ချစ်သူများနေ့တဲ့လေ......အိမ်နဲ့နီးသည်မို့သာ
အသစ်ဖွင့်သည့်ဒီနေရာမှာ လှေျာ့စျေးတွေ
ပေးနေသည်မို့ လာခဲ့သော်လည်း...သူမ
ကတော့ တစ်ယောက်တည်းမို့ယောင်ချာချာ...အင်း....ဒီလောက်လှတဲ့park jiyeonလေးက
ဆင်ဂယ်ဖြစ်နေတယ်တဲ့လား....ပတ်ပတ်လည်မှာတော့ အတွဲတွေ...အတွဲတွေ..
အတွဲတွေ....ပြီးတော့...အတွဲတွေ....ခဏ...
ခဏလေး....အဲ့တာက Hahm Eun...jung...တစ်ယောက်ယောက်နဲ့အတူတူ... အင်းပေါ့
Eunjungက ဘယ်တုန်းကရည်းစားမရှိပဲ
နေဖူးလို့လဲ....ကောင်မလေးတစ်ယောက်နဲ့ပျော်နေတဲ့
Jungieက်ို အတန်ကြာသည်အထိ ငေးနေ
ခဲ့ပေမဲ့ သူမကတော့ သတိပြုမိပံုမပေါ်ပါ။
အတွဲတွေထံုးစံအတိုင်းသူတို့ကိုယ်ပိုင် ကမာ္ဘ
လေးထဲမှာပျော်လို့ပါးလို့......ဘယ်တုန်းကမှမပိုင်ခဲ့ရတာရော တစ်ခေါက်
တစ်ခါပိုင်ဆိုင်ပြီးမှ ဘယ်တော့မှထပ်မပိုင်ဆိုင်
နိုင်တော့တာရောက....ထိုကဲ့သို့ တစ်မျိုးဆီ
ကွဲပြားစွာ နာကျင်စေပါသလား.....။တစ်ကြိမ်သာထိတွေ့ရင်းနှီးဖူးသည့် နှုတ်ခမ်း
တစ်စံုကို တခြားတစ်ယောက်က သိမ်းပိုက်
တာကိုမြင်ရတော့ မျက်ရည်ကေ၀့ကနဲ့တက်
လာ၏ ။မျက်တောင်တွေကိုပုတ်ခပ်ပုတ်ခပ်လုပ်ကာ
သိမ်းဖို့ကြိုးစားလိုက်ပြီး အားတင်းကာ
အံတစ်ချက်ကြိတ်လိုက်မိသေး၏ ။ဘာဖြစ်နေတာလဲ park jiyeon....နင်က
Eunjungရဲ့ဒီပံုစံကိုမြင်ဖူးတာပထမဆံုး
မို့လို့လား.....ဆယ်ကျော်သက်လေးလည်း
မဟုတ်တော့ပဲနဲ့...ရူးလိုက်တာ.....!"Jiyeon ? "
မျက်ရည်တွေကျလာသည်မို့ခေါင်းကို
အောက်ငံု့ထားစဥ် Eunjungက သူမရှိရာ
ဘက်ကိုမြင်သွားသည်ထင်သည် ။"Park Jiyeon! "
တခြားတစ်ဖက်ကိုချက်ချင်းလှည့်ကာ ခြေလှမ်း
တို့ကို မိုင်ကုန်တင်၍ ခပ်သွက်သွက်လှေျာက်
ထွက်ခဲ့သည် ။ အနောက်ကပြေးလိုက်
လာသောခြေသံကိုရော ကပ်ပါလာသော
အမောတကော ခေါ်သံကိုရောလှျစ်လှျူရှု၍ ...."YAH PARK JIYEON !စောင့်ဦးလို့! "
___________________________________