နက္ရႈိင္း မနက္ ေက်ာင္းလာကတည္းက အတန္းတတ္ရန္ စိတ္မပါ တစ္မနက္ပိုင္းေလာက္ အတန္းတတ္ၿပီး လူက ၿငီးစီစီ ျဖစ္လာ၍ စာၾကည့္တိုက္တြင္ ေကာ္ဖီေသာက္ၿပီး ႏွပ္ေနရန္ အၾကံျဖင့္ သူငယ္ခ်င္း ေက်ာ္ရွိန္းအား အေဖာ္စပ္ၾကည့္သည္။
"ေက်ာ္ႀကီး စာၾကည့္တိုက္သြားမလား"
"ေတာ္ပါၿပီကြာ ဒီေန႔ Fridayဆိုေတာ့ ငါ့crushေလးကို အလြမ္းမသယ္ရေအာင္ အဝစကားေျပာလိုက္အံုးမယ္ မင္းပဲသြားေတာ့ "
"ေအ့ပါကြာ ငါ့ကိုRoll callရရင္ ထိုးေပးထား "
"လဒေကာင္ First yearပဲ ရွိေသးတယ္ ပ်က္စီးေနတာ "
ေက်ာ္ႀကီး ေျပာေနတာကို သူဂရုမစိုက္ပဲ စာၾကည့္တိုက္ဘက္သို႔ထြက္လာခဲ့သည္ ။
စာၾကည့္တိုက္ အေပၚထပ္ကို ေရာက္ေတာ့ သူ႔ရည္ရြယ္ခ်က္က ေကာ္ဖီ အရင္ ဝယ္ရန္...
"ကေလး နည္းနည္းေလာက္ဖယ္ေပးပါလား"
ေကာ္ဖီဝယ္ေနရင္း ၾကားလိုက္သည့္အသံေၾကာင့္ နက္ရွိုင္း မ်က္ခံုးတြန္႔သြားသည္
"ဘာလားငါ့ကို ကေလးတဲ့ ဒီပုေသးေသးကမ်ား "
မွာထားတဲ့ ေကာ္ဖီရၿပီမို႔ နက္ရွိုင္းဘာမွေျပာမေနေတာ့ပဲ ထို ပုေသးေသးအား တစ္ခ်က္ပဲဘုၾကည့္ၾကည့္ကာ ထိုင္ခံုအလြတ္တစ္လံုးဘက္သြားထိုင္လိုက္သည္။
________________________
က်န္ေနခဲ့ သူ ရွင္းမွာ နားမလည္ႏိုင္......
ဘာလား အဲ့ကေလးက စိတ္ဆိုးသြားတာလား
ကိုယ့္ထက္ အသက္ငယ္သူဆို 'ကေလး '
လို႔ပဲ သံုးႏႈန္း တတ္ေသာ သူမ အတြက္ေတာ့ နည္းနည္းထူးဆန္းသည္
ထားပါေတာ့
ေကာ္ဖီေလးခြက္ျဖစ္ေသာေၾကာင့္ သူမ
ေကာ္ဖီေရာင္းေသာအမဆီမွ ဗန္းတစ္ဗန္းငွားလုိက္သည္။
"အဲ့လဲ့ ငါေလး ေတာ္သား ဘာပဲ ျဖစ္ျဖစ္ ဗန္းသြားေပးရမွာပဲေလ "
လမ္းေလ်ာက္ရင္း တစ္ခ်က္ မ်က္လံုးေရာက္သြားတာ ခုနက ကေလးဆီသို႔
ဒင္းက ေကာ္ဖီေလးေသာက္ရင္း နားက်ပ္ေလးတတ္ၿပီး သီခ်င္းနားေထာင္ေနဟန္ရွိသည္
"ေဩာ္ ခုေခတ္ ကေလးေတြ မ်ား စတိုင္ေတြက လန္းခ်က္ပဲ "
(အဘြားေလသံျဖင့္)
"ကဲေရာ့ အမေတာ္ေလးတုိ႔မွာထားတဲ့ ေကာ္ဖီ ရပါၿပီရွင့္ ဗန္းေလး တစ္ေယာက္ေယာက္ သြားမပို႔ခ်င္ဘူးလား"
"အြန္း ငါသြားပို႔ေပးလိုက္မယ္ေလ "
ႏွင္းသက္က ေျပာေျပာဆုိဆုိနဲ႔ ဗန္းကို စာေရးမထံသြားေပးေလသည္။ ႏွင္းသက္ပံုစံေလးမွာ ဘယ္လိုၾကည့္ၾကည့္ ယဥ္လြန္းသည္။ လမ္းေလ်ာက္တာေလးက အစ စကားေျပာသံေလးအဆံုး ယဥ္လြန္းသည္။ ႏွင္းသက္ ဒီဘက္ကို ေလ်ာက္လာေတာ့ ဟုိကေလးက ႏွင္းသက္ကို တစ္ခ်က္ရွိုး လိုက္သည္ကို ရွင္းျမင္လိုက္သည္။
"ေဩာ္ ဒီကေလးကလည္း ငမ္းတတ္သား...."
ေတြးမိတုန္း တန္းလန္း ထုိကေလးအၾကည့္က သူမဆီေရာက္လာသည္
"ဒိန္း"
ထူးထူးဆန္းဆန္း ရင္ထိတ္မိသြားသည္။
ငါၾကည့္တာ သူမိသြားတာလား
ႏွင္းသက္ကိုက် ႏူးႏူးညံ့ညံ့ၾကည့္ေနေသာသူက ရွင္းကိုက် မ်က္ေမွာင္ရွံု႔ကာၾကည့္သည္။
"အမေလး မ်က္ႏွွာလိုက္လိုက္တာ ၾကည့္တာေတာင္ ႏွင္းသက္က်ေတာ့ ေကာင္းေကာင္းၾကည့္ၿပီး ငါ့က်ေတာ့ တစ္မ်ိဳး"
၁၅မိနစ္အၾကာ~~~~~
"သြားရေအာင္ေလ အခ်ိန္ကုန္ေတာ့မယ္ ေနာက္တစ္ခ်ိန္တတ္ၾကမွာမလား"
ပန္းရီ သတိေပးလိုက္ခါမွ စုလင္းက
"ေဩာ္ေအ ဟုတ္သားပဲ သြားၾကမယ္ေလ "
အတန္းခ်ိန္ တတ္ရန္ ထေသာအခါ ရွင္း ထိုကေလး ထံ မ်က္လံုးကေရာက္သြားေသးသည္။
"အိပ္ေပ်ာ္သြားၿပီလားဟ သူအိပ္ေနတာေလးက ခ်စ္စရာေလး အာ ငါဘာလို႔ ဒီကေလးကို အာရံုေရာက္ေနတာလဲ မျဖစ္ဘူး သူ႔ကို အေတြးထဲက ထုတ္ပစ္ "
________________________________
အတန္းခ်ိန္မ်ားအားလံုးၿပီးေသာ အခါ ယြန္းေက်ာ့ရွင္း သူငယ္ခ်င္းမမ်ားကို ႏႈတ္ဆက္ၿပီး အရင္ဆံုး ေက်ာင္းေပၚမွ ဆင္းလာခဲ့သည္။ ရွင္းကလြဲ အားလံုးက ဖယ္ရီစီးသူမို႔ ကားေစာင့္ရအံုးမည္။ ရွင္းကေတာ့ ဆိုင္ကယ္နဲ႔ မို႔ ျမင္းကို ဘီး တတ္ေပးထားသလိုပင္
တခုခုဆုိလဲ ဖမ္းမိဖုိ႔ ခက္သည္။
"ေဝးးး ေက်ာင္းပိတ္ရက္မွာ ငါေအးေဆး ႏွပ္ရေတာ့မယ္ကြ "
ထိုသို႔ျဖင့္ ေက်ာင္းေပ်ာ္ႀကီး မိယြန္းေက်ာ့ရွင္းသည္ ေက်ာင္းမွ ျမန္ႏိုင္သမွ် အျမန္ အိမ္သို႔ ျပန္ခဲ့ေလေတာ့သည္။
Unicode
နက်ရှိုင်း မနက် ကျောင်းလာကတည်းက အတန်းတတ်ရန် စိတ်မပါ တစ်မနက်ပိုင်းလောက် အတန်းတတ်ပြီး လူက ငြီးစီစီ ဖြစ်လာ၍ စာကြည့်တိုက်တွင် ကော်ဖီသောက်ပြီး နှပ်နေရန် အကြံဖြင့် သူငယ်ချင်း ကျော်ရှိန်းအား အဖော်စပ်ကြည့်သည်။
"ကျော်ကြီး စာကြည့်တိုက်သွားမလား"
"တော်ပါပြီကွာ ဒီနေ့ Fridayဆိုတော့ ငါ့crushလေးကို အလွမ်းမသယ်ရအောင် အဝစကားပြောလိုက်အုံးမယ် မင်းပဲသွားတော့ "
"အေ့ပါကွာ ငါ့ကိုRoll callရရင် ထိုးပေးထား "
"လဒကောင် First yearပဲ ရှိသေးတယ် ပျက်စီးနေတာ "
ကျော်ကြီး ပြောနေတာကို သူဂရုမစိုက်ပဲ စာကြည့်တိုက်ဘက်သို့ထွက်လာခဲ့သည် ။
စာကြည့်တိုက် အပေါ်ထပ်ကို ရောက်တော့ သူ့ရည်ရွယ်ချက်က ကော်ဖီ အရင် ဝယ်ရန်...
"ကလေး နည်းနည်းလောက်ဖယ်ပေးပါလား"
ကော်ဖီဝယ်နေရင်း ကြားလိုက်သည့်အသံကြောင့် နက်ရှိုင်း မျက်ခုံးတွန့်သွားသည်
"ဘာလားငါ့ကို ကလေးတဲ့ ဒီပုသေးသေးကများ "
မှာထားတဲ့ ကော်ဖီရပြီမို့ နက်ရှိုင်းဘာမှပြောမနေတော့ပဲ ထို ပုသေးသေးအား တစ်ချက်ပဲဘုကြည့်ကြည့်ကာ ထိုင်ခုံအလွတ်တစ်လုံးဘက်သွားထိုင်လိုက်သည်။
________________________
ကျန်နေခဲ့ သူ ရှင်းမှာ နားမလည်နိုင်......
ဘာလား အဲ့ကလေးက စိတ်ဆိုးသွားတာလား
ကိုယ့်ထက် အသက်ငယ်သူဆို 'ကလေး '
လို့ပဲ သုံးနှုန်း တတ်သော သူမ အတွက်တော့ နည်းနည်းထူးဆန်းသည်
ထားပါတော့
ကော်ဖီလေးခွက်ဖြစ်သောကြောင့် သူမ
ကော်ဖီရောင်းသောအမဆီမှ ဗန်းတစ်ဗန်းငှားလိုက်သည်။
"အဲ့လဲ့ ငါလေး တော်သား ဘာပဲ ဖြစ်ဖြစ် ဗန်းသွားပေးရမှာပဲလေ "
လမ်းလျောက်ရင်း တစ်ချက် မျက်လုံးရောက်သွားတာ ခုနက ကလေးဆီသို့
ဒင်းက ကော်ဖီလေးသောက်ရင်း နားကြပ်လေးတတ်ပြီး သီချင်းနားထောင်နေဟန်ရှိသည်
"ေဩာ် ခုခေတ် ကလေးတွေ များ စတိုင်တွေက လန်းချက်ပဲ "
(အဘွားလေသံဖြင့်)
"ကဲရော့ အမတော်လေးတို့မှာထားတဲ့ ကော်ဖီ ရပါပြီရှင့် ဗန်းလေး တစ်ယောက်ယောက် သွားမပို့ချင်ဘူးလား"
"အွန်း ငါသွားပို့ပေးလိုက်မယ်လေ "
နှင်းသက်က ပြောပြောဆိုဆိုနဲ့ ဗန်းကို စာရေးမထံသွားပေးလေသည်။ နှင်းသက်ပုံစံလေးမှာ ဘယ်လိုကြည့်ကြည့် ယဉ်လွန်းသည်။ လမ်းလျောက်တာလေးက အစ စကားပြောသံလေးအဆုံး ယဉ်လွန်းသည်။ နှင်းသက် ဒီဘက်ကို လျောက်လာတော့ ဟိုကလေးက နှင်းသက်ကို တစ်ချက်ရှိုး လိုက်သည်ကို ရှင်းမြင်လိုက်သည်။
"ေဩာ် ဒီကလေးကလည်း ငမ်းတတ်သား...."
တွေးမိတုန်း တန်းလန်း ထိုကလေးအကြည့်က သူမဆီရောက်လာသည်
"ဒိန်း"
ထူးထူးဆန်းဆန်း ရင်ထိတ်မိသွားသည်။
ငါကြည့်တာ သူမိသွားတာလား
နှင်းသက်ကိုကျ နူးနူးညံ့ညံ့ကြည့်နေသောသူက ရှင်းကိုကျ မျက်မှောင်ရှုံ့ကာကြည့်သည်။
"အမလေး မျက်နှာလိုက်လိုက်တာ ကြည့်တာတောင် နှင်းသက်ကျတော့ ကောင်းကောင်းကြည့်ပြီး ငါ့ကျတော့ တစ်မျိုး"
၁၅မိနစ်အကြာ~~~~~
"သွားရအောင်လေ အချိန်ကုန်တော့မယ် နောက်တစ်ချိန်တတ်ကြမှာမလား"
ပန်းရီ သတိပေးလိုက်ခါမှ စုလင်းက
"ေဩာ်အေ ဟုတ်သားပဲ သွားကြမယ်လေ "
အတန်းချိန် တတ်ရန် ထသောအခါ ရှင်း ထိုကလေး ထံ မျက်လုံးကရောက်သွားသေးသည်။
"အိပ်သွားပြီလားဟ အာ ငါဘာလို့ ဒီကလေးကို အာရုံရောက်နေတာလဲ မဖြစ်ဘူး သူ့ကို အတွေးထဲက ထုတ်ပစ် "
________________________________
အတန်းချိန်များအားလုံးပြီးသော အခါ ယွန်းကျော့ရှင်း သူငယ်ချင်းမများကို ပြန်ရန် နှုတ်ဆက်ပြီး အရင်ဆုံး ကျောင်းပေါ်မှ ဆင်းလာခဲ့သည်။ ရှင်းကလွဲ အားလုံးက ဖယ်ရီစီးသူမို့ ကားစောင့်ရအုံးမည်။ ရှင်းကတော့ ဆိုင်ကယ်နဲ့ မို့ မြင်းကို ဘီး တတ်ပေးထားသလိုပင်
"ဝေးးး ကျောင်းပိတ်ရက်မှာ ငါအေးဆေး နှပ်ရတော့မယ်ကွ "
ထိုသို့ဖြင့် ကျောင်းပျော်ကြီး မိယွန်းကျော့ရှင်းသည် ကျောင်းမှ မြန်နိုင်သမျှ အမြန် အိမ်သို့ ပြန်ခဲ့လေတော့သည်။