Final Year Dear Bro

By Sar_Ma_Ri

65.9K 2.6K 662

❗Updates every Saturday night ❗ပထမနှစ် ကျောင်းသားလေးတစ်ယောက်နဲ့ နောက်ဆုံးနှစ် အစ်ကိုကြီးတစ်ယောက်... ကျောင်းသွ... More

ဇာတ်ပျိုး-အကြည့်
ဇာတ်နှိုး-ပေတံ
ဇာတ်တက် (၁) - ဒေါက်‌ ဒေါက် ဘယ်သူလဲ
ဇာတ်တက် (၂) - ဂစ်တာ
ဇာတ်တက်(၃)- ခေါက်ဆွဲပြုတ်

ဇာတ်တက် (၄) - ချစ်သမျှကို

3.6K 285 91
By Sar_Ma_Ri

Unicode version available below

"...ေန..ေန...ရိပ္...ငါ..မရေတာ့ဘူး..."

ႏိုင္ေအာင္သြင့္ႏႈတ္ခမ္းမ်ားမွာ ေျခာက္ေနသည္။ နဖူးဆံစတို႔မွာ ေခြၽးစို႔ေနသည္။ မ်က္ႏွာမွာ ေဖ်ာ့ေတာ့ေနသည္။ မ်က္လံုးမ်ားတြင္ အားအင္ကုန္ခန္းျခင္းကို ျမင္ေနရသည္။

"ဘယ္ႏွေခါက္ေတာင္ ႐ွိေနၿပီလဲကြာ။"

_____________________________

အခန္းတစ္ခုလံုး ၿငိမ္သက္လ်က္ ႐ွိသည္။ လင္းသည္ဆိုရံုသာ ထြန္းညႇိထားေသာ လွ်ပ္စစ္မီးအိမ္တို႔က ဤအခန္း၏ ေအးခ်မ္းမႈကို ထိန္းသိမ္းထားဆဲ။ စပီကာမွ ထြက္ေပၚလာေသာ ဆိုင္းသံက နားဝင္ခ်ိဳလွပါဘိ။

"ဝဏၰ၊ မင္း ဒီေန႔ေရာ ဟိုေကာင္ေလးဆီ သြားဦးမွာလား။"

ရာဝဏၰဘက္က ဘာစကားမွ ျပန္မၾကားရ။ သူက မ်က္လံုးမွိတ္လ်က္သာ ဆိုင္းသံကို အာရံုဝင္စားေနသည္။

"ဝဏၰ..."

"႐ွဴး..ဒါ ေျခာက္သြယ္ၫြန္႔တီးလံုးကြ။ စိန္ေဗဒါ့လက္ရာေနာ္။ သိပ္တန္ဖိုးႀကီးတာ။"

ရာဝဏၰသည္ အႏုပညာကို လိုက္စားသည္။ ေခတ္ေပၚဂီတကို တန္ဖိုးထားသလို မဟာဂီတကိုလည္း ျမတ္ႏိုးသည္။ ထို႔ေၾကာင့္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာတကၠသိုလ္မွ ေက်ာင္းသူ ယုယႏြယ္ကို ခ်စ္ခဲ့ျခင္းမွာ ယုတၱိတန္ပါသည္ေလ။ ဆိုင္းသံတိတ္သြားသည္အထိ ေက်ာ္ျပည့္က ရာဝဏၰကို ေငးၾကည့္ေနမိသည္။

"မင္း အခုထိ မေျပာင္းလဲေသးပါလား။"

"ဒီမွာ ေက်ာ္ျပည့္၊ ငါက ငါပဲေလ။ ဘာမွေျပာင္းလဲစရာမွ မလိုတာ။ အရင္ကလည္း ငါပဲ။ အခုလည္း ငါပဲ။ ေနာင္လည္း ငါပဲ ျဖစ္ေနမွာ။ ၿပီးေတာ့ ပိစိကို ဟိုေကာင္ေလး ဟိုေကာင္ေလးလို႔ မေခၚပါနဲ႔။ သူ႔နာမည္ ႏိုင္ေအာင္သြင္။ ငါ ဒီေန႔လည္း သူ႔ဆီ သြားဦးမွာ။ မနက္ျဖန္လည္း သြားဦးမွာ။ သူ႔ကို ေတြ႔ရဖို႔အတြက္ဆိုရင္ ငါ ေန႔တိုင္း ေန႔တိုင္းကို သြားဦးမွာ။"

"ဝ...ဝဏၰ..မင္း...သူ႔ကို..."

"မဟုတ္ဘူး ေက်ာ္ျပည့္။ ငါ ေဂးမဟုတ္ဘူး။ မင္း ငါ့ကို အဲ့လို မၾကည့္ပါနဲ႔။"

ညင္သာစြာ ပ်ံ႕လြင့္ေနေသာ ဆိုင္းသံက ေက်ာ္ျပည့္ဆီသို႔ အတိတ္က ပံုရိပ္တခ်ိဳ႕ကိုပါ ေခၚေဆာင္လာခဲ့ေလသည္။

............................

မွိန္ပ်ပ်စာၾကည့္မီးအိမ္ကေလး၏အကူအညီျဖင့္ ျပကၡဒိန္ကို လွမ္းၾကည့္လိုက္ေတာ့ ေဖေဖာ္ဝါရီလ ၁၂ ရက္၊ ၂၀၁၁ တဲ့။ ဪ ၁၂ ရက္ေန႔ေတာင္ ႐ွိသြားၿပီပဲ။ ဘာလိုလိုနဲ႔ စာေမးပြဲေတာင္ နီးလာၿပီပဲကိုး။

"ငျပည့္"

"ဟင္"

"မင္းကလည္းကြာ စာေတြ ဒီေလာက္ထိ လုပ္ေနမွ ျဖစ္မွာလား။ ဆရာဝန္လုပ္မယ့္ေကာင္လည္း မဟုတ္ဘဲနဲ႔။"

"အဲ့လိုေတာ့လည္း မဟုတ္ဘူးေပါ့ ဝဏၰရာ။ ငါက မင္းလိုမ်ိဳး ဉာဏ္မွမေကာင္းတာ စာမ်ားမ်ားလုပ္မွပဲ ရမွာ။ ၿပီးေတာ့ ဂုဏ္ထူးေလးလည္း ႏွစ္ဘာသာေလာက္ လိုခ်င္ေသးတာေပါ့။"

"ေအးပါကြာ။ ငါက အျပစ္ေျပာတာေတာ့ မဟုတ္ပါဘူး။ မင္းၾကည့္ရတာ ေဘာ္ဒါအခ်ိန္ဇယားအတိုင္းလည္း စာလုပ္တဲ့အျပင္ကို ညဘက္ေတြလည္း မအိပ္ဘဲ စာလုပ္ေနတာ သတိထားမိလို႔။ မင္း အိပ္ေရးဝေအာင္ေတာ့ အိပ္စမ္းပါကြာ။ ႏွစ္စတည္းက စာေသခ်ာလုပ္လာတာပဲကို ငါ့ေကာင္ႀကီးကလည္း။"

ရာဝဏၰက ေက်ာ္ျပည့္ေခါင္းကို ပုတ္ရင္း ေျပာေနသည္။ ျဖစ္ႏိုင္ရင္ ဒီအခ်ိန္ကေလးကို ရပ္တန္႔ထားခ်င္မိသည္။ ဒါမွမဟုတ္ ဒီအခ်ိန္ကေလးပဲ တဝဲလည္လည္ျဖစ္ေနသလိုမ်ိဳး မန္းမႈတ္ထားခ်င္မိသည္။ ဝဏၰ၊ မင္း ငါ့ရဲ႕ ခ်ဳပ္တည္းႏိုင္စြမ္းကို စမ္းသပ္ေနတာလားကြာ။

"အင္းအင္း ဒါဆိုလည္း ဒီတစ္မ်က္ႏွာတြက္ၿပီးရင္ အိပ္မယ္။"

"တစ္မ်က္ႏွာေတာင္လား။ လုပ္ပါကြာ။ ငါ မင္းအိပ္မွ အိပ္မယ္လို႔ ဆံုးျဖတ္ထားတာ။ မရဘူး တစ္ပုဒ္ပဲ တြက္လိုက္ေတာ့ ေနာ္။ နာရီကိုလည္း ၾကည့္ဦးေလ ၁ နာရီ ထိုးေနၿပီ။ ေနာ္ ငျပည့္ ေနာ္။"

ကြၽန္ေတာ္ သိပ္ခ်စ္ရသည့္ ေယာက္်ားတစ္ေယာက္က လက္ေမာင္းကို ကိုင္လႈပ္ရင္း မ်က္ႏွာငယ္ကေလးႏွင့္ ေတာင္းဆိုလာျခင္းကို ကြၽန္ေတာ္ ျငင္းဆန္ႏိုင္မည္ဟု ထင္ပါသလား။ သူသာ ကြၽန္ေတာ္ရဲ႕ အရာရာ ျဖစ္မေနခဲ့ဘူးဆိုရင္ေတာ့ ျငင္းဆန္ၿပီး စာဆက္လုပ္ျဖစ္ခဲ့မွာပါ။

ကြၽန္ေတာ္တို႔ႏွစ္ေယာက္က သုဝဏၰဘက္က ေဘာ္ဒါတစ္ခုမွာ တူတူတက္ခဲ့ၾကသည္။ သူနဲ႔က ကုတင္ေဘးခ်င္းကပ္လ်က္ဆိုေပမယ့္ သူ႔ကုတင္မွာပဲ ႏွစ္ေယာက္တူတူအိပ္ျဖစ္တာ ကိုးတန္းႏွစ္ကတည္းကဆိုပါေတာ့။ ယုယႏြယ္ကိုလည္း အဲ့ဒီမွာကတည္းက စၿပီး သိခဲ့ၾကတာပဲ။ ေယာက္်ားေလးနဲ႔ မိန္းကေလး အေဆာင္ခ်င္း အေဝးႀကီး ခြဲထားတာေတာင္ ရာဝဏၰက ယုယႏြယ္ကို အရမ္းေတြ ေႂကြခဲ့တာေပါ့။ တစ္ယုတည္း ယုၿပီး တစ္ယတည္း ယေနေသာပါပဲ။ ညဘက္ေတြဆို တစ္ခါတစ္ခါ ေယာင္ရင္ေတာင္ ယုယႏြယ္ဆိုတဲ့ နာမည္ကိုသာ ဗလံုးပေထြးနဲ႔ ေျပာတတ္ေလရဲ႕။

"ယု.."

ရာဝဏၰႏွင့္ ေက်ာ္ျပည့္ ကိုယ္တစ္ျခမ္းေစာင္းၿပီး အိပ္ေနၾကရာ တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္အေနအထားမ်ိဳး ျဖစ္ေနေတာ့သည္။ ရာဝဏၰဆီက အသံၾကားေတာ့ ၾကည့္လိုက္သည့္အခါ သူ႔ႏႈတ္ခမ္းမ်ားက အေပၚေအာက္ ပြတ္တိုက္ေနၾကသည္။ အိပ္မက္ထဲမွာ ယုယကို နမ္းေနသည္ ထင္သည္။ ေက်ာ္ျပည့္ ႏွလံုးခုန္ျမန္လာသည္။ ဒီ့အတြက္ သူဟာ အခြင့္အေရးသမား ျဖစ္သြားမွာလား။ အို ဘာမွစဥ္းစားမေနႏိုင္ေတာ့။ ေက်ာ္ျပည့္၏ႏႈတ္ခမ္းတို႔က ရာဝဏၰ၏ႏႈတ္ခမ္းတို႔နင့္ အလိုက္သင့္စီးေမ်ာေနေသာ အခိုက္အတန္႔ေလးသည္ ကိုယ္ခ်စ္ရသူဆီက အနမ္းဦးကို သူမသိေအာင္ ယူခဲ့မိျခင္းမဟုတ္၊ ထုတ္ေဖာ္ခြင့္မ႐ွိေသာ ႏွလံုးသားအစီရင္ခံစာကို တံဆိပ္႐ိုက္ၿပီး ခ်ိတ္ပိတ္ထားခဲ့လိုက္ျခင္းသာ ျဖစ္ပါသည္။

_________________________________________

ေတာင္းပန္ပါတယ္ ဝဏၰရယ္၊ ငါ...ငါ့အနမ္းေတြမွာ ငါ့မ်က္ရည္ေတြ ပါသြားခဲ့တယ္ကြာ။

_________________________________________

"ပိစိ...ပိစိ"

"ကိုရာ"

"ဘယ္လိုျဖစ္တာလဲ။"

"မနက္အေစာျကီးကတည္းက ဝမ္းသြားေနတာ။ အခုေတာ့ ရပ္သြားပါၿပီ။ ေနရိပ္႐ွိေနလို႔ေပါ့။ သူပဲ မိုးမလင္းခင္ကတည္းက အိမ္သာနဲ႔ အိပ္ရာနဲ႔ကို အပို႔အႀကိဳလုပ္ေပးေနတာ။ ဘယ္ႏွေခါက္႐ွိၿပီလဲေတာင္ သူက ျပန္ေမးယူရတယ္။ "

အိပ္ရာေပၚမွာ လဲွရင္း ထိုကေလးက ႐ႈံ႕မဲ့မဲ့မ်က္ႏွာေပးျဖင့္ ျပန္ေျဖ႐ွာသည္။ သနားဖို႔လည္း ေကာင္းေနသလို တစ္ၿပိဳက္နက္တည္းမွာပင္ ခ်စ္ဖို႔လည္း ေကာင္းေနျပန္သည္။

"ဓာတ္ဆားရည္ေရာ..."

"ေသာက္ပါတယ္။ ဒါနဲ႔ဆို သံုးဘူးေျမာက္႐ွိသြားၿပီ။ မေန႔က ေခါက္ဆြဲစားေတာ့ အစပ္ေတြ အရမ္းမ်ားသြားလို႔ ေနမွာ။ ပန္းကမ႓ာေလးထဲကို ေရာက္သြားေရာ။ ဟားဟား။"

"ရယ္ေနႏိုင္ေသးတယ္၊ ဟုတ္လား။"

တတိယအႀကိမ္ျဖစ္သြားၿပီ။ ကိုရာက ကြၽန္ေတာ့္ဆံပင္ေတြကို ထိုးဖြသြားျပန္သည္။ တစ္ခါသတ္လည္း ေသတာကို သိရက္နဲ႔ အႀကိမ္ႀကိမ္အခါခါ သတ္ေနေတာ့မွာလား ကိုရာ။ ကြၽန္ေတာ္က ကိုရာနဲ႔ ယွဥ္ရင္ ကေလးသာသာပဲ ႐ွိပါေသးတယ္။ ကေလးတစ္ေယာက္ရဲ႕ႏွလံုးသားကိုေတာ့ မကစားဘူးမလားဟင္။ ဒီကေလးက ရင္ဘတ္ႀကီးလည္း ကြဲထြက္ေတာ့မယ္ဗ်ာ။

"ငါတို႔က ဘာလုပ္ရမွာလဲ။"

ရာဝဏၰႏွင့္အတူပါလာေသာ ေက်ာ္ျပည့္က ေနရိပ္နားကို ကပ္ၿပီး တိုးတိုးေလး ေမးလိုက္သည္။ ေနရိပ္မ်က္ႏွာက မေကာင္း။ ရာဝဏၰထက္အရင္ ႏိုင္ေအာင္သြင့္ဘဝထဲ ေရာက္လာခဲ့သူက ေနရိပ္ပါ။ ရာဝဏၰႏွင့္ ပိုၿပီးရင္းႏွီးေနသလိုပံုစံမ်ိဳးက ေနရိပ္ရင္ကို ဓားႏွင့္မႊန္းသလိုပင္။

"ခဏေလး။ ပိစိတို႔ဧည့္ခန္းထဲမွာ ေစာင္းတစ္လက္တင္ထားတာ ေတြ႔မိသလားလို႔။"

"အင္း ဟုတ္တယ္ေလ။ ကိုရာက ဘာလုပ္မလို႔လဲ။"

"တီးလို႔ရတယ္မလား။ အလွျပရံုသက္သက္မဟုတ္ဘူးမလား။"

"အဲ့ဒါေတာ့ မသိဘူး။ အိမ္မွာ အဲ့ဒါႀကီးကို တီးတတ္တဲ့လူလည္း တစ္ေယာက္မွ မ႐ွိဘူးေလ။"

ရာဝဏၰက အိမ္ေ႐ွ႕ကို ေျပးထြက္သြားသည္။ ကုတင္ေဘးမွ ခံုေပၚတြင္ ထိုင္ေနေသာ ေနရိပ္ႏွင့္ ေက်ာ္ျပည့္မွာေတာ့ ဘာကိုမွ် နားမလည္လိုက္သလိုမ်ိဳး ေၾကာင္အမ္းအမ္းႏွင့္သာ။ ရာဝဏၰက ေစာင္းကို ပိုက္ကာ ျပန္ဝင္လာသည္။ မဟာဂီတကို အထင္ေသးဟန္႐ွိေသာ ေနရိပ္က အိပ္ခန္းအျပင္သို႔ ထြက္သြားသည္။ ေက်ာ္ျပည့္ကလည္း ေနာက္မွ လိုက္သြားေလသည္။

"ကိုရာ...အဲ့ဒါ ဂစ္တာမဟုတ္ဘူးေနာ္။ တီးေရာ တီးတတ္လို႔လား။"

"ကို သိပါတယ္ကြာ။"

ေစာင္းကို ေသခ်ာက်နစြာ ပိုက္ထားပံုက ကိုရာ့ကို ပိုၿပီး ဆြဲေဆာင္မႈ ႐ွိေစသလား။ ကြၽန္ေတာ္ သိပ္ကို သေဘာက်မိပါေသာ ကိုရာ့လက္ေခ်ာင္းေလးေတြက ေစာင္းႀကိဳးမ်ားအၾကား ေျပးလႊားေနၾကသည္။ ေစာင္းသံလြင္လြင္ကို ၾကားေနရျခင္းမွာ အိပ္မက္အလား ထင္မွတ္စရာ။

××××××××××××××

"ခ်စ္သမွ်ကို ျမင္းမိုရ္ေ႐ႊေတာင္လံုးသာပေလ
ေလးဆူဒီပါ သီတာေရေျမ ဆံုးေစေတာ့ေလး
အို ဘယ္မမုန္းပါေတာ့ႏိုင္ ကပ္လံုးဆံုးတိုင္တိုင္

႐ံုးညႇာပိုင္ အုန္းလႈိင္သဉၨာေႂကြ႕မွာလွေလ
ႀကိဳးမည့္ေနာင္ခါ ကမၻာေျမငယ္ ေျမ့ေစေတာ့ေလ

မွန္သေ႐ြ႕ကိုလ ဖန္ေစ့ငယ္ေရေရ
ကိုးဂုဏ္႐ွင့္ ဂူေတာ္ေမြ တူမေသြပါေစ ္မယ္ႏွင့္သား
လွစ္က်ဴးႁမြက္ၾကား ဝွက္မထား ျမတ္႐ွင္ပင္ တန္ခိုးအား
မျခားသိေစေၾကာင္း ပန္ထြာတည့္ ခဝပ္ေညာင္း။

တူျပိဳင္ ဂူလႈိဏ္ စကားသစၥာတိုင္
သံသာေလ ကမ္းတိုင္ တူၿပိဳင္ေလ ကူးမယ္
ဆုထူးငယ္ ပန္႐ြယ္သြန္း
ခ်စ္လို႔ငယ္မကုန္ ဝသုန္ဤေျမ သိၾကားေစသက္ေသၫႊန္း

ပ်ံ႕မႊန္းေမႊးလႈိင္ က်ဴေလတည့္မွ
သံုးလူထြတ္မွန္ကူ မတူေလ ၿပိဳင္ႏႈန္းကင္း
ေျခာက္ျဖာစံု ေရာင္မ်ိဳးငယ္လင္း။

ခ်စ္ျခင္းငယ္ၿပိဳင္ ျမစ္မင္းပိုင္ အဏၰဝါက ျပန္မသာကဲ
ယြန္းေစဝသုန္ ေငြဝန္းေသာ္တာယုန္သို႔
ကမၻာကုန္က်ယ္သေ႐ြ႕ ငယ့္ကို ဘယ္ေမ့လိမ့္မလဲ။

×××××××××××××××

သီခ်င္းသံက ဆံုးသြားသည္။ သို႔ေသာ္ နားထဲတြင္ေတာ့ စြဲက်န္ေနခဲ့ဆဲ ျဖစ္သည္။

"ဒါ ဘာသီခ်င္းလဲ ကိုရာ။"

"ခ်စ္သမွ်ကိုတဲ့။"

"အဲ့ဒါ ဘယ္သူ႔သီခ်င္းလဲဟင္။ တစ္ခါမွလည္း မၾကားဖူးဘူး။"

"ဘယ္ၾကားဖူးမလဲကြ။ ဒီသီခ်င္းက ဟိုးေ႐ွးေခတ္တုန္းက သီခ်င္းႀကီးကို။ ဒါ သာယာဝတီမင္းရဲ႕ မိဖုရား အေနာက္နန္းမေတာ္မျမေလး ေရးခဲ့တာေပါ့။"

"ဝိုး ေတာ္လိုက္တာ။ အဲ့မိဖုရားက သီခ်င္းလည္း ေရးတတ္တာပဲေနာ္။"

"ဒီသီခ်င္းကို သူဘယ္မွာ ေရးတယ္ထင္လို္႔လဲ။ ေထာင္ထဲမွာ ေရးခဲ့တာေနာ္ ပိစိ။"

"ဗုေဒၶါ၊ မိဖုရားက ဘယ္လိုလုပ္ၿပီး ေထာင္ထဲေရာက္ရတာတံုး။"

"ဒါေတာ့ ကိုလည္း ေသခ်ာမသိဘူးကြ။ မင္းတရားႀကီးက အမ်က္ေတာ္႐ွလို႔ ေၾကးတိုက္ထဲဝင္ရတာပဲ။ အခုေခတ္လိုဆို ေဂ်းထဲ ေအာင္းရတာေပါ့။ ဒါေတာင္ မင္းႀကီးက မိဖုရားေခါင္ႀကီးမဟုတ္တဲ့ နန္းမေတာ္မျမေလးကို အခ်စ္ဆံုးတဲ့ေနာ္။ မ်က္ႏွာသာလည္း အေပးဆံုးပဲ။ နန္းမေတာ္က ဒီသီခ်င္းကို စပ္ဆိုလိုက္ေတာ့မွ မင္းႀကီးက အမ်က္ေျပၿပီး ျပန္ေခၚတာတဲ့ဗ်ာ။"

"မင္းႀကီးကလည္း ဆိုးလိုက္တာ။ ခ်စ္ေတာ့လည္း သူပဲ။ မုန္းေတာ့လည္း သူပဲ။"

"ကို႔အထင္ အခ်စ္ႀကီးလို႔ အမ်က္ႀကီးသြားတာ ေနမွာပါ။"

"အင္းေနာ္၊ အဲ့လိုလည္း ျဖစ္ႏိုင္တာပဲ။ သိပ္ေတာ့နားမလည္ဘူးဆိုေပမယ့္ေလ ေနာက္ဆံုးစာသားေလးကိုေတာ့ အရမ္းသေဘာက်တယ္ သိလား။ ဘာတဲ့..."

ကုိရာ့မ်က္ႏွာမွာ အၾကင္နာဓာတ္တို႔ ဆင္ျမန္းထားသည္။ အၾကည့္တို႔ကား ေမတၱာဘြဲ႔ကို သီက်ဴးေနဟန္ ႐ွိသည္။ ကိုရာ့လက္တို႔က ကြၽန္ေတာ့္လက္တို႔ကို ဆုပ္ကိုင္ထားျပန္သည္။


"ကမ႓ာကုန္က်ယ္သေရြ႕ ငယ့္ကို ဘယ္ေမ့လိမ့္မလဲ။"

တစ္လံုးခ်င္းစီ ထြက္က်လာေသာ စကားလံုးတို႔က ကြၽန္ေတာ့္ရင္ကို တသိမ့္သိမ့္တုန္ေစသည္။

"ပိစိ..."

"ဗ်ာ"

ကိုရာ ဘာေျပာမွာလဲဆိုတာကိုသာ ေတြးရင္း ရင္ခုန္ႏႈန္းတို႔က မာရသြန္ခ်န္ပီယံ ျဖစ္ေနၿပီ။

_________________________________________

"ခင္ဗ်ားမွာ ကား႐ွိတာလား။ ဝိုး မိုက္တယ္။"

"အဲ့ဒါ ဝဏၰကား။"

"ဪ"

ေနရိပ္တစ္ေယာက္ သက္ျပင္းေလးခ်ကာ မႈိင္သြားသည္။ ႏိုင္ေအာင္သြင္ႏွင့္ ရာဝဏၰတို႔က သီခ်င္းတေအးေအး၊ ေလေပးတေျဖာင့္ေျဖာင့္ ျဖစ္ေနလို႔ ပ်င္းလာသျဖင့္ အျပင္သြားမည္ဟု ဆြဲေဆာင္လာေသာ ေက်ာ္ျပည့္နွင့္အတူ ထြက္လာခဲ့မိရာ အိမ္ေအာက္က ကားသည္ ေနရိပ္စီးဖို႔အတြက္ မဟုတ္ခဲ့ပါလား။ ဟိုလူႀကီးကားကို။ ကိုရာဝဏၰ...ကိုရာဝဏၰ။

"မင္းကလည္းကြာ YBS ေခတ္ႀကီးမွာကို။ လာစမ္းပါ။ ကို ဘတ္စ္ကားစီးကြၽမ္းပါတယ္။"

ေက်ာ္ျပည့္က မ်က္လံုးတစ္ဖက္မွိတ္ျပၿပီးေတာ့ေတာင္ သူ႔ကိုယ္သူ ဂုဏ္ေဖာ္ေန႐ွာသည္။ ကဲပါေလ၊ အိမ္လည္း မျပန္ခ်င္၊ ဟိုေကာင့္အိမ္မွာဆိုလည္း စိတ္႐ႈပ္ရမွာဆိုေတာ့ လိုက္သြားတာပဲ ေကာင္းပါတယ္။

"တာေမြ ocean ကိုေတာ့ ေရာက္ၿပီ။ ဘာလုပ္ၾကမွာတံုး။ ကြၽန္ေတာ္က အစားတစ္လိုင္းေနာ္။ ဘာစားရမလဲဆိုတာပဲ သိခ်င္တယ္။"

"ဆာ...ဘူ...႐ွီ"

ဘူေဖးပန္းကန္ေလးမ်ားက ကြၽန္ေတာ့္မ်က္စိေ႐ွ႕မွာတင္ ေရြ႕လ်ားသြားလာေနၾကသည္။ တုန္ယမ္းအရသာဟင္းရည္ကလည္း အိုးထဲမွာ ပြက္ပြက္ဆူလို႔။ အရြက္စိမ္းမ်ား အကုန္ထည့္သည္။ ပင္လယ္စာ အစံုထည့္သည္။ အသားလႊာ မ်ိဳးစံုထည့္သည္။ အသားလံုး၊ အသားေခ်ာင္း အမ်ိဳးမ်ိဳးထည့္သည္။ ခဏခ်င္းပင္ ဘူေဖးပန္ကန္ေပါင္းအထပ္လိုက္ျဖစ္သြားသည္။

"စားလွခ်ည္လားကြ။"

"စကားမေျပာနဲ႔။ အခ်ိန္ျပည့္သြားရင္ မစားလိုက္ရဘူးဆိုၿပီး ျပန္ႏွေျမာေနရမယ္။ အခ်ိန္႐ွိတုန္း စားထား။"

"ေဟ့ေကာင္ ႏြားေပါက္ရ၊ အခ်ိန္က တစ္နာရီေလာက္ က်န္ပါေသးတယ္ဟ။"

"အခ်ိန္မရဘူး။ ဟိုဘက္က ဆူ႐ွီေတြလည္း ကုန္ေအာင္ စားရဦးမွာ။"

ငင့္...ဒီဆိုင္မွာ ႐ွိသမွ် ဆူ႐ွီအကုန္ စားဦးမလို႔လား။ သူ႔ေ႐ွ႕က ေဟာ့ေပါ့အိုးႀကီးကလည္း ကုန္မလိုလိုႏွင့္ ကုန္ကို မကုန္ႏိုင္ေသး။

"ခင္ဗ်ား...ခင္ဗ်ား စားတာနည္းတယ္ေနာ္။ အားရင္ ေနာက္ဘက္က Green Tea ေလးတစ္ခြက္ေလာက္ သြားယူေပးပါလား၊ ဟီးဟီး"

ဂါး၊ အလြန္အင္မတန္ စားႏိုင္ေသာက္ႏိုင္ေသာပါပဲ။

"ေရာ့ ဒီမွာ၊ ေျဖးေျဖးလည္း စားဦး။ နင္ေနဦးမယ္။"

"ဂြပ္ ဂြပ္ ဂြပ္ ဂြပ္"

ေက်ာ္ျပည့္ မ်က္လံုးျပဴးသြားသည္။ တစ္ခြက္လံုးကို တစ္ထိုင္တည္း ေမာ့ခ်သြားသည့္ ဒီကေလး လူေရာ ဟုတ္ေသးရဲ႕လား။ ၿပိတၱာကပဲ လူေယာင္ေဆာင္ထားတာမ်ားလား။

"ဟိုေလ အပ္မိႈ၊ အပ္မိႈေလး ထပ္ထည့္ေပးပါဦး။ ဒီထဲမွာ အပ္မႈိပန္းကန္ မေတြ႔ေတာ့ဘူး။ ထိုင္ဝမ္မုန္ညင္းေရာပဲ။ ေနာ္။"

ဘူေဖးပန္းကန္ျပင္ေပးရေသာ သူမွာလည္း သူ႔တစ္ေယာက္တည္းေၾကာင့္ လက္ေတာင္မလည္႐ွာပါ။ ဆိုင္ဝန္ထမ္းမ်ားကလည္း မ်က္ေစာင္းတထိုးထိုး ျဖစ္ေနၾကၿပီ။ တျခားဝိုင္းမ်ားကလည္း သူ႔ကိုပဲ ကြက္ၾကည့္ကြက္ၾကည့္ႏွင့္ ထူးဆန္းေထြလာကို ျဖစ္လို႔။

"အစ္မေရ၊ ဟင္းရည္ေလး ျဖည့္ေပးပါဦး။"

"ခင္ဗ်ား၊ သံပုရာရည္ေလး သြားယူေပးပါလား။"

"ခင္ဗ်ားခဏဖယ္ဦး။ ငါးအသားစိမ္းေလး သြားယူဦးမယ္။"

သူတစ္ေယာက္တည္း တရစပ္လႈပ္႐ွားေနသည္မွာ ပေရာ္ဖက္႐ွင္နယ္က်လြန္းလွသည္။ ဟင္းရည္ကို အရသာတစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းသည္မွာလည္း အင္မတန္ လက္ရာေျမာက္လွသည္။ အမွန္မွာ ခ်ီးက်ဴးျခင္းမဟုတ္။ ရြဲ႕ေနျခင္းသာတည္း။

"လူႀကီးမင္းတို႔ အခ်ိန္ျပည့္သြားပါၿပီ႐ွင့္။"

"ဟုတ္...ဟုတ္ကဲ့။ ဟိုေကာင္..."

ေနာက္ျပန္လွည့္ၾကည့္လိုက္ရာ အိုးထဲတြင္လည္း တစ္စမွ် မက်န္ေတာ့။ ယူထားသမွ်လည္း ေျပာင္သလင္းခါလို႔။ အတင္းပိတ္ထားေသာ ပါးစပ္ထဲမွာကား ပလုတ္ပေလာင္း။ မကုန္ဘဲ ပိုေနလွ်င္ အစားအစာေလလြင့္မႈ ျဖစ္ေစ၍ ဒဏ္ေၾကးထပ္ေဆာင္ေနရဦးမည္။ မဆိုးဘူး၊ ဒီေကာင္ ေတာ္သားပဲ။

"ဗိုက္ကေလးေတာ့ ကားသြားၿပီ။ ခု နည္းနည္းေတာင္ အိပ္ခ်င္လာသလိုပဲ။"

"ႏိုးႏိုး၊ အိပ္လို႔မရဘူးေလ။ မင္း ဒီေလာက္ေတာင္ စားထားတာ လႈပ္လႈပ္႐ွား႐ွား အားကစားေတာ့ လုပ္ရမွာေပါ့။"

"ဘာကို အားကစား..."

ဪ...ဒါ အားကစားပဲ။ တစ္ကုိယ္လံုး ဘယ္ယိမ္း၊ ညာယိမ္းႏွင့္။ ကိုယ့္ဟန္ခ်က္လည္း ကိုယ္ျပန္ထိန္းေနရသည္။ အေပၚမွတန္းကို ကိုင္ထားရသည္မွာ လက္ေမာင္းေတြေတာင္ နာသည္။

"ဘတ္စ္ကားက ထင္တာထက္ေတာင္ က်ပ္ေနတာပဲ။"

"အဲ့ဒါ ခင္ဗ်ားေၾကာင့္"

"ဘာကြ။"

"ဟုတ္တယ္ေလ။ ခင္ဗ်ားမွာ ကားမ႐ွိလို႔ အခုလို ကြၽန္ေတာ္ က်ပ္ညပ္ၿပီး ဒုကၡေတြ ခံစားေနရတာ။ ဟိုဘဒိုမွာေတာင္ ႐ွိတဲ့ဟာကို။"

"ငါ မ႐ွိဘူး ေျပာမိလို႔လား။ ယူမလာမိတာပါကြာ။"

"ေတာ္ပါဗ်ာ။ ခင္ဗ်ားက အစာဝေအာင္ ေကြၽး၊ အခု ညႇင္းၿပီးေတာ့ သတ္၊ လူကို အသားတိုးဝက္မ်ား မွတ္ေနတာလားပဲ။"

"ဟားဟား၊ ေျပာလည္း ေျပာတတ္တဲ့ေကာင္။"

"ဟာ...ျမန္မာပလာဇာ"

"အင္း ဟုတ္တယ္။ အားကစားလုပ္ရမယ္ေလကြာ။"

ေ႐ွ႕တြင္ ျမင္ေနရေသာ ျမင္ကြင္းသည္ ေၾကးအိုးပန္းကန္ႀကီး မဟုတ္။ ၾကက္ေၾကာ္ျခင္းႀကီးလည္း မဟုတ္။ ေရခဲျပင္စကိတ္ကြင္းႀကီးသာ။ မစီးတတ္တာနဲ႔ ေခ်ာ္လဲေနတာနဲ႔ေတာ့ ေျခာက္ခ်က္က ကြဲေတာ့မွာပါပဲ။

"ခင္ဗ်ား စီးမလို႔လား။"

"မဟုတ္တို႔ ကိုတို႔ႏွစ္ေယာက္လံုး စီးမွာ။"

ဝက္သယ္...

"...Just gonna stand there and watch me burn but..."

ေက်ာ္ျပည့္ဖုန္းက ျမည္လာသည္။

"ဟယ္လို"

"......"

"ငါတို႔ ေျပာစရာစကား႐ွိေသးလို႔လား။"

"....."

"အင္း...အင္းပါ။ ငါ ဝဏၰကို ေျပာလိုက္မယ္။"

"...."

ေနရိပ္တစ္ေယာက္ ဖုန္းနံပါတ္ကို မသိမသာ လွမ္းၾကည့္လိုက္ေတာ့ "Yu Ya Nwe" ဟု မွတ္ထားသည္ကို ေတြ႔ရသည္။

"ကိုတို႔ ျပန္ရေအာင္ ညီ။ ကိစၥတစ္ခုေပၚလာလို႔။"

ယုယႏြယ္...ဒီနာမည္ကို ၾကားဖူးေနသလိုပဲ။ ဘယ္မွာ ၾကားဖူးတာပါလိမ့္။ ရင္းရင္းႏွီးႏွိးကို သိေနသည္။ ဟင္...တီခ်ယ္ယုမ်ားလား။

___________________________

ဂႏၴဝင္ေတးျပဳစာဆိုႀကီး ဘီသိုဗင္(Beethoven)"ဧလိစ,အတြက္(Fur Elise)" ေတးသြားသည္ ေကာ္ဖီဆိုင္ထဲအႏွံ႔ ခုန္ေပါက္ေျပးလႊားေနေလရဲ႕။ ကုလားထိုင္မ်ားေအာက္မွလည္း ျဖတ္သြားသည္။ စားပြဲမ်ားေပၚမွာလည္း ကြၽမ္းထိုးသြားသည္။ ေကာ္ဖီေငြ႔မ်ားႏွင့္လည္း စိန္ေျပးတမ္းကစားသြားသည္။ ၎ေတးသြားသည္ ေကာ္ဖီနံ႕ႏွင့္အၿပိဳင္ ဆိုင္ျပင္သို႔ေရာက္သည္အထိ သင္းေနေတာ့၏။

"ဘာေသာက္မလဲ။ မိုခါးပဲလား၊ အစ္ကို။"

"ငါ ဒီကို ေကာ္ဖီေသာက္ဖို႔လာတာမဟုတ္ဘူး။ ေျပာစရာ႐ွိတယ္ဆိုတာကိုသာ ေျပာစမ္းပါ ယုယႏြယ္ရာ၊ အပိုေတြ လုပ္မေနစမ္းပါနဲ႔။"

"ဟုတ္တယ္...အပိုေတြပဲ။ ဒါေပမယ့္ ယုဘက္က မလုပ္ရပါဘဲနဲ႔ ျဖစ္သြားခဲ့ရတဲ့ အပိုေတြ။"

ေျပာေနရင္းႏွင့္ ယုယမ်က္လံုးမ်ားမွာ မ်က္ရည္လည္လာသည္။ သစၥာေဖာက္တစ္ေယာက္ရဲ႕ မ်က္ရည္က ေဆးဖက္ဝင္ႏိုင္ေလာက္လား။ သူဟာ ႐ွားပါးေဆးျမစ္ဆိုရင္ေတာင္ ကြၽန္ေတာ့္အတြက္ေတာ့ ျမက္တစ္ပင္ေလာက္ကို တန္ဖိုးမ႐ွိဘူး။

"ဒီမွာ အစ္ကို၊ ယု အစ္ကို႔ကို ခ်စ္တယ္လို႔ ဘယ္ႏွခါေျပာခဲ့ဖူးလဲ။"

ယုယႏြယ္မ်က္လံုးတို႔က အၾကည့္ဒဏ္ကို ရာဝဏၰတစ္ေယာက္ ေ႐ွာင္လႊဲလို႔ လြတ္ႏိုင္ပါ့မလား။ ဒီေမးခြန္းမွာ အေျဖ႐ွိသည္။ အေမးခံရသူကလည္း အေျဖကို သိသည္။ သို႔ေသာ္ မေျဖႏိုင္ေလာက္သည့္ ေမးခြန္းမ်ိဳးျဖစ္သည္။

"ေျဖပါ အစ္ကုိ။ ယုဖက္က မတရားဘူးပဲ အစ္ကိုျမင္ေနတာပါ။ ေသခ်ာ ျပန္စဥ္းစားၾကည့္ပါ။ ယု အစ္ကို႔ကို ဘယ္ႏွခါမ်ား ခ်စ္တယ္ ေျပာခဲ့ဖူးလဲဆိုတာ။"

လြန္ခဲ့ေသာ မိနစ္ပိုင္းေလာက္က စစ္ႏိုင္သူရဲေကာင္းႀကီးမွာ အခုေတာ့ ရန္သူ႔သံု႔ပန္းျဖစ္ေတာ့မွာလား။ ရာဝဏၰ တုပ္တုပ္မွ် မလႈပ္ႏိုင္ေတာ့။ ေခြၽးသီးေခြၽးစက္တို႔က နဖူးထက္မွာ ေနရာအျပည့္ယူလာသည္။

"ယု အစ္ကို႔ကို လက္ခံေပးခဲ့တဲ့အခ်ိန္ကေနစၿပီး အစ္ကို ယုကို လြတ္လပ္ခြင့္ေပးခဲ့တဲ့အခ်ိန္ထိ၊ အဲ့ဒီအခ်ိန္ကာလတစ္ခုလံုးစာအတြက္ ျပန္စဥ္းစားၾကည့္ပါ။ ၿပီးရင္ေတာ့ ယုဟာ အစ္ကိုထင္ေနသလိုမ်ိဳး ေအာက္တန္းမက်ဘူးဆိုတာ သိလာ၊ ျမင္လာမွာပါ၊ အစ္ကို။"

ေနာက္ဆံုးအခ်ိန္ထိေတာင္ စေတြ႔စဥ္တုန္းကအတိုင္း "အစ္ကို"လို႔ တေလးတစား ေခၚေနဆဲပါလား၊ ယုယႏြယ္။ သူက ထိုင္ခံုမွ ထ၊ ဆိုင္ျပင္သို္႔ထြက္၊ တကၠစီတစ္စီး ငွါးၿပီး ျပန္သြားၿပီျဖစ္ေသာ္လည္း ရာဝဏၰကေတာ့ ေအးစက္ေနေသာ ေကာ္ဖီတစ္ခြက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ က်န္ေနခဲ့သည္။ ေယာက္်ားရင့္မာႀကီးပင္ ျဖစ္ေသာ္ျငားလည္း ခံစားခ်က္တို႔၏ တြန္းတိုက္မႈေၾကာင့္ မ်က္ရည္ဆည္သည္ တာက်ိဳးသြားခဲ့ေလသည္။ မ်က္ရည္သည္ကား တစ္စက္တည္း အက်ည္းတန္၊ အထီးက်န္စြာ။ ပါးျပင္ေပၚသို႔ ေကာက္ေကြ႔ျခင္းအလ်င္းမ႐ွိ တတန္းတည္း၊ တေျဖာင့္တည္း၊ ေပါက္ခနဲ စီးက်လာသည္။

_________________________________________

ဒီလူသား ေယာက္်ားဆိုေပမယ့္ ဒဏ္ရာကို မ်က္ရည္နဲ႔ ကုခြင့္ေတာ့ ႐ွိသင့္တယ္မလား၊ ဒီရင္ကြဲနာဒဏ္ရာကိုေလ...
_________________________________________

စာၾကည့္စားပြဲေပၚမွာ တင္ထားေသာ ေစာင္းေကာက္ႀကီးကို ေစာင္းၾကည့္လိုက္၊ ေစြၾကည့္လိုက္ႏွင့္ အိပ္တဲ့ဆီကို မေရာက္ႏိုင္ေသး။ အေတြးမ်ားက ေဆာ့ကစားေနေသးသည္။ ေန႔ခင္းက ကိုရာ မျပန္ခင္ကာလေလးကို ျပန္ျမင္ေယာင္လာသည္။

..............................

"ကမ႓ာကုန္က်ယ္သေရြ႕ ငယ့္ကို ဘယ္ေမ့လိမ့္မလဲ။"

ငယ္ဆိုတာ ကြၽန္ေတာ္ပဲ ျဖစ္လိုက္ခ်င္သည္။ ကိုရာ ကြၽန္ေတာ့္ကို မေမ့သြားေစခ်င္ဘူး ကမ႓ာကုန္က်ယ္သေရြ႕ေပါ့။

"ပိစိ..."

"ဗ်ာ..."

"ကိုေလ..."

"...."

"ကိုေလ...ပိစိကို..."

____________________

တစ္ခါ အဲ့ခ်စ္သမွ်ကို ကို နားေထာင္ၾကည့္ခ်င္ရင္ ေတာ့ Youtube link ေလး ေပးလိုက္ပါ့မယ္။

UNICODE

"...နေ..နေ...ရိပ်...ငါ..မရတော့ဘူး..."

နိုင်အောင်သွင့်နှုတ်ခမ်းများမှာ ခြောက်နေသည်။ နဖူးဆံစတို့မှာ ချွေးစို့နေသည်။ မျက်နှာမှာ ဖျော့တော့နေသည်။ မျက်လုံးများတွင် အားအင်ကုန်ခန်းခြင်းကို မြင်နေရသည်။

"ဘယ်နှခေါက်တောင် ရှိနေပြီလဲကွာ။"

_____________________________

အခန်းတစ်ခုလုံး ငြိမ်သက်လျက် ရှိသည်။ လင်းသည်ဆိုရုံသာ ထွန်းညှိထားသော လျှပ်စစ်မီးအိမ်တို့က ဤအခန်း၏ အေးချမ်းမှုကို ထိန်းသိမ်းထားဆဲ။ စပီကာမှ ထွက်ပေါ်လာသော ဆိုင်းသံက နားဝင်ချိုလှပါဘိ။

"ဝဏ္ဏ၊ မင်း ဒီနေ့ရော ဟိုကောင်လေးဆီ သွားဦးမှာလား။"

ရာဝဏ္ဏဘက်က ဘာစကားမှ ပြန်မကြားရ။ သူက မျက်လုံးမှိတ်လျက်သာ ဆိုင်းသံကို အာရုံဝင်စားနေသည်။

"ဝဏ္ဏ..."

"ရှူး..ဒါ ခြောက်သွယ်ညွန့်တီးလုံးကွ။ စိန်ဗေဒါ့လက်ရာနော်။ သိပ်တန်ဖိုးကြီးတာ။"

ရာဝဏ္ဏသည် အနုပညာကို လိုက်စားသည်။ ခေတ်ပေါ်ဂီတကို တန်ဖိုးထားသလို မဟာဂီတကိုလည်း မြတ်နိုးသည်။ ထို့ကြောင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ကျောင်းသူ ယုယနွယ်ကို ချစ်ခဲ့ခြင်းမှာ ယုတ္တိတန်ပါသည်လေ။ ဆိုင်းသံတိတ်သွားသည်အထိ ကျော်ပြည့်က ရာဝဏ္ဏကို ငေးကြည့်နေမိသည်။

"မင်း အခုထိ မပြောင်းလဲသေးပါလား။"

"ဒီမှာ ကျော်ပြည့်၊ ငါက ငါပဲလေ။ ဘာမှပြောင်းလဲစရာမှ မလိုတာ။ အရင်ကလည်း ငါပဲ။ အခုလည်း ငါပဲ။ နောင်လည်း ငါပဲ ဖြစ်နေမှာ။ ပြီးတော့ ပိစိကို ဟိုကောင်လေး ဟိုကောင်လေးလို့ မခေါ်ပါနဲ့။ သူ့နာမည် နိုင်အောင်သွင်။ ငါ ဒီနေ့လည်း သူ့ဆီ သွားဦးမှာ။ မနက်ဖြန်လည်း သွားဦးမှာ။ သူ့ကို တွေ့ရဖို့အတွက်ဆိုရင် ငါ နေ့တိုင်း နေ့တိုင်းကို သွားဦးမှာ။"

"ဝ...ဝဏ္ဏ..မင်း...သူ့ကို..."

"မဟုတ်ဘူး ကျော်ပြည့်။ ငါ ဂေးမဟုတ်ဘူး။ မင်း ငါ့ကို အဲ့လို မကြည့်ပါနဲ့။"

ညင်သာစွာ ပျံ့လွင့်နေသော ဆိုင်းသံက ကျော်ပြည့်ဆီသို့ အတိတ်က ပုံရိပ်တချို့ကိုပါ ခေါ်ဆောင်လာခဲ့လေသည်။

............................

မှိန်ပျပျစာကြည့်မီးအိမ်ကလေး၏အကူအညီဖြင့် ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၁ တဲ့။ ဪ ၁၂ ရက်နေ့တောင် ရှိသွားပြီပဲ။ ဘာလိုလိုနဲ့ စာမေးပွဲတောင် နီးလာပြီပဲကိုး။

"ငပြည့်"

"ဟင်"

"မင်းကလည်းကွာ စာတွေ ဒီလောက်ထိ လုပ်နေမှ ဖြစ်မှာလား။ ဆရာဝန်လုပ်မယ့်ကောင်လည်း မဟုတ်ဘဲနဲ့။"

"အဲ့လိုတော့လည်း မဟုတ်ဘူးပေါ့ ဝဏ္ဏရာ။ ငါက မင်းလိုမျိုး ဉာဏ်မှမကောင်းတာ စာများများလုပ်မှပဲ ရမှာ။ ပြီးတော့ ဂုဏ်ထူးလေးလည်း နှစ်ဘာသာလောက် လိုချင်သေးတာပေါ့။"

"အေးပါကွာ။ ငါက အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ မင်းကြည့်ရတာ ဘော်ဒါအချိန်ဇယားအတိုင်းလည်း စာလုပ်တဲ့အပြင်ကို ညဘက်တွေလည်း မအိပ်ဘဲ စာလုပ်နေတာ သတိထားမိလို့။ မင်း အိပ်ရေးဝအောင်တော့ အိပ်စမ်းပါကွာ။ နှစ်စတည်းက စာသေချာလုပ်လာတာပဲကို ငါ့ကောင်ကြီးကလည်း။"

ရာဝဏ္ဏက ကျော်ပြည့်ခေါင်းကို ပုတ်ရင်း ပြောနေသည်။ ဖြစ်နိုင်ရင် ဒီအချိန်ကလေးကို ရပ်တန့်ထားချင်မိသည်။ ဒါမှမဟုတ် ဒီအချိန်ကလေးပဲ တဝဲလည်လည်ဖြစ်နေသလိုမျိုး မန်းမှုတ်ထားချင်မိသည်။ ဝဏ္ဏ၊ မင်း ငါ့ရဲ့ ချုပ်တည်းနိုင်စွမ်းကို စမ်းသပ်နေတာလားကွာ။

"အင်းအင်း ဒါဆိုလည်း ဒီတစ်မျက်နှာတွက်ပြီးရင် အိပ်မယ်။"

"တစ်မျက်နှာတောင်လား။ လုပ်ပါကွာ။ ငါ မင်းအိပ်မှ အိပ်မယ်လို့ ဆုံးဖြတ်ထားတာ။ မရဘူး တစ်ပုဒ်ပဲ တွက်လိုက်တော့ နော်။ နာရီကိုလည်း ကြည့်ဦးလေ ၁ နာရီ ထိုးနေပြီ။ နော် ငပြည့် နော်။"

ကျွန်တော် သိပ်ချစ်ရသည့် ယောက်ျားတစ်ယောက်က လက်မောင်းကို ကိုင်လှုပ်ရင်း မျက်နှာငယ်ကလေးနှင့် တောင်းဆိုလာခြင်းကို ကျွန်တော် ငြင်းဆန်နိုင်မည်ဟု ထင်ပါသလား။ သူသာ ကျွန်တော်ရဲ့ အရာရာ ဖြစ်မနေခဲ့ဘူးဆိုရင်တော့ ငြင်းဆန်ပြီး စာဆက်လုပ်ဖြစ်ခဲ့မှာပါ။

ကျွန်တော်တို့နှစ်ယောက်က သုဝဏ္ဏဘက်က ဘော်ဒါတစ်ခုမှာ တူတူတက်ခဲ့ကြသည်။ သူနဲ့က ကုတင်ဘေးချင်းကပ်လျက်ဆိုပေမယ့် သူ့ကုတင်မှာပဲ နှစ်ယောက်တူတူအိပ်ဖြစ်တာ ကိုးတန်းနှစ်ကတည်းကဆိုပါတော့။ ယုယနွယ်ကိုလည်း အဲ့ဒီမှာကတည်းက စပြီး သိခဲ့ကြတာပဲ။ ယောက်ျားလေးနဲ့ မိန်းကလေး အဆောင်ချင်း အဝေးကြီး ခွဲထားတာတောင် ရာဝဏ္ဏက ယုယနွယ်ကို အရမ်းတွေ ကြွေခဲ့တာပေါ့။ တစ်ယုတည်း ယုပြီး တစ်ယတည်း ယနေသောပါပဲ။ ညဘက်တွေဆို တစ်ခါတစ်ခါ ယောင်ရင်တောင် ယုယနွယ်ဆိုတဲ့ နာမည်ကိုသာ ဗလုံးပထွေးနဲ့ ပြောတတ်လေရဲ့။

"ယု.."

ရာဝဏ္ဏနှင့် ကျော်ပြည့် ကိုယ်တစ်ခြမ်းစောင်းပြီး အိပ်နေကြရာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်အနေအထားမျိုး ဖြစ်နေတော့သည်။ ရာဝဏ္ဏဆီက အသံကြားတော့ ကြည့်လိုက်သည့်အခါ သူ့နှုတ်ခမ်းများက အပေါ်အောက် ပွတ်တိုက်နေကြသည်။ အိပ်မက်ထဲမှာ ယုယကို နမ်းနေသည် ထင်သည်။ ကျော်ပြည့် နှလုံးခုန်မြန်လာသည်။ ဒီ့အတွက် သူဟာ အခွင့်အရေးသမား ဖြစ်သွားမှာလား။ အို ဘာမှစဉ်းစားမနေနိုင်တော့။ ကျော်ပြည့်၏နှုတ်ခမ်းတို့က ရာဝဏ္ဏ၏နှုတ်ခမ်းတို့နင့် အလိုက်သင့်စီးမျောနေသော အခိုက်အတန့်လေးသည် ကိုယ်ချစ်ရသူဆီက အနမ်းဦးကို သူမသိအောင် ယူခဲ့မိခြင်းမဟုတ်၊ ထုတ်ဖော်ခွင့်မရှိသော နှလုံးသားအစီရင်ခံစာကို တံဆိပ်ရိုက်ပြီး ချိတ်ပိတ်ထားခဲ့လိုက်ခြင်းသာ ဖြစ်ပါသည်။

_________________________________________

တောင်းပန်ပါတယ် ဝဏ္ဏရယ်၊ ငါ...ငါ့အနမ်းတွေမှာ ငါ့မျက်ရည်တွေ ပါသွားခဲ့တယ်ကွာ။

_________________________________________

"ပိစိ...ပိစိ"

"ကိုရာ"

"ဘယ်လိုဖြစ်တာလဲ။"

"မနက်အစောကြီးကတည်းက ဝမ်းသွားနေတာ။ အခုတော့ ရပ်သွားပါပြီ။ နေရိပ်ရှိနေလို့ပေါ့။ သူပဲ မိုးမလင်းခင်ကတည်းက အိမ်သာနဲ့ အိပ်ရာနဲ့ကို အပို့အကြိုလုပ်ပေးနေတာ။ ဘယ်နှခေါက်ရှိပြီလဲတောင် သူက ပြန်မေးယူရတယ်။ "

အိပ်ရာပေါ်မှာ လဲှရင်း ထိုကလေးက ရှုံ့မဲ့မဲ့မျက်နှာပေးဖြင့် ပြန်ဖြေရှာသည်။ သနားဖို့လည်း ကောင်းနေသလို တစ်ပြိုက်နက်တည်းမှာပင် ချစ်ဖို့လည်း ကောင်းနေပြန်သည်။

"ဓာတ်ဆားရည်ရော..."

"သောက်ပါတယ်။ ဒါနဲ့ဆို သုံးဘူးမြောက်ရှိသွားပြီ။ မနေ့က ခေါက်ဆွဲစားတော့ အစပ်တွေ အရမ်းများသွားလို့ နေမှာ။ ပန်းကမ္ဘာလေးထဲကို ရောက်သွားရော။ ဟားဟား။"

"ရယ်နေနိုင်သေးတယ်၊ ဟုတ်လား။"

တတိယအကြိမ်ဖြစ်သွားပြီ။ ကိုရာက ကျွန်တော့်ဆံပင်တွေကို ထိုးဖွသွားပြန်သည်။ တစ်ခါသတ်လည်း သေတာကို သိရက်နဲ့ အကြိမ်ကြိမ်အခါခါ သတ်နေတော့မှာလား ကိုရာ။ ကျွန်တော်က ကိုရာနဲ့ ယှဉ်ရင် ကလေးသာသာပဲ ရှိပါသေးတယ်။ ကလေးတစ်ယောက်ရဲ့နှလုံးသားကိုတော့ မကစားဘူးမလားဟင်။ ဒီကလေးက ရင်ဘတ်ကြီးလည်း ကွဲထွက်တော့မယ်ဗျာ။

"ငါတို့က ဘာလုပ်ရမှာလဲ။"

ရာဝဏ္ဏနှင့်အတူပါလာသော ကျော်ပြည့်က နေရိပ်နားကို ကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။ နေရိပ်မျက်နှာက မကောင်း။ ရာဝဏ္ဏထက်အရင် နိုင်အောင်သွင့်ဘဝထဲ ရောက်လာခဲ့သူက နေရိပ်ပါ။ ရာဝဏ္ဏနှင့် ပိုပြီးရင်းနှီးနေသလိုပုံစံမျိုးက နေရိပ်ရင်ကို ဓားနှင့်မွှန်းသလိုပင်။

"ခဏလေး။ ပိစိတို့ဧည့်ခန်းထဲမှာ စောင်းတစ်လက်တင်ထားတာ တွေ့မိသလားလို့။"

"အင်း ဟုတ်တယ်လေ။ ကိုရာက ဘာလုပ်မလို့လဲ။"

"တီးလို့ရတယ်မလား။ အလှပြရုံသက်သက်မဟုတ်ဘူးမလား။"

"အဲ့ဒါတော့ မသိဘူး။ အိမ်မှာ အဲ့ဒါကြီးကို တီးတတ်တဲ့လူလည်း တစ်ယောက်မှ မရှိဘူးလေ။"

ရာဝဏ္ဏက အိမ်ရှေ့ကို ပြေးထွက်သွားသည်။ ကုတင်ဘေးမှ ခုံပေါ်တွင် ထိုင်နေသော နေရိပ်နှင့် ကျော်ပြည့်မှာတော့ ဘာကိုမျှ နားမလည်လိုက်သလိုမျိုး ကြောင်အမ်းအမ်းနှင့်သာ။ ရာဝဏ္ဏက စောင်းကို ပိုက်ကာ ပြန်ဝင်လာသည်။ မဟာဂီတကို အထင်သေးဟန်ရှိသော နေရိပ်က အိပ်ခန်းအပြင်သို့ ထွက်သွားသည်။ ကျော်ပြည့်ကလည်း နောက်မှ လိုက်သွားလေသည်။

"ကိုရာ...အဲ့ဒါ ဂစ်တာမဟုတ်ဘူးနော်။ တီးရော တီးတတ်လို့လား။"

"ကို သိပါတယ်ကွာ။"

စောင်းကို သေချာကျနစွာ ပိုက်ထားပုံက ကိုရာ့ကို ပိုပြီး ဆွဲဆောင်မှု ရှိစေသလား။ ကျွန်တော် သိပ်ကို သဘောကျမိပါသော ကိုရာ့လက်ချောင်းလေးတွေက စောင်းကြိုးများအကြား ပြေးလွှားနေကြသည်။ စောင်းသံလွင်လွင်ကို ကြားနေရခြင်းမှာ အိပ်မက်အလား ထင်မှတ်စရာ။

××××××××××××××

"ချစ်သမျှကို မြင်းမိုရ်ရွှေတောင်လုံးသာပလေ
လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့လေး
အို ဘယ်မမုန်းပါတော့နိုင် ကပ်လုံးဆုံးတိုင်တိုင်

ရုံးညှာပိုင် အုန်းလှိုင်သဉ္ဇာကြွေ့မှာလှလေ
ကြိုးမည့်နောင်ခါ ကမ္ဘာမြေငယ် မြေ့စေတော့လေ

မှန်သရွေ့ကိုလ ဖန်စေ့ငယ်ရေရေ
ကိုးဂုဏ်ရှင့် ဂူတော်မွေ တူမသွေပါစေ ်မယ်နှင့်သား
လှစ်ကျူးမြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား
မခြားသိစေကြောင်း ပန်ထွာတည့် ခဝပ်ညောင်း။

တူပြိုင် ဂူလှိုဏ် စကားသစ္စာတိုင်
သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်
ဆုထူးငယ် ပန်ရွယ်သွန်း
ချစ်လို့ငယ်မကုန် ဝသုန်ဤမြေ သိကြားစေသက်သေညွှန်း

ပျံ့မွှန်းမွှေးလှိုင် ကျူလေတည့်မှ
သုံးလူထွတ်မှန်ကူ မတူလေ ပြိုင်နှုန်းကင်း
ခြောက်ဖြာစုံ ရောင်မျိုးငယ်လင်း။

ချစ်ခြင်းငယ်ပြိုင် မြစ်မင်းပိုင် အဏ္ဏဝါက ပြန်မသာကဲ
ယွန်းစေဝသုန် ငွေဝန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ ငယ့်ကို ဘယ်မေ့လိမ့်မလဲ။

×××××××××××××××

သီချင်းသံက ဆုံးသွားသည်။ သို့သော် နားထဲတွင်တော့ စွဲကျန်နေခဲ့ဆဲ ဖြစ်သည်။

"ဒါ ဘာသီချင်းလဲ ကိုရာ။"

"ချစ်သမျှကိုတဲ့။"

"အဲ့ဒါ ဘယ်သူ့သီချင်းလဲဟင်။ တစ်ခါမှလည်း မကြားဖူးဘူး။"

"ဘယ်ကြားဖူးမလဲကွ။ ဒီသီချင်းက ဟိုးရှေးခေတ်တုန်းက သီချင်းကြီးကို။ ဒါ သာယာဝတီမင်းရဲ့ မိဖုရား အနောက်နန်းမတော်မမြလေး ရေးခဲ့တာပေါ့။"

"ဝိုး တော်လိုက်တာ။ အဲ့မိဖုရားက သီချင်းလည်း ရေးတတ်တာပဲနော်။"

"ဒီသီချင်းကို သူဘယ်မှာ ရေးတယ်ထင်လို့်လဲ။ ထောင်ထဲမှာ ရေးခဲ့တာနော် ပိစိ။"

"ဗုဒ္ဓေါ၊ မိဖုရားက ဘယ်လိုလုပ်ပြီး ထောင်ထဲရောက်ရတာတုံး။"

"ဒါတော့ ကိုလည်း သေချာမသိဘူးကွ။ မင်းတရားကြီးက အမျက်တော်ရှလို့ ကြေးတိုက်ထဲဝင်ရတာပဲ။ အခုခေတ်လိုဆို ဂျေးထဲ အောင်းရတာပေါ့။ ဒါတောင် မင်းကြီးက မိဖုရားခေါင်ကြီးမဟုတ်တဲ့ နန်းမတော်မမြလေးကို အချစ်ဆုံးတဲ့နော်။ မျက်နှာသာလည်း အပေးဆုံးပဲ။ နန်းမတော်က ဒီသီချင်းကို စပ်ဆိုလိုက်တော့မှ မင်းကြီးက အမျက်ပြေပြီး ပြန်ခေါ်တာတဲ့ဗျာ။"

"မင်းကြီးကလည်း ဆိုးလိုက်တာ။ ချစ်တော့လည်း သူပဲ။ မုန်းတော့လည်း သူပဲ။"

"ကို့အထင် အချစ်ကြီးလို့ အမျက်ကြီးသွားတာ နေမှာပါ။"

"အင်းနော်၊ အဲ့လိုလည်း ဖြစ်နိုင်တာပဲ။ သိပ်တော့နားမလည်ဘူးဆိုပေမယ့်လေ နောက်ဆုံးစာသားလေးကိုတော့ အရမ်းသဘောကျတယ် သိလား။ ဘာတဲ့..."

ကိုရာ့မျက်နှာမှာ အကြင်နာဓာတ်တို့ ဆင်မြန်းထားသည်။ အကြည့်တို့ကား မေတ္တာဘွဲ့ကို သီကျူးနေဟန် ရှိသည်။ ကိုရာ့လက်တို့က ကျွန်တော့်လက်တို့ကို ဆုပ်ကိုင်ထားပြန်သည်။

"ကမ္ဘာကုန်ကျယ်သရွေ့ ငယ့်ကို ဘယ်မေ့လိမ့်မလဲ။"

တစ်လုံးချင်းစီ ထွက်ကျလာသော စကားလုံးတို့က ကျွန်တော့်ရင်ကို တသိမ့်သိမ့်တုန်စေသည်။

"ပိစိ..."

"ဗျာ"

ကိုရာ ဘာပြောမှာလဲဆိုတာကိုသာ တွေးရင်း ရင်ခုန်နှုန်းတို့က မာရသွန်ချန်ပီယံ ဖြစ်နေပြီ။

_________________________________________

"ခင်ဗျားမှာ ကားရှိတာလား။ ဝိုး မိုက်တယ်။"

"အဲ့ဒါ ဝဏ္ဏကား။"

"ဪ"

နေရိပ်တစ်ယောက် သက်ပြင်းလေးချကာ မှိုင်သွားသည်။ နိုင်အောင်သွင်နှင့် ရာဝဏ္ဏတို့က သီချင်းတအေးအေး၊ လေပေးတဖြောင့်ဖြောင့် ဖြစ်နေလို့ ပျင်းလာသဖြင့် အပြင်သွားမည်ဟု ဆွဲဆောင်လာသော ကျော်ပြည့်နှင့်အတူ ထွက်လာခဲ့မိရာ အိမ်အောက်က ကားသည် နေရိပ်စီးဖို့အတွက် မဟုတ်ခဲ့ပါလား။ ဟိုလူကြီးကားကို။ ကိုရာဝဏ္ဏ...ကိုရာဝဏ္ဏ။

"မင်းကလည်းကွာ YBS ခေတ်ကြီးမှာကို။ လာစမ်းပါ။ ကို ဘတ်စ်ကားစီးကျွမ်းပါတယ်။"

ကျော်ပြည့်က မျက်လုံးတစ်ဖက်မှိတ်ပြပြီးတော့တောင် သူ့ကိုယ်သူ ဂုဏ်ဖော်နေရှာသည်။ ကဲပါလေ၊ အိမ်လည်း မပြန်ချင်၊ ဟိုကောင့်အိမ်မှာဆိုလည်း စိတ်ရှုပ်ရမှာဆိုတော့ လိုက်သွားတာပဲ ကောင်းပါတယ်။

"တာမွေ ocean ကိုတော့ ရောက်ပြီ။ ဘာလုပ်ကြမှာတုံး။ ကျွန်တော်က အစားတစ်လိုင်းနော်။ ဘာစားရမလဲဆိုတာပဲ သိချင်တယ်။"

"ဆာ...ဘူ...ရှီ"

ဘူဖေးပန်းကန်လေးများက ကျွန်တော့်မျက်စိရှေ့မှာတင် ရွေ့လျားသွားလာနေကြသည်။ တုန်ယမ်းအရသာဟင်းရည်ကလည်း အိုးထဲမှာ ပွက်ပွက်ဆူလို့။ အရွက်စိမ်းများ အကုန်ထည့်သည်။ ပင်လယ်စာ အစုံထည့်သည်။ အသားလွှာ မျိုးစုံထည့်သည်။ အသားလုံး၊ အသားချောင်း အမျိုးမျိုးထည့်သည်။ ခဏချင်းပင် ဘူဖေးပန်ကန်ပေါင်းအထပ်လိုက်ဖြစ်သွားသည်။

"စားလှချည်လားကွ။"

"စကားမပြောနဲ့။ အချိန်ပြည့်သွားရင် မစားလိုက်ရဘူးဆိုပြီး ပြန်နှမြောနေရမယ်။ အချိန်ရှိတုန်း စားထား။"

"ဟေ့ကောင် နွားပေါက်ရ၊ အချိန်က တစ်နာရီလောက် ကျန်ပါသေးတယ်ဟ။"

"အချိန်မရဘူး။ ဟိုဘက်က ဆူရှီတွေလည်း ကုန်အောင် စားရဦးမှာ။"

ငင့်...ဒီဆိုင်မှာ ရှိသမျှ ဆူရှီအကုန် စားဦးမလို့လား။ သူ့ရှေ့က ဟော့ပေါ့အိုးကြီးကလည်း ကုန်မလိုလိုနှင့် ကုန်ကို မကုန်နိုင်သေး။

"ခင်ဗျား...ခင်ဗျား စားတာနည်းတယ်နော်။ အားရင် နောက်ဘက်က Green Tea လေးတစ်ခွက်လောက် သွားယူပေးပါလား၊ ဟီးဟီး"

ဂါး၊ အလွန်အင်မတန် စားနိုင်သောက်နိုင်သောပါပဲ။

"ရော့ ဒီမှာ၊ ဖြေးဖြေးလည်း စားဦး။ နင်နေဦးမယ်။"

"ဂွပ် ဂွပ် ဂွပ် ဂွပ်"

ကျော်ပြည့် မျက်လုံးပြူးသွားသည်။ တစ်ခွက်လုံးကို တစ်ထိုင်တည်း မော့ချသွားသည့် ဒီကလေး လူရော ဟုတ်သေးရဲ့လား။ ပြိတ္တာကပဲ လူယောင်ဆောင်ထားတာများလား။

"ဟိုလေ အပ်မှို၊ အပ်မှိုလေး ထပ်ထည့်ပေးပါဦး။ ဒီထဲမှာ အပ်မှိုပန်းကန် မတွေ့တော့ဘူး။ ထိုင်ဝမ်မုန်ညင်းရောပဲ။ နော်။"

ဘူဖေးပန်းကန်ပြင်ပေးရသော သူမှာလည်း သူ့တစ်ယောက်တည်းကြောင့် လက်တောင်မလည်ရှာပါ။ ဆိုင်ဝန်ထမ်းများကလည်း မျက်စောင်းတထိုးထိုး ဖြစ်နေကြပြီ။ တခြားဝိုင်းများကလည်း သူ့ကိုပဲ ကွက်ကြည့်ကွက်ကြည့်နှင့် ထူးဆန်းထွေလာကို ဖြစ်လို့။

"အစ်မရေ၊ ဟင်းရည်လေး ဖြည့်ပေးပါဦး။"

"ခင်ဗျား၊ သံပုရာရည်လေး သွားယူပေးပါလား။"

"ခင်ဗျားခဏဖယ်ဦး။ ငါးအသားစိမ်းလေး သွားယူဦးမယ်။"

သူတစ်ယောက်တည်း တရစပ်လှုပ်ရှားနေသည်မှာ ပရော်ဖက်ရှင်နယ်ကျလွန်းလှသည်။ ဟင်းရည်ကို အရသာတစ်မျိုးပြီးတစ်မျိုး ပြောင်းသည်မှာလည်း အင်မတန် လက်ရာမြောက်လှသည်။ အမှန်မှာ ချီးကျူးခြင်းမဟုတ်။ ရွဲ့နေခြင်းသာတည်း။

"လူကြီးမင်းတို့ အချိန်ပြည့်သွားပါပြီရှင့်။"

"ဟုတ်...ဟုတ်ကဲ့။ ဟိုကောင်..."

နောက်ပြန်လှည့်ကြည့်လိုက်ရာ အိုးထဲတွင်လည်း တစ်စမျှ မကျန်တော့။ ယူထားသမျှလည်း ပြောင်သလင်းခါလို့။ အတင်းပိတ်ထားသော ပါးစပ်ထဲမှာကား ပလုတ်ပလောင်း။ မကုန်ဘဲ ပိုနေလျှင် အစားအစာလေလွင့်မှု ဖြစ်စေ၍ ဒဏ်ကြေးထပ်ဆောင်နေရဦးမည်။ မဆိုးဘူး၊ ဒီကောင် တော်သားပဲ။

"ဗိုက်ကလေးတော့ ကားသွားပြီ။ ခု နည်းနည်းတောင် အိပ်ချင်လာသလိုပဲ။"

"နိုးနိုး၊ အိပ်လို့မရဘူးလေ။ မင်း ဒီလောက်တောင် စားထားတာ လှုပ်လှုပ်ရှားရှား အားကစားတော့ လုပ်ရမှာပေါ့။"

"ဘာကို အားကစား..."

ဪ...ဒါ အားကစားပဲ။ တစ်ကိုယ်လုံး ဘယ်ယိမ်း၊ ညာယိမ်းနှင့်။ ကိုယ့်ဟန်ချက်လည်း ကိုယ်ပြန်ထိန်းနေရသည်။ အပေါ်မှတန်းကို ကိုင်ထားရသည်မှာ လက်မောင်းတွေတောင် နာသည်။

"ဘတ်စ်ကားက ထင်တာထက်တောင် ကျပ်နေတာပဲ။"

"အဲ့ဒါ ခင်ဗျားကြောင့်"

"ဘာကွ။"

"ဟုတ်တယ်လေ။ ခင်ဗျားမှာ ကားမရှိလို့ အခုလို ကျွန်တော် ကျပ်ညပ်ပြီး ဒုက္ခတွေ ခံစားနေရတာ။ ဟိုဘဒိုမှာတောင် ရှိတဲ့ဟာကို။"

"ငါ မရှိဘူး ပြောမိလို့လား။ ယူမလာမိတာပါကွာ။"

"တော်ပါဗျာ။ ခင်ဗျားက အစာဝအောင် ကျွေး၊ အခု ညှင်းပြီးတော့ သတ်၊ လူကို အသားတိုးဝက်များ မှတ်နေတာလားပဲ။"

"ဟားဟား၊ ပြောလည်း ပြောတတ်တဲ့ကောင်။"

"ဟာ...မြန်မာပလာဇာ"

"အင်း ဟုတ်တယ်။ အားကစားလုပ်ရမယ်လေကွာ။"

ရှေ့တွင် မြင်နေရသော မြင်ကွင်းသည် ကြေးအိုးပန်းကန်ကြီး မဟုတ်။ ကြက်ကြော်ခြင်းကြီးလည်း မဟုတ်။ ရေခဲပြင်စကိတ်ကွင်းကြီးသာ။ မစီးတတ်တာနဲ့ ချော်လဲနေတာနဲ့တော့ ခြောက်ချက်က ကွဲတော့မှာပါပဲ။

"ခင်ဗျား စီးမလို့လား။"

"မဟုတ်တို့ ကိုတို့နှစ်ယောက်လုံး စီးမှာ။"

ဝက်သယ်...

"...Just gonna stand there and watch me burn but..."

ကျော်ပြည့်ဖုန်းက မြည်လာသည်။

"ဟယ်လို"

"......"

"ငါတို့ ပြောစရာစကားရှိသေးလို့လား။"

"....."

"အင်း...အင်းပါ။ ငါ ဝဏ္ဏကို ပြောလိုက်မယ်။"

"...."

နေရိပ်တစ်ယောက် ဖုန်းနံပါတ်ကို မသိမသာ လှမ်းကြည့်လိုက်တော့ "Yu Ya Nwe" ဟု မှတ်ထားသည်ကို တွေ့ရသည်။

"ကိုတို့ ပြန်ရအောင် ညီ။ ကိစ္စတစ်ခုပေါ်လာလို့။"

ယုယနွယ်...ဒီနာမည်ကို ကြားဖူးနေသလိုပဲ။ ဘယ်မှာ ကြားဖူးတာပါလိမ့်။ ရင်းရင်းနှီးနှိးကို သိနေသည်။ ဟင်...တီချယ်ယုများလား။

___________________________

ဂန္ထဝင်တေးပြုစာဆိုကြီး ဘီသိုဗင်(Beethoven)၏ "ဧလိစ,အတွက်(Fur Elise)" တေးသွားသည် ကော်ဖီဆိုင်ထဲအနှံ့ ခုန်ပေါက်ပြေးလွှားနေလေရဲ့။ ကုလားထိုင်များအောက်မှလည်း ဖြတ်သွားသည်။ စားပွဲများပေါ်မှာလည်း ကျွမ်းထိုးသွားသည်။ ကော်ဖီငွေ့များနှင့်လည်း စိန်ပြေးတမ်းကစားသွားသည်။ ၎င်းတေးသွားသည် ကော်ဖီနံ့နှင့်အပြိုင် ဆိုင်ပြင်သို့ရောက်သည်အထိ သင်းနေတော့၏။

"ဘာသောက်မလဲ။ မိုခါးပဲလား၊ အစ်ကို။"

"ငါ ဒီကို ကော်ဖီသောက်ဖို့လာတာမဟုတ်ဘူး။ ပြောစရာရှိတယ်ဆိုတာကိုသာ ပြောစမ်းပါ ယုယနွယ်ရာ၊ အပိုတွေ လုပ်မနေစမ်းပါနဲ့။"

"ဟုတ်တယ်...အပိုတွေပဲ။ ဒါပေမယ့် ယုဘက်က မလုပ်ရပါဘဲနဲ့ ဖြစ်သွားခဲ့ရတဲ့ အပိုတွေ။"

ပြောနေရင်းနှင့် ယုယမျက်လုံးများမှာ မျက်ရည်လည်လာသည်။ သစ္စာဖောက်တစ်ယောက်ရဲ့ မျက်ရည်က ဆေးဖက်ဝင်နိုင်လောက်လား။ သူဟာ ရှားပါးဆေးမြစ်ဆိုရင်တောင် ကျွန်တော့်အတွက်တော့ မြက်တစ်ပင်လောက်ကို တန်ဖိုးမရှိဘူး။

"ဒီမှာ အစ်ကို၊ ယု အစ်ကို့ကို ချစ်တယ်လို့ ဘယ်နှခါပြောခဲ့ဖူးလဲ။"

ယုယနွယ်မျက်လုံးတို့က အကြည့်ဒဏ်ကို ရာဝဏ္ဏတစ်ယောက် ရှောင်လွှဲလို့ လွတ်နိုင်ပါ့မလား။ ဒီမေးခွန်းမှာ အဖြေရှိသည်။ အမေးခံရသူကလည်း အဖြေကို သိသည်။ သို့သော် မဖြေနိုင်လောက်သည့် မေးခွန်းမျိုးဖြစ်သည်။

"ဖြေပါ အစ်ကို။ ယုဖက်က မတရားဘူးပဲ အစ်ကိုမြင်နေတာပါ။ သေချာ ပြန်စဉ်းစားကြည့်ပါ။ ယု အစ်ကို့ကို ဘယ်နှခါများ ချစ်တယ် ပြောခဲ့ဖူးလဲဆိုတာ။"

လွန်ခဲ့သော မိနစ်ပိုင်းလောက်က စစ်နိုင်သူရဲကောင်းကြီးမှာ အခုတော့ ရန်သူ့သုံ့ပန်းဖြစ်တော့မှာလား။ ရာဝဏ္ဏ တုပ်တုပ်မျှ မလှုပ်နိုင်တော့။ ချွေးသီးချွေးစက်တို့က နဖူးထက်မှာ နေရာအပြည့်ယူလာသည်။

"ယု အစ်ကို့ကို လက်ခံပေးခဲ့တဲ့အချိန်ကနေစပြီး အစ်ကို ယုကို လွတ်လပ်ခွင့်ပေးခဲ့တဲ့အချိန်ထိ၊ အဲ့ဒီအချိန်ကာလတစ်ခုလုံးစာအတွက် ပြန်စဉ်းစားကြည့်ပါ။ ပြီးရင်တော့ ယုဟာ အစ်ကိုထင်နေသလိုမျိုး အောက်တန်းမကျဘူးဆိုတာ သိလာ၊ မြင်လာမှာပါ၊ အစ်ကို။"

နောက်ဆုံးအချိန်ထိတောင် စတွေ့စဉ်တုန်းကအတိုင်း "အစ်ကို"လို့ တလေးတစား ခေါ်နေဆဲပါလား၊ ယုယနွယ်။ သူက ထိုင်ခုံမှ ထ၊ ဆိုင်ပြင်သို့်ထွက်၊ တက္ကစီတစ်စီး ငှါးပြီး ပြန်သွားပြီဖြစ်သော်လည်း ရာဝဏ္ဏကတော့ အေးစက်နေသော ကော်ဖီတစ်ခွက်နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ကျန်နေခဲ့သည်။ ယောက်ျားရင့်မာကြီးပင် ဖြစ်သော်ငြားလည်း ခံစားချက်တို့၏ တွန်းတိုက်မှုကြောင့် မျက်ရည်ဆည်သည် တာကျိုးသွားခဲ့လေသည်။ မျက်ရည်သည်ကား တစ်စက်တည်း အကျည်းတန်၊ အထီးကျန်စွာ။ ပါးပြင်ပေါ်သို့ ကောက်ကွေ့ခြင်းအလျင်းမရှိ တတန်းတည်း၊ တဖြောင့်တည်း၊ ပေါက်ခနဲ စီးကျလာသည်။

_________________________________________

ဒီလူသား ယောက်ျားဆိုပေမယ့် ဒဏ်ရာကို မျက်ရည်နဲ့ ကုခွင့်တော့ ရှိသင့်တယ်မလား၊ ဒီရင်ကွဲနာဒဏ်ရာကိုလေ...
_________________________________________

စာကြည့်စားပွဲပေါ်မှာ တင်ထားသော စောင်းကောက်ကြီးကို စောင်းကြည့်လိုက်၊ စွေကြည့်လိုက်နှင့် အိပ်တဲ့ဆီကို မရောက်နိုင်သေး။ အတွေးများက ဆော့ကစားနေသေးသည်။ နေ့ခင်းက ကိုရာ မပြန်ခင်ကာလလေးကို ပြန်မြင်ယောင်လာသည်။

..............................

"ကမ္ဘာကုန်ကျယ်သရွေ့ ငယ့်ကို ဘယ်မေ့လိမ့်မလဲ။"

ငယ်ဆိုတာ ကျွန်တော်ပဲ ဖြစ်လိုက်ချင်သည်။ ကိုရာ ကျွန်တော့်ကို မမေ့သွားစေချင်ဘူး ကမ္ဘာကုန်ကျယ်သရွေ့ပေါ့။

"ပိစိ..."

"ဗျာ..."

"ကိုလေ..."

"...."

"ကိုလေ...ပိစိကို..."

____________________

Author's Note

ကျွန်တော်က သီချင်းကြီးတွေ ကြိုက်တဲ့လူမို့လို့ အခုခေတ်က😍 ကေပေါ့ခေတ်😍 ကျွန်တော့်,fic နဲ့ ထော်လော်ကန့်လန်တွေ ဖြစ်သွားခဲ့တယ်ဆိုရင် တကယ်တောင်းပန်ပါတယ်။
တစ်ခါ အဲ့ချစ်သမျှကို ကို နားထောင်ကြည့်ချင်ရင် တော့ Youtube link လေး ပေးလိုက်ပါ့မယ်။

Continue Reading

You'll Also Like

6.6M 434K 94
Hanary Victor + Loon Tar Nay San
671K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
938K 49.7K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
433K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..