တစ္ရံေရာအခါ.....

By SmileSmile553

59.9K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... More

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 27 )

808 44 2
By SmileSmile553

" အစ္ကို သြားၿပီ တာ့တာ့ "

" အင္း ဟန္ အိမ္ေရာက္ရင္ ကိုယ့္ကိုယ္ ဖုန္းဆက္ေနာ္ "

" ကဲပါ လင္းခန္႔ရယ္ အဲ႔ေလာက္ေတာင္ စိတ္မခ်ျဖစ္ေနရင္လည္း အိမ္အထိသာလိုက္ပို႔ လိုက္ပါေတာ့လား "

" အ ! "

မွာတမ္းေခြၽမဆံုးႏိုင္ေသာ လင္းခန္႔ကို အျမင္ကပ္ကပ္နဲ႔ ဟိန္းမင္းဝင္ေျပာလိုက္ေတာ့ အကန္ခံလိုက္ရတာမို႔ နာသြားေသာေျခေထာက္ကို ပြတ္ကာ မ်က္ႏွာမဲ႔႐ြဲ႕၍ တစ္ဖက္သို႔လွည့္ေနလိုက္မိသည္။ ေသာက္ျမင္ကပ္စရာ RSေတြ။

ကားေဘးတြင္ရပ္ေနေသာ ဟန္စစ္က လင္းခန္႔တို႔သူငယ္ခ်င္းႏွစ္ေယာက္အျဖစ္ကို သေဘာက်ကာ တခစ္ခစ္နဲ႔ ရယ္ေနေလသည္။

" အစ္ကို ကြၽန္ေတာ္ကို စိတ္မပူပါနဲ႔။ သြားေတာ့မယ္ … တာ့တာ့ … ။ အာ … ဒါနဲ႔ အစ္ကိုအံ႔မင္း ကြၽန္ေတာ္ သူငယ္ခ်င္းကို စိတ္ခ်မယ္ေနာ္ "

လွည့္ထြက္ကာနီးမွ ကားေ႐ွ႕ခန္းက အံ႔မင္းသာကို မေမ့မေလ်ာ့နဲ႔ စေနာက္ေနေလေသးသည္။

" ok ok စိတ္ခ် ညီေလး။ အစ္ကို ကိုယ္ဖိရင္ဖိ ေစာင့္ေ႐ွာက္ေပးမယ္ "

" ဟား "

" ဘုန္း ! "

အံ႔မင္းသာရဲ႕ တုန္႔ျပန္ေသာစကားကို သံုးေယာက္သားသေဘာက် ရယ္သံႏွင့္အတူ  အံ႔မင္းလက္ေမာင္းအေပၚ ခန္႔ေက်ာ္ရဲ႕ လက္တင္သံကက်ယ္ေလာင္စြာ ထြက္ေပၚလာေလသည္။

" ေဟ်ာင့္ ဟန္စစ္ မင္း ဒီေန႔ျပန္ျဖစ္ဦးမွာလား "

ခန္႔ေက်ာ္ရဲ႕အေျပာကို လွ်ာထုတ္ေျပာင္ျပကာ ထြက္သြားေလေသာ ဟန္ေၾကာင့္ လင္းခန္႔အသာေခါင္းယမ္းကာ ၿပံဳးမိသည္။ ခုလိုက်ေတာ့လည္း မေန႔ညက သူ႕ကိုအတင္းဖက္ကာ ငိုယိုၿပီးေျပာေနသည္က သူမဟုတ္သည့္အတိုင္းပါလား။ ဟန္ကို အစဥ္အၿမဲ ဒီပံုအတိုင္းပင္ သူျမင္ခ်င္ေနမိသည္။ ဒီကေလးေလးကို သူ႔ေၾကာင့္ ငိုေႂကြးရတာမ်ိဳး ေနာက္မျဖစ္ေလေအာင္ ႀကိဳးစားရပါမည္ေလ။ ဟန္ရဲ႕ေက်ာျပင္ေလးကို ေငးၾကည့္ေနရင္းမွ မိိမိတို႔ကားကလည္း ထိုေနရာမွ တျဖည္းျဖည္းထြက္ခြာလာသည္မို႔ ျမင္ကြင္းထဲကေက်ာျပင္ေလး ေပ်ာက္ကြယ္သြားေတာ့ မ်က္လံုးကိုအသာမွိတ္ကာ ေနာက္ကိုေခါင္းမွီထားလိုက္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~

အစ္ကိုတို႔ကို ႏႈတ္ဆက္ၿပီး ထြက္လာလိုက္ကာ အိမ္ေ႐ွ႕နားေရာက္ေတာ့ ဆိုင္ကပိတ္ထားတာေၾကာင့္ ေမေမမ်ားတစ္ခုခုျဖစ္ေလသလားလို႔ ေတြးကာ စိုးရိမ္စိတ္ဝင္မိသည္။ ေမေမက ေတာ္႐ံုတန္႐ံု ဆိုင္ပိတ္တတ္သူမဟုတ္ဘူးေလ။ အိမ္ေ႐ွ႕သံပန္းတံခါးကို သူေခါက္လိုက္ေတာ့ အစ္မယြန္းယြန္းက တံခါးလာဖြင့္ေပးေလသည္။

" အစ္မ အလုပ္မသြား … "

ျဖန္း!!

တံခါးလာဖြင့္ေပးေသာ အစ္မျဖစ္သူကိုေမးေနေသာ စကားမဆံုးခင္ အေမေရာက္လာကာ ဟန္စစ္ကို ပါး႐ိုက္လိုက္ျခင္းပင္။ အ႐ိုက္ခံလိုက္ရေသာ ပါးကို လက္ျဖင့္အုပ္ကိုင္လိုက္ကာ ဟန္စစ္ အံ႔ၾသလြန္းသြားတာေၾကာင့္ အေမ့ကို ေငးသာၾကည့္ေနရင္း ႏႈတ္မွလည္း တီးတိုးေရ႐ြတ္ေနမိသည္။

" ေမ ေမ သား ကို … "

" အေမရယ္ စိတ္လိုက္မာန္ပါ မလုပ္ပါနဲ႔ဦး။ ေမာင္ေလးက ခုမွ ခရီးကျပန္လာတာ နားပါေစဦး "

" မေအတစ္ေယာက္လံုးကို လိမ္ခ်င္သလိုလိမ္၊ လွည့္ခ်င္သလိုလွည့္သြားတဲ႔ ဒင္းကို ငါက ထည့္ေတြးေပးေနရမွာလား … ဟမ္ … ေတာ္ေတာ္မွ ေပ်ာ္ခဲ႔ရဲ႕လား ဟန္စစ္မင္း … ဟမ္ … ေျဖစမ္းပါ! … ေတာ္ေတာ္မွ ေပ်ာ္ခဲ႔ရဲ႕လား … "

" ေမေမ ဒီလိုမလုပ္ပါနဲ႔။ သူငယ္ခ်င္းအခ်င္းခ်င္း စေနာက္ထားတာလည္း ျဖစ္ရင္ျဖစ္မွာေပါ့။ စိတ္လိုက္ မာန္ပါေတြ မလုပ္ပါနဲ႔။ သမီးေတာင္းပန္ပါတယ္ "

" စေနာက္တာ … စေနာက္တာေပါ့ေလ။ ေအး … စေနာက္တာဆိုလည္း ေနာင္ဒီလိုမလုပ္ေအာင္ ငါဆံုးမမယ္။ ငါ့ကို လႊတ္စမ္း! … ေႏြယြန္းယြန္း … ဖယ္စမ္း ငါ့ေ႐ွ႕က … "

" ေမေမ ဘာေတြေျပာေနတာလဲ။ သား … သား နားမလည္ဘူး "

" နားမလည္ဘူး … ေအး နင္ နားမလည္ဘူးမဟုတ္လား။ နင္ နားလည္သြားေအာင္ ငါဓာတ္ပံုေတြျပမယ္ "

ေမေမႏွင့္မမ တစ္ေယာက္တစ္ခြန္းေျပာေနေသာ စကားမ်ားကိုနားေထာင္၍ နားမလည္ႏိုင္ေတာ့ေပ။ တစ္ခါမွ် လက္နဲ႔ေတာင္မ႐ြယ္ခဲ႔ဖူးသည့္ ေမေမက ခုေတာ့ မမတစ္ေယာက္လံုးေ႐ွ႕က ကာထားသည့္တိုင္ မိမိကို ေဒါသတႀကီးနဲ႔ လွမ္း႐ိုက္ေနသည္ေလ။
သားငယ္၊ သား ဆိုသည္ကလြဲရင္ တစ္ခါမွနင့္နင့္သီးသီးမေျပာခဲ႔ဖူးေသာ ေမေမက ယခုေတာ့မိမိကို နင္ေတြ ငါေတြနဲ႔ ရင့္ရင့္သီးသီးေျပာကာ ေဒါသတႀကီးလွည့္ထြက္၍ အခန္းထဲဝင္သြားတာေၾကာင့္ ဟန္စစ္နားမလည္ႏိုင္ပါ။ မမကို ၾကည့္လိုက္ေတာ့လည္း ၾကမ္းျပင္ကိုသာေငးၾကည့္ေနကာ မ်က္ႏွာမေကာင္းေပ။

ဓာတ္ပံု ဓာတ္ပံုဆိုတာကေရာဘာေတြလဲ။ သူခရီးထြက္ေနသည့္ ဒီအေတာအတြင္း ဘာေတြျဖစ္ခဲ႔တာလဲ။ သိပ္မၾကာပါ အခန္းထဲကေန ဓာတ္ပံုတစ္ခ်ိဳ႕ကို ဆုပ္ကိုင္ကာထြက္လာပါေသာ ေမေမ။ ေဒါသမီးမ်ားႏွင့္ျပည့္လွ်ံေနေသာ မ်က္ဝန္းတို႔က သူ႔ကိုစိုက္ၾကည့္ကာ လက္ထဲမွဓာတ္ပံုတို႔ကို သူ႔ရင္ဘတ္သို႔ ပစ္ထည့္လိုက္ရင္း ႏႈတ္မွလည္းေဒါသတႀကီးျဖင့္

" နင္ နားမလည္ဘူးဟုတ္လား။ ေအး အဲ႔ဓာတ္ပံုေတြကို နားလည္ေအာင္ၾကည့္ ။ ၿပီးရင္ ငါ့ကို လွလွပပေလး လိမ္စမ္းပါဦး "

အ႐ွိန္ႏွင့္ဝင္ေရာက္လာေသာ ဓာတ္ပံုတို႔က ဖမ္းဆီးမည့္သူမ႐ွိတာေၾကာင့္ ၾကမ္းျပင္အႏွံ႔ပ်ံ႕က်ဲကာ က်ေရာက္သြားရသည္။ ဟန္စစ္ေခါင္းငံု႔ကာ ၾကမ္းျပင္ကဓာတ္ပံုတို႔ကို ၾကည့္လိုက္ေတာ့ ျမင္လိုက္ရေသာ ဓာတ္ပံုေၾကာင့္ အံ႔ၾသထိတ္လန္႔မႈက ႀကီးစိုးလာရသည္။ မတ္တပ္ရပ္ေနရာမွ အလွ်င္အျမန္ဒူးေထာက္ခ်လိုက္ကာ ၾကမ္းျပင္မွဓာတ္ပံုတစ္ခ်ိဳ႕ကို အထိတ္တလန္႔ေကာက္ယူကာ ၾကည့္မိသည္။

ဒါက … ဒါက ဘယ္လိုျဖစ္ရတာလဲ။ ဒီပံုေတြ … ဒီပံုေတြက ဘယ္လို … ဘယ္သူလဲ … ဒီပံုေတြ႐ိုက္ၿပီး အေမဆီကို ဘယ္သူ ပို႔ခဲ႔တာလဲ

ဓာတ္ပံုေတြကိုၾကည့္ရင္း တရားခံကိုအေျပးအလႊား စဥ္းစားကာ ဦးေႏွာက္ကို အလုပ္ေပးေနမိသည္။ဒီပံုေတြကိုပို႔တာ ဘယ္သူျဖစ္ႏိုင္မလဲ။

" ေျပာစမ္းပါဦး ဟန္ စစ္ မင္း "

" ေမေမ ဒီ … ဒီ ပံု ေတြ က … "

" နင္နဲ႔ အဲ႔ပံုထဲကအေကာင္နဲ႔က ဘာေတြလဲ ဟမ္ … ငါ့ ကို ႐ွင္းျပစမ္းပါ "

" ေမေမ သူ … သူက "

" ငါထင္သလိုမဟုတ္ဘူးမွတ္လား … ျငင္းစမ္းပါ။ ငါေမြးထားတဲ႔နင္က ေယာက္်ားေလးေနာ္ "

အက်ႌေကာ္လံႏွစ္ဖက္ကို တင္းတင္းဆုပ္ကိုင္ကာ တစ္ခ်က္တစ္ခ်က္ ပုခံုးကို႐ိုက္ကာ ေျပာေနေသာ ေမေမေၾကာင့္ ဟန္စစ္ေခါင္းငံု႔ကာ လက္ႏွစ္ဖက္ကို လက္သီးခပ္တင္းတင္းဆုပ္လိုက္၍ မ်က္လံုးစံုမွိတ္လိုက္ကာ

" သူက … သူက … သားနဲ႔ခ်စ္သူေတြပါ "

" ဟန္ စစ္ မင္း ! "

" နင္ … နင္ … ဘယ္လိုလုပ္လိုက္လဲ … ဟမ္ … မိဘမ်က္ႏွာအိုးမဲသုတ္တဲ႔ေကာင္။ ပတ္ဝန္းက်င္မွာ ငါဘယ္လိုမ်က္ႏွာျပရမလဲ … ဟမ္ … ငါေမြးထားတာ သားေယာက္်ားေလး … ဟဲ႔ … အေျခာက္မဟုတ္ဘူး ဟဲ႔ "

႐ႈိက္ႀကီးတငင္ငိုကာ လက္သီးဆုပ္နဲ႔ရင္ဘတ္ကို ထုေနရင္းမွ ေဒါသတႀကီးေျပာေနေသာ အေမေၾကာင့္ ဟန္စစ္အံ႔ကိုသာက်ိတ္ထားမိသည္။ တျဖည္းျဖည္းၿပိဳလဲကာ က်သြားေသာ ေမေမ့ခႏၶာကိုယ္ကို အစ္မကေနာက္ေနထိန္း၍ ၾကမ္းျပင္သို႔ ေျဖးညွင္းထိုင္ခ်လိုက္ေလသည္။ အေမေ႐ွ႕တြင္ ဟန္စစ္ ဒူးေထာက္ထိုင္ခ်လိုက္ကာ

" အေမ … သား … ေတာင္းပန္ပါတယ္။ သားကို … သားကို ဒီတစ္ခါပဲ နားလည္ေပးပါ။ ခြင့္လႊတ္ေပးပါ။ သား ေတာင္းပန္ပါတယ္ "

" ေတာ္စမ္း! … ဟန္စစ္ … နင္ ငါ့ကို အေမလို႔ သတ္မွတ္ေသးရင္ အဲ႔ဒီေကာင္နဲ႔ အဆက္သြယ္ျဖတ္စမ္း။ ငါ့ကို လူၾကားထဲ မထြက္ရဲေအာင္ မ်က္ႏွာမျပရဲေအာင္ မလုပ္နဲ႔။ နင္ငါ့ကို အေမျဖစ္ သတ္မွတ္ေသးရင္ ငါေျပာသလိုလုပ္ "

" အေမ သားေတာင္းပန္ပါတယ္။ အဲ႔လိုမလုပ္ပါရေစနဲ႔။ သား အစ္ကိုကို႔ တကယ္ခ်စ္တာပါ။ သားတို႔ကို လက္ခံေပးပါေနာ္ အေမ။ သားေတာင္းဆိုပါတယ္ "

ျဖန္း!!

" ကြၽန္ယံု တစ္ဖက္ကမ္း၊ သားသမီးယံု စံုလံုးကမ္းတဲ႔။ ငါက နင္ကို ယံုၾကည္မိတာ ငါ့အ႐ွက္သိကၡာေရာ၊ ငါ့သမီးအ႐ွက္သိကၡာေရာ ရစရာကိုမ႐ွိေတာ့ပါေရာလား။ နင့္မွာ ဦးေႏွာက္႐ွိရင္ စဥ္းစားစမ္းပါ။ ဒါက ကြၽန္မ သား လက္ထပ္မယ့္ ကြၽန္မ သမက္ေလးပါ။ ဒါက ကြၽန္မ ေမာင္ရဲ႕ ေယာက္်ား၊ ကြ်န္မ မတ္ကေလးပါလို႔ ငါတို႔က ဘယ္မ်က္ႏွာန႔ဲ မ်က္ႏွာေျပာင္တိုက္ရမွာလဲ။ နင္ မ်က္ႏွာေျပာင္တိုက္ရဲေပမယ့္ ငါတို႔ မတိုက္ရဲဘူး ဟန္စစ္ရဲ႕ "

" ေမေမ သား ဘာမ်ားမ်က္ႏွာေျပာင္တိုက္လို႔လဲ။ သားလဲ တစ္ျခားသူေတြလို မိသားစုနဲ႔ ေနခ်င္သူပဲေလ။ သား ခ်စ္မိတဲ႔သူက မိန္းကေလးမဟုတ္ဘဲ ေယာက္်ားေလးတစ္ေယာက္ ျဖစ္တာနဲ႔ပဲ မ်က္ႏွာေျပာင္တိုက္တာမွမဟုတ္တာ။ သား သူမ်ားမိသားစုကို ပ်က္စီးေအာင္ ဖ်က္စီးေနသူလည္း မဟုတ္ဘူး၊ သူမ်ား သားပ်ိဳသမီးပ်ိဳကို ဖ်က္စီးေနတဲ႔သူလည္း မဟုတ္ဘူး။ သားခ်စ္မိတဲ႔သူကလည္း သားလို လူပ်ိဳလူလြတ္တစ္ေယာက္ပဲေလ "

ျဖန္း!!!

" မိဘကို ကလန္ကဆန္လုပ္ရဲတဲ႔ထိ သတိၱေကာင္းေနရေလာက္ေအာင္ နင္႔ေကာင္က ဘာေတြမ်ား တန္းဖိုး႐ွိေနလို႔လဲ။ ဘာေတြမ်ား မက္ေမာေနစရာပါေနလို႔လဲ။ ထစမ္း! … ထ … နက္ျဖန္ကစၿပီး နင္အလုပ္သြားစရာမလိုေတာ့ဘူး။ အဲ႔အလုပ္ကေနလည္းထြက္၊ အခန္းထဲကေနေတာင္ အျပင္မထြက္နဲ႔။ အခန္းထဲမွာပဲေန "

" ေမေမ "

အက်ႌကုတ္ကေနအတင္းဆြဲေခၚေနေသာ အေမရဲ႕ေနာက္ကို မ်က္ရည္မ်ားျဖင့္လိုက္ပါသြားရေသာ ေမာင္ျဖစ္သူေၾကာင့္ ေႏြယြန္းစိတ္မေကာင္းျဖစ္ကာ အေမျဖစ္သူလက္ကိုဆြဲ၍ တားလိုက္မိေပမယ့္ ျပန္ရလိုက္ေသာ အေမရဲ႕တုန္႔ျပန္မႈက ေဒါသစကားတစ္ခုသာ။

" ဖယ္စမ္း မိယြန္း … ငါေဒါသထပ္မထြက္ရေစနဲ႔ေနာ္ "

သူမလက္ထဲကေန႐ႈန္းထြက္ကာ ေျပာလာေသာစကားေၾကာင့္ ေနာက္သို႔သာ အသာဆုတ္ေနလိုက္မိသည္။ ယခုခ်ိန္ သူမေ႐ွ႕ဆက္တိုးမိပါက မလိုလားအပ္ေသာ ကိစၥမ်ားျဖစ္လာေပဦးမည္။

ေမာင္ေလးကိုအခန္းထဲ တြန္းထည့္ၿပီးေနာက္ နံရံကသံတြင္ခ်ိတ္ထားေသာ ေသာ့ကိုယူကာ ေမာင္ေလးရဲ႕ အခန္းတံခါးကိုေသာ့ခတ္၍ အခန္းေ႐ွ႕တြင္ထိုင္ကာ ရင္ဘတ္ထု၍ ငိုေနေသာ အေမေၾကာင့္ ေႏြယြန္းသက္ျပင္းခ်မိသည္။ ကံၾကမၼာရယ္ ေက်းဇူးျပဳၿပီးေတာ့ ဒီထက္ပိုမရက္စက္ပါနဲ႔ေတာ့။ ဒီေလာက္နဲ႔ပဲ ေက်နပ္လိုက္ပါေတာ့လား ……



ခ်စ္ေသာ💕💕
Coral

-------------------------------------

Part(27)

" အစ်ကို သွားပြီ တာ့တာ့ "

" အင်း ဟန် အိမ်ရောက်ရင် ကိုယ့်ကိုယ် ဖုန်းဆက်နော် "

" ကဲပါ လင်းခန့်ရယ် အဲ့လောက်တောင် စိတ်မချဖြစ်နေရင်လည်း အိမ်အထိသာလိုက်ပို့ လိုက်ပါတော့လား "

" အ ! "

မှာတမ်းချွေမဆုံးနိုင်သော လင်းခန့်ကို အမြင်ကပ်ကပ်နဲ့ ဟိန်းမင်းဝင်ပြောလိုက်တော့ အကန်ခံလိုက်ရတာမို့ နာသွားသောခြေထောက်ကို ပွတ်ကာ မျက်နှာမဲ့ရွဲ့၍ တစ်ဖက်သို့လှည့်နေလိုက်မိသည်။ သောက်မြင်ကပ်စရာ RSတွေ။

ကားဘေးတွင်ရပ်နေသော ဟန်စစ်က လင်းခန့်တို့သူငယ်ချင်းနှစ်ယောက်အဖြစ်ကို သဘောကျကာ တခစ်ခစ်နဲ့ ရယ်နေလေသည်။

" အစ်ကို ကျွန်တော်ကို စိတ်မပူပါနဲ့။ သွားတော့မယ် … တာ့တာ့ … ။ အာ … ဒါနဲ့ အစ်ကိုအံ့မင်း ကျွန်တော် သူငယ်ချင်းကို စိတ်ချမယ်နော် "

လှည့်ထွက်ကာနီးမှ ကားရှေ့ခန်းက အံ့မင်းသာကို မမေ့မလျော့နဲ့ စနောက်နေလေသေးသည်။

" ok ok စိတ်ချ ညီလေး။ အစ်ကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးမယ် "

" ဟား "

" ဘုန်း ! "

အံ့မင်းသာရဲ့ တုန့်ပြန်သောစကားကို သုံးယောက်သားသဘောကျ ရယ်သံနှင့်အတူ  အံ့မင်းလက်မောင်းအပေါ် ခန့်ကျော်ရဲ့ လက်တင်သံကကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

" ဟျောင့် ဟန်စစ် မင်း ဒီနေ့ပြန်ဖြစ်ဦးမှာလား "

ခန့်ကျော်ရဲ့အပြောကို လျှာထုတ်ပြောင်ပြကာ ထွက်သွားလေသော ဟန်ကြောင့် လင်းခန့်အသာခေါင်းယမ်းကာ ပြုံးမိသည်။ ခုလိုကျတော့လည်း မနေ့ညက သူ့ကိုအတင်းဖက်ကာ ငိုယိုပြီးပြောနေသည်က သူမဟုတ်သည့်အတိုင်းပါလား။ ဟန်ကို အစဉ်အမြဲ ဒီပုံအတိုင်းပင် သူမြင်ချင်နေမိသည်။ ဒီကလေးလေးကို သူ့ကြောင့် ငိုကြွေးရတာမျိုး နောက်မဖြစ်လေအောင် ကြိုးစားရပါမည်လေ။ ဟန်ရဲ့ကျောပြင်လေးကို ငေးကြည့်နေရင်းမှ မိိမိတို့ကားကလည်း ထိုနေရာမှ တဖြည်းဖြည်းထွက်ခွာလာသည်မို့ မြင်ကွင်းထဲကကျောပြင်လေး ပျောက်ကွယ်သွားတော့ မျက်လုံးကိုအသာမှိတ်ကာ နောက်ကိုခေါင်းမှီထားလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~

အစ်ကိုတို့ကို နှုတ်ဆက်ပြီး ထွက်လာလိုက်ကာ အိမ်ရှေ့နားရောက်တော့ ဆိုင်ကပိတ်ထားတာကြောင့် မေမေများတစ်ခုခုဖြစ်လေသလားလို့ တွေးကာ စိုးရိမ်စိတ်ဝင်မိသည်။ မေမေက တော်ရုံတန်ရုံ ဆိုင်ပိတ်တတ်သူမဟုတ်ဘူးလေ။ အိမ်ရှေ့သံပန်းတံခါးကို သူခေါက်လိုက်တော့ အစ်မယွန်းယွန်းက တံခါးလာဖွင့်ပေးလေသည်။

" အစ်မ အလုပ်မသွား … "

ဖြန်း!!

တံခါးလာဖွင့်ပေးသော အစ်မဖြစ်သူကိုမေးနေသော စကားမဆုံးခင် အမေရောက်လာကာ ဟန်စစ်ကို ပါးရိုက်လိုက်ခြင်းပင်။ အရိုက်ခံလိုက်ရသော ပါးကို လက်ဖြင့်အုပ်ကိုင်လိုက်ကာ ဟန်စစ် အံ့သြလွန်းသွားတာကြောင့် အမေ့ကို ငေးသာကြည့်နေရင်း နှုတ်မှလည်း တီးတိုးရေရွတ်နေမိသည်။

" မေ မေ သား ကို … "

" အမေရယ် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး။ မောင်လေးက ခုမှ ခရီးကပြန်လာတာ နားပါစေဦး "

" မအေတစ်ယောက်လုံးကို လိမ်ချင်သလိုလိမ်၊ လှည့်ချင်သလိုလှည့်သွားတဲ့ ဒင်းကို ငါက ထည့်တွေးပေးနေရမှာလား … ဟမ် … တော်တော်မှ ပျော်ခဲ့ရဲ့လား ဟန်စစ်မင်း … ဟမ် … ဖြေစမ်းပါ! … တော်တော်မှ ပျော်ခဲ့ရဲ့လား … "

" မေမေ ဒီလိုမလုပ်ပါနဲ့။ သူငယ်ချင်းအချင်းချင်း စနောက်ထားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ စိတ်လိုက် မာန်ပါတွေ မလုပ်ပါနဲ့။ သမီးတောင်းပန်ပါတယ် "

" စနောက်တာ … စနောက်တာပေါ့လေ။ အေး … စနောက်တာဆိုလည်း နောင်ဒီလိုမလုပ်အောင် ငါဆုံးမမယ်။ ငါ့ကို လွှတ်စမ်း! … နွေယွန်းယွန်း … ဖယ်စမ်း ငါ့ရှေ့က … "

" မေမေ ဘာတွေပြောနေတာလဲ။ သား … သား နားမလည်ဘူး "

" နားမလည်ဘူး … အေး နင် နားမလည်ဘူးမဟုတ်လား။ နင် နားလည်သွားအောင် ငါဓာတ်ပုံတွေပြမယ် "

မေမေနှင့်မမ တစ်ယောက်တစ်ခွန်းပြောနေသော စကားများကိုနားထောင်၍ နားမလည်နိုင်တော့ပေ။ တစ်ခါမျှ လက်နဲ့တောင်မရွယ်ခဲ့ဖူးသည့် မေမေက ခုတော့ မမတစ်ယောက်လုံးရှေ့က ကာထားသည့်တိုင် မိမိကို ဒေါသတကြီးနဲ့ လှမ်းရိုက်နေသည်လေ။
သားငယ်၊ သား ဆိုသည်ကလွဲရင် တစ်ခါမှနင့်နင့်သီးသီးမပြောခဲ့ဖူးသော မေမေက ယခုတော့မိမိကို နင်တွေ ငါတွေနဲ့ ရင့်ရင့်သီးသီးပြောကာ ဒေါသတကြီးလှည့်ထွက်၍ အခန်းထဲဝင်သွားတာကြောင့် ဟန်စစ်နားမလည်နိုင်ပါ။ မမကို ကြည့်လိုက်တော့လည်း ကြမ်းပြင်ကိုသာငေးကြည့်နေကာ မျက်နှာမကောင်းပေ။

ဓာတ်ပုံ ဓာတ်ပုံဆိုတာကရောဘာတွေလဲ။ သူခရီးထွက်နေသည့် ဒီအတောအတွင်း ဘာတွေဖြစ်ခဲ့တာလဲ။ သိပ်မကြာပါ အခန်းထဲကနေ ဓာတ်ပုံတစ်ချို့ကို ဆုပ်ကိုင်ကာထွက်လာပါသော မေမေ။ ဒေါသမီးများနှင့်ပြည့်လျှံနေသော မျက်ဝန်းတို့က သူ့ကိုစိုက်ကြည့်ကာ လက်ထဲမှဓာတ်ပုံတို့ကို သူ့ရင်ဘတ်သို့ ပစ်ထည့်လိုက်ရင်း နှုတ်မှလည်းဒေါသတကြီးဖြင့်

" နင် နားမလည်ဘူးဟုတ်လား။ အေး အဲ့ဓာတ်ပုံတွေကို နားလည်အောင်ကြည့် ။ ပြီးရင် ငါ့ကို လှလှပပလေး လိမ်စမ်းပါဦး "

အရှိန်နှင့်ဝင်ရောက်လာသော ဓာတ်ပုံတို့က ဖမ်းဆီးမည့်သူမရှိတာကြောင့် ကြမ်းပြင်အနှံ့ပျံ့ကျဲကာ ကျရောက်သွားရသည်။ ဟန်စစ်ခေါင်းငုံ့ကာ ကြမ်းပြင်ကဓာတ်ပုံတို့ကို ကြည့်လိုက်တော့ မြင်လိုက်ရသော ဓာတ်ပုံကြောင့် အံ့သြထိတ်လန့်မှုက ကြီးစိုးလာရသည်။ မတ်တပ်ရပ်နေရာမှ အလျှင်အမြန်ဒူးထောက်ချလိုက်ကာ ကြမ်းပြင်မှဓာတ်ပုံတစ်ချို့ကို အထိတ်တလန့်ကောက်ယူကာ ကြည့်မိသည်။

ဒါက … ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဒီပုံတွေ … ဒီပုံတွေက ဘယ်လို … ဘယ်သူလဲ … ဒီပုံတွေရိုက်ပြီး အမေဆီကို ဘယ်သူ ပို့ခဲ့တာလဲ

ဓာတ်ပုံတွေကိုကြည့်ရင်း တရားခံကိုအပြေးအလွှား စဉ်းစားကာ ဦးနှောက်ကို အလုပ်ပေးနေမိသည်။ဒီပုံတွေကိုပို့တာ ဘယ်သူဖြစ်နိုင်မလဲ။

" ပြောစမ်းပါဦး ဟန် စစ် မင်း "

" မေမေ ဒီ … ဒီ ပုံ တွေ က … "

" နင်နဲ့ အဲ့ပုံထဲကအကောင်နဲ့က ဘာတွေလဲ ဟမ် … ငါ့ ကို ရှင်းပြစမ်းပါ "

" မေမေ သူ … သူက "

" ငါထင်သလိုမဟုတ်ဘူးမှတ်လား … ငြင်းစမ်းပါ။ ငါမွေးထားတဲ့နင်က ယောက်ျားလေးနော် "

အကျႌကော်လံနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ကာ တစ်ချက်တစ်ချက် ပုခုံးကိုရိုက်ကာ ပြောနေသော မေမေကြောင့် ဟန်စစ်ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို လက်သီးခပ်တင်းတင်းဆုပ်လိုက်၍ မျက်လုံးစုံမှိတ်လိုက်ကာ

" သူက … သူက … သားနဲ့ချစ်သူတွေပါ "

" ဟန် စစ် မင်း ! "

" နင် … နင် … ဘယ်လိုလုပ်လိုက်လဲ … ဟမ် … မိဘမျက်နှာအိုးမဲသုတ်တဲ့ကောင်။ ပတ်ဝန်းကျင်မှာ ငါဘယ်လိုမျက်နှာပြရမလဲ … ဟမ် … ငါမွေးထားတာ သားယောက်ျားလေး … ဟဲ့ … အခြောက်မဟုတ်ဘူး ဟဲ့ "

ရှိုက်ကြီးတငင်ငိုကာ လက်သီးဆုပ်နဲ့ရင်ဘတ်ကို ထုနေရင်းမှ ဒေါသတကြီးပြောနေသော အမေကြောင့် ဟန်စစ်အံ့ကိုသာကျိတ်ထားမိသည်။ တဖြည်းဖြည်းပြိုလဲကာ ကျသွားသော မေမေ့ခန္ဓာကိုယ်ကို အစ်မကနောက်နေထိန်း၍ ကြမ်းပြင်သို့ ဖြေးညှင်းထိုင်ချလိုက်လေသည်။ အမေရှေ့တွင် ဟန်စစ် ဒူးထောက်ထိုင်ချလိုက်ကာ

" အမေ … သား … တောင်းပန်ပါတယ်။ သားကို … သားကို ဒီတစ်ခါပဲ နားလည်ပေးပါ။ ခွင့်လွှတ်ပေးပါ။ သား တောင်းပန်ပါတယ် "

" တော်စမ်း! … ဟန်စစ် … နင် ငါ့ကို အမေလို့ သတ်မှတ်သေးရင် အဲ့ဒီကောင်နဲ့ အဆက်သွယ်ဖြတ်စမ်း။ ငါ့ကို လူကြားထဲ မထွက်ရဲအောင် မျက်နှာမပြရဲအောင် မလုပ်နဲ့။ နင်ငါ့ကို အမေဖြစ် သတ်မှတ်သေးရင် ငါပြောသလိုလုပ် "

" အမေ သားတောင်းပန်ပါတယ်။ အဲ့လိုမလုပ်ပါရစေနဲ့။ သား အစ်ကိုကို့ တကယ်ချစ်တာပါ။ သားတို့ကို လက်ခံပေးပါနော် အမေ။ သားတောင်းဆိုပါတယ် "

ဖြန်း!!

" ကျွန်ယုံ တစ်ဖက်ကမ်း၊ သားသမီးယုံ စုံလုံးကမ်းတဲ့။ ငါက နင်ကို ယုံကြည်မိတာ ငါ့အရှက်သိက္ခာရော၊ ငါ့သမီးအရှက်သိက္ခာရော ရစရာကိုမရှိတော့ပါရောလား။ နင့်မှာ ဦးနှောက်ရှိရင် စဉ်းစားစမ်းပါ။ ဒါက ကျွန်မ သား လက်ထပ်မယ့် ကျွန်မ သမက်လေးပါ။ ဒါက ကျွန်မ မောင်ရဲ့ ယောက်ျား၊ ကျွန်မ မတ်ကလေးပါလို့ ငါတို့က ဘယ်မျက်နှာန့ဲ မျက်နှာပြောင်တိုက်ရမှာလဲ။ နင် မျက်နှာပြောင်တိုက်ရဲပေမယ့် ငါတို့ မတိုက်ရဲဘူး ဟန်စစ်ရဲ့ "

" မေမေ သား ဘာများမျက်နှာပြောင်တိုက်လို့လဲ။ သားလဲ တစ်ခြားသူတွေလို မိသားစုနဲ့ နေချင်သူပဲလေ။ သား ချစ်မိတဲ့သူက မိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက် ဖြစ်တာနဲ့ပဲ မျက်နှာပြောင်တိုက်တာမှမဟုတ်တာ။ သား သူများမိသားစုကို ပျက်စီးအောင် ဖျက်စီးနေသူလည်း မဟုတ်ဘူး၊ သူများ သားပျိုသမီးပျိုကို ဖျက်စီးနေတဲ့သူလည်း မဟုတ်ဘူး။ သားချစ်မိတဲ့သူကလည်း သားလို လူပျိုလူလွတ်တစ်ယောက်ပဲလေ "

ဖြန်း!!!

" မိဘကို ကလန်ကဆန်လုပ်ရဲတဲ့ထိ သတိ္တကောင်းနေရလောက်အောင် နင့်ကောင်က ဘာတွေများ တန်းဖိုးရှိနေလို့လဲ။ ဘာတွေများ မက်မောနေစရာပါနေလို့လဲ။ ထစမ်း! … ထ … နက်ဖြန်ကစပြီး နင်အလုပ်သွားစရာမလိုတော့ဘူး။ အဲ့အလုပ်ကနေလည်းထွက်၊ အခန်းထဲကနေတောင် အပြင်မထွက်နဲ့။ အခန်းထဲမှာပဲနေ "

" မေမေ "

အကျႌကုတ်ကနေအတင်းဆွဲခေါ်နေသော အမေရဲ့နောက်ကို မျက်ရည်များဖြင့်လိုက်ပါသွားရသော မောင်ဖြစ်သူကြောင့် နွေယွန်းစိတ်မကောင်းဖြစ်ကာ အမေဖြစ်သူလက်ကိုဆွဲ၍ တားလိုက်မိပေမယ့် ပြန်ရလိုက်သော အမေရဲ့တုန့်ပြန်မှုက ဒေါသစကားတစ်ခုသာ။

" ဖယ်စမ်း မိယွန်း … ငါဒေါသထပ်မထွက်ရစေနဲ့နော် "

သူမလက်ထဲကနေရှုန်းထွက်ကာ ပြောလာသောစကားကြောင့် နောက်သို့သာ အသာဆုတ်နေလိုက်မိသည်။ ယခုချိန် သူမရှေ့ဆက်တိုးမိပါက မလိုလားအပ်သော ကိစ္စများဖြစ်လာပေဦးမည်။

မောင်လေးကိုအခန်းထဲ တွန်းထည့်ပြီးနောက် နံရံကသံတွင်ချိတ်ထားသော သော့ကိုယူကာ မောင်လေးရဲ့ အခန်းတံခါးကိုသော့ခတ်၍ အခန်းရှေ့တွင်ထိုင်ကာ ရင်ဘတ်ထု၍ ငိုနေသော အမေကြောင့် နွေယွန်းသက်ပြင်းချမိသည်။ ကံကြမ္မာရယ် ကျေးဇူးပြုပြီးတော့ ဒီထက်ပိုမရက်စက်ပါနဲ့တော့။ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတော့လား ……





ချစ်သော💕💕
Coral

Continue Reading

You'll Also Like

52.6K 1.3K 35
Anna Scott comes from a rich family who run their own clothing brand. What happens when her therapist forces her to take a break from her work and c...
853K 8.4K 68
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
185K 9.4K 44
အခ်စ္ဆိုတာ cotton candy လိုပါပဲ။ ခ်ိဳၿမိန္တယ္...အရသာ႐ွိတယ္။ တစ္ေယာက္ထဲစားရင္ ေကာင္းေတာ့ေကာင္းေပမဲ့ အဲ့ဒီ ခ်ိဳၿမိန္တဲ့ အရသာကို ကိုယ္ခ်စ္ရတဲ့သူနဲ႔ အတူတ...
1.7M 93.2K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...