တစ္ရံေရာအခါ.....

By SmileSmile553

59.7K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... More

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 13 )

956 54 5
By SmileSmile553

မနက္ေက်ာင္းလာထဲက မ်က္ႏွာမေကာင္းေသာ မိမိအားခန္႔ေက်ာ္က ဘာျဖစ္ေနတာလဲ ေနမေကာင္းလို႔လား ေမးေတာ့ ဘာမွမျဖစ္ပါဘူးဟုသာ ျပန္ေျပာ၍ သူေခါင္းခါမိသည္။ အမွန္ေတာ့ ညက အစ္ကိုနဲ႔ စကားေျပာေနရင္း မနက္က် ေက်ာင္းစတက္ရေတာ့မွာ အစ္ကိုေက်ာင္းလိုက္ခဲ႔ဦးမလားလို႔ေမးေတာ့

မနက္က်အစည္းအေဝး႐ွိတယ္ ကိုယ္မလိုက္ျဖစ္ေတာ့ဘူး ဟန္

ဆိုတဲ႔ အစ္ကို႔ျပန္စာေၾကာင့္ သူစိတ္မေကာင္းေတာ့ျဖစ္မိေပမယ့္ ဘာမွမျဖစ္သလိုသာ သူဟန္ေဆာင္ေနခဲ႔သည္။ အစ္ကို႔ကို မိမိေၾကာင့္ စိတ္မဆင္းရဲေစခ်င္ပါ။

စာသင္ခန္းထဲ စာသင္ေနရင္း vibrate လုပ္ထားေသာ မိမိဖုန္းမွတုန္ခါလာတာေၾကာင့္ ၾကည့္လိုက္ေတာ့ messageတစ္ေစာင္ ဝင္လာျခင္းျဖစ္သည္။ Telenorကပဲ ပို႔တာေနမွာပဲဟု မၾကည့္ေတာ့ဖို႔ ဆံုးျဖတ္လိုက္ေပမယ့္ မသိစိတ္က ၾကည့္ဖို႔တိုက္တြန္းေနတာေၾကာင့္ မေစခိုင္းပါပဲ လက္တို႔က ဖြင့္ၾကည့္လိုက္ျဖစ္သည္။

ဟန္ ကိုယ္ေက်ာင္းေရာက္ေနၿပီ။ ေညာင္နီမွာ ေစာင့္ေနမယ္

ျမင္လိုက္ရေသာစာေၾကာင့္ တစ္မနက္ခင္းလံုး စိတ္ညစ္ခဲ႔သမွ်က ယူပစ္သလိုကို ေပ်ာက္သြားမိသည္။ ဒါဆို အစ္ကိုလိုက္လာတာေပါ့။ ဟီးးး ေပ်ာ္လိုက္တာ။

ဟုတ္ကဲ႔ အစ္ကို ကြၽန္ေတာ္ အတန္းၿပီးရင္ ထြက္လာခဲ႔မယ္

ဟန္စစ္စာျပန္ၿပီး လက္ကနာရီကိုၾကည့္လိုက္ေတာ့ ၁၁ခြဲၿပီ။ နာရီဝက္သာလိုေတာ့ေသာ ေက်ာင္းဆင္းဘဲလ္သံျမည္မည့္အခ်ိန္ကိုသာ ေစာင့္ေနမိသည္။ ဆရာမစာသင္တာကို နားေထာင္ေနေပမယ့္ မ်က္လံုးက လက္ကနာရီဆီကိုသာ ခဏခဏေရာက္ေနမိသည္။တျဖည္းည္းျဖည္းနဲ႔ေ႐ြ႕ေနေသာ စကၠန္႔တံကိုၾကည့္ေနရင္း ယခုေတာ့ ငါးမိနစ္သာလိုေတာ့သည္။ ငါးမိနစ္ဟူေသာ အခ်ိန္က ယခုအခါတြင္ တစ္နာရီနီးပါးေလာက္ ၾကာေနသလိုပင္။ ထိုစဥ္

ကလင္ ကလင္ ………

ေစာင့္ေမွ်ာ္ေနေသာ ေက်ာင္းဆင္းဘဲလ္တီးသံေၾကာင့္ ဟန္ပင္မေဆာင္ႏိုင္ေတာ့ပါ။ စားပြဲေပၚက စာအုပ္တို႔ကို အျမန္ေကာက္သိမ္းကာ ေဘးနားက ခန္႔ေက်ာ္ကို ပခံုးပုတ္၍

" ေဟ်ာင့္ သိမ္းသိမ္း အျမန္သိမ္း ျမန္ျမန္ ငါဗိုက္ဆာေနၿပီကြ "

အစ္ကို႔ကိုေတြ႕ခ်င္တာကေတာ့ ေတြ႕ခ်င္တာေပါ့။ ဒါေပမယ့္လည္း ဟန္ကိုယ္ဖို႔ထားရမည္ မဟုတ္လား။ ဒါေပမယ့္ ခန္႔ေက်ာ္ ျပန္ေမးလိုက္တဲ႔ စကားေၾကာင့္ ဟန္စစ္ ႐ွက္ရမ္းရမ္းကာ ဘုေတာေတာလိုက္မိသည္။

" မင္း ဗိုက္ဆာတာေရာ ဟုတ္လို႔လား အစ္ကို လင္းခန္႔ကို ေတြ႕ခ်င္လို႔ မဟုတ္လား "

" ေအး ဟုတ္တယ္ ဟုတ္တယ္ မင္းေျပာသလိုပဲ။ ရၿပီမဟုတ္လား။ ထကြာ အျပင္ေရာက္မွ လြယ္အိတ္ဇတ္ပိတ္ေတာ့ "

႐ွက္ရမ္းရမ္းကာ ေဘာက္ဆတ္ဆတ္နဲ႔ ျပန္ေျဖေနေသာ ဟန္စစ္ကို ၾကည့္ကာ ခန္႔ေက်ာ္ၿပံဳးလိုက္မိသည္။

" ေဟ်ာင့္ ေျဖးေျဖးသြားပါကြ အစ္ကိုလင္းခန္႔က ထြက္မေျပးပါဘူး "

" ငါက အရမ္းလြမ္းေနၿပီေလကြာ အရမ္းကိုေတြ႕ခ်င္ေနၿပီ "

မ်က္ႏွာေသႏွင့္ၾကည့္ကာ မ်က္ႏွာကို ႐ႈံ႕မဲ႔ ႐ႈံ႕မဲ႔လုပ္ျပ၍ မိမိကိုတမင္႐ြဲ႕ကာေျဖလာေသာ ဟန္စစ္အေျဖေၾကာင့္ ခန္႔ေက်ာ္ ရယ္ခ်င္စိတ္ကို ၿမိဳသိပ္ကာ

" ဒါမ်ား ဗိုက္ဆာတယ္က လုပ္ေနေသးတယ္ "

" ဖုန္း "

မိမိကို တမင္လိုက္စေနေသာ ခန္႔ေက်ာ္၏ပခံုးကို မညွာမတာ႐ိုက္ခ်ပလိုက္သည္။ ဒီေကာင္က မိမိ ဘယ္ေလာက္႐ိုက္႐ိုက္ မမွတ္သည့္ေကာင္။ တစ္ခါတစ္ခါ ဒီေကာင့္ အသားေတြက မနာတတ္တာလား မိမိ႐ိုက္တာက မနာတာလားလို႔ စဥ္းစားမိသည္။

" အားးး နာတယ္ ဟန္စစ္ရ မင္းကြာ မညွာမတာ ငါ့အသားကို "

ေၾသာ္ နာတတ္ေသးတယ္ေပါ့

ဟန္စစ္တစ္ခ်က္ မ်က္လံုးေစြၾကည့္လိုက္ကာ

" မင္းအသားမို႔ ငါ႐ိုက္တာေပါ့ ငါ့အသားဆို ႐ိုက္မလား "

" ေအးပါကြာ ငါပဲ မွားပါတယ္ "

နာသြားေသာပခံုးကို ပြတ္ကာ မ်က္ႏွာ႐ႈံ႕မဲ႔႐ႈံ႕မဲ႔ႏွင့္ ခန္႔ေက်ာ္ေျပာလိုက္သည္။ အရင္ဘဝက ဒီေကာင္ေပၚဘာမ်ား လုပ္ထားလို႔လဲမသိ ဒီေကာင္နဲ႔ေတြ႕တိုင္း ႐ိုက္ခံရၿမဲ။ တစ္ခုခုဆို စကားထက္လက္ကအရင္။ အစ္ကိုလင္းခန္႔ေတာ့ သူ႔ကို ဘယ္လိုသည္းခံလဲမသိေပ။

ေက်ာင္းဂိတ္ဝေရာက္ေတာ့ ပဲျပားေတြစီကာစီကာ တစ္ခုေပၚတစ္ခုထပ္၍ ထား,ထားေသာလင္ဗန္းကိုၾကည့္ကာ ခန္႔ေက်ာ္သေရက်လာသည္။ ဟန္စစ္ကို တစ္ခ်က္ၾကည့္ကာ

" ဟန္စစ္ မင္းအရင္သြားႏွင့္ ငါ ပဲျပားအစာသြပ္ဝယ္လိုက္ဦးမယ္ "

" တူတူသြားမယ္ေလ ငါေစာင့္ပါ့မယ္ "

ေစာင့္မယ္ဆိုေသာ ဟန္စစ္ေၾကာင့္ ပဲျပာအစာသြပ္သည္ကို ၾကည့္လိုက္ေတာ့ အမယ္ေလး နည္းလိုက္တဲ႔ လူေတြ ၿပံဳေနတာပဲ။ ေစာင့္ရတာ ၾကာရင္ ဒီေကာင္က ပြစိ ပြစိ လုပ္ဦးမည္။

" သြားပါကြာ ဒီမွာက ၾကာဦးမယ္ ထင္တယ္။ အစ္ကိုလင္းခန္႔ ေစာင့္ေနရတာ အားနာစရာႀကီး သြားႏွင့္ ငါဝယ္ၿပီးလိုက္ခဲ႔မယ္ "

" ေအး ငါသြားေတာ့မယ္ "

ခန္႔ေက်ာ္ကိုေျပာၿပီး ဟန္စစ္ထြက္လာလိုက္၍ ကားလမ္းကူးၿပီး တစ္ဖက္သို႔အေရာက္ ဆိုင္ထဲမွ မိမိကို လက္ေဝွ႔ရမ္းျပေနေသာ အစ္ကို႔ေၾကာင့္ သူၿပံဳးလိုက္မိသည္။ အေနေအးလြန္းေသာ အစ္ကို႔ေၾကာင့္ တစ္ခါတစ္ခါ မိမိကို တစ္ကယ္မွခ်စ္ရဲ႕လားလို႔ သံသယစိတ္ဝင္မိေပမယ့္ ခုလို အလိုက္သိတဲ႔အခ်ိန္က်ေတာ့လည္း ငါ့ကိုခ်စ္သားပဲဆိုၿပီး ၾကည္ႏူးရျပန္သည္။ အစ္ကိုတို႔ စားပြဲဝိုင္းကို ဟန္စစ္ေလွ်ာက္လာလိုက္ၿပီး အစ္ကိုအံ႔မင္းကိုပါ ေတြ႕တာေၾကာင့္

" အစ္ကိုအံ႔မင္းပါ လိုက္လာတာလား "

" ဘာလဲ ဟန္စစ္က အစ္ကို႔ကို မလိုက္ခဲ႔ေစခ်င္လို႔လား "

" အာ မဟုတ္ပါဘူးဗ်ာ ကြၽန္ေတာ္က အဲ႔သေဘာနဲ႔ ေျပာတာ မဟုတ္ပါဘူး "

မိမိအေမးကို ေခါင္းခါ လက္ခါနဲ႔ ေျဖေနေသာ ဟန္စစ္ကိုၾကည့္ၿပီး ၿပံဳးလိုက္မိသည္။ ဒါေၾကာင့္လည္း ငါ့ေကာင္ႀကီးက အသည္းစြဲျဖစ္ေနတာကိုး။

အံ႔မင္းအေမးကို ေခါင္းတစ္ခါခါလက္တစ္ခါခါႏွင့္ ေျဖေနေသာ ဟန္႔ကို ၾကည့္ကာ အသည္းယားလာမိသည္။ ဟန္႔ဆံပင္ေတြကို လက္ေခ်ာင္းမ်ားျဖင့္ ခပ္ဖြဖြက်ီစယ္လိုက္ေတာ့ မ်က္ႏွာစူပုတ္ကာ ၾကည့္လာၿပီး မိမိလက္ကို တြန္းထုတ္လိုက္ေလသည္။ ၿပီးေတာ့ ၾကာလိုက္ရေသာ စကားတစ္ခြန္းေၾကာင့္ မိမိေရာ အံ႔မင္းပါ ခပ္တိုးတိုးရယ္မိသည္။

" ဟာဗ်ာ သူမ်ား ေသခ်ာ႐ႈိးထုတ္ထားတာကို လိုက္ဖြေနတယ္။ ကြၽန္ေတာ္ ၾကည့္ေကာင္းတာ အစ္ကို မနာလိုျဖစ္ေနတာလား "

" အင္း ဟုတ္တယ္ ကို႔ခ်စ္သူေလးက ၾကည့္ေကာင္းေနေတာ့ တစ္ျခားသူေတြ ၾကည့္မွာကို မနာလိုျဖစ္တာေပါ့ "

" ဟာဗ်ာ "

အနားကပ္ကာ ခပ္တိုးတိုးေျပာလိုက္ေသာ သူ႔စကားေၾကာင့္႐ွက္သြားေသာ ဟန္႔ကိုၾကည့္ကာ ခပ္ဟဟရယ္မိသည္။ ဒီကေလးေလးကိုက အ႐ွက္အေၾကာက္ႀကီးတာပါ။

ေ႐ွ႕က လင္လင္ႏွစ္ေကာင္ကိုၾကည့္၍ အံ႔မင္း လုပ္ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။

" အဟမ္း ငါ႐ွိတာလဲ မေမ့ၾကနဲ႔ဦးေနာ္ "

" အာ အစ္ကိုအံ႔မင္းကလည္းဗ်ာ "

အံ႔မင္းစကားေၾကာင့္ ေခါင္းကုတ္လိုက္ လည္ပင္းကုတ္လိုက္ႏွင့္ အလုပ္႐ႈပ္သြားေသာ ဟန္႔ကိုၾကည့္၍ သူတို႔ႏွစ္ေယာက္ ရယ္မိၾကသည္။
႐ွက္ေနေသာ ခ်စ္သူေလးကို အ႐ွက္ေျပေအာင္ စားပြဲထိုးေကာင္ေလးတစ္ေယာက္ကို ေခၚ၍ မီႏူးကဒ္ေတာင္းၿပီး ဟန္႔ကို ေပးလိုက္ၿပီး

" ဟန္ ဘာစားမလဲ မွာေလ "

မိမိစကားကို ေခါင္းေလးညိတ္ကာ မီႏူးကဒ္ေလးကို ၾကည့္ေနေသာ ဟန္႔ပံုစံေလးက ခ်စ္ဖို႔ေကာင္းလြန္းသည္။

🎶 Love is zombie…… Love is zombie……🎶

႐ုတ္တရက္ အံ႔မင္းဖုန္းဝင္လာတာေၾကာင့္ screenကိုၾကည့္လိုက္ေတာ့ ျမင္လိုက္ရေသာ contantေၾကာင့္ စုပ္တစ္ခ်က္သပ္မိသည္။ မိမိ၏ ဘာညာ ဘာညာေလး။ မျဖစ္ေတာ့ တစ္ခါထဲ ဇာတ္လမ္း႐ွင္းမွျဖစ္ေတာ့မည္။ မိမိ လင္းခန္႔ကိုၾကည့္ကာ

" လင္းခန္႔ ငါဖုန္းေျပာလိုက္ဦးမယ္ "

" ဟယ္လို "

ဖုန္းကိုင္လိုက္ၿပီး အံ႔မင္းအျပင္သို႔ ထြက္လာလိုက္သည္။ဖုန္းေျပာေနရင္း တစ္ဖက္သို႔အၾကည့္ ျမင္လိုက္ရေသာ လူတစ္ေယာက္ေၾကာင့္ မိမိ၏ ထြက္သက္ ဝင္သက္တို႔ မွားကုန္သလိုပင္။ ဖုန္းကိုင္ထားလွ်က္ႏွင့္ တစ္ဖက္က ဘာေျပာေနလည္း မၾကားေတာ့ပါ။ သူရဲ႕ စိတ္အစံုက သူမ်က္လံုးေ႐ွ႕က လူဆီသာေရာက္လွ်က္႐ွိသည္။

" အံ႔ အံ႔ !!! "

တစ္ဖက္မွ စူး႐ွက်ယ္ေလာင္ေသာ အသံေၾကာင့္ မ်က္ႏွာမဲ႔ကာ နားကိုအုပ္မိသည္။ ဟာကြာ ဘယ္လို မိန္းကေလးလည္း

" မင္းနဲ႔ ငါ့ၾကားမွာ ဘာမွမ႐ွိေတာ့ဘူးလို႔ ငါထင္တယ္။ ငါတို႔ႏွစ္ေယာက္လံုးက အေပ်ာ္သေဘာပဲ ပတ္သက္ခဲ႔ၾကတာေလ။ အဲ႔ေတာ့ ကိုယ္တို႔ ဒီမွာပဲရပ္လိုက္ၾကရေအာင္။ ok "

ေျပာလက္စဖုန္းကို အျမန္လက္စသတ္ကာ ခုဏကလူသားကို အျမန္လိုက္႐ွာမိသည္။ ထိုလူသားက စားပြဲဝိုင္းတစ္ခုတြင္ ဝင္ထိုင္လိုက္တာေတြ႕ေတာ့ မိမိႏႈတ္ခမ္းတို႔က မေစခိုင္းပါဘဲ ၿပံဳးလိုက္မိသည္။

အဟက္ ျပန္ေတြ႕ၾကၿပီေပါ့ ပီကာက်ဴးေလးရယ္။ ခုကစၿပီး မင္းက ဘယ္သူ႔တြက္မွမဟုတ္ဘဲ ငါ့အပိုင္ပဲ ပီကာက်ဴးေလး။

ေရညွိစိမ္းေရာင္အက်ႌကို လက္ေခါက္တင္ထားၿပီး ပုဆိုးအစိမ္းကြက္ဝတ္ထားသည့္ သူ႔ပံုစံေလးက ခုလိုက်ေတာ့ လူႀကီးေလးလိုပင္။ အ႐ုပ္ဆိုင္မွာ ဆံုတုန္းကလိုေတာ့ မ်က္မွန္နဲ႔မဟုတ္ေတာ့တာေၾကာင့္ ထိုကေလးေလးရဲ႕ မ်က္လံုးလွလွေလးေတြကို ပိုေပၚလႊင္ေစသည္။ ဒီတစ္ေလာ မိမိစိတ္တို႔ကို ေမး႐ိုးသြယ္သြယ္၊ ႏွာတံစဥ္းစဥ္းေလးႏွင့္ မ်က္မွန္နဲ႔ ထိုပီကာက်ဴးေလးက အစဥ္အၿမဲစိုးမိုးလွ်က္႐ွိသည္။ သူ႔ေၾကာင့္ မိမိမွာ ဘာညာ ဘာညာ ေလးေတြေတာင္ မဘာညာႏိုင္ဘဲ အကုန္လံုးကို အမႈိက္႐ွင္းသလို ႐ွင္းမိသည္။ ခုေတြ႔မယ့္ေတြ႕ေတာ့လည္း ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပါလား ပီကာက်ဴးေလးရယ္။ ရပ္ၾကည့္ေနရာမွ ခဏအၾကာ ထိုပီကာက်ဴးေလးထိုင္ေနေသာ စားပြဲဝိုင္းကို ေလွ်ာက္လာလိုက္ၿပီး ေနာက္ကေန ပီကာက်ဴးရဲ႕ ပခံုးႏွစ္ဖက္ကို ဆုတ္ကိုင္လိုက္၍

" ကိုယ္တို႔ ျပန္ေတြ႕ၾကျပန္ၿပီေနာ္ ကေလးေလး "

သူ႕အသံေၾကာင့္ ပဲျပားအစာသြပ္ကို ေခါင္းငံု စားေနရာ ပီကာက်ဴးေလးက ေနာက္ကိုေမာ့ၾကည့္လာသည္။ပဲျပားတစ္ခုကို ပါးစပ္ကကိုက္ထား၍ မိမိကို ေတြ႕လိုက္ရေသာေၾကာင့္ ဝိုင္းစက္သြားေသာ မ်က္လံုးေလးေတြႏွင့္ သူေ႐ွ႕က ေကာင္ေလးပံုစံက

အဟက္ မင္း လူၾကားထဲမွာမို႔ အနမ္းမခံရတယ္ မွတ္ပါ ပီကာက်ဴးေလး

ခ်စ္ေသာ💕💕
Coral

------------------------------------------

Part(13)

မနက်ကျောင်းလာထဲက မျက်နှာမကောင်းသော မိမိအားခန့်ကျော်က ဘာဖြစ်နေတာလဲ နေမကောင်းလို့လား မေးတော့ ဘာမှမဖြစ်ပါဘူးဟုသာ ပြန်ပြော၍ သူခေါင်းခါမိသည်။ အမှန်တော့ ညက အစ်ကိုနဲ့ စကားပြောနေရင်း မနက်ကျ ကျောင်းစတက်ရတော့မှာ အစ်ကိုကျောင်းလိုက်ခဲ့ဦးမလားလို့မေးတော့

မနက်ကျအစည်းအဝေးရှိတယ် ကိုယ်မလိုက်ဖြစ်တော့ဘူး ဟန်

ဆိုတဲ့ အစ်ကို့ပြန်စာကြောင့် သူစိတ်မကောင်းတော့ဖြစ်မိပေမယ့် ဘာမှမဖြစ်သလိုသာ သူဟန်ဆောင်နေခဲ့သည်။ အစ်ကို့ကို မိမိကြောင့် စိတ်မဆင်းရဲစေချင်ပါ။

စာသင်ခန်းထဲ စာသင်နေရင်း vibrate လုပ်ထားသော မိမိဖုန်းမှတုန်ခါလာတာကြောင့် ကြည့်လိုက်တော့ messageတစ်စောင် ဝင်လာခြင်းဖြစ်သည်။ Telenorကပဲ ပို့တာနေမှာပဲဟု မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်ပေမယ့် မသိစိတ်က ကြည့်ဖို့တိုက်တွန်းနေတာကြောင့် မစေခိုင်းပါပဲ လက်တို့က ဖွင့်ကြည့်လိုက်ဖြစ်သည်။

ဟန် ကိုယ်ကျောင်းရောက်နေပြီ။ ညောင်နီမှာ စောင့်နေမယ်

မြင်လိုက်ရသောစာကြောင့် တစ်မနက်ခင်းလုံး စိတ်ညစ်ခဲ့သမျှက ယူပစ်သလိုကို ပျောက်သွားမိသည်။ ဒါဆို အစ်ကိုလိုက်လာတာပေါ့။ ဟီးးး ပျော်လိုက်တာ။

ဟုတ်ကဲ့ အစ်ကို ကျွန်တော် အတန်းပြီးရင် ထွက်လာခဲ့မယ်

ဟန်စစ်စာပြန်ပြီး လက်ကနာရီကိုကြည့်လိုက်တော့ ၁၁ခွဲပြီ။ နာရီဝက်သာလိုတော့သော ကျောင်းဆင်းဘဲလ်သံမြည်မည့်အချိန်ကိုသာ စောင့်နေမိသည်။ ဆရာမစာသင်တာကို နားထောင်နေပေမယ့် မျက်လုံးက လက်ကနာရီဆီကိုသာ ခဏခဏရောက်နေမိသည်။တဖြည်းည်းဖြည်းနဲ့ရွေ့နေသော စက္ကန့်တံကိုကြည့်နေရင်း ယခုတော့ ငါးမိနစ်သာလိုတော့သည်။ ငါးမိနစ်ဟူသော အချိန်က ယခုအခါတွင် တစ်နာရီနီးပါးလောက် ကြာနေသလိုပင်။ ထိုစဉ်

ကလင် ကလင် ………

စောင့်မျှော်နေသော ကျောင်းဆင်းဘဲလ်တီးသံကြောင့် ဟန်ပင်မဆောင်နိုင်တော့ပါ။ စားပွဲပေါ်က စာအုပ်တို့ကို အမြန်ကောက်သိမ်းကာ ဘေးနားက ခန့်ကျော်ကို ပခုံးပုတ်၍

" ဟျောင့် သိမ်းသိမ်း အမြန်သိမ်း မြန်မြန် ငါဗိုက်ဆာနေပြီကွ "

အစ်ကို့ကိုတွေ့ချင်တာကတော့ တွေ့ချင်တာပေါ့။ ဒါပေမယ့်လည်း ဟန်ကိုယ်ဖို့ထားရမည် မဟုတ်လား။ ဒါပေမယ့် ခန့်ကျော် ပြန်မေးလိုက်တဲ့ စကားကြောင့် ဟန်စစ် ရှက်ရမ်းရမ်းကာ ဘုတောတောလိုက်မိသည်။

" မင်း ဗိုက်ဆာတာရော ဟုတ်လို့လား အစ်ကို လင်းခန့်ကို တွေ့ချင်လို့ မဟုတ်လား "

" အေး ဟုတ်တယ် ဟုတ်တယ် မင်းပြောသလိုပဲ။ ရပြီမဟုတ်လား။ ထကွာ အပြင်ရောက်မှ လွယ်အိတ်ဇတ်ပိတ်တော့ "

ရှက်ရမ်းရမ်းကာ ဘောက်ဆတ်ဆတ်နဲ့ ပြန်ဖြေနေသော ဟန်စစ်ကို ကြည့်ကာ ခန့်ကျော်ပြုံးလိုက်မိသည်။

" ဟျောင့် ဖြေးဖြေးသွားပါကွ အစ်ကိုလင်းခန့်က ထွက်မပြေးပါဘူး "

" ငါက အရမ်းလွမ်းနေပြီလေကွာ အရမ်းကိုတွေ့ချင်နေပြီ "

မျက်နှာသေနှင့်ကြည့်ကာ မျက်နှာကို ရှုံ့မဲ့ ရှုံ့မဲ့လုပ်ပြ၍ မိမိကိုတမင်ရွဲ့ကာဖြေလာသော ဟန်စစ်အဖြေကြောင့် ခန့်ကျော် ရယ်ချင်စိတ်ကို မြိုသိပ်ကာ

" ဒါများ ဗိုက်ဆာတယ်က လုပ်နေသေးတယ် "

" ဖုန်း "

မိမိကို တမင်လိုက်စနေသော ခန့်ကျော်၏ပခုံးကို မညှာမတာရိုက်ချပလိုက်သည်။ ဒီကောင်က မိမိ ဘယ်လောက်ရိုက်ရိုက် မမှတ်သည့်ကောင်။ တစ်ခါတစ်ခါ ဒီကောင့် အသားတွေက မနာတတ်တာလား မိမိရိုက်တာက မနာတာလားလို့ စဉ်းစားမိသည်။

" အားးး နာတယ် ဟန်စစ်ရ မင်းကွာ မညှာမတာ ငါ့အသားကို "

သြော် နာတတ်သေးတယ်ပေါ့

ဟန်စစ်တစ်ချက် မျက်လုံးစွေကြည့်လိုက်ကာ

" မင်းအသားမို့ ငါရိုက်တာပေါ့ ငါ့အသားဆို ရိုက်မလား "

" အေးပါကွာ ငါပဲ မှားပါတယ် "

နာသွားသောပခုံးကို ပွတ်ကာ မျက်နှာရှုံ့မဲ့ရှုံ့မဲ့နှင့် ခန့်ကျော်ပြောလိုက်သည်။ အရင်ဘဝက ဒီကောင်ပေါ်ဘာများ လုပ်ထားလို့လဲမသိ ဒီကောင်နဲ့တွေ့တိုင်း ရိုက်ခံရမြဲ။ တစ်ခုခုဆို စကားထက်လက်ကအရင်။ အစ်ကိုလင်းခန့်တော့ သူ့ကို ဘယ်လိုသည်းခံလဲမသိပေ။

ကျောင်းဂိတ်ဝရောက်တော့ ပဲပြားတွေစီကာစီကာ တစ်ခုပေါ်တစ်ခုထပ်၍ ထား,ထားသောလင်ဗန်းကိုကြည့်ကာ ခန့်ကျော်သရေကျလာသည်။ ဟန်စစ်ကို တစ်ချက်ကြည့်ကာ

" ဟန်စစ် မင်းအရင်သွားနှင့် ငါ ပဲပြားအစာသွပ်ဝယ်လိုက်ဦးမယ် "

" တူတူသွားမယ်လေ ငါစောင့်ပါ့မယ် "

စောင့်မယ်ဆိုသော ဟန်စစ်ကြောင့် ပဲပြာအစာသွပ်သည်ကို ကြည့်လိုက်တော့ အမယ်လေး နည်းလိုက်တဲ့ လူတွေ ပြုံနေတာပဲ။ စောင့်ရတာ ကြာရင် ဒီကောင်က ပွစိ ပွစိ လုပ်ဦးမည်။

" သွားပါကွာ ဒီမှာက ကြာဦးမယ် ထင်တယ်။ အစ်ကိုလင်းခန့် စောင့်နေရတာ အားနာစရာကြီး သွားနှင့် ငါဝယ်ပြီးလိုက်ခဲ့မယ် "

" အေး ငါသွားတော့မယ် "

ခန့်ကျော်ကိုပြောပြီး ဟန်စစ်ထွက်လာလိုက်၍ ကားလမ်းကူးပြီး တစ်ဖက်သို့အရောက် ဆိုင်ထဲမှ မိမိကို လက်ဝှေ့ရမ်းပြနေသော အစ်ကို့ကြောင့် သူပြုံးလိုက်မိသည်။ အနေအေးလွန်းသော အစ်ကို့ကြောင့် တစ်ခါတစ်ခါ မိမိကို တစ်ကယ်မှချစ်ရဲ့လားလို့ သံသယစိတ်ဝင်မိပေမယ့် ခုလို အလိုက်သိတဲ့အချိန်ကျတော့လည်း ငါ့ကိုချစ်သားပဲဆိုပြီး ကြည်နူးရပြန်သည်။ အစ်ကိုတို့ စားပွဲဝိုင်းကို ဟန်စစ်လျှောက်လာလိုက်ပြီး အစ်ကိုအံ့မင်းကိုပါ တွေ့တာကြောင့်

" အစ်ကိုအံ့မင်းပါ လိုက်လာတာလား "

" ဘာလဲ ဟန်စစ်က အစ်ကို့ကို မလိုက်ခဲ့စေချင်လို့လား "

" အာ မဟုတ်ပါဘူးဗျာ ကျွန်တော်က အဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး "

မိမိအမေးကို ခေါင်းခါ လက်ခါနဲ့ ဖြေနေသော ဟန်စစ်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ဒါကြောင့်လည်း ငါ့ကောင်ကြီးက အသည်းစွဲဖြစ်နေတာကိုး။

အံ့မင်းအမေးကို ခေါင်းတစ်ခါခါလက်တစ်ခါခါနှင့် ဖြေနေသော ဟန့်ကို ကြည့်ကာ အသည်းယားလာမိသည်။ ဟန့်ဆံပင်တွေကို လက်ချောင်းများဖြင့် ခပ်ဖွဖွကျီစယ်လိုက်တော့ မျက်နှာစူပုတ်ကာ ကြည့်လာပြီး မိမိလက်ကို တွန်းထုတ်လိုက်လေသည်။ ပြီးတော့ ကြာလိုက်ရသော စကားတစ်ခွန်းကြောင့် မိမိရော အံ့မင်းပါ ခပ်တိုးတိုးရယ်မိသည်။

" ဟာဗျာ သူများ သေချာရှိုးထုတ်ထားတာကို လိုက်ဖွနေတယ်။ ကျွန်တော် ကြည့်ကောင်းတာ အစ်ကို မနာလိုဖြစ်နေတာလား "

" အင်း ဟုတ်တယ် ကို့ချစ်သူလေးက ကြည့်ကောင်းနေတော့ တစ်ခြားသူတွေ ကြည့်မှာကို မနာလိုဖြစ်တာပေါ့ "

" ဟာဗျာ "

အနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သော သူ့စကားကြောင့်ရှက်သွားသော ဟန့်ကိုကြည့်ကာ ခပ်ဟဟရယ်မိသည်။ ဒီကလေးလေးကိုက အရှက်အကြောက်ကြီးတာပါ။

ရှေ့က လင်လင်နှစ်ကောင်ကိုကြည့်၍ အံ့မင်း လုပ်ချောင်းတစ်ချက်ဟန့်လိုက်သည်။

" အဟမ်း ငါရှိတာလဲ မမေ့ကြနဲ့ဦးနော် "

" အာ အစ်ကိုအံ့မင်းကလည်းဗျာ "

အံ့မင်းစကားကြောင့် ခေါင်းကုတ်လိုက် လည်ပင်းကုတ်လိုက်နှင့် အလုပ်ရှုပ်သွားသော ဟန့်ကိုကြည့်၍ သူတို့နှစ်ယောက် ရယ်မိကြသည်။
ရှက်နေသော ချစ်သူလေးကို အရှက်ပြေအောင် စားပွဲထိုးကောင်လေးတစ်ယောက်ကို ခေါ်၍ မီနူးကဒ်တောင်းပြီး ဟန့်ကို ပေးလိုက်ပြီး

" ဟန် ဘာစားမလဲ မှာလေ "

မိမိစကားကို ခေါင်းလေးညိတ်ကာ မီနူးကဒ်လေးကို ကြည့်နေသော ဟန့်ပုံစံလေးက ချစ်ဖို့ကောင်းလွန်းသည်။

🎶 Love is zombie…… Love is zombie……🎶

ရုတ်တရက် အံ့မင်းဖုန်းဝင်လာတာကြောင့် screenကိုကြည့်လိုက်တော့ မြင်လိုက်ရသော contantကြောင့် စုပ်တစ်ချက်သပ်မိသည်။ မိမိ၏ ဘာညာ ဘာညာလေး။ မဖြစ်တော့ တစ်ခါထဲ ဇာတ်လမ်းရှင်းမှဖြစ်တော့မည်။ မိမိ လင်းခန့်ကိုကြည့်ကာ

" လင်းခန့် ငါဖုန်းပြောလိုက်ဦးမယ် "

" ဟယ်လို "

ဖုန်းကိုင်လိုက်ပြီး အံ့မင်းအပြင်သို့ ထွက်လာလိုက်သည်။ဖုန်းပြောနေရင်း တစ်ဖက်သို့အကြည့် မြင်လိုက်ရသော လူတစ်ယောက်ကြောင့် မိမိ၏ ထွက်သက် ဝင်သက်တို့ မှားကုန်သလိုပင်။ ဖုန်းကိုင်ထားလျှက်နှင့် တစ်ဖက်က ဘာပြောနေလည်း မကြားတော့ပါ။ သူရဲ့ စိတ်အစုံက သူမျက်လုံးရှေ့က လူဆီသာရောက်လျှက်ရှိသည်။

" အံ့ အံ့ !!! "

တစ်ဖက်မှ စူးရှကျယ်လောင်သော အသံကြောင့် မျက်နှာမဲ့ကာ နားကိုအုပ်မိသည်။ ဟာကွာ ဘယ်လို မိန်းကလေးလည်း

" မင်းနဲ့ ငါ့ကြားမှာ ဘာမှမရှိတော့ဘူးလို့ ငါထင်တယ်။ ငါတို့နှစ်ယောက်လုံးက အပျော်သဘောပဲ ပတ်သက်ခဲ့ကြတာလေ။ အဲ့တော့ ကိုယ်တို့ ဒီမှာပဲရပ်လိုက်ကြရအောင်။ ok "

ပြောလက်စဖုန်းကို အမြန်လက်စသတ်ကာ ခုဏကလူသားကို အမြန်လိုက်ရှာမိသည်။ ထိုလူသားက စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်လိုက်တာတွေ့တော့ မိမိနှုတ်ခမ်းတို့က မစေခိုင်းပါဘဲ ပြုံးလိုက်မိသည်။

အဟက် ပြန်တွေ့ကြပြီပေါ့ ပီကာကျူးလေးရယ်။ ခုကစပြီး မင်းက ဘယ်သူ့တွက်မှမဟုတ်ဘဲ ငါ့အပိုင်ပဲ ပီကာကျူးလေး။

ရေညှိစိမ်းရောင်အကျႌကို လက်ခေါက်တင်ထားပြီး ပုဆိုးအစိမ်းကွက်ဝတ်ထားသည့် သူ့ပုံစံလေးက ခုလိုကျတော့ လူကြီးလေးလိုပင်။ အရုပ်ဆိုင်မှာ ဆုံတုန်းကလိုတော့ မျက်မှန်နဲ့မဟုတ်တော့တာကြောင့် ထိုကလေးလေးရဲ့ မျက်လုံးလှလှလေးတွေကို ပိုပေါ်လွှင်စေသည်။ ဒီတစ်လော မိမိစိတ်တို့ကို မေးရိုးသွယ်သွယ်၊ နှာတံစဉ်းစဉ်းလေးနှင့် မျက်မှန်နဲ့ ထိုပီကာကျူးလေးက အစဉ်အမြဲစိုးမိုးလျှက်ရှိသည်။ သူ့ကြောင့် မိမိမှာ ဘာညာ ဘာညာ လေးတွေတောင် မဘာညာနိုင်ဘဲ အကုန်လုံးကို အမှိုက်ရှင်းသလို ရှင်းမိသည်။ ခုတွေ့မယ့်တွေ့တော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်ပါလား ပီကာကျူးလေးရယ်။ ရပ်ကြည့်နေရာမှ ခဏအကြာ ထိုပီကာကျူးလေးထိုင်နေသော စားပွဲဝိုင်းကို လျှောက်လာလိုက်ပြီး နောက်ကနေ ပီကာကျူးရဲ့ ပခုံးနှစ်ဖက်ကို ဆုတ်ကိုင်လိုက်၍

" ကိုယ်တို့ ပြန်တွေ့ကြပြန်ပြီနော် ကလေးလေး "

သူ့အသံကြောင့် ပဲပြားအစာသွပ်ကို ခေါင်းငုံ စားနေရာ ပီကာကျူးလေးက နောက်ကိုမော့ကြည့်လာသည်။ပဲပြားတစ်ခုကို ပါးစပ်ကကိုက်ထား၍ မိမိကို တွေ့လိုက်ရသောကြောင့် ဝိုင်းစက်သွားသော မျက်လုံးလေးတွေနှင့် သူရှေ့က ကောင်လေးပုံစံက

အဟက် မင်း လူကြားထဲမှာမို့ အနမ်းမခံရတယ် မှတ်ပါ ပီကာကျူးလေး


ချစ်သော💕💕
Coral

Continue Reading

You'll Also Like

466K 6.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
11.3K 214 34
After my father's dead, I had developed a great hatred for every orc, especially one. Azog, the Defiller. He was the worst of his entire kin and had...
2.5K 116 13
•His life is not easy, he tries not to act weak in front of people who understand him or listen to him, who hate him because of his work But it's not...
1.3M 99.6K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...