Sunshine (Zawgyi+Unicode)

By nora_nono

158K 18.5K 1.1K

Relationship=Me=Friendship Cover by @byunasunapark00? More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26

Part 7

5.3K 670 4
By nora_nono

ကြီးကျယ်ခန်းနားနေသော ဆိုင်အပြင်အဆင်ကိုကြည့်ကာ Baekhyun နေရခက်သိမ်ငယ်မိသလို။


ကိုယ့်နဲ့အလှမ်းဝေးတဲ့ ဆက်ဆံရေးတွေကို ရှေ့မဆက်ချင်၍ Chanyeolဆိုသူရဲ့ ကူညီပေးခဲ့သော ပိုက်ဆံကို Baekhyunပြန်ပေးခဲ့သည်။



ဝန်ထမ်းပေါင်းမြောက်များစွာနဲ့ အလုပ်ရှုပ်နေသည်မို့ မည်သူမှ Baekhyunကို အဖတ်မလုပ်။








ဝန်ထမ်းက သူပြောချင်ရာပြောပီး ရှေ့ကထွက်သွားသည်မို့ ထွက်နေသည့် ဒေါသတို့ကို အသာပြန်သိမ့်ပြီး သူခေါ်ဆောင်ရာ
ဓာတ်လှေကားထဲသာ ဝင်ခဲ့ရသည်။




မှန်ကာထားသည့် ဓာတ်လှေကားမို့ တစ်ထပ်ချင်းဆီကို မျက်မြင်တွေ့ရတော့ Baekhyunပိုလို့တောင် အံသြမိသည်။


ဆိုလိုသည်က အဝတ်လျှော်စက်တွေ ပြသထားသည်က တစ်ထပ်။



အောက်ကအထပ်တွေလို လူတွေရှုပ်မနေပေမယ့် သူဟာနဲ့သူတော့ ဝန်ထမ်းတွေရှိလေသည်။


အရှေ့ဘက် အစွန်ဆုံးအခန်းရှေ့ရောက်မှာတော့ ဝန်ထမ်းက တံခါးခေါက်ကာ အထဲက ဝင်ခဲ့ပါဟု ပြန်ဖြေသံအကြားမှာ Baekhyunတစ်ယောက်ထဲသာ အခန်းထဲဝင်ခဲ့ရသည်။




Chanyeolရှေ့မှာ မုန့်ပွဲတွေ ချပေးလိုက်ပီး Baekhyun ထိုင်ရာမှ ထကာ...


ခေါင်းငုံ့ နှုတ်ဆက်က Chanyeolရှေ့မှ ထွက်မည်အပြု....

"နေပါအုံး Baekhyunရဲ့....




Baekhyunကို မတွေ့ဘူး''

".....''


Chanyeolက သူ့ရှေ့က ပဲခေါက်ဆွဲပန်းကန်ကို နှံ့အောင်နယ်နေရင်း Baekhyunနဲ့လည်း စကားပြောနေသည်။


အဆင့်သင့်စားရုံ အနေထားရောက်ပီ ဖြစ်တဲ့ပဲခေါက်ဆွဲပန်းကန်လေးကို Baekhyunရှေ့ချပေးကာ Chanyeolက Baekhyunမတို့ထိရသေးသည့် ခေါက်ဆွဲပန်းကန်ကို ပြောင်းယူလိုက်သည်။





"ကော်ဖီဆိုင်''





"ဟက်....''



"ကလေးအတိုင်းပဲကွာ''

တစ်သျှူးတစ်ရွက်နဲ့ Baekhyunကို ကြည့်ကာပြောနေသည်မို့ သူ့လက်ထဲက တစ်သျှုးကို အမြန်ယူကာ သုတ်လိုက်ရသည်။

အဖြူရောင် တစ်သျှူးမှာ ပဲအနှစ်အညိုရောင်တွေကြောင့် သူကို ရယ်စေသည့် တရားခံက ကိုယ်ဖြစ်နေမှန်းသိလေတော့ Baekhyun မျက်နှာပူလာကာ ရှက်နေမိသလို။


"နေပါစေ....

ခေါင်းငုံ့နှုတ်ဆက်ကာ Chanyeolရုံးခန်းထဲကနေ ထွက်လာခဲ့သည်။

ဟူး.....

Park Chanyeolရှေ့ရောက်လျှင် Woo Shin ရှေ့မှာလို ပေါ့ပါးမနေဘဲ ကတုန်ကယင် ဖြစ်နေရသည့် ခံစားချက်ကြီးကို Baekhyunတကယ် မနှစ်မြို့ပါ။

.......




Baekhyunပုခုံးကို တစ်ချက်ပုတ်ကာ နှုတ်ဆက်သွားသည့် လုပ်ဖော်ကိုင်ဖက်ကို ပြုံးပီးတော့သာ ခေါင်းငြိမ့်ပြလိုက်သည်။



သို့သော်လည်း...
serviceကောင်းရင် မုန့်ဖိုးများများရသည်မို့ ငွေကတော့ တော်တော်လေးရွှင်နေသည်။



လပြည့်နေမို့ထင်သည်






"နောက်ကျလိုက်တာ''

"အမလေး!!''

ကိုယ့်အတွေးနဲ့ကိုယ် ခြံတံခါးဖွင့်နေခိုက် အမှောင်ထဲက ရုတ်တရက် ထွက်လာသည့် အသံကြောင့် လန့်ဖြတ်၍ပင် ထခုန်မိသည်အထိ။

"ဟာ...လန့်သွားတာလား?
Sorry ပါ Baekhyun..
ကိုယ်ပါ Park Chanyeol''

ရင်ဘတ်လေးအသာဖိကာ...

"ဟုတ် ရုတ်တရက်ဆိုတော့''

"Sorry နော် Baekhyun''

လရောင်အောက်မှာ မြင်နေရသည့် Chanyeolရဲ့ မျက်နှာပေါ်မှာ အားနာမှုတွေအပြည့်....



"Barမှာ''






"Chanyeol Hyung! "

"အာ... Sorry Baekhyun...

"ဟုတ်ကဲ့''

"ခဏလေး...Baek...


"ကျေးဇူးပါ Baekhyun
Good nightနော် Baek''


ထိုညက အရမ်းပင်ပန်းနေ၍ အားရပါးရအိပ်ပစ်မည်ဟု ကြိမ်းဝါးထားသမျှ....

မနက်ဖြန်ဆုံမယ်နော်...




...........................................



က

ြီးကျယ်ခန်းနားနေသော ဆိုင်အပြင်အဆင်ကိုကြည့်ကာ Baekhyun နေရခက်သိမ်ငယ်မိသလို။

အမှန်ဆို ဖြတ်ချလို့ ရနေပီဖြစ်တဲ့ အခြေအနေပေမယ့် ကိုယ့်ကို မုန့်သွားပို့ပေးပါဆိုတော့ ငြင်းချင်ပေမယ့်မရ။ Jong Daeတို့ဆိုင်မှာက Jong Daeနဲ့ Baekhyun နှစ်ယောက်သာရှိသည်မို့ ...
အပြင်မုန့်ပို့ရသည်တာဝန်က Baekhyunတာဝန်။

ကိုယ့်နဲ့အလှမ်းဝေးတဲ့ ဆက်ဆံရေးတွေကို ရေှ့မဆက်ချင်၍ Chanyeolဆိုသူရဲ့ ကူညီပေးခဲ့သော ပိုက်ဆံကို Baekhyunပြန်ပေးခဲ့သည်။

Chanyeolက ငြင်းဆန်ခဲ့ပေမယ့် နောက်ဆုံးတော့ ခေါင်းမာတဲ့Baekhyunရဲ့ သဘောထားကို လွန်ဆန်မရခဲ့။

ထို့နေ့ပြီးကတည်းက Baekhyunတို့ ထပ်တွေ့ရန်အကြောင်းမရှိဟုတွေးခဲ့ပေမယ့် သူနဲ့တွေ့ပီး သုံးရက်အကြာမှာ ခုလို ပဲခေါက်ဆွဲလှမ်းမှာသည်မို့ Chanyeolရှိတဲ့ နေရာကို ရောက်လာရခြင်း။

ဝန်ထမ်းပေါင်းမြောက်များစွာနဲ့ အလုပ်ရွုပ်နေသည်မို့ မည်သူမှ Baekhyunကို အဖတ်မလုပ်။

မုန့်လာပို့တာပါဟု တစ်ကြိမ်ပြောပီးပီမို့ ထပ်လည်းမပြောချင်။

Baekhyunလှမ်းပြောလိုက်သည့် ဝန်ထမ်းကလည်း ဘယ်ရောက်သွားမှန်းမသိသည်မို့ ကြောင်တောင်တောင်နဲ့ အပေါက်ဝမှာ ရပ်နေရခြင်း။

အနည်းငယ်ကြာလာတော့ ဒေါသကအလိုလိုထွက်လာရသည်။ မုန့်လာပို့တာပဲ ဘာတွေရေးကြီးခွင်ကျယ်ဖြစ်နေလို့ ဒီလောက်ကြာနေရသလဲ မသိ။

ကိုယ့်စိတ်နဲ့ဆို ချက်ချင်း ထပြန်မိမှာပေမယ့် ကိုယ့်ရဲ့ တာဝန်ကြောင့်သာ သီးခံနေရခြင်းဖြစ်သည်။

'ဒီက ကျတော့်နောက် လိုက်ခဲ့ပါ'

"မုန့်ပဲ ထားခဲ့လိုက်တော့မယ်လေ...
ကျတော်ရောက်တာ ကြာနေပီဆိုတော့ ပိုက်ဆံပဲရှင်းပေးလိုက်ပါ''

'Bossက သူ့အခန်းထဲထိ လာပို့ပေးပါတဲ့'

ဝန်ထမ်းက သူပြောချင်ရာပြောပီး ရေှ့ကထွက်သွားသည်မို့ ထွက်နေသည့် ဒေါသတို့ကို အသာပြန်သိမ့်ပြီး သူခေါ်ဆောင်ရာ
ဓာတ်လေှကားထဲသာ ဝင်ခဲ့ရသည်။

ဘာရယ်မဟုတ် ဝန်ထမ်းကောင်လေးနှိပ်လိုက်သည့် အထပ်ခလုတ်က 16။

ဒါဆို ဒီShowroomက ဆယ့်ခြောက်ထပ်ပေါ့။
အရမ်းမြင့်တဲ့ အဆောက်အအုံထဲမပါပေမယ့် ဒီရပ်ကွက်အနေအထားအရတော့ တော်တော်လေးမြင့်လေသည်။

ထို့ကြောင့်လည်း ဒီ Showroomကြီးက ဒီလမ်းထဲမှာ ထီးထီးမားမားကြီးဖြစ်နေတာ ဖြစ်မည်။

မှန်ကာထားသည့် ဓာတ်လေှကားမို့ တစ်ထပ်ချင်းဆီကို မျက်မြင်တွေ့ရတော့ Baekhyunပိုလို့တောင် အံသြမိသည်။

တစ်ထပ်ချင်းဆီကို အိမ်သုံး Electronic ပစ္စည်းတစ်မျိုးစီ ခင်းကျင်းပြသထားသည်။

ဆိုလိုသည်က အဝတ်လျေှာ်စက်တွေ ပြသထားသည်က တစ်ထပ်။
Airconတွေပြသထားသည်က တစ်ထပ်။
TVတွေချည်း ပြသထားသည်က တစ်ထပ်။

စသည်ဖြင့် ဆယ့်ငါးထပ်လုံးကို အမျိုးအစားတစ်ခုချင်းစီ ခွဲကာ ခင်းကျင်းပြသထားသည်။

အထပ်တိုင်းမှာလည်း ဝန်ထမ်းဦးရေများများ ဝယ်သူအပြည့်နဲ့ ဒီElectronic Showroomကြီးက လည်ပတ်နေသည်။

Baekhyunသွားရမည့် ဆယ့်ခြောက်ထပ်အရောက်မှာတော့ ရုံးခန်းတွေချည်းသာ ရှိလေသည်။
အောက်ကအထပ်တွေလို လူတွေရွုပ်မနေပေမယ့် သူဟာနဲ့သူတော့ ဝန်ထမ်းတွေရှိလေသည်။

ပဲခေါက်ဆွဲဗန်းလေးကိုင်ပီး ခေါ်ဆောင်ရာ ဝန်ထမ်းနောက်က ခပ်ကုတ်ကုတ် လိုက်လာသည့် Baekhyunကို တွေ့သမျှလူတွေက အကဲခတ်နေကြသည်။

အရေှ့ဘက် အစွန်ဆုံးအခန်းရေှ့ရောက်မှာတော့ ဝန်ထမ်းက တံခါးခေါက်ကာ အထဲက ဝင်ခဲ့ပါဟု ပြန်ဖြေသံအကြားမှာ Baekhyunတစ်ယောက်ထဲသာ အခန်းထဲဝင်ခဲ့ရသည်။

"Sorry Baekhyun စောင့်နေရတာ ကြာသွားလား? ကိုယ်က မုန့်လှမ်းမှာပီး အောက်က ဝန်ထမ်းတွေကို ပြောမထားမိဘူးဖြစ်သွားတယ်...လာထိုင်လေ''

Chanyeolက အလုပ်စားပွဲကနေ ထကာ Baekhyunကို အခန်းထဲက ဆိုဖာဆက်တီခုံမှာ ထိုင်ဖို့နေရာပေးလေသည်။

အလုပ်လုပ်နေသည်မို့ တပ်ထားပုံ ရသည့် မျက်မှန်လေးကို ချွတ်ကာ Chanyeolလည်း ဝင်ထိုင်လေသည်။

Chanyeolရေှ့မှာ မုန့်ပွဲတွေ ချပေးလိုက်ပီး Baekhyun ထိုင်ရာမှ ထကာ...

"အဲ့ဒါဆို ကျတော် ပြန်လိုက်ပါအုံးမယ်....
အရသာရှိရှိသုံးဆောင်ပါ ခင်ဗျ''

ခေါင်းငုံ့ နွုတ်ဆက်က Chanyeolရေှ့မှ ထွက်မည်အပြု....

"နေပါအုံး Baekhyunရဲ့....
နေ့လည်စာနားချိန်မလား? တစ်ခါတည်းစားသွားပါ Baekhyunအတွက်ပါ မှာပေးထားတာ''

"နေပါစေ... ကျတော်ဆိုင်က ထွက်လာတာ ကြာနေပီမို့... ''

"လာပါ ကိုယ်ဖုန်းဆက်ထားပါတယ်... ဆိုင်ပြန်ရင်လည်း နေ့လည်စာစားပီးရင် အလုပ်ချိန်ပြည့်ပီဆို''

Baekhyunအနေနဲ့ သူစိမ်းတစ်ယောက်နဲ့ အတူထိုင်ကာ တစ်ဝိုင်းတည်းစားဖို့ဆိုတာ မဝင့်ရဲ။
သို့ပေမယ့် အားနာသည်မို့ နေရာမှာပြန်ထိုင်လိုက်ပေမယ့် မု့န်ပွဲတွေတော့ မတို့ထိရသေး။

"ကိုယ်မနေ့က အဲ့ဆိုင်ကို လာသေးတယ်...
Baekhyunကို မတွေ့ဘူး''

".....''

"Baekhyun သူငယ်ချင်းနဲ့တွေ့တာ ဒီအချိန်ပဲဆိုင်မှာရှိတာဆိုလို့ ဒီနေ့မုန့်မှာလိုက်တာ''

Chanyeolက သူ့ရေှ့က ပဲခေါက်ဆွဲပန်းကန်ကို နှံ့အောင်နယ်နေရင်း Baekhyunနဲ့လည်း စကားပြောနေသည်။

"အလုပ်တွေ အရမ်းကြိုးစားတာပဲနော် Baekhyunက.... ကဲ ရပီရော့''

အဆင့်သင့်စားရုံ အနေထားရောက်ပီ ဖြစ်တဲ့ပဲခေါက်ဆွဲပန်းကန်လေးကို Baekhyunရေှ့ချပေးကာ Chanyeolက Baekhyunမတို့ထိရသေးသည့် ခေါက်ဆွဲပန်းကန်ကို ပြောင်းယူလိုက်သည်။

"ပဲခေါက်ဆွဲက ခုလိုပူနွေးတုန်းလေး စားရတယ် Baekhyunရဲ့ အေးသွားရင် ပွပီးလုံးထွေးကုန်တော့ စားမကောင်းတော့ဘူး...''

Chanyeolက တဖန် ခေါက်ဆွဲနှယ်နေရင်း Baekhyunကို ပြုံးပီးပြောသည်မို့ အားနာပါးနာနဲ့ ပဲခေါက်ဆွဲ စစားရတော့သည်။

"ဒီက ပီးရင် ဘယ်ကို သွားရမှာလဲ Baekhyun?''

ပုံမှန်ဆို ဘာဆိုင်လဲလို့ ပြန်မေးလိုက်ချင်ပေမယ့် အပြုံးတစ်ပွင့် တပ်ဆင်ကာ မေးနေသည်မို့ ဘုကလန့်ပြန်မလုပ်ရဲ။

"ကော်ဖီဆိုင်''

"သြော်..... အိမ်ပြန်တဲ့အချိန်ကရော?''

"ကျတော်က အချိန်ပိုင်းတွေပဲလုပ်ရတာမို့ ပုံမှန်အိမ်ပြန်ချိန်ရယ်လို့ မရှိပါဘူး''

Baekhyunဖြေပီးတဲ့နောက် Chanyeolက ခဏငြိမ်သက်သွားသလားလို့။

ကိုယ်ပြောတာလဲ အမှန်ပင်။
အမြဲလိုလို အိမ်ပြန်ချိန်တွေက နောက်ကျနေတတ်သည်မို့ တကူးတကပြောမနေတော့။
သူ့လို သူဌေးတစ်ယောက်အနေနဲ့တော့ Baekhyunအိမ်ပြန်သည့် အချိန်တွေက သူတို့ အနားယူချိန်လောက်တော့ ဖြစ်နေမည်။

"ဟက်....''

စားနေရင်းက ထရယ်သည့် Chanyeolကို Baekhyun နားမလည်သလို ကြည့်နေမိသည်။

သဘောတကျရယ်နေလိုက်သည်များ ပါးချိုင့်နက်နက်လေးပင် ထင်းနေသည်။

"ကလေးအတိုင်းပဲကွာ''

တစ်သှျူးတစ်ရွက်နဲ့ Baekhyunကို ကြည့်ကာပြောနေသည်မို့ သူ့လက်ထဲက တစ်သှျုးကို အမြန်ယူကာ သုတ်လိုက်ရသည်။

အဖြူရောင် တစ်သှျူးမှာ ပဲအနှစ်အညိုရောင်တွေကြောင့် သူကို ရယ်စေသည့် တရားခံက ကိုယ်ဖြစ်နေမှန်းသိလေတော့ Baekhyun မျက်နှာပူလာကာ ရှက်နေမိသလို။

"ကိုယ်လိုက်ပို့ပေးမယ်လေ Baekhyun''

"နေပါစေ....
နေ့လည်စာအတွက်ကျေးဇူးတင်ပါတယ်''

ခေါင်းငုံ့နွုတ်ဆက်ကာ Chanyeolရုံးခန်းထဲကနေ ထွက်လာခဲ့သည်။

ဟူး.....
အနေရခက်သည့် နေ့လည်စာ ပီးမြောင်သွားသည်မို့ သက်ပြင်းအသာချမိသည်။

Park Chanyeolရေှ့ရောက်လှျင် Woo Shin ရေှ့မှာလို ပေါ့ပါးမနေဘဲ ကတုန်ကယင် ဖြစ်နေရသည့် ခံစားချက်ကြီးကို Baekhyunတကယ် မနှစ်မြို့ပါ။

.......

'Baekhyun လိုက်ပို့ရအုံးမလား?'

"နေပါစေကွာ...မင်းလည်းနော်ကျနေပီကို ...''

'အေးပါ...အာ့ဆို သွားပီနော် မနက်ဖြန်မှ တွေ့မယ်'

Baekhyunပုခုံးကို တစ်ချက်ပုတ်ကာ နွုတ်ဆက်သွားသည့် လုပ်ဖော်ကိုင်ဖက်ကို ပြုံးပီးတော့သာ ခေါင်းငြိမ့်ပြလိုက်သည်။

ပင်ပန်းနေသည့် ခန္ဓာကိုယ်က စကားသံတစ်ခွန်းတလေမှ မထွက်ချင်လောက်အောင်ထိ ပင်ပန်းနေရသည်။

ဖုန်းက နာရီက ဆယ်နာရီနဲ့ မိနစ်သုံးဆယ်။
ဒီနေ့မှ ဧည့်သည်တွေ အများကြီးကျသည်မို့ အရင်နေ့တွေကထက် ပိုပင်ပန်းရသည်။

သို့သော်လည်း...
serviceကောင်းရင် မုန့်ဖိုးများများရသည်မို့ ငွေကတော့ တော်တော်လေးရွွင်နေသည်။

ပိုက်ဆံအိတ်လေးထဲ အနည်းငယ်များနေသည့် ငွေပမာဏကြောင့် ပင်ပန်းတာတွေပင် ပျောက်သွားရကာ အလိုလိုနေရင်းပြုံးနေမိသည်။

Ommaကိုတော့ နောက်ကျမည်မို့ အိပ်နှင့်တော့ဟု ဖုန်းဆက်ထားသည်မို့ အေးရာအေးကြောင်းသာ အိမ်ပြန်လာခဲ့သည်။

လပြည့်နေမို့ထင်သည်
လကြီးက ပြည့်ပြည့်ဖြိုးဖြိုးသာနေကာ နွေညပင် ဖြစ်သော်လည်း အေးမြနေသည်။

ဒီအချိန်မှာတော့ ဘတ်စ်ကားတွေ ကျဲသွားပီမို့ Taxiငှါးပီးသာ ပြန်ခဲ့သည်။

ပင်ပန်းနေသည်ဘ ခန္ဓာကိုယ်က အိမ်က အိပ်ခန်းလေးသာတောင့်တမိသည်။

အတွေးထဲ စိုးမိုးနေသည်ကလည်း အမြဲလှဲလျောင်းခဲ့ရသည့် မွေ့ယာလေးပင်။

အိပ်ရတော့မည်ဆိုတော့ မျက်နှာထက်အပြုံးတို့က ဖြစ်ထွန်းလာရသည်။

တစ်နေ့တာ အချိန်တွေထဲ Baekhyunအနှစ်သက်ဆုံးက အိပ်ချိန်ပဲ ဖြစ်သည်။

"နောက်ကျလိုက်တာ''

"အမလေး!!''

ကိုယ့်အတွေးနဲ့ကိုယ် ခြံတံခါးဖွင့်နေခိုက် အမေှာင်ထဲက ရုတ်တရက် ထွက်လာသည့် အသံကြောင့် လန့်ဖြတ်၍ပင် ထခုန်မိသည်အထိ။

"ဟာ...လန့်သွားတာလား?
Sorry ပါ Baekhyun..
ကိုယ်ပါ Park Chanyeol''

ရင်ဘတ်လေးအသာဖိကာ...

"ဟုတ် ရုတ်တရက်ဆိုတော့''

"Sorry နော် Baekhyun''

လရောင်အောက်မှာ မြင်နေရသည့် Chanyeolရဲ့ မျက်နှာပေါ်မှာ အားနာမွုတွေအပြည့်....

"ရပါတယ်...ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ?''

"ကိုယ်က Baekhyunနဲ့ ဆွေးနွေးစရာလေးရှိလို့ စောင့်နေတာ.... အရမ်းနောက်ကျတာပဲ ဘယ်အလုပ်မို့ ဒီလောက်နောက်ကျရတာလဲ?''

"Barမှာ''

နေ့ခင်းကလို ငြိမ်သက်သွားပြန်သည့် Park Chanyeol.
နေ့ခင်းကတော့ နေ့လည်စာစားနေရသည်မို့ ထားတော့...
အခုကတော့ တိတ်ဆိတ်သွားသည်နဲ့ Baekhyunကို ငေးမောနေသည့် Park Chanyeol....

လရောင်အောက်ပေမယ့် ကိုယ့်ကို စိုက်ကြည့်နေသည့် Chanyeolရဲ့ အကြည့်တို့ကို ကောင်းကောင်းမြင်နေရသည်မို့ Baekhyunနေရခက်လာသည်။

"နောက်ကျနေပီလေ... ပြောစရာရှိလည်း မနက်ဖြန်မှ ပြောတာပေါ့''

ငြိမ်သွားသည့် Chanyeolက Barလုပ်သည်ကို အထင်သေးသွား၍လား?

တော်တော်လေးကြာသည်အထိ ပြန်ဖြေလာခြင်းမရှိ....

"Chanyeol Hyung! "

"အာ... Sorry Baekhyun...
ပင်ပန်းလာမှာပေါ့ နားတော့လေ ကိုယ်လည်းပြန်တော့မယ်... မနက်ဖြန်တော့ နေ့လည်စာ စားချိန် ဒီနေ့လိုပဲ တွေ့ရအောင်''

"ဟုတ်ကဲ့''

"ခဏလေး...Baek...
Baekhyunရဲ့ ဖုန်းနံပါတ်လေးကိုယ့်ကို ပေးလို့ရမလား?''

Baekhyunဆီကမ်းပေးလာသည့် Chanyeolလက်ထဲက ဖုန်းလေးကို ယူကာ နံပါတ်ရိုက်ထညိ့ပေးလိုက်သည်။

"ကျေးဇူးပါ Baekhyun
ကိုယ်အိမ်ပြန်ရောက်ရင် msg ပို့လိုက်မယ်...
အိပ်ပျော်သွားရင်တော့ မနက်ကျမှ reply ပြန်ပေး....
replyလေးတော့ Baekhyunပြန်ဖြစ်အောင် ပြန်ပေးနော်...
Baekhyunရဲ့ msgလေးကို မြင်ချင်လို့....
Good nightနော် Baek''

Baekhyunလည်း လက်ပြကာ အိမ်ထဲဝင်ခဲ့သည်။
Baekhyunအိမ်ထဲရောက်မှ ကားစက်သံကြားရသည်။

ထိုညက အရမ်းပင်ပန်းနေ၍ အားရပါးရအိပ်ပစ်မည်ဟု ကြိမ်းဝါးထားသမှျ....
ဘယ်အချိန်ရောက်လာမယ်မှန်းမသိတဲ့ Msgလေး တစ်စောင်ကို စောင့်ရင်း မျက်လုံးတို့်ကြောင်နေခဲ့။

#ကိုယ်ပြန်ရောက်ပီ....အိပ်မက်လှလှမက်ပါစေ
မနက်ဖြန်ဆုံမယ်နော်...

ရိုးရိုးရှင်းရှင်း msgလေးဝင်လာမှ တာဝန်တစ်ခုပီးသွားသလို ရင်ထဲပေါ့ပါးသွားရသည်။

Replyမပြန်ဖြစ်ပေမယ့် ထို msgလေးကို အခေါက်ခေါက်အခါခါတော့ ဖတ်နေမိသည်။

သူနှုတ်ဆက်သလို အိပ်မက်တွေလည်းလှပခဲ့ပါသည်။

...........................................





Continue Reading

You'll Also Like

482K 17K 194
Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of an idol...
57K 2.9K 51
The Rajputs well known as the most powerful and devil's for the people who tries to messed up with them people got goosebumps just by listening to th...
330K 9.9K 80
(Fixed/Fan-TL) Top idol group Stardust, whose members disappear like dust. The group that used to have seven members ends with four members... "Is...
288K 21K 25
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...