အတိတ္သို႔
လြန္ခဲ႔ေသာ ၁၀ ႏွစ္ခန္႔က
အီး ... ဟီး ... ၿဗဲ
ေမၿမိဳ႕အမ်ိဳးသားပန္းဥယ်ာဥ္ထဲတြင္ အက်ႌစပို႔႐ွပ္အဝါစင္းကို ဂ်င္းေဘာင္ဘီအမည္းႏွင့္ တြဲဝတ္ထားေသာ အသက္ခုႏွစ္အ႐ြယ္သာ ႐ွိေသာကေလးတစ္ေယာက္ ပန္းဥယ်ာဥ္ထဲမွ တံတားတိုေလးေပၚတြင္ ေျခဆင္းထိုင္ကာ ေခါင္းငံု႔၍ ဝမ္းနည္းစြာႏွင့္ ငိုေႂကြးေနေလသည္။
ထိုကေလးေလးရဲ႕မ်က္စိေ႐ွ႕သို႔ ေျခညွပ္ဖိနပ္ေလးႏွင့္အတူ ေျခေထာက္ျဖဴျဖဴေလးတစ္စံုက ေရာက္လာတာမို႔ ေခါင္းငံု႔ကာငိုေနေသာကေလးေလးက အေပၚသို႔ေမာ့ၾကည့္လာေလသည္။ မ်က္ရည္မ်ားၾကားမွ သူျမင္ေတြ႕လိုက္ရသည္က အၿပံဳးႏုႏုေလးတစ္ခု။
မ်က္ရည္မ်ားဝဲကာ ေမာ့ၾကည့္လာေသာ ကေလးေလးေ႐ွ႕သို႔ ဒူးေထာက္ထိုင္ခ်လိုက္ကာ လက္ထဲခ်ိဳခ်ဥ္လံုးေလးကို ကမ္းေပးလိုက္ေတာ့ ေခါင္းေလးခါကာ ျငင္းေလးသည္။
" မစားဘူး "
အျငင္းစကားဆိုေသာျငား တအင့္အင့္ႏွင့္႐ႈိက္ကာ မ်က္ရည္မ်ားဝဲေနေသာ မ်က္ဝန္းတို႔က သူ႕လက္ထဲ႐ွိခ်ိဳခ်ဥ္လံုးေလးမွ မခြာတာေၾကာင့္ သေဘာက်၍ အားပါးတရရယ္လိုက္မိသည္။ လက္ထဲက ခ်ိဳခ်ဥ္လံုးကို အခြံခြာ၍ ခ်ိဳခ်ဥ္လံုးမွအၾကည့္မလႊဲေသာ ကေလးေလးရဲ႕လက္ကိုဆြဲယူကာ လက္ထဲထည့္ေပးလိုက္ေတာ့ ထိုကေလးေလးမ်က္ႏွာထက္ ၿပံဳးေယာင္သမ္းလာတာမို႔ သူပါလိုက္ၿပံဳးမိသည္။
လက္ထဲမုန္႔ေရာက္သြားေလေတာ့ ငိုေနေသာအေၾကာင္းအရာေတြပါ အကုန္ေမ့ကုန္ကာ ခ်ိဳခ်ဥ္လံုးကိုသာ တျပတ္ျပတ္နဲ႔အားပါးတရေလး စားေနပံုက တစ္မ်ိဳးေလးခ်စ္ဖို႔ေကာင္းေနေလသည္။
မ်က္စိေ႐ွ႕က အလြန္တရာမွခ်စ္ဖို႔ေကာင္းပါေသာ ထိုကေလးေလးရဲ႕ဦးေခါင္းထက္မွ ဆံသားႏုႏုတို႔ကို ခ်စ္စႏိုးနဲ႔အသာေလး ဖြလိုက္ေတာ့ ခ်ိဳခ်ဥ္လံုးေလးကိုငံုထားကာ မေက်မနပ္ျပန္ၾကည့္လာပါေလသည္။ သူဖြလိုက္လို႔ အနည္းငယ္ပြသြားေသာဆံပင္တို႔ကို လက္နဲ႔ေသခ်ာျပန္ျပင္ေနေလသည္။
ၾကည့္ေနရင္းမွအသည္းယားလာတာမို႔ ထိုကေလးေလးရဲ႕ တ႐ႈတ္႐ႈတ္နဲ႔ျဖစ္ေနေသာ ႏွာေခါင္းေသးေသးေလးအား ဆြဲညွစ္လိုက္ၿပီး သူ႕နံေဘးတြင္ဝင္ထိုင္လိုက္ေလသည္။
" အ! နာတယ္ဗ်။ အစ္ကိုႀကီးက မုန္႔ေကြၽးၿပီး သားကို အႏိုင္က်င့္တယ္ "
သူ႕ညီမေလးႏွင့္႐ြယ္တူေလာက္ ႐ွိမည္ဟုထင္ရေသာ ထိုကေလးေလးက စကားတတ္လွသည္မို႔ ခ်ိဳခ်ဥ္လံုးငံုထားေသာ ပါးေဖာင္းေဖာင္းေလးအား မနာေအာင္ဖြဖြေလးဆြဲ၍ ထိုကေလးေလးကို ခ်ီမကာ သူ႔ေပါင္ေပၚသို႔ ေပြ႕တင္လိုက္သည္။
" ဘာလို႔ ငိုေနတာလဲ ကေလး "
႐ႈိက္ႀကီးတငင္ငိုထားေသာအ႐ွိန္ေၾကာင့္ ထိုကေလးေလးရဲ႕ နဖူးႏွင့္ပါး႐ိုးတို႔တြင္ ေခြၽးေလးမ်ားပါထြက္ေနေလသည္။ ထိုေခြၽးစက္တို႔ကို အသာသုတ္ေပးၿပီး သူေမးလိုက္ေတာ့
" သားသားက ကေလးမဟုတ္ေတာ့ဘူးဗ်။ ကေလးဆိုတာက ဟိုအန္တီႀကီးရဲ႕လက္ထဲက ေသးေသးေလးကိုေျပာတာ။ အဲ႔ကေလးေလးက လမ္းလည္းေလွ်ာက္တတ္ေသးဘူး။ ဖိနပ္လည္းစီးတတ္ေသးဘူး။ သားသားက လမ္းလည္းေလွ်ာက္တတ္ေနၿပီ။ ကိုယ့္ဘာသာကိုယ္လည္း ဖိနပ္စီးတတ္ေနၿပီ။ ကေလး မဟုတ္ေတာ့ဘူးဗ် "
" သားသားက လမ္းေလွ်ာက္တတ္ေပမယ့္ ကိုႀကီးနဲ႔ ယွဥ္လိုက္ရင္ေသးေသးေလးေလ။ ၾကည့္ပါလား ခုေတာင္ ကိုႀကီးေပါင္ေပၚမွာထိုင္ေနတာ မဟုတ္လား "
" အီး ... သားသားက ကေလးေလးမဟုတ္ေတာ့ပါဘူး ဆိုေနမွ။ ကိုႀကီးေပါင္ေပၚထိုင္ေနတာက သားသားေက်ာမွီလို႔ရလို႔ထိုင္ေနတာကို။ ခုဏက သားသား ထိုင္ေနတာေက်ာမွီလို႔လည္းမရဘူး "
" အာ ... ဟုတ္တယ္ ... ဟုတ္တယ္။ သားသားက ကေလးေလးမဟုတ္ေတာ့ဘူး။ လူႀကီးျဖစ္ၿပီ မငိုနဲ႔ေတာ့ တိတ္တိတ္ "
" သားသားက လူႀကီးေနာ္ ကေလးမဟုတ္ဘူး "
" အင္း ... အင္း ... လူႀကီးေလး သားသားနာမည္က ဘယ္လိုေခၚလဲ "
ကေလးလို႔ေခၚလိုက္ေသာသူ႕ကို ကေလးမဟုတ္ေၾကာင္းျငင္းခ်က္ထုတ္၍ အေ႐ွ႕က ကေလးေသးေသးေလးကိုခ်ီထားေသာ အန္တီတစ္ေယာက္အား လက္ညိဳးထိုးကာ ကေလးက မည္သို႔မည္ပံုျဖစ္ေၾကာင္းကို ေျဖ႐ွင္းခ်က္ေပးေနေလသည္။ စကားတတ္လြန္းေသာ ေပါင္ေပၚမွအေသးေလးကို အထြန္႔တတ္ကာ ကေလးျဖစ္ေၾကာင္းကို ထပ္ေျပာမိေတာ့ အငိုတိတ္ကာစ ထိုအေသးေလးက မ်က္ရည္မက်ဘဲ အသံၿပဲေလးႏွင့္ ထပ္ငိုလာေလသည္။ ကေလးအလိုက် မက်ေသာမ်က္ရည္တို႔ကို သုတ္ေပးကာ မငိုဖို႔ကိုေခ်ာ့လိုက္ေတာ့ သူ႔ကိုေမာ့ၾကည့္လာကာ လူႀကီးေလးျဖစ္ေၾကာင္းကို အတည္ျပဳေျပာၾကားေနေလသည္။ အေသးေလးအလိုက် ေခါင္းညိတ္ေပးလိုက္ေတာ့ မ်က္ႏွာေလးဝင္းပသြားကာ ေ႐ွ႕သို႔ျပန္လွည့္သြားေလသည္။ လူႀကီးေလးရဲ႕နာမည္ကို ေမးလိုက္ေတာ့ ခ်ိဳခ်ဥ္လံုးေလးကို တစ္ခ်က္စုပ္လိုက္ကာ
" သားသားနာမည္က ဟန္စစ္မင္း "
" ဟန္ စစ္ မင္း "
" ဟုတ္ကဲ႔ သားသားနာမည္က ဟန္စစ္မင္း။ သားသားေက်ာင္းက သူငယ္ခ်င္းေတြလို ဟန္စစ္လို႔ေခၚလည္းရတယ္ "
" အင္း ... ဟန္က ဘာလို႔ငိုေနတာတုန္း "
" အဟင့္ ... ဟင့္ ... ၿဗဲ ... သားသား ... သားသား ေဖေဖကိုမေတြ႕ေတာ့လို႔။ သားသား ဟိုပူေဖာင္းေနာက္လိုက္လာရင္း ဒီနားေရာက္ေတာ့ ေဖေဖ့ကိုၾကည့္တာ မေတြ႕ေတာ့ဘူး ... အီး ... ဟီး "
ဘာေၾကာင့္မွန္းမသိ လူႀကီးျဖစ္ခ်င္လြန္းေနေသာ ထိုကေလးေလးကို ' ဟန္ ' လို႔သာ သူေခၚခ်င္မိသည္။ အစားေၾကာင့္ ငိုေနတာကို သတိေမ့ကာ ေမးကာမွ မူလအစကငိုေနတာကို သတိရသြားဟန္ ျပန္ၿပီးငိုလာကာ ႐ႈံ႕မဲ႔႐ႈံ႕မဲ႔ျဖစ္လာေလသည္။ ငိုလိုက္ေျပာလိုက္ လက္ထဲက ခ်ိဳခ်ဥ္လံုးေလးကိုစုပ္လိုက္ႏွင့္ အလုပ္႐ႈပ္ေနေလေသာ ထိုကေလးေလးက အသည္းယားဖြယ္အတိပင္။ ဒီၾကားထဲ သူ႔လက္ေသးေသးေလးေတြနဲ႔ ပူေဖာင္းသည္ကို လက္ညိႈးကထိုးေနေသးသည္။ ၾကည့္ရတာ ဒီကေလးေလး ပူေဖာင္းလိုခ်င္လို႔ ပူေဖာင္းသည္ေနာက္လိုက္လာရင္း သူ႔အေဖနဲ႔ကြဲသြားတာထင္သည္။
" ဟန္က ပူေဖာင္းလိုခ်င္လို႔လား "
သူ႔အေမးကို ေခါင္းေလးေမာ့ၾကည့္လာကာ တဆတ္ဆတ္ညိတ္ျပေလသည္။ ခဏေနေတာ့ မ်က္ႏွာေလးျပန္မဲ႔သြားကာ
" သားသားကို ေဖႀကီးဆီ ျပန္လိုက္ပို႔ေပးပါလား။ သားသား ပူေဖာင္းလည္းမလိုခ်င္ေတာ့ဘူး။ ေဖေဖႀကီးဆီပဲျပန္ခ်င္တယ္ "
" အင္း မငိုနဲ႔တိတ္ေတာ့။ ကိုႀကီး ဟန္႔ေဖေဖကို ဝိုင္း႐ွာေပးမယ္ ဟုတ္ၿပီီလား။ မငိုနဲ႔ တိတ္ေတာ့ "
" ကတိေနာ္ "
" ကတိ ကတိ ။ တိတ္ေတာ့ မငိုနဲ႔ "
သူေခါင္းညိတ္ကာေျပာလိုက္ေတာ့ မ်က္ရည္ေလးမ်ားတစ္စြန္းတစ္စ က်န္႐ွိေနသည့္ၾကားမွ ၿပံဳးျပလာေသာ ထိုကေလးေလးရဲ႕အၿပံဳးက ႏူးညံ့လွသည္။
" ထ ... ကိုႀကီးတို႔ ဟန္ေဖေဖကို လိုက္႐ွာရေအာင္။ လာ သြားမယ္ "
" အီး ... ဟီး ... သားသား ေျခေထာက္ နာတယ္ "
" ဟင္ ဘာျဖစ္လို႔လဲ။ ဘယ္နားနာတာလဲ "
" သားသား ခုဏက ဟိုးနားမွာ ေခ်ာ္လဲထားတာ။ ၾကည့္ပါလား သားသားလက္ေတြလည္း နာနာေတြ "
ဟုတ္ပါရဲ႕။ သူခုမွ သတိထားမိတာ။ ထိုအေသးေလးရဲ႕ လက္ဖဝါးေသးေသးေလးႏွစ္ဖက္လံုးမွာ ပြန္းပဲ႔ရာေလးေတြနဲ႔
" လာ လမ္းမေလွ်ာက္နဲ႔ေတာ့။ ကိုႀကီး ဟန္႔ကို ခ်ီသြားမယ္။ ဟုတ္ၿပီလား "
" ဟင္အင္း ... မခ်ီနဲ႔။ ကေလးေတြကိုမွ ခ်ီၿပီးသြားရတာ။ သားသားက ကေလးမဟုတ္ဘူး ခ်ီနဲ႔။ ေဖႀကီးနဲ႔ သားသားေဆာ့သလို ကိုႀကီးနဲ႔သားသား တူတူေဆာ့ၾကမယ္။ ကိုႀကီးက ဆင္ႀကီးလုပ္၊ သားသားက ကိုႀကီးေက်ာေပၚက လိုက္စီးမယ္။ အဲ႔ဆို သားသားလည္း လမ္းေလွ်ာက္စရာမလိုေတာ့ဘူးေလ "
အဟား ... စကားတတ္လြန္းေသာအေသးေလးက သူ႔အေျပာႏွင့္သူေတာ့ ဟုတ္ေနတာပဲ။ အေသးေလးအလိုက် သူေ႐ွ႕လွည့္ကာထိုင္ေပးလိုက္ေသာ ေက်ာျပင္ေပၚ ကိုယ္ေသးေသးေလးကပ္လာကာ လက္ေသးေသးေလးေတြက ပုခံုးႏွစ္ဖက္ကိုယွက္၍ သိုင္းဖက္လာေလသည္။ ေျခေထာက္ႏွစ္ဖက္ကို မိမိခႏၶာကိုယ္ကိုခြေစကာ ေျခေထာက္ႏွစ္ဖက္ကို လက္ျဖင့္အသာထိန္း၍ ထကာထိုေနရာမွ ထြက္လာလိုက္သည္။
" ဟန္ ကိုႀကီးမိဘေတြဆီကို အရင္သြားမယ္။ ၿပီးမွ ဟန္ေဖေဖကို ဝိုင္း႐ွာေပးမယ္ေနာ္ "
" ဟုတ္ကဲ႔ "
သူေက်ာေပၚအေသးေလးကို ေခါင္းေလးငဲ႔ေစာင္းကာေျပာလိုက္ေသာ ဟုတ္ကဲ႔ဟုဆိုကာ အေသးေလးရဲ႕မ်က္လံုးေလးေတြက ေရာင္စံုပူေဖာင္းေတြဆီမွ မခြာေခ်။
" ဦးေလး ပူေဖာင္းတစ္လံုး ဘယ္ေလာက္လဲ "
" ၅၀၀ သားေလး "
အိစ္ ေစ်းႀကီးလိုက္တာ။ ရန္ကုန္မွာေတာင္ ၂၀၀၊၃၀၀ပဲ႐ွိတာကို။ မတတ္ႏိုင္ဘူး အေသးေလးလိုခ်င္ေနေတာ့လည္း ဝယ္ေပးရတာေပါ့။ မနက္ကေမေမေပးထားတဲ႔ ေဘာင္းဘီအိတ္ကပ္ေလးထဲက ၅၀၀တန္သစ္သစ္ေလးေရ တာ့တာ့။
" သားကိုတစ္လံုးေပးပါ။ ဟန္ ဘာအေရာင္ယူမွာလဲ "
" အဝါ ... အဝါ ... y ... e ... l ... l ... o ... w ... အဝါေရာင္ယူမွာ "
" ကဲ ... ေရာ့ အဝါေရာင္ "
ေက်ာပိုးထားတဲ႔လူကိုမွ အားမနာေက်ာေပၚကေန ခုန္ဆြခုန္ဆြလုပ္ကာ ေျဖေနေသာအေသးေလးအား ျပဳတ္မက်ေအာင္ထိန္းထားရသည္။ ဟန္႔အေျဖေၾကာင့္ ပူေဖာင္းသည္ဦးေလးက အဝါေရာင္ပူေဖာင္းအား ခ်ည္ထားေသာႀကိဳး႐ွည္ကို အျခားလက္ထဲမွဓားႏွင့္ျဖတ္ကာ တူကဲ႔သို႔ေသာ ဝါးတုတ္ေလးတစ္ေခ်ာင္းတြင္ အပ္ခ်ည္စကိုရစ္ပတ္ၿပီး ဟန္႔ကိုေပးလိုက္သည္။ သူလည္းေဘာင္းဘီအိတ္ကပ္ေလးထဲမွ ၅၀၀သစ္သစ္ေလးကိုထုတ္ကာ ပူေဖာင္းသည္ဦးေလးကိုေပး၍ ေက်းဇူးတင္စကားဆိုလိုက္သည္။
" ေက်းဇူးတင္ပါတယ္ ဦးေလး။ ေသခ်ာကိုင္ထားေနာ္ ဟန္ လက္ကလြတ္သြားတာနဲ႔ မိုးေပၚကိုပ်ံတက္သြားမွာ "
" ဟုတ္ကဲ႔ ... ကိုႀကီး ဒီပူေဖာင္းက သားသားတြက္လား ဟင္ "
" အင္း ... ဟန္႔အတြက္ "
" ကိုႀကီးက ခ်စ္ဖို႔ေကာင္းလိုက္တာ။ သားသား ေဖေဖကိုလည္းဝိုင္း႐ွာေပးမယ္လည္းေျပာတယ္။ သားသားနဲ႔လည္း ေဖႀကီးလိုဆင္ႀကီးစီးတိုင္းလည္း ေဆာ့ေပးတယ္။ သားသားကိုလည္း ပူေဖာင္းဝယ္ေပးတယ္ မြ ... ကိုႀကီးက ႐ုပ္ေခ်ာသလို သေဘာလည္းေကာင္းတယ္ ... ဟီး ... ဟီး "
လက္ေသးေသးေလးႏွစ္ဖက္က လည္ပင္းကိုအေသအခ်ာသိုင္းဖက္ကာ ခ်ိဳခ်ဥ္လံုးေလးကို စုပ္လိုက္ေျပာလိုက္နဲ႔ လိုခ်င္တာရသြားတာေၾကာင့္ ခြၽဲေနေသာအခြၽဲေလးပင္။ ဒီအေသးေလး စကားတတ္သေလာက္ အခြၽဲလည္းေတာ္လွသည္။ ေျပာရင္ဘယ္ဘက္ပါးကိုနမ္းကာ ႐ုပ္ေခ်ာသေဘာေကာင္းဆိုတာက ပါလိုက္ေသးသည္။ ထိုအေသးေလးရဲ႕အနမ္းတစ္ပြင့္ေၾကာင့္ သူၿပံဳးလိုက္မိသည္။
အေသးေလးကို ေက်ာျပင္ထက္သယ္ပိုးကာ မိဘေတြ႐ွိရာသို႔ေလွ်ာက္လာလိုက္ၿပီး အေဖႏွင့္အေမကိုအေၾကာင္းစံုေျပာျပလိုက္သည္။ ထို႔ေနာက္မိဘမ်ားႏွင့္အတူ အေသးေလးမိဘေတြကို ဝိုင္း႐ွာၾကသည္။ တစ္နာရီေလာက္ၾကာၿပီးေနာက္မွာေတာ့ အေသးေလးရဲ႕မိဘေတြကို ျပန္ေတြ႕ၿပီး အေသးေလးကို သူ႔မိဘေတြဆီ ျပန္ေပးလိုက္သည္။
ျဖစ္ႏိုင္ရင္ ျပန္မေပးခ်င္။ စကားတတ္ကာ ခြၽဲတတ္လြန္းေသာ အေသးေလးကို သူအိမ္ေခၚသြားခ်င္မိေပမယ့္ ေခၚသြားလို႔မွမရတာ။ အေသးေလးရဲ႕အေဖျဖစ္သူ ေပြ႕ခ်ီသြားေသာ အေသးေလးကိုေငးၾကည့္ရင္း သူဝမ္းနည္းလာသည္။ ခဏၾကာေတာ့ အေသးေလးကို သူအေဖက ေပြ႕ခ်ီထားရာမွ ေျမျပင္သို႔ခ်ေပးလိုက္တာကို ေတြ႔ရသည္။ ေျခေထာက္ေလး ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ မ်င္ႏွာေလး႐ႈံ႕မဲ႔ကာ သ႔ူထံေလွ်ာက္လာေသာ အေသးေလးေၾကာင့္ ထိုကေလးေလးဆီအေျပးသြားမိသည္။ အေသးေလးထံေရာက္သြားေတာ့ ခါးတစ္ဝက္သာသာ ထိုကေလးေလးက သူ႔ကိုၿပံဳး၍ေမာ့ၾကည့္ကာ အေမးစကားဆိုေလသည္။
" ကိုႀကီး နာမည္ဘယ္လိုေခၚလဲ ဟင္ "
" အဲ႔တာေမးဖို႔ ကိုႀကီးဆီ ျပန္လာတာလား "
သူ႕အေမးကို ေခါင္းေလးတဆတ္ဆတ္ညိတ္ျပလာသည္မို႔ အေသးေလးေ႐ွ႕ဒူးတစ္ေဖာက္ေထာက္၍ ထိုင္ခ်လိုက္ၿပီး ပါးေဖာင္းေဖာင္းေလးကို ဆြဲလိုက္သည္။ ထို႔ေနာက္ ေခါင္းေပၚလက္တင္ကာ အနက္ေရာင္ဆံသားေလးေတြကို အသာဆြဲဖြလိုက္ၿပီး
" ကိုႀကီးနာမည္က လင္းခန္႔ႏိုင္။ ေသခ်ာမွတ္ထားေနာ္ "
" ဟုတ္ကဲ႔ သားသားနာမည္လည္း ေသခ်ာမွတ္ထားေနာ္။ သားသားႀကီးလာရင္ ကိုႀကီးကို ျပန္႐ွာၿပီး ခ်ိဳခ်ဥ္လံုးလည္းျပန္ေကြၽးမယ္။ ပူေဖာင္းလည္းျပန္ဝယ္ေပးမယ္ "
" ကတိေနာ္ "
" ကတိ "
ခ်ိဳခ်ဥ္လံုးႏွင့္ ပူေဖာင္းျပန္ဝယ္ေပးမည္ဆိုေသာ အေသးေလးေၾကာင့္ သူသေဘာက်ကာၿပံဳးလိုက္ရင္း ကတိေနာ္လို႔ေျပာလိုက္ေတာ့ မိမိလက္ကိုဆြဲယူကာ သူ႔လက္သန္းႏွင့္ မိမိလက္သန္းကိုခ်ိတ္လိုက္ၿပီး လက္မႏွစ္ခုကိုထိေစကာ ကတိဟုေျပာလာေလသည္။ အေသးေလးကို ေပြ႕ခ်ီကာ အေသးေလးအေဖဆီ ျပန္ပို႔ေပးလိုက္ၿပီး လက္ျပႏႈတ္ဆက္ကာ မိဘေတြဆီျပန္လာလိုက္သည္။
ဘာေၾကာင့္မွန္းမသိ သူထိုကေလးေလးရဲ႕ ကတိစကားကို ယံုၾကည္ေနမိသည္။ တစ္ေန႔ ... တစ္ေန႔ သူတို႔ ျပန္ဆံုၾကရပါဦးမည္ေလ။
ခ်စ္ေသာ💕💕
Coral
-----------------------------------------
Part(29)
အတိတ်သို့
လွန်ခဲ့သော ၁၀ နှစ်ခန့်က
အီး ... ဟီး ... ဗြဲ
မေမြို့အမျိုးသားပန်းဥယျာဉ်ထဲတွင် အကျႌစပို့ရှပ်အဝါစင်းကို ဂျင်းဘောင်ဘီအမည်းနှင့် တွဲဝတ်ထားသော အသက်ခုနှစ်အရွယ်သာ ရှိသောကလေးတစ်ယောက် ပန်းဥယျာဉ်ထဲမှ တံတားတိုလေးပေါ်တွင် ခြေဆင်းထိုင်ကာ ခေါင်းငုံ့၍ ဝမ်းနည်းစွာနှင့် ငိုကြွေးနေလေသည်။
ထိုကလေးလေးရဲ့မျက်စိရှေ့သို့ ခြေညှပ်ဖိနပ်လေးနှင့်အတူ ခြေထောက်ဖြူဖြူလေးတစ်စုံက ရောက်လာတာမို့ ခေါင်းငုံ့ကာငိုနေသောကလေးလေးက အပေါ်သို့မော့ကြည့်လာလေသည်။ မျက်ရည်များကြားမှ သူမြင်တွေ့လိုက်ရသည်က အပြုံးနုနုလေးတစ်ခု။
မျက်ရည်များဝဲကာ မော့ကြည့်လာသော ကလေးလေးရှေ့သို့ ဒူးထောက်ထိုင်ချလိုက်ကာ လက်ထဲချိုချဉ်လုံးလေးကို ကမ်းပေးလိုက်တော့ ခေါင်းလေးခါကာ ငြင်းလေးသည်။
" မစားဘူး "
အငြင်းစကားဆိုသောငြား တအင့်အင့်နှင့်ရှိုက်ကာ မျက်ရည်များဝဲနေသော မျက်ဝန်းတို့က သူ့လက်ထဲရှိချိုချဉ်လုံးလေးမှ မခွာတာကြောင့် သဘောကျ၍ အားပါးတရရယ်လိုက်မိသည်။ လက်ထဲက ချိုချဉ်လုံးကို အခွံခွာ၍ ချိုချဉ်လုံးမှအကြည့်မလွှဲသော ကလေးလေးရဲ့လက်ကိုဆွဲယူကာ လက်ထဲထည့်ပေးလိုက်တော့ ထိုကလေးလေးမျက်နှာထက် ပြုံးယောင်သမ်းလာတာမို့ သူပါလိုက်ပြုံးမိသည်။
လက်ထဲမုန့်ရောက်သွားလေတော့ ငိုနေသောအကြောင်းအရာတွေပါ အကုန်မေ့ကုန်ကာ ချိုချဉ်လုံးကိုသာ တပြတ်ပြတ်နဲ့အားပါးတရလေး စားနေပုံက တစ်မျိုးလေးချစ်ဖို့ကောင်းနေလေသည်။
မျက်စိရှေ့က အလွန်တရာမှချစ်ဖို့ကောင်းပါသော ထိုကလေးလေးရဲ့ဦးခေါင်းထက်မှ ဆံသားနုနုတို့ကို ချစ်စနိုးနဲ့အသာလေး ဖွလိုက်တော့ ချိုချဉ်လုံးလေးကိုငုံထားကာ မကျေမနပ်ပြန်ကြည့်လာပါလေသည်။ သူဖွလိုက်လို့ အနည်းငယ်ပွသွားသောဆံပင်တို့ကို လက်နဲ့သေချာပြန်ပြင်နေလေသည်။
ကြည့်နေရင်းမှအသည်းယားလာတာမို့ ထိုကလေးလေးရဲ့ တရှုတ်ရှုတ်နဲ့ဖြစ်နေသော နှာခေါင်းသေးသေးလေးအား ဆွဲညှစ်လိုက်ပြီး သူ့နံဘေးတွင်ဝင်ထိုင်လိုက်လေသည်။
" အ! နာတယ်ဗျ။ အစ်ကိုကြီးက မုန့်ကျွေးပြီး သားကို အနိုင်ကျင့်တယ် "
သူ့ညီမလေးနှင့်ရွယ်တူလောက် ရှိမည်ဟုထင်ရသော ထိုကလေးလေးက စကားတတ်လှသည်မို့ ချိုချဉ်လုံးငုံထားသော ပါးဖောင်းဖောင်းလေးအား မနာအောင်ဖွဖွလေးဆွဲ၍ ထိုကလေးလေးကို ချီမကာ သူ့ပေါင်ပေါ်သို့ ပွေ့တင်လိုက်သည်။
" ဘာလို့ ငိုနေတာလဲ ကလေး "
ရှိုက်ကြီးတငင်ငိုထားသောအရှိန်ကြောင့် ထိုကလေးလေးရဲ့ နဖူးနှင့်ပါးရိုးတို့တွင် ချွေးလေးများပါထွက်နေလေသည်။ ထိုချွေးစက်တို့ကို အသာသုတ်ပေးပြီး သူမေးလိုက်တော့
" သားသားက ကလေးမဟုတ်တော့ဘူးဗျ။ ကလေးဆိုတာက ဟိုအန်တီကြီးရဲ့လက်ထဲက သေးသေးလေးကိုပြောတာ။ အဲ့ကလေးလေးက လမ်းလည်းလျှောက်တတ်သေးဘူး။ ဖိနပ်လည်းစီးတတ်သေးဘူး။ သားသားက လမ်းလည်းလျှောက်တတ်နေပြီ။ ကိုယ့်ဘာသာကိုယ်လည်း ဖိနပ်စီးတတ်နေပြီ။ ကလေး မဟုတ်တော့ဘူးဗျ "
" သားသားက လမ်းလျှောက်တတ်ပေမယ့် ကိုကြီးနဲ့ ယှဉ်လိုက်ရင်သေးသေးလေးလေ။ ကြည့်ပါလား ခုတောင် ကိုကြီးပေါင်ပေါ်မှာထိုင်နေတာ မဟုတ်လား "
" အီး ... သားသားက ကလေးလေးမဟုတ်တော့ပါဘူး ဆိုနေမှ။ ကိုကြီးပေါင်ပေါ်ထိုင်နေတာက သားသားကျောမှီလို့ရလို့ထိုင်နေတာကို။ ခုဏက သားသား ထိုင်နေတာကျောမှီလို့လည်းမရဘူး "
" အာ ... ဟုတ်တယ် ... ဟုတ်တယ်။ သားသားက ကလေးလေးမဟုတ်တော့ဘူး။ လူကြီးဖြစ်ပြီ မငိုနဲ့တော့ တိတ်တိတ် "
" သားသားက လူကြီးနော် ကလေးမဟုတ်ဘူး "
" အင်း ... အင်း ... လူကြီးလေး သားသားနာမည်က ဘယ်လိုခေါ်လဲ "
ကလေးလို့ခေါ်လိုက်သောသူ့ကို ကလေးမဟုတ်ကြောင်းငြင်းချက်ထုတ်၍ အရှေ့က ကလေးသေးသေးလေးကိုချီထားသော အန်တီတစ်ယောက်အား လက်ညိုးထိုးကာ ကလေးက မည်သို့မည်ပုံဖြစ်ကြောင်းကို ဖြေရှင်းချက်ပေးနေလေသည်။ စကားတတ်လွန်းသော ပေါင်ပေါ်မှအသေးလေးကို အထွန့်တတ်ကာ ကလေးဖြစ်ကြောင်းကို ထပ်ပြောမိတော့ အငိုတိတ်ကာစ ထိုအသေးလေးက မျက်ရည်မကျဘဲ အသံပြဲလေးနှင့် ထပ်ငိုလာလေသည်။ ကလေးအလိုကျ မကျသောမျက်ရည်တို့ကို သုတ်ပေးကာ မငိုဖို့ကိုချော့လိုက်တော့ သူ့ကိုမော့ကြည့်လာကာ လူကြီးလေးဖြစ်ကြောင်းကို အတည်ပြုပြောကြားနေလေသည်။ အသေးလေးအလိုကျ ခေါင်းညိတ်ပေးလိုက်တော့ မျက်နှာလေးဝင်းပသွားကာ ရှေ့သို့ပြန်လှည့်သွားလေသည်။ လူကြီးလေးရဲ့နာမည်ကို မေးလိုက်တော့ ချိုချဉ်လုံးလေးကို တစ်ချက်စုပ်လိုက်ကာ
" သားသားနာမည်က ဟန်စစ်မင်း "
" ဟန် စစ် မင်း "
" ဟုတ်ကဲ့ သားသားနာမည်က ဟန်စစ်မင်း။ သားသားကျောင်းက သူငယ်ချင်းတွေလို ဟန်စစ်လို့ခေါ်လည်းရတယ် "
" အင်း ... ဟန်က ဘာလို့ငိုနေတာတုန်း "
" အဟင့် ... ဟင့် ... ဗြဲ ... သားသား ... သားသား ဖေဖေကိုမတွေ့တော့လို့။ သားသား ဟိုပူဖောင်းနောက်လိုက်လာရင်း ဒီနားရောက်တော့ ဖေဖေ့ကိုကြည့်တာ မတွေ့တော့ဘူး ... အီး ... ဟီး "
ဘာကြောင့်မှန်းမသိ လူကြီးဖြစ်ချင်လွန်းနေသော ထိုကလေးလေးကို ' ဟန် ' လို့သာ သူခေါ်ချင်မိသည်။ အစားကြောင့် ငိုနေတာကို သတိမေ့ကာ မေးကာမှ မူလအစကငိုနေတာကို သတိရသွားဟန် ပြန်ပြီးငိုလာကာ ရှုံ့မဲ့ရှုံ့မဲ့ဖြစ်လာလေသည်။ ငိုလိုက်ပြောလိုက် လက်ထဲက ချိုချဉ်လုံးလေးကိုစုပ်လိုက်နှင့် အလုပ်ရှုပ်နေလေသော ထိုကလေးလေးက အသည်းယားဖွယ်အတိပင်။ ဒီကြားထဲ သူ့လက်သေးသေးလေးတွေနဲ့ ပူဖောင်းသည်ကို လက်ညှိုးကထိုးနေသေးသည်။ ကြည့်ရတာ ဒီကလေးလေး ပူဖောင်းလိုချင်လို့ ပူဖောင်းသည်နောက်လိုက်လာရင်း သူ့အဖေနဲ့ကွဲသွားတာထင်သည်။
" ဟန်က ပူဖောင်းလိုချင်လို့လား "
သူ့အမေးကို ခေါင်းလေးမော့ကြည့်လာကာ တဆတ်ဆတ်ညိတ်ပြလေသည်။ ခဏနေတော့ မျက်နှာလေးပြန်မဲ့သွားကာ
" သားသားကို ဖေကြီးဆီ ပြန်လိုက်ပို့ပေးပါလား။ သားသား ပူဖောင်းလည်းမလိုချင်တော့ဘူး။ ဖေဖေကြီးဆီပဲပြန်ချင်တယ် "
" အင်း မငိုနဲ့တိတ်တော့။ ကိုကြီး ဟန့်ဖေဖေကို ဝိုင်းရှာပေးမယ် ဟုတ်ပြီီလား။ မငိုနဲ့ တိတ်တော့ "
" ကတိနော် "
" ကတိ ကတိ ။ တိတ်တော့ မငိုနဲ့ "
သူခေါင်းညိတ်ကာပြောလိုက်တော့ မျက်ရည်လေးများတစ်စွန်းတစ်စ ကျန်ရှိနေသည့်ကြားမှ ပြုံးပြလာသော ထိုကလေးလေးရဲ့အပြုံးက နူးညံ့လှသည်။
" ထ ... ကိုကြီးတို့ ဟန်ဖေဖေကို လိုက်ရှာရအောင်။ လာ သွားမယ် "
" အီး ... ဟီး ... သားသား ခြေထောက် နာတယ် "
" ဟင် ဘာဖြစ်လို့လဲ။ ဘယ်နားနာတာလဲ "
" သားသား ခုဏက ဟိုးနားမှာ ချော်လဲထားတာ။ ကြည့်ပါလား သားသားလက်တွေလည်း နာနာတွေ "
ဟုတ်ပါရဲ့။ သူခုမှ သတိထားမိတာ။ ထိုအသေးလေးရဲ့ လက်ဖဝါးသေးသေးလေးနှစ်ဖက်လုံးမှာ ပွန်းပဲ့ရာလေးတွေနဲ့
" လာ လမ်းမလျှောက်နဲ့တော့။ ကိုကြီး ဟန့်ကို ချီသွားမယ်။ ဟုတ်ပြီလား "
" ဟင်အင်း ... မချီနဲ့။ ကလေးတွေကိုမှ ချီပြီးသွားရတာ။ သားသားက ကလေးမဟုတ်ဘူး ချီနဲ့။ ဖေကြီးနဲ့ သားသားဆော့သလို ကိုကြီးနဲ့သားသား တူတူဆော့ကြမယ်။ ကိုကြီးက ဆင်ကြီးလုပ်၊ သားသားက ကိုကြီးကျောပေါ်က လိုက်စီးမယ်။ အဲ့ဆို သားသားလည်း လမ်းလျှောက်စရာမလိုတော့ဘူးလေ "
အဟား ... စကားတတ်လွန်းသောအသေးလေးက သူ့အပြောနှင့်သူတော့ ဟုတ်နေတာပဲ။ အသေးလေးအလိုကျ သူရှေ့လှည့်ကာထိုင်ပေးလိုက်သော ကျောပြင်ပေါ် ကိုယ်သေးသေးလေးကပ်လာကာ လက်သေးသေးလေးတွေက ပုခုံးနှစ်ဖက်ကိုယှက်၍ သိုင်းဖက်လာလေသည်။ ခြေထောက်နှစ်ဖက်ကို မိမိခန္ဓာကိုယ်ကိုခွစေကာ ခြေထောက်နှစ်ဖက်ကို လက်ဖြင့်အသာထိန်း၍ ထကာထိုနေရာမှ ထွက်လာလိုက်သည်။
" ဟန် ကိုကြီးမိဘတွေဆီကို အရင်သွားမယ်။ ပြီးမှ ဟန်ဖေဖေကို ဝိုင်းရှာပေးမယ်နော် "
" ဟုတ်ကဲ့ "
သူကျောပေါ်အသေးလေးကို ခေါင်းလေးငဲ့စောင်းကာပြောလိုက်သော ဟုတ်ကဲ့ဟုဆိုကာ အသေးလေးရဲ့မျက်လုံးလေးတွေက ရောင်စုံပူဖောင်းတွေဆီမှ မခွာချေ။
" ဦးလေး ပူဖောင်းတစ်လုံး ဘယ်လောက်လဲ "
" ၅၀၀ သားလေး "
အိစ် ဈေးကြီးလိုက်တာ။ ရန်ကုန်မှာတောင် ၂၀၀၊၃၀၀ပဲရှိတာကို။ မတတ်နိုင်ဘူး အသေးလေးလိုချင်နေတော့လည်း ဝယ်ပေးရတာပေါ့။ မနက်ကမေမေပေးထားတဲ့ ဘောင်းဘီအိတ်ကပ်လေးထဲက ၅၀၀တန်သစ်သစ်လေးရေ တာ့တာ့။
" သားကိုတစ်လုံးပေးပါ။ ဟန် ဘာအရောင်ယူမှာလဲ "
" အဝါ ... အဝါ ... y ... e ... l ... l ... o ... w ... အဝါရောင်ယူမှာ "
" ကဲ ... ရော့ အဝါရောင် "
ကျောပိုးထားတဲ့လူကိုမှ အားမနာကျောပေါ်ကနေ ခုန်ဆွခုန်ဆွလုပ်ကာ ဖြေနေသောအသေးလေးအား ပြုတ်မကျအောင်ထိန်းထားရသည်။ ဟန့်အဖြေကြောင့် ပူဖောင်းသည်ဦးလေးက အဝါရောင်ပူဖောင်းအား ချည်ထားသောကြိုးရှည်ကို အခြားလက်ထဲမှဓားနှင့်ဖြတ်ကာ တူကဲ့သို့သော ဝါးတုတ်လေးတစ်ချောင်းတွင် အပ်ချည်စကိုရစ်ပတ်ပြီး ဟန့်ကိုပေးလိုက်သည်။ သူလည်းဘောင်းဘီအိတ်ကပ်လေးထဲမှ ၅၀၀သစ်သစ်လေးကိုထုတ်ကာ ပူဖောင်းသည်ဦးလေးကိုပေး၍ ကျေးဇူးတင်စကားဆိုလိုက်သည်။
" ကျေးဇူးတင်ပါတယ် ဦးလေး။ သေချာကိုင်ထားနော် ဟန် လက်ကလွတ်သွားတာနဲ့ မိုးပေါ်ကိုပျံတက်သွားမှာ "
" ဟုတ်ကဲ့ ... ကိုကြီး ဒီပူဖောင်းက သားသားတွက်လား ဟင် "
" အင်း ... ဟန့်အတွက် "
" ကိုကြီးက ချစ်ဖို့ကောင်းလိုက်တာ။ သားသား ဖေဖေကိုလည်းဝိုင်းရှာပေးမယ်လည်းပြောတယ်။ သားသားနဲ့လည်း ဖေကြီးလိုဆင်ကြီးစီးတိုင်းလည်း ဆော့ပေးတယ်။ သားသားကိုလည်း ပူဖောင်းဝယ်ပေးတယ် မွ ... ကိုကြီးက ရုပ်ချောသလို သဘောလည်းကောင်းတယ် ... ဟီး ... ဟီး "
လက်သေးသေးလေးနှစ်ဖက်က လည်ပင်းကိုအသေအချာသိုင်းဖက်ကာ ချိုချဉ်လုံးလေးကို စုပ်လိုက်ပြောလိုက်နဲ့ လိုချင်တာရသွားတာကြောင့် ချွဲနေသောအချွဲလေးပင်။ ဒီအသေးလေး စကားတတ်သလောက် အချွဲလည်းတော်လှသည်။ ပြောရင်ဘယ်ဘက်ပါးကိုနမ်းကာ ရုပ်ချောသဘောကောင်းဆိုတာက ပါလိုက်သေးသည်။ ထိုအသေးလေးရဲ့အနမ်းတစ်ပွင့်ကြောင့် သူပြုံးလိုက်မိသည်။
အသေးလေးကို ကျောပြင်ထက်သယ်ပိုးကာ မိဘတွေရှိရာသို့လျှောက်လာလိုက်ပြီး အဖေနှင့်အမေကိုအကြောင်းစုံပြောပြလိုက်သည်။ ထို့နောက်မိဘများနှင့်အတူ အသေးလေးမိဘတွေကို ဝိုင်းရှာကြသည်။ တစ်နာရီလောက်ကြာပြီးနောက်မှာတော့ အသေးလေးရဲ့မိဘတွေကို ပြန်တွေ့ပြီး အသေးလေးကို သူ့မိဘတွေဆီ ပြန်ပေးလိုက်သည်။
ဖြစ်နိုင်ရင် ပြန်မပေးချင်။ စကားတတ်ကာ ချွဲတတ်လွန်းသော အသေးလေးကို သူအိမ်ခေါ်သွားချင်မိပေမယ့် ခေါ်သွားလို့မှမရတာ။ အသေးလေးရဲ့အဖေဖြစ်သူ ပွေ့ချီသွားသော အသေးလေးကိုငေးကြည့်ရင်း သူဝမ်းနည်းလာသည်။ ခဏကြာတော့ အသေးလေးကို သူအဖေက ပွေ့ချီထားရာမှ မြေပြင်သို့ချပေးလိုက်တာကို တွေ့ရသည်။ ခြေထောက်လေး ထော့နဲ့ထော့နဲ့နှင့် မျင်နှာလေးရှုံ့မဲ့ကာ သ့ူထံလျှောက်လာသော အသေးလေးကြောင့် ထိုကလေးလေးဆီအပြေးသွားမိသည်။ အသေးလေးထံရောက်သွားတော့ ခါးတစ်ဝက်သာသာ ထိုကလေးလေးက သူ့ကိုပြုံး၍မော့ကြည့်ကာ အမေးစကားဆိုလေသည်။
" ကိုကြီး နာမည်ဘယ်လိုခေါ်လဲ ဟင် "
" အဲ့တာမေးဖို့ ကိုကြီးဆီ ပြန်လာတာလား "
သူ့အမေးကို ခေါင်းလေးတဆတ်ဆတ်ညိတ်ပြလာသည်မို့ အသေးလေးရှေ့ဒူးတစ်ဖောက်ထောက်၍ ထိုင်ချလိုက်ပြီး ပါးဖောင်းဖောင်းလေးကို ဆွဲလိုက်သည်။ ထို့နောက် ခေါင်းပေါ်လက်တင်ကာ အနက်ရောင်ဆံသားလေးတွေကို အသာဆွဲဖွလိုက်ပြီး
" ကိုကြီးနာမည်က လင်းခန့်နိုင်။ သေချာမှတ်ထားနော် "
" ဟုတ်ကဲ့ သားသားနာမည်လည်း သေချာမှတ်ထားနော်။ သားသားကြီးလာရင် ကိုကြီးကို ပြန်ရှာပြီး ချိုချဉ်လုံးလည်းပြန်ကျွေးမယ်။ ပူဖောင်းလည်းပြန်ဝယ်ပေးမယ် "
" ကတိနော် "
" ကတိ "
ချိုချဉ်လုံးနှင့် ပူဖောင်းပြန်ဝယ်ပေးမည်ဆိုသော အသေးလေးကြောင့် သူသဘောကျကာပြုံးလိုက်ရင်း ကတိနော်လို့ပြောလိုက်တော့ မိမိလက်ကိုဆွဲယူကာ သူ့လက်သန်းနှင့် မိမိလက်သန်းကိုချိတ်လိုက်ပြီး လက်မနှစ်ခုကိုထိစေကာ ကတိဟုပြောလာလေသည်။ အသေးလေးကို ပွေ့ချီကာ အသေးလေးအဖေဆီ ပြန်ပို့ပေးလိုက်ပြီး လက်ပြနှုတ်ဆက်ကာ မိဘတွေဆီပြန်လာလိုက်သည်။
ဘာကြောင့်မှန်းမသိ သူထိုကလေးလေးရဲ့ ကတိစကားကို ယုံကြည်နေမိသည်။ တစ်နေ့ ... တစ်နေ့ သူတို့ ပြန်ဆုံကြရပါဦးမည်လေ။
ချစ်သော💕💕
Coral