Believe in Love (Completed)

Por ThelThel17

89.7K 7.1K 392

I want you to know , But I don't wanna tell u Más

1
2
3
4
5
6(Final)
Extra
New Fic
Hey
hey
New Fic

Extra❤

6.6K 634 26
Por ThelThel17

Zawgyi version

၁ လပြည့်​ခဲ့ပြီ





" Tae ​ရေ.....ကိုယ်​​ရောက်​ပြီ "

" Jungkook....... "

ဒါကလဲအလုပ်​တစ်​ခု


" ကိုယ်​လဲ လွမ်းတာ​ပေါ့ "










" Tae ​နော်​...​မေ့​နေတာလား "

" ဟမ်​...ဘာကို "

ဦးတည်​​ခေါ်သွားသည်


သ​ဘော​ပေါက်​​တော့တယ်


လာချွဲတာ ဘယ်​သူလဲ "

" အာ....Jungkook ကလဲ "


အခု​တော့....

" ပြီး​ရော...ပြီး​ရော... "

သူ့ရဲ့အနမ်း​တွေေ​ကြာင့်​ ကျွန်​​တော်​ပါစိတ်​ကြွလာပြီး



I should love myself

" ကျစ်​.... "


" မကိုင်​နဲ့ကွာ "

" Jungkook ကလဲ

" ပြီး​ရောကွာ "


" ​အေး...​ပြော "

" ..... "

ငါစိတ်​ပူလာပြီ "

"...... "



ငို​နေတာဆို​တော့

" Jungkook "






" မဟုတ်​ဘူး Jungkook ရဲ့




" အင်းပါ...သိပါတယ်​ "






〰〰〰〰Believe in Love〰〰〰〰




စိတ်​ကမကြည်​​တော့ဘူး
တွေးရင်း ​ဒေါသထွက်​တယ်

ဟင်းဟင်း....Kim Taehyung






" Jiminie!!!!!! "

နားကိုအူသွားတာပဲ

" TaeTae!!!!! "






" မငိုနဲ့​လေ Jiminie ရယ်
ငါ့ကို​သေချာ​ပြော "

" ဟင့်​....သူ..သူက​လေ ငါ့ကို​လေ "

ငါပြန်​​တော့မယ်​ "

စိတ်​ကလုံးဝမရှည်​ဘူး

သူက....ငါ့ကို "



လက်​ထဲမှာလဲ အထုပ်​နဲ့

" Babe ဒီနားလာ "






ပေး babe ကပ်​​ပေးမယ် "

Yoongi က




သိလား ​သေနာရဲ့ "







" Jungkook ပြန်​ကြမယ်​​​လေ "



" Tae "

" ဟင်​ "



အဲ့လို​လေး လုပ်​​ပေးရင်
သ​ဘောကျတယ်​ဆိုလို့ "
















...........................................................


အရမ်း​ပျော်​ရပါတယ်



🎀ThankYouGuys🎀

Unicode version

အင်း......ပြောရမယ်ဆိုရင် ကျွန်တော်နဲ့ Jungkook နဲ့
လက်ထပ်ပြီးလို့ ကျွန်တော် အိမ်ထောင်သည်ဖြစ်သွားတာ
၁ လပြည့်ခဲ့ပြီ

အိမ်ထောင်သည်ဖြစ်တာနဲ့ ကျွန်တော်လဲ
ဂိမ်းသမားလုံးလုံးဖြစ်သွားတော့တာပဲ

ဟုတ်တယ်လေ Jungkook က သူပဲပိုက်ဆံရှာမယ်
Tae ကအိမ်မှာပဲနေ ကိုယ့်ကိုချစ်ပေးရတဲ့အလုပ်ပဲလုပ်ဆိုတော့လဲ
ကျွန်တော်က အိမ်မှာအမြဲတစ်ယောက်တည်း

အဲ့တာကြောင့် Jimin က ဂိမ်းဆော့ကြည့်ပါလားဆိုပြီးပြောလို့
ဆော့ကြည့်လိုက်တာ ဂိမ်းများရဲ့ဘုရင် Kim Taehyung
ဆိုပြီး ဖြစ်သွားတာပေါ့

အခု...ဂိမ်းလဲမဆော့ချင်တော့ဘူး
ဘာလို့လဲဆိုတော့ ၆ နာရီထိုးပြီလေ
၆ နာရီဆို Jungkook ကကုမ္ပဏီကနေပြန်လာတဲ့အချိန်ဆိုတော့
အဲ့အချိန်ဆို Jungkook အိမ်ပြန်မရောက်မချင်း
ထိုင်လို့မရထလို့မရ ချက်ချင်းကြီး Jungkook ကိုလွမ်းလာတာ

" Tae ရေ.....ကိုယ်ရောက်ပြီ "

" Jungkook....... "

ဒါကလဲအလုပ်တစ်ခု
Jungkook ရဲ့ ကိုယ်ရောက်ပြီဆိုတဲ့စကားကြားတာနဲ့
အိပ်ခန်းထဲကနေ အိမ်ရှေ့ထိ မာရေသွန် ပြိုင်ပွဲဝင်သလို
ပြေးသွားပြီး Jungkook ကို ဖက်ကာ ပါးကိုနမ်းရတာအမော

" Jungkook ရယ် လွမ်းလိုက်တာ "

" ကိုယ်လဲ လွမ်းတာပေါ့ "

Jungkook က ကျွန်တော့်ကို ချီမကာ
ကျွန်တော့်ပါးလေးကိုပြန်နမ်းပြီးပြောလာသည်

Jungkook ကလေ တော်တော်ချောလာတာ
အရင်ကလဲ ချောပါတယ် ချောလို့တောင်
ကျွန်တော် အနောက်ကနေ တကောက်ကောက်လိုက်ခဲ့ရတာပဲ
ဒါပေမယ့် အခုချောတာကတစ်မျိုး
အရမ်းလူကြီးဆန်လာပြီး..တည်ကြည်လာတယ်
ယောကျာ်းလဲပိုဆန်လာတယ်
ကုမ္ပဏီ မှာ ဝန်ထမ်းကောင်မလေးတွေ
Jungkook ကိုငမ်းမှာ သေချာတယ်

ကျွန်တော်တွေးရင်း စိတ်ညစ်လာတယ်
Jungkook ကို ဂျီလဲမကျရဲဘူး
သူက ကျွန်တော်ရစ်လို့ စိတ်ပျက်သွားရင်ဘယ်လိုလုပ်မလဲ

Jungkook ချီထားရက်သားလေးနဲ့ပဲ
Jungkook လည်ပင်းကိုဖက်ကာ
ရင်ခွင်ထဲအတင်းတိုးဝင်မိသည်

" ကိုယ့်ကလေးက နောက်ပိုင်း အရမ်းချွဲလာတယ်နော် "

" Jungkook မကြိုက်လို့လားဟင် "

သူပြောလို့ စိတ်ပူစွာဖြင့် ပြန်မေးလိုက်တော့
သူ ရီကာ ကျွန်တော့် နားရွက်လေးကို ခပ်ဖွဖွကိုက်ရင်း

" ကိုယ်ကပိုကြိုက်တာပေါ့
Tae ကကိုယ့်ကိုချွဲနေတဲ့အချိန်ဆို ကိုယ့်မှာရင်ခုန်လွန်းလို့
သေမှာပဲသိရဲ့လား ကျားပေါက်လေးရဲ့ "

" ဟီး....ဆင်းတော့မယ် ချပေးတော့
Jungkook လေးနေတော့မယ် "

" Tae နော်...မေ့နေတာလား "

" ဟမ်...ဘာကို "

Jungkook က မျက်မှောင်ကြုတ်ကာ
ကျွန်တော့်ကို ချီထားတာမချသေးပဲ အိပ်ခန်းထဲသို့
ဦးတည်ခေါ်သွားသည်

ပြီးတော့ ကျွန်တော့်ကို အိပ်ရာပေါ်သို့ချလိုက်ပြီး
အုပ်မိုးလာသည့် Jungkook

အခုမှ လုံးစုံများစွာ သူပြောတဲ့အဓိပ္ပါယ်ကို
သဘောပေါက်တော့တယ်
သဘောပေါက်ပြီးတာနဲ့ တစ်ပြိုင်နက် ရှက်စိတ်ဝင်လာသည်

" Jungkook ဟို...စောသေးတယ်လေ "

" သိတယ်...ဒါပေမယ့် ကိုယ်စိတ်မထိန်းနိုင်အောင်
လာချွဲတာ ဘယ်သူလဲ "

" အာ....Jungkook ကလဲ "

" Jungkook ကမလဲနဲ့ ညကTae ပဲ မနက်ဖြန် ဆို "

ဒီ Jungkook နဲ့တော့ တော်တော်ထန်လာပါလား
တော်ပြီ နောက်ဆို Jeon Jungkook ကိုမချွဲရဲတော့ဘူး
အခုမှတော့ မတတ်နိုင်တော့ဘူး
ကိုယ်ကလဲ မနေ့ညက လွတ်ရင်ပြီးရောဆိုပြီး ပြောခဲ့တာ
အခုတော့....

" ပြီးရော...ပြီးရော... "

ကျွန်တော့် ခွင့်ပြုချက်ရတာနဲ့ သူချက်ချင်း ပြုံးသွားကာ
ကျွန်တော့် နှုတ်ခမ်းကို စတင်နမ်းလေသည်
သူ့ရဲ့အနမ်းတွေကြောင့် ကျွန်တော်ပါစိတ်ကြွလာပြီး
သူ့လည်ပင်းကို သိုင်းဖက်ကာ ပြန်တုန့်ပြန်နေမိသည်

တဖြည်းဖြည်း သူ့အနမ်းတွေက....
ကျွန်တော့် လည်ပင်းဆီကို ရောက်လာသည်
တစ်မျိုးကြီးပဲ....သူကျွန်တော့်လည်ပင်းကိုနမ်းတိုင်း
စိတ်ထဲ မရိုးမရွဖြစ်လာပြီး တစ်ခုခုလိုလာသလိုလို

ပြီးတော့...သူကျွန်တော့်အင်္ကျီထဲ လက်ဝင်လာသည်

🎶 You've shown me I have reasons
I should love myself
Nam sum nae georeoon gil jeonburo daphae🎶

" ကျစ်.... "

ကျွန်တော်ဖုန်းသံကြောင့် Jungkook ကျစ်ခနဲသက်လိုက်ပြီး

" မကိုင်နဲ့ကွာ "

" Jungkook ကလဲ
Jiminie အကြောင်းမသိတာကျနေတာပဲ
သူက မကိုင်မချင်းခေါ်နေမှာ "

" ပြီးရောကွာ "

ဟော်....မျက်နှာကြီးဆူပူတ်ပြီး ဟိုဘက်လှည့်သွားသည်
မတတ်နိုင် Park Jimin ဆိုတဲ့အကောင်က
သေမလို ခေါ်တာ မကိုင်မချင်းကိုခေါ်တဲ့အကောင်ဆိုတော့

" အေး...ပြော "

" ..... "

" ဟင်...Jiminie ငါ့ကိုသေချာပြောပါဦး
ငါစိတ်ပူလာပြီ "

"...... "

" အေးအေး..ငါလာခဲ့မယ် စောင့်နေ "

ငိုသံကြီးနဲ့ ဖုန်းဆက်လာတဲ့ Jimin ကြောင့်
အခု ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ

ကျွန်တော့်မှာ Jimin ငိုရင် မျောက်မီးခဲတက်ထိုင်ထားသလိုပဲ
ပြာယာခတ်လို့ ကျွန်တော့်ရဲ့တစ်ဦးတည်းသော သူငယ်ချင်းလေး
ငိုနေတာဆိုတော့

" Jungkook "

" အင်း Jimin ဘာဖြစ်ပြန်ပြီလဲ "

Jungkook ကအကြောင်းသိသူပီပီ ကြိုမေးသည်

" ဒီတစ်ခေါက်ငိုပါငိုနေတာ Jungkook ရဲ့"

ကျွန်တော်ပြောတော့ သက်ပြင်းချကာ
ကျွန်တော်ဘက်လှည့်လာပြီး မျက်နှာချင်းဆိုင်လိုက်သည်

" Tae ရယ် သူတို့အတွဲကအမြဲရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့လေ
သူတို့ ရန်ဖြစ်တိုင်း ကိုယ်တို့သူတို့ဆီသွားနေရတာတော့
မဟုတ်တော့ဘူး သူတို့အတွဲ အလိုလိုနေရင်းပြန်တည့်သွားလိမ့်မယ် "

" မဟုတ်ဘူး Jungkook ရဲ့
အရင်အခေါက်တွေတုန်းက Jiminie ကမငိုဘူး
အခု ငိုပါငိုနေတာ Tae စိတ်ပူတယ် "

ကျွန်တော့်ကို ဂျိုကြည့်ကြည့်နေတဲ့ jungkook

" Tae နော် အကြွေးတွေ များနေပြီ "

Park Jimin မင်းကြောင့် မင်းကြောင့်

" အင်းပါ...သိပါတယ် "

" သိရင် ပြီးတာပဲ သွားမယ် ဟိုနှစ်ကောင်အိမ်ကို "





〰〰〰〰Believe in Love〰〰〰〰



ကျွန်တော့်မှာ စိတ်ပေါက်ပေါက်နဲ့ ဘေးနားက
အရူးကျားပေါက်ကို လိုက်ပို့ပေးနေရသည်

စိတ်ကမကြည်တော့ဘူး
ဟုတ်တယ်လေ စဉ်းစားကြည့်
ကျွန်တော်နဲ့သူ ဟိုဟာ..ဖြစ်တော့မယ့်ဆဲဆဲမှာ..
တော်ပါပြီ အဲ့အကြောင်းမတွေးတော့ပါဘူး
တွေးရင်း ဒေါသထွက်တယ်

ဟင်းဟင်း....Kim Taehyung
မင်းလေး အကြွေးဆပ်တဲ့နေ့တော့ မလွယ်ဘူးမှတ်

" Jungkook အဲ့ရုပ်ကြီးမလုပ်ထားပါနဲ့လား
ရုပ်က လူယုတ်မာ ရုပ်နဲ့ ကြောက်စရာကြီး "

ကိုယ့်အတွေးကိုပါ မင်းကြားသွားရင်
ကိုယ့်ဆီက ထွက်ပြေးသွားမယ်ထင်တယ်.....

အခုချိန်မှာတော့..အဲ့ကလေးကို ပြန်မပြောနိုင်သေးဘူး
သူ့ကို ကျွန်တော် စိတ်ကောက်နေတယ်
သူကလဲ သိတယ် ကျွန်တော် စိတ်ကောက်နေမှန်း
အဲ့တာကြောင့် ကားမောင်းနေတဲ့ကျွန်တော့်ကို
လှည့်ကြည့်လှည့်ကြည့်နဲ့

Jimin နဲ့ Yoongi တို့အိမ်ရောက်တော့
ကားပေါ်ကနေ ပြေးပြီးဆင်းသွားတဲ့ဟိုကလေး

တော်တော်ချစ်နေပေါ့...ဟုတ်လား
Yoongi ကိုပြောရမယ် japan ပြန်ရင်
Jimin ကိုပါ ခေါ်သွားခိုင်းရမယ်

" Jiminie!!!!!! "

အောင်မလေး ပြဲစိန်လေး ဘေးနားကနေအော်သွားတာ
နားကိုအူသွားတာပဲ

" TaeTae!!!!! "

နှစ်ယောက်က မသိရင် ကွဲကွာနေတဲ့ ရည်းစားတွေကျနေတာပဲ
ပြေးဖက်နေလိုက်တာ ငိုယိုပြီး

အခုမှ အိမ်ကိုသေချာကြည့်ဖြစ်တယ်

ဟုတ်တော့ဟုတ်တယ် ဒီတစ်ခေါက်သူတို့ရန်ဖြစ်တာ
နည်းနည်း ပြင်းထန်တဲ့ပုံပဲ

ခါတိုင်းတုန်းကဆို အိမ်ကသပ်သပ်ရပ်ရပ်ပဲ
အခု ပန်းအိုးတွေကလဲ ကွဲ အလှချိတ်ထားတဲ့
ပန်းချီကားတွေကလဲ ရွဲ့စောင်း

" TaeTae ငါ့ကိုလေ ဟို Min suga က...အဟင့် "

" မငိုနဲ့လေ Jiminie ရယ်
ငါ့ကိုသေချာပြော "

" ဟင့်....သူ..သူကလေ ငါ့ကိုလေ "

" Park Jimin!!! ငါစိတ်မရှည်တော့ဘူး
မင်းအဲ့စကားကို ဆုံးအောင်မပြောသေးဘူးဆိုရင်
ငါပြန်တော့မယ် "

ကျွန်တော့်ကလေးက အဲ့လို
စိတ်ကလုံးဝမရှည်ဘူး
Jimin ခဗျာ သနားတော့သနားပါတယ်
Tae အော်လိုက်တော့ လန့်သွားတာများ တုန်ခနဲပဲ

" ပြောမယ်....မင်းကလဲ အရမ်းဟောက်တာပဲ
သူက....ငါ့ကို "

ကျွန်တော်လဲ တဖြည်းဖြည်း စိတ်ဝင်စားလာပြီ
ဘာ ပြသာနာဖြစ်တာလဲဆိုတာ
အဲ့တာကြောင့်Jimin စကားကိုသေချာနားထောင်နေတုန်း

" ဟင်...Jungkook တို့ရောက်နေကြပြန်ပြီလား "

Yoongi ပုံကိုကြည့်တော့လဲ ဘာမှမဖြစ်တဲ့ပုံစံ
လက်ထဲမှာလဲ အထုပ်နဲ့

" Babe ဒီနားလာ "

Yoongi ပြောလိုက်တာ Tae ကိုအတင်းဖက်ကာ
ခေါင်းခါပြနေတဲ့ Jimin

" Babe ကိုယ့်ကိုဆေးမလိမ်းပေးဘူးလား "

" ဟင်...Hyung ဒဏ်ရာ ရထားတာလား "

Yoongi ကသူ့လက်က အနာကိုပြလိုက်တော့
Jimin ကဖက်ထားတဲ့ Tae ကိုတွန်းထုတ်ကာ
Yoongi အနားကို ဝှစ်ခနဲရောက်သွားသည်

Tae ခဗျာ အံ့သြလွန်းလို့ ပါးစပ်လေးဟလို့
အခုထိ မမှတ်သေးဘူး သူတို့နှစ်ယောက်အတွဲရဲ့အထာကို
ပြောရင်စကားကိုနားမထောင်ဘူး
အချိန်တန် သူ့အလိုလိုပြန်တည့်သွားပါလိမ့်မယ်ဆိုတာကို

" Hyung အရမ်းနာနေလားဟင်
ပေး babe ကပ်ပေးမယ် "

ကျွန်တော်နဲ့ Tae မပြန်သေးပဲကြည့်နေတာကြောင့်
Yoongi က

" ဒီတစ်ခေါက်က ငါတို့ရုပ်ရှင်ကြည့်ကြရင်းဖြစ်တာ
ငါ ကမင်းသမီးကို ကြိုက်တယ်လို့ပြောမိလိုက်တာ
အဲ့မှာစိတ်ကောက်ပြီး သူ့အခန်းထဲကို တဒုန်းဒုန်းနဲ့တက်သွားပြီး
တံခါးကို ဆောင့်ပိတ်လိုက်တာ နံရံကပန်းချီကားကရွဲ့သွားကော
အဲ့တာကို ငါကပြန်တည့်မလို့ စားပွဲပေါ်တက်လိုက်တာ
ဘေးနားက ပန်းအိုးနဲ့တိုက်မိပြီး ပန်းအိုးကွဲသွားတယ်
ပြန်ရှင်းဖို့လုပ်တော့ လက်ထိသွားတယ်
ငါဆေးဝယ်ပြီး ပြန်လာတော့
မင်းတို့ နှစ်ယောက် ရောက်နေတာပဲ "

" ဟီး....မင်းတို့ပြန်လို့ရပြီ "

Yoongi ရင်ခွင်ထဲက Jimin က Tae ကို မျက်နှာချိုသွေးကာ ပြန်ခိုင်းနေသည်

" မသာကောင်....နောက်ဆို မင်းဆီဘယ်တော့မှမလာဘူး
မင်းကြောင့်...မင်းကြောင့် ငါ့အကြွေးတွေကမနည်းဘူး
သိလား သေနာရဲ့ "

"  ဟမ်...ငါလဲ မင်းနာမည်နဲ့ ပိုက်ဆံမချီးထားပါဘူး "

Jimin ပြောလိုက်တော့ Tae မှာ ပိုဒေါသထွက်သည့်ဟန်

" မင်းကို ဒီနေ့ငါသတ်မှကျေနပ်မယ် "

ကျွန်တော်နဲ့ yoongi မှာ ဆိုဖာပေါ်ထိုင်ကာ
ကျွန်တော်တို့ရဲ့ ချစ်စရာကောင်းသော ယောကျာ်းနှစ်ယောက်ကို
ကြည့်ကာ ရယ်မောနေမိသည်

ဟိုကလေးနှစ်ယောက်ကတော့ စိန်ပြေးလိုက်တိုင်း ကစားနေကြတာ
မောရင်တော့ သူတို့ရဲ့ မူပိုင် ရင်ခွင်ဆီလာကြမှာအမှန်ပဲလေ

အဲ့တော့ ကျွန်တော်တို့နှစ်ယောက်ကတော့ သူတို့နှစ်ယောက်
ရင်ခွင်ထဲကိုလာမယ့်အချိန်ကိုစောင့်ရင်း သူတို့နှစ်ယောက်ကို
ကြည့်ရင်း ကြည်နူးနေရသည်

" Jungkook ပြန်ကြမယ်လေ "

ကားပေါ်မှာ လမ်းတစ်လျှောက်လုံး
ကျွန်တော့်လက်တစ်ဖက်ကို ကိုင်ကာ
သူ့ပါးနဲ့ကပ်လိုက် သူ့နှုတ်ခမ်းလေးနဲ့ နမ်းလိုက်နဲ့
ကျွန်တော်အသည်းယားပြီး သေအောင် လုပ်ဖို့စိတ်ကူးထားတဲ့ပုံ

ကျွန်တော် ကားကို လမ်းဘေး၌ထိုးရပ်လိုက်ပြီး

" Tae "

" ဟင် "

" Jimin ဘာပြောလိုက်ပြန်ပြီလဲ "

သူအခုလိုလုပ်နေတာ မူမှမမှန်တာ ကျွန်တော်သိတာပေါ့
Jimin တစ်ခုခုမြှောက်ပေးလိုက်ပြီဆိုတာ

" ကိုယ့်ချစ်သူ ကားမောင်းနေရင်
အဲ့လိုလေး လုပ်ပေးရင်
သဘောကျတယ်ဆိုလို့ "

မရတော့ဘူး ကျွန်တော် စိတ်တွေထိန်းချုပ်လို့မရတော့ဘူး

" Tae ကိုယ်သဘောကျလွန်းလို့ စိတ်မထိန်းနိုင်တော့ဘူး "

သူ့အပေါ်ကို အုပ်မိုးလိုက်တော့ မျက်လုံလေးပြူးကာ
ပါးလေးနီရဲပြီ အတင်းငြင်းလေသည်

" ဟာ....Jungkook ကလဲ အိမ်...အိမ်ရောက်တော့မှာပဲကို "

" ဟင့်အင်း....ကိုယ်အဲ့လောက်ထိမစောင့်နိုင်တော့ဘူး "

ကျွန်တော်ပြောပြီးပြီးချင်း သူ့အပေါ်ကို အနမ်းမိုးတွေကို
ရမ္မက် ဆန်ဆန်ပေးမိသည်

နောက်ဆုံးတော့ Tae ကျွန်တော့်အပေါ်တင်နေတဲ့အကြွေးကို
ကားပေါ်မှာ ဆပ်လိုက်ရတော့သည်......

" Tae ချစ်တယ် အရမ်းချစ်တယ် "

ပြောပြီး ချွေးပြန်နေတဲ့ Tae နဖူးလေးကို နမ်းလိုက်သည်

" အင်း....Tae လဲJungkook ကိုသိပ်ချစ်တယ်
အခုတော့ အိပ်ချင်လာပြီ အိမ်ရောက်ရင် Tae ကိုချီသွားတော့ "

ကျွန်တော် ရီလိုက်ရင်း.....Tae ပါးလေးကို တချက်နမ်းကာ
ကျွန်တော်တို့ရဲ့ အချစ်ကမ္ဘာအိမ်ငယ်လေးကို မောင်းနှင်လိုက်တော့သည်..........





...........................................................

Extra များပြီးဆုံးသွားပါပြီ
extra နှစ်ခုလောက်ရေးမယ်လို့ စဉ်းစားထားတာ
အခုတော့ စဉ်းစားထားတဲ့ အတိုင်းရေးပြီသွားပါပြီ

ဒီ fic လေးကို အများကြီး သဘောကျပေးတဲ့အတွက်
အရမ်းပျော်ရပါတယ်
ရေးသမျှ ficတွေထဲမှာ feedback အကောင်းဆုံးရတဲ့ficလေးတစ်ပုဒ်ပေါ့

အခုတော့ ဒီficလေး နှမြောစွာနဲ့ပဲ extra ပါအားလုံးပြီးဆုံးသွားကြောင်း👏👏👏

တခြား fic လေးတွေ ဖတ်ပေးကြပါဦးနော်

🎀ThankYouGuys🎀

Seguir leyendo

También te gustarán

187K 16.3K 20
Jeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့...
471K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
343K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
455K 39.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ