳးျပလိုက္သည္။

တခဏၾကာေတာ့ ဝိုင္းစက္ေနေသာမ်က္ဝန္းတို႔က တျဖည္းျဖည္းမ်က္ေမွာင္ၾကဳတ္လာကာ ပါးကိုအုပ္ကိုင္ထားေသာ လက္တစ္ဖက္ႏွင့္ အျခားလက္တစ္ဖက္က မိမိေခါင္းထက္႐ွိ ဆံပင္တို႔ကို ဆုပ္ကိုင္လာ၍

" ဂါးးး … လူယုတ္မာႀကီး … ႏွာဘူးႀကီး … တဏွာ႐ူးႀကီး … သူမ်ား သားသမီးကို အသားယူလြန္းတဲ႔သူႀကီး "

" အားး!!! … နာတယ္ … နာတယ္ က်ဴးေလးရဲ႕ … ဆံပင္ေတြကြၽတ္ကုန္လိမ့္မယ္။ မဆြဲနဲ႔ေလ … အားး!! "

ကားေ႐ွ႕ခန္းက သူငယ္ခ်င္းျဖစ္သူႏွင့္ ခန္႔ေက်ာ္ရဲ႕အျဖစ္ကိုၾကည့္ရင္း လင္းခန္႔ၿပံဳးလိုက္ေပမယ့္ ရင္ထဲက ပူေလာင္မႈကေတာ့ ေလ်ာ့က်မသြားေခ်။

ဟန္ … မင္း ဘယ္ေတြ သြားေနတာလဲကြာ။ ကိုယ္မင္းကို လြမ္းလွၿပီ ………

ခ်စ္ေသာ💕💕
Coral

---------------------------------------

Part(31)

" နေကောင်းလား … အန်တီ။ မတွေ့တာတောင်ကြာပြီနော် "

" ဟယ် … သား ခန့်ကျော် … အိမ်ကို လာမလည်တာတောင် ကြာပြီနော် … နေကောင်းပါ့ရှင်။ သား … မိဘတွေရော နေကောင်းကြရဲ့လား "

" နေကောင်းကြတယ် အန်တီ … ဒါနဲ့ အန်တီ … ရော့ … အန်တီ စားဖို့ သား မုန့်ဝယ်လာတာ "

" သြော် … သားရယ်။ ဘာလို့ ဝယ်လာတာလဲ ပိုက်ဆံကုန်တာပေါ့။ ဒီတိုင်း လူပဲလာတာမဟုတ်ဘူး "

" အန်တီကလည်း သားက စားစေချင်လို့ကို "

" ဟုတ်ပါပြီရှင်။ ကဲ ထိုင်ဦး အန်တီ ဒီမုန့်တွေ နောက်ဖေး သွားထားလိုက်ဦးမယ် "

" သားလည်း လိုက်မယ်အန်တီ။ ဘာချက်လဲ အန်တီ "

ခန့်ကျော်ကမ်းပေးသော Donutမုန့်ထုပ်ကိုယူကာ နောက်ဖေးဝင်သွားသော ဟန်စစ်မေမေနဲ့တူတူ ခန့်ကျော်အိမ်နောက်ဖေးသို့ လိုက်ဝင်လာလိုက်သည်။ ပြောလို့ပြောတာမဟုတ် ဟန်စစ်မေမေက ဟင်းချက်အရမ်းတော်သည်။ အထူးသဖြင့် မုန်လာဥနဲ့ငါးကို ဆီပြန်ဟင်းချက်ရင် ချဉ်ပြုံးချဉ်ပြုံးနှင့်  အရမ်းစားလို့ကောင်းသည်။

" ဒီနေ့ မုန်လာဥနဲ့ငါးကို ဆီပြန်ချက်တယ်လေ သား "

" ဟာ … စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲ ဆိုတာ ဒါမျိုးနေမယ်။ ဟီး … ဟီး … သား ထမင်းစားသွားမယ်နော် "

" ပြောစရာလား … သားရယ်။ အဝသာစားသွား "

" မဝမှာ မပူနဲ့ အန်တီ "

ဟန်စစ်မေမေထည့်ကျွေးသော ထမင်းနဲ့ဟင်းကို စားနေရင်း ဟန်စစ်အခန်းရှေ့က တံခါးသော့ခတ်ထားတာကို သတိရသွား၍

" အန်တီ ဟန်စစ်ရော အိမ်မှာမရှိဘူးလား "

သူ့အမေးကိုပြန်ဖြေတာမကြားတာကြောင့် ခန့်ကျော် ထမင်းစားနေရာမှ အန်တီကို မော့ကြည့်လိုက်ရင်း

" အန်တီ "

" ဟေ … ဟေ … သား … ဘာပြောတာလဲ "

သူလက်ကိုကိုင်လှုပ်၍ ခေါ်မှ သတိဝင်လာဟန် အယောင်ယောင်အမှားမှားနဲ့ ပြန်ပြောလာသော အန်တီကြောင့် ခန့်ကျော် စိတ်တွင် တစ်မျိုးပင်။

" ဟန်စစ်နဲ့မတွေ့တာကြာလို့ သူနဲ့တွေ့ရအောင် လာခဲ့တာ။ အပြင်လည်းသွားချင်လို့။ သူ မရှိဘူးလား အန်တီ "

" သား … သူငယ်ချင်းက မော်လမြိုင်က သူ့ ဦးလေးငယ်ဆီ သွားတယ်လေ "

" ဟုတ်လား … သားကိုလည်း ဘာမှမပြောဘူး။ သူ့ ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားတယ်ကြီး ပြောနေတယ် "

" ဟုတ်လား … အန်တီလည်း ဖုန်းမဆက်ဖြစ်တော့ မသိပါဘူးကွယ်။ ကြည့်ရတာ မင်းသူငယ်ချင်းက မော်လမြိုင်မှာ ပျော်နေပြီထင်တယ် "

" ဘာလို့လဲ အန်တီ "

" အန်တီသူငယ်ချင်းရဲ့ သမီးနဲ့ မင်းသူငယ်ချင်းကို လူငယ်ချင်းရင်းနှီးရအောင် တွေ့ဖို့လွှတ်လိုက်တာလေ။ ခု ဖုန်းပါ ပိတ်ထားတယ်ဆိုတော့ ရန်ကုန်က လူတွေကို မေ့နေပြီထင်တယ် "

" ဗျာ … ဒါဆို ဟန်စစ်က "

" ဟုတ်တယ် … မင်း သူငယ်ချင်းနဲ့ သဘောတူထားတဲ့သူကို သွားတွေ့တာကွဲ့ "

ဟန်စစ်မေမေရဲ့စကားအဆုံး ဘာပြန်ပြောရမှန်းမသိဖြစ်သွားကာ ရှေ့တွင်ရှိနေသော ပန်းကန်ထဲက ထမင်းကိုခပ်၍ စားလိုက်သော်ငြား သူအကြိုက်ဆုံးဟင်းတို့က ခံတွင်းမတွေ့တော့ချေ။ ထမင်းပန်းကန်အား အကြောင်းမဲ့မွှေနှောက်နေသော သူ့အား ဟန်စစ်မေမေက

" စားလေ … သား ဘာလို့လဲ စားမကောင်းဘူးလား "

" မဟုတ်ပါဘူး … အန်တီ။ ဟန်စစ် အကြောင်းကြားပြီး အံ့သြသွားလို့ပါ။ ဒီကောင်က သားကို ဘာမှတောင်မပြောသွားဘူး။ လာပလေ့စေဦး ပြန်လာမှ မပြောရကောင်းလားဆိုပြီး မှတ်လောက်အောင် ဆုံးမရမယ် "

" ဟုတ်ပါပြီရှင် … ကဲ … ကဲ … စား … စား အန်တီရှေ့မှာ ဆိုင်သွားကြည့်လိုက်ဦးမယ် "

" ဟုတ်ကဲ့ … အန်တီ "

နောက်ဖေးခန်းထဲမှ ဟန်စစ်မေမေထွက်သွားတာ တော်တော်ကြာကြာမှ ခန့်ကျော် သက်ပြင်းချမိသည်။ သူ ဒီအကြောင်းတွေကို တစ်စုံတစ်ယောက်အား မည်သို့ပြန်ပြောရမည်နည်း။ ဟန်စစ် မင်းဘာတွေလျှောက်လုပ်နေတာလဲကွာ။ ယခုအကြောင်းတွေအား တစ်စုံတစ်ယောက်အား ပြန်ပြောသင့် မပြောသင့် စဉ်းစားရင်း ထမင်းသာဆက်စားနေမိသည်။ ဟန်စစ်မေမေချက်သမျှထဲမှ မိမိအကြိုက်ဆုံးဟင်းလျားက စစားကာစနှင့်မတူ။ အတော်လေးကို ခံတွင်းမတွေ့တော့ချေ။ မစားတော့ဘဲ သွန်ပစ်ဖို့ကလည်း ဟင်းချက်ထားသော ဟန်စစ်မေမေကို အားနာရသည်။ အတွေးလက်စတစ်ချို့တို့ကို ခေါင်းခါ၍ ထုတ်ပစ်လိုက်ပြီး သိပ်မကျန်တော့သော ထမင်းအားကုန်အောင်သာစားရန် တွေးလိုက်တော့သည်။

ထမင်းစားပြီးနောက် ပန်းကန်ဆေး၊ ရေသုတ် ပန်းကန်စင်ပေါ်တွင် သေချာမှောက်ပြီးနောက် မီးဖိုပေါ်က အိုးသေးသေးလေးဆီအကြည့်က ရောက်သွားသည်။ အိုးသေးသေးလေးအား အဖုံးဖွင့်၍ စပ်စုကြည့်လိုက်သည့်အခါ သာကူလုံးလေးတွေနဲ့ထမင်းကိုရောကာ သေချာလေးပြုတ်ထားသော နို့ထမင်းပင်။ တစ်ယောက်ယောက် နေမကောင်းများဖြစ်နေလို့လား။ တစ်ယောက်ထဲ ကိုယ့်ဘာသာကိုယ်တွေးပြီး အရှေ့ထွက်လာတော့ သော့ခတ်ထားသော ဟန်စစ်အခန်းရှေ့ သူခဏမျှရပ်နေလိုက်မိသည်။

မင်းတကယ်ပဲ မိဘချင်းသဘောတူထားတဲ့ မိန်းကလေးနဲ့ သွားတွေ့တာလား ဟန်စစ်

အတွေးနဲ့အတူ ရှုပ်ထွေးလာသောစိတ်တို့ကြောင့် ခန့်ကျော်ခေါင်းကုတ်ကာ အိမ်ရှေ့သို့ ထွက်လာလိုက်သည်။ ဝယ်သူ သုံးလေးဦးနဲ့ လက်မလည်ဖြစ်နေသော အန်တီအား ဝိုင်းကူရောင်းပေးလိုက်ပြီး အန်တီကိုနှုတ်ဆက်၍ ဟန်စစ်တို့အိမ်မှ ပြန်လာလိုက်သည်။

" ဟန်နဲ့တွေ့ခဲ့လား … ညီ "

" ဖြေးဖြေးမေးပါကွာ။ မင်းကလည်း ခုမှရောက်တဲ့သူကို အလောတကြီးနဲ့ "

" မင်း အသာနေစမ်းပါ အံ့မင်းရာ "

ဟန်စစ်တို့လမ်းထိပ်တွင် ရပ်ထားသော လူယုတ်မာကြီးရဲ့ကားပေါ် သူတက်လိုက်သည်နှင့် တစ်ပြိုင်နက် စက္ကန့်မခြားမေးခွန်းထုတ်လာသော အစ်ကိုလင်းခန့်ကြောင့် ခန့်ကျော်ပြုံးလိုက်မိသည်။ မိမိပြောလာမည့်စကားကို စောင့်ဆိုင်းနေသော ထိုလူသားရဲ့မျက်ဝန်းတွေမှ မိမိသူငယ်ချင်းအား မည်မျှချစ်သည်ဆိုတာကို ခန့်မှန်းသိနိုင်ပေသည်။ လူယုတ်မာကြီးပြောပြသလောက် သိရသမျှကတော့ ဟန်စစ်ဆီက အဆက်အသွယ်မရတဲ့ ဒီတစ်ပတ်အတွင်း စိတ်နဲ့လူနဲ့မကပ်နိုင်အောင်ဖြစ်နေသည်တဲ့။အရူးထောင်ပို့ရတော့မည်အဆင့်မရောက်ခင် အစ်ကိုလင်းခန့်စိတ်အေးရအောင် ဟန်စစ်အကြောင်းသွားမေးပေးဖို့ အကူအညီလာတောင်းတာဟူ၍ သူငယ်ချင်းဖြစ်သူအားအပုတ်ချ၍ မိမိအားဟန်စစ်အိမ်ကိုသွား၍ ဟန်စစ်အကြောင်းစုံစမ်းပေးဖို့ အကူအညီတောင်းလာခဲ့လေသည်။ ကိုယ်တိုင်လည်း ခရီးကပြန်လာထဲက ဘာအဆက်အသွယ်မှမရသော သူငယ်ချင်းနှင့်လည်း တွေ့ချင်တာကြောင့် ဟန်စစ်တို့အိမ်ကိုလာခဲ့လိုက်ခြင်းဖြစ်သည်။

သို့သော် ကြားလာရသော သတင်းများကြောင့် မိမိမည်သို့ ပြန်ပြောရမည်နည်း။ မိမိကြားခဲ့ရသည့်အတိုင်း ဖွင့်ပြောလျှင် သေချာပါသည် ထိုလူသားသည် လူယုတ်မာကြီးပြောသလို ရွာသာကြီးသို့ သေချာပေါက်ပို့ရတော့ပေလိမ့်မည်။

" ညီ … ဟန် နဲ့ တွေ့ခဲ့လား။ အစ်ကို မေးတာဖြေပါဦး "

အစ်ကိုလင်းခန့်ရဲ့အသံကြောင့် ခန့်ကျော်စဉ်းစားနေရာမှ လက်ရှိပစ္စုပ္ပန်သို့ ရောက်ရှိလာပြီး ခေါင်းကိုအသာခါလိုက်ကာ

" မတွေ့ခဲ့ဘူး အစ်ကို။ မော်လမြိုင်က သူ့ဦးလေးဆီသွားတယ်တဲ့ "

" ဟုတ်လား … အစ်ကို့ကို ဘာမှတောင်မပြောဘူး။ ဖုန်းလည်း ဆက်လို့မရနဲ့ "

" ဖုန်းက … သူ … သူအိမ်မှာ ကျန်ခဲ့တာ အစ်ကို။ ကျွန်တော်တို့ ခရီးက ပြန်ရောက်တဲ့နေ့ ညနေကပဲ သူ့ဦးလေး ဖုန်းဆက်ခေါ်လို့ ကမန်းကတန်းထသွားရတော့ ဖုန်းမေ့ကျန်ခဲ့တာတဲ့ "

" သြော် "

" စိတ်မပူပါနဲ့ အစ်ကိုရ။ သူ့မှာလည်း အကြောင်းတစ်ခုခုရှိလို့ မပြောသွားဖြစ်တာနေမှာပေါ့။ ဒီကောင်က အစ်ကို ကုတ်နဲ့ခွာထုတ်ရင်တောင် သွားမှာမဟုတ်ဘူး။ အစ်ကို့နားမှာ ကော်နဲ့ကပ်သလိုနေနေမယ့်အကောင်။ စိတ်မပူနဲ့ ဒီကောင်ပြန်လာမှ ကျွန်တော် ဆုံးမပေးမယ် "

နောက်ခန်းတွင်ထိုင်နေသော လင်းခန့်နိုင်အား ကိုယ်လေးစောင်းငဲ့ကာ ရင်ဘတ်လေးပုတ်၍ပြောနေသော ကျူးလေးကိုကြည့်ရင်း အံ့မင်းသာ အသည်းယားလာရသည်။ အစ်ကို့နားမှာကော်နဲ့ကပ်သလို နေနေမယ့်အကောင် ဆိုသောစကားကြောင့် အံ့မင်းပြုံးလိုက်ရင်း

" ခင်ဗျားလေးကရော ကျွန်တော့်နားမှာ ကော်နဲ့ကပ်သလိုနေနေမှာလား "

သူ့စကားကြောင့် လင်းခန့်ကိုစကားပြောနေရာမှ မျက်လုံးစွေကြည့်လာကာ မျက်နှာမဲ့ရွဲ့ပြ၍ အရှေ့တည့်တည့်သို့ လှည့်သွားလေသော ကျူးလေးအားအသည်းယားလွန်းတာကြောင့် ခန္ဓာကိုယ်ကိုရှေ့သို့တိုးလိုက်ကာ

" မွ … မပူနဲ့ ကိုယ်က မင်းနား ကော်နဲ့ကပ်ထားသလိုကို ကပ်နေမှာ "

ဘေးတစောင်းမြင်နေရသော ပါးလေးအား အနမ်းခပ်ဖွဖွပေး၍ ထိုစကားအားပြောလိုက်ပြီး ပါးကိုအုပ်ကိုင်ကာ တအံ့တသြလှည့်ကြည့်လာသော ကောင်လေးအား မျက်စိတစ်ဖက်မှိတ်၍ ပြုံးပြလိုက်သည်။

တခဏကြာတော့ ဝိုင်းစက်နေသောမျက်ဝန်းတို့က တဖြည်းဖြည်းမျက်မှောင်ကြုတ်လာကာ ပါးကိုအုပ်ကိုင်ထားသော လက်တစ်ဖက်နှင့် အခြားလက်တစ်ဖက်က မိမိခေါင်းထက်ရှိ ဆံပင်တို့ကို ဆုပ်ကိုင်လာ၍

" ဂါးးး … လူယုတ်မာကြီး … နှာဘူးကြီး … တဏှာရူးကြီး … သူများ သားသမီးကို အသားယူလွန်းတဲ့သူကြီး "

" အားး!!! … နာတယ် … နာတယ် ကျူးလေးရဲ့ … ဆံပင်တွေကျွတ်ကုန်လိမ့်မယ်။ မဆွဲနဲ့လေ … အားး!! "

ကားရှေ့ခန်းက သူငယ်ချင်းဖြစ်သူနှင့် ခန့်ကျော်ရဲ့အဖြစ်ကိုကြည့်ရင်း လင်းခန့်ပြုံးလိုက်ပေမယ့် ရင်ထဲက ပူလောင်မှုကတော့ လျော့ကျမသွားချေ။

ဟန် … မင်း ဘယ်တွေ သွားနေတာလဲကွာ။ ကိုယ်မင်းကို လွမ်းလှပြီ ………



ချစ်သော💕💕
Coral

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
64.4K 4.2K 32
Dika Yoai #sweet.#Romance Kadi
47.4K 2.1K 20
ရင္​နာစရာ ဇာတ္​လမ္​း ​ေလးတစ္​ခုကို ငါ အခု​ေျပာျပ မယ္​ ဇာတ္​လမ္​း​ေလးက ဒီလိုစတယ္​ ~~~~ ငါ္​ အရမ္​း ခ်စ္​ရတဲ့ သူ မို႔ပါ ?????? ရာ က်ြန္​​ေတာ္​လည...
2.9K 214 14
I'm not own cover photo . It's From Pinterest . Start _ 22/5/2023 Public date _ 17/6/2023