တစ္ရံေရာအခါ.....

De SmileSmile553

59.8K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... Mais

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 28 )

722 36 2
De SmileSmile553

" သူက ... သူက ... သားခ်စ္သူပါ "

သားျဖစ္သူရဲ႕ႏႈတ္က ထြက္က်လာေသာ ထိုစကားတစ္ခြန္းက သူမနားထဲ ေႏြေခါင္ေခါင္ မိုးႀကိဳးပစ္ခ်လိုက္သလိုပင္။ သားခ်စ္သူတဲ႔ ဒါဆို မိမိရဲ႕သားက .........

ရက္စက္လိုက္တာ ရက္စက္လိုက္တာ ကံၾကမၼာရယ္။ သူမဘဝထဲက အစ္ကို႔ကိုဆြဲထုတ္သြားကာ ကေလးငယ္ႏွစ္ေယာက္နဲ႔ ဒုကၡပင္လယ္ေဝေစခဲ႔႐ံုနဲ႔ မေက်နပ္ႏိုင္ေသးဘူးလား။ မလံုေလာက္ေသးလို႔လား။ သူမသားကိုပါ လူေတြရဲ႕ပါးစပ္ဖ်ားမွာ အေျခာက္ဆိုၿပီး ႐ႈတ္ခ်သိမ္ငယ္ေစခ်င္ေသးတာလား။

ေျဖမဆည္ႏိုင္မႈ၊ လက္မခံႏိုင္မႈ၊ မယံုၾကည္ႏိုင္မႈတို႔ကို ကံၾကမၼာေပၚသာ ယိုးစြပ္၍ သူမ ေဒါသတို႔ကို မ်က္ရည္မ်ားျဖင့္ေျပာင္းလဲကာ ငို႐ႈိက္မိသည္။ မိမိ တစ္ခါမွ်သာ နစ္နစ္နာနာေျပာဖို႔မဆိုႏွင့္ လက္ႏွင့္မ႐ြယ္ခဲ႔ဘူးေသာ သားငယ္ကိုသာ အၿငိဳးတႀကီး႐ိုက္ႏွက္ေနမိသည္။

အေမျဖစ္သူတြက္မစဥ္းစားေပးျခင္း၊ အစ္မျဖစ္သူတြက္ မငဲ႔ၾကည့္ေပးျခင္းဟုဆိုကာ သားငယ္ကိုသာ ျပစ္တင္ႀကိမ္းေမာင္းေနမိသည္။ မ်က္ႏွာေျပာင္တိုက္ရဲလိုက္တာဟု ေျပာဆိုေနမိသည္။

" ေမေမ သား ဘာမ်ားမ်က္ႏွာေျပာင္တိုက္လို႔လဲ။ သားလဲ တစ္ျခားသူေတြလို မိသားစုနဲ႔ ေနခ်င္သူပဲေလ။ သား ခ်စ္မိတဲ႔သူက မိန္းကေလးမဟုတ္ဘဲ ေယာက္်ားေလးတစ္ေယာက္ ျဖစ္တာနဲ႔ပဲ မ်က္ႏွာေျပာင္တိုက္တာမွမဟုတ္တာ။ သား သူမ်ားမိသားစုကို ပ်က္စီးေအာင္ ဖ်က္စီးေနသူလည္း မဟုတ္ဘူး၊ သူမ်ား သားပ်ိဳသမီးပ်ိဳကို ဖ်က္စီးေနတဲ႔သူလည္း မဟုတ္ဘူး။ သားခ်စ္မိတဲ႔သူကလည္း သားလို လူပ်ိဳလူလြတ္တစ္ေယာက္ပဲေလ "

သားငယ္ရဲ႕ တုန္႔ျပန္စကားက သူမရဲ႕ရင္ကို နာက်င္ေစရသည္။ မွန္ပါတယ္ သားငယ္ ခ်စ္တဲ႔သူက သားငယ္လို လူပ်ိဳလူလြတ္တစ္ေယာက္။ ၿပီးေတာ့ မိန္းကေလးမဟုတ္တဲ႔ ေယာက္်ားေလးတစ္ေယာက္။ သားငယ္ခ်စ္မိတာက အျပစ္မ႐ွိေပမယ့္ မည္သူက သားငယ္ဘက္က ေတြးေတာေပးမည္သနည္း။ မည္သူကမ်ား သားငယ္ေလးရဲ႕ ခံစားခ်က္ကို နားလည္ေပးမည္သနည္း။

ဘယ္သူ တစ္ဦးတစ္ေယာက္ကမွ် သားငယ္ေလးရဲ႕ ခံစားခ်က္ကို နားလည္ေပးႏိုင္မွာမဟုတ္သလို၊ သားငယ္ေလးကို ဝိုင္းလက္ညိႈးထိုးကာ ေဝဖန္ပုတ္ခတ္ေျပာဆိုၾကမည့္သူေတြႀကီးသာ။

လူတိုင္းက ကိုယ့္ထမင္း ကိုယ္စားၾကေပမယ့္ တစ္ဖက္သားရဲ႕ အားနည္းခ်က္၊ အျပစ္ေတြကို ၿမိန္႐ွက္စြာ ေျပာဆိုခ်င္ၾကသူေတြႀကီးသာ။ အ႐ိုးမ႐ွိေသာ လွ်ာ၊ အလကားရေသာ ေလကို အသံုးခ်ကာ လူတစ္ဖက္သားကို ထိခိုက္နစ္နာေအာင္ ေျပာဆိုေနၾကခ်င္သူႀကီးသာ။ ငါ့စကားႏြားရကဲ႔သို႔ ကိုယ္ေျပာလိုက္ေသာစကားေၾကာင့္ တစ္ဖက္လူ ဘာျဖစ္သြားမည္ကိုမသိ။ ထည့္မစဥ္းစား။ လူေတြေလာက္ေၾကာက္ဖို႔ေကာင္းတာ လူေတြပင္။

ေလာကရဲ႕အေၾကာင္းကို နားမလည္ေသးတဲ႔ မိမိရဲ႕သားငယ္ေလးကို ထိုေၾကာက္ဖို႔ေကာင္းေသာ လူေတြရဲ႕ႏႈတ္ဖ်ားေၾကာင့္ သားေလးရဲ႕ဘဝကို မနစ္မႊန္းေစခ်င္။

လူေတြရဲ႕ပါးစပ္ဖ်ားကို သူမေၾကာက္ပါဘိ။ လူေတြရဲ႕စိတ္ကို သူမတို႔ အဆင္မေျပစဥ္က ေျပာဆိုၾကေသာ ေ႐ွာင္ဖယ္ၾကေသာ သူေတြမွတစ္ဆင့္ သူမမ်ိဳးစံုကို သိခဲ႔ႀကံဳေတြ႕ခဲ႔ဖူးၿပီ။ မိဘရင္ခြင္က ထြက္ကာ လူ႔ေလာကထဲကို ဝင္ေရာက္ေတာ့မယ့္ သားငယ္ေလးကိုေတာ့ စက္ဆုပ္ဖြယ္ရာ လူေတြရဲ႕ ႏႈတ္ဖ်ားက သံုးစားမရေသာ စကားလံုးမ်ားေၾကာင့္ စိတ္မထိခိုက္ေစခ်င္။

သားငယ္ေလးေပၚ က်ေရာက္လာမည့္ ၾကမၼာဆိုးကို သူမကိုယ္တိုင္တားမည္။ သားငယ္ သူမကို မုန္းပါေစ၊ နာက်ည္းပါေစ၊ ဒီအေမက ခြင့္လႊတ္ေပးမည္။ ၾကမၼာဆိုးေတြကို သားငယ္ေ႐ွ႕က မတ္မတ္ရပ္ကာ သူမတစ္ေယာက္ထဲပဲ ခါးစည္းခံမည္။ သူမရဲ႕ ေစတနာကို တစ္ေန႔ေတာ့ သားငယ္ နားလည္ေကာင္းပါရဲ႕။ သူမကို တစ္သက္လံုးနာက်ည္းသြားမည္ဆိုရင္ေတာင္ ကိစၥမ႐ွိပါ။ မိခင္တစ္ေယာက္က သားအေပၚေပးဆပ္မႈတြက္ ဘာေတြကိုမ်ားေမွ်ာ္လင့္ေတာင့္တရမည္နည္း။ ေပးဆပ္မႈတို႔က ဗလာနတၳိ၊ ေမွ်ာ္လင့္မႈမ႐ွိေပ။ သူမသား ေကာင္းစားဖို႔တြက္ကလႊဲ၍ သားဆီက တုန္႔ျပန္လာမည့္ လိုခ်င္မႈတစ္စံုတစ္ရာ မက္ေမာမႈမ႐ွိ။

ဒါေတြအားလံုးက သူမရဲ႕ သြန္သင္ဆံုးမမႈအားနည္းခဲ႔လို႔။ လူပံုအလယ္ ကိုယ့္သားသမီး မ်က္ႏွာမငယ္ေအာင္၊ လူတန္းေစ့ေနႏိုင္ေအာင္ စီးပြားေရးသားလုပ္ေနၿပီး မိခင္တစ္ေယာက္အေနနဲ႔ သားသမီးအေပၚ ေႏြးေထြးမႈေပးဖို႔ ေပါ့ေလ်ာ့ခဲ႔တာေတြေၾကာင့္သာ ယခုလိုမ်ိဳးေတြျဖစ္လာခဲ႔ရတာ။ သူမသာ သားနဲ႔သမီးကို ယခုထက္ပို၍ အနည္းငယ္သာ ေႏြးေထြးေပးခဲ႔မည္ဆိုလွ်င္ သားငယ္ယခုကဲ႔သို႔ လမ္းမွားကို ေရာက္လိမ့္မည္မဟုတ္။

မိမိရဲ႕အမွားေတြတြက္ ျပန္လည္ေပးဆပ္ရမည့္နည္းက ဒီတစ္နည္းသာ႐ွိေတာ့မည္။ သားငယ္နဲ႔ ထိုေကာင္ေလးၾကားတြင္ မိမိကိုယ္တိုင္သာ လူၾကမ္းအျဖစ္ခံ၍ သူတို႔ႏွစ္ေယာက္ကိုခြဲမွရေတာ့မည္။ ေသြးပူေနခ်ိန္တြင္ေတာ့ သားငယ္ ခံစားရမွာျဖစ္ေပမယ့္ အခ်ိန္ၾကာလို႔ ေသြးေအးသြားတဲ႔အခ်ိန္မွာေတာ့ သားငယ္ ထိုေကာင္ေလးကို ေမ့သြားမွာပါ။

ငယ္႐ြယ္ေသးတဲ႔အေပၚ ေႏြးေထြးမႈေပးဖို႔ ေလ်ာ့နည္းတဲ႔ ဒီအေမေၾကာင့္၊ အသံုးမက်လြန္းတဲ႔ ဒီအေမေၾကာင့္ မိမိထက္ပိုတဲ႔ ေႏြးေထြးမႈေပးတဲ႔ သူအေပၚ ခင္တြယ္တာကို သားငယ္အေနနဲ႔ အခ်စ္လို႔ အဓိပၸာယ္ေကာက္ လႊဲမွားသြားတာမ်ိဳးပဲျဖစ္မွာ။

ဒါေတြအားလံုးက သူမ အသံုးမက်မႈေတြေၾကာင့္၊ သူမ အားနည္းခ်က္ေတြေၾကာင့္၊ သူမ ေပါ့ေလ်ာ့မႈေတြေၾကာင့္၊ မိခင္တစ္ေယာက္အေနနဲ႔ သူမ တာဝန္မေက်ပြန္မႈေတြေၾကာင့္သာ သားငယ္ခုလို လမ္းလႊဲရတာ။ သားရယ္ အေမ့ကို ခြင့္မလႊတ္ပါနဲ႔။

အသံုးမက်တဲ႔ ဒီအေမ ......

မိခင္ တာဝန္မေက်တဲ႔ ဒီအေမ ......

သားသမီးအေပၚ ေႏြးေထြးမႈေတြ ေပါ့ေလ်ာ့ခဲ႔တဲ႔ ဒီအေမ ......

စီးပြားေရးကိုသာ လုပ္ေဆာင္ေနၿပီး သားနဲ႔သမီးကို ေမ့ေလ်ာ့ခဲ႔တဲ႔ ဒီအေမ ......

ဒီအေမကို နားက်ည္းလိုက္ပါ။ မုန္းတီးလိုက္ပါ။ သားရဲ႕ နားက်ည္းမႈေတြ၊ မုန္းတီးမႈေတြနဲ႔ အေမက ထိုက္တန္ပါတယ္။ သားကို အျပစ္မတင္ပါဘူး။ ဒါေတြအားလံုးက အေမ့ရဲ႕အမွားေၾကာင့္ ျဖစ္ရတာ။ သားမွာ ျမဴတစ္မႈန္ေတာင္ အျပစ္မ႐ွိပါဘူး။ အေမ့ရဲ႕ အျပစ္ေတြကိုသာ ဒီတစ္နည္းနဲ႔သာ ျပန္ဆပ္ပါရေစကြယ္။

ေျပာမထြက္လာေသာစကားလံုးမ်ား၊ ရင္ႏွင့္မဆန္႔ေသာ ခံစားခ်က္မ်ားကို သားငယ္အခန္းေ႐ွ႕တြင္ ထိုင္ခ်ကာ ရင္ဘတ္ကို လက္သီးဆုပ္နဲ႔ထုရင္းသာ ငို႐ႈိက္လိုက္ေတာ့သည္။

ဒီအေမရဲ႕ အသံုးမက်မႈ ...

ဒီအေမရဲ႕ ပ်က္ကြပ္မႈ ...

ဒီအေမရဲ႕ တာဝန္မေက်မႈ ...

ဒီအေမရဲ႕ ......

ေတာင္းပန္ပါတယ္ ေတာင္းပါတယ္ ကံၾကမၼာရယ္။ ႐ွင္ရက္စက္လို႔မွမဝေသးရင္ ကြၽန္မရဲ႕ အသက္ကိုပဲ ယူပါေတာ့။ ကြၽန္မသားရဲ႕ တက္လမ္းေတြ၊ ႏုနယ္ေသးတဲ႔ သားရဲ႕စိတ္ေတြကို ထိခိုက္ေအာင္ မလုပ္ပါနဲ႔။ ကြၽန္မ ... ကြၽန္မရဲ႕ အသက္ကိုသာ ယူလိုက္ပါေတာ့။ ကြၽန္မ တစ္ေယာက္ထဲကိုပဲ ဆိုးဝါးတဲ႔ရက္စက္မႈေတြပဲ ေပးပါေတာ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ္ေ႐ွ႕ဧည့္ခန္းတြင္ ဘယ္ျပန္ညာဘျပန္ အေခါက္ေခါက္ေလွ်ာက္ကာ ျပန္ေျဖမည့္သူမ႐ွိေသာ ဖုန္းကိုသာ ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိ ဆက္ေနမိသည္။

လူႀကီးမင္း ေခၚဆိုေသာ ဖုန္းမွာ .........

က်စ္ ... လာျပန္ၿပီ ဒီလူႀကီးမင္း ......

လင္းခန္႔ end call ကိုႏွိပ္ကာ ေနာက္တစ္ႀကိမ္ျပန္ဆက္လိုက္ေတာ့လည္း ......

တူ ... တူ ... တူ ...

လူႀကီးမင္း ေခၚဆိုေသာ ဖုန္းမွာ .........

သတ္မွတ္ခ်ိန္တစ္ခုအထိ ကိုင္မည့္သူမ႐ွိေသာ တစ္ဖက္ဖုန္းမွ ျပန္ေျဖသံေၾကာင့္ ေဒါသထြက္ကာ တက္ေခါက္မိသည္။

ေတာက္!!!

" ကဲပါ လင္းခန္႔ရာ ခဏေလာက္ ထိုင္ပါဦး။ ေရာက္လာထဲက ဖုန္းတဂြမ္ဂြမ္ဆက္ေနတာ မင္းဖုန္းက လူသာဆို ထေအာ္ေနေလာက္ၿပီ "

" ဟုတ္တယ္ လင္းခန္႔ ခဏေလာက္ ထိုင္ပါဦး။ မင္းၾကည့္ၿပီး ငါတို႔ေတာင္ ေခါင္းေတြမူးေနၿပီ "

သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ စကားေၾကာင့္ ဖုန္းကိုစားပြဲေပၚပစ္တင္လိုက္ကာ ထိုင္ခံုေပၚ ထိုင္ခ်လိုက္ၿပီး ဒူးေခါင္းေပၚ တံေတာင္တင္လိုက္၍ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ခပ္ၾကမ္းၾကမ္ ဖိပြတ္လိုက္မိသည္။

" ငါ့ စိတ္ထဲ အရမ္းေလးေနတယ္။ ဟန္က တစ္ခါမွ ဒီလိုမဟုတ္ဘူး။ သူအိမ္ေရာက္တာနဲ႔ ငါ့ဆီ ဖုန္းဆက္ေနၾက။ ခုက အခ်ိန္ေတာင္ ေတာ္ေတာ္ေနာက္က်ေနၿပီ "

စိုးရိမ္ပူပန္မႈအျပည့္ႏွင့္ မ်က္ႏွာငယ္ေလးေျပာလာေသာ သူငယ္ခ်င္းျဖစ္သူေၾကာင့္ ဟိန္းမင္း သက္ျပင္းခ်လိုက္ကာ

" မင္းကလည္းကြာ သူလည္း ခရီးပန္းလာေတာ့ ေမ့သြားတာေနမွာေပါ့။ နာရီလည္းၾကည့္ၾကည့္ဦး ခုခ်ိန္ဆို မင္းကေလး တေရးရေနေလာက္ၿပီ "

" ဟုတ္သားပဲကြာ အဲ႔ေလာက္ထိလည္း စိတ္မပူပါနဲ႔ကြာ "

ဟိန္းမင္းစကားေၾကာင့္ သူနရံကပ္နာရီကိုၾကည့္လိုက္ေတာ့ ၁၁နာရီေတာင္ခြဲေတာ့မည္။

အရင္က အိမ္ေရာက္ၿပီဆိုတာနဲ႔ မိမိဆီဖုန္းလွမ္းဆက္ကာ ေျပာတတ္ေသာသူက ယခု ည၁၁ခြဲေတာ့မည့္ အခ်ိန္ထိ ဖုန္းဆက္မလာသလို၊ လိုင္းလည္းမတက္လာခဲ႔။ ယုတ္စြအဆံုး စာတစ္ေစာင္ေတာင္ မိမိဆီမပို႔လာခဲ႔။ ဘာေတြမ်ားျဖစ္ေနလို႔ပါလိမ့္။ ခုမွေအးစက္ေနေသာ မိမိတို႔ႏွစ္ေယာက္ဆက္ဆံေရးက ျပန္ေျပလည္မလိုျဖစ္ကာ႐ွိေသး။

ဟူးးး

ဆိုဖာခံုကိုေနာက္ျပန္ ေခါင္းမွီလိုက္ကာ လင္းခန္႔သက္ျပင္းခ်လိုက္မိသည္။ အနားကသူငယ္ခ်င္းႏွစ္ေယာက္ကိုလည္း အားနာလာတာေၾကာင့္ စားပြဲေပၚပစ္တင္ထားေသာ ဖုန္းကိုျပန္ေကာက္ယူလိုက္ကာ သူငယ္ခ်င္းႏွစ္ေယာက္ကို အသာၿပံဳးျပ၍

" တစ္ခါမွ ဒီလိုမျဖစ္ဘူးလို႔ ငါစိုးရိမ္လြန္သြားတာပါကြာ။ မင္းတို႔လည္း ခရီးပန္းလာတာမဟုတ္လား အိပ္က်ေတာ့ ညလည္းနက္ေတာ့မယ္။ ငါလည္းအိပ္ေတာ့မယ္ good night "

ေျပာၿပီးထိုင္ခံုမွထကာ သူငယ္ခ်င္းေတြကို ေက်ာခိုင္းလိုက္သည့္ႏွင့္ တစ္ၿပိဳင္နက္ လင္းခန္႔မ်က္ႏွာထက္မွ အၿပံဳးယဲ႔ယဲ႔ေလးက ကြယ္ေပ်ာက္သြားရသည္။ လင္းခန္႔ထသြားသည္အထိ ၿငိမ္သက္ေနေသာ ဟိန္းမင္းသူနဲ႔ အံ႔မင္းသာမွာေတာ့ လင္းခန္႔ အခန္းထဲဝင္ကာ တံခါးပိတ္သြားေတာ့မွ သက္ျပင္းၿပိဳင္တူခ်လိုက္ကာ

" ဒီေကာင္ ဟန္စစ္ကို ခ်စ္တာသိေပမယ့္ ဒီေလာက္အထိလို႔ေတာ့ ငါမထင္ထားဘူး "

႐ုတ္တရက္ထေျပာလာေသာ အံ႔မင္းစကားကို ဟိန္းမင္း ေခါင္းညိတ္ေထာက္ခံလိုက္ကာ

" ျပန္ေရာက္တာကို ဖုန္းေလးတစ္ခ်က္မဆက္တာ ကမာၻပ်က္မလိုေတာင္ ျဖစ္ေနပါလား။ ေၾသာ္ ... ခ်စ္ေတာ့လည္း တစ္ဒုကၡပါလားေနာ္ "

ဟိန္းမင္းစကားေၾကာင့္ ေခါင္းတညိတ္ညိတ္နဲ႔ အံ႔မင္းၿပံဳးလိုက္ကာ

" ဒါကေတာ့ မင္းလိုFAေကာင္က ဘယ္နားလည္ပါ့မလဲကြာ "

အံ႔မင္းသာရဲ႕စကားကို ဟိန္းမင္းသူက မ်က္စိေ႐ွ႕တြင္႐ွိေနေသာ သတင္းစာကိုေကာက္ယူကာ ပစ္ေပါက္ျခင္းျဖင့္ တံု႔ျပန္လိုက္ေလသည္။

ထိုေနညက ကိုင္မည့္သူမ႐ွိေသာ ဖုန္းကိုသာဆက္တိုက္ေခၚေနေသာ ေကာင္ေလးတစ္ေယာက္ႏွင့္ ဖုန္းဝင္လာတိုင္းလင္းလာေသာ လြယ္အိတ္ေလးနံေဘးမွ ဖုန္းေလးရဲ႕အလင္းသဲ႔သဲ႔သာ႐ွိေသာ အိမ္ထဲမွ လူသံုးဦးမွာလည္း စိတ္ပူပန္မႈကိုယ္စီ ကိုယ္ငွ႐ွိေနၾကေလသည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Note

တာ့တာ့ေနာ္။ လကုန္မွ ျပန္ဆံုၾကမယ္


ခ်စ္ေသာ💕💕
Coral

-------------------------------------------

Part(28)

" သူက ... သူက ... သားချစ်သူပါ "

သားဖြစ်သူရဲ့နှုတ်က ထွက်ကျလာသော ထိုစကားတစ်ခွန်းက သူမနားထဲ နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သလိုပင်။ သားချစ်သူတဲ့ ဒါဆို မိမိရဲ့သားက .........

ရက်စက်လိုက်တာ ရက်စက်လိုက်တာ ကံကြမ္မာရယ်။ သူမဘဝထဲက အစ်ကို့ကိုဆွဲထုတ်သွားကာ ကလေးငယ်နှစ်ယောက်နဲ့ ဒုက္ခပင်လယ်ဝေစေခဲ့ရုံနဲ့ မကျေနပ်နိုင်သေးဘူးလား။ မလုံလောက်သေးလို့လား။ သူမသားကိုပါ လူတွေရဲ့ပါးစပ်ဖျားမှာ အခြောက်ဆိုပြီး ရှုတ်ချသိမ်ငယ်စေချင်သေးတာလား။

ဖြေမဆည်နိုင်မှု၊ လက်မခံနိုင်မှု၊ မယုံကြည်နိုင်မှုတို့ကို ကံကြမ္မာပေါ်သာ ယိုးစွပ်၍ သူမ ဒေါသတို့ကို မျက်ရည်များဖြင့်ပြောင်းလဲကာ ငိုရှိုက်မိသည်။ မိမိ တစ်ခါမျှသာ နစ်နစ်နာနာပြောဖို့မဆိုနှင့် လက်နှင့်မရွယ်ခဲ့ဘူးသော သားငယ်ကိုသာ အငြိုးတကြီးရိုက်နှက်နေမိသည်။

အမေဖြစ်သူတွက်မစဉ်းစားပေးခြင်း၊ အစ်မဖြစ်သူတွက် မငဲ့ကြည့်ပေးခြင်းဟုဆိုကာ သားငယ်ကိုသာ ပြစ်တင်ကြိမ်းမောင်းနေမိသည်။ မျက်နှာပြောင်တိုက်ရဲလိုက်တာဟု ပြောဆိုနေမိသည်။

" မေမေ သား ဘာများမျက်နှာပြောင်တိုက်လို့လဲ။ သားလဲ တစ်ခြားသူတွေလို မိသားစုနဲ့ နေချင်သူပဲလေ။ သား ချစ်မိတဲ့သူက မိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက် ဖြစ်တာနဲ့ပဲ မျက်နှာပြောင်တိုက်တာမှမဟုတ်တာ။ သား သူများမိသားစုကို ပျက်စီးအောင် ဖျက်စီးနေသူလည်း မဟုတ်ဘူး၊ သူများ သားပျိုသမီးပျိုကို ဖျက်စီးနေတဲ့သူလည်း မဟုတ်ဘူး။ သားချစ်မိတဲ့သူကလည်း သားလို လူပျိုလူလွတ်တစ်ယောက်ပဲလေ "

သားငယ်ရဲ့ တုန့်ပြန်စကားက သူမရဲ့ရင်ကို နာကျင်စေရသည်။ မှန်ပါတယ် သားငယ် ချစ်တဲ့သူက သားငယ်လို လူပျိုလူလွတ်တစ်ယောက်။ ပြီးတော့ မိန်းကလေးမဟုတ်တဲ့ ယောက်ျားလေးတစ်ယောက်။ သားငယ်ချစ်မိတာက အပြစ်မရှိပေမယ့် မည်သူက သားငယ်ဘက်က တွေးတောပေးမည်သနည်း။ မည်သူကများ သားငယ်လေးရဲ့ ခံစားချက်ကို နားလည်ပေးမည်သနည်း။

ဘယ်သူ တစ်ဦးတစ်ယောက်ကမျှ သားငယ်လေးရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မှာမဟုတ်သလို၊ သားငယ်လေးကို ဝိုင်းလက်ညှိုးထိုးကာ ဝေဖန်ပုတ်ခတ်ပြောဆိုကြမည့်သူတွေကြီးသာ။

လူတိုင်းက ကိုယ့်ထမင်း ကိုယ်စားကြပေမယ့် တစ်ဖက်သားရဲ့ အားနည်းချက်၊ အပြစ်တွေကို မြိန်ရှက်စွာ ပြောဆိုချင်ကြသူတွေကြီးသာ။ အရိုးမရှိသော လျှာ၊ အလကားရသော လေကို အသုံးချကာ လူတစ်ဖက်သားကို ထိခိုက်နစ်နာအောင် ပြောဆိုနေကြချင်သူကြီးသာ။ ငါ့စကားနွားရကဲ့သို့ ကိုယ်ပြောလိုက်သောစကားကြောင့် တစ်ဖက်လူ ဘာဖြစ်သွားမည်ကိုမသိ။ ထည့်မစဉ်းစား။ လူတွေလောက်ကြောက်ဖို့ကောင်းတာ လူတွေပင်။

လောကရဲ့အကြောင်းကို နားမလည်သေးတဲ့ မိမိရဲ့သားငယ်လေးကို ထိုကြောက်ဖို့ကောင်းသော လူတွေရဲ့နှုတ်ဖျားကြောင့် သားလေးရဲ့ဘဝကို မနစ်မွှန်းစေချင်။

လူတွေရဲ့ပါးစပ်ဖျားကို သူမကြောက်ပါဘိ။ လူတွေရဲ့စိတ်ကို သူမတို့ အဆင်မပြေစဉ်က ပြောဆိုကြသော ရှောင်ဖယ်ကြသော သူတွေမှတစ်ဆင့် သူမမျိုးစုံကို သိခဲ့ကြုံတွေ့ခဲ့ဖူးပြီ။ မိဘရင်ခွင်က ထွက်ကာ လူ့လောကထဲကို ဝင်ရောက်တော့မယ့် သားငယ်လေးကိုတော့ စက်ဆုပ်ဖွယ်ရာ လူတွေရဲ့ နှုတ်ဖျားက သုံးစားမရသော စကားလုံးများကြောင့် စိတ်မထိခိုက်စေချင်။

သားငယ်လေးပေါ် ကျရောက်လာမည့် ကြမ္မာဆိုးကို သူမကိုယ်တိုင်တားမည်။ သားငယ် သူမကို မုန်းပါစေ၊ နာကျည်းပါစေ၊ ဒီအမေက ခွင့်လွှတ်ပေးမည်။ ကြမ္မာဆိုးတွေကို သားငယ်ရှေ့က မတ်မတ်ရပ်ကာ သူမတစ်ယောက်ထဲပဲ ခါးစည်းခံမည်။ သူမရဲ့ စေတနာကို တစ်နေ့တော့ သားငယ် နားလည်ကောင်းပါရဲ့။ သူမကို တစ်သက်လုံးနာကျည်းသွားမည်ဆိုရင်တောင် ကိစ္စမရှိပါ။ မိခင်တစ်ယောက်က သားအပေါ်ပေးဆပ်မှုတွက် ဘာတွေကိုများမျှော်လင့်တောင့်တရမည်နည်း။ ပေးဆပ်မှုတို့က ဗလာနတၳိ၊ မျှော်လင့်မှုမရှိပေ။ သူမသား ကောင်းစားဖို့တွက်ကလွှဲ၍ သားဆီက တုန့်ပြန်လာမည့် လိုချင်မှုတစ်စုံတစ်ရာ မက်မောမှုမရှိ။

ဒါတွေအားလုံးက သူမရဲ့ သွန်သင်ဆုံးမမှုအားနည်းခဲ့လို့။ လူပုံအလယ် ကိုယ့်သားသမီး မျက်နှာမငယ်အောင်၊ လူတန်းစေ့နေနိုင်အောင် စီးပွားရေးသားလုပ်နေပြီး မိခင်တစ်ယောက်အနေနဲ့ သားသမီးအပေါ် နွေးထွေးမှုပေးဖို့ ပေါ့လျော့ခဲ့တာတွေကြောင့်သာ ယခုလိုမျိုးတွေဖြစ်လာခဲ့ရတာ။ သူမသာ သားနဲ့သမီးကို ယခုထက်ပို၍ အနည်းငယ်သာ နွေးထွေးပေးခဲ့မည်ဆိုလျှင် သားငယ်ယခုကဲ့သို့ လမ်းမှားကို ရောက်လိမ့်မည်မဟုတ်။

မိမိရဲ့အမှားတွေတွက် ပြန်လည်ပေးဆပ်ရမည့်နည်းက ဒီတစ်နည်းသာရှိတော့မည်။ သားငယ်နဲ့ ထိုကောင်လေးကြားတွင် မိမိကိုယ်တိုင်သာ လူကြမ်းအဖြစ်ခံ၍ သူတို့နှစ်ယောက်ကိုခွဲမှရတော့မည်။ သွေးပူနေချိန်တွင်တော့ သားငယ် ခံစားရမှာဖြစ်ပေမယ့် အချိန်ကြာလို့ သွေးအေးသွားတဲ့အချိန်မှာတော့ သားငယ် ထိုကောင်လေးကို မေ့သွားမှာပါ။

ငယ်ရွယ်သေးတဲ့အပေါ် နွေးထွေးမှုပေးဖို့ လျော့နည်းတဲ့ ဒီအမေကြောင့်၊ အသုံးမကျလွန်းတဲ့ ဒီအမေကြောင့် မိမိထက်ပိုတဲ့ နွေးထွေးမှုပေးတဲ့ သူအပေါ် ခင်တွယ်တာကို သားငယ်အနေနဲ့ အချစ်လို့ အဓိပ္ပာယ်ကောက် လွှဲမှားသွားတာမျိုးပဲဖြစ်မှာ။

ဒါတွေအားလုံးက သူမ အသုံးမကျမှုတွေကြောင့်၊ သူမ အားနည်းချက်တွေကြောင့်၊ သူမ ပေါ့လျော့မှုတွေကြောင့်၊ မိခင်တစ်ယောက်အနေနဲ့ သူမ တာဝန်မကျေပွန်မှုတွေကြောင့်သာ သားငယ်ခုလို လမ်းလွှဲရတာ။ သားရယ် အမေ့ကို ခွင့်မလွှတ်ပါနဲ့။

အသုံးမကျတဲ့ ဒီအမေ ......

မိခင် တာဝန်မကျေတဲ့ ဒီအမေ ......

သားသမီးအပေါ် နွေးထွေးမှုတွေ ပေါ့လျော့ခဲ့တဲ့ ဒီအမေ ......

စီးပွားရေးကိုသာ လုပ်ဆောင်နေပြီး သားနဲ့သမီးကို မေ့လျော့ခဲ့တဲ့ ဒီအမေ ......

ဒီအမေကို နားကျည်းလိုက်ပါ။ မုန်းတီးလိုက်ပါ။ သားရဲ့ နားကျည်းမှုတွေ၊ မုန်းတီးမှုတွေနဲ့ အမေက ထိုက်တန်ပါတယ်။ သားကို အပြစ်မတင်ပါဘူး။ ဒါတွေအားလုံးက အမေ့ရဲ့အမှားကြောင့် ဖြစ်ရတာ။ သားမှာ မြူတစ်မှုန်တောင် အပြစ်မရှိပါဘူး။ အမေ့ရဲ့ အပြစ်တွေကိုသာ ဒီတစ်နည်းနဲ့သာ ပြန်ဆပ်ပါရစေကွယ်။

ပြောမထွက်လာသောစကားလုံးများ၊ ရင်နှင့်မဆန့်သော ခံစားချက်များကို သားငယ်အခန်းရှေ့တွင် ထိုင်ချကာ ရင်ဘတ်ကို လက်သီးဆုပ်နဲ့ထုရင်းသာ ငိုရှိုက်လိုက်တော့သည်။

ဒီအမေရဲ့ အသုံးမကျမှု ...

ဒီအမေရဲ့ ပျက်ကွပ်မှု ...

ဒီအမေရဲ့ တာဝန်မကျေမှု ...

ဒီအမေရဲ့ ......

တောင်းပန်ပါတယ် တောင်းပါတယ် ကံကြမ္မာရယ်။ ရှင်ရက်စက်လို့မှမဝသေးရင် ကျွန်မရဲ့ အသက်ကိုပဲ ယူပါတော့။ ကျွန်မသားရဲ့ တက်လမ်းတွေ၊ နုနယ်သေးတဲ့ သားရဲ့စိတ်တွေကို ထိခိုက်အောင် မလုပ်ပါနဲ့။ ကျွန်မ ... ကျွန်မရဲ့ အသက်ကိုသာ ယူလိုက်ပါတော့။ ကျွန်မ တစ်ယောက်ထဲကိုပဲ ဆိုးဝါးတဲ့ရက်စက်မှုတွေပဲ ပေးပါတော့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်ရှေ့ဧည့်ခန်းတွင် ဘယ်ပြန်ညာဘပြန် အခေါက်ခေါက်လျှောက်ကာ ပြန်ဖြေမည့်သူမရှိသော ဖုန်းကိုသာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဆက်နေမိသည်။

လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ .........

ကျစ် ... လာပြန်ပြီ ဒီလူကြီးမင်း ......

လင်းခန့် end call ကိုနှိပ်ကာ နောက်တစ်ကြိမ်ပြန်ဆက်လိုက်တော့လည်း ......

တူ ... တူ ... တူ ...

လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ .........

သတ်မှတ်ချိန်တစ်ခုအထိ ကိုင်မည့်သူမရှိသော တစ်ဖက်ဖုန်းမှ ပြန်ဖြေသံကြောင့် ဒေါသထွက်ကာ တက်ခေါက်မိသည်။

တောက်!!!

" ကဲပါ လင်းခန့်ရာ ခဏလောက် ထိုင်ပါဦး။ ရောက်လာထဲက ဖုန်းတဂွမ်ဂွမ်ဆက်နေတာ မင်းဖုန်းက လူသာဆို ထအော်နေလောက်ပြီ "

" ဟုတ်တယ် လင်းခန့် ခဏလောက် ထိုင်ပါဦး။ မင်းကြည့်ပြီး ငါတို့တောင် ခေါင်းတွေမူးနေပြီ "

သူငယ်ချင်းနှစ်ယောက်ရဲ့ စကားကြောင့် ဖုန်းကိုစားပွဲပေါ်ပစ်တင်လိုက်ကာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး ဒူးခေါင်းပေါ် တံတောင်တင်လိုက်၍ မျက်နှာကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ် ဖိပွတ်လိုက်မိသည်။

" ငါ့ စိတ်ထဲ အရမ်းလေးနေတယ်။ ဟန်က တစ်ခါမှ ဒီလိုမဟုတ်ဘူး။ သူအိမ်ရောက်တာနဲ့ ငါ့ဆီ ဖုန်းဆက်နေကြ။ ခုက အချိန်တောင် တော်တော်နောက်ကျနေပြီ "

စိုးရိမ်ပူပန်မှုအပြည့်နှင့် မျက်နှာငယ်လေးပြောလာသော သူငယ်ချင်းဖြစ်သူကြောင့် ဟိန်းမင်း သက်ပြင်းချလိုက်ကာ

" မင်းကလည်းကွာ သူလည်း ခရီးပန်းလာတော့ မေ့သွားတာနေမှာပေါ့။ နာရီလည်းကြည့်ကြည့်ဦး ခုချိန်ဆို မင်းကလေး တရေးရနေလောက်ပြီ "

" ဟုတ်သားပဲကွာ အဲ့လောက်ထိလည်း စိတ်မပူပါနဲ့ကွာ "

ဟိန်းမင်းစကားကြောင့် သူနရံကပ်နာရီကိုကြည့်လိုက်တော့ ၁၁နာရီတောင်ခွဲတော့မည်။

အရင်က အိမ်ရောက်ပြီဆိုတာနဲ့ မိမိဆီဖုန်းလှမ်းဆက်ကာ ပြောတတ်သောသူက ယခု ည၁၁ခွဲတော့မည့် အချိန်ထိ ဖုန်းဆက်မလာသလို၊ လိုင်းလည်းမတက်လာခဲ့။ ယုတ်စွအဆုံး စာတစ်စောင်တောင် မိမိဆီမပို့လာခဲ့။ ဘာတွေများဖြစ်နေလို့ပါလိမ့်။ ခုမှအေးစက်နေသော မိမိတို့နှစ်ယောက်ဆက်ဆံရေးက ပြန်ပြေလည်မလိုဖြစ်ကာရှိသေး။

ဟူးးး

ဆိုဖာခုံကိုနောက်ပြန် ခေါင်းမှီလိုက်ကာ လင်းခန့်သက်ပြင်းချလိုက်မိသည်။ အနားကသူငယ်ချင်းနှစ်ယောက်ကိုလည်း အားနာလာတာကြောင့် စားပွဲပေါ်ပစ်တင်ထားသော ဖုန်းကိုပြန်ကောက်ယူလိုက်ကာ သူငယ်ချင်းနှစ်ယောက်ကို အသာပြုံးပြ၍

" တစ်ခါမှ ဒီလိုမဖြစ်ဘူးလို့ ငါစိုးရိမ်လွန်သွားတာပါကွာ။ မင်းတို့လည်း ခရီးပန်းလာတာမဟုတ်လား အိပ်ကျတော့ ညလည်းနက်တော့မယ်။ ငါလည်းအိပ်တော့မယ် good night "

ပြောပြီးထိုင်ခုံမှထကာ သူငယ်ချင်းတွေကို ကျောခိုင်းလိုက်သည့်နှင့် တစ်ပြိုင်နက် လင်းခန့်မျက်နှာထက်မှ အပြုံးယဲ့ယဲ့လေးက ကွယ်ပျောက်သွားရသည်။ လင်းခန့်ထသွားသည်အထိ ငြိမ်သက်နေသော ဟိန်းမင်းသူနဲ့ အံ့မင်းသာမှာတော့ လင်းခန့် အခန်းထဲဝင်ကာ တံခါးပိတ်သွားတော့မှ သက်ပြင်းပြိုင်တူချလိုက်ကာ

" ဒီကောင် ဟန်စစ်ကို ချစ်တာသိပေမယ့် ဒီလောက်အထိလို့တော့ ငါမထင်ထားဘူး "

ရုတ်တရက်ထပြောလာသော အံ့မင်းစကားကို ဟိန်းမင်း ခေါင်းညိတ်ထောက်ခံလိုက်ကာ

" ပြန်ရောက်တာကို ဖုန်းလေးတစ်ချက်မဆက်တာ ကမ္ဘာပျက်မလိုတောင် ဖြစ်နေပါလား။ သြော် ... ချစ်တော့လည်း တစ်ဒုက္ခပါလားနော် "

ဟိန်းမင်းစကားကြောင့် ခေါင်းတညိတ်ညိတ်နဲ့ အံ့မင်းပြုံးလိုက်ကာ

" ဒါကတော့ မင်းလိုFAကောင်က ဘယ်နားလည်ပါ့မလဲကွာ "

အံ့မင်းသာရဲ့စကားကို ဟိန်းမင်းသူက မျက်စိရှေ့တွင်ရှိနေသော သတင်းစာကိုကောက်ယူကာ ပစ်ပေါက်ခြင်းဖြင့် တုံ့ပြန်လိုက်လေသည်။

ထိုနေညက ကိုင်မည့်သူမရှိသော ဖုန်းကိုသာဆက်တိုက်ခေါ်နေသော ကောင်လေးတစ်ယောက်နှင့် ဖုန်းဝင်လာတိုင်းလင်းလာသော လွယ်အိတ်လေးနံဘေးမှ ဖုန်းလေးရဲ့အလင်းသဲ့သဲ့သာရှိသော အိမ်ထဲမှ လူသုံးဦးမှာလည်း စိတ်ပူပန်မှုကိုယ်စီ ကိုယ်ငှရှိနေကြလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Note

တာ့တာ့နော်။ လကုန်မှ ပြန်ဆုံကြမယ်



ချစ်သော💕💕
Coral

Continue lendo

Você também vai gostar

84.1K 3.5K 4
Wattpad Author ေတြရဲ႕ Collabration ျဖစ္တဲ့ Seven Petals ဆိုတဲ့ စာအုပ္ထဲမွာပါတဲ့ ညေမႊးရဲ႕ ဇာတ္လမ္းပါ ။ Wattpad Author တွေရဲ့ Collabration ဖြစ်တဲ့ Sev...
30.6K 1.6K 31
Jaysean Johnson Jr. a rising star at his father alumni college, LSU He is taking after his father footsteps by storm. Many people see him as his fat...
25.8K 2.1K 102
"There are a few moments in life that are perfect and surreal; like a beautiful dream you don't want to wake up from, but when you do, you can't seem...
6.1K 242 9
အိမ်ထောင်ရှိသော်လည်း မချစ်တတ်တဲ့ CEOကောင်လေးနဲ့ ဘဝပေးအခြေအနေကြောင့် လူတစ်ချို့ကို လှည့်ဖျားပြီးပိုက်ဆံရှာ‌နေရတဲ့ကောင်လေး သူတို့နှစ်ယောက် ဘယ်လိုအ‌ကြ...