10;lover

1.8K 123 37
                                    

အား....စိတ်တိုလိုက်တာ  !

ကြံုဖူးမလားမသိဘူး ရည်းစားနှစ်ယောက်
ထိုင်နေတဲ့၀ိုင်းမှာ ကိုယ်ကကြားထဲကနေ
Third wheelလိုမျိုးကြောင်တောင်တောင်
ကြီးဖြစ်နေတာမျိုး....

အဲ့တာအကုန်လံုးsoyeon unniကြောင့်ပဲ...
လမ်းထိပ်မှာ တော့ပိုကီသွားစားဦးမယ် ဆိုပြီး
ပြောတယ်လေ....အဲ့တော့ သူမလည်း
စားချင်တယ်ဆိုပြီး လိုက်ခဲ့တာပေါ့...

သူ့ရည်းစားကြီးLee Qriရောက်နေတယ်မှ
မပြောတာ ။ အခုတော့ ပဲကြီးလှော်ကြားကို
ဆားညှပ်နေသလိုပဲ အီလည်လည်ကြီး.....။

Eunjungကိုလွှမ်းရလို့ ဖြစ်လာတဲ့ လစ်ဟာမှု
တွေကို တော့ပိုကီ လေးနဲ့ဖြည့်မလို့ကြံစည်
ထားသော်လည်း.....အခုတော့စိတ်ပါအိုက်နေ
ရပြီလေ....

"Unni အဲ့တာဆို ငါပြန်နှင့်--..."

"Soyeon unni...
Jiyeonကိုခဏခေါ်သွားဦးမယ် "

စကားမဆံုးသေးခင် သူမတို့ထိုင်နေတဲ့စားပွဲ
နားကိုရောက်လာတဲ့Eunjungက သူမကို
တစ်ချက်မှ မကြည့်ပဲ soyeon unniကိုသာ
အသိပေးတာလိုလို ခွင့်တောင်းတာလိုလိုနဲ့
တစ်ခွန်းပြော၏ ။

"အေး အေး ခေါ်သွား...."

Soyeon unniခွင့်ပြုသံကြားတာနဲ့Eunjung
ကjiyeonလက်ကောက်၀တ်ကိုဆွဲကာ
ဆိုင်ထဲက ထွက်လာ၏....။

ဘာကြီးလဲ !? သူမကအရာ၀တ္ထုလဲမဟုတ်..
၁၉ရက်လောက်ပစ်ထားပြီးမှ အဲ့လိုလာဆွဲ
ခေါ်သွားလို့ရရိုးလား...

Jiyeonက Eunjungဆွဲထားတဲ့ လက်က်ို
အားထည့်ကာ ဆတ်ကနဲ့ဖြုတ်ချသည်။

"Yah လွတ်ဦး "

"ဘာဖြစ်လို့လဲ ?"

"နင်က ရုတ်တရက်ကြီးပေါ်လာပြီး
ငါ့ကိုလာဆွဲနေတာလေ...အဲ့တာကို ငါက
ကျေးဇူးတင်ပါတယ်ဆိုပြီး ကြည်ကြည်ဖြူဖြူ
လိုက်လာရမှာလား ?"

"ငါက နင့်ကိုအကြာကြီးမဆက်သွယ်လို့
စိတ်ဆိုးနေတာလား ?"

"သေလိုက်လေ ဘာလို့စိတ်ဆိုးရမှာလဲ ? "

"မဟုတ်မှ......ငါ့ကိုလွမ်းနေတာလား?"

နှုတ်ခမ်းကိုတွန့်ချိုးကာ အပြံုးတစ်၀က်တစ်ပျက်
နဲ့တစ်လံုးချင်းဆီပြောလာသောEunjung....

Miss Player Where stories live. Discover now