Dreams(Completed)

By Park_Harnuu

106K 6.9K 225

Idol Park Chanyeol and his fanboy Baekhyun More

Dreams ep1
Dreams ep 2
Dreams ep3
Dreams ep4
Dreams ep 5
Dreams ep 6
Dreams ep7
Dreams ep8
Dreams ep9
Dreams ep 10
Dreams ep11
Dreams ep12
Dreams ep 13
Dreams ep 14
Dreams ep 15
Dreams ep 16
Dreams ep 17
Dreams ep 18
Dreams ep 19
Dreams ep 20
Dreams ep 21
Dreams ep 22
Dreams ep 23
Dreams ep 24
Dreams ep 25
Dreams ep 26
Dreams ep 27
Dreams ep 28
Dreams ep 29
Dreams ep 30
Dreams ep 32
Dreams Final

Dreams ep 31

2.4K 171 5
By Park_Harnuu

Busan ကပြန်​လာပြီး​နောက်​ Baekhyun Chanyeol ၏အိမ်​တွင်​ လိုက်​​နေခဲ့သည်​ ။ Baekhyun မိဘများကလည်း သူတို့ကိုနားလည်​​ပေးပြီး သ​ဘောတူခဲ့သည်​ ။ ​နောက်​ထပ်​တဖန်​ပြန်​စခဲ့​သော သူတို့ရဲ့ Relationship က​တော့ အရင်​ကထက်​ခိုင်​မြဲစွာနဲ့ ​ပျော်​ရွှင်​ဖွယ်​အတိဖြစ်​​နေခဲ့သည်​ ။

ယခုလဲ Chanyeol ၏ရုံးခန်းတွင်​ Chanyeol က စာရင်းဖိုင်​များကို စစ်​​ဆေးလျက်​ရှိပြီး Baekhyun က Chanyeol အလုပ်​လုပ်​​နေသည်​ကို ​မေး​ထောက်​ကာ ကြည့်​လျက်​ရှိသည်​ ။

"Chanyeollie မနက်​ဖြန်​ဘယ်​​နေ့လဲ သိလား..."

"​တနင်္ဂ​နွေ​နေ့​လေ ဘာဖြစ်​လို့လဲ ..."

ဖိုင်​​တွေကို အကြည့်​မပျက်​ဘဲ ​ဖြေလာ​သော Chanyeol ​ကြောင့်​ Baekhyun အလိုအ​လျောက်​နှုတ်​ခမ်းဆူလာသည်​ ။

"တကယ်​မသိဘူးလား...."

"​အော်​​ဟော ဒီ​နေ့က feb 12 ရက်​​နေ့​လေ မနက်​ဖြန်​က 13 ရက်​​ပေါ့ ဘာဖြစ်​လို့လဲ..."

Chanyeol သိလျက်​သားနဲ့ တမင်​ပင်​စ​နေလိုက်​သည်​ ။ စိတ်​ဆိုး​နေ​သော Baekhyun က တမျိုး​လေးချစ်​စရာ​ကောင်းသည်​ ။

"​တော်​ပြီ စိတ်​ဆိုးတယ်​ ... ဟွင့်​..."

ပြောပြီး တစ်​ဖက်​သို့လှည့်​သွား​သော Baekhyun ​ကြောင့်​ Chanyeol အသာပြုံးကာ အလုပ်​လုပ်​​နေရာမှထပြီး Baekhyun ထိုင်​​နေသည့်​​နေရာသို့သွားကာ ရင်​ခွင်​ထဲမြုပ်​​နေ​အောင်​ ဖက်​ထားလိုက်​သည်​ ။

"ကိုယ်​က စ​နေတာပါ....ဒီလို​နေ့မျိုးကို ​မေ့စရာလား ...ကိုယ်​တို့ရဲ့ 4 years anniversary ​လေ....ကိုယ့်​ပူတူး​လေးရဲ့.."

"ဟွန်း ​မေ့ရဲ​မေ့ကြည့်​ပါလား ​နောက်​ထပ်​မ​တွေ့နိုင်​တဲ့ ​နေရာထိ ပုန်း​နေမှာ..."

"ကိုယ့်​ကို အဲလိုမစပါနဲ့....မင်းတစ်​ခါထွက်​သွားပြီး ကတည်းက ​သေ​လောက်​​အောင်​ခံစားရတာ ​နောက်​တစ်​ခါဆိုရင်​ ကိုယ်​အသက်​ရှင်​ဖို့မ​သေချာဘူး.."

Baekhyun ၏စကား​ကြောင့်​ ဝမ်းနည်းသွားပုံရ​သော Chanyeol က တိုးတိုး​လေး​ပြောလာ​သော​ကြောင့်​ Baekhyun Chanyeol ၏မျက်​နှာကို လက်​​လေးနဲ့အသာထိကာ ​ပြောလိုက်​သည်​ ။

"ကျွန်​​တော်​က စ​နေတာပါ ​နောက်​တစ်​ခါ Chanyeollie ရဲ့အ​ဝေးကို ထွက်​သွားဖို့ဆိုတာ မဖြစ်​လာ​စေရဘူး Chanyeollie ကအလိုမရှိရင်​​တောင်​ တွယ်​ကပ်​​နေဦးမှာ..."

"ချစ်​တယ်​ Baekhyunee....."

"Nardu Chanyeollie...."

အချင်းချင်း ချစ်​စကားအပြန်​အလှန်​ဆိုခဲ့ကြပြီးသည့်​​နောက်​ နှုတ်​ခမ်းတစ်​စုံက ထပ်​တူကျခဲ့ကြသည်​ ။ ထိုသို့​သော ခံစားချက်​ကို
အဖြစ်​မရှိ​သော FA များကမှု မသိနိုင်​​ပေ။

- - - - - - - - - - - - - - @ - - - - - - - - - - - -

အလုပ်​တာဝန်​အသီးသီး ပြီးဆုံးပြီး​နောက်​ ဝန်​ထမ်းများ၏ အိမ်​ပြန်​ချိန်​ပင်​​ရောက်​လာ​လေပြီ ။ ​ဆောင်းရာသီ ဖြစ်​သဖြင့်​လည်း အပြင်​ဘက်​တွင်​ နှင်းများက တဖွဲဖွဲကျ​နေကြသည်​ ။ Baekhyun နဲ့ Chanyeol တို့လဲ Chanyeol ၏ကား​လေးဖြင့်​ သူတို့နှစ်​ဦး စံ​ပျော်​ရာ ချစ်​စံအိမ်​​လေးသို့ လာကြသည်​ ။

အိမ်​သို့​ရောက်​​ရောက်​ချင်း ပွင့်​​နေ​သော တံခါး​ကြောင့်​ သူတို့နှစ်​​ယောက်​ အံဩပြီး အိမ်​ထဲသို့ဝင်​လာခဲ့ကြသည်​ ။ ထိုအခါ မဖိတ်​​ခေါ်ဘဲ ​​ရောက်​ရှိ​နေ​သော လူနှစ်​​ယောက်​​ကြောင့်​ တစ်​​ယောက်​လက်​ကို တစ်​​ယောက်​တင်းကျပ်​စွာ ဆုပ်​ကိုင်​လိုက်​မိသည်​ ။

"အံဩသွားလား သား​လေး...သားက မလာ​တော့ omma တို့ကလာရတာ​ပေါ့..."

"Omma တို့က ဘာကိစ္စနဲ့..."

"ထိုင်​ပါဦး ​အေး​ဆေး​ပြောကြတာ​ပေါ့..."

Chanyeol နှင့်​ Baekhyun သူတို့နှင့်​ မျက်​နှာချင်းဆိုင်​ ထိုင်​လိုက်​ပြီး​နောက်​ Chanyeol'omma ကစ​ပြောလာသည်​ ။

"ပထမဆုံး သားရဲ့appa လုပ်​ရပ်​အတွက်​ omma ​တောင်းပန်​ပါတယ်​...omma တို့သားအ​ပေါ်မှာ ​တော်​​တော်​​လေး တာဝန်​မ​ကျေခဲ့ဘူး...အခု omma တို့ဒီကိုလာတယ်​ဆိုတာက သားချစ်​တဲ့သူနဲ့ လက်​တွဲလို့ရ​ကြောင်း လာ​ပြောတာ...ဒါ​ပေမဲ့ အ​ပေးအယူတစ်​ခုရှိတယ်​..."

"ဘာများလဲ omma...."

"သား Park လုပ်​ငန်းစုကို အ​မွေဆက်​ခံ​ပေးရမယ်​...သားရဲ့ရည်​ရွယ်​ချက်​အတွက်​ အိမ်​​ပေါ်က ဆင်းသွား​ပေမဲ့ သားက​omma တို့သားဘဲ....သားချစ်​တဲ့သူက ​ယောကျာင်္း​လေးဖြစ်​လဲ ကိစ္စမရှိဘူး.. သားတို့အလိုရှိရင်​ ရင်​​သွေး​မွေးလို့ရတယ်​ဆိုတာကို ဆရာဝန်​တစ်​​ယောက်​ဖြစ်​တဲ့ omma ကနားလည်​​ပေးနိုင်​တယ်​..."

"​ကျေးဇူးပါ omma..."

"Yongmin ရှင်​လဲ သ​ဘောတူ​ကြောင်း က​လေး​တွေကို ​ပြောလိုက်​​လေ..."

"​အေးပါကွာ....ကဲ Chanyeol မင်းဘယ်​သူ့ကို လက်​ထပ်​ထပ်​ appa တို့ ဝင်​မပါ​တော့ဘူး...မင်းဘဝကို မင်းကြိုက်​သလို ​လျှောက်​လှမ်း​ပေ​တော့..."

Chanyeol နားလည်​လိုက်​သည်​ ။ အခြားအရာ​တွေမှာ ​တော်​သ​လောက်​ မိန်းမကို​ကြောက်​ရသည့်​ appa က omma အမိန့်​ကိုမလွန်​ဆန်​နိုင်​တာကို ။ သို့​သော်​ သူနဲ့ Baekhyun တို့၏ ချစ်​ခရီးလမ်းတွင်​ ဆူး​ငြောင့်​တစ်​ခု ဖယ်​ရှားသွားသည့်​အတွက်​ အလွန်​ပင်​ ​ကျေးဇူးတင်​မိသည်​ ။ Baekhyun ကိုကြည့်​လိုက်​​တော့လဲ ဘယ်​လိုမှမထင်​မှတ်​ထားသလို အံဩ​နေပုံရသည်​ ။

"​ကျေးဇူးတင်​ပါတယ်​ Appa နဲ့ Omma ...."

"ကဲ ​ပြောစရာရှိတာ​ပြောပြီးပြီဆို​တော့ Omma တို့သွား​တော့မယ်​ ... ဒီက Baekhyun ​လေးကိုလဲ​တောင်းဆိုပါရ​စေ...သား​လေးကို omma တို့ကိုယ်​စား အများကြီး ဂရုစိုက်​​ပေးပါ.."

"ဟုတ်​ကဲ့ စိတ်​ချပါခင်​ဗျ...."

"​ကောင်းပြီ ဒါဆိုရင်​ သွားပြီ​နော်​..."

"​ကောင်း​ကောင်းသွားပါ ခင်​ဗျ...."

အပြုံးတစ်​ပွင့်​နဲ့ ထွက်​ခွာသွား​သော omma တို့မြင်​ကွင်းက ​ပျောက်​ကွယ်​သွားပြီး​နောက်​ သူတို့​ပျော်​ရွှင်​စွာနဲ့ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ဖက်​တွယ်​လိုက်​ကြသည်​ ။ သူတို့အတွက်​ Happy ending ကတဖြည်းဖြည်းနဲ့ နီးကပ်​လာ​လေပြီ။

- - - - - - - - - - - - - - @ - - - - - - - - - - - -

Kai အိမ်​သို့ဝင်​ဝင်​ချင်း ထူးဆန်း​နေသလိုခံစားရသည်​ ။ omma နဲ့ appa နှစ်​​ယောက်​စလုံးက သူဝင်​လာသည်​ကို စိုက်​ကြည့်​​နေကြသည်​ ။ သို့​သော်​ မသိဟန်​​ဆောင်​ကာ အ​ပေါ်သိုတက်​ရန်​သွား​သော အခါ appa က​ခေါ်လာသည်​ ။

"Kim Jongin ဒီကို ခဏလာခဲ့​ပြောစရာရှိတယ်​..."

"ဟုတ်​ appa..."

သူကိုယ်​ကို ကျူံ့ကာ ​appa တို့​ရှေ့တွင်​ထိုင်​လိုက်​သည်​ ။ ဒီ​နေ့တကယ်​ကို ထူးဆန်းသည်​ ။

"မင်းအသက်​ ဘယ်​​လောက်​ရှိပြီလဲ...."

"ဗျာ..."

ထိုင်​ထိုင်​ချင်း ရုတ်​တရက်​ထ​မေး​သော appa ၏​မေးခွန်း​ကြောင့်​ သူခဏ ​ကြောင်​သွားသည်​ ။

"25 ရှိပါပြီ appa..."

"အင်း ဒီအရွယ်​က အိမ်​​ထောင်​ပြုဖို့အရွယ်​​ကောင်းဘဲ..."

"ဗျာ ..."

"ဗျာမ​နေနဲ့ ငါတို့က မင်းကို အသက်​ ၃၀ ​ကျော်​မှာ​မွေးခဲ့တဲ့အတွက်​ ငါတို့က အို​နေပြီ ငါတို့မ​သေခင်​မင်းကို အိမ်​​ထောင်​ပြု​သွားတာမြင်​ချင်​တယ်​ ဒါ​ပေမဲ့ မင်းက အဖြစ်​မရှိဘဲ ဒီအရွယ်​​ရောက်​တာ​တောင်​ ချစ်​သူဆိုပြီး တစ်​ခါမှလာမပြဖူးဘူး..."

"Appa ဒါကဒီလိုရှိ...."

"​တော်​စမ်း ...ဆင်​​ခြေ​တွေ​ပေးမ​နေနဲ့...မင်းအဖြစ်​မရှိလို့ ငါတို့ကိုယ်​တိုင်​​ပေးစားမလို့ DO လုပ်​ငန်းစုနဲ့ နား​ဖောက်​ပြီးပြီ ငြင်းမယ်​မကြံနဲ့..."

"ဒါ​ပေမဲ့ သားမှလက်​မထပ်​ချင်​​သေးတာ..."

"Appa ​ပြောတာနား​ထောင်​လိုက်​ပါသား​ရေ...ပြီး​တော့ DO လုပ်​ငန်းစုဆိုတာကလည်း omma တို့သူငယ်​ချင်းပိုင်​တာ...​မေ​မေတို့က ငယ်​ငယ်​ကတည်းက ကတိ​ပေးထားကြတာ..သူတို့ရဲ့သား​လေးကလဲ အရမ်းဘဲ ချစ်​စရာ​ကောင်း...."

"Omma တို့ ဒါ​တော့လွန်​သွားပြီ မိန်းက​လေး​တွေဒီ​လောက်​အများကြီးရှိတာ ဘာလို့​ယောကျာင်္းလဲ..."

"မင်းငြင်းခွင့်​မရှိဘူး.... သူတို့ကို ဒီ​နေ့ ထမင်းစားဖိတ်​ထားတယ်​..​ရေမိုးချိုးပြီး အဆင်​သင့်​သွားပြင်​..."

"Appa တို့ Omma တို့မ​ကောင်းဘူး..."

Kai ဆူပုတ်​ပုတ်​ဖြင့်​ မိဘ​တွေ​ရှေ့မှ ထထွက်​လာခဲ့သည်​ ။အခန်းထဲ ​ရောက်​သည်​အထိ ပွစိပွစိ​ပြောလာ​သော သူ့ကို အိမ်​​ဖော်​မ​လေး​တွေကပင်​ လှည့်​ကြည့်​လှည့်​ကြည့်​လုပ်​သွားကြသည်​ ။

" ဘာတဲ့ ချစ်​စရာ​ကောင်းတယ်​...​ယောကျာင်္း​လေးက ဘယ်​လိုချစ်​စရာ​ကောင်းမှာလဲ...ဒါ​ပေမဲ့ ဟိုကတုံး​လေးက​တော့ ချစ်​ဖို့​ကောင်းတယ်​ အဟိ...စလို့လဲ​ကောင်းတယ်​ .... ဒါမဲ့ ငါယူရမှာက ငါ့ထက်​​တော့ မကြီး​လောက်​ပါဘူး​နော်​...ငါသာ bottom ရရင်​​တော်​​တော်​ရှက်​စရာ​ကောင်းမှာ.."

ရေမိုးချိုးပြီးသည်​အထိ အ​တွေးများ​နေ​သောသူ ​အောက်​သို့ဆင်းလာ​တော့ ဧည့်​သည်​​တွေက ​ရောက်​နှင့်​​နေကြပြီ ။ သူဧည့်​သည်​​တွေကိုမကြည့်​ဘဲ မိဘ​တွေ​ဘေးနားသွားထိုင်​လိုက်​သည်​ ။ မျက်​နှာပူပူဖြင့်​ ​ရှေ့က ​ရေခွက်​​ကောက်​​မော့​တော့ သူ​ရှေ့မှ​ကောင်​​လေး၏မျက်​နှာ​ကြောင့်​ ရေသီးကာ ထို​ကောင်​​လေး အင်္ကျီသို့ စင်​သွား​လေသည်​ ။

"ဟာ ခင်​ဗျား..."

သူ့အင်္ကျီစိုသွား​သော​ကြောင့်​ ​ဒေါသထွက်​သွားပုံရသည့်​ ​ကောင်​​လေးက ​အော်​လိုက်​​သော​ကြောင့်​ သူ​တောင်းပန်​လိုက်​ရသည်​ ။

"မင်းက ဟိုစားပွဲထိုး ကြက်​​ကျော်​ပို့တဲ့​ကောင်​​လေးမလား..."

သူ​မေးလိုက်​​တော့ ​ကောင်​​လေး၏ အ​မေဖြစ်​ဟန်​တူ​သော အန်​တီက ​ဖြေသည်​ ။

"သားတို့က သိ​နေကြတာလား ... ဟုတ်​တယ်​သား​ရေ သူက သူ့အားသူကိုးမယ်​ဆိုပြီး သူသုံးမယ့်​ပိုက်​ဆံ​တွေကို အချိန်​ပိုင်းအလုပ်​လုပ်​ပြီး ရှာတယ်​​လေ....တားလို့လဲမရဘူး...အခု​တောင်​ မနည်း​ခေါ်ထားရတာ..."

"​ဟေ့သား Kyungsoo ​လေးကို သားအင်္ကျီတစ်​ထည်​​လောက်​ ​ပေးဝတ်​လိုက်​​လေ...ဟိုမှာစို​နေပြီ..."

"ရပါတယ်​ အန်​တီ..."

"ဘယ်​ရမလဲ သွား Kai ​နောက်​က လိုက်​သွားပြီး ​​အေး​ဆေးစကားသွား​ပြောကြ ..."

မိဘ​တွေ အတင်း​ပြော​သော​ကြောင့်​ kai နဲ့ kyungsoo kai ၏အခန်းသို့ လာကြသည်​ ။Kai ဗီဒိုထဲမှ အင်္ကျီတစ်​ထည်​ထုတ်​​ပေး​တော့ kyungsoo မျက်​​စောင်းထိုးကာ ​ရေချိုးခန်းထဲဝင်​သွား​လေသည်​ ။ Kai ၏အင်္ကျီက Kyungsoo အတွက်​​တော့ကြီးလွန်းသည်​ ။kyungsoo နဲ့ ​ပေါင်​လယ်​​လောက်​သို့ပင်​​ရောက်​​နေ​သော သူ့အင်္ကျီ​ကြောင့် kai ခွီခနဲ့ရယ်​လိုက်​မိသည်​ ။

"​ဘောမို့ ရယ်​တာလား...."

"​ဟေး ငါကမင်းထက်​ အသက်​ကြီးတယ်​​နော်​ ပြီး​တော့မင်း​ယောကျာင်္းဖြစ်​လာမှာ ရိုရို​သေ​သေ ဆက်​ဆံ..."

Kai ​ခေါင်းကိုငုံ့ကာ ​ပြောလိုက်​​တော့ Kyungsoo ကလဲအားကျမခံ ​ခေါင်း​မော့ကာ ပြန်​​အော်​သည်​ ။

"ခင်​ဗျားကို ဘယ်​သူကလက်​ထပ်​မယ်​​ပြောလို့လဲ ..."

"ဒါ​ပေမဲ့ မင်းယူရ​တော့မှာဘဲ​လေ...ငါ့လို လူမျိုးကိုရတာ​တောင်​ မင်းဂုဏ်​ယူရအုန်းမှာ...."

"​အော့​အော့​တွေ....ကျွန်​​တော်​​အောက်​ဆင်းပြီ ခင်​ဗျားလိုက်​ချင်​လိုက်​မလိုက်​ချင်​​နေ...."

လှုပ်​တုတ်​လှုပ်​တုတ်​နဲ့ ​အခန်းထဲမှထွက်​သွား​သော ​ကောင်​​လေး​ကြောင့်​ Kai အဓိပ္ပါလ်​ရှိရှိပြုံးလိုက်​သည်​ ။

သူဒီ​ကောင်​​လေးကို ရ​အောင်​လက်​ထပ်​မည်​....

- - - - - - - - - - - - - - @ - - - - - - - -
EXO comeback မလာခင်​ Dreams ​လေးကို အဆုံးသတ်​​ပေးပါ့မယ်​​နော်​....

ညီမ​လေး​တစ်​​ယောက်​ရဲ့ Fic ကိုလဲဖတ်​​ပေးကြပါဦး ။
angel-614 သူ့ wall ထဲဝင်​ဖတ်​ကြပါ​နော်​ 😘😘

Continue Reading

You'll Also Like

72K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode
6K 557 5
🚨My ambulance🚑 ✨HE Version✨ 📖 🚨My ambulanceဆိုတဲ့ ထိုင်းကားလေးထဲမှာ ဒေါက်တာ တောင့် 👨‍⚕️နဲ့ တွီခေါင်လေး 👦တို့ ရဲ့ ချစ်ဇာတ်လမ်းလေးဟာ ဇာတ်သိမ်းမလှ...
1.3M 58.6K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
4.1K 396 17
မင်းလေးကသာကိုယ်ရဲ့ပျော်ရွှင်မှုလေးပါ...