တစ္ရံေရာအခါ.....

By SmileSmile553

59.7K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... More

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

part ( 23 )

816 43 3
By SmileSmile553

တိတ္ဆိတ္ေနေသာအခန္းေလးတြင္း အဝါေရာင္မွိန္ပ်ပ် မီးအလင္းေရာင္ေလးက ႀကီးစိုးလို႔ေနေလသည္။ ကုတင္ရဲ႕ေဘးတစ္ေနရာ ေအာက္ဘက္မွာေတာ့ အနီေရာင္႐ွပ္အက်ႌေလးတစ္ထည္က သခင္ရဲ႕စြန္႔ပစ္ျခင္းကို ခံထားရေလသည္။ ကုတင္ေပၚတြင္ေတာ့ ေခါင္းရင္းကုတင္နံရံကိုမွီ၍ ေကာင္ေလးတစ္ေယာက္ထိုင္ေနၿပီး သူ႕ရင္ခြင္ထဲက မီးခိုေရာင္ဆံသားတို႔နဲ႔ မ်က္ႏွာစူပုတ္ေနေသာ ေကာင္ေလးကို ခ်စ္မ်က္ဝန္းတို႔ျဖင့္ ၿပံဳး၍ၾကည့္ေနေလသည္။ သူ႔အက်ႌေတြကအနည္းငယ္ ဖ႐ိုဖရဲႏိုင္ေနသည္မွလြဲ၍ ရင္ခြင္ထဲမွေကာင္ေလးကေတာ့ အေပၚပိုင္းဗလာက်င္းႏွင့္။

က်ဴးေလးရဲ႕ ပခံုးႏွင့္ ရင္ဘတ္တို႔တြင္ သူကိုယ္တိုင္ ခတ္ႏွိပ္ထားေသာ ခ်စ္တံဆိပ္မ်ားကိုၾကည့္ရင္း အံ႔မင္းတစ္ေယာက္ အၿပံဳးမသတ္ႏိုင္ေခ်။ ရင္ခြင္ထဲက က်ဴးေလးကိုၾကည့္ေနရင္း အသည္းယားလာကာ နားဖ်ားေလးကို လွ်ာနဲ႔လွ်က္၍ ႏႈတ္ခမ္းႏွစ္လႊာၾကား ဖိဆုပ္လိုက္ေတာ့

" အ … နာတယ္ဗ်။ ခင္ဗ်ားႀကီး ဘယ္လိုျဖစ္ေနတာလဲ "

လက္ကိုေနာက္ျပန္တြန္းလာေသာ က်ဴးေလးေၾကာင့္ လြတ္ေပးလိုက္ၿပီး ပခံုးသားတို႔ကို ဖိနမ္းလိုက္ေတာ့ ကိုယ္ေလးကတစ္ခ်က္တြန္႔သြားတာေၾကာင့္ သူၿပံဳးလိုက္မိသည္။

ဒီေလာက္အနမ္းခံထားရတာေတာင္ အက်င့္မျဖစ္ေသးပါလား။ ဒီကေလးေလးကို အက်င့္ျဖစ္ေအာင္ လုပ္ေပးမွပါေလ။

နားဖ်ားကိုနမ္းလိုက္၊ ပခံုးကိုနမ္းလိုက္လုပ္ေနေသာ ထိုလူႀကီးကို ခန္႔ေက်ာ္ အျမင္ကပ္လာေခ်ၿပီ။ ညေနထဲက လူကိုအခန္းထဲေခၚလာၿပီး အတင္းအဓမၼနမ္းေနတာ။ သူ႕သားသမီးမဟုတ္တိုင္း။ ေတြးရင္း၊ ေတြရင္းအျဖစ္ပ်က္တို႔ကို ျမင္ေယာင္လာကာ ငိုခ်င္လာသည္။

သူမ်ားႏႈတ္ခမ္းကိုလည္း အတင္းအဓမၼနမ္းတယ္။ တစ္ကိုယ္လံုးကိုလည္း ……

" အီး … ဟီး … ၿဗဲ … ႐ႊတ္ … "

အေတြးနဲ႔အတူ ခန္႔ေက်ာ္တစ္ေယာက္ စိတ္မထိန္းႏိုင္ေတာ့ဘဲ ငိုခ်လိုက္မိသည္။

႐ုတ္တရက္ထငိုလာေသာ က်ဴးေလးေၾကာင့္ အံ႔မင္း ေျခမကိုင္မိ လက္မကိုင္မိ စိုးရိမ္စိတ္တိုးလာသည္။

" ဘာ … ဘာျဖစ္လို႔လဲ … ဘာလို႔ ငိုတာလဲ က်ဴးေလး "

" ဘာ … ဘာလို႔ ငိုတာလဲ,လဲ … ခင္ဗ်ား ဘာလုပ္ထားလဲ မမွတ္မိေတာ့ဘူးလား "

" ကိုယ္က ဘာလုပ္ထားလို႔လဲ "

" ခင္ဗ်ား … အက်င့္မေကာင္းတဲ႔လူႀကီး။ လူယုတ္မာႀကီး "

ေျပာလည္းေျပာ၊ ငိုလည္းငိုနဲ႔ ေျခေရာလက္ေရာပါ အၿငိမ္မေန ႐ိုက္ႏွက္ေနေသာ က်ဴးေလးေၾကာင့္ အံ႔မင္းအ႐ိုက္ခံေနရသည့္ၾကားမွ ၿပံဳးလိုက္မိသည္။ ထို႔ေနာက္ က်ဴးေလးလက္တို႔ကို ဖမ္းခ်ဳပ္လိုက္ၿပီး နဖူးခ်င္းတိုက္လိုက္၍

" ကိုယ္က ဘာေတြမ်ား ယုတ္မာေနလို႔လဲ။ ခင္ဗ်ားေလးကို နမ္းပဲနမ္းတာေလ။ မေတာ္မတရားေတြ လုပ္ေနလို႔လား ဟင္ "

" ခင္ဗ်ား "

" ႐ႈးးး … ထပ္မေျပာနဲ႔။ ထပ္ေျပာလို႔ ကိုယ္စိတ္မထိန္းႏိုင္ရင္ တာဝန္မယူဘူးေနာ္။ ခင္ဗ်ားေလး ပံုစံကလည္း ေရကန္အသင့္ ၾကာအသင့္ဆိုေတာ့ "

လူတစ္ကိုယ္လံုးကို ေသခ်ာစိုက္ၾကည့္ကာေျပာလာေသာ ထိုလူႀကီးေၾကာင့္ ဆြဲထားေသာလက္ကို အတင္း႐ုန္းလိုက္ၿပီး ရင္ဘတ္တြင္ ၾကက္ေခ်ခတ္လိုက္ကာ ေနာက္သို႔ဆုတ္လိုက္မိသည္။ ဒီလူႀကီးပံုစံက ေျပာလို႔ရတာမဟုတ္။ တကယ္လုပ္ရင္ လုပ္မွာ။

လက္ေလးႏွစ္ဘက္ကို ၾကက္ေခ်ခတ္ကာ ေနာက္ဆုတ္သြားေသာ က်ဴးေလးပံုစံက အေတာ္ေလးအသည္းယားဖို႔ေကာင္းသည္။ ခ်စ္ပါတယ္လို႔ ဖြင့္ဟေျပာဆိုၿပီးကာမွ ပိုခ်စ္လာေအာင္၊ အသည္းယားလာေအာင္ ဆြဲေဆာင္ေနသလိုပင္။ အထိတ္တလန္႔နဲ႔ ဝိုင္းစက္ေနေသာ မ်က္ဝန္းတို႔က ပို၍စေနာက္ခ်င္စိတ္ ျဖစ္လာေစသည္။ ကိုယ့္အေတြးကို ခပ္ဟဟၿပံဳးလိုက္ရင္း …

" ဟက္ … ျမင္ၿပီးသား ေနရာကိုဖံုးမွေတာ့ ဘာထူးမွာလဲ။ ကိုယ့္အထင္ေတာ့ မျမင္ရေသးတဲ႔ ေနရာကို ေသခ်ာေလးကာထားသင့္တယ္ ထင္တယ္ "

" ရား!!! လူ! ယုတ္! မာ! ႀကီး! "

ေအာ္သံႏွင့္အတူ မ်က္ႏွာေပၚေရာက္လာေသာ ခြလံုးေၾကာင့္ အံ႔မင္းအားရပါးရ ရယ္လိုက္မိသည္။ ကုတင္ထက္ေဘးတစ္ေစာင္းလွဲခ်လိုက္ၿပီး လက္တစ္ဖက္ကိုေထာက္၍ ေခါင္းတင္လိုက္ၿပီး က်န္လက္တစ္ဖက္က မ်က္ႏွာနီရဲေနေသာေကာင္ေလးရဲ႕ ေျခေထာက္ကို လက္ေခ်ာင္းထိပ္မ်ားျဖင့္ ခပ္ဖြဖြထိလိုက္ရင္း …

" ကိုယ္ ေျပာတာ မွားလို႔လား။ ဘယ္သူက ျမင္ဖူးတဲ႔အရာကို စိတ္ဝင္စားမွာလဲ။ မျမင္ဘူးတဲ႔အရာကိုသာ … "

" ခင္ဗ်ားႀကီး ပါးစပ္ပိတ္ထား။ ကြၽန္ေတာ္ အသားကိုမထိနဲ႔ "

အေျပာနဲ႔အတူ အကန္ပါခံလိုက္ရတာေၾကာင့္ အံ႔မင္းမ်က္ႏွာကိုတစ္ဖက္လွည့္၍ ရယ္လိုက္ၿပီး ခ်စ္စရာအလြန္႔အလြန္ေကာင္းေနေသာ နီနီရဲရဲမ်က္ႏွာေလးကို ေစ့ေစ့ၾကည့္လိုက္ကာ

" ကိုယ္က ဘာလို႔ မင္းစကား နားေထာင္ရမွာလဲ "

" ဗ်ာ "

ျပဴးေၾကာင္ေၾကာင္မ်က္လံုးေလးနဲ႔ ၾကည့္ေနေသာ သူရဲ႕မူပိုင္ႏွလံုးသားအ႐ွင္သခင္က်ဴးေလး။ မိမိကို ပိုပိုခ်စ္လာေအာင္ စြမ္းေဆာင္ႏိုင္သူေလး။ ဒီတစ္ေခါက္သာ ဆြဲၿပီးထပ္နမ္းမိရင္ေတာ့ သူရဲ႕စိတ္ေတြက အစိုးရေတာ့မည္မဟုတ္ေခ်။ ထို႔ေၾကာင့္ ကိုယ့္စိတ္ကိုယ္ထိန္းကာ က်ဴးေလးရဲ႕အျပဳအမႈပံုစံတစ္ခ်ိဳ႕ျဖစ္ေသာ ႐ွက္သြားလို႔ ေခါင္းေလးလႊဲသြားတာမွအစ မ်က္ေတာင္ခတ္သြားသည္အဆံုး တစ္ခုမွမလြတ္ေအာင္ အေသးစိတ္လိုက္ၾကည့္ေနမိသည္။

" ေျပာေလ … ကိုယ္က မင္းစကားကို ဘာလို႔နားေထာင္ရမွာလဲ။ မင္းေျပာတဲ႔ အခ်က္အလက္ေတြခိုင္မာရင္ေတာ့ ကိုယ္ မင္းေျပာတာနားေထာင္မယ္။ မဟုတ္ရင္ေတာ့ ကိုယ့္ကို အျပစ္မတင္နဲ႔ "

အသားလြတ္ႀကီးဘဝင္ျမင့္ကာ ဘဝင္႐ူး႐ူးေနေသာ ထိုလူယုတ္မာႀကီးအား ခန္႔ေက်ာ္ႏွာေခါင္း႐ႈပ္မိသည္။

သူ႔မ်ား မိမိက အခ်က္အလက္ခိုင္ခိုင္မာမာ တင္ျပရဦးမည္တဲ႔။ ဆုသာေတာင္း လူယုတ္မာႀကီးေရ။ ကြၽန္ေတာ္က ခန္႔ေက်ာ္ျဖစ္တာေၾကာင့္ ခင္ဗ်ားကြၽန္ေတာ့္စကားကို နားေထာင္သင့္တယ္။ အဲ႔တာထက္ပိုျပည့္စံုတဲ႔ အေၾကာင္းအရာ႐ွိဦးမတဲ႔လား။ ကြၽန္ေတာ္ကေရာ ခင္ဗ်ားကို ေၾကာက္ရမတဲ႔လား။ ေသေတာင္ မေၾကာက္ ေၾကာက္ …

လတ္တေလာကမွ ျဖစ္ပ်က္ထားေသာ ေႏြးေႏြးေထြးေထြးအနမ္းမ်ားကို ျပန္သတိရလာကာ ဇက္ေလးပုဝင္သြားရသည္။

မျဖစ္ေတာ့၊ မျဖစ္ေတာ့။ ဒီအခန္းထဲ ထိုလူနဲ႔တူတူ႐ွိေနရင္ သူ႔ဘဝေလးတြက္ အာမခံခ်က္က လံုးဝ ဥသံု သံုညပင္။ ဒီအခန္းထဲက သူအျပင္ျမန္ျမန္ထြက္မွ ျဖစ္ေတာ့မည္။

အေတြးနဲ႔အတူ ကုတင္ေပၚကဆင္းရန္ ျပင္လိုက္ေတာ့ လက္ကိုလာကိုင္ေသာ လက္ေၾကာင့္ အလန္႔တၾကား ထေအာ္မိရသည္အထိ။

" ေအာင္မေလး ! ! ! "

စူးေနေအာင္ထေအာ္ေသာ က်ဴးေလးရဲ႕အသံေၾကာင့္ အံ႔မင္းမ်က္လံုးမွိတ္ထားလိုက္မိသည္။

ဒီကေလး ေတာ္ေတာ္ အသံေအာင္တာပဲ

" ဘာေတြမ်ား ဒီေလာက္ လန္႔ေနရတာလဲ "

" ဘာ … ဘာ … ဘာမွ မလန္႔ … မလန္႔ပါဘူး။ ဘယ္မွာ … လန္႔ေနလို႔လဲ "

မလန္႔ဘူးလို႔သာ တြင္တြင္ျငင္းေနေပမယ့္ စကားတို႔က ထစ္အေနတာမို႔ ခန္႔ေက်ာ္ ကိုယ့္ကိုယ္ကိုသာ စိတ္ထဲတြင္ က်ိန္ဆဲေနမိသည္။ ဟိုလူကိုၾကည့္ေတာ့လည္း သေဘာတက်နဲ႔ ၿပံဳးေနေလရဲ႕။ မုန္းဖို႔ေကာင္းလိုက္တာ။

" မလန္႔တာ ေသခ်ာတယ္ေပါ့ "

" ေသခ်ာတယ္ "

မိမိကုိမၾကည့္ဘဲ တစ္ဖက္ကို မ်က္ႏွာလႊဲကာ ေျပာေနေလေသာ က်ဴးေလးပါေလ။ အံ႔မင္း အသည္းယားကာ ဖမ္းကိုင္ထားေသာလက္ကို အားနဲ႔ဆြဲယူလိုက္ေတာ့ နံေဘးတြင္လွဲရဲ႕သား ပ႔ံုပံု႔ေလးက်လာေလရဲ႕။ ျပန္ထရန္ျပင္ေနေသာကိုယ္ေလးကို ခါးကေနဖက္၍ ျပန္ဖိထားကာ မိမိဘက္ကို ဆြဲယူလိုက္သည္။

ခန္႔ေက်ာ္ စိတ္တိုတိုနဲ႔ေျပာဖို႔ ေမာ့ၾကည့္လိုက္ေတာ့ သူ႔ကို ငံု႔ၾကည့္ေနေလေသာ လူယုတ္မာႀကီးရဲ႕ မ်က္ႏွာနဲ႔ တိုးေလသည္။

ဒုတ္!  ဒုတ္!  ဒုတ္!

႐ုတ္တရက္ထခုန္လာေသာ ရင္ခုန္သံတို႔ကို ခန္႔ေက်ာ္အံ႔ၾသမိသည္။ သူ ဒီလူႀကီးကို ရင္ခုန္ေနသည္လား။ မျဖစ္ႏိုင္တာေတြ။ အဟား … ဟား… ခန္႔ေက်ာ္ မင္းေတာ့ ေဆးစားမွားၿပီနဲ႔တူတယ္။

" ၿငိမ္ၿငိမ္ေန ကိုယ္ မင္းကို ဘာမွမလုပ္ဘူး "

တိတ္ဆိတ္ေနေသာအေျခအေနမွာ ထြက္ေပၚလာေသာစကားသံတိုးတိုးနဲ႔အတူ တစ္ဖက္လူမၾကားႏိုင္ေသာ ရင္ခုန္သံတိုးတိုးက အေျခအေနတစ္ခုကို ေသခ်ာသိႏိုင္ေအာင္ သူ႕ကိုအသံတိတ္ေျပာဆိုေနသလိုပင္။ ခန္႔ေက်ာ္ ဘာမွမေျပာေတာ့ဘဲ မ်က္ႏွာလႊဲကာ ေမြ႕ယာေပၚေခါင္းခ်လိုက္ေတာ့ နားထင္ေပၚက်လာေသာ အနမ္းေႏြးေႏြးတစ္ခု။

" ေျပာေတာ့ ဘာမွမလုပ္ဘူးဆို။ ဘာလို႔နမ္းတာလဲဗ် "

စိတ္ေပါက္ေပါက္နဲ႔ေျပာၿပီး ေမာ့ၾကည့္ၿပီးကာမွ ရလိုက္ေသာေနာင္တကအထပ္လိုက္။ ခ်စ္မ်က္ဝန္းေတြနဲ႔ ၿပံဳးၿပီးစိုက္ၾကည့္ေနပါေသာ ထိုလူႀကီးပံုစံက မိမိကို အသက္႐ႈမွားေနေစလိုပင္။

မ်က္ႏွာလႊဲလိုက္ေတာ့ ၾကားလိုက္ရတဲ႔စကားက မိမိအေျပာနဲ႔ လားလားမွ် မဆိုင္ေခ်။

" ခ်စ္လား "

မ်က္ႏွာလႊဲသြားေသာေကာင္ေလးကို ေစ့ေစ့ၾကည့္ရင္း အံ႔မင္း ေမးလိုက္မိသည္။

" ဟင္ ကိုယ္သာ မင္းကို ခ်စ္တယ္လို႔ ေျပာရေသးတာေလ။ မင္းကိုယ့္ကို ခုထိမေျပာရေသးဘူး။ ခ်စ္လား "

" … "

" ေဟး ကိုယ္ေမးတာေျဖေလ "

" … "

" မေျဖမခ်င္း ကိုယ္ေမးမွာ "

" … "

" ခ်စ္လား "

" … "

" က်ဴးေလး ကိုယ့္ကို ခ်စ္လား "

" … "

" က်ဴးေလး ကိုယ္ေမးတာေျဖေလ "

" … "

" က်ဴးေလး "

အံ႔မင္းနဲ႔ခန္႔ေက်ာ္ ႏွစ္ေယာက္သားတြင္ တစ္ေယာက္ကလည္း ေတမိဇာတ္ခင္းေန၍ တစ္ေယာက္ကလည္း ဇနကထံုးႏွလံုးမူသြင္းကာ ေမးျမန္းေနေလသည္။

မီးခိုးေရာင္ဆံသားနဲ႔ေကာင္ေလးက ႐ွက္႐ွက္ႏွင့္ရင္ခြင္ထဲတိုးဝင္ကာ အက်ႌဆုပ္ကိုင္ထားေသာပံုေလးကို ငံု႔ၾကည့္ရင္း သေဘာက်ကာ ၿပံဳးေနေသာေကာင္ေလးရဲ႕ ႏႈတ္ခမ္းပါးထပ္မွ ေမးခြန္းတို႔က ရပ္တန္႔သြားမည္ မဟုတ္ပါေလ။



ခ်စ္ေသာ💕💕
Coral

------------------------------------

Part(23)


တိတ်ဆိတ်နေသောအခန်းလေးတွင်း အဝါရောင်မှိန်ပျပျ မီးအလင်းရောင်လေးက ကြီးစိုးလို့နေလေသည်။ ကုတင်ရဲ့ဘေးတစ်နေရာ အောက်ဘက်မှာတော့ အနီရောင်ရှပ်အကျႌလေးတစ်ထည်က သခင်ရဲ့စွန့်ပစ်ခြင်းကို ခံထားရလေသည်။ ကုတင်ပေါ်တွင်တော့ ခေါင်းရင်းကုတင်နံရံကိုမှီ၍ ကောင်လေးတစ်ယောက်ထိုင်နေပြီး သူ့ရင်ခွင်ထဲက မီးခိုရောင်ဆံသားတို့နဲ့ မျက်နှာစူပုတ်နေသော ကောင်လေးကို ချစ်မျက်ဝန်းတို့ဖြင့် ပြုံး၍ကြည့်နေလေသည်။ သူ့အကျႌတွေကအနည်းငယ် ဖရိုဖရဲနိုင်နေသည်မှလွဲ၍ ရင်ခွင်ထဲမှကောင်လေးကတော့ အပေါ်ပိုင်းဗလာကျင်းနှင့်။

ကျူးလေးရဲ့ ပခုံးနှင့် ရင်ဘတ်တို့တွင် သူကိုယ်တိုင် ခတ်နှိပ်ထားသော ချစ်တံဆိပ်များကိုကြည့်ရင်း အံ့မင်းတစ်ယောက် အပြုံးမသတ်နိုင်ချေ။ ရင်ခွင်ထဲက ကျူးလေးကိုကြည့်နေရင်း အသည်းယားလာကာ နားဖျားလေးကို လျှာနဲ့လျှက်၍ နှုတ်ခမ်းနှစ်လွှာကြား ဖိဆုပ်လိုက်တော့

" အ … နာတယ်ဗျ။ ခင်ဗျားကြီး ဘယ်လိုဖြစ်နေတာလဲ "

လက်ကိုနောက်ပြန်တွန်းလာသော ကျူးလေးကြောင့် လွတ်ပေးလိုက်ပြီး ပခုံးသားတို့ကို ဖိနမ်းလိုက်တော့ ကိုယ်လေးကတစ်ချက်တွန့်သွားတာကြောင့် သူပြုံးလိုက်မိသည်။

ဒီလောက်အနမ်းခံထားရတာတောင် အကျင့်မဖြစ်သေးပါလား။ ဒီကလေးလေးကို အကျင့်ဖြစ်အောင် လုပ်ပေးမှပါလေ။

နားဖျားကိုနမ်းလိုက်၊ ပခုံးကိုနမ်းလိုက်လုပ်နေသော ထိုလူကြီးကို ခန့်ကျော် အမြင်ကပ်လာချေပြီ။ ညနေထဲက လူကိုအခန်းထဲခေါ်လာပြီး အတင်းအဓမ္မနမ်းနေတာ။ သူ့သားသမီးမဟုတ်တိုင်း။ တွေးရင်း၊ တွေရင်းအဖြစ်ပျက်တို့ကို မြင်ယောင်လာကာ ငိုချင်လာသည်။

သူများနှုတ်ခမ်းကိုလည်း အတင်းအဓမ္မနမ်းတယ်။ တစ်ကိုယ်လုံးကိုလည်း ……

" အီး … ဟီး … ဗြဲ … ရွှတ် … "

အတွေးနဲ့အတူ ခန့်ကျော်တစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ ငိုချလိုက်မိသည်။

ရုတ်တရက်ထငိုလာသော ကျူးလေးကြောင့် အံ့မင်း ခြေမကိုင်မိ လက်မကိုင်မိ စိုးရိမ်စိတ်တိုးလာသည်။

" ဘာ … ဘာဖြစ်လို့လဲ … ဘာလို့ ငိုတာလဲ ကျူးလေး "

" ဘာ … ဘာလို့ ငိုတာလဲ,လဲ … ခင်ဗျား ဘာလုပ်ထားလဲ မမှတ်မိတော့ဘူးလား "

" ကိုယ်က ဘာလုပ်ထားလို့လဲ "

" ခင်ဗျား … အကျင့်မကောင်းတဲ့လူကြီး။ လူယုတ်မာကြီး "

ပြောလည်းပြော၊ ငိုလည်းငိုနဲ့ ခြေရောလက်ရောပါ အငြိမ်မနေ ရိုက်နှက်နေသော ကျူးလေးကြောင့် အံ့မင်းအရိုက်ခံနေရသည့်ကြားမှ ပြုံးလိုက်မိသည်။ ထို့နောက် ကျူးလေးလက်တို့ကို ဖမ်းချုပ်လိုက်ပြီး နဖူးချင်းတိုက်လိုက်၍

" ကိုယ်က ဘာတွေများ ယုတ်မာနေလို့လဲ။ ခင်ဗျားလေးကို နမ်းပဲနမ်းတာလေ။ မတော်မတရားတွေ လုပ်နေလို့လား ဟင် "

" ခင်ဗျား "

" ရှုးးး … ထပ်မပြောနဲ့။ ထပ်ပြောလို့ ကိုယ်စိတ်မထိန်းနိုင်ရင် တာဝန်မယူဘူးနော်။ ခင်ဗျားလေး ပုံစံကလည်း ရေကန်အသင့် ကြာအသင့်ဆိုတော့ "

လူတစ်ကိုယ်လုံးကို သေချာစိုက်ကြည့်ကာပြောလာသော ထိုလူကြီးကြောင့် ဆွဲထားသောလက်ကို အတင်းရုန်းလိုက်ပြီး ရင်ဘတ်တွင် ကြက်ချေခတ်လိုက်ကာ နောက်သို့ဆုတ်လိုက်မိသည်။ ဒီလူကြီးပုံစံက ပြောလို့ရတာမဟုတ်။ တကယ်လုပ်ရင် လုပ်မှာ။

လက်လေးနှစ်ဘက်ကို ကြက်ချေခတ်ကာ နောက်ဆုတ်သွားသော ကျူးလေးပုံစံက အတော်လေးအသည်းယားဖို့ကောင်းသည်။ ချစ်ပါတယ်လို့ ဖွင့်ဟပြောဆိုပြီးကာမှ ပိုချစ်လာအောင်၊ အသည်းယားလာအောင် ဆွဲဆောင်နေသလိုပင်။ အထိတ်တလန့်နဲ့ ဝိုင်းစက်နေသော မျက်ဝန်းတို့က ပို၍စနောက်ချင်စိတ် ဖြစ်လာစေသည်။ ကိုယ့်အတွေးကို ခပ်ဟဟပြုံးလိုက်ရင်း …

" ဟက် … မြင်ပြီးသား နေရာကိုဖုံးမှတော့ ဘာထူးမှာလဲ။ ကိုယ့်အထင်တော့ မမြင်ရသေးတဲ့ နေရာကို သေချာလေးကာထားသင့်တယ် ထင်တယ် "

" ရား!!! လူ! ယုတ်! မာ! ကြီး! "

အော်သံနှင့်အတူ မျက်နှာပေါ်ရောက်လာသော ခွလုံးကြောင့် အံ့မင်းအားရပါးရ ရယ်လိုက်မိသည်။ ကုတင်ထက်ဘေးတစ်စောင်းလှဲချလိုက်ပြီး လက်တစ်ဖက်ကိုထောက်၍ ခေါင်းတင်လိုက်ပြီး ကျန်လက်တစ်ဖက်က မျက်နှာနီရဲနေသောကောင်လေးရဲ့ ခြေထောက်ကို လက်ချောင်းထိပ်များဖြင့် ခပ်ဖွဖွထိလိုက်ရင်း …

" ကိုယ် ပြောတာ မှားလို့လား။ ဘယ်သူက မြင်ဖူးတဲ့အရာကို စိတ်ဝင်စားမှာလဲ။ မမြင်ဘူးတဲ့အရာကိုသာ … "

" ခင်ဗျားကြီး ပါးစပ်ပိတ်ထား။ ကျွန်တော် အသားကိုမထိနဲ့ "

အပြောနဲ့အတူ အကန်ပါခံလိုက်ရတာကြောင့် အံ့မင်းမျက်နှာကိုတစ်ဖက်လှည့်၍ ရယ်လိုက်ပြီး ချစ်စရာအလွန့်အလွန်ကောင်းနေသော နီနီရဲရဲမျက်နှာလေးကို စေ့စေ့ကြည့်လိုက်ကာ

" ကိုယ်က ဘာလို့ မင်းစကား နားထောင်ရမှာလဲ "

" ဗျာ "

ပြူးကြောင်ကြောင်မျက်လုံးလေးနဲ့ ကြည့်နေသော သူရဲ့မူပိုင်နှလုံးသားအရှင်သခင်ကျူးလေး။ မိမိကို ပိုပိုချစ်လာအောင် စွမ်းဆောင်နိုင်သူလေး။ ဒီတစ်ခေါက်သာ ဆွဲပြီးထပ်နမ်းမိရင်တော့ သူရဲ့စိတ်တွေက အစိုးရတော့မည်မဟုတ်ချေ။ ထို့ကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းကာ ကျူးလေးရဲ့အပြုအမှုပုံစံတစ်ချို့ဖြစ်သော ရှက်သွားလို့ ခေါင်းလေးလွှဲသွားတာမှအစ မျက်တောင်ခတ်သွားသည်အဆုံး တစ်ခုမှမလွတ်အောင် အသေးစိတ်လိုက်ကြည့်နေမိသည်။

" ပြောလေ … ကိုယ်က မင်းစကားကို ဘာလို့နားထောင်ရမှာလဲ။ မင်းပြောတဲ့ အချက်အလက်တွေခိုင်မာရင်တော့ ကိုယ် မင်းပြောတာနားထောင်မယ်။ မဟုတ်ရင်တော့ ကိုယ့်ကို အပြစ်မတင်နဲ့ "

အသားလွတ်ကြီးဘဝင်မြင့်ကာ ဘဝင်ရူးရူးနေသော ထိုလူယုတ်မာကြီးအား ခန့်ကျော်နှာခေါင်းရှုပ်မိသည်။

သူ့များ မိမိက အချက်အလက်ခိုင်ခိုင်မာမာ တင်ပြရဦးမည်တဲ့။ ဆုသာတောင်း လူယုတ်မာကြီးရေ။ ကျွန်တော်က ခန့်ကျော်ဖြစ်တာကြောင့် ခင်ဗျားကျွန်တော့်စကားကို နားထောင်သင့်တယ်။ အဲ့တာထက်ပိုပြည့်စုံတဲ့ အကြောင်းအရာရှိဦးမတဲ့လား။ ကျွန်တော်ကရော ခင်ဗျားကို ကြောက်ရမတဲ့လား။ သေတောင် မကြောက် ကြောက် …

လတ်တလောကမှ ဖြစ်ပျက်ထားသော နွေးနွေးထွေးထွေးအနမ်းများကို ပြန်သတိရလာကာ ဇက်လေးပုဝင်သွားရသည်။

မဖြစ်တော့၊ မဖြစ်တော့။ ဒီအခန်းထဲ ထိုလူနဲ့တူတူရှိနေရင် သူ့ဘဝလေးတွက် အာမခံချက်က လုံးဝ ဥသုံ သုံညပင်။ ဒီအခန်းထဲက သူအပြင်မြန်မြန်ထွက်မှ ဖြစ်တော့မည်။

အတွေးနဲ့အတူ ကုတင်ပေါ်ကဆင်းရန် ပြင်လိုက်တော့ လက်ကိုလာကိုင်သော လက်ကြောင့် အလန့်တကြား ထအော်မိရသည်အထိ။

" အောင်မလေး ! ! ! "

စူးနေအောင်ထအော်သော ကျူးလေးရဲ့အသံကြောင့် အံ့မင်းမျက်လုံးမှိတ်ထားလိုက်မိသည်။

ဒီကလေး တော်တော် အသံအောင်တာပဲ

" ဘာတွေများ ဒီလောက် လန့်နေရတာလဲ "

" ဘာ … ဘာ … ဘာမှ မလန့် … မလန့်ပါဘူး။ ဘယ်မှာ … လန့်နေလို့လဲ "

မလန့်ဘူးလို့သာ တွင်တွင်ငြင်းနေပေမယ့် စကားတို့က ထစ်အနေတာမို့ ခန့်ကျော် ကိုယ့်ကိုယ်ကိုသာ စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ဟိုလူကိုကြည့်တော့လည်း သဘောတကျနဲ့ ပြုံးနေလေရဲ့။ မုန်းဖို့ကောင်းလိုက်တာ။

" မလန့်တာ သေချာတယ်ပေါ့ "

" သေချာတယ် "

မိမိကိုမကြည့်ဘဲ တစ်ဖက်ကို မျက်နှာလွှဲကာ ပြောနေလေသော ကျူးလေးပါလေ။ အံ့မင်း အသည်းယားကာ ဖမ်းကိုင်ထားသောလက်ကို အားနဲ့ဆွဲယူလိုက်တော့ နံဘေးတွင်လှဲရဲ့သား ပ့ုံပုံ့လေးကျလာလေရဲ့။ ပြန်ထရန်ပြင်နေသောကိုယ်လေးကို ခါးကနေဖက်၍ ပြန်ဖိထားကာ မိမိဘက်ကို ဆွဲယူလိုက်သည်။

ခန့်ကျော် စိတ်တိုတိုနဲ့ပြောဖို့ မော့ကြည့်လိုက်တော့ သူ့ကို ငုံ့ကြည့်နေလေသော လူယုတ်မာကြီးရဲ့ မျက်နှာနဲ့ တိုးလေသည်။

ဒုတ်!  ဒုတ်!  ဒုတ်!

ရုတ်တရက်ထခုန်လာသော ရင်ခုန်သံတို့ကို ခန့်ကျော်အံ့သြမိသည်။ သူ ဒီလူကြီးကို ရင်ခုန်နေသည်လား။ မဖြစ်နိုင်တာတွေ။ အဟား … ဟား… ခန့်ကျော် မင်းတော့ ဆေးစားမှားပြီနဲ့တူတယ်။

" ငြိမ်ငြိမ်နေ ကိုယ် မင်းကို ဘာမှမလုပ်ဘူး "

တိတ်ဆိတ်နေသောအခြေအနေမှာ ထွက်ပေါ်လာသောစကားသံတိုးတိုးနဲ့အတူ တစ်ဖက်လူမကြားနိုင်သော ရင်ခုန်သံတိုးတိုးက အခြေအနေတစ်ခုကို သေချာသိနိုင်အောင် သူ့ကိုအသံတိတ်ပြောဆိုနေသလိုပင်။ ခန့်ကျော် ဘာမှမပြောတော့ဘဲ မျက်နှာလွှဲကာ မွေ့ယာပေါ်ခေါင်းချလိုက်တော့ နားထင်ပေါ်ကျလာသော အနမ်းနွေးနွေးတစ်ခု။

" ပြောတော့ ဘာမှမလုပ်ဘူးဆို။ ဘာလို့နမ်းတာလဲဗျ "

စိတ်ပေါက်ပေါက်နဲ့ပြောပြီး မော့ကြည့်ပြီးကာမှ ရလိုက်သောနောင်တကအထပ်လိုက်။ ချစ်မျက်ဝန်းတွေနဲ့ ပြုံးပြီးစိုက်ကြည့်နေပါသော ထိုလူကြီးပုံစံက မိမိကို အသက်ရှုမှားနေစေလိုပင်။

မျက်နှာလွှဲလိုက်တော့ ကြားလိုက်ရတဲ့စကားက မိမိအပြောနဲ့ လားလားမျှ မဆိုင်ချေ။

" ချစ်လား "

မျက်နှာလွှဲသွားသောကောင်လေးကို စေ့စေ့ကြည့်ရင်း အံ့မင်း မေးလိုက်မိသည်။

" ဟင် ကိုယ်သာ မင်းကို ချစ်တယ်လို့ ပြောရသေးတာလေ။ မင်းကိုယ့်ကို ခုထိမပြောရသေးဘူး။ ချစ်လား "

" … "

" ဟေး ကိုယ်မေးတာဖြေလေ "

" … "

" မဖြေမချင်း ကိုယ်မေးမှာ "

" … "

" ချစ်လား "

" … "

" ကျူးလေး ကိုယ့်ကို ချစ်လား "

" … "

" ကျူးလေး ကိုယ်မေးတာဖြေလေ "

" … "

" ကျူးလေး "

အံ့မင်းနဲ့ခန့်ကျော် နှစ်ယောက်သားတွင် တစ်ယောက်ကလည်း တေမိဇာတ်ခင်းနေ၍ တစ်ယောက်ကလည်း ဇနကထုံးနှလုံးမူသွင်းကာ မေးမြန်းနေလေသည်။

မီးခိုးရောင်ဆံသားနဲ့ကောင်လေးက ရှက်ရှက်နှင့်ရင်ခွင်ထဲတိုးဝင်ကာ အကျႌဆုပ်ကိုင်ထားသောပုံလေးကို ငုံ့ကြည့်ရင်း သဘောကျကာ ပြုံးနေသောကောင်လေးရဲ့ နှုတ်ခမ်းပါးထပ်မှ မေးခွန်းတို့က ရပ်တန့်သွားမည် မဟုတ်ပါလေ။



ချစ်သော💕💕
Coral

Continue Reading

You'll Also Like

2.6K 116 13
•His life is not easy, he tries not to act weak in front of people who understand him or listen to him, who hate him because of his work But it's not...
4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
21.8K 650 16
Kyle and Xea have moved forward, built their lives together, what's next for our wonderful couple?
13.3K 156 11
lily Lopez is Santana's twin sister and an original new directions member and co-captain of the Cheerios. Lily is a sarcastic, smart, and gorgeous. J...