မမ

By KawTaNaw

238K 9.9K 175

Own Character Completed Normal Comedy Zawgyi + unicode More

part 1
Part 2
Part 3
Part 4
Part 6
Part7
Part8
Part 9
Part 10
Part 11
Part 12
Part 13
Part14
Part 15
Part 16
Part 17
Part 18
Part 19
Part 20 ဇာတ်သိမ်း
ကြော်ငြာ

Part 5

10K 507 2
By KawTaNaw

"မေန႔က စာအုပ္ဆုိင္တိုင္းမွာ ခြန္းရဲ႕ ပန္ဖလက္စာအုပ္ သြားရွာတာ မရွိေတာ့ဘူး ကုန္ၿပီၾကည့္ပဲ ဘယ္လိုလုပ္ရမလဲ Onlineက ပဲ ဝယ္ရေတာ့မလား"

" ေစာင့္ရင္ ေစာင့္လိုက္ပါအံုး စာအုပ္ဆုိင္ေတြက ေမးတဲ့ သူရွိရင္ ထပ္တင္ေပးပါတယ္ "

ႏွင္းသက္ေျပာလိုက္တဲ့ စကားေၾကာင့္ ရွင္းေခါင္းခါလိုက္ၿပီး

"စာအုပ္က ကုန္သြားၿပီထင္ပါတယ္ ငါလိုခ်င္လို႔ပါဆုိ "

"ဒါနဲ႔ နင္တုိ႔ သိၿပီးၾကၿပီလား? "

ပန္းရီ ေျပာလိုက္ေသာအခါ အကုန္လံုးရဲ႕ အၾကည့္မ်ားသည္ ပန္းရီဆီသို႔

"ဒီတစ္ခါ New Year က ပိတ္ရက္ စေနေန႔ေလ အဲ့တာ New Year Partyလုပ္ေပးမယ္လို႔ တီခ်ယ္ႀကီးကေျပာတယ္တဲ့ ငါတုိ႔ Finalေတြပဲက်န္တဲ့ ကေလးေတြက် ငယ္ေသးလို႔တဲ့ ဆရာေတြလဲ ပါမယ္ဆုိလား"

"New year partyဆိုေတာ့ ညအိပ္ရမွာေပါ့ ငါ့အိမ္က ညအိပ္ဆုိ လႊတ္ပါ့မလားပဲ "

"ေျပာ ၾကည့္ေပါ့ စုလင္းရယ္ တီခ်ယ္ႀကီးကိုယ္တုိုင္လုပ္ေပးတာပဲဟာကို
ေနာက္ ႏွင္းသက္ေရာ နင့္အိမ္က ညအိပ္ လႊတ္ပါ့မလား "

" ႀကီးႀကီးကိုေျပာရမွာေပါ့ လႊတ္မွာပါ "

" ရွင္းကေရာ "

"လႊတ္ေလာက္တယ္ ငါတုိ႔ကိုသာေျပာေနတာ ပန္းရီ နင့္အိမ္ကေရာ "

"တီခ်ယ္ႀကီးစီစဥ္တာလို႔ေျပာရင္ လႊတ္မွာေပါ့

_______________________________

ေသာၾကာေန႔ ညေနခင္းတြင္ ရွင္းတို႔ေလးေယာက္အပါအဝင္ ေနာက္ႏွစ္ႏွစ္ေက်ာင္းသားအခ်ိဳ႕ ေစ်းဝယ္ထြက္ၾကသည္။

ထိုအခ်ိန္ ဌာနမႈးခန္းထဲ၌ ျဖစ္သြားေသ ကိစၥေလးတစ္ခုကို ယြန္းေက်ာ့ ရွင္းသိသြားပါလွ်င္မူ......................

နက္ရွိုင္းႏွင့္ ေက်ာ္ရွိုန္း ဆရာမကို ဌာနသို႔ ျပန္ပို႔ေပးၿပီး အထြက္တြင္

" ေဟ့ငါဆီ ခဏလာပါဦး မင္းတို႔ က ဘယ္ yearလဲ "

"First yearပါ တီခ်ယ္ႀကီး "

" first year! ေဩာ္ေအ First yearေတြ အားကစားေတာ့ ေတာ္ေတာ္ပါၾကသားေနာ့္ မင္းတုိ႔ေရာ အားကစားထဲပါၾကလား ?"

"ဟုတ္ တီခ်ယ္ႀကီး သားတုိ႔က ေဘာလံုး ပါတယ္ တီခ်ယ္ႀကီး "

"ေဘာလံုးသမား ဘယ္ႏွေယာက္ရွိလဲ "

"သားတို႔ႏွစ္ေယာက္အပါအဝင္ ၅ေယာက္တီခ်ယ္ႀကီး အၿကီးေတြနဲ႔ ေပါင္းရမွာ "

"ၿမိဳ႕ေပၚကပဲလား မင္းတုိ႔ေတြက "

"ဟုတ္ကဲ့ သားတို႔ႏွစ္ေယာက္က ၿမိဳ႕ေပၚက"

"ေအးး မနက္ျဖန္ ငါ finalေတြကို New Year Partyလုပ္ေပးမွာ မင္းတုိ႔ ႏွစ္ေယာက္လာခဲ့ပါလား ဆရာေတြလည္း မင္းတုိ႔ကို သိသြားေအာင္ အႀကီးေတြနဲ႔လည္းရင္းႏွီးသြားေအာင္လို႔ "

"ဟုတ္ကဲ့ပါ တီခ်ယ္ႀကီး

________________________________

စေနေန႔ ၆ နာရီတြင္ ေက်ာင္းသားမ်ားအေတာ္စံုေနၿပီျဖစ္သည္။

ရွင္းတုိ႔အဖြဲ႕လဲ ေလးေယာက္စလံုးစံုသည္။

အခ်ဳိ႕သူေတြက Boxေတြဆင္ေနၾကသည္

အခ်ိဳ႕သူေတြက Coktailလုပ္ရန္ျပင္ဆင္ေနၾကသည္။

ႏွင္းသက္ႏွင့္ စုလင္းက အသားမ်ားကင္ရန္ ေဆးေၾကာလွီးျဖတ္ေနၾကသည္။

ပန္းရီႏွင့္ ရွင္းက အသီးရြက္မ်ား အဆင္သင့္ျဖစ္ရန္လုပ္ေနၾကသည္။

ထုိအခ်ိိန္တြင္

" ဟုတ္ၿပီသား ဒီနားမွာပဲ ထားလိုက္ေတာ့ "

Coktail စပ္ရန္ ျပင္ဆင္သည့္နားမွ အသံလာ၍ ရွင္းလွမ္းၾကည့္လိုက္ရာ
Wineပုလင္း မ်ားကိုသယ္လာေသာသူစိမ္းႏွစ္ေယာက္မွ တစ္ေယာက္ကိုျမင္၍

ရင္ထဲ ဒိတ္ခနဲျဖစ္သြားသည္။

(နက္ရွိုင္း သူဘာလာလုပ္တာလဲ )

Hoodie ေခါင္းစြတ္ လိေမၼာ္ေရာင္ေလးကို ဂ်င္းေဘာင္းဘီေအာက္ရႈူးနဲ႔ တြဲဖက္ဝတ္ထားသည့္ နက္ရွိုင္းသည္ အလြန္ပင္ သန္႔ေနသည္။

( သူက ဘာလို႔ အခ်ိန္တိုင္း သန္႔ျပန္႔ေနရတာလဲ )

ရွင္းကိုယ့္ကိုကိုယ္ျပန္ၾကည့္ေတာ့ Tshirtလက္ရွည္ အျဖဴကို ဂ်င္းအေႏြးထည္ထပ္၍ အားကစားေဘာင္းဘီအရွည္နဲ႔ ျဖစ္သလိုတြဲဝတ္ထားသည့္အျပင္ မ်က္ႏွာကိုဘယ္မွမလိမ္ထားပဲ ဆံပင္တုိ႔ကို ျဖစ္သလိုစုထံုးထားသည္။

သူငယ္ခ်င္းေတြ သပ္သပ္ရပ္ရပ္ဝတ္ဖို႔ေျပာတုန္းက ေပကပ္ကပ္လုပ္ခဲ့တာကို ေနာင္တရမိသည္။

"ဟဲ့ ေကာင္ေလးက ဘယ္ကလဲ ပဲ ေခ်ာ တယ္ေနာ္ "

" ေအး ငါလဲ မသိဘူး ဒါပင္မယ့္ ေတာ္ေတာ္ေခ်ာတယ္ "

ေဘးနားမွ အတန္းေဖာ္မေလးေတြရဲ႕ နက္ရွိုင္းကို ခ်ီးက်ဴးေထာပဌာျပဳသံမ်ားၾကားရေတာ့ ရွင္းအလိုလိုသိမ္ငယ္ရျပန္သည္။

(ယြန္းေက်ာ့ရွင္း နင္သူ႔ကို စိတ္ထဲ မထည့္နဲ႔ )

ရွင္းအတတ္ႏိုင္ဆံုး နက္ရွိုင္းကို စိတ္ထဲမွ ထုတ္လိုက္ၿပီး လုပ္စရာရွိတာကို ဆက္လုပ္ေနလိုက္သည္။

ထူိအခ်ိန္ တစ္ေယာက္ေယာက္က စိုက္ၾကည့္ေနသလို ခံစားရသျဖင့္ လွမ္းၾကည့္မိရာ ဒုတိယမၸိ ရင္ခုန္ရျပန္သည္။

နက္ရိွိုင္းသည္ သူႏွင့္ ပန္းရီဘက္ရွိရာကို စိုက္ၾကည့္ေနျခင္းသာ

ညအနည္းငယ္ နက္လာေတာ့ အသားမ်ားကို စတင္ ကင္ၾကသည္။

Coktail စိိမ္ထားရာတြင္ Wineမ်ားသည္လည္း အသီးႏွံမ်ားထဲသုိ႔ စိမ့္ဝင္ေနၿပီျဖစ္သည္။

ဆရာမ်ားက တစ္ဝုိင္း
ေက်ာင္းသားမ်ားကတစ္ဝုိင္းက တစ္ဝိုင္းမုိ႔ အနည္းငယ္ သက္ေတာင့္သက္သာရွိ၍ အဆင္ေျပသည္။

နက္ရွိုင္းႏွင့္ သူ႔သူငယ္ခ်င္းသည္လည္း စီနီယာအကိုႀကီးမ်ားႏွင့္ ဓာတ္က်ေနၿပီျဖစ္သည္။

ညပိုနက္လာေသာအခါ အစားေသာက္ဝုိင္းကို စတင္ၾကသည္။ Coktailေလးေသာက္ရင္း အကင္ေလး စားရင္ႏွင့္ အကုန္လံုးေပ်ာ္ေပ်ာ္ရႊင္ရႊင္စကားေဖာင္ဖြဲ႕ေနၾကသည္။

ထိုအခ်ိန္ ဆရာမႀကီးမွ

"ဟဲ့ နင္တုိ႔ ေတြ ဒီတုိင္းပဲေနေတာ့မွာလား သီခ်င္းေလးဘာေလး မဆုိၾကေတာ့ဘူးလား "

အကုန္လံုးက Coktailေလး ဝင္ထားသည္မုိ႔ ရဲတင္းေနၾကသည္။ သီခ်င္းဆုိတဲ့သူကဆို ဂီတာတီးတဲ့သူကတီး ကတဲ့သူက ႏွင့္ ဝုိင္းေလးက တစ္ျဖည္းျဖည္းပိုပို စိုျပည္လာသည္။

နက္ရွိုင္း၏ အၾကည့္သည္လည္း ရွင္းတုိ႔အဖြဲ႕ဘက္သို႔ေရာက္ေရာက္လာတာကို ရွင္းသတိထားမိသည္။

"မင္းကကြာ ထဆုိလိုက္ပါ ရွက္မေနနဲ႔ "

"ထပါကြာ ထဆုိလိုက္ပါ "

နက္ရွိုင္းက သီခ်င္းထဆုိရန္ ေဘးနားကသူမ်ားက ေျမႇာက္ေပးေနၾကျခင္းျဖစ္သည္။

နက္ရွိုင္းလည္း ျငင္းမရတဲ့ အဆံုး ထၿပီး ေရွ႕ထြက္ကာ ဂီတာကိုကိုင္လိုက္သည္။

အသံတုိ႔သည္ တစ္ျဖည္းျဖည္းတိတ္ဆိတ္သြားသည္။

အခ်ိဳ႕မိန္းကေလးမ်ား၏ အာရံုတုိ႔သည္ နက္ရွိုင္းေပၚသို႔က်ေရာက္သြားသည္။

ရွင္းကိုယ္တုိင္သည္လည္း နက္ရွိုင္းသီခ်င္းဆုိတာကို နားေထာင္ခ်င္မိသည္။

ဂီတာသံIntroစဝင္ေတာ့ ရွင္း မ်က္လံုးမသိမသာ က်ယ္လာသည္။

[ငယ္ေသးတဲ့ အခ်စ္မို႔ မေလးစားတာလားေျပာပါ ကၽြန္ေတာ္သိပ္ခ်စ္တတ္တာ ကၽြန္ေတာ္သာအသိပါ....
လိမ္ၿပီးမေျပာတတ္တာ ကေလးေလး ဘဝထဲက ပါ မမနားလည္ငဲ့ညႇာပါ
ဆုေတာင္းေကာင္းခဲ့တဲ့ မရဲ႕အလွမ်ားထဲမွာ ကၽြန္ေတာ္ လဲလဲ က်တာ ကၽြန္ေတာ္သာအသိပါ.........]

ရွင္း ရင္ခုန္သံေတြ ေျဗာင္ဆန္လာသည္
ကိုယ့္ရင္ခုန္ကို ေဘးက စုလင္းတုိ႔ ပန္းရီတို႔ၾကားမွာကိုေတာင္ စိုးရိမ္မိသည္။

ရွင္း စိတ္နဲ႔ကိုယ္နဲ႔ မကပ္မိပဲ Coktailကို တစ္ခြက္ၿပီး တစ္ခြက္ေသာက္မိသည္။

နားထဲတြင္ သီခ်င္းသံက က်ယ္လာလိုက္ ရင္ခုန္သံက က်ယ္လာလိုက္

[မ မခ်စ္လို႔ေတာ့ ေသႏိုင္တယ္ အပိုေတြ မဆိုဘူးယံုေတာ့ကြယ္ မ မွ မခ်စ္ရင္ ဘဝပ်က္သြားႏိုင္တယ္ ဟုတ္တယ္ မမွ မခ်စ္ရင္ ဘဝပ်က္သြားႏိူင္တယ္....]

သီခ်င္းသံအဆံုး လက္ခုပ္သံတုိ႔က်ယ္ေလာင္လာသည္။

ရွင္းသည္လဲ ဘယ္ႏွခြက္ေျမာက္ေသာက္မမွန္းမသိ တရိပ္ရိပ္ႏွင့္ အရွိန္တတ္လာသည္။

ေအးလာသည္မို႔ တီခ်ယ္ႀကီးမ်ား ျပန္သြားၾကသည္။ အငယ္ပိုင္းဆရာႏွစ္ေယာက္ေတာ့ က်န္ခဲ့သည္။

" 12နာရီ ထိုးေတာ့မယ္ေဟ့ "

အကုန္လံုး မီးရႈးမ်ားအသင့္ျပင္သူျပင္ၾကသည္။

အကုန္လံုး မတ္တတ္ရပ္ကာ လူစုၾကသည္မုိ႔ ေနရာေျပာင္းကာ နက္ရႈိင္းတုိ႔သည္လည္း ( တိုက္ဆုိင္လို႔လား တမင္လားမသိ ) ရွင္းတုိ႔နား ေရာက္လာသည္။

ရွင္း ေခါင္းတစ္ခုလံုးခ်ာခ်ာလည္ေနၿပီ။

ကဲ အားလံုး Readyေနာ္

1... 2.....3

Happy new year ....

မီးရႈးတုိ႔သည္ ေကာင္းကင္ေပၚ ျဖဴနီဝါ စံုလင္လွပစြာ ထိန္လင္းသြားၾကသည္။

တစ္တဂၤေလးတြင္ ရွင္းရဲ႕ ဘယ္ဘက္လက္ေလးေႏြးသြားသလိုခံစားရသည္။

ရွင္းၾကည့္လိုက္ေတာ့ နက္ရိွုင္း......

ေနာက္ေတာ့.....

အိမ္မက္ကမၻာဆီသို႔

Unicode

"မနေ့က စာအုပ်ဆိုင်တိုင်းမှာ ခွန်းရဲ့ ပန်ဖလက်စာအုပ် သွားရှာတာ မရှိတော့ဘူး ကုန်ပြီကြည့်ပဲ ဘယ်လိုလုပ်ရမလဲ Onlineက ပဲ ဝယ်ရတော့မလား"

" စောင့်ရင် စောင့်လိုက်ပါအုံး စာအုပ်ဆိုင်တွေက မေးတဲ့ သူရှိရင် ထပ်တင်ပေးပါတယ် "

နှင်းသက်ပြောလိုက်တဲ့ စကားကြောင့် ရှင်းခေါင်းခါလိုက်ပြီး

"စာအုပ်က ကုန်သွားပြီထင်ပါတယ် ငါလိုချင်လို့ပါဆို "

"ဒါနဲ့ နင်တို့ သိပြီးကြပြီလား? "

ပန်းရီ ပြောလိုက်သောအခါ အကုန်လုံးရဲ့ အကြည့်များသည် ပန်းရီဆီသို့

"ဒီတစ်ခါ New Year က ပိတ်ရက် စနေနေ့လေ အဲ့တာ New Year Partyလုပ်ပေးမယ်လို့ တီချယ်ကြီးကပြောတယ်တဲ့ ငါတို့ Finalတွေပဲကျန်တဲ့ ကလေးတွေကျ ငယ်သေးလို့တဲ့ ဆရာတွေလဲ ပါမယ်ဆိုလား"

"New year partyဆိုတော့ ညအိပ်ရမှာပေါ့ ငါ့အိမ်က ညအိပ်ဆို လွှတ်ပါ့မလားပဲ "

"ပြော ကြည့်ပေါ့ စုလင်းရယ် တီချယ်ကြီးကိုယ်တိုင်လုပ်ပေးတာပဲဟာကို
နောက် နှင်းသက်ရော နင့်အိမ်က ညအိပ် လွှတ်ပါ့မလား "

" ကြီးကြီးကိုပြောရမှာပေါ့ လွှတ်မှာပါ "

" ရှင်းကရော "

"လွှတ်လောက်တယ် ငါတို့ကိုသာပြောနေတာ ပန်းရီ နင့်အိမ်ကရော "

"တီချယ်ကြီးစီစဉ်တာလို့ပြောရင် လွှတ်မှာပေါ့

_______________________________

သောကြာနေ့ ညနေခင်းတွင် ရှင်းတို့လေးယောက်အပါအဝင် နောက်နှစ်နှစ်ကျောင်းသားအချို့ ဈေးဝယ်ထွက်ကြသည်။

ထိုအချိန် ဌာနမှုးခန်းထဲ၌ ဖြစ်သွားသေ ကိစ္စလေးတစ်ခုကို ယွန်းကျော့ ရှင်းသိသွားပါလျှင်မူ......................

နက်ရှိုင်းနှင့် ကျော်ရှိုန်း ဆရာမကို ဌာနသို့ ပြန်ပို့ပေးပြီး အထွက်တွင်

" ဟေ့ငါဆီ ခဏလာပါဦး မင်းတို့ က ဘယ် yearလဲ "

"First yearပါ တီချယ်ကြီး "

" first year! ေဩာ်အေ First yearတွေ အားကစားတော့ တော်တော်ပါကြသားနော့် မင်းတို့ရော အားကစားထဲပါကြလား ?"

"ဟုတ် တီချယ်ကြီး သားတို့က ဘောလုံး ပါတယ် တီချယ်ကြီး "

"ဘောလုံးသမား ဘယ်နှယောက်ရှိလဲ "

"သားတို့နှစ်ယောက်အပါအဝင် ၅ယောက်တီချယ်ကြီး အကြီးတွေနဲ့ ပေါင်းရမှာ "

"မြို့ပေါ်ကပဲလား မင်းတို့တွေက "

"ဟုတ်ကဲ့ သားတို့နှစ်ယောက်က မြို့ပေါ်က"

"အေးး မနက်ဖြန် ငါ finalတွေကို New Year Partyလုပ်ပေးမှာ မင်းတို့ နှစ်ယောက်လာခဲ့ပါလား ဆရာတွေလည်း မင်းတို့ကို သိသွားအောင် အကြီးတွေနဲ့လည်းရင်းနှီးသွားအောင်လို့ "

"ဟုတ်ကဲ့ပါ တီချယ်ကြီး

________________________________

စနေနေ့ ၆ နာရီတွင် ကျောင်းသားများအတော်စုံနေပြီဖြစ်သည်။

ရှင်းတို့အဖွဲ့လဲ လေးယောက်စလုံးစုံသည်။

အချို့သူတွေက Boxတွေဆင်နေကြသည်

အချို့သူတွေက Coktailလုပ်ရန်ပြင်ဆင်နေကြသည်။

နှင်းသက်နှင့် စုလင်းက အသားများကင်ရန် ဆေးကြောလှီးဖြတ်နေကြသည်။

ပန်းရီနှင့် ရှင်းက အသီးရွက်များ အဆင်သင့်ဖြစ်ရန်လုပ်နေကြသည်။

ထိုအချိိန်တွင်

" ဟုတ်ပြီသား ဒီနားမှာပဲ ထားလိုက်တော့ "

Coktail စပ်ရန် ပြင်ဆင်သည့်နားမှ အသံလာ၍ ရှင်းလှမ်းကြည့်လိုက်ရာ
Wineပုလင်း များကိုသယ်လာသောသူစိမ်းနှစ်ယောက်မှ တစ်ယောက်ကိုမြင်၍

ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။

(နက်ရှိုင်း သူဘာလာလုပ်တာလဲ )

Hoodie ခေါင်းစွတ် လိမေ္မာ်ရောင်လေးကို ဂျင်းဘောင်းဘီအောက်ရှုူးနဲ့ တွဲဖက်ဝတ်ထားသည့် နက်ရှိုင်းသည် အလွန်ပင် သန့်နေသည်။

( သူက ဘာလို့ အချိန်တိုင်း သန့်ပြန့်နေရတာလဲ )

ရှင်းကိုယ့်ကိုကိုယ်ပြန်ကြည့်တော့ Tshirtလက်ရှည် အဖြူကို ဂျင်းအနွေးထည်ထပ်၍ အားကစားဘောင်းဘီအရှည်နဲ့ ဖြစ်သလိုတွဲဝတ်ထားသည့်အပြင် မျက်နှာကိုဘယ်မှမလိမ်ထားပဲ ဆံပင်တို့ကို ဖြစ်သလိုစုထုံးထားသည်။

သူငယ်ချင်းတွေ သပ်သပ်ရပ်ရပ်ဝတ်ဖို့ပြောတုန်းက ပေကပ်ကပ်လုပ်ခဲ့တာကို နောင်တရမိသည်။

"ဟဲ့ ကောင်လေးက ဘယ်ကလဲ ပဲ ချော တယ်နော် "

" အေး ငါလဲ မသိဘူး ဒါပင်မယ့် တော်တော်ချောတယ် "

ဘေးနားမှ အတန်းဖော်မလေးတွေရဲ့ နက်ရှိုင်းကို ချီးကျူးထောပဌာပြုသံများကြားရတော့ ရှင်းအလိုလိုသိမ်ငယ်ရပြန်သည်။

(ယွန်းကျော့ရှင်း နင်သူ့ကို စိတ်ထဲ မထည့်နဲ့ )

ရှင်းအတတ်နိုင်ဆုံး နက်ရှိုင်းကို စိတ်ထဲမှ ထုတ်လိုက်ပြီး လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်သည်။

ထိူအချိန် တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရသဖြင့် လှမ်းကြည့်မိရာ ဒုတိယမ္ပိ ရင်ခုန်ရပြန်သည်။

နက်ရှိိုင်းသည် သူနှင့် ပန်းရီဘက်ရှိရာကို စိုက်ကြည့်နေခြင်းသာ

ညအနည်းငယ် နက်လာတော့ အသားများကို စတင် ကင်ကြသည်။

Coktail စိိမ်ထားရာတွင် Wineများသည်လည်း အသီးနှံများထဲသို့ စိမ့်ဝင်နေပြီဖြစ်သည်။

ဆရာများက တစ်ဝိုင်း
ကျောင်းသားများကတစ်ဝိုင်းက တစ်ဝိုင်းမို့ အနည်းငယ် သက်တောင့်သက်သာရှိ၍ အဆင်ပြေသည်။

နက်ရှိုင်းနှင့် သူ့သူငယ်ချင်းသည်လည်း စီနီယာအကိုကြီးများနှင့် ဓာတ်ကျနေပြီဖြစ်သည်။

ညပိုနက်လာသောအခါ အစားသောက်ဝိုင်းကို စတင်ကြသည်။ Coktailလေးသောက်ရင်း အကင်လေး စားရင်နှင့် အကုန်လုံးပျော်ပျော်ရွှင်ရွှင်စကားဖောင်ဖွဲ့နေကြသည်။

ထိုအချိန် ဆရာမကြီးမှ

"ဟဲ့ နင်တို့ တွေ ဒီတိုင်းပဲနေတော့မှာလား သီချင်းလေးဘာလေး မဆိုကြတော့ဘူးလား "

အကုန်လုံးက Coktailလေး ဝင်ထားသည်မို့ ရဲတင်းနေကြသည်။ သီချင်းဆိုတဲ့သူကဆို ဂီတာတီးတဲ့သူကတီး ကတဲ့သူက နှင့် ဝိုင်းလေးက တစ်ဖြည်းဖြည်းပိုပို စိုပြည်လာသည်။

နက်ရှိုင်း၏ အကြည့်သည်လည်း ရှင်းတို့အဖွဲ့ဘက်သို့ရောက်ရောက်လာတာကို ရှင်းသတိထားမိသည်။

"မင်းကကွာ ထဆိုလိုက်ပါ ရှက်မနေနဲ့ "

"ထပါကွာ ထဆိုလိုက်ပါ "

နက်ရှိုင်းက သီချင်းထဆိုရန် ဘေးနားကသူများက မြှောက်ပေးနေကြခြင်းဖြစ်သည်။

နက်ရှိုင်းလည်း ငြင်းမရတဲ့ အဆုံး ထပြီး ရှေ့ထွက်ကာ ဂီတာကိုကိုင်လိုက်သည်။

အသံတို့သည် တစ်ဖြည်းဖြည်းတိတ်ဆိတ်သွားသည်။

အချို့မိန်းကလေးများ၏ အာရုံတို့သည် နက်ရှိုင်းပေါ်သို့ကျရောက်သွားသည်။

ရှင်းကိုယ်တိုင်သည်လည်း နက်ရှိုင်းသီချင်းဆိုတာကို နားထောင်ချင်မိသည်။

ဂီတာသံIntroစဝင်တော့ ရှင်း မျက်လုံးမသိမသာ ကျယ်လာသည်။

[ငယ်သေးတဲ့ အချစ်မို့ မလေးစားတာလားပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာအသိပါ....
လိမ်ပြီးမပြောတတ်တာ ကလေးလေး ဘဝထဲက ပါ မမနားလည်ငဲ့ညှာပါ
ဆုတောင်းကောင်းခဲ့တဲ့ မရဲ့အလှများထဲမှာ ကျွန်တော် လဲလဲ ကျတာ ကျွန်တော်သာအသိပါ.........]

ရှင်း ရင်ခုန်သံတွေ ဗြောင်ဆန်လာသည်
ကိုယ့်ရင်ခုန်ကို ဘေးက စုလင်းတို့ ပန်းရီတို့ကြားမှာကိုတောင် စိုးရိမ်မိသည်။

ရှင်း စိတ်နဲ့ကိုယ်နဲ့ မကပ်မိပဲ Coktailကို တစ်ခွက်ပြီး တစ်ခွက်သောက်မိသည်။

နားထဲတွင် သီချင်းသံက ကျယ်လာလိုက် ရင်ခုန်သံက ကျယ်လာလိုက်

[မ မချစ်လို့တော့ သေနိုင်တယ် အပိုတွေ မဆိုဘူးယုံတော့ကွယ် မ မှ မချစ်ရင် ဘဝပျက်သွားနိုင်တယ် ဟုတ်တယ် မမှ မချစ်ရင် ဘဝပျက်သွားနိူင်တယ်....]

သီချင်းသံအဆုံး လက်ခုပ်သံတို့ကျယ်လောင်လာသည်။

ရှင်းသည်လဲ ဘယ်နှခွက်မြောက်သောက်မမှန်းမသိ တရိပ်ရိပ်နှင့် အရှိန်တတ်လာသည်။

အေးလာသည်မို့ တီချယ်ကြီးများ ပြန်သွားကြသည်။ အငယ်ပိုင်းဆရာနှစ်ယောက်တော့ ကျန်ခဲ့သည်။

" 12နာရီ ထိုးတော့မယ်ဟေ့ "

အကုန်လုံး မီးရှုးများအသင့်ပြင်သူပြင်ကြသည်။

အကုန်လုံး မတ်တတ်ရပ်ကာ လူစုကြသည်မို့ နေရာပြောင်းကာ နက်ရှိုင်းတို့သည်လည်း ( တိုက်ဆိုင်လို့လား တမင်လားမသိ ) ရှင်းတို့နား ရောက်လာသည်။

ရှင်း ခေါင်းတစ်ခုလုံးချာချာလည်နေပြီ။

ကဲ အားလုံး Readyနော်

1... 2.....3

Happy new year ....

မီးရှုးတို့သည် ကောင်းကင်ပေါ် ဖြူနီဝါ စုံလင်လှပစွာ ထိန်လင်းသွားကြသည်။

တစ်တင်္ဂလေးတွင် ရှင်းရဲ့ ဘယ်ဘက်လက်လေးနွေးသွားသလိုခံစားရသည်။

ရှင်းကြည့်လိုက်တော့ နက်ရှိုင်း......

နောက်တော့.....

အိမ်မက်ကမ်ဘာဆီသို့

Continue Reading

You'll Also Like

94.7K 2.6K 28
မင္းကို ငါ အရမ္းမုန္းတယ္ ဖက္တီးမ ဒါေပမဲ့ မုန္းတယ္ေျပာၿပီး မင္းက ငါ့ စိတ္ထဲ ရိွေနရတာလဲ ဖက္တီးမ
317K 3.4K 16
" ကိုယ့်ရဲ့ အသက်သွေးကြောက မင်းပဲဆူး ကိုယ့်နှလုံးသားရဲ့ သခင်မကလဲ မင်းပဲ နောက်ဆုံးခွဲခွာရရင်တောင် မင်းကိုလဲ ကိုယ်မထားခဲ့ဘူး ကိုယ့်ကိုလဲ မင်းမထားခဲ့နဲ့ ...
2.9K 101 23
သီးသန့်တည်နေရာ♥ဂိမ္မာန်ဦး သီးသန့္တည္ေနရာ♥ဂိမၼာန္ဦး
132K 4K 48
ငါ့ဇနီး နေရာကို အစားဝင်လာတဲ့ မင်း က ဘယ်သူလဲ