အခုအခြေအနေက အဆောင်နေအခန်းတွေအတွင်းမှာ
ပြည့်သိပ်ရောက်နေတဲ့ ပထမနှစ်ကျောင်းသားတွေက
ဆူညံပွတ်လောရိုက်နေကြတယ် ။ ဒဏ်ရာဒဏ်ချက်
တွေရှိနေကြလို့ အဆောင်မနေတဲ့ကျောင်းသားတွေက
အိမ်မပြန်ရဲကြလို့. အဆောင်အခန်းတွေထဲအကုန်ပြေး
ဝင်ကြတော့တာပဲ ။ KyungWon ကျောင်းသား
တွေက အိမ်မှာဆိုမခုတ်တတ်တဲ့ကြောင်သူတော်လေး
တွေလုပ်နေကြပြီး အပြင်ရောက်တာနဲ့. တကယ့်ကျား
တွေဖြစ်ကုန်ကြတဲ့အကောင်တွေပါပဲ ။ စီနီယာတွေရဲ့
အခန်းတိုင်းမှာ ကျောင်းသားတွေအကုန်ပြည့်နှက်
တယောက်နဲ့တယောက်အပြန်အလှန်ဆေးလူးပေးရင်း
အော်ဟစ်နေကြသည် ။
ပြည့်သိပ်နေတဲ့အခန်းတွင်းအခြေအနေကို မင်ဆော့ဟာ တချက်ဝေ့ကြည့်လိုက်ရင်း အိပ်စရာ
ဘုံပျောက်မည့်အရေးကို တွေးပြီး ရင်လေးသွားတယ်။
အဓိကကောင်ကတော့ ပတ်ဂျင်ဝူးပါပဲ ။ကုတင်ပေါ်မှာ
ဝမ်းလျားမှောက်ထားပြီး ကျောပြင်ကဒဏ်ရာကို
ဆေးလိမ်းခံဖို့. အသင့်ဇိမ်ခံပြီးစောင့်နေတယ် ။
သူတို့ရဲ့အခန်းထဲမှာ စီနီယာချန်းယောလ်၊စီနီယာ
ဘတ်ဟျွန်းတို့အပြင်တခြားပထမနှစ်ကျောင်းသားတချို့နဲ့. ရန်ဖြစ်တဲ့လူစာရင်းထဲမှာပါသည့်ခေါင်းဆောင်
ဒုတိယနှစ်စီနီယာတွေလဲရှိနေသည် ။ ခေါင်းဆောင်
အနေနဲ့လိုက်ပါပေးပြီးရန်ဖြစ်ခဲ့တဲ့အတွက်ကြောင့်
ဒုတိယနှစ်စီနီယာတွေဟာ စီနီယာချန်းယောလ်နဲ့
စီနီယာဂျောင်ဟိုတို့ရဲ့ရှေ့မှာလက်ကိုနောက်ပစ်၊
ခေါင်းကိုငုံ့ကာ အပြစ်လုပ်ထားသူပမာ အဆူခံဖို့
မတ်တပ်ရပ်နေကြသည် ။
" မင်းတို့် က ရန်ဖြစ်ဖို့် သွားတာလား ဟမ်
ပြောစမ်း ဟေ့ကောင်တွေ "
စီနီယာဂျောင်ဟိုရဲ့အော်လိုက်တဲ့အသံကြောင့် အသံဆူ
နေတဲ့အခန်းတိုင်းက. ပထမနှစ်ကျောင်းတွေရဲ့အသံ
တွေက. မီးကိုရေနှင့်ငြိမ်းသတ်လိုက်ပမာ ။ အပ်ကျသံ
ပင်ကြားရလောက်အောင်တိတ်ဆိတ်သွားတော့သည်။
" ဘယ်သူ့ကဦးဆောင်ပြီး အဲ့နေရာကိုသွားဖို့ဆုံးဖြတ်
ခဲ့တာလဲ "
စီနီယာဂျောင်ဟိုက. ဦးဆောင်ပြီးအကုန်လုံးကို အမှုစစ်သလိုစစ်နေတာမို့. စီနီယာချန်းယောလ်နဲ့
စီနီယာဆယ်ဟွန်းက. ငြိမ်ပြီးနားထောင်ပေးနေတယ်။
စီနီယာဂျောင်ဟိုကိုယ်တိုင်ကလဲ အရမ်းဒေါသကြီးနေ
တယ် ။ အဆူခံနေရတဲ့ခေါင်းဆောင်စီနီယာတွေကလဲ
ရန်ဖြစ်နေတံအချိန်တုန်းက ပုံစံတွေနဲ့ကွဲပြားစွာ
ကြောက်ဒူးတုန်နေကြတယ် ။
" မဲအရေအတွက်နဲ့သွားမဲ့နေရာကိုဆုံးဖြတ်ခဲ့တာပါ"
စီနီယာတယောက်ရဲ့ဖြေလိုက်တဲ့စကားကြောင့်
မင်ဆော့ မျက်လုံးပြူးခနဲဖြစ်သွားပြီး ဂျင်ဝူးကို ဆတ်ခနဲလှည့်ကြည့်လိုက်တော့ သူ့ကိုသွားဖြီးရယ်ပြ
လာတယ် ။ ဂျင်ဝူးရဲ့မျက်နှာမှာ ' မင်းအစားငါပဲ
မဲပေးခဲ့တယ်´လို့ပြောပြနေသယောင်ပါပဲ ။အခုချိန်
အခန်းထဲမှာ တယောက်မှမရှိဘူးဆိုရင် မင်ဆော့
တယောက် ပတ်ဂျင်ဝူးကို တစဆီဆွဲဖြဲပြီးပြီပဲ ။
" မင်းတို့ကောင်တွေ အေးဆေးနေတယ်လို့ကိုမရှိ
ဘူး မင်းတို့ကြောင့် စီနီယာတွေအကုန် စာလုပ်နေရင်းကနေဆိုင်ကယ်ဆွဲပြီးအတင်းပြေးလာ
ရတယ် နောက်တခါငါတို့အကူအညီမယူဘဲ
မင်းတို့ဘာသာနိုင်အောင်ချ "
နောက်ဆုံးစကားကြောင့်အကုန်လုံးပြုံးစိစိတွေဖြစ်ကုန်
ကြတော့သည် ။ စီနီယာအိုဆယ်ဟွန်းကလွဲလို့ပေါ့။
စီနီယာဂျောင်ဟိုကလဲ အရမ်းဒေါသထွက်နေတယ်
ဆိုတာက. တဖက်လူမိုက်ကောင်တွေက တုတ်တွေ
သုံးပြီး သူ့ဂျူနီယာတွေကိုရိုက်ခဲ့တာကို ဒေါသထွက်ပြီး
အခုလိုပြန်မဲအော်နေခြင်းပင်။ စီနီယာဂျောင်ဟို
ထွက်သွားတော့မှ ဒူတိယနှစ်စီနီယာတွေလဲသက်ပြင်း
ချနိုင်ကြတော့သည် ။ စီနီယာဘတ်ဟျွန်းကကူညီပြီး
ကျောင်းသားတွေကိုဆေးလိုက်လိမ်းပေးနေရတယ်။
" ပတ်ဂျင်ဝူး မင်းက ဒဏ်ရာရတယ်ပေါ့ ငါတွေ့
တာတော့ မင်း မှောက်ပြီးဝပ်နေတာပဲတွေ့တယ်
မြေကြီးမှာပြားပြားကပ်ပြီးဝပ်နေတာလေ. "
စီနီယာချန်းယောလ်က ဂျင်ဝူးရှေ့သွားပြီးလက်ပိုက်ကာ
မျက်နှာရှုံ့ မဲ့ပြလိုက်တယ် ။ သူ့ညီအကြောင်းသူသိပုံ
ပါပဲ။
" ဟာ အစ်ကို ကျွန်တော်ဝပ်နေတာကျတော့မြင်
တယ် ဟိုအကောင်တွေကိုတွယ်တာကျတော့မမြင်ဘူး
ပေါ့ လေ. ဟာ ကျွန်တော်ကဘယ်သူလဲ
ပတ်ချန်းယောလ်ရဲ့ညီပါဗျ "
ပတ်ဂျင်ဝူးကတော့ တကယ့်မလွယ်ကြောကောင်
စကားပြောတတ်တယ် ။ စီနီယာချန်းယောလ်ကလဲ
မျက်ခုံးပင့်ပြလိုက်ရင်း 'သြော်´လို့သံရှည်ဆွဲပြီး
ခေါင်းတညိတ်ညိတ်လုပ်လိုက်တယ် ။
" ငါက မင်းငယ်ငယ်ကအကျင့်မပျောက်သေးဘူးမှတ်
နေတာ ရန်ဖြစ်ပြီးဆိုဦးအောင်ငိုတာမင်းအကျင့်လေ
ဦးအောင်ဝမ်းလျှားမှောက်ပြီးဒဏ်ရာရသွားသလို
'အမေရေ. !!" ဆိုပြီးအော်ငိုတာလေ. "
စီနီယာချန်းယောလ်ရဲ့စကား ကို သဘောကျပြီး
အော်ဟစ်ရယ်ကြတဲ့အသံတွေထဲမှာ မင်ဆော့ရဲ့
တမင်လုပ်ရယ်သံကြီးက အကျယ်ဆုံးအဖြစ်ထွက်လာ
တော့တယ် ။ ဂျင်ဝူးကတော့ခေါင်းအုံးကြားထဲ
မျက်နှာကြီးနှစ်ပြီး တဝူးဝူးတဝါးဝါးနဲ့အော်ဟစ်နေ
တော့သည်။
"မင်ဆော့ရား ငါ့ကိုဆေးလာလိမ်းပေးစမ်းပါကွာ"
ပတ်ဂျင်ဝူးကိုဆေးလိမ်းပေးဖို့တာဝန်ရှိသူက နောက်ဆုံး
မင်ဆော့ဆီပဲဘူတာဆိုက်လာသည် ။ ပြောရရင်
ကိုယ့်အလွန်ဖြစ်ဦးမည် ။ အရိုက်ခံရမှာကြောက်လို့
ဝမ်းလျှားမှောက်ထားကာမှ ကျောကိုတုတ်နဲ့တချက်
အဆော်ခံလိုက်ရသည်တဲ့။ တော်သေးတယ်လို့် ပဲ
ဆိုရမယ် ။ ဟိုလူကသူ့ကိုဓားမြောင်ထုတ်ပြီးမထိုး
သွားတာပဲ တော်ခါကျသွားသည် ။
" ရား !! စီနီယာအိုဆယ်ဟွန်း အဆင်ပြေရဲ့လား"
ဂျင်ဝူးရဲ့ရောင်ကိုင်းနေတဲ့ကျောပြင်ကို ဆေးလူးပေး
နေရင်း တဖက်ကုတင်ပေါ်မှာ အေးအေးလူလူ
ထိုင်နေတဲ့ စီနီယာအိုဆယ်ဟွန်းဆီအကြည့်ပို့မိရင်း
နူတ်ခမ်းမဲ့လိုက်တယ် ။ စောနလေးကမှ စီနီယာရန်
စည်းပေးထားတဲ့ ပတ်တီးအသစ်စက်စက်လေးနှင့်
အဆင်ပြေနေတယ်လေ ။
" ဘာလဲ မင်းတို့ကမတွဲသေးကြဘူးလား
ဘာတွေလဲ စီနီယာကစိတ်ထင်ရင်ထင်သလိုမင်းကို
နမ်းတာမျိုးတွေလုပ်သေးလား ဒါမှမဟုတ်
မဟုတ်တာတွေလဲလုပ်သေးလား ဟမ် "
" မင်းပါးစပ်ကိုပိတ်ထားစမ်းပါ "
ကျောပြင်ကို 'ဖြောင်း´ခနဲမြည်အောင် တချက်ရိုက်ပစ်
ပြီးဟန့်တားလိုက်တာတောင် ကျောသာတွန့်သွား
တယ် ၊ လူကတော့ခေါင်းအုံးထဲမျက်နှာနှစ်ကာတခွိခွိ
နဲ့. ရယ်နေသေးတယ် ။ စိတ်တိုတိုနဲ့စီနီယာဘက်ကို
တချက်လှည့်ုကြည့်လိုက်တာနဲ့. နှစ်ယောက်သား
အကြည့်ချင်းဆုံမိပြီး ပြိုင်တူပင်အကြည့်လွှဲပစ်လိုက်
ကြသည် ။
" မင်ဆော့ ငါ့ကိုဆေးလိမ်းပေးဦး "
ဂျွန်ဆောင်းက မျက်နှာထက်ကဒဏ်ရာတွေကို လက်ညိုးထိုးပြရင်း မင်ဆော့အနားကိုဝင်ထိုင်လာ
တယ် ။ ဂျွန်ဆောင်း မင်ဆော့အနားကိုရောက်လာ
တာနဲ့. ဂျင်ဝူးရဲ့မျက်နှာတည်တံ့သွားပြီး အကဲခတ်
စောင့်ကြည့်နေတယ် ။ စားပွဲပေါ်ကစာအုပ်ကိုယူ
ဖို့ဟန်ပြင်နေတဲ့ ဆယ်ဟွန်းရဲ့လက်လဲရပ်တန့်သွား
ပြီး ငြိမ်သက်သွားတာ နားစွင့်လိုက်တယ် ။ အခန်း
ထဲမှာရှိနေတဲ့ တခြားသူတွေကတော့ စကားတပြော
ပြောနဲ့လှုပ်လှုပ်ရှားရှားရှိနေကြပြီး ဘယ်သူမှ
ဒီအခြေအနေကိုရိပ်မိတာမျိုးမရှိနေကြဘူး ။
" ဒီမှာလေ မင်းကိုငါ့လက်ထဲကတုတ်ပေးလိုက်လို့
ခုခံစရာမရှိတော့တာနဲ့ ငါ့နဖူးကိုအရိုက်ခံရတော့တာပဲ
အဲ့တာ မင်း ဆေးထည့်ပေးသင့်တယ် မင်းကို
ကူလို့ ငါထိသွားရတာလေ "
ဂျွန်ဆောင်းကပြုံးပြုံးကြီးနဲ့. မင်ဆော့ဆေးလိမ်းပေးဖို့
ကို တောင်းဆိုနေတယ် ။ နဖူးပြင်ကဒဏ်ရာက
အရိုက်ခံရလို့. ကွဲပြီးသွေးတွေတောင်ခြောက်နေပြီ။
သွေးတွေကို အရင်သုတ်ပစ်လိုက်ပြီးမှ ဆေးလိမ်းပေး
လိုက်တယ် ။ စကားကို လေမတိုးအောင်တရစပ်
ပြောတတ်တဲ့ဂျင်ဝူးတောင် ဒီအခြေအနေမှာအသံ
တိတ်ပြီးငြိမ်နေတယ် ။
" အာ နူတ်ခမ်းကိုဆေးထည့်ပေးဦးလေ "
နဖူးကဒဏ်ရာကိုဆေးထည့်ပြီးပြန်တော့ နှုတ်ခမ်းစပ်
က ဒဏ်ရာကို လက်ညိုးထိုးပြန်တယ် ။
" တခြားလူကိုသွားထည့်ခိုင်းတော့ကွာ မင်ဆော့က
ငါ့ကိုလဲ ဆေးလူးပေးနေတာ "
ငြိမ်နေတဲ့ဂျင်ဝူးကထပြောလာတယ် ။ မင်ဆော့မှာ
ဆေးဘူးကိုင်ပြီးလိမ်းပေးရခက်၊မလိမ်းပေးရခက်ဖြစ်
နေတယ် ။ ဂျွန်ဆောင်းကလဲသူ့ဘေးကနေကိုမထ။
" လုပ်စမ်းပါကွာ ဒါလေးထည့်ပေးရတာကို "
ဂျွန်ဆောင်းကလဲ ဆေးလိမ်းပေးဖို့တောင် မင်ဆော့မှ
မင်ဆော့လို့ အသည်းအသန်ဖြစ်နေတာခက်သည် ။
" လုပ်ပါကွာ အချင်းချင်းတွေပဲကို "
မြန်မြန်ပြီးရော သဘောနဲ့ မင်ဆော့ ဆေးဘူးကို
အဖုံးပြန်ဖွင့်ဖို့ဟန်အပြင် လက်ထဲကဆေးဘူးက
တစုံတယောက်ရဲ့လက်ထဲကို ဆွဲလုခံရပြီးပါသွားတော့
သည် ။
" မင်း ဖယ်ပေး ငါလုပ်ပေးလိုက်မယ်
မင်းသာ လက်ကဒဏ်ရာကိုဆေးထည့်လိုက် "
ဆွဲလုခံလိုက်ရတဲ့ဆေးဘူးက. စီနီယာအိုဆယ်ဟွန်းရဲ့
လက်ထဲမှာ ။ အေးစက်စက်အပြုအမူနဲ့ဆေးဘူး
အဖုံးကိုဖွင့်လိုက်ပြီး ဂျွန်ဆောင်းကို မင်သေသေနဲ့
ကြည့်လိုက်တယ် ။ ဂျင်ဝူးကသူ့ကိုတံတောင်နဲ့တွတ်
ပြီးထသွားဖို့အချက်ပြနေတာကြောင့် မင်ဆော့လဲ
လက်ဖဝါးမှာခြောက်သွေ့နေတဲ့ သွေးတွေကို
ဆေးကြောဖို့. ရေချိုးခန်းထဲကိုဝင်လာလိုက်တယ်။
သူ ရေချိုးခန်းထဲရောက်ရောက်ချင်းပင် ဂျွန်ဆောင်းရဲ့
အော်သံတချက်ကိုကြားလိုက်တော့တယ် ။
" အား နာတယ် ဖြည်းဖြည်းလုပ်ပါဗျ "
____________________________________
ရန်ပွဲပြီး နောက်တစ်ပါတ်ခန့်အကြာ
KyungWon တက္ကသိုလ်အတွင်း၏ အားကစား
ခန်းမကြီးအတွင်းမှာ ရုတ်ရုတ်သဲသဲဆူညံပွတ်လော
ရိုက်နေသည်က. တခြားတက္ကသိုလ်တခုနှင့်
ဘတ်စကတ်ဘော ယှဉ်ပြိုင်ကြမည့်အတွက်ကြောင့်
ဖြစ်သည် ။ ပိုဆိုးတာက ယှဉ်ပြိုင်ရမည့်တက္ကသိုလ်
က. ကျောင်းသူတွေကပါ လာရောက်အားပေးကြမည်
ဆိုတဲ့အတွက်ကြောင့် KyungWon ကျောင်းသား တွေ၏ မျက်လုံးတွေအရောင်လဲ့နေသည်။
ခန်းမအတွင်းတဖွဲဖွဲ ဝင်ရောက်လာတဲ့ တခြားတက္ကသိုလ်က ကျောင်းသူတွေကိုလိုက်ကြည့်ရင်း
ဂနာမငြိမ်ဖြစ်နေတဲ့ ဂျင်ဝူးကိုမင်ဆော့မျက်စိနောက်
လာမိပြီ ။ မိန်းကလေးရှေ့ရောက်ပြီဆိုရင်ဟိတ်ကြီး
ဟန်ကြီးအပြည့်နဲ့တည်တည်ငြိမ်ငြိမ်နေတတ်တဲ့
kyungWon. ကျောင်းသား တွေ၏ ပုံစံကို
ဂျင်ဝူးကအရှက်ရအောင်လုပ်နေသည် ။
" ရား__!! ဟိုတယောက် ဟိုတယောက် မင်းဘေး
ရဲ့တယောက်ကျော်မှာထိုင်နေတဲ့တယောက် ဂျီအီဝန်း
သိလား အရမ်းလှတာကွ ကြည့်ကြည့် တွေ့လား "
မင်ဆော့ထိုင်နေတဲ့ ဘေးဘက် လူသွားလမ်းခြားနေ
သေးတဲ့တဖက်ထိုင်ခုံတယောက်ကျော်မှာထိုင်နေတဲ့
ကောင်မလေးကို အငမ်းမရလိုက်ကြည့်နေတဲ့
ပတ်ဂျင်ဝူးကို မင်ဆော့ မနည်းလိုက်ဆွဲနေကြသည်။
" မင်းသိလား သူက နာမည်ကြီးပဲကွ အဲ့ဒါထက်
မင်း ဒါကိုမသိဘူးလား သူက စီနီယာအိုဆယ်ဟွန်း
ကို ဝန်ခံထားတာလေ စီနီယာအဲ့နေရာမှာတင်
တခါထဲငြင်းလိုက်တာ "
မင်ဆော့ တဖက်မိန်းကလေးကိုအသာစောင်းငဲ့ကြည့်
လိုက်မိသည် ။ အီဂျီဝန်းဆိုတဲ့ကောင်မလေးကတကယ်
လှသည် ။ သူမသာစီနီယာနဲ့တွဲဖြစ်ခဲ့ရင်အရမ်း
လိုက်ဖက်တဲ့အတွဲဖြစ်နိုင်တယ် ။ သူမရဲ့မျက်လုံးတွေ
က. ကွင်းထဲကိုသာဦးတည်နေတာမို့. မင်ဆော့ပါ
သူမနည်းတူအကြည့်ပို့မိတော့ ကွင်းထဲမှာမတ်တပ်
ရပ်နေတဲ့ စီနီယာအိုဆယ်ဟွန်းနှင့်အကြည့်ဆုံမိတော့
သည် ။
" ဒီမှာ ထားခဲ့မယ် တယောက်ယောက်လာလိမ့်မယ်
သိလား ဘယ်သူမှဝင်မထိုင်စေနဲ့. "
စီနီယာဗြောင်ဘတ်ဟျွန်းရဲ့အသံကြောင့် မင်ဆော့
အကြည့်လွှဲလိုက်ကာ မင်ဆော့ဘေးမှာလွတ်နေတဲ့
ထိုင်ခုံတလုံးပေါ်အထုတ်တထုတ်လာတင်သွားတော့
သည် ။ ဘယ်သူလာထိုင်မှာလဲလို့တောင်မေးချိန်
မရလိုက် ။ စီနီယာဗြောင်ဘတ်ဟျွန်းကအနောက်ဘက်
ခုံတွေဆီပြန်လျှောက်သွားနေပြီဖြစ်သည် ။
ပြိုင်ပွဲစတာနဲ့အော်ဟစ်အားပေးတဲ့အသံတွေဟာ ဆူညံ
ပွတ်လောရိုက်လာတော့သည် ။ တခြားတက္ကသိုလ်က
မိန်းကလေးတွေဟာရဲတင်းလွန်းသည်။အီဂျီဝန်းဆိုတဲ့
မိန်းကလေးအပါအဝင်ပေါ့ ။ သူမရဲ့ပုံစံအေးသယောင်ယောင်ရှိပေမဲ့သူမဟာ
အိုဆယ်ဟွန်း ဆိုတဲ့ နာမည်ကဒ်ကိုကိုင်ပြီးအော်ဟစ်
အားပေးနေသည်လေ. ။ အိုဆယ်ဟွန်းဆိုတဲ့နာမည်
ကိုသံချပ်တိုက်ရင်းအားပေးသံတွေထဲမှာပဲသူမပါဝင်
သည် ။ သူတို့တက္ကသိုလ်ထက် အိုဆယ်ဟွန်းပါတဲ့
အသင်းကိုသာနိုင်ချင်စိတ်များနေပုံရသည်။အထူးသဖြင့်
သူမက အိုဆယ်ဟွန်းကိုအသည်းအသန်စိတ်ဝင်စား
နေပုံရသည် ။
တခါတရံ စီနီယာဟာ လက်ထဲကဘောလုံးကို
ပိုက်ကွင်းထဲကို ပစ်သွင်းဖို့အားယူလိုက်ချိန်တိုင်းမှာ
သူမ. အော်ဟစ်တတ်တဲ့စကားလုံးတွေကိုမင်ဆော့
သဘောမတွေ့ပါ ။
" ငါယုံတယ် နင်လုပ်နိုင်တယ် နင်အရမ်းတော်တာပဲ
ဆယ်ဟွန်းရား ဖိုက်တင်း " အစရှိသည်ဖြစ်ပေါ့
သူမက ဆယ်ဟွန်းနဲ့ပတ်သတ်မူရှိနေသလိုမျိုး
စကားလုံးတွေကစည်းတွေကျော်လွန်နေတယ် ။
တခြားသူတွေကတော့ သူမနဲ့ဆယ်ဟွန်းကတခုခုပဲ
လို့တောင်တွေးနေကြလောက်ပြီ ။ မင်ဆော့တယောက်အမျိုးမျိုးတွေးပြီးသဘောမတွေ့
ဖြစ်နေပေမဲ့ အီဂျီဝန်းကတော့ ဆယ်ဟွန်းရဲ့နာမည်ကို
အော်ခေါ်ပြီးအားပေးကောင်းနေတုန်းပင်ဖြစ်နေတယ်။
" အား ....... ဆယ်ဟွန်းရား နင်အရမ်းတော်တာပဲ
ချစ်တယ် "
စီနီယာအိုဆယ်ဟွန်းရဲ့ လက်ထဲကဘောလုံးဟာ
ပိုက်ကွင်းထဲလှလှပပပစ်ဝင်သွားချိန် သူမဟာ
လက်ထဲကနာမည်ကဒ်ကိုကိုင်မြှောက်ကာ အော်ဟစ်
လိုက်တယ် ။ သူမရဲ့အာရုံစိုက်မူဟာ စီနီယာ
တယောက်ထဲအပေါ်မှာပဲရှိနေခဲ့တယ် ။ စီနီယာက
သူမကိုတချက်ကလေးမှလှမ်းမကြည့်သည့်တိုင်အောင်
သူမက အကြည့်ခံရဖို့ အစွမ်းကုန်အော်ခေါ်နေခဲ့တယ်။
သူမ အရမ်းကိုပိုလွန်းနေတယ်ဆိုတာကို KyungWon ကျောင်းသား တိုင်းက ချဉ်စပြုလာ
နေပြီ ။
" အီဂျီဝန်းကဘာကြီးလဲဟ. အဲ့ဒါကြီးကတော့
ပိုလွန်းနေတယ်မဟုတ်လား "
" စီနီယာမကြည့်သရွေ့သူခေါ်အော်နေဦးမှာပဲ "
တယောက်တပေါက်တီးတိုးပြောဆိုမူတွေက. မင်ဆော့
ရဲ့အရှေ့ကအနောက်ကနေ ထွက်ပေါ်လာတတ်သည်။
ပထမပိုင်းအပြီး ကစားသမားတွေနားချိန်ရောက်တာနဲ့
တခြားကစားသမားတွေနည်းတူ နားဖို့လုပ်ပေးထား
သည့်ထိုင်ခုံတွေမှာ ဝင်မထိုင်ဘဲ ပွဲကြည့်နေကြသည့်
သူတွေရဲ့ထိုင်ခုံတွေမှာလာထိုင်ဖို့များဆုံးဖြတ်လိုက်
လေသလားမသိ ။ တဖြေးဖြေးနဲ့တဆင့်ချင်းစီ.အပေါ်ကိုတက်လာခဲ့တော့သည်။ ဆယ်ဟွန်းရဲ့
အပြုအမူကြောင့် မိန်းကလေးတွေရဲ့အော်ဟစ်သံတွေ
က. နှစ်ဆပိုမြှင့်တက်သွားသည်ဆိုရမည် ။
" သူ နင့်ကိုမြင်သွားလို့များလား "
မိန်းကလေးတယောက်ကအီဂျီဝန်းကိုပြောလိုက်သည့်
စကား ။ မင်ဆော့ မျက်နှာမဲ့လိုက်ရင်းရှေ့မှာလာနေ
တဲ့ဆယ်ဟွန်းကိုလှမ်းကြည့်လိုက်တယ် ။ ဆယ်ဟွန်းက
မင်ဆော့နားကိုရောက်လာပြီး မင်ဆော့ဘေးက
ထိုင်ခုံပေါ်တင်ထားတဲ့အထုပ်ကိုယူလိုက်ပြီးမင်ဆော့
ပေါင်ပေါ်ပစ်တင်လိုက်တယ် ။ ပြီးတာနဲ့. မင်ဆော့
ဘေးမှာဝင်လိုက်ပြီး မင်ဆော့ဘက်ကိုခေါင်းငဲ့ကြည့်
လာတယ် ။
" ရေ "
" ဗျာ !"
စီနီယာကမင်ဆော့ပေါင်ပေါ်ကအထုပ်ကိုမေးဆတ်ပြ
လိုက်တော့မှ မင်ဆော့တယောက်သဘောပေါက်ကာ
အထုပ်ကိုမွှေနှောက်ရှာလိုက်တော့မှ မုန့်ထုပ်တွေ
ကြားထဲကရေဘူးကိုတွေ့တော့သည် ။ ရေဘူးကိုယူပြီး
စီနီယာထံကမ်းပေးလိုက်တော့ စီနီယာကဆွဲယူသွား
ပြီးသူ့ဘာသာဖွင့်သောက်လိုက်တယ် ။ စီနီယာဗြောင်
ဘတ်ဟျွန်းပြောသွားတဲ့ 'တယောက်ယောက်´
လာလိမ့်မယ်ဆိုတာကို သူ အခုမှသဘောပေါက်
တော့သည် ။
" ဘေးကတယောက်ကိုကြည့်လို့မှဝရဲ့လား
မင်းမျက်စိတွေကပ်ပါသွားတော့မဲ့အတိုင်းပဲ "
စီနီယာရဲ့အေးစက်စက်စကားကြောင့် မင်ဆော့
မျက်နှာနီရဲသွားတယ် ။ တကယ်တော့သူမကို
ကောင်းသောကြည့်နည်းနဲ့ကြည့်နေမိတာမှမဟုတ်ဘဲ။
စီနီယာဟာ ရေဘူးအဖုံးကိုပိတ်နေရင်းအကြည့်တွေက
အောက်ဘက်ကကွင်းထဲကိုသာပို့ထားသည် ။
ဂရုမစိုက်သလိုပုံစံမျိုးနဲ့ကွင်းထဲမှာကစားနေပြီး
တကယ်တမ်းကျတော့သူ ဟိုမိန်းကလေးကိုသွားသွား
ကြည့်နေတတ်တာကိုမြင်နေရသည်တဲ့လား။
" အီဂျီဝန်းလား ?သူက စီနီယာကိုဝန်ခံဖူးတယ်ဆို"
မင်ဆော့ရဲ့မေးခွန်းမှာ စီနီယာကအေးစက်စက်ပြုမူ
နေတယ် ။ ဒါဟာ တဖက်မိန်းကလေးအပေါ်စိတ်ဝင်
စားမူ အဆင့်က လုံးဝဇီးရိုး ။
" သဝန်တိုလို့လား "
ကိုယ့်ဘက်ကိုရုတ်တရတ်လှည့်ကာအေးစက်စက်
မျက်နှာနဲ့မေးလာတာမို့. နှစ်ယောက်သားအကြည့်ချင်း
ပြီး မင်ဆော့ကြောင်အသွားတယ် ။ ယောင်ယောင်
မှားမှား စီနီယာလက်ထဲကရေဘူးကိုဆွဲယူလိုက်ပြီး
အဖုံးကို ဆွဲဖွင့်ပြီးထစ်ထစ်ငေါ့ငေါ့ပြန်ဖြေလိုက်တယ်။
" မတိုပါဘူး သဝန်တိုစရာလား "
လက်ဖဝါးကဒဏ်ရာကြောင့် ရေဘူးအဖုံးကိုဖွင့်ဖို့အဆင်
မပြေဖြစ်နေတော့ စီနီယာကပဲလက်ထဲကိုရေဘူးကို
ဆွဲယူသွားပြီးအဖုံးဖွင့်ပြီးမှလက်ထဲကိုပြန်ထည့်ပေးလာ
သည် ။
လက်ထဲကရေဘူးကို ကမန်းကတန်းကောက်မော့
သောက်ပစ်လိုက်မိတော့သည် ။ ချောင်းတွေပါ
တဟွတ်ဟွတ်ထဆိုးမိသည့်အထိဆိုးရွားသွားသည်။
" မင်းက ဘယ်တော့ဖြစ်ဖြစ်မဝန်ခံဘူး "
စီနီယာကအကြည့်ပြန်လွှဲသွားကာ ကွင်းထဲကိုအကြည့်
တဖန်ပြန်ပို့တော့သည် ။ ဘေးက ကျောင်းသားတွေ
အကုန်ကတော့သူတို့နှစ်ယောက်ကိုဝိုင်းကြည့်နေကြ
တော့သည် ။ အီဂျီဝန်းဆိုတဲ့မိန်းကလေးဟာ
နှုတ်ခမ်းဆူကာ ဆယ်ဟွန်းကိုမကြည်ကြည့်လို့ စိတ်
ကောက်ဟန်ပြနေသည်က အမူအရာပိုလွန်းသည်။
ဆယ်ဟွန်းကသူ့ကိုတချက်ကလေးတောင်မကြည့်တာကို သူမကလက်လျော့ချင်သေးပုံမရသေး ။
ဒုတိယပိုင်း ထပ်ကစားပြန်တော့လဲ သူမဟာ
အမြဲတမ်းကိုဆူညံနေတော့တာပဲ ။ ကြိုက်မရှက်၊
ငိုက်မရှက်ဆိုတာ ဒါမျိုးပဲဖြစ်ရမယ် ။ ဘေးနားက
ပတ်ဂျင်ဝူး သူမကိုလန့်တောင်လန့်နေလောက်ပြီ။
KYUNGWON. ကျောင်းသားတွေက ရန်ဖြစ်တဲ့
နေရာမှာတဲ့တော်ပြီး အားကစားမှာလဲထူးချွန်တယ်လို့
ဆိုရမည် ။ ကစားပွဲကို KyungWon ကျောင်းသား တွေက အနိုင်နဲ့ပိုင်းပြီးပွဲကိုအဆုံးသတ်
လိုက်ကြသည် ။ ကစားပွဲပီးတာနဲ့. အီဂျီဝန်းကတော့
စီနီယာအနားကိုချဉ်းကပ်တော့သည် ။ လက်ထဲက
လက်ကိုင်ပုဝါအဝါလေးကို ကမ်းပေးရင်း သူမက
ဆယ်ဟွန်းနဲ့ရင်းနှီးဖို့ကြံစည်နေတယ် ။ စီနီယာကတော့ သူမကိုဂရုမစိုက်ဘဲ ခေါင်းကိုဘယ်ညာရမ်းပြီးဘာလုပ်နေသလဲလို့
အနောက်ကနေကြည့်ရင်း မင်ဆော့သိချင်နေတယ်။
" သူများနောက်ပါသွားမှ အသဲကွဲမနေနဲ့.
ရော့ သွားပေးလိုက်လေ "
ဂျင်ဝူးကမင်ဆော့လက်ထဲကို လက်ကိုင်ပုဝါအဖြူလေး
တထည်ထည့်ပေးလိုက်ပြီး ဆွဲခေါ်သွားပြီး စီနီယာရဲ့
အနားကိုရောက်မှ ဆောင့်တွန်းပစ်လိုက်တာမို့
စီနီယာရဲ့နောက်ကျောပြင်နဲ့ အရှိန်မထိန်းနိုင်ဘဲ သွား
ဝင်ဆောင့်မိတော့သည် ။
" ပတ်ဂျင်ဝူး !!!"
မင်ဆော့ပါးစပ်က ပတ်ဂျင်ဝူးနာမည်ကိုအံကြိတ်ကာ
တီးတိုးရေရွတ်လိုက်တယ် ။ ဒါကိုစီနီယာကကြားသွား
ပုံရတယ်။ သူမှန်းသိသွားတာနဲ့ နောက်ကိုလှည့်ကြည့်
လာတယ် ။
" ငါ မင်းကိုရှာနေတာ "
လက်ထဲကလက်ကိုင်ပုဝါကို ဆွဲယူသွားပြီး မျက်နှာကို
ပွတ်သပ်သုတ်လိုက်ပြီး အီဂျီဝန်းကိုနည်းနည်းလေး
တောင်လှည့်မကြည့်ဘဲထွက်သွားတော့သည် ။
စီနီယာထွက်သွားတော့မင်ဆော့ အီဂျီဝန်းနဲ့ အတူ
ကျန်ခဲ့တော့သည် ။
" ဘာလုပ်နေတာလဲ လိုက်ခဲ့လေ "
ခပ်လှမ်းလှမ်းရောက်မှ စီနီယာက သူ့ကိုလှည့်ကြည့်လာ
တယ်။ မျက်မှောင်ကြီးကြုတ်ပြီး အီဂျီဝန်းနဲ့အတူ
ကျန်ခဲ့တာကို လှည့်ခေါ်တော့သည် ။ မင်ဆော့လဲ
ဆယ်ဟွန်းကို ခပ်သွက်သွက်လေးလှမ်းကာလိုက်
သွားလိုက်တော့သည် ။
" နင် သူ့ကိုသိလား အရင်တခါတုန်းကဆယ်ဟွန်းက
ယာက်ျားချင်းကြိုက်နေတယ်ဆိုပြီးသတင်းထွက်ခဲ့တာ
အဲ့တယောက်နဲ့လေ အခုလဲသူတို့ကဘာတွေလဲ
ဆယ်ဟွန်းကသူ့ကိုအရေးပေးလွန်းနေတယ်"
အီဂျီဝန်းနားကိုရောက်လာတဲ့ မိန်းကလေးဟာ
မင်ဆော့ရဲ့နောက်ကျောကိုကြည့်ပြီးမနှစ်မြို့သလို
မျက်နှာအမူအရာနဲ့. ။
" ဒါကို ဘယ်လိုခေါ်ရမလဲ အစစ်မတွေဝင်ရှုပ်
တယ်လို့ ပြောရမှာလား ဟား !!!"
ပတ်ဂျင်ဝူးတယောက်ဲ သူ့စကားသူပြန်သဘောကျ
ပြီး တဟားဟားနဲ့ထရယ်လိုက်တော့သည်။
_____________________________________