I Am Yours [ 3 ]

7.8K 958 98
                                    

စကားသံ​တွေဆူညံ​နေတဲ့ စာသင်​ခန်း​တွေ​ရှေ့ကဖြတ်
လျှောက်​လာလိုက်​တဲ့အခါမှာ အချိန်​ကား ၈နာရီ ။
ဒါကမှ အချိန်​မှန်​လို့ဆိုရမည်​ ။ KyungWon ရဲ့
မနက်​ပိုင်းစာသင်​ချိန်​က ၈ နာရီ ထိုးပြီး ၁၅ မိနစ်​ မှ
စတင်​လိမ့်​မည်​ ။ အ​ဆောင်​​နေ​ကျောင်းသား​တွေအ
တွက်​​တော့ ၈နာရီ ဆိုတာနဲ့ စာသင်​ခန်းထဲ အသင့်
ထိုင်​​နေနိုင်​​လောက်​​အောင်​ လွယ်​ကူသည်​ ။ ပတ်​ဂျင်​ဝူး
တ​ယောက်​က​တော့ ဘတ်​စ်​ကား တိုးစီး​နေရ​လောက်​ပြီ။

*ဖြန်း*

" ​ဟေး ခါးကိုမတ်​မတ်​ ထားပြီး​လျှောက်​ "

'ဖြန်း´ ခနဲဆို စပ်​ဖျင်းဖျင်းဖြစ်​သွားတဲ့ ခါး​နေရာ ။
အိပ်​ချင်​မူးတူးမျက်​လုံး​တွေက ပြူးကလယ်​လိုက်​ကုန်
ပြီး ​ဘေးကဖြတ်​သွားရင်းတန်းလန်း ကိုယ့်​ခါးကိုသမ
သွားတဲ့ ဒုတိယနှစ်​စီနီယာ(ဝတ်​စုံအနီ)နှစ်​​ယောက်​ကို
ပြာပြာသလဲ ​ခေါင်းကို​ပုတ်​သင်​ညိုလိုညိတ်​ပြလိုက်​ရ
လေပြန်​သည်​  ။ စီနီယာအိုဆယ်​ဟွန်း၏​ကောင်းမှု
ကြောင့်​ အိပ်​​ရေးပျက်​ပြီး လမ်း​လျှောက်​ရင်းငိုက်​လာ
မိတယ်​ စီနီယာနှစ်​​ယောက်​ကပညာ​ပေးသွားတယ်​။

စပ်​ဖျင်းဖျင်းဖြစ်​သွားတဲ့ခါးကို လက်​နဲ့ပွတ်​ရင်း စာသင်
ခန်းထဲ ဝင်​လာလိုက်​တယ်​ ။ စာ​ရေးခုံ​ပေါ် လွယ်​အိတ်
ကောက်​တင်​ပြီးတာနဲ့ ခုံ​ပေါ်​ခေါင်း​မှောက်​ပြီး အိပ်​ပစ်
ဖို့ကြံလိုက်​​တော့တယ်​  ။ အရမ်းအိပ်​ချင်​​နေတဲ့ အချိန်
မှာ ၁၅မိနစ်​​လောက်​ အိပ်​လိုက်​ရလဲ မဆိုးလှဘူး​လေ။
တ​ဖြေး​ဖြေးချင်း တ​ဖြေး​ဖြေး အိပ်​စက်​ခြင်း​လောကထဲ
ကို တိုးဝင်​လုနီးပါး ခံစားချက်​​တွေ​ကောင်း​နေတဲ့အချိန်
ခါမှ ' ဘုန်း ´ ဆို ထုချလိုက်​ခြင်း ခံလိုက်​ရတဲ့
ကိုယ့်​ရဲ့​ကျောပြင်​ငယ်​ ။

စိတ်​ကုန်​လွန်းလို့ ​အော်​သာငိုပစ်​လိုက်​ချင်​လာတယ်​ ။

" မင်​​ဆော့ရား မနက်​ခင်းထဲကငိုက်​​နေပြီလား "

I Am Yours Where stories live. Discover now