Sunshine (Zawgyi+Unicode)

By nora_nono

158K 18.5K 1.1K

Relationship=Me=Friendship Cover by @byunasunapark00? More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26

Part 15

4.9K 719 46
By nora_nono


"Baekhyun ရော့''

ရုံးမှာနေ့လည်စာ စားနေရင်း Baekhyun ပန်းကန်ထဲ အရိုးနွှင်ထားသော ငါးအသားဖတ်လေးထည့်ပေးသော Chanyeolကြောင့် Baekhyun ပြုံးမိသည်။

"ရပါတယ် Hyungရဲ့ ''


အခုတလော.....


Chanyeol ဂရုစိုက်ပေးသည့်အခါတိုင်း ရင်ထဲ နွေးထွေးသည့် လှိုင်းကလေးဖြတ်သန်းသွားသလို ခံစားရသည်။

ဘာရယ်သေသေချာချာမသိသည့် ခံစားချက်လေးက ငြိမ့်ငြိမ့်လေးနဲ့ ခံစားလို့ကောင်းသလို ပျော်ရွှင်မှုကိုလည်း ပေးစွမ်းသည်။



နောက်ပီး....


"အာ... မဟုတ်ပါဘူး''



"ဟုတ်ကဲ့''


"ဟုတ်ကဲ့''

ကိုယ် အတွင်းရေးမှူးကို မှာစရာရှိတာတွေ မှာပီးရင် ထွက်လာခဲ့မယ်''

"ဟုတ်ကဲ့ Hyung''


ခဏ အကြာမှာတော့...

"သွားရအောင်လေ... Baek''

ရှေ့ကထွက်သွားတဲ့ Chanyeol နောက်ကို Baekhyun အသာလိုက်ရင်း.....







"Baekhyun''

"ဗျာ''










'Byun Baekhyun?'


"Sehun?''


"ဟုတ်တယ်''





"Hyungရဲ့ အတွင်းရေးမှူးသဘောမျိုးလေ ငယ်လေးရဲ့''

'ဟက်.... အထက်တန်းပဲ ပီးသေးတဲ့သူက အတွင်းရေးမှူးတဲ့လား?''

"ငယ်လေး!''



"ရပါတယ် Hyung''


"......''



"ငယ်လေး တော်တော့.... ''


"Park Sehun တော်တော့!!!''




'ဘာမှ မလွန်ဘူး...






"အင်း''

Chanyeol ကားကို ရုံးချုပ်ရှေ့ရောက်တော့ ရပ်လိုက်သည်။



ခေါင်းငုံ့နှုတ်ဆက်ကာ ထွက်သွားသည့် နောက်ကျောပြင်လေးကို ကြည့်ကာ Chanyeol နာကျင်နေမိသည်။


..........

..........

..........

အချိန်ကားညကိုးနာရီ.....


Chanyeolတစ်ယောက် Baekhyunတို့အိမ်ရှေ့ရောက်နေမိတာ အတော်လေးကြာပီဖြစ်သည်။




သို့ပေမယ့်.....
ရုံးရှေ့ရောက်တော့ Chanyeol နောက်ကျသွားသည်။
Baekhyunက ရှေ့ကကောင်လေးကို ခပ်တင်းတင်းဖက်ကာ ဆိုင်ကယ်ပေါ်ပါသွားလေသည်။


ထိုကတည်းက Baekhyun အိမ်ရှေ့ အရောက်သွားကာ စောင့်နေမိသည်မှာ ခုချိန်ထိဖြစ်သည်။



သို့ပေမယ့်....


ဆိုင်ကယ်နဲ့ပြန်သွားသော သူ့ငယ်ချင်းကို လက်ပြနှုတ်ဆက်နေသော Baekhyunပုံစံက ချစ်ဖို့ကောင်းလွန်းသည်။

"Baekhyun''


"Chanyeol Hyung?''

"ဟုတ်တယ်... ကိုယ်ပါ''




"ခဏလေးပါ....''


"ခဏ... ခဏလေး Baek''











"Baekhyun ''


"ချစ်တယ်......''

".......''




.....................................................................



"Baekhyun ရော့''

ရုံးမှာနေ့လည်စာ စားနေရင်း Baekhyun ပန်းကန်ထဲ အရိုးနွွင်ထားသော ငါးအသားဖတ်လေးထည့်ပေးသော Chanyeolကြောင့် Baekhyun ပြုံးမိသည်။

"ရပါတယ် Hyungရဲ့ ''

Baekhyun အားနာသလို ပြန်ပြောတော့ Baekhyunရဲ့ မျက်လုံးနက်နက်လေးကို သေချာစိုက်ကြည့်ရင်းပြုံးပြသည့် Chanyeolကြောင့် တစ်မျိုးကြီး ဖြစ်လာရသည်။

အခုတလော.....
Chanyeolရဲ့ ပြောဆိုဆက်ဆံပုံတွေက အရမ်းနွေးထွေးလာသည်။
အရင်ကတည်းက ဂရုစိုက်ပေးတတ်တာ သိပေမယ့် ခုနောက်ပိုင်း ပိုပီး အသေးစိတ်လာသည်။

ရုံးဆင်းချိန်တိုင်း လိုက်ပို့ပေးတတ်သလို....
ရုံးလာချိန်ကိုပင် တကူးတက လာကြိုပေးတတ်သေးသည်။

Chanyeol ဂရုစိုက်ပေးသည့်အခါတိုင်း ရင်ထဲ နွေးထွေးသည့် လွိုင်းကလေးဖြတ်သန်းသွားသလို ခံစားရသည်။

ဘာရယ်သေသေချာချာမသိသည့် ခံစားချက်လေးက ငြိမ့်ငြိမ့်လေးနဲ့ ခံစားလို့ကောင်းသလို ပျော်ရွွင်မွုကိုလည်း ပေးစွမ်းသည်။

ဘယ်သူမဆို ကိုယ့်အပေါ် ဂရုစိုက်ပေးတတ်သည်ကို ကြိုက်နှစ်သက်ကြသည်မလား။

Baekhyunလည်း လူထဲကလူပင်။
ကိုယ့်အပေါ် ဂရုတစိုက်ရှိလှသော Chanyeolကြောင့် တကယ်စိတ်ကြည်နူးရသည်။

နောက်ပီး....
တစ်ခါတစ်လေ အဓိပ္ပါယ်တစ်မျိုးသက်ရောက်သည့် စကားတွေကြောင့်လည်း နေရခက်မိပေမယ့် သာယာနေမိသည်တော့ Baekhyun ဝန်ခံသည်။

"စားလို့မကောင်းလို့လား?''

"အာ... မဟုတ်ပါဘူး''

ထမင်းစားနေရင်း အတွေးတွေများနေ၍ ငြိမ်သက်နေမိတော့ Chanyeol က မေးနေသည်မို့
Baekhyun အတွေးတွေ သိမ်းကာ ထမင်းစားခြင်းအပေါ် အာရုံပြန်စိုက်လိုက်သည်။

"ခဏနေ ကိုယ်နဲ့ အပြင်လိုက်ခဲ့ရမယ်''

"ဟုတ်ကဲ့''

"ကိုယ့်ညီလေး ကျောင်းပိတ်လို့ ခဏပြန်လာတာလေ အဲ့ဒါသွားကြိုရမှာ ''

"ဟုတ်ကဲ့''

"အာ့ဆို ထမင်းစားပီး ခဏနားနေလိုက်လေ....
ကိုယ် အတွင်းရေးမွူးကို မှာစရာရှိတာတွေ မှာပီးရင် ထွက်လာခဲ့မယ်''

"ဟုတ်ကဲ့ Hyung''

ထမင်းစားပီးသွားတော့ Chanyeolက သူရုံးခန်းထဲ ဝင်သွားသည်။
Baekhyun လည်း ကော်ဖီသောက်ရင်း Chanyeolကိုစောင့်နေလိုက်သည်။

ခဏ အကြာမှာတော့...

"သွားရအောင်လေ... Baek''

ရေှ့ကထွက်သွားတဲ့ Chanyeol နောက်ကို Baekhyun အသာလိုက်ရင်း.....

ဒီနေ့တော့ ရာသီဥတုက အတော်လေးပူသည်။

Baekhyunကတော့ ပန်းရောင်ရှပ်လက်တိုလေးနဲ့ ချည်သားစတိုင်ပန်အညိုရောင်လေးကြောင့် သိပ်တော့မပူ။

Chanyeol လိုအမြဲ Suit အပြည့်ဝတ်တတ်သူတောင် ဒီနေ့တော့ အပြာနုရောင်ရှပ်လက်ရှည်လေးကို လက်ခေါက်ကာ ဝတ်ထားသည်။
စတိုင်ပန်အဖြူရောင်လေးနဲ့ တွဲဝတ်ထားသောကြောင့် Chanyeol က လူငယ်ဆန်ကာ သန့်ပြန့်နေသည်။

Baekhyun ထိုင်မည့်ဘက်ကို ကားတံခါးဖွင့်ပေးပီးမှ Chanyeolက မောင်းသူနေရာဘက်သွားလေသည်။

Baekhyun ကားမောင်းတတ်နေပီဖြစ်သည်။
သို့သော်လည်း Chanyeolကတော့ သူကိုယ်တိုင်မောင်းနေဆဲဖြစ်သည်။
Baekhyun ကအားနာ၍ မောင်းပေးမည်ပြောသော်လည်း Chanyeolက လက်မခံပေ။

အဲ့တော့ ဘယ်နေရာသွားသွား Baekhyun အားနာစွာနဲ့ပင် ဘေးကနေပဲလိုက်စီးရသည်။

"Baekhyun''

"ဗျာ''

"ဟို... ကိုယ့်ညီက နည်းနည်းတော့ ဂျစ်တယ်.... အပြောအဆိုမတတ်ရင် နားလည်ပေးနော်.... Baekhyun ကရုံးမှာပျင်းနေမှာစိုးလို့ ခေါ်ခဲ့ပေမယ့် ကိုယ့်ညီနဲ့ အဆင်မပြေမှာလဲ စိုးရသေးတယ်''

"မဟုတ်တာ... Hyung ကလည်း... ရပါတယ် ကျတော်နားလည်ပါတယ်''

"အာ့ဆို ကားထဲပဲ စောင့်နေလိုက် လေယာဉ်ကဆိုက်နေပီ ကိုယ်တစ်ခါတည်း ပြန်ထွက်ခဲ့မယ်''

"အထုတ်တွေပါတယ်မလား ကျတော်လိုက်သယ်ပေးမယ်လေ''

"အများကြီးမပါပါဘူး လက်ဆောင်ပစ္စည်းတွေလောက်သာ ပါတာ.... ကားထဲမှာပဲ စောင့်နေနော်''

Baekhyunကို မှာစရာရှိတာ မှာပီး Chanyeolက လေဆိပ်ထဲ ပြေးဝင်သွားလေသည်။

ခဏအကြာတော့ Chanyeolက Luggageတစ်လုံးဆွဲကာထွက်လာသည်။
Hyung ရဲ့ညီကတော့ ဘေးကနေ အေးအေးသာသာလိုက်လာလေသည်။
ကားနားရောက်တော့ Hyungရဲ့ညီက ကားထဲဝင်ထိုင်နေသည်မို့ Baekhyun ကားပေါ်က ဆင်းကာ နောက်ခန်းထဲမှာ အိတ်ထည့်နေသည့် Chanyeol ကို ကူညီပေးလိုက်သည်။

ပီးမှ ကားထဲပြန်ဝင်လိုက်သည်။

လေဆိပ်ကနေ ကားလေးညင်သာစွာ ထွက်လာသည်။

'Byun Baekhyun?'

ကားနောက်ခန်းက နာမည်ခေါ်သံကြား၍ Baekhyun လှည့်ကြည့်မိသည်။

"Sehun?''

'အဟက်.... ငါ့အစ်ကိုဆီမှာ အလုပ်လုပ်နေတာလား?'

"ဟုတ်တယ်''

"ငယ်လေးနဲ့ Baekhyun နဲ့က သိနေတာလား?''

'သိတာပေါ့ အရမ်းကိုသိတာ.... နော့ Byun Baekhyun'

စကားတွေပြောနေပေမယ့် Baekhyuကတော့ မျက်နှာလေးတည်နေသည်။

'Baekhyun က Hyungဆီမှာ ဘာလုပ်တာလဲ?'

"Hyungရဲ့ အတွင်းရေးမွူးသဘောမျိုးလေ ငယ်လေးရဲ့''

'ဟက်.... အထက်တန်းပဲ ပီးသေးတဲ့သူက အတွင်းရေးမွူးတဲ့လား?''

"ငယ်လေး!''

'အာ... ဘာလို့အော်နေတာလဲ Hyungရာ'

"သူငယ်ချင်းတွေမလား? စကားကို ဘယ်လိုပြောနေတာလဲ? ငယ်လေး''

"ရပါတယ် Hyung''

'သူငယ်ချင်း.... ဘာသူငယ်ချင်းမှ မဟုတ်ဘူး...''

"......''

'Byun Baekhyun.....Hyung ဆီမှာ အလုပ်လုပ်နေပီး ဘာလို့ အလုပ်ရှင်က ကားမောင်းနေရတာလဲ?မင်းကကားမောင်းမသင်ထားဘူးလား?''

"မောင်းတတ်ပါတယ်.... Hyung က မမောင်းခိုင်းလို့''

"ငယ်လေး တော်တော့.... ''

'အာ.... မေ့နေတာ... Hyungက သူ့ကားတွေကို တန်ဖိုးအရမ်းထားတာ.... အဲ့တော့ နှမြောလို့ မင်းကို မမောင်းခိုင်းတာနေမယ်..... အဲ့ဒါလည်းကောင်းပါတယ်လေ တစ်ခုခုဖြစ်ရင် မင်းလည်း လျော်နိုင်မှာမဟုတ်ဘူး.... Hyung က Latest Model တွေချည်းစီးတာဆိုတော့'

"Park Sehun တော်တော့!!!''

ပေါင်ပေါ်တင်ထားသော Baekhyun လက်လေးတွေ တင်းခနဲဖြစ်သွားသည်။

'Hyung ဘာလို့လာအော်နေတာလဲ???''

"မင်းပြောတာတွေ လွန်နေပီမို့.....''

'ဘာမှ မလွန်ဘူး...
ဒါနဲ့... ငြိမ်လှချည်လား ဟ....
အရင်က အဲ့လိုမဟုတ်ပါဘူး....
အာ.... Woo Shin မရှိလို့ ပြန်မပြောတာလား? ဒါမှမဟုတ်.... Hyung လက်အောက်က ဝန်ထမ်းဆိုတော့ ငါ့ကိုပြန်မပြောရဲတာလား?''

"Park Sehun တော်တော့ လို့ ငါပြောနေတယ်နော်''

'ဟုတ်ပီ....ဟုတ်ပီ... မပြောတော့ဘူး...  ဟုတ်ပီလား''

Sehun ငြိမ်သွားတော့မှ Chanyeol မသိမသာ Baekhyun ကိုကြည့်မိသည်။
ကားမှန်ဘက် လှည့်နေသည့် မျက်နှာလေးက နီရဲနေသလို.... ပေါင်ပေါ်တင်ထားသည့် လက်ကလေးတွေလည်း တင်းတင်းဆုပ်ထားလေသည်။

Chanyeol ထိုလက်ကလေးကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးချင်နေသော ဆန္ဒတို့ကို ချုပ်ထိန်းထားရသည်။
ဒီအခြေအနေမှာ ပိုဆိုးသွားမည် စိုး၍ဖြစ်သည်။

'Hyung....  Omma က ညစာအတူစားမယ်ပြောထားတယ်နော်'

"အင်း''

Chanyeol ကားကို ရုံးချုပ်ရေှ့ရောက်တော့ ရပ်လိုက်သည်။

"Baek ကိုယ်ရုံးဆင်းချိန် လာခေါ်မယ်''

"နေပါစေ Hyung....  ကောင်းကောင်းသွားပါ Hyung''

ခေါင်းငုံ့နွုတ်ဆက်ကာ ထွက်သွားသည့် နောက်ကျောပြင်လေးကို ကြည့်ကာ Chanyeol နာကျင်နေမိသည်။

ငယ်လေးနဲ့ ဘာတွေဖြစ်ခဲ့သည်မသိပေမယ့် ငယ်လေးရဲ့ စကားတွေကြောင့် Baekhyun ကို အရမ်းအားနာနေမိသည်။

..........

..........

..........

အချိန်ကားညကိုးနာရီ.....

ရုံးဆင်းချိန်ကို အတော်လေးကျော်လွန်နေပေမယ့် Baekhyunကတော့ အိမ်ပြန်မရောက်သေးပေ။

Chanyeolတစ်ယောက် Baekhyunတို့အိမ်ရေှ့ရောက်နေမိတာ အတော်လေးကြာပီဖြစ်သည်။

လမ်းဘေးအပင်ကြီးအောက်မှာ ကားရပ်ကာ Baekhyun ပြန်အလာကို စောင့်နေမိသည်။

ညနေက ရုံးဆင်းရင် အိမ်ပြန်လိုက်ပို့ပေးမယ်ပြောတော့ သူငယ်ချင်းနဲ့ ချိန်ထားသည်လို့ပြောလေသည်။

ဂဏာမငြိမ်သည့် စိတ်တွေကြောင့် Ommaတားနေသည့် ကြားကပင် ရုံးဆင်းချိန်အမှီ ကားကို အမြန်မောင်းကာ ထွက်လာခဲ့သည်။

သို့ပေမယ့်.....
ရုံးရေှ့ရောက်တော့ Chanyeol နောက်ကျသွားသည်။
Baekhyunက ရေှ့ကကောင်လေးကို ခပ်တင်းတင်းဖက်ကာ ဆိုင်ကယ်ပေါ်ပါသွားလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ပီးကတည်းက Chanyeol ရင်တွေပူလာရသည်။

ထိုကတည်းက Baekhyun အိမ်ရေှ့ အရောက်သွားကာ စောင့်နေမိသည်မှာ ခုချိန်ထိဖြစ်သည်။

ခဏအကြာ မီးရောင်စူးစူးနဲ့ ဆိုင်ကယ်တစ်စီးရောက်လာသည်။

ဆိုင်ကယ်ပေါ်ကနေ Baekhyunကို ပွေ့ပီးချပေးကာ ဦးထုတ်ကို သေချာချွတ်နေသော ကောင်လေးကြောင့် Chanyeolရင်ထဲ တင်းခနဲ။

သို့ပေမယ့်....
Baekhyun မျက်နှာလေးပြုံးနေသည်။

ရင်တွေနာရပေမယ့် ကျေနပ်ပါသည်လေ။

ဆိုင်ကယ်နဲ့ပြန်သွားသော သူ့ငယ်ချင်းကို လက်ပြနွုတ်ဆက်နေသော Baekhyunပုံစံက ချစ်ဖို့ကောင်းလွန်းသည်။

"Baekhyun''

Chanyeolခေါ်သံကြား၍ အိမ်ထဲဝင်ဖို့ပြင်နေသော Baekhyunခြေလှမ်းတို့ရပ်တန့်သွားသည်။

"Chanyeol Hyung?''

"ဟုတ်တယ်... ကိုယ်ပါ''

"ဘာကိစ္စရှိလို့လဲ Hyung''

"ကိုယ်တို့ စကားပြောရအောင်''

"မနက်ဖြန်မှ ပြောရအောင်... ခုကျတော်ပင်ပန်းနေလို့''

"ခဏလေးပါ....''

"Sehun ကြောင့်ဆိုရင်တော့ နေပါစေ Hyung... ကျတော်ဘာမှ မဖြစ်ပါဘူး... မနက်ဖြန်မှ တွေ့ပါမယ် Hyung''

"ခဏ... ခဏလေး Baek''

အိမ်ထဲ အတင်းဝင်နေသည့် Baekhyunရဲ့ လက်ကလေးကို ညင်သာစွာဆွဲထားမိသည်။

"Baekhyunကို ကားမမောင်းခိုင်းဘူးဆိုတာက... ကိုယ့်ကားကတန်ဖိုးကြီးလို့လည်းမဟုတ်သလို နှမြောလို့လည်းမဟုတ်ဘူး.... Baek ပင်ပန်းမှာစိုးလို့.....

အလုပ်တွေ လုပ်ရလို့ ပင်ပန်းနေတဲ့ Baek ကို ကိုယ့်အနားမှာ ရှိတဲ့အချိန်တော့ သက်တောင့်သက်သာ နေစေချင်မိတာ ကိုယ့်ရဲ့ဆန္ဒပါ။

ကိုယ့်ကြောင့် နည်းနည်းလေးပဲဖြစ်ဖြစ် Baekကို သက်သာစေချင်လို့....

Sehunပြောသလိုလဲ မဟုတ်ရသလို... ကိုယ့်အပေါ်လည်း တစ်မျိုးထင်နေမှာစိုးလို့''

"မထင်ပါဘူး Hyung....Sehun ပြောသလို ဟုတ်ခဲ့တယ်ဆိုရင်တောင် ဘာမှမဖြစ်ပါဘူး..... သူပြောတာတွေကလည်း အမှန်တွေပဲလေ... ကျတော်လို မောင်းတတ်ခါက လူငယ်တစ်ယောက်ကို စိတ်မချတာ ဖြစ်သင့်တာပဲ.....

နောက်ပီး တစ်ခုခု ချွတ်ချော်သွားရင်.....

Sehunပြောသလို...  ကျတော်လျော်နိုင်မှာ မဟုတ်ဘူးလေ....

Hyung လည်း ဘာမှတွေးမနေပါနဲ့... ကျတော်စိတ်မဆိုးတာမို့.... မိုးချုပ်နေပီ အိမ်ပြန်နားပါတော့ Hyung''

စိတ်မဆိုးဘူးဆိုပေမယ့် မျက်နှာလေးတော့ တင်းနေသေးသည်။
တဖန် အိမ်ထဲအတင်းဝင်ရန် ခြေလှမ်းတွေပြင်နေသည်။

"Baekhyun ''

Chanyeol ခေါ်သံ အပီးမှာ ခြေလှမ်းတွေ ခဏထပ်ရပ်ပေးသော Baekhyun....

"ချစ်တယ်......''

".......''

"ကိုယ်မင်းကို အရမ်းချစ်တယ်.....

အရာရာထက်ပိုပီး.... ကိုယ့်ကိုကိုယ်ထက်ပိုပီး....

မင်းကို အရမ်းချစ်တယ် Baekhyun.....''

.....................................................................

ကဲ.... ဖွင့်ပြောခိုင်းပလိုက်ပီ😌

Continue Reading

You'll Also Like

639K 29K 42
Needs editing [ the destiny series #1] 𝑻𝒉𝒆 𝒇𝒂𝒕𝒆 𝒑𝒖𝒔𝒉𝒆𝒅 𝒕𝒉𝒆𝒎 𝒂𝒑𝒂𝒓𝒕 𝒃𝒖𝒕 𝒅𝒆𝒔𝒕𝒊𝒏𝒚 𝒂𝒈𝒂𝒊𝒏 𝒑𝒖𝒍𝒍𝒆𝒅 𝒕𝒉𝒆𝒎 𝒕𝒐𝒈...
59.1K 3K 52
The Rajputs well known as the most powerful and devil's for the people who tries to messed up with them people got goosebumps just by listening to th...
Alina By ihidethisapp

General Fiction

1.5M 39.8K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
30.3K 129 16
Riley has moved to a new school with one plan. To become popular, due to some unfortunate events and Riley's incompetence, fate may have another stor...