I Am Yours [ 25 ]

8.5K 1K 118
                                    


အဝတ်​လဲခန်းထဲဝင်​သွားတဲ့  စီနီယာ​နောက်​ကိုလိုက်
မသွားဘဲ အခန်းပြင်​မှာမတ်​တပ်​ရပ်​ကျန်​ခဲ့ရင်း ​စောင့်
နေရနိုးနိုး ၊ လှည့်​ပြန်​ရနိုးနိုးနဲ့. ​ဝေခွဲရခက်​​နေသည်​။
ကစားသမား​တွေကလဲ   တ​ယောက်​တ​ပေါက်
စကား​ပြောသံ​တွေနဲ့. ​ချွေး​တွေရွဲစို​နေတဲ့အားကစား
ဝတ်​စုံ​တွေကိုလဲဖို့. သူ့ကို​ဖြတ်​​ကျော်​ပြီး  အဝတ်​လဲခန်း
ထဲကိုအလျိုလျိုဝင်​သွားကြ​တော့သည်​   ။  သူ
တ​ယောက်​ထဲ  အခန်းအပြင်​မှာ   လက်​ဗလာနှင့်
မတ်​တပ်​ အ​ကြောင်​သား  ရပ်​​နေသည်​  ။  အဝတ်​လဲ
ခန်းထဲ ဝင်​သွားကြတဲ့  ​ကျောင်းသား​တွေဆီက​နေ
ပြိုင်​ပွဲလာကြည့်​တဲ့   မိန်းက​လေးတချို့မပြန်​ကြ​သေးဘဲ
ကျောင်းဝန်းထဲမှာ   ဓာက်​ပုံရိုက်​​နေကြတယ်​လို့လဲ
ပြော​နေ​သံကြားလိုက်​တယ်​   ။  တချို့. ကြီးကျယ်​တဲ့
အသိုင်းအဝိုင်းကဆင်းသက်​လာတဲ့  ရုပ်​ရည်​ပိုင်းအရ
ကြည့်ေ​ကာင်းလှတဲ့​ကောင်​​တွေက​တော့ ကြီးကျယ်​စွာ
နဲ့.  KyungWon.  ထဲ မိန်းက​လေး​တွေ​ရောက်
နေတာကို   သိပ်​ကြိုက်​ကြပုံမ​ပေါ်ဘူး  ။

"   အဲ့မိန်းက​လေး​တွေက အခုထိ မပြန်ြ​က​သေးဘူး
လား အီဂျီဝန်းကစီနီယာအိုဆယ်​ဟွန်းကိုမ​တွေ့ရမချင်း
ပြန်​မဲ့ပုံမ​ပေါ်ဘူး   "

ဒုတိယနှစ်​ စီနီယာတ​​ယောက်​က. အပြင်​ဘက်​က
မိန်းက​လေး​တွေအ​ကြောင်းကို   အလိုမကျစွာ​ပြောဆို
နေရင်း   အခန်းထဲကထွက်​လာတဲ့ စီနီယာအို​ဆယ်​ဟွန်းကို​တွေ့​တော့မှ  အသံတိတ်​ပြီး
ရှောင်​ထွက်​သွား​တော့သည်​  ။ ကျန်​တဲ့​ကျောင်းသား
တွေလဲ    အရိပ်​အကဲကြည့်​ကာ ခပ်​သွက်​သွက်​ပင်
အဝတ်​လဲခန်းထဲဝင်​သွားကြ​တော့သည်​ ။  ထွက်​လာ
တဲ့စီနီယာဟာ  ကြားသွားဟန်​ရှိသည်​လား၊မရှိသည်
လား ​ဝေခွဲရခက်​​လောက်​​အောင်​  မျက်​နှာအ​နေအထား
က ထုံးစံအတိုင်း   ခပ်​တည်​တည်​ ​အေးစက်​စက်​ပါပဲ ။

"  မင်း ရှိ​သေးသားပဲ    "

စီနီယာရဲ့မျက်​ခုံးနှစ်​ဖက်​မြှင့်​တင်​ကာ ​ပြောလိုက်​တဲ့
ပုံစံက ​ဒေါသထွက်​စရာ​ကောင်း​နေတာ​ကြောင့်
မင်​​ဆော့   ဂျိုကြည့်​ကြည့်​​ပေးလိုက်​တယ်​ ။ 

I Am Yours Where stories live. Discover now