Dreams(Completed)

By Park_Harnuu

106K 6.9K 225

Idol Park Chanyeol and his fanboy Baekhyun More

Dreams ep1
Dreams ep 2
Dreams ep3
Dreams ep4
Dreams ep 5
Dreams ep 6
Dreams ep7
Dreams ep8
Dreams ep9
Dreams ep 10
Dreams ep11
Dreams ep12
Dreams ep 13
Dreams ep 14
Dreams ep 15
Dreams ep 16
Dreams ep 17
Dreams ep 18
Dreams ep 19
Dreams ep 20
Dreams ep 21
Dreams ep 22
Dreams ep 23
Dreams ep 24
Dreams ep 26
Dreams ep 27
Dreams ep 28
Dreams ep 29
Dreams ep 30
Dreams ep 31
Dreams ep 32
Dreams Final

Dreams ep 25

2.3K 166 3
By Park_Harnuu

ကြီးမားကျယ်​ဝန်း​သော ခြံဝင်းထဲတွင်​ ​ရောင်​စုံမီးများက
ပြိုးပြိုးလတ်​လတ်​​တောက်​ပ​နေသည်​ ။ ​ကျော်​ကြား​သော စီးပွား​ရေး လုပ်​ငန်းရှင်​ကြီး၏ ဂုဏ်​ပြုညစာစားပွဲဖြစ်​​သော​ကြောင့်​ ထိုနယ်​ပယ်​မှလူများ အားလုံးတက်​​ရောက်​ဂုဏ်​ပြု ကြသည်​။

ထိုစဉ်​ခြံဝင်းထဲသို့ဝင်​လာ​သော ကားတစ်​စီး​ကြောင့်​ လူအများ၏ စိတ်​အာရုံက ထိုကားမှဆင်းလာ​သော သူနှစ်​​ယောက်​အ​ပေါ်ကို ကျ​ရောက်​သွားသည်​။ ထိုသူတို့ကား Chanyeol နဲ့ Junny ပင်​ဖြစ်​သည်​ ။ ကင်​မရာမီးများက တစ်​ဖြတ်​ဖြတ်​လတ်​​နေကြကာ သူတို့နှစ်​​ယောက်​၏ အပြုအမှု တစ်​ခုချင်းစီကို မလွတ်​တမ်း ရိုက်​​နေကြသည်​။ မင်းသား မင်းသမီးများပီပီ အပြုံးတုကိုယ်​စီဆင်​မြန်းကာ Chanyeol ၏လက်​ကို Junny ကချိတ်​လျက်​ ဝင်​လာကြသည်​။

Park Yongmin နဲ့ Junny အ​ဖေတို့က ဝင်​လာ​သောသူတို့နှစ်​ဦးကို သ​ဘောတကျကြည့်​ကာ အချင်းချင်း ရယ်​ရယ်​​မော​မောဖြင့်​  စကား​ပြော​နေကြသည်​။

"​ရောက်​လာကြပြီလား "

"ဟုတ်​ကဲ့ "

"Chanyeol ​ရေ မင်းနဲ့ Uncle သမီးနဲ့က မကြာခင်​ လက်​ထပ်​ကြ​တော့မှာ ဆို​တော့ သူ့ကိုဂရုစိုက်​​ပေးလိုက်​ပါကွာ သူသွားတိုင်း မင်းမအားဘူးလို့ချည်း ​ပြော​နေတယ်​ ဟဟ"

"ဒါ​ပေါ့ ဂရုစိုက်​​ပေးရမှာ​ပေါ့ ​သေချာကို ဂရုစိုက်​​ပေးလိုက်​ပါ့မယ်​ "

Park Chanyeol ကခပ်​ရွဲရွဲ​ပြော​သော်​လည်း Junny အ​ဖေက အတည်​​ပြောသည်​ထင်​ကာ သ​ဘောကျ​နေ​သော်​လည်း သိ​သော Park Yongmin နှင့်​ Junny တို့က မျက်​နှာပျက်​​နေကြသည်​။

"​အေးကွာ မင်းတို့လဲ မြန်​မြန်​ယူမှဘဲ မင်းကလည်း တစ်​ဦးတည်း​သော သား ။ ငါတို့ Junny ​လေးကလည်း တစ်​ဦးတည်း​သော သမီး ငါတို့မျိုးဆက်​အတွက်​ မင်းတို့ကိုဘဲ အားကိုးရမှာဘဲ အားလုံးတစ်​စီးပွားတည်းဖြစ်​ပြီး ​မြေး​လေးအတွက်​​ပေါ့ကွာ"

"အ​ဖေကလည်း "

Junny ၏အ​ဖေ အရှက်​မရှိချက်​က သမီးနည်းတူပင်​ဖြစ်​သည်​။ ဒါကိုပင်​ သမီးဖြစ်​သူက feel ကာ မျက်​နာကနီရဲ​နေသည်​။
နောက်​ဆုံး​တော့လည်း ဒီမင်္ဂလာပွဲက သူတို့အကျိုးစီးပွားအတွက်​ပင်​ ဖြစ်​​ပေသည်​။

"ကဲ မင်းတို့လဲ ​အေး​ဆေး​နေကြ Uncle လုပ်​​ဖော်​ကိုင်​ဖက်​​တွေနဲ့ စကားသွား​ပြောလိုက်​မယ်​ "

"ဟုတ်​ကဲ့ "

Park Yongmin နဲ့ Junny အ​ဖေတို့ထွက်​သွား​တော့ Chanyeol သူ့အကြံအစည်​ကို အ​ကောင်​အထည်​​ဖော်​ရန်​ကြံသည်​။ ထို့​ကြောင့်​ စင်​ရှိရာဆီသို့ သွားကာ mic ကိုကိုင်​၍ ​ပြောလိုက်​သည်​။

"အားလုံးဘဲ Please give attention to me "

စင်​ထက်​မှ Chanyeol ၏အသံ​ကြောင့်​ အားလုံး၏ အာရုံက Chanyeol ထံသို့​ရောက်​သွားသည်​။

"ဝမ်းသာစရာ အ​ကြောင်းတစ်​ခု​ပြောချင်​လို့ပါ ကျွန်​​တော်​နဲ့ Junny နဲ့က ​စေ့စပ်​ထားတယ်​ဆိုတာ အားလုံးလဲ သိကြမှာပါ ကျွန်​​တော်​အခုအသိ​ပေးချင်​တာက ​နောက်​လမှာ ကျွန်​​တော်​တို့ နှစိဦးရဲ့ မင်္ဂလာ​ဆောင်​ကို ကျင်းပမှာပါ အားလုံးကြွ​ရောက်​ကြမယ်​လို့ ​မျှော်​လင့်​ပါတယ်​ ​ကျေးဇူးတင်​ပါတယ်​ "

Chanyeol ​ပြောပြီးပြီးချင်း စင်​​ပေါ်မှဆင်းကာ Junny ဆီသို့လာလိုက်​သည်​။ မ​မျှော်လင့်​ထား​သော အ​ကြောင်း​ကြောင့်​ အားလုံးက အံဩကာ လက်​ခုပ်​တီး​ပေးကြသည်​။ ​သေချာသည်​က ထိုသတင်းက မနက်​​ရောက်​လျှင်​ Trending ဖြစ်​ပြီး Kpop ​လောကတစ်​ခုလုံး ပွက်​​လောရိုက်​​နေမည်​မှာ အမှန်​အကန်​ပင်​ ။

မည်​သူမှ သတိမထားလိုက်​မိသည်​က လက်​မှ ဝိုင်​ခွက်​က လွတ်​ကျကာ ခြံဝင်း၏ အပြင်​ဘက်​ကို မျက်​ရည်​များဖြင့်​ ​ပြေးသွား​သော ​ကောင်​​လေးတစ်​​ယောက်​ ၏ပုံရိပ်​ပင်​။

-  -  -  -  -  -  -  -  -  -  -  -  @ -  -  -  -  -  -   -  -  -  -  -

Baekhyun Kai ကိုကတိ​ပေးထားသည့်​အတိုင်း Royal လုပ်​ငန်းစု၏ ဂုဏ်​ပြုညစာစားပွဲသို့လိုက်​ရန်​ ပြင်​ဆင်​ထားလိုက်​သည်​ ။ အ​နောက်​တိုင်းဝတ်​စုံဝတ်​ထား​သော Baekhyun က က​လေးဆန်​မူ​တွေ ​ပျောက်​ကာ တကယ့်​ကို လူကြီးတစ်​​ယောက်​အလား ။
ကြာကြာ​တောင်​မ​စောင့်​လိုက်​ရဘဲ Kai ၏ကားက တိုက်​ခန်း​အောက်​သို့​ရောက်​လာသည်​။

Kai ကအ​ပေါ်သို့တက်​၍ မ​ခေါ်​တော့ဘဲ ဖုန်းဖြင့်​သာ​ခေါ်လိုက်​​သော​ကြောင့်​ ဆင်းလာလိုက်​သည်​။ ထို့​နောက်​ Kai ၏ကားနှင့်​ပင်​ ညစာစားပွဲ ကျင်းပရာ ခြံသို့လာလိုက်​သည်​ ။ ထို​နေရာသို့​ရောက်​​ရောက်​ချင်း အနီးပါတ်​ဝန်းကျင်​သို့ ကြည့်​လိုက်​ရာ စီးပွား​ရေး​လောကမှ လူကြီးလူ​ကောင်းများ ၊ လှပစွာ ဝတ်​ဆင်​ထားကြ​သော မိန်းမပျို​ ​လေးများ​ကြောင့်​ အနည်းငယ်​ပင်​သိမ်​ငယ်​စိတ်​ဖြစ်​လာ သလို ။သို့​သော်​ Kai ကသူ့လက်​ကိုဆွဲကာ သူနှင့်​အသိ လုပ်​ငန်းရှင်​များ ရှိရာဝိုင်းသို့ သွား​သော​ကြောင့်​ လိုက်​ပါလာရသည်။

"အိုး Kai ပါလား ဒါနဲ့​ဘေးကက မင်း​ကောင်​​လေးလား "

ရောက်​​ရောက်​ချင်း​မေးလိုက်​​သော ​မေးခွန်း​ကြောင့်​ Kai ​ရော သူပါနင်​သွားကြသည်​ ။

"မဟုတ်​ဘူး ငါ့သူငယ်​ချင်းပါ အ​ဖော်​မရှိလို့ သူ့ကိုအကူအညီ​တောင်း လာတာ "

"မသိပါဘူး မင်းကလက်​ဆွဲလာ​တော့ မင်း​ကောင်​​လေးထင်​​နေတာ အခုထိလူပျို ကြီးလား "

"​အေး ဒါ​ပေါ့ကွာ "

"ငါသာ မင်း​နေရာမှာဆို ရုပ်​ကလည်း​ချော ​ငွေလဲချမ်းသာ တစ်​​နေ့တစ်​​ယောက်​​လောက်​တွဲ​နေမှာဘဲ "

"ထားပါကွာ မင်းက ငယ်​ငယ်​ကအကျင့်​ကို မ​ပျောက်​နိုင်​ဘူး  Baekhyun ဒါက ကိုယ့်​သူငယ်​ချင်း John "

"​တွေ့ရတာ ဝမ်းသာပါတယ်​ Byun Baekhyun ပါ "

"ကိုယ်​လဲဝမ်းသာပါတယ်​ ကဲအားလုံး လွတ်​လွတ်​လပ်​လပ်​ ​ပျော်​ကြကွာ "

"ဟုတ်​ပါပြီကွာ "

Baekhyun Kai ၏သူငယ်​ချင်းများနှင့်​ ခဏတာအတွင်းခင်​မင်​သွားကြသည်​ ။ လာတုန်းကလို အ​နေကျဉ်းကျပ်​တာမျိုးမရှိ​တော့ဘဲ အားလုံးနဲ့လိုက်​​လျောညီ​ထွေ ​နေလိုက်​သည်​ ။ သို့​သော်​ ​ဘေးနားက ​ကောင်​မ​လေးနှစ်​​ယောက်​ ​ပြော​နေ​သော အ​ကြောင်းအရာ ​ကြောင့်​ အာရုံစိုက်​ကာ နား​ထောင်​လိုက်​သည်​ ။

"​ဟေ့ အခုလာ​နေတာ Park Chanyeol နဲ့ Junny မဟုတ်​လား"

သူတို့စကား​ကြောင့်​ အဝင်​လမ်းကိုကြည့်​လိုက်​​တော့ Chanyeol လက်​ကို Junny ကချိတ်​ပြီး အပြုံးကိုယ်​စီနဲ့ ဝင်​လာကြသည်​။ ​ဩော်​ သူ​ပျော်​​နေတာဘဲ ။ သူတို့နှစ်​ဦး ဝင်​လာပြီး မိဘ​တွေနဲ့ စကား​ပြော​နေတာကို ကြည့်​လိုက်​​တော့ အားလုံးပြုံးပြုံးရွှင်​ရွှင်​နဲ့ စကား​ပြော​နေကြသည်​ ။

"သူတို့နှစ်​​ယောက်​က အရမ်းလိုက်​တာဘဲ ငါအရမ်းအားကျတယ်​ဟာ "

"ဒါ​ပေမဲ့ ငါ့သူငယ်​ချင်းတစ်​​ယောက်​​ပြောတာက Junny ကအရမ်းရှုပ်​တာတဲ့ Club လာရင်​လဲ တစ်​​နေ့တစ်​​ယောက်​ လူချင်းထပ်​တာ​တောင်​မရှိဘူးတဲ့ဟ ငါ​တော့ Park Chanyeol ကိုနှ​မြောတယ်​ "

"ဘာပဲဖြစ်​ဖြစ်​ Chanyeol က Junny ကိုချစ်​လို့ ခွင့်​လွှတ်​ထားတာ​နေမှာ​ပေါ့ သူ့ Fan ​တွေ​ပြောသလို ဘာတဲ့ Chanbaek ဆိုလား အဲဒီလိုတွဲပြီး Gay မဖြစ်​တာ ​တော်​​သေးတာ​ပေါ့ ငါက​တော့ အဲလိုဟာ​တွေ ရွံတယ်​ သဘာဝတရားကို ဆန့်​ကျင်​ချင်​​နေတဲ့ဟာ​တွေ "

ထို​ကောင်​မ​လေး​ပြောလိုက်​​သော စကား​ကြောင့်​ Baekhyun လက်​သီးကိုသာ ဆုပ်​ထားလိုက်​သည်​ ။ တကယ်​ဆို သူတို့ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ချစ်​ကြတာ ဘာ​တွေများအပြစ်​ရှိလို့လဲဟု 
အော်​​မေးလိုက်​ချင်​မိသည်​။

"ဟဲ့ ဒါက​တော့ အချစ်​မှာ မျက်​စိမရှိဆိုသလို သူတို့ချစ်​မိတာက ​ယောကျာင်္းအချင်းချင်းဖြစ်​သွား​တာလဲ​လေ သူတို့ကို ​ဝေဖန်​မဲ့အစား ကိုယ်​မဖြစ်​​အောင်​သာ ဆု​တောင်းပါ​အေ နင်​တို့ဆိုသည်​မှာလဲ အကုသိုလ်​​တွေကို အလကား ကိုယ့်​ဆီ​ရောက်​​အောင်​လုပ်​​နေတာဘဲ"

"​အောင်​မ​လေး ငါကမှန်​တာကို​ပြောတာ မကြိုက်​လဲမ​ပြော​တော့ပါဘူး​အေ "

"အားလုံးဘဲ Please give attention to me "

ထို​ကောင်​မ​လေး​တွေ​ပြောတာကို နား​ထောင်​​နေစဉ်​ ရုတ်​တရက်​ ထွက်​​ပေါ်လာ​သော Chanyeol ၏အသံ​​ကြောင့်​ အာရုံက Chanyeol ထံသို့​ရောက်​သွားသည်​ ။

"ဝမ်းသာစရာ အ​ကြောင်းတစ်​ခု​ပြောချင်​လို့ပါ ကျွန်​​တော်​နဲ့ Junny နဲ့က ​စေ့စပ်​ထားတယ်​ဆိုတာ အားလုံးလဲ သိကြမှာပါ ကျွန်​​တော်​အခုအသိ​ပေးချင်​တာက ​နောက်​လမှာ ကျွန်​​တော်​တို့ နှစိဦးရဲ့ မင်္ဂလာ​ဆောင်​ကို ကျင်းပမှာပါ အားလုံးကြွ​ရောက်​ကြမယ်​လို့ ​မျှော်​လင့်​ပါတယ်​ ​ကျေးဇူးတင်​ပါတယ်​ "

Chanyeol ​ပြောလိုက်​​သော စကား​ကြောင့်​ လက်​ထဲမှဝိုင်​ခွက်​က ​မြေပြင်​​ပေါ်သို့ ကျကာ တစစီ ကွဲသွားသည်​ ။ သူ့နှလုံးသား သည်​လည်း ဝိုင်​ခွက်​နည်းတူပင်​ ။ ဆို့တက်​လာသည့်​ ခံစားချက်​​ကြောင့်​ ထို​နေရာမှ​ဝေးရာသို့ ​ပြေးထွက်​သွားလိုက်​သည်​ ။

"​နောက်​ဆုံး​တော့ သူတကယ်​ မှန်​ကန်​တဲ့ ဆုံးဖြတ်​ချက်​ကို​ရွေးသွားလိုက်​တာဘဲ ။ ငိုလိုက်​ Baekhyun ငိုလိုက်​ မင်းဖြစ်​​စေချင်​တဲ့အတိုင်းဖြစ်​လာပြီ​လေ ဒါကသူ့အတွက်​ ဝမ်းသာလို့ကျတဲ့ မျက်​ရည်​ဘဲ ဖြစ်​ပါ​စေ "

နှလုံးသားက နာကျင်​​နေသည့်​ ဒဏ်​ရာကိုအတင်းချိုးနှိမ်​ကာ ကိုယ့်​ ကိုယ်​ကို လိမ်​ညာ​နေမိသည်​ ။ ဆက်​၍မ​ပြေးနိုင်​​တော့​သော ​ခြေ​ထောက်​​ကြောင့်​ ဒူးကိုပိုက်​ကာ လမ်းမ​ကြီး​ဘေးတွင်​ ငို​နေလိုက်​သည်​ ။ ကံဆိုးမသွားရာ မိုးလိုက်​လို့ရွာဆိုသလို မိုးစက်​များကလည်း တဖွဲဖွဲကျဆင်းလာသည်​ ။ ကိုယ်​​ပေါ်ကို ကုတ်​တင်​​ပေးလိုက်​သည်​ဟူ​သော ခံစားချက်​​ကြောင့်​ ကြည့်​လိုက်​​တော့ Kai ။

"ငိုလိုက်​ Baekhyun စိတ်​ရှိတဲ့အတိုင်း လုပ်​လိုက်​ "

ကိုယ့်​ကိုနှိပ်​သိမ့်​​နေ​သော Kai ​ကြောင့်​ပိုပြီး ဝမ်းနည်းလာကာ Kai ၏ ရင်​ခွင်​ထဲသို့ဝင်​ကာ ငိုချလိုက်​မိသည်​ ။ အဆင်​​ပြေသွားမှာပါ ။ တကယ်​ကို အဆင်​​ပြေသွားမှာပါ ။

အဆင်​​ပြေသွားမှာပါ​နော်​ ။

Continue Reading

You'll Also Like

213K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
654K 33.1K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.2K 160 5
• park jeongwoo + yoon jaehyuk = jeongjae Written In Burmese. ●⁠Pics from Pinterest.
4.6M 31K 19
Kate Hutchinson is sixteen years old. She possess a very special power: the power of seduction.