အား....စိတ်တိုလိုက်တာ !
ကြံုဖူးမလားမသိဘူး ရည်းစားနှစ်ယောက်
ထိုင်နေတဲ့၀ိုင်းမှာ ကိုယ်ကကြားထဲကနေ
Third wheelလိုမျိုးကြောင်တောင်တောင်
ကြီးဖြစ်နေတာမျိုး....
အဲ့တာအကုန်လံုးsoyeon unniကြောင့်ပဲ...
လမ်းထိပ်မှာ တော့ပိုကီသွားစားဦးမယ် ဆိုပြီး
ပြောတယ်လေ....အဲ့တော့ သူမလည်း
စားချင်တယ်ဆိုပြီး လိုက်ခဲ့တာပေါ့...
သူ့ရည်းစားကြီးLee Qriရောက်နေတယ်မှ
မပြောတာ ။ အခုတော့ ပဲကြီးလှော်ကြားကို
ဆားညှပ်နေသလိုပဲ အီလည်လည်ကြီး.....။
Eunjungကိုလွှမ်းရလို့ ဖြစ်လာတဲ့ လစ်ဟာမှု
တွေကို တော့ပိုကီ လေးနဲ့ဖြည့်မလို့ကြံစည်
ထားသော်လည်း.....အခုတော့စိတ်ပါအိုက်နေ
ရပြီလေ....
"Unni အဲ့တာဆို ငါပြန်နှင့်--..."
"Soyeon unni...
Jiyeonကိုခဏခေါ်သွားဦးမယ် "
စကားမဆံုးသေးခင် သူမတို့ထိုင်နေတဲ့စားပွဲ
နားကိုရောက်လာတဲ့Eunjungက သူမကို
တစ်ချက်မှ မကြည့်ပဲ soyeon unniကိုသာ
အသိပေးတာလိုလို ခွင့်တောင်းတာလိုလိုနဲ့
တစ်ခွန်းပြော၏ ။
"အေး အေး ခေါ်သွား...."
Soyeon unniခွင့်ပြုသံကြားတာနဲ့Eunjung
ကjiyeonလက်ကောက်၀တ်ကိုဆွဲကာ
ဆိုင်ထဲက ထွက်လာ၏....။
ဘာကြီးလဲ !? သူမကအရာ၀တ္ထုလဲမဟုတ်..
၁၉ရက်လောက်ပစ်ထားပြီးမှ အဲ့လိုလာဆွဲ
ခေါ်သွားလို့ရရိုးလား...
Jiyeonက Eunjungဆွဲထားတဲ့ လက်က်ို
အားထည့်ကာ ဆတ်ကနဲ့ဖြုတ်ချသည်။
"Yah လွတ်ဦး "
"ဘာဖြစ်လို့လဲ ?"
"နင်က ရုတ်တရက်ကြီးပေါ်လာပြီး
ငါ့ကိုလာဆွဲနေတာလေ...အဲ့တာကို ငါက
ကျေးဇူးတင်ပါတယ်ဆိုပြီး ကြည်ကြည်ဖြူဖြူ
လိုက်လာရမှာလား ?"
"ငါက နင့်ကိုအကြာကြီးမဆက်သွယ်လို့
စိတ်ဆိုးနေတာလား ?"
"သေလိုက်လေ ဘာလို့စိတ်ဆိုးရမှာလဲ ? "
"မဟုတ်မှ......ငါ့ကိုလွမ်းနေတာလား?"
နှုတ်ခမ်းကိုတွန့်ချိုးကာ အပြံုးတစ်၀က်တစ်ပျက်
နဲ့တစ်လံုးချင်းဆီပြောလာသောEunjung....
"ဘ-ဘာလို့....ငါက လွမ်းရမှာလဲ ငါကဖြင့်..
နင်ပျောက်နေတာတောင်သိတာမဟုတ်ဘူး
တကယ်ပဲ....ပြီးတော့ နင့်ငါ့ကို ၁၈ရက်နဲ့
၂၂နာရီလောက် မဆက်သွယ်တာ
ငါနည်းနည်းမှ သတိထားမိတာမဟုတ်ဘူး"
ကြောက်အားလန့်အားနဲ့ အထိတ်ထိတ်
အလန့်လန့်ငြင်းလာသောjiyeonကို
Eunjungကတော့ ခပ်ပြံုးပြံုးသာကြည့်နေရဲ့...
"ငါနဲ့ခဏလိုက်ခဲ့ပါ Jiyeon...
တောင်းဆိုတာပါ "
မျက်၀န်းတွေကိုစိုက်ကြည့်ကာ တည်တည်
ကြည်ကြည်ပြောလာသည့်နောက် jiyeonဟာ
စိတ်ညို့ခံရတဲ့လူလို ဘာမှပြန်မပြောနိုင်ပဲ
Eunjungကားပေါ်ကို ပါလာလေရဲ့ ။
လမ်းမပေါ်တရိပ်ရိပ်ဖြတ်ပြေးနေတဲ့Eunung
ရဲ့ကားလေးက လူစည်တဲ့နေရာတွေထိ
ရောက်လာချိန်jiyeonက မနေနိုင်စွာ စကား
စလာ၏ ။
"YAH ဘယ်ထိသွားမှာလဲ ?"
"ဘာဖြစ်လို့လဲ ? ငါနင့်ကိုအိမ်ပြန်ပို့ပေးမှာပါ"
"ငါ့ပံုစံကိုလည်း ကြည့်ဦးEunjung
လူကြားတွေထဲကို ငါမသွားဘူးနော် "
လမ်းထိပ်မှာမုန့်စားရံုတင်မှို့jiyeonပံုစံက
တကယ့်ကို လျော့တိလျော့ရဲ ။ လည်ပင်း
ခပ်လျှေလှေျာတီရှပ်ကြီးနှင့် မြေကြီးက်ို
ရှပ်တိုက်နေသည့် ည၀တ်ဘောင်းဘီရှည်ကို
၀တ်ထားခဲ့တာလေ ။
"ဘာဖြစ်လဲ ကာတွန်းဘောင်းဘီနဲ့
အလည်ထွက်ခြင်းပေါ့ "
"Hahm Eunjung.! "
"ဟား...ဟား.... စိတ်ချပါ လူတွေအများကြီး
မရှိပါဘူး"
"နင်က ဘယ်သွားနေတာမို့လို့လဲ ? "
"မိတ်ဆက်ပေးမလို့ နင့်ကို ငါ့ချစ်သူနဲ့ "
"ဘာ.....! "
လုပ်ပြန်ပြီ Eunjung! လုပ်ပြန်ပြီ !
"နင့်သောက်ရည်းစားကိစ္စတွေကို ငါ့ကို
လာမပြောနဲ့တော့လို့ပြောပြီးပြီလေ "
"ရည်းစားမဟုတ်ပါဘူး ဒီတစ်ခေါက်က
ချစ်သူပါ .....နောက်ထပ်မရှိနိုင်တော့တဲ့ချစ်သူ"
သူ့ချစ်သူအကြောင်းပြောနေစဥ် Eunjungရဲ့
မျက်၀န်းတို့ရွှန်းလဲ့နေပံုက ရင်ကိုအပ်နဲ့
လာစွနေသလိုမျိုး တစ်စစ်စစ်နာကျင်စေသည် ။
ချစ်သူတဲ့ ..နှစ်ယောက်မရှိနိုင်တော့တဲ့သူတဲ့..
သူကအရမ်းလှလားEunjung....?
ကိုယ့်ကိုကိုစိတ်ပျက်လက်ပျက် တစ်ချက်ကြည့်
မိသည် ။ ဒီလိုစုတ်ပြတ်သတ်နေတဲ့ပံုစံနဲ့
Eunjungရဲ့ချစ်ရသူကို လိုက်ကြည့်ရမယ့်
သူမကဘယ်လောက်တောင် သိမ်ငယ်သေးနုတ်
လိုက်မလဲ ?
Hahm Eunjung....နင်ငါ့က်ိုု ဘယ်အခြေနေ
ရောက်တဲ့ထိနင်းခြေဖို့စဥ်းစားထားတာလဲ ?
"ရောက်ပြီJiyeon "
အဆောက်ဦးတစ်ခုရှေ့မှာတံု့ကနဲ့ ကားရပ်
ပြီးနောက် Eunjungဦးဆောင်ရာလှေကား
ထစ်တွေနောက်ကို စိတ်မပါလက်မပါ လိုက်ခဲ့
တော့၏ ။
တံခါးတစ်ချပ်နောက်ကွယ်တွင် အခန်းကျယ်
တစ်ခုကစီးကြိုနေသည် ။နံရံရဲ့တစ်ဖက်က
မှန်အပြည့် ဖြစ်သောကြောင့် အကခန်းမ
တစ်ခုဟု ထင်မှတ်ရလေသည် ။
လင်းလင်းချင်းချင်းမရှိသောအခန်းက မီးရောင်
မိန်မိန်တို့ဖြင့် လှပသည်ဟုခေါင်းစဥ်တပ်၍
ရသော်လည်း စိတ်အခြေနေမကောင်းလှသော
သူမအတွက်တော့ ငြီးစီစီနိုင်သည် ။
"Jiyeon ah လာ "
စကားက်ိုခပ်ပြံုးပြံုးဆိုလာပြီး အဖြေက်ိုမစောင်
့တဲ့Eunjungက သူမကို ပခံုးကကိုင်၍ မှန်ရှေ့
တည့်တည့်ရပ်စေ၏ ။
"နင့်ဟာလေးရော "
"အရှေ့ကိုကြည့်လိုက်Jiyeon...အဲ့တာ
ငါ့ချစ်သူ...."
"နင်က မှန်ကို ကြိုက်နေပြန်တာလားEunjung"
"ဟင့်အင်း မှန်ထဲက ကာတွန်းဘောင်းဘီနဲ့
တစ်ယောက်....ကြိုက်တာမဟုတ်ဘူး ချစ်တာ"
နားရွက်ဖျားကိုကပ်ပြောတဲ့Eunjungရဲ့
စကားသံက လှျပ်စီးတစ်ဆင်းလို ခန္ဓာကိုယ်ထဲ
ဖြတ်စီးသွားစဥ် ကြက်သီးမွှေးညှင်းတို့ထ၍
တစ်ချက်တုန်သွားခဲ့သည် ။
"နင်..ပြောတာက "
အံ့သြဟန်အပြည့်နဲ့မလှုပ်မယှက်ရပ်နေသော
Jiyeonကို Eunjungက မျက်နှာချင်းဆိုင်သို့
ဆွဲလှည့်လိုက်ပြီး မျက်၀န်းတို့ဆီတည့်တည့်
ကြည့်၍....
"ငါနင့်ကိုချစ်တယ် Park Jiyeon
ငါ့ချစ်သူဖြစ်ပေးပါ "
အတန်ကြာသည်အထိJiyeonက အသိစိတ်
မဲ့နေခဲ့ပြီးမှ မျက်ရည်တို့စီးကျ၍ Eunjung
ရင်ဘတ်ကို တဘုန်းဘုန်းထုတော့၏ ။
Eunjungကမတားပဲ Jiyeonရဲ့လက်သီးဆုပ်
တ်ို့ကိုကျေကျေနပ်နပ် ခံယူ၏ ။
"ငါ့ကိုအဖြေပေးဦးလေ Jiyeon "
Jiyeonက ဘာမှပြန်မဖြေပဲ တအင့်အင့်သာ
ရှိုက်၍ Eunjungရင်ဘတ်ကိုသာ ဆက်ပြီး
ထုနေလေရဲ့ ။
Eunjungက စိတ်မရှည်တော့ဟန် Jiyeonရဲ့
လက်သီးဆုပ်တို့ကိုဖမ်းယူပြီး လက်နှစ်ဖက်ကို
စုကိုင်ကာ မြှောက်၍ မှန်နံရံမှာကပ်လိုက်ကာ...
ကျန်လက်တစ်ဖက်နဲ့Jiyeonမျက်နှာပေါ်က
မျက်ရည်စက်လက်ကျန်တို့ကိုဖိသုတ်ပြီး နောက်
နှုတ်ခမ်းဖျားတို့ကို လက်မနဲ့ဖွဖွကိုင်ပွတ်ကိုင်
လေရဲ့ ။
ထို့နောက်တွင်တော့ ခေါင်းကိုတဖြည်းဖြည်း
ငံု့လာကာ jiyeonနှုတ်ခမ်းဖျားတို့ကို သူမရဲ့
နှုတ်ခမ်းတွေနဲ့ဖိကပ်ပစ်လိုက်၏ ။
နာရီလက်တံတို့ကိုမေ့ထားကာ မြတ်နိုးရတဲ့
နူးနူးညံ့ညံ့ ချယ်ရီသီးရဲရဲတို့ကို ခပ်ဖွဖွဖြင့်
အတန်ကြာအောင် သံုးဆောင်လေ၏ ။
နှုတ်ခမ်းပါးနှစ်ခုခွာလိုက်ချိန် ပြတ်လုဆဲဆဲ
အောက်ဆီဂျင်ကိုတစ်ချက်ရှူသွင်းလိုက်
ပြီးမှ Eunjungက ခပ်လေးလေးပြောလာ၏ ။
"မငြင်းဘူးဆိုတော့ လက်ခံတယ်လို့ပဲ
သဘောထားလိုက်ပြီနော်"
"ဘာကိုတုန်း ?"
"ငါ့ချစ်သူ ဖြစ်ပေးဖို့လေ "
Jiyeonက eunjungရဲ့ နဖူးကို
လှမ်းခေါက်လိုက်ပြီး .....
"ငါနင့်ကို အများကြီးသဘောကျနေတာ
အရမ်းကြာနေပြီကို အခုထိမသိသေးဘူးလား
သောက်ငပန်းကောင်ရဲ့ "
"အား.....နာတယ် ဟ "
"အများကြီးနာသွားလား ?"
လက်နဲ့နဖူးကိုအုပ်ကာမိုင်ပိုနေသောEunjung
ကိုjiyeonက စိုးရိမ်တကြီးမေးရင်း အုပ်ထား
တဲ့လက်တွေကိုဖယ်ပြီး ခုန ခေါက်လိုက်တဲ့
Eunjungနဖူး နေရာကို နှုတ်ခမ်းနဲ့ဖိကပ်
နမ်းလိုက်ပြီးတော့ တိုးတိုးလေး စကားပြော
လာလေရဲ့ ။
"ချစ်တယ်...... Hahm Eunjung..... "
အား....စိတ္တိုလိုက္တာ !
ကြုံဖူးမလားမသိဘူး ရည်းစားနှစ်ယောက်
ကြီးဖြစ်နေတာမျိုး....
အဲ့တာအကုန်လုံးsoyeon unniကြောင့်ပဲ...
ရပြီလေ....
"Soyeon unni...
စကားမဆုံးသေးခင် သူမတို့ထိုင်နေတဲ့စားပွဲ
တစ်ခွန်းပြော၏ ။
"အေး အေး ခေါ်သွား...."
ဆိုင်ထဲက ထွက်လာ၏....။
Jiyeonက Eunjungဆွဲထားတဲ့ လက်ကို
"Yah လွတ်ဦး "
"ဘာဖြစ်လို့လဲ ?"
လိုက်လာရမှာလား ?"
စိတ်ဆိုးနေတာလား ?"
နှုတ်ခမ်းကိုတွန့်ချိုးကာ အပြုံးတစ်ဝက်တစ်ပျက်
နဲ့တစ်လုံးချင်းဆီပြောလာသောEunjung....
Eunjungကတော့ ခပ်ပြုံးပြုံးသာကြည့်နေရဲ့...
တောင်းဆိုတာပါ "
စလာ၏ ။
"YAH ဘယ်ထိသွားမှာလဲ ?"
"ငါ့ပုံစံကိုလည်း ကြည့်ဦးEunjung
လမ်းထိပ်မှာမုန့်စားရုံတင်မှို့jiyeonပုံစံက
ခပ်လျှေလျှောတီရှပ်ကြီးနှင့် မြေကြီးကို
ဝတ်ထားခဲ့တာလေ ။
အလည်ထွက်ခြင်းပေါ့ "
"Hahm Eunjung.! "
မရှိပါဘူး"
"ဘာ.....! "
မျက်ဝန်းတို့ရွှန်းလဲ့နေပုံက ရင်ကိုအပ်နဲ့
မိသည် ။ ဒီလိုစုတ်ပြတ်သတ်နေတဲ့ပုံစံနဲ့
လိုက်မလဲ ?
Hahm Eunjung....နင်ငါ့ကို ဘယ်အခြေနေ
"ရောက်ပြီJiyeon "
အဆောက်ဦးတစ်ခုရှေ့မှာတုံ့ကနဲ့ ကားရပ်
တော့၏ ။
တစ်ခုကစီးကြိုနေသည် ။နံရံရဲ့တစ်ဖက်က
"Jiyeon ah လာ "
စကားကိုခပ်ပြုံးပြုံးဆိုလာပြီး အဖြေကိုမစောင်
့တဲ့Eunjungက သူမကို ပခုံးကကိုင်၍ မှန်ရှေ့
တည့်တည့်ရပ်စေ၏ ။
"နင့်ဟာလေးရော "
ငါ့ချစ်သူ...."
စကားသံက လျှပ်စီးတစ်ဆင်းလို ခန္ဓာကိုယ်ထဲ
"နင်..ပြောတာက "
ကြည့်၍....
ငါ့ချစ်သူဖြစ်ပေးပါ "
တို့ကိုကျေကျေနပ်နပ် ခံယူ၏ ။
ထုနေလေရဲ့ ။
လေရဲ့ ။
ငုံ့လာကာ jiyeonနှုတ်ခမ်းဖျားတို့ကို သူမရဲ့
အတန်ကြာအောင် သုံးဆောင်လေ၏ ။
သဘောထားလိုက်ပြီနော်"
"ဘာကိုတုန်း ?"
လှမ်းခေါက်လိုက်ပြီး .....
သောက်ငပန်းကောင်ရဲ့ "
"အား.....နာတယ် ဟ "
"အများကြီးနာသွားလား ?"
လာလေရဲ့ ။
"ချစ်တယ်...... Hahm Eunjung..... "