႐ွည္လ်ားတဲ့ လမ္းတစ္ေလ်ွာက္လံုးကို
Baekhyun လမ္းေလ်ွာက္ျပန္လာခဲ့သည္။
နာေနတဲ့ေျခေထာက္ကို သူဂ႐ုမစိုက္။
ဒီနာက်င္မႈက ဘာမွန္းမသိတဲ့သူရဲ႕နာက်င္မႈကို မမွီႏိူင္ေပ။
လူပင္ပန္းတာနဲ႔စိတ္ပန္းတာနဲ႔ေပါင္းၿပီး
လွဲအိပ္ခ်င္စိတ္သာ ႐ွိေတာ့သည္။
အရမ္းပင္ပန္းေနေပမယ့္
တစ္စီးၿပီးတစ္စီးျဖတ္ေက်ာ္သြားၾကတဲ့
Taxi ေတြကို baekhyun မတားျဖစ္ပါ။
ဘယ္သူမွမ႐ွိတဲ့ ဒီလမ္းမအေပၚမွာ ဒီလိုတစ္ေယာက္တည္း
လမ္းေလ်ွာက္ေနရတာကိုသူႏွစ္သက္သည္။
အနည္းငယ္ေအးေနတဲ့ ရာသီဥတုမွာ
သူ႔ဂ်င္းကုတ္၏အေႏြးဓာတ္ေၾကာင့္
ထင္သေလာက္ေအးမေနေပ။
အက်ႌေအာက္က မဆိုသေလာက္ထြက္ေနတဲ့လက္ဖ်ားေလး
ေတြ ေအးခဲေနတာနဲ႔ ဆိုင္ကယ္ေမွာက္ထားတဲ့
အ႐ွိန္ေၾကာင့္နည္းနည္း
နာေနတာကလြဲရင္အဆင္ေျပပါသည္။
လမ္းတစ္ေလ်ွာက္ ေလ်ွာက္လာခဲ့ရင္း
လမ္းေဘး႐ွိ အုတ္ခံုေလးေပၚမွာ ေကြးေကြးေလးအိပ္ေနေသာ
ကေလးငယ္တစ္ေယာက္ကို baekhyun
ျမင္လိုက္ရသည္။
အေဝးကၾကည့္တဲ့အခါ ေယာက်္ားေလးလား မိန္းကေလးလားေတာင္ ခြဲလို႔မရတဲ့အထိ ကေလးကႏြမ္းေနလြန္းသည္။
ညစ္ေပေနေသာ တီ႐ွပ္တစ္ထည္နဲ႔ေဘာင္းဘီ
ဒူးလယ္ေလာက္ေလးသာဝတ္ၿပီး ဒီရာသီဥတုမွာ။
Baekhyun သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
လမ္းမဘက္ကိုမ်က္ႏွာမူ၍ေစာင္းအိပ္ေနေသာကေလးနားသို႔ လမ္းေလ်ွာက္သြားကာ အနီးကပ္ၾကည့္ေတာ့
ေတာ္ေတာ္ေလးကို ခ်မ္းေနပံုရသည္။
လက္ကိုေခါင္းေနာက္ထည့္ၿပီးေပေတ၍ အိပ္ေနတဲ့ကေလးဟာ တကယ္ကိုငယ္ပါအုန္းမည္။အလြန္ဆံုး ကိုးႏွစ္ေလာက္သာ႐ွိအုန္းမည္ထင္။
Baekhyun ေဘာင္းဘီအိတ္ထဲမွလက္ကိုမထုတ္။
ေ႐ွ႕က ထိုင္ခံုကိုေျခေထာက္နဲ႔လွမ္းကန္လိုက္သည္။
" ေဟး..''
ကေလးက မႏိူး။ၿငိမ္ေနေပမယ့္ ေအးေနတာေၾကာင့္
ႏႈတ္ခမ္းပါးေတြတုန္ေနသည္။
ထိုင္ခံုကိုခပ္ျပင္းျပင္းႏွစ္ခ်က္ေလာက္ထပ္ကန္လိုက္သည္။မႏိူးေသးေပ။
" ေဟ့ေကာင္ေလး..''
ပုခံုးကိုကိုင္၍လႈပ္လိုက္ေတာ့မွ
ျဖည္းျဖည္းခ်င္းမ်က္လံုးဖြင့္ကာေမာ့ၾကည့္လာသည္။
" မင္းကအဲ့လို လွဲအိပ္ေနေတာ့ ငါကဘယ္မွာထိုင္ရမွာလဲ..
ထ ...ဟိုဘက္တိုး ''
ကေလးကို ညင္ညင္သာသာမ႐ွိ။အတင္းဆြဲထူၿပီး ဟိုဘက္ကို
ေရြ႔ထိုင္ခိုင္းကာ ကေလး ေဘးတြင္ဝင္ထိုင္သည္။
အိပ္ခ်င္မူးတူးနဲ႔ကေလးမွာ ေအးကေအးနဲ႔ ေယာင္ေယာင္ရမ္းရမ္းေဘးမွာ ငုတ္တုတ္ေလးထိုင္ေနမိေလသည္။
Baekhyun ဂ်င္းအက်ႌကို
ခြၽတ္လိုက္ကာကေလးဘက္ကို ေပးလိုက္သည္။
ျဖည္းျဖည္းသက္သာ ေပးတာမ်ိဳးမဟုတ္။ခြၽတ္ၿပီး
ကေလးအေပၚပစ္ခ်လိုက္တာမို႔
ေခါင္းေပၚကိုဂ်င္းကုတ္အထူႀကီးက
အုပ္ၿပီး ေခါင္းကယိုင္က်ကာ
ေအာက္ပါျပဳတ္က်မလိုျဖစ္သြားသည္။
အက်ႌကိုေခါင္းေပၚမွဖယ္ကာ ကေလးက baekhyun ကိုေမာ့ၾကည့္သည္။
ေျခခ်ိတ္ထိုင္ေနၿပီး လက္ႏွစ္ဖက္ကိုေနာက္ကို
ေထာက္ကာအေ႐ွ႕ကိုၾကည့္ေနရင္းက
သူ႔ကိုၾကည့္ေနတဲ့အရိပ္ကိုျမင္တာေၾကာင့္ baekhyun
ကေလးကိုငံု႔ုၾကည့္လိုက္သည္။
" ဘာလဲ..ဝတ္ထားေလ မင္းမေအးဘူးလား ''
ခ်က္ခ်င္း အက်ႌကိုကိုယ္ေပၚျခံဳလိုက္၍ ဒူးေလးပါေကြးထားတဲ့
ေကာင္ေလးကို လွမ္းၾကည့္ၿပီး baekhyun သက္ျပင္းခ်မိျပန္သည္။
" အ႐ူးေလး။အဲ့လိုျခံဳရင္ ေႏြးမယ္ထင္လို႔လား။
ဒီကိုလာ ''
Baekhyun အက်ႌကိုလွမ္းယူၿပီး ကေလးေ႐ွ႕မွာဒူးေထာက္ထိုင္ခ်လိုက္သည္။ထို႔ေနာက္ ပြေယာင္းေနတဲ့အက်ႌကို
ကေလးအေပၚသို႔ေသခ်ာဝတ္ေပးလိုက္ၿပီး
အက်ႌတြင္တြဲရက္ပါတဲ့
ဦးထုပ္ကိုပါေဆာင္းေပးလိုက္သည္
" ေႏြးၿပီမလား ''
ကေလးကေခါင္းၿငိမ့္သည္။
" ေႏြးရင္ဝတ္ထား။ၿပီးရင္ ဒီလိုေနရာေတြမွာအိပ္မေနနဲ႔။
အနည္းဆံုး အမိုးေအာက္ေတာ့သြားစမ္းပါ ''
ၾကယ္သီးေတြပါ အေသအခ်ာတပ္ေပးၿပီးလိုက္တဲ့ေနာက္
ထသြားဖို႔ျပင္လိုက္တဲ့အခါ baekhyun
၏အက်ႌကိုကေလးက ဆြဲထားသည္။
လွည့္ၾကည့္လိုက္ေတာ့
" ေက်းဇူးတင္ပါတယ္ ''
တုန္ယင္ေနတဲ့အသံေသးေသးေလး။
Baekhyun တစ္ခ်က္ျပံဳးလိုက္ၿပီး
ဦးထုပ္ေဆာင္းထားတဲ့ကေလးရဲ႕ေခါင္းကို
လက္နဲ႔ ျဖည္းျဖည္းရိုက္္လိုက္ေလသည္။
" ေက်းဇူးတင္ရင္ ဒါစား ''
ေဘာင္းဘီအိတ္ထဲမွ ေခ်ာကလက္တစ္ခုကို
ကေလးကိုကမ္းေပးလိုက္သည္။
လက္ႏွစ္ဖက္နဲ႔ယူေတာ့ ေနာက္တစ္ခါထပ္ျပံဳးျဖစ္ျပန္သည္။
ေလကတိုက္ေနေပမယ့္ baekhyun သိပ္မေအး။
အေႏြးထည္မပါေသာတီ႐ွပ္အျဖဴေရာင္က
ပါးေနေပမယ့္ သူအရမ္းႀကီးခိုက္ခိုက္တုန္မေနေပ။
အိမ္တံခါးမွသံတိုင္ကိုေက်ာ္တတ္လိုက္သည္။
လူအိပ္ခ်ိန္ျဖစ္တာေၾကာင့္ တံခါးလာဖြင့္ေပးမခိုင္းခ်င္ေတာ့။
အိမ္တံခါးကို ဖြင့္ၿပီးဝင္လိုက္ခ်ိန္မွ သူသိသိသာသာေႏြးသြားသည္ကို သတိထားမိလိုက္သည္။
အိပ္ခ်င္ေနၿပီ ျဖစ္တာေၾကာင့္ အေပၚသို႔တတ္ရန္သာ
စိတ္ကူး႐ွိသည္။ေမွာင္ေနေသာ အိမ္ဝန္းအတြင္း
အနည္းငယ္ေညာင္းေနတဲ့ ဇက္ကိုဖိရင္းbaekhyun ေလွကားေပၚသို႔တတ္လာလိုက္သည့္အခိုက္..
" အေမ့ !''
႐ုတ္တရက္ပြင့္လာတဲ့ အေပၚထပ္က
ေလွကားနားမွတံခါးတစ္ခုေၾကာင့္
Baekhyun လန္႔သြားမိသည္။
ျပတင္းေပါက္မွမသိမသာတိုးဝင္ေနတဲ့လေရာင္ ရဲ႕အကူအညီကိုယူၿပီး ေသခ်ာၾကည့္တဲ့အခါ
" မင္း.. မင္း..ကဒိီကိုဘယ္လိုလုပ္ ''
ပြင့္ထားတဲ့တံခါးရဲ႕ လက္ကိုင္ကိုကိုင္ထားဆဲျဖစ္၍
မတ္တပ္ရပ္ေနတဲ့chanyeol..
တစ္ခုခုကို လန္႔ေနပံုရတဲ့မ်က္ဝန္းေတြက baekhyun ဆီမွာမဟုတ္ပဲ ၾကမ္းျပင္ကိုေငးၾကည့္ေနသည္။
ကြက္တိက်ေရာက္ေနေသာလေရာင္က
ကပိုက႐ိုနဲ႔ဆံပင္ေတြျဖင့္ၾကည့္ေကာင္းေနတဲ့
chanyeol ၏မ်က္ႏွာေပၚ
တစ္ေစာင္းက်ေရာက္ေနတာေၾကာင့္
အနည္းငယ္စိုေနတဲ့ နဖူးေထာင့္နဲ႔ လည္းပင္းနားမွ
ေခြၽးစက္ေတြကို အထင္းသားျမင္ေနရသည္။
ထိတ္လန္႔ေနပံုရတဲ့ chanyeol ရဲ႕မ်က္ႏွာဟာ
႐ွင္းလင္းေနလြန္းသည္။
နိမ့္ခ်ည္ျမင့္ခ်ည္ ရင္ဘတ္တစ္ခုနဲ႔
အသက္ကိုပင္မနည္း႐ႈေနရင္း
ျဖည္းျဖည္းခ်င္း baekhyun ကိုလွမ္းၾကည့္လာေသာအခါ
ဆံုသြားတဲ့မ်က္ဝန္းေတြထဲက
ျမင္လိုက္ရတဲ့ ဝမ္းနည္းျခင္းေတြ
Baekhyun မြန္းက်ပ္လာသလိုခံစားရသည္။
အားယူလိုက္ေပမယ့္ ဘာေျပာရမလဲဆိုတာ
သူစဥ္းစား၍မရ။
အရင္မ်က္လံုးလႊဲလိုက္ၿပီး
ကိုယ့္ရင္ခုန္သံကို ကိုယ္ထိန္း၍
ႏွလံုးခုန္သံကို အရင္တည္ၿငိမ္ေအာင္
ျပန္လုပ္ျပီး chanyeol ကိုလွမ္းၾကည့္လိုက္ေတာ့
ခုနကလို မ်က္ႏွာမ်ိဳးမဟုတ္ေတာ့။
" မင္းေနာက္က်တယ္ ''
ခပ္ေအးေအးထြက္လာတဲ့စကားတစ္ခုပင္။
ေန႔လည္ကလို ခပ္ဆတ္ဆတ္မ်ိဳးလည္းမဟုတ္ပါပဲ
ေအးေဆးေနတဲ့အေငြ႔အသက္ကို baekhyun
ခံစားရသည္။
သူတည္ၿငိမ္ေနသေလာက္ ငါကဘာျဖစ္ေနမိတာလဲ။
Baekhyun
အသိစိတ္ကိုျပန္ကပ္လိုက္သည္။
ၿပီးေနာက္မွသူ႔ေ႐ွ႕ကလူကိုလွမ္းေမးလိုက္သည္။
"မင္းဘာလို႔ ငါ့အိမ္ထဲ ေရာက္ေနတာလဲ ''
Chanyeol ျပန္မေျဖေပ။
ေ႐ွ႕ကိုတစ္လွမ္းခ်င္းေလ်ွာက္လာၿပီး
သူ႔ေဘးမွျဖတ္ေလ်ွာက္၍ ေလွကားမွဆင္းသြားသည္။
" ေဟ့ေကာင္ ''
မေျဖပဲ ေက်ာ္သြားတာေၾကာင့္ လွမ္းေခၚလိုက္ေတာ့
ေလွကားအလယ္ေလာက္ေရာက္ေနၿပီျဖစ္တဲ့ chanyeol
မ်က္ေမွာင္ကုတ္ကာ သူ႔ကိုလွည့္ၾကည့္လာသည္။
ဘာမွျပန္မေျပာပဲ ဒီအတိုင္းႀကီးၾကည့္ေနတာျဖစ္သည္။
" စိတ္မပူနဲ႔။ ငါမနက္ျဖန္ ဒီအိမ္ကထြက္သြားမွာ''
ေျပာၿပီးလွည့္ထြက္သြားသူ၏
စကားကအစမ႐ွိအဆံုးမ႐ွိေသာ္လည္း
ဘာကိုဆိုလိုခ်င္တာလဲဆိုတာ
သူနားလည္လုိက္သည္။
ဒါေပမယ့္
ပထမဆံုးလွမ္းၾကည့္လာတဲ့ စိုးရိမ္ေနတဲ့မ်က္လံုးေတြနဲ႔
လံုးဝကိုကြဲျပားသြားေသာ
အခုၾကည့္သြားခဲ့တဲ့ ေအးစက္ေနတဲ့အၾကည့္ေတြကို
သူနားမလည္ပါ။
အခုက်ေတာ့လည္း ေန႔လည္ကလို
ရန္႐ွာေနတာမ်ိဳးမဟုတ္ပဲ အရမ္းကိုေအးေဆးလြန္းသည္။
အဲ့တာက ထားပါအုန္း။
ဘာလို႔သူက ငါ့အိမ္ကိုေရာက္ေနတာလဲ။
ေ႐ွ႕ကေလွကားတစ္ထစ္ကို ေျခေထာက္လွမ္းလိုက္မွ
သူဘယ္ေလာက္နာေနမွန္းသိေတာ့သည္။
"ေသေတာ့မွာပဲကြာ.. ''
ျဖည္းျဖည္းခ်င္းတတ္ၿပီး
အခန္းထဲသို႔ေရာက္ေတာ့ ကုတင္ေပၚပစ္လွဲလိုက္မိသည္။
အိပ္ေပ်ာ္မသြားခင္ အိမ္မက္ မမက္ပါေစနဲ႔လို႔ေတာ့
Baekhyun ေသခ်ာဆုေတာင္းျဖစ္ခဲ့သည္။
.............
.............
အက်ယ္ႀကီးျမည္လာတဲ့ ph သံေၾကာင့္ baekhyun
မ်က္ေမွာင္ကုတ္မိလိုက္သည္
ဘယ္အခ်ိန္႐ွိၿပီလဲ..
ေခါင္းအံုးေပၚမွမ်က္ႏွာကိုခြာၿပီး ေဘးကနာရီကို
မ်က္လံုးကိုပြတ္ၿပီး ၾကည့္မိသည္။
၁၁ နာရီ ေက်ာ္ခ်င္ေနၿပီ
မေစာေတာ့ဘူးပဲ။
ဖုန္းသံရပ္သြားၿပီး ေနာက္တစ္ေခါက္ထပ္ျမည္လာသည္
မရပ္မနားကိုေခၚေနေတာ့တာပဲ
တုန္ခါေနတဲ့ဖုန္းကို Baekhyun
လွမ္းယူၿပီးၾကည့္လိုက္ေတာ့ အေဖျဖစ္ေနသည္
" ဟယ္လို ''
" ေဟ့ေကာင္..မင္းဘာလုပ္လိုက္ၿပီလဲ ''
" က်စ္..ဘာလဲဗ်ာ ''
မိုးလင္းကတည္းက အေျပာခံေနရတာေတာ့ မဟုတ္ေသးဘူးထင္သည္။
" Chanyeol..မနက္က ဟိုတယ္ကိုခ်က္ခ်င္းေျပာင္းသြားတယ္ ၾကားတယ္ မင္းဘာသြားလုပ္လိုက္လို႔လဲ ''
" မသိဘူး။ ''
" ဘာကြ..''
" ဘာလဲ..အဲေလာက္ေတာင္ခ်စ္ေနရင္ အေဖ့အိမ္ေခၚထားပါလား..ဘာလို႔ကြၽန္ေတာ့္အိမ္ေပၚ မေျပာမဆိုနဲ႔
လာတင္ထားလဲ..မသိဘူး..ဒါပဲ ''
" ေဟ့ေကာင္..baekhyun..ေဟ့ေကာင္ ''
ဖုန္းကို ေမြ႔ယာေပၚပစ္ခ်လိုက္ကာ baekhyun ျပန္အိပ္လိုက္သည္။
မ်က္လံုးေတြမွိတ္ထားတဲ့ၾကားက
ျမင္ေယာင္လာတဲ့လူတစ္ေယာက္
ေျကာင့္ခ်က္ခ်င္း ထထိုင္မိတဲ့အထိ။
ေတာ္ေတာ္ကိုစိတ္အေႏွာင့္အယွက္ေပးတာပဲ..
" မင္းေနာက္က်တယ္ ''
ၾကားေယာင္လာတဲ့ ေအးစက္ေနတဲ့စကားတစ္ခြန္းနဲ႔
တည္ၿငိမ္ေနတဲ့ပံုရိပ္တစ္ခု
ဟာကြာ..
Baekhyun ေခါင္းအုန္းကို နံရံဘက္ပစ္ေပါက္လိုက္ကာ
ေစာင္ကိုေခါင္းေပၚအုပ္၍ျခံဳလိုက္သည္။
" စိတ္မပူုနဲ႔။ငါမနက္ျဖန္ဒီအိမ္က ထြက္သြားမွာ ''
ေရခဲတံုးထက္ ေအးစက္ေနတဲ့အမူအရာနဲ႔ေျပာလာတဲ့
Chanyeol ပံုစံကိုျမင္ေယာင္လာျပန္ေတာ့
Baekhyun မ်က္လံုးေတြကို ပိုၿပီးတင္းေအာင္မွိတ္ကာ
ေစာင္ၾကားထဲတိုးဝင္လိုက္သည္။
အေတြးထဲေရာက္လာသည္က အပိုင္းအစေသာ
အိပ္မက္ေတြျဖစ္ေနတဲ့အခါမွာေတာ့
baekhyun အိပ္ယာမွထ၍
ေရခ်ိဳးခန္းထဲသာ ဝင္သြားလိုက္ေလေတာ့သည္။
......
......
" ဘာလို႔ခ်က္ခ်င္းႀကီး ဟိုတယ္ကိုေျပာင္းၾကတာလဲ
အန္ကယ္က ဘာမ်ားျဖစ္လဲလို႔စိုးရိမ္ေနတာ ''
႐ွပ္အျဖဴကိုသာ ခပ္႐ိုး႐ိုးဝတ္ထားေပမယ့္ chanyeol
႐ွင္းသန္႔ေနသည္။လက္တြင္ပတ္ထားတဲ့ နာရီဒီဇိုင္းက
အရြယ္နဲ႔မလိုက္တဲ့ရင့္က်က္မႈတစ္မ်ိဳးကိုေဖာ္ျပေနၿပီး
အရမ္းႀကီးျပင္ဆင္မထားတဲ့ ဖက္႐ွင္နဲ႔ကိုယ္ေနကိုယ္ဟန္က chanyeol ၏ေအးေဆးမႈကိုအတိုင္းသားထင္ေစသည္။
အခုလည္း baekhyun အေဖ၏စကားကို
မတံု ့ျပန္ေသာ္ျငားစိတ္ဆိုး၍မရ။
စကားျပန္မေျပာသည္ကို အဖက္မလုပ္တာလို႔မခံစားရပဲ
စကားနည္းသူမို႔ပါဆိုတဲ့ အေၾကာင္းျပခ်က္ကို
ေခါင္းထဲအရင္ဝင္ေအာင္ အမူအရာမ်ားျဖင့္သာ
႐ိုက္သြင္းခံေနရေလသည္။
" chanyeol..ကအစ္ကို ့သားကိုအားနာေနလို႔ ေနမယ္
ဘာမွမျဖစ္ပါဘူး ''
ေဘးကဦးေလးျဖစ္သူက
ဝင္ေျပာေပးေတာ့baekhyun အေဖကေခါင္းၿငိမ့္ရင္း
ျပန္ေျပာသည္။
" ေအးပါ။အန္ကယ္ စိုးရိမ္တာလည္း
အန္ကယ့္သားပဲ ။
သူတစ္ခုခုမ်ားလုပ္လိုက္သလားလို႔ပါ ''
" မဟုတ္ပါဘူး။ ကြၽန္ေတာ္ သူမ်ားအိမ္မွာေနရခက္လို႔ပါ ''
ေကာ္ဖီခြက္ကိုေ႐ွ႕ကိုလွမ္းတင္လိုက္ၿပီး
chanyeol ဝင္ေျပာလာသည္။
" ကြၽန္ေတာ္ တို႔ကုမၸဏီကိစၥေျပာၾကမလား ''
အလုပ္လမ္းေၾကာင္းကိုသာ အာရံုရပံုရတဲ့
chanyeol ေၾကာင့္ ဘာအပိုစကားမွ baekhyun
၏အေဖထပ္၍မေျပာေတာ့။
လိုအပ္သည္မ်ား မလုိအပ္သည္မ်ားအားလံုးေဆြးေႏြးၿပီး
လုပ္ငန္းခ်ဲ ့ထြင္ဖို႔ တိုင္ပင္ၿပီးတဲ့ေနာက္တြင္
" အန္ကယ္ အဆင္ေျပမယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘက္ကို
ယံုၾကည္လို႔ရတဲ့ လူတစ္ေယာက္ထည့္ေပးလိုက္လို႔ရပါတယ္
ကြ်န္ေတာ္တို႔ နည္းပညာကိုလည္းလက္ေတြ႔
ျမင္ဖူးၿပီးသားျဖစ္တာေပါ့ ''
" အဲ့လိုမ်ိဳးလည္းအဆင္ေျပတာပဲ။
ဒါမယ့္ အန္ကယ္ လူေတြကိုအဲ့ေလာက္ႀကီးမပံုအပ္ရဲဘူးကြ။
ဘယ္လူပျဲဖစ္ျဖစ္ ေလာဘေတာ့႐ွိမွာပဲေလ ''
" ကြၽန္ေတာ္က အၾကံေပးရံုပါ..က်န္တာကေတာ့
အန္ကယ့္သေဘာပါ ''
" အန္ကယ္စဥ္းစားၾကည့္ပါအုနး္မယ္ ဒါနဲ႔
မင္းတို႔ဘယ္ေတာ့ျပန္ၾကမလဲ..''
" နည္းနည္းေတာ့ၾကာအုန္းမယ္ ''
ကိုယ္ေရးကိုယ္တာေတြေမးလ်ွင္chanyeol
သိပ္စိတ္ပါတဲ့ပံုမရေတာ့။ မခ်င့္တခ်င့္ပံု
ေၾကာင့္အလယ္ကသာ kyungsoo
ကအားနာၿပီးဝင္ေျဖရသည္။
" ေနာင္နည္းနည္းၾကာရင္ ျပန္ေတာ့မွာပါ။
လုပ္စရာေတြလည္းဟိုမွာပံုေနေလာက္ၿပီ ''
" ေအးကြာ။ငါလည္း လာလည္ခ်င္ပါတယ္
Chanyeol..မင္းအေဖကိုလည္း ဒီကေကာင္က
သတိရတဲ့ေၾကာင္းေျပာေပးပါအုန္း ''
သူ႔စကားနဲ႔သူရယ္ေသာ baekhyun အေဖကိုၾကည့္ရင္း
Chanyeol ျပံဳးျဖစ္သည္။
စကားမ်ားမ်ားေျပာရရင္စိတ္႐ႈပ္တတ္တဲ့ သူ႔အတြက္
သူ႔အမူအရာေတြေၾကာင့္ အန္ကယ့္ကိုအားနာေပမယ့္
ဘာမွမျဖစ္သလိုသာ ျပံဳးေပ်ာ္ေနတတ္တဲ့ အန္ကယ့္ေၾကာင့္
Chanyeol လည္းတကယ္ဝမ္းသာပါသည္။
" ကဲ ျပန္ၾကအုန္းေလ။ ေနာက္က်ေနမယ္ ''
" ဒါဆို သြားလိုက္ပါအုန္းမယ္ ''
" ေအး..ေအး..ေနာက္မွေတြ႔တာေပါ့ ''
Chanyeol တို႔ကိုေသခ်ာႏႈတ္ဆက္ကာ
တံခါးဝေလာက္အထိ လိုက္ပို႔ေပးလိုက္သည္။
အားလံုးတိတ္ဆိတ္သြားေတာ့မွ baekhyun အေဖ
ထိုင္ခံုတြင္ေက်ာမွီလိုက္ရင္းစဥ္းစားမိေလသည္။
ယံုၾကည္ရတဲ့လူဆိုေတာ့ ဒီကုမၸဏီက လူကိုလႊတ္၍လည္း
မျဖစ္ေပ။ေနရာလစ္ဟင္းသြားလ်ွင္ ကုမၸဏီအတြက္
တစ္ခုခုအက်ိဳးယုတ္လာႏိူင္သည္။
ကုမၸဏီ အတြက္ယံုၾကည္ရတဲ့လူဆိုတာလည္းခပ္႐ွား႐ွားပင္။
ဒီလူအနည္းငယ္ကိုအေဝးကိုေတာ့ သူမလႊတ္ခ်င္လို။
တစ္ေယာက္ေတြးမိလိုက္ မျဖစ္လိုက္။
တစ္ေယာက္ ထပ္ေတြးလိုက္။ မျဖစ္လိုက္။
အေတြးဆံုးတဲ့ေနာက္မွာ
လူတစ္ေယာက္ေတာ့အာရံုထဲေရာက္လာခဲ့သည္
Unicode
ရှည်လျားတဲ့ လမ်းတစ်လျှောက်လုံးကို
Baekhyun လမ်းလျှောက်ပြန်လာခဲ့သည်။
နာနေတဲ့ခြေထောက်ကို သူဂရုမစိုက်။
ဒီနာကျင်မှုက ဘာမှန်းမသိတဲ့သူရဲ့နာကျင်မှုကို မမှီနိူင်ပေ။
လူပင်ပန်းတာနဲ့စိတ်ပန်းတာနဲ့ပေါင်းပြီး
လှဲအိပ်ချင်စိတ်သာ ရှိတော့သည်။
အရမ်းပင်ပန်းနေပေမယ့်
တစ်စီးပြီးတစ်စီးဖြတ်ကျော်သွားကြတဲ့
Taxi တွေကို baekhyun မတားဖြစ်ပါ။
ဘယ်သူမှမရှိတဲ့ ဒီလမ်းမအပေါ်မှာ ဒီလိုတစ်ယောက်တည်း
လမ်းလျှောက်နေရတာကိုသူနှစ်သက်သည်။
အနည်းငယ်အေးနေတဲ့ ရာသီဥတုမှာ
သူ့ဂျင်းကုတ်၏အနွေးဓာတ်ကြောင့်
ထင်သလောက်အေးမနေပေ။
အကျႌအောက်က မဆိုသလောက်ထွက်နေတဲ့လက်ဖျားလေး
တွေ အေးခဲနေတာနဲ့ ဆိုင်ကယ်မှောက်ထားတဲ့
အရှိန်ကြောင့်နည်းနည်း
နာနေတာကလွဲရင်အဆင်ပြေပါသည်။
လမ်းတစ်လျှောက် လျှောက်လာခဲ့ရင်း
လမ်းဘေးရှိ အုတ်ခုံလေးပေါ်မှာ ကွေးကွေးလေးအိပ်နေသော
ကလေးငယ်တစ်ယောက်ကို baekhyun
မြင်လိုက်ရသည်။
အဝေးကကြည့်တဲ့အခါ ယောကျ်ားလေးလား မိန်းကလေးလားတောင် ခွဲလို့မရတဲ့အထိ ကလေးကနွမ်းနေလွန်းသည်။
ညစ်ပေနေသော တီရှပ်တစ်ထည်နဲ့ဘောင်းဘီ
ဒူးလယ်လောက်လေးသာဝတ်ပြီး ဒီရာသီဥတုမှာ။
Baekhyun သက်ပြင်းတစ်ချက်ချလိုက်သည်။
လမ်းမဘက်ကိုမျက်နှာမူ၍စောင်းအိပ်နေသောကလေးနားသို့ လမ်းလျှောက်သွားကာ အနီးကပ်ကြည့်တော့
တော်တော်လေးကို ချမ်းနေပုံရသည်။
လက်ကိုခေါင်းနောက်ထည့်ပြီးပေတေ၍ အိပ်နေတဲ့ကလေးဟာ တကယ်ကိုငယ်ပါအုန်းမည်။အလွန်ဆုံး ကိုးနှစ်လောက်သာရှိအုန်းမည်ထင်။
Baekhyun ဘောင်းဘီအိတ်ထဲမှလက်ကိုမထုတ်။
ရှေ့က ထိုင်ခုံကိုခြေထောက်နဲ့လှမ်းကန်လိုက်သည်။
" ဟေး..''
ကလေးက မနိူး။ငြိမ်နေပေမယ့် အေးနေတာကြောင့်
နှုတ်ခမ်းပါးတွေတုန်နေသည်။
ထိုင်ခုံကိုခပ်ပြင်းပြင်းနှစ်ချက်လောက်ထပ်ကန်လိုက်သည်။မနိူးသေးပေ။
" ဟေ့ကောင်လေး..''
ပုခုံးကိုကိုင်၍လှုပ်လိုက်တော့မှ
ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကာမော့ကြည့်လာသည်။
" မင်းကအဲ့လို လှဲအိပ်နေတော့ ငါကဘယ်မှာထိုင်ရမှာလဲ..
ထ ...ဟိုဘက်တိုး ''
ကလေးကို ညင်ညင်သာသာမရှိ။အတင်းဆွဲထူပြီး ဟိုဘက်ကို
ရွေ့ထိုင်ခိုင်းကာ ကလေး ဘေးတွင်ဝင်ထိုင်သည်။
အိပ်ချင်မူးတူးနဲ့ကလေးမှာ အေးကအေးနဲ့ ယောင်ယောင်ရမ်းရမ်းဘေးမှာ ငုတ်တုတ်လေးထိုင်နေမိလေသည်။
Baekhyun ဂျင်းအကျႌကို
ချွတ်လိုက်ကာကလေးဘက်ကို ပေးလိုက်သည်။
ဖြည်းဖြည်းသက်သာ ပေးတာမျိုးမဟုတ်။ချွတ်ပြီး
ကလေးအပေါ်ပစ်ချလိုက်တာမို့
ခေါင်းပေါ်ကိုဂျင်းကုတ်အထူကြီးက
အုပ်ပြီး ခေါင်းကယိုင်ကျကာ
အောက်ပါပြုတ်ကျမလိုဖြစ်သွားသည်။
အကျႌကိုခေါင်းပေါ်မှဖယ်ကာ ကလေးက baekhyun ကိုမော့ကြည့်သည်။
ခြေချိတ်ထိုင်နေပြီး လက်နှစ်ဖက်ကိုနောက်ကို
ထောက်ကာအရှေ့ကိုကြည့်နေရင်းက
သူ့ကိုကြည့်နေတဲ့အရိပ်ကိုမြင်တာကြောင့် baekhyun
ကလေးကိုငုံ့ကြည့်လိုက်သည်။
" ဘာလဲ..ဝတ်ထားလေ မင်းမအေးဘူးလား ''
ချက်ချင်း အကျႌကိုကိုယ်ပေါ်ခြုံလိုက်၍ ဒူးလေးပါကွေးထားတဲ့
ကောင်လေးကို လှမ်းကြည့်ပြီး baekhyun သက်ပြင်းချမိပြန်သည်။
" အရူးလေး။အဲ့လိုခြုံရင် နွေးမယ်ထင်လို့လား။
ဒီကိုလာ ''
Baekhyun အကျႌကိုလှမ်းယူပြီး ကလေးရှေ့မှာဒူးထောက်ထိုင်ချလိုက်သည်။ထို့နောက် ပွယောင်းနေတဲ့အကျႌကို
ကလေးအပေါ်သို့သေချာဝတ်ပေးလိုက်ပြီး
အကျႌတွင်တွဲရက်ပါတဲ့
ဦးထုပ်ကိုပါဆောင်းပေးလိုက်သည်
" နွေးပြီမလား ''
ကလေးကခေါင်းငြိမ့်သည်။
" နွေးရင်ဝတ်ထား။ပြီးရင် ဒီလိုနေရာတွေမှာအိပ်မနေနဲ့။
အနည်းဆုံး အမိုးအောက်တော့သွားစမ်းပါ ''
ကြယ်သီးတွေပါ အသေအချာတပ်ပေးပြီးလိုက်တဲ့နောက်
ထသွားဖို့ပြင်လိုက်တဲ့အခါ baekhyun
၏အကျႌကိုကလေးက ဆွဲထားသည်။
လှည့်ကြည့်လိုက်တော့
" ကျေးဇူးတင်ပါတယ် ''
တုန်ယင်နေတဲ့အသံသေးသေးလေး။
Baekhyun တစ်ချက်ပြုံးလိုက်ပြီး
ဦးထုပ်ဆောင်းထားတဲ့ကလေးရဲ့ခေါင်းကို
လက်နဲ့ ဖြည်းဖြည်းရိုက််လိုက်လေသည်။
" ကျေးဇူးတင်ရင် ဒါစား ''
ဘောင်းဘီအိတ်ထဲမှ ချောကလက်တစ်ခုကို
ကလေးကိုကမ်းပေးလိုက်သည်။
လက်နှစ်ဖက်နဲ့ယူတော့ နောက်တစ်ခါထပ်ပြုံးဖြစ်ပြန်သည်။
လေကတိုက်နေပေမယ့် baekhyun သိပ်မအေး။
အနွေးထည်မပါသောတီရှပ်အဖြူရောင်က
ပါးနေပေမယ့် သူအရမ်းကြီးခိုက်ခိုက်တုန်မနေပေ။
အိမ်တံခါးမှသံတိုင်ကိုကျော်တတ်လိုက်သည်။
လူအိပ်ချိန်ဖြစ်တာကြောင့် တံခါးလာဖွင့်ပေးမခိုင်းချင်တော့။
အိမ်တံခါးကို ဖွင့်ပြီးဝင်လိုက်ချိန်မှ သူသိသိသာသာနွေးသွားသည်ကို သတိထားမိလိုက်သည်။
အိပ်ချင်နေပြီ ဖြစ်တာကြောင့် အပေါ်သို့တတ်ရန်သာ
စိတ်ကူးရှိသည်။မှောင်နေသော အိမ်ဝန်းအတွင်း
အနည်းငယ်ညောင်းနေတဲ့ ဇက်ကိုဖိရင်းbaekhyun လှေကားပေါ်သို့တတ်လာလိုက်သည့်အခိုက်..
" အမေ့ !''
ရုတ်တရက်ပွင့်လာတဲ့ အပေါ်ထပ်က
လှေကားနားမှတံခါးတစ်ခုကြောင့်
Baekhyun လန့်သွားမိသည်။
ပြတင်းပေါက်မှမသိမသာတိုးဝင်နေတဲ့လရောင် ရဲ့အကူအညီကိုယူပြီး သေချာကြည့်တဲ့အခါ
" မင်း.. မင်း..ကဒိီကိုဘယ်လိုလုပ် ''
ပွင့်ထားတဲ့တံခါးရဲ့ လက်ကိုင်ကိုကိုင်ထားဆဲဖြစ်၍
မတ်တပ်ရပ်နေတဲ့chanyeol..
တစ်ခုခုကို လန့်နေပုံရတဲ့မျက်ဝန်းတွေက baekhyun ဆီမှာမဟုတ်ပဲ ကြမ်းပြင်ကိုငေးကြည့်နေသည်။
ကွက်တိကျရောက်နေသောလရောင်က
ကပိုကရိုနဲ့ဆံပင်တွေဖြင့်ကြည့်ကောင်းနေတဲ့
chanyeol ၏မျက်နှာပေါ်
တစ်စောင်းကျရောက်နေတာကြောင့်
အနည်းငယ်စိုနေတဲ့ နဖူးထောင့်နဲ့ လည်းပင်းနားမှ
ချွေးစက်တွေကို အထင်းသားမြင်နေရသည်။
ထိတ်လန့်နေပုံရတဲ့ chanyeol ရဲ့မျက်နှာဟာ
ရှင်းလင်းနေလွန်းသည်။
နိမ့်ချည်မြင့်ချည် ရင်ဘတ်တစ်ခုနဲ့
အသက်ကိုပင်မနည်းရှုနေရင်း
ဖြည်းဖြည်းချင်း baekhyun ကိုလှမ်းကြည့်လာသောအခါ
ဆုံသွားတဲ့မျက်ဝန်းတွေထဲက
မြင်လိုက်ရတဲ့ ဝမ်းနည်းခြင်းတွေ
Baekhyun မွန်းကျပ်လာသလိုခံစားရသည်။
အားယူလိုက်ပေမယ့် ဘာပြောရမလဲဆိုတာ
သူစဉ်းစား၍မရ။
အရင်မျက်လုံးလွှဲလိုက်ပြီး
ကိုယ့်ရင်ခုန်သံကို ကိုယ်ထိန်း၍
နှလုံးခုန်သံကို အရင်တည်ငြိမ်အောင်
ပြန်လုပ်ပြီး chanyeol ကိုလှမ်းကြည့်လိုက်တော့
ခုနကလို မျက်နှာမျိုးမဟုတ်တော့။
" မင်းနောက်ကျတယ် ''
ခပ်အေးအေးထွက်လာတဲ့စကားတစ်ခုပင်။
နေ့လည်ကလို ခပ်ဆတ်ဆတ်မျိုးလည်းမဟုတ်ပါပဲ
အေးဆေးနေတဲ့အငွေ့အသက်ကို baekhyun
ခံစားရသည်။
သူတည်ငြိမ်နေသလောက် ငါကဘာဖြစ်နေမိတာလဲ။
Baekhyun
အသိစိတ်ကိုပြန်ကပ်လိုက်သည်။
ပြီးနောက်မှသူ့ရှေ့ကလူကိုလှမ်းမေးလိုက်သည်။
"မင်းဘာလို့ ငါ့အိမ်ထဲ ရောက်နေတာလဲ ''
Chanyeol ပြန်မဖြေပေ။
ရှေ့ကိုတစ်လှမ်းချင်းလျှောက်လာပြီး
သူ့ဘေးမှဖြတ်လျှောက်၍ လှေကားမှဆင်းသွားသည်။
" ဟေ့ကောင် ''
မဖြေပဲ ကျော်သွားတာကြောင့် လှမ်းခေါ်လိုက်တော့
လှေကားအလယ်လောက်ရောက်နေပြီဖြစ်တဲ့ chanyeol
မျက်မှောင်ကုတ်ကာ သူ့ကိုလှည့်ကြည့်လာသည်။
ဘာမှပြန်မပြောပဲ ဒီအတိုင်းကြီးကြည့်နေတာဖြစ်သည်။
" စိတ်မပူနဲ့။ ငါမနက်ဖြန် ဒီအိမ်ကထွက်သွားမှာ''
ပြောပြီးလှည့်ထွက်သွားသူ၏
စကားကအစမရှိအဆုံးမရှိသော်လည်း
ဘာကိုဆိုလိုချင်တာလဲဆိုတာ
သူနားလည်လိုက်သည်။
ဒါပေမယ့်
ပထမဆုံးလှမ်းကြည့်လာတဲ့ စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့
လုံးဝကိုကွဲပြားသွားသော
အခုကြည့်သွားခဲ့တဲ့ အေးစက်နေတဲ့အကြည့်တွေကို
သူနားမလည်ပါ။
အခုကျတော့လည်း နေ့လည်ကလို
ရန်ရှာနေတာမျိုးမဟုတ်ပဲ အရမ်းကိုအေးဆေးလွန်းသည်။
အဲ့တာက ထားပါအုန်း။
ဘာလို့သူက ငါ့အိမ်ကိုရောက်နေတာလဲ။
ရှေ့ကလှေကားတစ်ထစ်ကို ခြေထောက်လှမ်းလိုက်မှ
သူဘယ်လောက်နာနေမှန်းသိတော့သည်။
"သေတော့မှာပဲကွာ.. ''
ဖြည်းဖြည်းချင်းတတ်ပြီး
အခန်းထဲသို့ရောက်တော့ ကုတင်ပေါ်ပစ်လှဲလိုက်မိသည်။
အိပ်ပျော်မသွားခင် အိမ်မက် မမက်ပါစေနဲ့လို့တော့
Baekhyun သေချာဆုတောင်းဖြစ်ခဲ့သည်။
.............
.............
အကျယ်ကြီးမြည်လာတဲ့ ph သံကြောင့် baekhyun
မျက်မှောင်ကုတ်မိလိုက်သည်
ဘယ်အချိန်ရှိပြီလဲ..
ခေါင်းအုံးပေါ်မှမျက်နှာကိုခွာပြီး ဘေးကနာရီကို
မျက်လုံးကိုပွတ်ပြီး ကြည့်မိသည်။
၁၁ နာရီ ကျော်ချင်နေပြီ
မစောတော့ဘူးပဲ။
ဖုန်းသံရပ်သွားပြီး နောက်တစ်ခေါက်ထပ်မြည်လာသည်
မရပ်မနားကိုခေါ်နေတော့တာပဲ
တုန်ခါနေတဲ့ဖုန်းကို Baekhyun
လှမ်းယူပြီးကြည့်လိုက်တော့ အဖေဖြစ်နေသည်
" ဟယ်လို ''
" ဟေ့ကောင်..မင်းဘာလုပ်လိုက်ပြီလဲ ''
" ကျစ်..ဘာလဲဗျာ ''
မိုးလင်းကတည်းက အပြောခံနေရတာတော့ မဟုတ်သေးဘူးထင်သည်။
" Chanyeol..မနက်က ဟိုတယ်ကိုချက်ချင်းပြောင်းသွားတယ် ကြားတယ် မင်းဘာသွားလုပ်လိုက်လို့လဲ ''
" မသိဘူး။ ''
" ဘာကွ..''
" ဘာလဲ..အဲလောက်တောင်ချစ်နေရင် အဖေ့အိမ်ခေါ်ထားပါလား..ဘာလို့ကျွန်တော့်အိမ်ပေါ် မပြောမဆိုနဲ့
လာတင်ထားလဲ..မသိဘူး..ဒါပဲ ''
" ဟေ့ကောင်..baekhyun..ဟေ့ကောင် ''
ဖုန်းကို မွေ့ယာပေါ်ပစ်ချလိုက်ကာ baekhyun ပြန်အိပ်လိုက်သည်။
မျက်လုံးတွေမှိတ်ထားတဲ့ကြားက
မြင်ယောင်လာတဲ့လူတစ်ယောက်
ကြောင့်ချက်ချင်း ထထိုင်မိတဲ့အထိ။
တော်တော်ကိုစိတ်အနှောင့်အယှက်ပေးတာပဲ..
" မင်းနောက်ကျတယ် ''
ကြားယောင်လာတဲ့ အေးစက်နေတဲ့စကားတစ်ခွန်းနဲ့
တည်ငြိမ်နေတဲ့ပုံရိပ်တစ်ခု
ဟာကွာ..
Baekhyun ခေါင်းအုန်းကို နံရံဘက်ပစ်ပေါက်လိုက်ကာ
စောင်ကိုခေါင်းပေါ်အုပ်၍ခြုံလိုက်သည်။
" စိတ်မပူုနဲ့။ငါမနက်ဖြန်ဒီအိမ်က ထွက်သွားမှာ ''
ရေခဲတုံးထက် အေးစက်နေတဲ့အမူအရာနဲ့ပြောလာတဲ့
Chanyeol ပုံစံကိုမြင်ယောင်လာပြန်တော့
Baekhyun မျက်လုံးတွေကို ပိုပြီးတင်းအောင်မှိတ်ကာ
စောင်ကြားထဲတိုးဝင်လိုက်သည်။
အတွေးထဲရောက်လာသည်က အပိုင်းအစသော
အိပ်မက်တွေဖြစ်နေတဲ့အခါမှာတော့
baekhyun အိပ်ယာမှထ၍
ရေချိုးခန်းထဲသာ ဝင်သွားလိုက်လေတော့သည်။
......
......
" ဘာလို့ချက်ချင်းကြီး ဟိုတယ်ကိုပြောင်းကြတာလဲ
အန်ကယ်က ဘာများဖြစ်လဲလို့စိုးရိမ်နေတာ ''
ရှပ်အဖြူကိုသာ ခပ်ရိုးရိုးဝတ်ထားပေမယ့် chanyeol
ရှင်းသန့်နေသည်။လက်တွင်ပတ်ထားတဲ့ နာရီဒီဇိုင်းက
အရွယ်နဲ့မလိုက်တဲ့ရင့်ကျက်မှုတစ်မျိုးကိုဖော်ပြနေပြီး
အရမ်းကြီးပြင်ဆင်မထားတဲ့ ဖက်ရှင်နဲ့ကိုယ်နေကိုယ်ဟန်က chanyeol ၏အေးဆေးမှုကိုအတိုင်းသားထင်စေသည်။
အခုလည်း baekhyun အဖေ၏စကားကို
မတုံ ့ပြန်သော်ငြားစိတ်ဆိုး၍မရ။
စကားပြန်မပြောသည်ကို အဖက်မလုပ်တာလို့မခံစားရပဲ
စကားနည်းသူမို့ပါဆိုတဲ့ အကြောင်းပြချက်ကို
ခေါင်းထဲအရင်ဝင်အောင် အမူအရာများဖြင့်သာ
ရိုက်သွင်းခံနေရလေသည်။
" chanyeol..ကအစ်ကို ့သားကိုအားနာနေလို့ နေမယ်
ဘာမှမဖြစ်ပါဘူး ''
ဘေးကဦးလေးဖြစ်သူက
ဝင်ပြောပေးတော့baekhyun အဖေကခေါင်းငြိမ့်ရင်း
ပြန်ပြောသည်။
" အေးပါ။အန်ကယ် စိုးရိမ်တာလည်း
အန်ကယ့်သားပဲ ။
သူတစ်ခုခုများလုပ်လိုက်သလားလို့ပါ ''
" မဟုတ်ပါဘူး။ ကျွန်တော် သူများအိမ်မှာနေရခက်လို့ပါ ''
ကော်ဖီခွက်ကိုရှေ့ကိုလှမ်းတင်လိုက်ပြီး
chanyeol ဝင်ပြောလာသည်။
" ကျွန်တော် တို့ကုမ္ပဏီကိစ္စပြောကြမလား ''
အလုပ်လမ်းကြောင်းကိုသာ အာရုံရပုံရတဲ့
chanyeol ကြောင့် ဘာအပိုစကားမှ baekhyun
၏အဖေထပ်၍မပြောတော့။
လိုအပ်သည်များ မလိုအပ်သည်များအားလုံးဆွေးနွေးပြီး
လုပ်ငန်းချဲ ့ထွင်ဖို့ တိုင်ပင်ပြီးတဲ့နောက်တွင်
" အန်ကယ် အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ဘက်ကို
ယုံကြည်လို့ရတဲ့ လူတစ်ယောက်ထည့်ပေးလိုက်လို့ရပါတယ်
ကျွန်တော်တို့ နည်းပညာကိုလည်းလက်တွေ့
မြင်ဖူးပြီးသားဖြစ်တာပေါ့ ''
" အဲ့လိုမျိုးလည်းအဆင်ပြေတာပဲ။
ဒါမယ့် အန်ကယ် လူတွေကိုအဲ့လောက်ကြီးမပုံအပ်ရဲဘူးကွ။
ဘယ်လူပြဲဖစ်ဖြစ် လောဘတော့ရှိမှာပဲလေ ''
" ကျွန်တော်က အကြံပေးရုံပါ..ကျန်တာကတော့
အန်ကယ့်သဘောပါ ''
" အန်ကယ်စဉ်းစားကြည့်ပါအုနး်မယ် ဒါနဲ့
မင်းတို့ဘယ်တော့ပြန်ကြမလဲ..''
" နည်းနည်းတော့ကြာအုန်းမယ် ''
ကိုယ်ရေးကိုယ်တာတွေမေးလျှင်chanyeol
သိပ်စိတ်ပါတဲ့ပုံမရတော့။ မချင့်တချင့်ပုံ
ကြောင့်အလယ်ကသာ kyungsoo
ကအားနာပြီးဝင်ဖြေရသည်။
" နောင်နည်းနည်းကြာရင် ပြန်တော့မှာပါ။
လုပ်စရာတွေလည်းဟိုမှာပုံနေလောက်ပြီ ''
" အေးကွာ။ငါလည်း လာလည်ချင်ပါတယ်
Chanyeol..မင်းအဖေကိုလည်း ဒီကကောင်က
သတိရတဲ့ကြောင်းပြောပေးပါအုန်း ''
သူ့စကားနဲ့သူရယ်သော baekhyun အဖေကိုကြည့်ရင်း
Chanyeol ပြုံးဖြစ်သည်။
စကားများများပြောရရင်စိတ်ရှုပ်တတ်တဲ့ သူ့အတွက်
သူ့အမူအရာတွေကြောင့် အန်ကယ့်ကိုအားနာပေမယ့်
ဘာမှမဖြစ်သလိုသာ ပြုံးပျော်နေတတ်တဲ့ အန်ကယ့်ကြောင့်
Chanyeol လည်းတကယ်ဝမ်းသာပါသည်။
" ကဲ ပြန်ကြအုန်းလေ။ နောက်ကျနေမယ် ''
" ဒါဆို သွားလိုက်ပါအုန်းမယ် ''
" အေး..အေး..နောက်မှတွေ့တာပေါ့ ''
Chanyeol တို့ကိုသေချာနှုတ်ဆက်ကာ
တံခါးဝလောက်အထိ လိုက်ပို့ပေးလိုက်သည်။
အားလုံးတိတ်ဆိတ်သွားတော့မှ baekhyun အဖေ
ထိုင်ခုံတွင်ကျောမှီလိုက်ရင်းစဉ်းစားမိလေသည်။
ယုံကြည်ရတဲ့လူဆိုတော့ ဒီကုမ္ပဏီက လူကိုလွှတ်၍လည်း
မဖြစ်ပေ။နေရာလစ်ဟင်းသွားလျှင် ကုမ္ပဏီအတွက်
တစ်ခုခုအကျိုးယုတ်လာနိူင်သည်။
ကုမ္ပဏီ အတွက်ယုံကြည်ရတဲ့လူဆိုတာလည်းခပ်ရှားရှားပင်။
ဒီလူအနည်းငယ်ကိုအဝေးကိုတော့ သူမလွှတ်ချင်လို။
တစ်ယောက်တွေးမိလိုက် မဖြစ်လိုက်။
တစ်ယောက် ထပ်တွေးလိုက်။ မဖြစ်လိုက်။
အတွေးဆုံးတဲ့နောက်မှာ
လူတစ်ယောက်တော့အာရုံထဲရောက်လာခဲ့သည်