Believe in Love (Completed)

By ThelThel17

89.7K 7.1K 392

I want you to know , But I don't wanna tell u More

1
2
3
4
5
6(Final)
New Fic
Extra❤
Hey
hey
New Fic

Extra

7.2K 720 23
By ThelThel17

Zawgyi version






ဒါ​ပေမယ့်​ အခု.....






" ငါလဲသွားမှာ "














〰〰〰〰Believe in Love〰〰〰〰



" ahhhhh ပျင်းတယ်​ကွာ..... "















တူ.....တူ.....တူ





" ဘာလို့လဲ "










" လုပ်​ပါ ​နော်​.. "



့်​ရုတ်​တရက်​.......


" Jimin ဘာလို့ရပ်​... "





" ဟင့်​အင်း...မဟုတ်​ဘူး "









" Babe !!!! "

" Tae !!!! "



" Tae "


















〰〰〰Believe in Love〰〰〰〰








I should love myself


" အင်း...Jiminie "

" ....... "



" Jimin ကဘာတဲ့လဲ "


" ဟားဟား...."



" အင်း "





〰〰〰〰Believe in Love〰〰〰〰


" အင်း "



" Jungkook "



.
.
.
.
.
.
.
.
.
.

" Jungkook "

" ဟင်​ "


" မအိပ်​ချင်​​သေးဘူးလား "






" Jungkook "

" ​​ပြော​လေ "


" သိတယ်​ "


















................................................................




🎀ThankYouGuys🎀


Unicode version

အခုဆို ကျွန်တော်နဲ့ Tae တွဲနေတာ ၂နှစ်ရှိပြီ နောက်နှစ်ဆိုလက်ထပ်ဖို့လုပ်နေပြီ

စစချင်းတုန်းကတော့ မိဘတွေကကန့်ကွက်ကြတာပေါ့ အင်းလေ ဘယ်မိဘမဆို ဒီလိုအဖြစ်မျိုးလက်ခံနိုင်ဖို့က လွယ်တာမှမဟုတ်တာ

ကျွန်တော်တို့ ၁လ လောက်တိုက်ပွဲဝင်ကြသည်။မိဘတွေသဘောတူအရေး ဒို့အရေးဖြစ်နေသည်ထိုအချိန်အခါက။
ကျွန်တော်နဲ့ Tae ရဲ့နက်ရှိုင်းတဲ့အချစ်တွေကိုလူကြီးတွေသိမြင်လာတယ်ထင်သည်။သူတို့လဲ သူတို့သားသမီးစိတ်ဆင်းရဲနေတာကိုလဲ ဘယ်ကြည့်ရက်နိုင်ပါ့မလဲ နောက်ဆုံးသဘောတူပေးလိုက်ကြသည်။

သဘောတူပြီးသည့်နေ့မှစ၍ သားသမီးချင်းလဲသွားသလားအောင့်မေ့ရသည်။ ကျွန်တော့်အမေလဲလေ သားထယ်လေး သားထယ်လေးနဲ့ ပါးစပ်ကိုမချဘူး ဒါလဲကောင်းပါတယ် ယောက္ခမ နဲ့သားမက် တည့်နေတာ စိတ်ချမ်းသာစရာပဲလေ

Tae က ကျွန်တော် club သွားတာကိုမကြိုက်ဘူး ချစ်တော့လဲ သူမကြိုက်တာမလုပ်ရုံပဲပေါ့

ဒါပေမယ့် အခု.....

" Jungkook မင်းကလဲကွာ ကြောက်တတ်နေလိုက်တာ "

" ကြောက်တာမဟုတ်ဘူးကွ ငါသူမကြိုက်တာမလုပ်ချင်လို့ "

" ငါတို့ကောင်ကြီးကတော့ ယူတောင်မယူရသေးဘူး သူ့လင်လေးကိုကြောက်နေပြီ "

ဒီကောင်တွေ club သွားဖို့ကိုမရမကအတင်းကိုခေါ်နေကြတယ် Yoongi ကိုအဖော်ညှိတဲ့အနေနဲ့

" မင်းတို့မသိပါဘူးကွာ Yoongi မင်းလဲပြောဦးလေ "

" ငါလဲသွားမှာ "

" ဘာ!!! မင်းသွားလို့မရဘူးလေ "

" မင်းကလဲကွာ သွားကြရအောင် ငါလဲမသွားရတာကြာနေပြီ "

" အေးလေ Jungkook ကလဲကွာ Yoongi တောင် လိုက်မှာကို မင်းရဲ့အကောင်လေး မသိစေရဘူး "

ဟူး....သူငယ်ချင်းတွေကလဲ အတင်းခေါ်နေကြတယ် Yoongi ကလဲ လိုက်သွားမှာဆိုတော့ Taeမသိလောက်ပါဘူး

" ပြီးရောကွာ လိုက်ခဲ့မယ် "









〰〰〰〰Believe in Love〰〰〰〰



" ahhhhh ပျင်းတယ်ကွာ..... "

ကျောင်းပြီးတည်းက Jimin အိမ်မှာနေ နေတာ ၁ပတ်လောက်ရှိပြီ

အခုလဲ pizza ရယ် cola လေးရယ်နဲ့ ကိုရီးယား series လေးနဲ့ငြိမ့်နေတာကို ဆိုဖာပေါ်မှာ လှဲပြီး pizza တစ်ချပ်ကိုကိုင်ကာ အော်နေတဲ့ Jimin

" မင်းကလဲ Tv ကြည့်နေတာကို ဘာပျင်းတာလဲ "

" မင်းကလဲ မင်းကိုရီးယားကားကြီးက မပြီးတော့ဘူး အပိုင်းတွေကအရှည်ကြီး ငါကြည့်ရတာ ပျင်းလာပြီ "

မရတော့ဘူး Park Jimin တစ်ယောက်နဲ့တော့ ကျတော့်လက်ကိုအတင်းဆွဲပြီး ခန္ဓာကိုယ်ကိုလှုပ်ရမ်းနေတာ ခေါင်းတွေတောင်မူးလာပြီ

" အင်းပါ Chim Chim ရယ် ဘာလုပ်ချင်လဲပြော "

" ငါတို့ညဈေးသွားကြမယ် အဲ့မှာမုန့်တွေလျှောက်စားကြမယ်လေ မကောင်းဘူးလား "

" အာ...ငါလမ်းမလျှောက်ချင်ဘူး ပျင်းတယ် "

" TaeTae ရာသွားကြမယ် နော်...နော်..နော် "

မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ တောင်းဆိုနေတဲ့ပုံလေးကလေ ဖြတ်ရိုက်ချင်စရာလေး

" Jiminie နော် ငါ yoongi hyung မဟုတ်ဘူး လာချွဲမနေနဲ့ "

" ဟာ...မင်းပြောမှသတိရတယ် ငါတို့ double couple date ကြမယ်လေ မင်း Jungkook ဆီဖုန်းဆက်လိုက် "

ကျတော့်ကို ပြောကာ အိမ်အပေါ်ထပ်သို့ပြေးတက်သွားတဲ့ Jimin

အခုမှာ Jungkook ကိုလွမ်းလာသလိုလို နေ့လည်ကမှ တွေ့ထားတာ ဟုတ်ပေမယ့်လို လွမ်းတာပေါ့ တွေးရင်းနဲ့ အရမ်းတွေ တွေ့ချင်းစိတ်တွေ ဖြစ်လာလို့ မြန်မြန် ဖုန်းကိုကောက်ကိုင်ကာ Jungkookie🍪💜 ဆိုတဲ့ contact လေးကိုနိုပ်လိုက်သည်

တူ.....တူ.....တူ

ဟင် ဖုန်းလဲ မကိုင်ဘူး ဘာလုပ်နေတာလဲ ဒီအချိန်ကြီး မအားတာလဲ မဖြစ်နိုင်ဘူး ထပ်ခေါ်လိုက်သည်

ဟင်း....မကိုင်ပြန်ဘူး ဒီလူကတော့ သူ့ကိုတွေ့ချင်တဲ့စိတ်ကနေ သတ်ချင်တဲ့စိတ် ဖြစ်လာပြီ

လှေကားနားကနေ တဒုန်းဒုန်း နဲ့အသံကြားတော့လှည့်ကြည့်လိုက်တော့ Jimin ဆူပုတ်ပုတ်နဲ့ ခြေကိုဆောင့်ကာ ဆင်းလာသည် ပြီးတော့ ဆိုဖာပေါ်သို့ ဗုန်းခနဲ ထိုင်ချကာ

" TaeTae ငါ min suga ဆိုတဲ့လူကြီးကို သတ်မိတော့မယ် "

" ဘာလို့လဲ "

" ဒီလူကြီး ဖုန်းမကိုင်ဘူး ငါလေ အကြိမ်တစ်ရာမက ခေါ်တာကိုမကိုင်တာ "

" ဟုတ်လား Jungkook ကောပဲ ဖုန်းမကိုင်ဘူး "

" သေချာတယ် သူတို့နှစ်ယောက် မဟုတ်တာလုပ်နေကြတာထင်တယ် "

Jimin ပြောတော့ ကျတော့် ရင်တွေတုန်သွားပြီး စိတ်ပူသွားမိသည်

" လာTae ငါတို့နှစ်ယောက်ပဲ သွားမယ် အဲ့နှစ်ယောက်ကိုမေ့ထားလိုက် "

Jimin ရယ် ကျတော်ရယ် ခဲရောင်ဆင်တူ hoodie လေးထွက်ကာ ညဈေးသို့ထွက်လာကြသည်

ညဈေးပတ်ပြီး တွေ့သမျှမုန့်အကုန်ဝယ်စားရင်း အချိန်တွေဖြုန်းခဲ့ကြသည် တော်တော်လဲ ပျော်ဖို့ကောင်းသည်

" TaeTae ဒီနားမှာ ဂိမ်းဆိုင်ရှိတယ် သွားဆော့ကြမယ် ငါအိမ်မပြန်ချင်သေးဘူး "

" နောက်နေ့မှလာဆော့တော့ မိုးချုပ်နေပြီ "

" လုပ်ပါ နော်.. "

" အေး အေး ဒါပေမယ့် ၁ နာရီပဲဆော့ရမယ် အခု ည ၁၁နာရီဖြစ်နေပြီ "

Jimin က ok ဆိုတဲ့ပုံစံလုပ်ပြကာ ကျတော့်လက်ကိုဆွဲပြီး ပြေးခေါ်သွားသည် jimin နဲ့ အပြင်သွားရတာ တကယ်ပျော်ဖို့ကောင်းသည် ကျတော့်မှာ ဒီလိုသူငယ်ချင်းမျိုးရှိတာ အရမ်းကံကောင်းသည် ကံကြမ္မာက အပေါင်းအသင်းသိပ်မရှိသည့်ကျတော့်ကို အပေါင်းအသင်းထပ်မလိုအောင်ကို ပျော်စရာတွေဖန်တီးပေးတဲ့Jimin ကိုကျတော့်ဆီ ပို့ပေးလိုက်တယ်ထင်သည်

့်ရုတ်တရက်.......

Jimin ပြေးတာရပ်သွားလို့ jimin ကိုကြည့်လိုက်တော့ တစ်နေရာကို စိုက်ကြည့်နေသည်

" Jimin ဘာလို့ရပ်... "

ကျတော် Jimin ကိုမေးလိုက်ရင်း သူကြည့်နေတဲ့နေရာကိုကြည့်မိလိုက်တော့ .......

Jungkook ရယ် yoongi ရယ် ပြီးတော့.......

Jungkook နဲ့ Yoongi hyung က ကောင်မလေးကိုယ်စီနဲ့ hotel ထဲသို့ဝင်သွားသည်

ဒါဘာတွေလဲ ကျွန်တော် မြင်လိုက်ရတဲ့ မြင်ကွင်းကဘာလဲ...မဟုတ်ဘူးမှတ်လား ဒါကျတော် အမြင်မှားတာမှတ်လား

" ဟင့်အင်း...မဟုတ်ဘူး "

ကျတော် နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ကာ ခေါင်းကိုခါလိုက်ပြီး အော်ပြောမိသည် ကျတော့် ရင်တွေ အရှင်လတ်လတ်ကွဲနေပြီထင်တယ်

" Taehyung စိတ်ထိန်း ငါတို့အခုပဲ အဲ့ပြသာနာကိုရှင်းမယ် "

" ဟင့်အင်း ငါကြောက်တယ်...ငါရင်မဆိုင်ရဲဘူး Jimin ရဲ့ "

Jimin က ကျတော့်မျက်နှာကိုကိုင်ကာ

" ငါ့ကိုသေချာကြည့် ငါ...ငါရှိတယ် ငါတို့...နှစ်ယောက်ဒီဟာကိုရှင်းမှရမှာ "

Jimin လဲ စိတ်ကိုမနည်းထိန်းထားပုံရသည်။အသံတွေ တုန်ကာ ငိုနေတဲ့ ကျတော့်ကို ပြောနေသည် ပြီးတော့ Jimin ကကျတော့်လက်ကိုဆွဲကာ Jungkook တို့ဝင်သွားတဲ့ hotel ထဲသို့ ဝင်လိုက်သည်

" အမ ခုနက ယောကျာ်လေးနှစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက် "

Jimin က ကောင်တာကဝန်ထမ်း အမျိုးသမီးကို မေးနေတုန်း

" Babe !!!! "

" Tae !!!! "

Jungkook ကိုကြည့်လိုက်တော့ ဝတ်ထားတဲ့ အင်္ကျီကြယ်သီး ၃လုံးလောက် ပြုတ်နေတာတွေ့တော့ တင်းထားသမျှစိတ်ထဲ ဝုန်းခနဲပြိုကျသွားသလို သူ့မျက်နှာကိုလဲ မကြည့်ချင်တော့တာနဲ့ ထွက်ပြေးလာလိုက်သည်

" မကောင်းတဲ့လူကြီး...ဖောက်ပြန်တဲ့အကောင်ကြီး "

" Tae "

လက်ကိုလှမ်းဆွဲကာ အမောဖြေကာ ကျတော့် နာမည်ကို အသက်ထွက်မတတ်ခေါ်နေတဲ့ ယုန်စုတ်ကြီး

" Tae အထင်လွဲသွားမှန်း ကိုယ်သိတယ်နော် မဟုတ်ဘူး Tae ကိုယ် အကုန်ရှင်းပြမယ်"

အခုအချိန် အရမ်းဒေါသတွေထွက်ပြီး ရုပ်ရှင်ထဲကလို ဘာမှလာမပြောနဲ့ မကြားချင်ဘူး ဆိုပြီး ပါးရိုက်ပစ်ချင်ပေမယ့်လည်း စိတ်ကိုထိန်းကာ

" သူတို့က ကိုယ့်သူငယ်ချင်းတွေပါ "

" ဘာ....သူငယ်ချင်းနဲ့ အခုလို hotel တူတူသွားစရာလား ကျတော်နဲ့တောင် တစ်ခါမှမသွားဖူးတဲ့ခင်ဗျားက သူတို့နဲ့ကျတော့ "

" မဟုတ်ဘူး.... Tae ရဲ့ ကိုယ့်သူငယ်ချင်းက club သွားမယ်ဆိုပြီး အတင်းခေါ်တယ် အဲ့တာနဲ့ ကိုယ်လဲငြင်းလို့မရတာနဲ့လိုက်သွားမိတာ ပြီးတော့ club ရောက်တော့ ကိုယ်တို့ ဂိမ်းကစားကြတယ် ရှုံးတဲ့လူ မိန်းမ လိုဝတ်ပြီး dance floor မှာ ကပြရမယ်လို့ သူတို့လဲအရမ်းမူးနေတာနဲ့ hotel ကိုခေါ်လာခဲ့တာ အဲ့တာယောကျာ်း လေးတွေ "

" ဟမ်....ခင်ဗျား မဟုတ်တာတွေလျှောက်ပြောမနေနဲ့ "

" ဟော်ဗျာ တကယ်ပါဆို သူတို့နှစ်ကောင်က မူးနေတော့ သူတို့မိန်းမလို ဝတ်ထားတဲ့ပုံစံနဲ့လဲ သူတို့အိမ်ကိုပြန်မပို့ချင်တာနဲ့ hotel ပို့ဖို့ လုပ်လိုက်တာ "

Jungkook ရှင်းပြတာကိုနားထောင်လိုက်တော့လဲ သူပြောတာ ယုံချင်စရာပါပဲ ဘာလို့လဲ ဆိုတော့ အဲ့မိန်းကလေးနှစ်ယောက်ရဲ့ခြေသလုံးတွေက တုတ်တုတ်ကြီးတွေ ယောကျာ်းခြေထောက်နဲ့တော်တော်တူတယ် စိတ်ထဲမှာ ရှုပ်နေတာတွေရှင်းသွားပေမယ့် ရစ်ချင်သေးတယ် ဒီအကောင်ကြီးကို

" ထားလိုက်ပါတော့ ဘာလို့ဖုန်းမကိုင်တာလဲ "

" ဟမ်...ဖုန်းခေါ်ထားသေးတာလား ကိုယ်လဲ သီချင်းသံတွေနဲ့ဆိုတော့ မကြားလိုက်ဘူး "

Jungkook က club သွားခဲ့တာဆိုတော့ ကောင်မလေးတွေနဲ့ ပွန်းသီးပွန်းသပ်တော့ ဖြစ်လာမှာပဲ

အဲ့တော့ စစ်ရမယ် မိန်းမရေမွှေးနံ့ရလို့ကတော့ Jeon Jungkook ခင်ဗျားနဲ့ ကျွန်တော် နဲ့တွေ့ပြီ





〰〰〰Believe in Love〰〰〰〰

အောင်မလေး ရှင်းပြလိုက်ရတာ ဖတ်ဖတ်ကိုမောသွားတာပဲ
တော်သေးလို့ ပေါက်စလေးက စိတ်ဆိုးပြေသွားတဲ့ပုံ ရှင်းပြလို့ပြီးတော့ မျက်နှာလေးက ပုံမှန်ပြန်ဖြစ်သွားလို့

Hotel မှာ Minwoo နဲ့ Junmin နှစ်ကောင်ကို မနိုင်မနင်းသယ်လာပြီး အိမ်ပြန်မယ်ဆိုပြီး ပြန်အထွက်မှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ Tae ကိုမြင်လိုက်တာကြောင့် ခေါင်းမီးလောင်သွားသလို ခေါင်းကျိန်းသွားသည်

အခု ဒီအကောင်ပေါက်စကို အကုန်ရှင်းပြပြီးကာမှ ဘာကိုတွေးနေလဲမသိဘူး မျက်နှာဆူပုတ်လာပြီး ကျတော့်ခန္ဓာကိုယ်ကိုနှာခေါင်းတရှုံ့ရှုံ့နဲ့ လိုက်နမ်းနေသည် သူလိုက်နမ်းတာကအကြောင်းမဟုတ်ဘူး ကျွန်တော့်စိတ်တွေက ထိန်းချုပ်လို့မရတော့ဘူး

" Tae...Tae ဘာ..ဘာလုပ်နေတာလဲ "

" အနံ့ခံနေတာလေ club မှာ မိန်းကလေးတွေရှုပ်လာလားဆိုတာသိအောင် "

မေးလိုက်တော့ မော့ကြည့်ကာ နှုတ်ခမ်းဆူဆူနဲ့ စွာတေးလန်အောင်ပြောနေတဲ့ ကောင်လေး အရင်က Kim Taehyung ကောဟုတ်ရဲ့လား

ကျွန်တော်မရတော့ဘူး ဒီကလေးလုပ်ပုံနဲ့ ခန္ဓာကိုယ်ကဆဲလ်တွေကိုလှုပ်နိုးလိုက်သလိုပဲ ကောင်လေးခေါင်းကို လက်နှစ်ဖက်ဖြင့်ထိန်းကိုင်လိုက်ပြီး ဦးတည်ရာ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။

🎶 You've shown me I have reasons
I should love myself
Nam sum nae georeoon gil jeonburo daphae🎶

စောက်ရေးထဲဖုန်းကလာတာကြောင့် နှုတ်ခမ်းသားလေးကိုမလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရသည်။ Taeလဲအခုမှအသိစိတ်ဝင်လာပြီး ရှက်သွားပုံရသည်။

" အင်း...Jiminie "

" ....... "

" အော် ပြီးရော မင်းအရမ်းလဲရစ်မနေနဲ့ဦး yoongi hyung ကို"

ကလေး ဖုန်းပြောလို့ပြီးသွားတာကြောင့်

" Jimin ကဘာတဲ့လဲ "

" သူ ဒီည အိမ်ပြန်မအိပ်တော့ဘူးတဲ့ Yoongi hyung ကို မှတ်လောက်သားလောက်ကို ပြသာနာရှာဦးမလို့တဲ့ "

" ဟားဟား...."

Jimin နဲ့ Yoongi hyung တို့လဲ တကယ်လိုက်ဖက်ပါတယ် ပြီးရင် ကြာကြာလဲ စိတ်မဆိုးနိုင် ငါးမိနစ်ပြည့်ရင် အလိုလိုပြန်တည့်သွားရော

" Tae အိမ်ပြန်မှာမလား ကိုယ်လိုက်ပို့ပေးမယ် "

" အင်း "

Tae လက်လေးကိုကိုင်ကာ လမ်းလျှောက်ရသည်မှာ ကျွန်တော် အကြိုက်ဆုံးအရာတွေထဲကတစ်ခုအပါအဝင်ဖြစ်သည်။ သူ့လက်လေးကို ဆုပ်ကိုင်လိုက်တဲ့အချိန်တိုင်း တစ်ကမ္ဘာလုံးကိုကျွန်တော် အပိုင်ရထားသလိုပဲ အရမ်းကိုပျော်မိသည်။ အခုလိုပဲ အမြဲအတူနေသွားချင်တယ် ကိုယ်နဲ့အတူ ရှိပေးမယ် မဟုတ်လား......




〰〰〰〰Believe in Love〰〰〰〰

" ကဲ....ဝင်တော့ စောင်ကိုသေချာခြုံအိပ်နော် ရာသီဥတုက ဆောင်းတွင်းဝင်လာပြီဆိုတော့ အေးလာပြီ "

" အင်း "

" ဒါဆို ကိုယ်ပြန်တော့မယ် ချစ်တယ်နော် "

ကျွန်တော့်နဖူးကိုနမ်းကာ ပြန်သွားတဲ့ သူ့နောက်ကျောကိုကြည့်ပြီး စိတ်ထဲတစ်မျိုးကြီးဖြစ်လာသည်။ Jimin ကလဲ အိမ်မှာမရှိဘူးဆိုတော့ သူတစ်ယောက်တည်း အဲ့တာကြောင့်

" Jungkook "

လှမ်းအော်ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့Jungkook

" ဟို...ဒီည အတူတူရှိနေပေးပါလား "

.
.
.
.
.
.
.
.
.
.
အခု အိပ်ရာပေါ်မှာ Jungkook နဲ့ ကျွန်တော်နဲ့ ဘာစကားမှလဲမပြောကြ နေရတာ ရှက်လာသလိုလို Jungkook ကို မပြန်နဲ့လို့ပြောလိုက်တာတောင် မှားသွားပြီထင်တယ် ဒီပုံစံအတိုင်းဆို ဒီည အိပ်လို့ရပါ့မလား

" Jungkook "

" ဟင် "

" Tae အိပ်လို့မပျော်ဘူး "

" မအိပ်ချင်သေးဘူးလား "

" မ..မဟုတ်ဘူး ရင်တွေအရမ်းခုန်နေတာကြောင့်..."

Jungkook က ကျွန်တော့်ကိုသူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည် ပြီးတော့ ကျွန်တော့်ဆံပင်လေးတွေကိုနမ်းကာ

" ကိုယ်ချော့သိမ့်ပေးမယ် အိပ်ပျော်အောင်အိပ်လိုက်နော် "

ကျွန်တော်ရဲ့ကျောပြင်ကိုပုတ်ပေးလာတဲ့သူ့လက်လေး သူ့ရင်ခွင်ထဲကနေ သူ့မျက်နှာကို ကြည်နူးခြင်းများစွာဖြင့် မော့ကြည့်လိုက်သည်။

အခုအချိန်မှာ သူ့ကို အပိုင်သိမ်းရင်တောင် ရနေတာကို အခွင့်အရေးမယူပဲ ကလေးတွေကိုချော့သိမ့်နေလိုလေး သူအိပ်ပျော်အောင် လုပ်နေတဲ့ ဒီလူသားကို ကျွန်တော် အရမ်းချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ

" Jungkook "

" ပြောလေ "

" Tae လေ Jungkook ကိုအရမ်းချစ်တယ် ပြောမပြတတ်လောက်အောင်ကိုချစ်တာ "

" သိတယ် "

သူ ကျွန်တော် နှုတ်ခမ်းကို တချက်နမ်းပြီး ဆက်ပြောသည်

" Tae လဲ သိထားပေး ကိုယ်ကလဲ Tae ကို ကိုယ့်အသက်ထက်ပိုချစ်တာကို "

ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြီး စိုက်ကြည့်မိသည်

ထိုအကြည့်များထဲတွင် တစ်ယောက်အပေါ်တစ်ယောက် မြတ်နိုးခြင်း လေးစားခြင်း တန်ဖိုးထားခြင်း စသည့် အရာများစွာပါဝင်နေကြသည်မှာ ထုတ်မပြောလဲ အချစ်ရဲ့စွမ်းအားကြောင့် ခံစားမိသည်။


သိပ်ချစ်တယ် Jeon Jungkook အမြဲတမ်းချစ်သွားမယ်












................................................................

Extra လေးလဲ အောင်မြင်စွာ ပြီးဆုံးကြောင်း👏👏

ရိုရဲ့လား မသိဘူး အစွမ်းကုန်တော့ ရိုတော့ရိုပေးထားတာပဲ

လိုတာလေးတွေ မကောင်းတာလေးတွေ ရှိရင် နားလည်ပေးကြပါနော်

🎀ThankYouGuys🎀

Continue Reading

You'll Also Like

459K 39.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
187K 16.3K 20
Jeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့...
329K 34.7K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...