" အေမ သား ျပန္ေရာက္ၿပီ "
" ေျဖႏိုင္လား သားငယ္ "
" ဟုတ္ကဲ႔ အေမ သားေျဖႏိုင္တယ္ "
" အေမ့သားေလး ဒီေလာက္ခြၽဲေနပံုေထာက္ရင္ ဘာမ်ား ပူဆာမလို႔လဲ ေျပာပါဦး "
ခါးကိုဖက္ကာ ပခံုးကိုေခါင္းေလးမွီ၍ ခြၽဲေနေသာသားငယ္ေလးေၾကာင့္ ေဒၚသီရိေႏြၿပံဳးကာ ေမးလိုက္ျခင္းျဖစ္သည္။
" အာ ေမေမကလည္း ပူဆာမလို႔ ဟုတ္ပါဘူး။ သား ခြင့္ေတာင္းမလို႔ပါ "
" ဘာေတြမ်ား ခြင့္ေတာင္းမလို႔လဲ သားငယ္ "
" သား သူငယ္ခ်င္းေတြနဲ႔ ခရီးအတူထြက္ခ်င္လို႔။ အဲ႔တာ သြားလို႔ရလားဟင္ "
" သား သြားခ်င္တယ္မဟုတ္လား "
သူမအေမးကို ေခါင္းတစ္ဆတ္ဆတ္ ညိမ့္ျပေနေသာ သားငယ္ကိုၾကည့္ကာ ေဒၚသီရိႏိုင္ သက္ျပင္းခပ္ဖြဖြသာခ်လိုက္မိသည္။ သားငယ္ေလးကို မိသားစုမပါဘဲ တစ္ေယာက္ထဲ ခရီးမထြက္ေစခ်င္ေပမယ့္ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ၾကည့္ေနေသာ သားျဖစ္သူကို ၾကည့္ကာ
" ဘယ္ႏွစ္ရက္ ၾကာမွာလဲ သား "
" ေလး ငါး ရက္ေလာက္ပါပဲ "
" သား လိုက္သြားခ်င္သြားေလ။ သူငယ္ခ်င္းေတြနဲ႔ ႐ႈပ္႐ႈပ္ယွက္ယွက္ အသံေတာ့ အေမ မၾကားခ်င္ဘူးေနာ္ "
" Yes, sir "
အေလးျပဳသည့္ပံုစံေလးလုပ္ျပ၍ ေျပာေနေသာ သားျဖစ္သူကို ၾကည့္ကာ ေဒၚသီရိႏိုင္ ရယ္လိုက္ကာ
" လိုခ်င္တာရသြားေတာ့ ေလသံကတစ္မ်ိဳးပါလား "
" ေမေမကလည္း ...... "
စူပုတ္သြားေသာသားျဖစ္သူရဲ႕ မ်က္ႏွာေၾကာင့္ ႏွဖူးကိုမနာေအာင္ထုလိုက္ၿပီး
" ဘယ္သူေတြနဲ႔ သြားၾကမွာလဲ သား "
" ခန္႔ေက်ာ္ရယ္ ကြၽန္ေတာ္ရယ္ ေနာက္အစ္ကိုသံုးေယာက္လဲ ပါတယ္အေမ "
" ဘယ္ေန႔သြားၾကမွာလဲ။ သားမွာ မုန္႔ဖိုးေရာ ႐ွိေသးလား "
" သန္ဖက္ခါေလာက္မွ သြားျဖစ္မယ္ထင္တယ္ ေမေမ။ သားမွာ မုန္႔ဖိုးက ႐ွိပါေသးတယ္ ေမေမရဲ႕။ သား အဝတ္အစားသြားလဲလိုက္ဦးမယ္ "
" ေအး ေအး။ မုန္႔ဖိုး႐ွိလည္း လိုိလိုမယ္မယ္ယူသြား ခရီးထြက္မယ္ဆိုေတာ့ ပိုက္ဆံပိုပါသြားတာ ေကာင္းတာေပါ့ "
" ဟုတ္ကဲ႔ "
ေခါင္းညိတ္ျပလိုက္ေတာ့ ခ်က္ခ်င္းထကာ ေျပးသြားၿပီးေနာက္ ျပန္ေျပးလာကာ သူမပါးကိုနမ္း၍ အိမ္ထဲဝင္သြားေသာ သားရဲ႕ေနာက္ေက်ာကိုၾကည့္၍ ၿပံဳးမိသည္။ ထိုအျပဳအမူက ငယ္ငယ္ေလးထဲက ခုထိမေပ်ာက္ေသးေပ။ ညအိပ္ယာဝင္ခ်ိန္တိုင္းျဖစ္ေစ၊ အျပင္သြားတိုင္းျဖစ္ေစ၊ အျပင္ကျပန္လာတိုင္းျဖစ္ေစ အေမျဖစ္သူရဲ႕ပါးကို အၿမဲနမ္းတတ္ေလသည္။ သားနဲ႔႐ြယ္တူကေလးေလးေတြက လူပ်ိဳေလးေတြလုပ္ၿပီး သမီးရည္းစားသနာထားေနခ်ိန္ မိမိသားမွာေတာ့ ကေလးစိတ္မကုန္ေသးေပ။ ထိုေၾကာင့္လည္း သူမ အခ်စ္ပိုရေလသည္။
သားငယ္ ငါးတန္းတက္တဲ႔ႏွစ္က အက္စီးဒန္႔တစ္ခုျဖင့္ အေဖႀကီးဆံုးပါးသြားခဲ႔သည္။ ထိုအခ်ိန္က ေသာကမီးေၾကာင့္ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ မိမိမွာကေလးႏွစ္ေယာက္ႏွင့္ အေတာ္ေလးဒုကၡေရာက္ခဲ႔သည္။ အဆင္မေျပတဲ႔ အခ်ိန္တြင္ လူေတြရဲ႕စိတ္ကို ပို၍သိႏိုင္သည္ဆိုတဲ႔ စကားကအေတာ္မွန္ေလသည္။ အေဖႀကီးဆံုးပါးသြားတဲ႔အခ်ိန္ မိမိတို႔မိသားစုဒုကၡေရာက္ေနခိုက္ အကူအညီေပးခ်င္သူထက္ ေဝးေဝးေ႐ွာင္ေနခ်င္ၾကတဲ႔သူက ပိုမ်ားသည္။ ထိုသူတို႔ကို အျပစ္မတင္မိေပမယ့္ အနည္းငယ္ေတာ့ သူမစိတ္မေကာင္းျဖစ္မိသည္။
အေဖႀကီးရဲ႕ညီ ဦးငယ္ေလးအကူအညီနဲ႔ အေဖႀကီး႐ွိစဥ္က သူမ,စုေဆာင္းထားေသာ လက္ဝတ္လက္စားအခ်ိဳ႕ကို ထုခြဲေရာင္းခ်ကာ ယခုလိုကုန္စံုဆိုင္ေလးတည္ကာ ကေလးႏွစ္ေယာက္နဲ႔သူမ အနာဂတ္အတြက္ သူမအလုပ္လုပ္ခဲ႔သည္။ မိမိတို႔မိသားစုေလးက မခ်မ္းသာေပမယ့္လည္း သားႏွင့္သမီးကို မ်က္ႏွာမငယ္ေအာင္ သူမ,ထားႏိုင္ခဲ႔သည္။ အိမ္အလုပ္တစ္ဖက္ ဆိုင္တစ္ဖက္ႏွင့္မို႔ သားႏွင့္သမီးနဲ႔အတူ အရင္လိုနီးနီးကပ္ကပ္မေနျဖင့္ေပမယ့္ ႏွစ္ေယာက္လံုးက လိမၼာေရးျခား႐ွိတာမို႔ သူမစိတ္ခ်မ္းသာရသည္။ ဘာလိုလိုနဲ႔ အေဖႀကီးဆံုးတာ ေျခာက္ႏွစ္ေတာင္ျပည့္ေတာ့မည္။
" အန္တီ မ်က္လံုးႏွစ္ထုပ္ေပးပါ "
ဝယ္သူကေလးမေလးရဲ႕အသံေၾကာင့္ ေမ်ာလြင့္ေနေသာအတိတ္တစ္ခ်ိဳ႕မွ လက္႐ွိပစၥဳပၸန္ကို ျပန္ေရာက္လာကာ ပါးျပင္ေပၚတြင္ စီးက်ေနေသာ မ်က္ရည္အခ်ိဳ႕ကိုသုတ္လိုက္ရင္း
" ေအး သမီး မ်က္လံုးႏွစ္ထုပ္ပဲလား တစ္ျခားေရာ ပါေသးလား "
~~~~~~~
ဆြဲလက္စဒီဇိုင္းတို႔ကို လက္စသတ္၍ ခါးေက်ာတစ္ခ်က္ဆန္႔ကာ ႐ံုးခန္းထဲမွ အျပင္သို႔ထြက္လာလိုက္သည္။ ျပတင္းေပါက္နားတြင္ ေက်ာမွီ၍ရပ္လိုက္ကာ အသင့္ယူလာေသာ ေဆးလိပ္ဗူးထဲမွတစ္လိပ္ထုတ္၍ မီးညိွကာ တစ္႐ႈိက္ဖြာလိုက္သည္။
ဒီေန႔က ဟန္တို႔စာေမးပြဲေနာက္ဆံုးေန႔ပင္။ စာေမးပြဲၿပီးလို႔ ႐ုပ္႐ွင္သြားၾကည့္ၾကမည္ဆိုကာ မိမိကုိေခၚေပမယ့္ အလုပ္မအားတာမို႔ သူ မလိုက္ျဖစ္ေပ။ ဟန္နဲ႔အတူ ခရီးသြားၾကဦးမွာမို႔ ဒီေန႔ေလးေတာ့ သူႀကိတ္မွိတ္ကာ အလုပ္ကိုသာလာခဲ႔လိုက္သည္။ ဟိုေကာင္အံ႔မင္းကေတာ့ ဒီေန႔ကေလးႏွစ္ေယာက္နဲ႔အတူ ပါသြားမွာေတာ့ က်ိန္းေသသည္။ အံ႔ၾသဖို႔ေကာင္းပဲေျပာရမလား၊တိုက္ဆိုင္သည္ပဲေျပာရမလား မသိေပ။ မိမိတို႔ကိုေျပာျပသည့္ သူရဲ႕ပီကာက်ဴးေလးက ဟန္႔ရဲ႕သူငယ္ခ်င္း ခန္႔ေက်ာ္ျဖစ္ေနသည္။
ေယာက္်ားႀကိဳက္ေတာ့ ဆိုက္ဆိုက္လာဆိုသလိုပင္ ဟန္တို႔ေက်ာင္းတက္ရက္ ၁၆ရက္လံုး အႀကိဳအပို႔မလုပ္သည့္ရက္မွာ မ႐ွိေပ။ သူ႔ဟာေလးကလည္း ငဂ်စ္ေလး။ မိမိသူငယ္ခ်င္း Playboyႀကီးကေတာ့ ထိုေကာင္ေလးႏွင့္ေတြ႕မွ အေခ်ခံေနရေတာ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္ မိမိသူငယ္ခ်င္း ထိုေကာင္ေလးနဲ႔ အတည္ျဖစ္ဖို႔အတြက္ ခ်စ္ရသူေလးကို အကူအညီေတာင္းမွျဖစ္ေတာ့မည္။ သူမ်ားကို ကူညီတာ ကုသိုလ္ရပါတယ္ေလ။
လင္းခန္႔ေတြးေနရင္း လက္ကနာရီကိုၾကည့္လိုက္ေတာ့ သံုးနာရီေတာင္ထိုးေတာ့မည္။ အင္း ဒီအခ်ိန္ဆို ဟန္အိမ္ျပန္ေရာက္ေနေလာက္ပါၿပီ။ ထို႔ေနာက္ ဖုန္းကိုထုတ္၍ contantထဲမွ ဟန္နာမည္ေလးကိုႏွိပ္လိုက္သည္။
ဖုန္းျမည္သံေၾကာင့္ ဝတ္လက္စ စပို႔႐ွပ္အက်ႌကိုအျမန္ဝတ္လိုက္ကာ လြယ္အိတ္ထဲမွ ဖုန္းကိုထုတ္လိုက္ေတာ့ အစ္ကိုဆီကမို႔ ဟန္စစ္ ၿပံဳးလိုက္မိသည္။
" အစ္ကို "
တစ္တူတူႏွင့္ ဝင္ေနေသာဖုန္းသံမွာ တိတ္သြားၿပီး အစ္ကိုဆိုတဲ႔ ခ်စ္ရသူေလးရဲ႕ ခ်ိဳသာေသာအသံေၾကာင့္ လင္းခန္႔ႏႈတ္ခမ္းတို႔က မေစခိုင္းပါဘဲ အလိုလိုၿပံဳးမိလွ်က္သားပင္။
" ေျဖႏုိင္လား ဟန္။ အိမ္ေရာ ျပန္ေရာက္ေနၿပီလား "
" ေျဖႏိုင္တယ္ အစ္ကို။ အိမ္လည္းျပန္ေရာက္ေနၿပီ "
" အင္း အခုဘာလုပ္ေနလဲ "
" ကြၽန္ေတာ္လား လွဲအိပ္ေနတယ္ေလ "
" ညေနေစာင္းေနၿပီေလ ဟန္ရဲ႕။ မအိပ္နဲ႔ေတာ့ ေနမေကာင္းျဖစ္လိမ့္မယ္ "
" မအိပ္ပါဘူးဗ်ာ ... အစ္ကိုနဲ႔ ဖုန္းေျပာေနတုန္း ခဏေလးပဲ လွဲအိပ္ေနတာေလ။ ဘယ္သူကအိပ္ေနတယ္ ေျပာလို႔လဲ "
တစ္ဖက္က ထြက္ေပၚလာေသာ စြာတာတာအသံေလးေၾကာင့္ ေျပာေနရင္းစူပုတ္ေနမည့္ ဟန္႔ရဲ႕ မ်က္ႏွာေလးကိုပံုေဖာ္ရင္း သူရယ္ေနမိသည္။ မိမိခ်စ္ရသူေလးက ကိုယ့္အားကိုယ္ကိုးမည္ဟုဆိုကာ အေဝးသင္တက္၍ လုပ္ငန္းခြင္ထဲသာ ဝင္ေနေပမယ့္ ကေလးစိတ္ကေတာ့မကုန္ေသးေပ။ မိမိကလည္း ထိုပံုစံေလးကိုပင္ ခ်စ္ေနရသည္ မဟုတ္ပါလား။
" ဘာရယ္တာလဲ "
မိမိရယ္သံေၾကာင့္ စူေအာင့္ကာေျပာလာေသာေၾကာင့္
" ဘာရယ္မဟုတ္ပါဘူး။ ခုေန ကိုယ့္ခ်စ္သူေလးရဲ႕ ျဖစ္ပ်က္ေနမယ့္ စူပုတ္ပုတ္မ်က္ႏွာေလးကို ျမင္မိတာေၾကာင့္ ရယ္မိတာပါဗ်ာ "
အစ္ကို႔စကားေၾကာင့္ ဟန္စစ္ႏွာေခါင္း႐ႈံကာ
" အက်င့္ပုတ္ႀကီး ...... ေၾသာ္ ဒါနဲ႔ ခရီးထြက္ဖို႔ကိစၥ အေမ့ကိုေျပာၿပီးၿပီ။ အေမက သြားခြင့္ျပဳတယ္ "
" ဟုတ္ပါၿပီဗ်ာ ကိုယ့္ခ်စ္သူက သားအလိမၼာေလးမွန္းသိပါတယ္ဗ်ာ "
" ဟီးး ဒါနဲ႔ ကြၽန္ေတာ္တို႔ ခရီးမွာ အစ္ကိုအံ႔မင္းနဲ႔ ခန္႔ေက်ာ္ကို ေအာင္သြယ္ေပးရေအာင္ "
မိမိႏွင့္အေတြးခ်င္းတူေနေသာ ခ်စ္ရသူေလးေၾကာင့္ ဝမ္းသာသြားရကာ
" ဟားး အႀကံခ်င္းတူ ရန္သူျဖစ္တဲ႔ ဒါမယ့္ ဒီတစ္ခါေတာ့ ကိုယ္တို႔ႏွစ္ေယာက္တူေနတဲ႔အႀကံက ရန္သူမျဖစ္ႏိုင္ဘူး အဲ႔တာေၾကာင့္ လူႀကီးေတြေျပာတဲ႔စကားက တယ္မွန္သကိုး "
" ဘာစကားလဲ "
" အသြင္တူလို႔ အိမ္သူျဖစ္တဲ႔ "
" ဟာဗ်ာ လူႀကီးျဖစ္ၿပီး မဟုတ္တာေတြ ေလွ်ာက္ေျပာေနတယ္ ေတာ္ၿပီ ဖုန္းခ်လိုက္ေတာ့မယ္ တာ့တာ့ "
မိမိႏႈတ္ဆက္တာကိုေတာင္မေစာင့္ ႐ွက္ရမ္းရမ္းကာ ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားသည့္ အ႐ွက္သည္းလြန္းေသာ ခ်စ္သူေလးေၾကာင့္ လင္းခန္႔သေဘာက်စြာ ရယ္မိသည္။
" တစ္ေယာက္ထဲဘာေတြ ဒီေလာက္ေတာင္ သေဘာက်ေနတာလဲ ကိုခန္႔ "
အေနာက္နားကၾကားလိုက္ေသာ စကားသံေၾကာင့္ လင္းခန္႔လွည့္ၾကည့္လိုက္ေတာ့ မိမိကိုၿပံဳးၿပီးၾကည့္ေနေသာ သံစဥ္ကိုေတြ႔လိုက္သည္။ေဟာ့ေပါ့ဆိုင္တြင္ မိမိေျပာခဲ႔ေသာ စကားၾကားၿပီးသည့္ေနာက္ပိုင္း သံစဥ္အျပဳအမူတို႔ မိမိေပၚတြင္ ေျပာင္းလဲလာခဲ႔သည္။ အရင္လို အတင္းဟင္းေတြလိုက္ထည့္ေပးတာမ်ိဳး အရမ္းကိုဂ႐ုတစိုက္႐ွိေပးမ်ိဳးတို႔ မ႐ွိေတာ့ဘဲ မိမိကိုသာမာန္လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္လိုသာ ဆက္ဆံလာေတာ့သည္မို႔ မိမိလည္းသူ႔ကို အလိုက္အထိုက္စကားေျပာျဖစ္လာသည္။ တကယ္တမ္းက် ထိုမိန္းကေလးက ခင္ဖို႔ေကာင္းပါသည္။
" ဒီလိုပါပဲဗ်ာ "
" ကိုခန္႔ ဒီေလာက္ေပ်ာ္ေနပံုေထာက္ရင္ ေသခ်ာပါတယ္။ ကိုခန္႔ေကာင္မေလး မဟုတ္လား "
" မဟုတ္ပါဘူးဗ်ာ။ သံစဥ္က ေနာက္ေတာ့မယ္ "
" မေျပာခ်င္တဲ႔သူကို ဇြတ္မေမးေတာ့ပါဘူး။ ဒါနဲ႔ ကိုခန္႔ ခြင့္တင္ထားတယ္ဆို "
" အင္း ဟုတ္တယ္။ အစ္ကို ဟန္စစ္တို႔နဲ႔ နယ္ဘက္ကို ခရီးသြားမလို႔ "
" ေၾသာ္ ေကာင္းတာေပါ့ ... ဘယ္ဘက္လည္းအစ္ကို "
" မဲလံ ဇုတ္သုတ္ အဲ႔ဘက္သြားျဖစ္မယ္ "
" မဲလံက ဟိုတစ္ေလာက TVမွာလာတဲ႔ ေက်ာက္ပိရဟႏၲာမဟုတ္လား "
" အင္း ဟုတ္တယ္ သံစဥ္။ ဟန္စစ္က အဲ႔ဘက္ကို သြားခ်င္တယ္ေျပာလို႔ "
" ေကာင္းတာေပါ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္သြားၾကပါ႐ွင္။ ျပန္လာရင္ လက္ေဆာင္ေလးေတာ့ မေမ့လာၾကနဲ႔ေနာ္။ ခုေတာ့ သံစဥ္ကို ခြင့္ျပဳပါဦး "
" ေကာင္းပါၿပီဗ်ာ "
နာက်င္တယ္။ ကိုယ္ခ်စ္ျမတ္ႏိုးရတဲ႔ သူတစ္ေယာက္ကို မခ်စ္မႏွစ္သက္ဟန္ေဆာင္ရတာ ပင္ပန္းလွသည္။ သူမ ရင္ေတြလည္း နာက်င္ေနလွၿပီ။ ဘယ္ဘဝရဲ႕ ဝဋ္ေႂကြးေၾကာင့္မ်ား မိမိခ်စ္ရတဲ႔သူမွာ ခ်စ္သူ႐ွိေနရသနည္း။ နာက်င္ေပမယ့္ သူမ မစြန္႔လႊတ္ႏိုင္ပါ။ မိမိခ်စ္ျမတ္ႏိုးရသူက မိမိေ႐ွ႕တြင္ သူခ်စ္ရသူအေၾကာင္းကို ေျပာျပေနစဥ္တခဏက မိမိအတြက္ေတာ့ ဓားထက္ထက္ႏွင့္ သူမရင္ကိုစိမ္ေျပနေျပထိုးခြဲေနသလိုပင္ ခံရခက္လွသည္။ ေၾကာက္လွ်င္လြဲ ရဲလွ်င္မင္းျဖစ္တဲ႔ သူမ တစ္ခါေလာက္ေတာ့ ရဲရင့္ခ်င္သည္။ ကိုခန္႔ကိုပိုင္ဆိုင္ခ်င္မိသည္။ အခ်စ္နဲ႔စစ္မွာ မတရားတာမ႐ွိဆိုသလို ကိုခန္႔ခ်စ္သူေပၚ မတရားဘူးလို႔ သူမ မထင္ခ်င္ပါ။
ယခုေနာက္ပိုင္းတြင္ ကိုခန္႔ကို သူမ,အရင္လို ဂ႐ုတစိုက္နဲ႔ဆက္ဆံေျပာဆိုျခင္း မ႐ွိေတာ့ပါ။ ပံုမွန္ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးအေနႏွင့္သာ သူမ ေနထိုင္ျပဳမူခဲ႔သည္။ ယခင္ကမိမိကို မ်က္ႏွာခ်င္းမဆိုင္မိေအာင္ ေ႐ွာင္႐ွားေနသူက ယခုေတာ့အလိုက္အထိုက္ ေျပာဆိုလာခဲ႔သည္ကေတာ့ သူမတြက္ ေကာင္းေသာရလဒ္တစ္ခုပင္။ ကိုခန္႔အေနႏွင့္ေတာ့ သူမေနာက္ဆုတ္လိုက္သည္လို႔ထင္ေနေပမယ့္ သူမတြက္ေတာ့ သားေကာင္ကိုဖမ္းမည့္က်ားက ေျခတစ္လွမ္းေနာက္ဆုတ္လိုက္ျခင္းသာ ျဖစ္သည္။
အားနာမိေပမယ့္ သူမေနာက္မဆုတ္ခ်င္ေပ။ ကိုခန္႔နာက်င္ခဲ႔မည္ဆိုရင္ ထိုနာက်င္မႈတို႔ေမ့ေပ်ာက္သည္အထိ သူမခ်စ္ျခင္းေမတၱာ၊ ၾကင္နာယုယမႈတို႔နဲ႔ ေမ့ေပ်ာက္ေစမည္။ ယခုေတာ့ မိမိစီစဥ္ထားတဲ႔အတိုင္းသာ ဆက္သြားရန္လိုေတာ့သည္။ အဓိပၸာယ္ေဖာ္၍မရေသာ အၿပံဳးတစ္ပြင့္ကို မ်က္ႏွာထက္ဖန္ဆင္းလိုက္ရင္း လက္ေခ်ာင္းတို႔က ဖုန္းစခရင္တြင္ အလွ်င္အျမန္ေျပးလႊားလိုက္သည္။
~~~~~
Note
အေဖႀကီးဆိုတာ ေဒၚသီရိေႏြရဲ႕အေဖကို ေျပာတာဟုတ္ဘူးေနာ္။ အိမ္ေထာင္ေတြက်လို႔ သားသမီးေတြရရင္ ကိုယ့္အိမ္ေထာင္ဖက္ ခင္ပြန္းကိုေခၚေဝၚသံုးႏႈန္းတဲ႔ အေဖႀကီးကိုေျပာတာ😁😁
ကိုယ့္ficကို အားတက္သေရာနဲ႔ fbမွာ marketingဆင္းေပးေနတဲ႔ ခ်စ္ ေက်းဇူးမ်ားႀကီးတင္ပါတယ္လို႔ 😘😘 ကိုးႏွစ္အ႐ြယ္ကေလးဘဝထဲက အသက္ႏွစ္ဆယ္အ႐ြယ္ထိ ကိုယ္႐ူးသမွ် ကိုယ္ယြသမွ်ကို လိုက္႐ူး လိုက္ယြေပးတဲ႔ ခ်စ္လိုသူငယ္ခ်င္း ပိုင္ဆိုင္ထားရလို႔လဲ အရမ္းဂုဏ္ဆာမိတယ္ 😎😎 btw ေယာက္်ားယူရင္ေျပာထားေနာ္ ခ်စ္က ကိုယ့္အပိုင္လို႔ 😉😉 hee hee
wpမွာ ficေၾကာ္ျငာေပးတဲ႔ Author John ကိုလည္း ေက်းဇူးတင္ပါတယ္ 😊😊
ခ်စ္ေသာ💕💕
Coral
-
-------------------------------------------
Part(16)
" အမေ သား ပြန်ရောက်ပြီ "
" ဖြေနိုင်လား သားငယ် "
" ဟုတ်ကဲ့ အမေ သားဖြေနိုင်တယ် "
" အမေ့သားလေး ဒီလောက်ချွဲနေပုံထောက်ရင် ဘာများ ပူဆာမလို့လဲ ပြောပါဦး "
ခါးကိုဖက်ကာ ပခုံးကိုခေါင်းလေးမှီ၍ ချွဲနေသောသားငယ်လေးကြောင့် ဒေါ်သီရိနွေပြုံးကာ မေးလိုက်ခြင်းဖြစ်သည်။
" အာ မေမေကလည်း ပူဆာမလို့ ဟုတ်ပါဘူး။ သား ခွင့်တောင်းမလို့ပါ "
" ဘာတွေများ ခွင့်တောင်းမလို့လဲ သားငယ် "
" သား သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ချင်လို့။ အဲ့တာ သွားလို့ရလားဟင် "
" သား သွားချင်တယ်မဟုတ်လား "
သူမအမေးကို ခေါင်းတစ်ဆတ်ဆတ် ညိမ့်ပြနေသော သားငယ်ကိုကြည့်ကာ ဒေါ်သီရိနိုင် သက်ပြင်းခပ်ဖွဖွသာချလိုက်မိသည်။ သားငယ်လေးကို မိသားစုမပါဘဲ တစ်ယောက်ထဲ ခရီးမထွက်စေချင်ပေမယ့် မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေသော သားဖြစ်သူကို ကြည့်ကာ
" ဘယ်နှစ်ရက် ကြာမှာလဲ သား "
" လေး ငါး ရက်လောက်ပါပဲ "
" သား လိုက်သွားချင်သွားလေ။ သူငယ်ချင်းတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် အသံတော့ အမေ မကြားချင်ဘူးနော် "
" Yes, sir "
အလေးပြုသည့်ပုံစံလေးလုပ်ပြ၍ ပြောနေသော သားဖြစ်သူကို ကြည့်ကာ ဒေါ်သီရိနိုင် ရယ်လိုက်ကာ
" လိုချင်တာရသွားတော့ လေသံကတစ်မျိုးပါလား "
" မေမေကလည်း ...... "
စူပုတ်သွားသောသားဖြစ်သူရဲ့ မျက်နှာကြောင့် နှဖူးကိုမနာအောင်ထုလိုက်ပြီး
" ဘယ်သူတွေနဲ့ သွားကြမှာလဲ သား "
" ခန့်ကျော်ရယ် ကျွန်တော်ရယ် နောက်အစ်ကိုသုံးယောက်လဲ ပါတယ်အမေ "
" ဘယ်နေ့သွားကြမှာလဲ။ သားမှာ မုန့်ဖိုးရော ရှိသေးလား "
" သန်ဖက်ခါလောက်မှ သွားဖြစ်မယ်ထင်တယ် မေမေ။ သားမှာ မုန့်ဖိုးက ရှိပါသေးတယ် မေမေရဲ့။ သား အဝတ်အစားသွားလဲလိုက်ဦးမယ် "
" အေး အေး။ မုန့်ဖိုးရှိလည်း လိိုလိုမယ်မယ်ယူသွား ခရီးထွက်မယ်ဆိုတော့ ပိုက်ဆံပိုပါသွားတာ ကောင်းတာပေါ့ "
" ဟုတ်ကဲ့ "
ခေါင်းညိတ်ပြလိုက်တော့ ချက်ချင်းထကာ ပြေးသွားပြီးနောက် ပြန်ပြေးလာကာ သူမပါးကိုနမ်း၍ အိမ်ထဲဝင်သွားသော သားရဲ့နောက်ကျောကိုကြည့်၍ ပြုံးမိသည်။ ထိုအပြုအမူက ငယ်ငယ်လေးထဲက ခုထိမပျောက်သေးပေ။ ညအိပ်ယာဝင်ချိန်တိုင်းဖြစ်စေ၊ အပြင်သွားတိုင်းဖြစ်စေ၊ အပြင်ကပြန်လာတိုင်းဖြစ်စေ အမေဖြစ်သူရဲ့ပါးကို အမြဲနမ်းတတ်လေသည်။ သားနဲ့ရွယ်တူကလေးလေးတွေက လူပျိုလေးတွေလုပ်ပြီး သမီးရည်းစားသနာထားနေချိန် မိမိသားမှာတော့ ကလေးစိတ်မကုန်သေးပေ။ ထိုကြောင့်လည်း သူမ အချစ်ပိုရလေသည်။
သားငယ် ငါးတန်းတက်တဲ့နှစ်က အက်စီးဒန့်တစ်ခုဖြင့် အဖေကြီးဆုံးပါးသွားခဲ့သည်။ ထိုအချိန်က သောကမီးကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မိမိမှာကလေးနှစ်ယောက်နှင့် အတော်လေးဒုက္ခရောက်ခဲ့သည်။ အဆင်မပြေတဲ့ အချိန်တွင် လူတွေရဲ့စိတ်ကို ပို၍သိနိုင်သည်ဆိုတဲ့ စကားကအတော်မှန်လေသည်။ အဖေကြီးဆုံးပါးသွားတဲ့အချိန် မိမိတို့မိသားစုဒုက္ခရောက်နေခိုက် အကူအညီပေးချင်သူထက် ဝေးဝေးရှောင်နေချင်ကြတဲ့သူက ပိုများသည်။ ထိုသူတို့ကို အပြစ်မတင်မိပေမယ့် အနည်းငယ်တော့ သူမစိတ်မကောင်းဖြစ်မိသည်။
အဖေကြီးရဲ့ညီ ဦးငယ်လေးအကူအညီနဲ့ အဖေကြီးရှိစဉ်က သူမ,စုဆောင်းထားသော လက်ဝတ်လက်စားအချို့ကို ထုခွဲရောင်းချကာ ယခုလိုကုန်စုံဆိုင်လေးတည်ကာ ကလေးနှစ်ယောက်နဲ့သူမ အနာဂတ်အတွက် သူမအလုပ်လုပ်ခဲ့သည်။ မိမိတို့မိသားစုလေးက မချမ်းသာပေမယ့်လည်း သားနှင့်သမီးကို မျက်နှာမငယ်အောင် သူမ,ထားနိုင်ခဲ့သည်။ အိမ်အလုပ်တစ်ဖက် ဆိုင်တစ်ဖက်နှင့်မို့ သားနှင့်သမီးနဲ့အတူ အရင်လိုနီးနီးကပ်ကပ်မနေဖြင့်ပေမယ့် နှစ်ယောက်လုံးက လိမ္မာရေးခြားရှိတာမို့ သူမစိတ်ချမ်းသာရသည်။ ဘာလိုလိုနဲ့ အဖေကြီးဆုံးတာ ခြောက်နှစ်တောင်ပြည့်တော့မည်။
" အန်တီ မျက်လုံးနှစ်ထုပ်ပေးပါ "
ဝယ်သူကလေးမလေးရဲ့အသံကြောင့် မျောလွင့်နေသောအတိတ်တစ်ချို့မှ လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာကာ ပါးပြင်ပေါ်တွင် စီးကျနေသော မျက်ရည်အချို့ကိုသုတ်လိုက်ရင်း
" အေး သမီး မျက်လုံးနှစ်ထုပ်ပဲလား တစ်ခြားရော ပါသေးလား "
~~~~~~~
ဆွဲလက်စဒီဇိုင်းတို့ကို လက်စသတ်၍ ခါးကျောတစ်ချက်ဆန့်ကာ ရုံးခန်းထဲမှ အပြင်သို့ထွက်လာလိုက်သည်။ ပြတင်းပေါက်နားတွင် ကျောမှီ၍ရပ်လိုက်ကာ အသင့်ယူလာသော ဆေးလိပ်ဗူးထဲမှတစ်လိပ်ထုတ်၍ မီးညှိကာ တစ်ရှိုက်ဖွာလိုက်သည်။
ဒီနေ့က ဟန်တို့စာမေးပွဲနောက်ဆုံးနေ့ပင်။ စာမေးပွဲပြီးလို့ ရုပ်ရှင်သွားကြည့်ကြမည်ဆိုကာ မိမိကိုခေါ်ပေမယ့် အလုပ်မအားတာမို့ သူ မလိုက်ဖြစ်ပေ။ ဟန်နဲ့အတူ ခရီးသွားကြဦးမှာမို့ ဒီနေ့လေးတော့ သူကြိတ်မှိတ်ကာ အလုပ်ကိုသာလာခဲ့လိုက်သည်။ ဟိုကောင်အံ့မင်းကတော့ ဒီနေ့ကလေးနှစ်ယောက်နဲ့အတူ ပါသွားမှာတော့ ကျိန်းသေသည်။ အံ့သြဖို့ကောင်းပဲပြောရမလား၊တိုက်ဆိုင်သည်ပဲပြောရမလား မသိပေ။ မိမိတို့ကိုပြောပြသည့် သူရဲ့ပီကာကျူးလေးက ဟန့်ရဲ့သူငယ်ချင်း ခန့်ကျော်ဖြစ်နေသည်။
ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုသလိုပင် ဟန်တို့ကျောင်းတက်ရက် ၁၆ရက်လုံး အကြိုအပို့မလုပ်သည့်ရက်မှာ မရှိပေ။ သူ့ဟာလေးကလည်း ငဂျစ်လေး။ မိမိသူငယ်ချင်း Playboyကြီးကတော့ ထိုကောင်လေးနှင့်တွေ့မှ အချေခံနေရတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိသူငယ်ချင်း ထိုကောင်လေးနဲ့ အတည်ဖြစ်ဖို့အတွက် ချစ်ရသူလေးကို အကူအညီတောင်းမှဖြစ်တော့မည်။ သူများကို ကူညီတာ ကုသိုလ်ရပါတယ်လေ။
လင်းခန့်တွေးနေရင်း လက်ကနာရီကိုကြည့်လိုက်တော့ သုံးနာရီတောင်ထိုးတော့မည်။ အင်း ဒီအချိန်ဆို ဟန်အိမ်ပြန်ရောက်နေလောက်ပါပြီ။ ထို့နောက် ဖုန်းကိုထုတ်၍ contantထဲမှ ဟန်နာမည်လေးကိုနှိပ်လိုက်သည်။
ဖုန်းမြည်သံကြောင့် ဝတ်လက်စ စပို့ရှပ်အကျႌကိုအမြန်ဝတ်လိုက်ကာ လွယ်အိတ်ထဲမှ ဖုန်းကိုထုတ်လိုက်တော့ အစ်ကိုဆီကမို့ ဟန်စစ် ပြုံးလိုက်မိသည်။
" အစ်ကို "
တစ်တူတူနှင့် ဝင်နေသောဖုန်းသံမှာ တိတ်သွားပြီး အစ်ကိုဆိုတဲ့ ချစ်ရသူလေးရဲ့ ချိုသာသောအသံကြောင့် လင်းခန့်နှုတ်ခမ်းတို့က မစေခိုင်းပါဘဲ အလိုလိုပြုံးမိလျှက်သားပင်။
" ဖြေနိုင်လား ဟန်။ အိမ်ရော ပြန်ရောက်နေပြီလား "
" ဖြေနိုင်တယ် အစ်ကို။ အိမ်လည်းပြန်ရောက်နေပြီ "
" အင်း အခုဘာလုပ်နေလဲ "
" ကျွန်တော်လား လှဲအိပ်နေတယ်လေ "
" ညနေစောင်းနေပြီလေ ဟန်ရဲ့။ မအိပ်နဲ့တော့ နေမကောင်းဖြစ်လိမ့်မယ် "
" မအိပ်ပါဘူးဗျာ ... အစ်ကိုနဲ့ ဖုန်းပြောနေတုန်း ခဏလေးပဲ လှဲအိပ်နေတာလေ။ ဘယ်သူကအိပ်နေတယ် ပြောလို့လဲ "
တစ်ဖက်က ထွက်ပေါ်လာသော စွာတာတာအသံလေးကြောင့် ပြောနေရင်းစူပုတ်နေမည့် ဟန့်ရဲ့ မျက်နှာလေးကိုပုံဖော်ရင်း သူရယ်နေမိသည်။ မိမိချစ်ရသူလေးက ကိုယ့်အားကိုယ်ကိုးမည်ဟုဆိုကာ အဝေးသင်တက်၍ လုပ်ငန်းခွင်ထဲသာ ဝင်နေပေမယ့် ကလေးစိတ်ကတော့မကုန်သေးပေ။ မိမိကလည်း ထိုပုံစံလေးကိုပင် ချစ်နေရသည် မဟုတ်ပါလား။
" ဘာရယ်တာလဲ "
မိမိရယ်သံကြောင့် စူအောင့်ကာပြောလာသောကြောင့်
" ဘာရယ်မဟုတ်ပါဘူး။ ခုနေ ကိုယ့်ချစ်သူလေးရဲ့ ဖြစ်ပျက်နေမယ့် စူပုတ်ပုတ်မျက်နှာလေးကို မြင်မိတာကြောင့် ရယ်မိတာပါဗျာ "
အစ်ကို့စကားကြောင့် ဟန်စစ်နှာခေါင်းရှုံကာ
" အကျင့်ပုတ်ကြီး ...... သြော် ဒါနဲ့ ခရီးထွက်ဖို့ကိစ္စ အမေ့ကိုပြောပြီးပြီ။ အမေက သွားခွင့်ပြုတယ် "
" ဟုတ်ပါပြီဗျာ ကိုယ့်ချစ်သူက သားအလိမ္မာလေးမှန်းသိပါတယ်ဗျာ "
" ဟီးး ဒါနဲ့ ကျွန်တော်တို့ ခရီးမှာ အစ်ကိုအံ့မင်းနဲ့ ခန့်ကျော်ကို အောင်သွယ်ပေးရအောင် "
မိမိနှင့်အတွေးချင်းတူနေသော ချစ်ရသူလေးကြောင့် ဝမ်းသာသွားရကာ
" ဟားး အကြံချင်းတူ ရန်သူဖြစ်တဲ့ ဒါမယ့် ဒီတစ်ခါတော့ ကိုယ်တို့နှစ်ယောက်တူနေတဲ့အကြံက ရန်သူမဖြစ်နိုင်ဘူး အဲ့တာကြောင့် လူကြီးတွေပြောတဲ့စကားက တယ်မှန်သကိုး "
" ဘာစကားလဲ "
" အသွင်တူလို့ အိမ်သူဖြစ်တဲ့ "
" ဟာဗျာ လူကြီးဖြစ်ပြီး မဟုတ်တာတွေ လျှောက်ပြောနေတယ် တော်ပြီ ဖုန်းချလိုက်တော့မယ် တာ့တာ့ "
မိမိနှုတ်ဆက်တာကိုတောင်မစောင့် ရှက်ရမ်းရမ်းကာ ပြောချင်တာပြောပြီး ဖုန်းချသွားသည့် အရှက်သည်းလွန်းသော ချစ်သူလေးကြောင့် လင်းခန့်သဘောကျစွာ ရယ်မိသည်။
" တစ်ယောက်ထဲဘာတွေ ဒီလောက်တောင် သဘောကျနေတာလဲ ကိုခန့် "
အနောက်နားကကြားလိုက်သော စကားသံကြောင့် လင်းခန့်လှည့်ကြည့်လိုက်တော့ မိမိကိုပြုံးပြီးကြည့်နေသော သံစဉ်ကိုတွေ့လိုက်သည်။ဟော့ပေါ့ဆိုင်တွင် မိမိပြောခဲ့သော စကားကြားပြီးသည့်နောက်ပိုင်း သံစဉ်အပြုအမူတို့ မိမိပေါ်တွင် ပြောင်းလဲလာခဲ့သည်။ အရင်လို အတင်းဟင်းတွေလိုက်ထည့်ပေးတာမျိုး အရမ်းကိုဂရုတစိုက်ရှိပေးမျိုးတို့ မရှိတော့ဘဲ မိမိကိုသာမာန်လုပ်ဖော်ကိုင်ဖက်တစ်ယောက်လိုသာ ဆက်ဆံလာတော့သည်မို့ မိမိလည်းသူ့ကို အလိုက်အထိုက်စကားပြောဖြစ်လာသည်။ တကယ်တမ်းကျ ထိုမိန်းကလေးက ခင်ဖို့ကောင်းပါသည်။
" ဒီလိုပါပဲဗျာ "
" ကိုခန့် ဒီလောက်ပျော်နေပုံထောက်ရင် သေချာပါတယ်။ ကိုခန့်ကောင်မလေး မဟုတ်လား "
" မဟုတ်ပါဘူးဗျာ။ သံစဉ်က နောက်တော့မယ် "
" မပြောချင်တဲ့သူကို ဇွတ်မမေးတော့ပါဘူး။ ဒါနဲ့ ကိုခန့် ခွင့်တင်ထားတယ်ဆို "
" အင်း ဟုတ်တယ်။ အစ်ကို ဟန်စစ်တို့နဲ့ နယ်ဘက်ကို ခရီးသွားမလို့ "
" သြော် ကောင်းတာပေါ့ ... ဘယ်ဘက်လည်းအစ်ကို "
" မဲလံ ဇုတ်သုတ် အဲ့ဘက်သွားဖြစ်မယ် "
" မဲလံက ဟိုတစ်လောက TVမှာလာတဲ့ ကျောက်ပိရဟန္တာမဟုတ်လား "
" အင်း ဟုတ်တယ် သံစဉ်။ ဟန်စစ်က အဲ့ဘက်ကို သွားချင်တယ်ပြောလို့ "
" ကောင်းတာပေါ့ ပျော်ပျော်ရွှင်ရွှင်သွားကြပါရှင်။ ပြန်လာရင် လက်ဆောင်လေးတော့ မမေ့လာကြနဲ့နော်။ ခုတော့ သံစဉ်ကို ခွင့်ပြုပါဦး "
" ကောင်းပါပြီဗျာ "
နာကျင်တယ်။ ကိုယ်ချစ်မြတ်နိုးရတဲ့ သူတစ်ယောက်ကို မချစ်မနှစ်သက်ဟန်ဆောင်ရတာ ပင်ပန်းလှသည်။ သူမ ရင်တွေလည်း နာကျင်နေလှပြီ။ ဘယ်ဘဝရဲ့ ဝဋ်ကြွေးကြောင့်များ မိမိချစ်ရတဲ့သူမှာ ချစ်သူရှိနေရသနည်း။ နာကျင်ပေမယ့် သူမ မစွန့်လွှတ်နိုင်ပါ။ မိမိချစ်မြတ်နိုးရသူက မိမိရှေ့တွင် သူချစ်ရသူအကြောင်းကို ပြောပြနေစဉ်တခဏက မိမိအတွက်တော့ ဓားထက်ထက်နှင့် သူမရင်ကိုစိမ်ပြေနပြေထိုးခွဲနေသလိုပင် ခံရခက်လှသည်။ ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ်တဲ့ သူမ တစ်ခါလောက်တော့ ရဲရင့်ချင်သည်။ ကိုခန့်ကိုပိုင်ဆိုင်ချင်မိသည်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဆိုသလို ကိုခန့်ချစ်သူပေါ် မတရားဘူးလို့ သူမ မထင်ချင်ပါ။
ယခုနောက်ပိုင်းတွင် ကိုခန့်ကို သူမ,အရင်လို ဂရုတစိုက်နဲ့ဆက်ဆံပြောဆိုခြင်း မရှိတော့ပါ။ ပုံမှန် လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေနှင့်သာ သူမ နေထိုင်ပြုမူခဲ့သည်။ ယခင်ကမိမိကို မျက်နှာချင်းမဆိုင်မိအောင် ရှောင်ရှားနေသူက ယခုတော့အလိုက်အထိုက် ပြောဆိုလာခဲ့သည်ကတော့ သူမတွက် ကောင်းသောရလဒ်တစ်ခုပင်။ ကိုခန့်အနေနှင့်တော့ သူမနောက်ဆုတ်လိုက်သည်လို့ထင်နေပေမယ့် သူမတွက်တော့ သားကောင်ကိုဖမ်းမည့်ကျားက ခြေတစ်လှမ်းနောက်ဆုတ်လိုက်ခြင်းသာ ဖြစ်သည်။
အားနာမိပေမယ့် သူမနောက်မဆုတ်ချင်ပေ။ ကိုခန့်နာကျင်ခဲ့မည်ဆိုရင် ထိုနာကျင်မှုတို့မေ့ပျောက်သည်အထိ သူမချစ်ခြင်းမေတ္တာ၊ ကြင်နာယုယမှုတို့နဲ့ မေ့ပျောက်စေမည်။ ယခုတော့ မိမိစီစဉ်ထားတဲ့အတိုင်းသာ ဆက်သွားရန်လိုတော့သည်။ အဓိပ္ပာယ်ဖော်၍မရသော အပြုံးတစ်ပွင့်ကို မျက်နှာထက်ဖန်ဆင်းလိုက်ရင်း လက်ချောင်းတို့က ဖုန်းစခရင်တွင် အလျှင်အမြန်ပြေးလွှားလိုက်သည်။
~~~~~
Note
အဖေကြီးဆိုတာ ဒေါ်သီရိနွေရဲ့အဖေကို ပြောတာဟုတ်ဘူးနော်။ အိမ်ထောင်တွေကျလို့ သားသမီးတွေရရင် ကိုယ့်အိမ်ထောင်ဖက် ခင်ပွန်းကိုခေါ်ဝေါ်သုံးနှုန်းတဲ့ အဖေကြီးကိုပြောတာ😁😁
ကိုယ့်ficကို အားတက်သရောနဲ့ fbမှာ marketingဆင်းပေးနေတဲ့ ချစ် ကျေးဇူးများကြီးတင်ပါတယ်လို့ 😘😘 ကိုးနှစ်အရွယ်ကလေးဘဝထဲက အသက်နှစ်ဆယ်အရွယ်ထိ ကိုယ်ရူးသမျှ ကိုယ်ယွသမျှကို လိုက်ရူး လိုက်ယွပေးတဲ့ ချစ်လိုသူငယ်ချင်း ပိုင်ဆိုင်ထားရလို့လဲ အရမ်းဂုဏ်ဆာမိတယ် 😎😎 btw ယောက်ျားယူရင်ပြောထားနော် ချစ်က ကိုယ့်အပိုင်လို့ 😉😉 hee hee
wpမှာ ficကြော်ငြာပေးတဲ့ Author John ကိုလည်း ကျေးဇူးတင်ပါတယ် 😊😊
ချစ်သော💕💕
Coral