Dreams(Completed)
By Park_Harnuu
106K 6.9K 225
Idol Park Chanyeol and his fanboy Baekhyun More
Dreams ep1
Dreams ep 2
Dreams ep3
Dreams ep4
Dreams ep 5
Dreams ep 6
Dreams ep7
Dreams ep8
Dreams ep9
Dreams ep 10
Dreams ep11
Dreams ep12
Dreams ep 13
Dreams ep 14
Dreams ep 15
Dreams ep 16
Dreams ep 17
Dreams ep 18
Dreams ep 19
Dreams ep 20
Dreams ep 21
Dreams ep 22
Dreams ep 23
Dreams ep 25
Dreams ep 26
Dreams ep 27
Dreams ep 28
Dreams ep 29
Dreams ep 30
Dreams ep 31
Dreams ep 32
Dreams Final
Dreams ep 24
2.2K 169 3
By Park_Harnuu
Company မှာ ချစ်​ရသူကို အမြဲ​တွေ့​နေရ​ပေမဲ့ သူစိမ်းလိုဆက်​ဆံ​နေရသည်​က အလွန်​ပင်​ ဆိုးဝါးလှသည်​ ။ ​သူ့ရဲ့ ​နောက်​ထပ်​ ထွက်​သွားမည်​ဆို​သော စကားတစ်​ခွန်း​ကြောင့်​ သည်းခံပြီး ထိန်းချူပ်​​နေရခြင်း ။ မနီး​ပေမဲ့ မ​ဝေးတဲ့​နေရာမှာသာ ထားချင်​ခြင်း​​ကြောင့်​ မြင်​သာမြင်​ရ မကြင်​ရဘဝမှာ ကျင့်​သားရသွား​အောင်​ ​နေရဦးမယ်​။ ​နောက်​ထပ်​ မိမိအနားမှ အ​ဝေးသို့ မသွား​စေချင်​​သော အတ္တ​ကြောင့်​ မျက်​နှာချင်းဆိုင်​ ​တွေ့လျှင်​ပင်​ အကြည့်​လွှဲလိုက်​ရသည်​။
"CEO ရဲ့အ​ဖေ​ရောက်​​နေပါတယ်​"
"ဝင်​လာခိုင်းလိုက်​"
အတွင်း​ရေးမှူးက ဖုန်းမှတဆင့်​ ​ပြောလာ​သော​ကြောင့်​ ဝင်​ခိုင်းလိုက်​သည်​။ အ​ဖေဆိုသည်​ကလည်း မ​တွေ့လိုက်​နဲ့ ​တွေ့တာနဲ့ ဒီလက်​ထပ်​မဲ့ ကိစ္စဘဲ ​ပြောစရာရှိတာလားမသိ။ အခုလဲ ထိုကိစ္စဘဲ​နေမည်​။
"Park Chanyeol မင်းဘာအချိုး​တွေချိုး​နေတာလဲ ဟို​နေ့က စား​သောက်​ဆိုင်​သွားပြီး Junny ကိုတစ်​​ယောက်​တည်းထားခဲ့တယ်​ဆို"
ဝင်​လာလာချင်း ​ပြောလိုက်​​သော စကား​ကြောင့်​ Chanyeol စုပ်​သာသပ်​လိုက်​သည်​။ ဟိုမိန်းမ တိုင်​ထားပြန်​ပြီထင်​တယ်​။
"ဟုတ်​လား ငါ​ပြော​နေတယ်​​လေ မင်းက ဂရုမစိုက်​တာလား"
"သူအတင်း​ခေါ်သွားလို့ ကျွန်​​တော်​လိုက်​သွားရတာ အဲဒီမှာ အသိတစ်​​ယောက်​နဲ့​တွေ့လို့ ထားခဲ့တာ​လေ"
"Junny ထက်​ဘယ်​သူက အ​ရေးကြီးလို့လဲ "
"ကျွန်​​တော့်​ဘဝမှာ သူကအ​ရေးမကြီးဆုံးဘဲ ကျန်​တာအားလုံးက အ​ရေးကြီးတယ်​ Appa လဲအသက်​ကြီး​နေပါပြီ အတ္တ​တွေ​လျှော့လိုက်​ပါ​တော့ ကျွန်​​တော့်​ အိမ်​​ထောင်​​ရေး ကျွန်​​တော်​ ဆုံးဖြတ်​ပါရ​စေ "
"မရဘူး ငါဒီလိုလုပ်​​နေတာ​တွေက မင်းအတွက်​ဘဲ မင်း Junny ကိုလက်​ထပ်​လိုက်​တာနဲ့ အားလုံးက ကိုယ့်​အတွက်​ချည်းဘဲ လက်​ထပ်​ဖို့ကို ဟို​ရွှေ့ဒီ​ရွှေ့လုပ်​မ​နေနဲ့ "
"​တော်​ပြီ Appa နဲ့မ​ပြော​တော့ဘူး ​​ပြောစရာက ဒီတစ်​ခုထဲရှိတာလား"
"​ကောင်းပြီ ငါမ​ပြော​တော့ဘူး ဒါ​ပေမဲ့မနက်​ဖြန်​ Royal
လုပ်​ငန်းစု ရဲ့ ဂုဏ်​ပြု Dinner စားပွဲကို မင်း Junny နဲ့အတူတက်​ရမယ်​ ငြင်းဖို့မကြိုးစားနဲ့ "
"Appa.."
"CEO shi ဒီဖိုင်​​လေး​တွေ လက်​မှတ်​ထိုး​ပေးပါ"
အ​ဖေနဲ့ စကား​ပြော​နေစဉ်​ ရုံးခန်းအတွင်းသို့ ဝင်​လာ​သော Baekhyun ​ကြောင့်​ Chanyeol အံ့ဩသွားသည်​။ အ​ဖေ့ကို မြင်​မြင်​ချင်း ပျက်​သွား​သော Baekhyun မျက်​နှာ​ကြောင့်​ တစ်​ခုခုရှိမည်​မှာ ​သေချာသည်​။
"ဟို ကျွန်​​တော်​​နောက်​မှလာခဲ့ ..."
"ခဏ​လေး မင်းက Byun Baekhyun မလား"
Baekhyun စကားမဆုံးမှီမှာပင်​ ဖြတ်​​ပြောလိုက်​​သော Park Yongmin ​ကြောင့်​ Baekhyun အရိုအ​သေပြုကာ ​ခေါင်းညိတ်​လိုက်​သည်​။
"Chanyeol ငါသွားပြီ Baekhyun မင်းငါ့​နောက်​ခဏလိုက်​ခဲ့"
"ဟုတ်​ကဲ့"
ဟုဆိုကာ အ​ဖေ့​နောက်​သို့လိုက်​သွား​သော Baekhyun
ကြောင့်​ Chanyeol ​နောက်​မှသူတို့မသိ​အောင်​ လိုက်​သွားသည်​။ သူတစ်​ခုခု​တော့ အတည်​ပြုဖို့ လို​နေပြီ ။
"Byun Baekhyun မင်း​တော်​​တော်​ မျက်​နှာ​ပြောင်​လှချည်​လား ဘာ​ကြောင့်​ ဒီကိုပြန်​လာတာလဲ "
"မပူပါနဲ့ သူ​ဌေးကြီး ကျွန်​​တော်​တို့က ဒီအတိုင်း လုပ်​ငန်းရှင်​နဲ့ ဝန်​ထမ်းဆက်​ဆံ​ရေးပါ အရင်​ကဟာ​တွေက အတိတ်​မှာ ထားခဲ့ပြီးပြီမို့ စိတ်​ချပါ"
"​အေး မင်းတို့မရိုးမသားတစ်​ခုခုကြားတာနဲ့ ငါအရင်​က​ပြောခဲ့သလိုဘဲ မင်းမိသားစုကို ဖျက်​ဆီးပစ်​ရလိမ့်​မယ်​ ငါ့သားက ငါ​ပေးစားတဲ့ မိန်းမဘဲယူရမှာ "
"ဟုတ်​ကဲ့ အဲလိုမျိုး​နောက်​ထပ်​ဖြစ်​လာစရာမရှိတာမို့ ကျွန်​​တော့်​မိသားစုကို ချမ်းသာ​ပေးပါ အရင်​တုန်းက ​ဆယ်​​ကျော်​သက်​အရွယ်​မို့ ဖြစ်​ခဲ့တာပါ "
"​ကောင်းပြီ မင်းကတိကိုမင်းတည်​ပါ ငါသွားပြီ "
Chanyeol ​နောက်​မှလိုက်​လာရင်း ကားပါကင်​တွင်​ နှစ်​​ယောက်​သား​ပြော​နေကြသည့်​ စကားကိုကြားပြီး အံ့ဩသွားသည်​။ တကယ်​​တော့ ကိစ္စအားလုံးက အ​ဖေကြိုးကိုင်​ပြီး ဖန်​တီးခဲ့တာဘဲ ။ ဒါ​ကြောင့်​ Baekhyun က သူ့မိသားစုကိုကာကွယ်​ဖို့ သူ့ကိုစွန့်​လွှတ်​ခဲ့တာ​ပေါ့ ။ ဟား ဒါ​တွေကို မသိဘဲ သူက Baekhyun ကို အထင်​လွဲ​နေခဲ့တာဘဲ ။ အ​ဖေက တိုက်​ပွဲကို ဖြစ်​​အောင်​ စီစဉ်​ခဲ့ တာဘဲ ။
" တိုက်​ပွဲ စပြီ Appa "
- - - - - - - - - - - -@ - - - - - - - - - -
"​နော်​ Baekhyun လိုက်​ခဲ့ပါ​နော်​ ​နော်​လို့ ​ဟေ့​ကောင်​ "
အ​ကြောင်းကား စီးပွား​ရေးလုပ်​ငန်းချင်​ဖြစ်​သည့်​ kai ကို Royal လုပ်​ငန်းစုမှ သူတို့ရဲ့ ဂုဏ်​ပြုညစာစားပွဲကို ဖိတ်​ထားခြင်း။ အဲဒါကိုKai က Baekhyun ကို သူ့ ပါတနာအဖြစ်​လိုက်​ရန် ​တောင်းဆို​နေခြင်းပင်​ ။
"အာ Kai ကလည်းကွာ ငါမှအဲဒီပွဲ​တွေ မတက်​တက်​တာ အခြားတစ်​​ယောက်​ ​ခေါ်သွားကွာ "
"ချစ်​လှစွာ​သော သူငယ်​ချင်းကလည်းကွာ ငါ့ကိုတစ်​ခါဘဲ ကူညီပါကွာ မဟုတ်​ရင်​ FA ဆိုပြီး ငါ့အနားမှာ မိန်းမပျို ​လေး​တွေ ဝိုင်းဝိုင်းလည်​​နေမှာကွ တစ်​ခါတည်း​နော်​ ငါ့ပါတနာအဖြစ်​လိုက်​ခဲ့ပါဆို "
"ဟာ မျက်​နှာမည်းကြီးနဲ့ မချွဲ​နေပါနဲ့ကွာ လိုက်​ခဲ့​ပေးမယ်
ဟုတ်​ပြီလား "
"တကယ်​လား မ​နောက်​နဲ့​နော်​ "
"ဟာကွာ ​တော်​​တော်​ မျက်​ခွက်​​ပြောင်​တဲ့​ကောင်​ ကိုယ့်​ Image ​လေးလဲ ထိန်းပါဦး "
"ငါကမင်းနဲ့ဖြစ်​လို့ ဒီလို​နေတာကို ဟွန့်​ ဘာမှသုံးစားမရဘူး "
"​ဟေ့ ​ဟေ့ ခုဏက​ပြောထားတာ ပြန်​ရုတ်​သိမ်းလိုက်​မှာ​နော်​ "
"ငါက စတာကိုကွာ ​ဟေး​ဟေး"
"Ting Tong "
"ငါတို့မှာထားတဲ့ ကြက်​​ကြော်​လာပို့တာထင်​တယ်​"
ပြော​နေကြရင်းနဲ့ တိုက်​ခန်း bell ကိုနှိပ်​သံ​ကြောင့်​ Kai ကငါ့ ကြက်​သား​လေး​တွေဟုဆိုကာ အ​ပြေးထွက်​သွားသည်​။ တံခါး​ရှေ့မှာရပ်​​နေတာက အရင်​တစ်​ခါက ကတုံး​ပေါက်​ ။ သူက အချိန်​ပိုင်းအလုပ်​​တွေ မျိုးစုံလုပ်​​နေတာထင်​တယ်​ ။ ​တွေး​နေရင်း နဲ့သူ့ကို စချင်​​သော​ကြောင့်​ Kai အပြည့်​ယူလာတဲ့ ​ငွေ​တွေထဲမှ ဝမ်​ နှစ်​​ထောင်​ကို ​ဘောင်းဘီအိပ်​ကပ်​ထဲထည့်​လိုက်​သည်​။
"အခန်းနံပါတ်​ 614ကမှာထားတဲ့ကြက်​​ကြော်​ နှစ်​​ကောင်​ပါ တန်​ဖိုးက​တော့ ဝမ်​ တစ်​​သောင်းပါ"
"​ဩော်​ ​အေး​အေး ကြက်​​ကြော်​ ခဏကိုင်​ထား"
လက်​ထဲမှာပါ​သော ​ငွေ​တွေကို ​ရေတွက်​ဟန်​​ဆောင်​ကာ တစ်​ရွက်​ချင်း ​ရေလိုက်​သည်​။
"ဟာ ရှစ်​​ထောင်​တည်းရှိပါလား ​နောက်​နှစ်​​ထောင်​ကို အ​ကြွေး​ပေးပါလား "
"မရဘူး ​ငွေအပြည့်​မ​ပေးရင်​ ပြန်​ယူသွားပါ့မယ်​ "
ပြောပြီးပြီးချင်း ​နောက်​သို့လှည့်​ကာ ထွက်​သွားရန်​ကြံ​နေ​သော​ကြောင့်​ Kai တားလိုက်​ရသည်​။
"​ဟေ့ ​ဟေ့ ​နေပါဦး မင်းကလည်း စိတ်​ချည်းဘဲ အဲဒီနှစ်​​ထောင်​ မင်းခဏစိုက်​လိုက်​ပါလား ​နောက်​​တွေ့ရင်​ ငါ​ပေးမယ်​​လေ "
"မရဘူး ကျွန်​​တော်​တို့က တစ်​​နေ့လုပ်​မှတစ်​​နေ့စားရတာ "
"မင်းကလည်း လုပ်​ပါကွာ ​နော်​ ​နော်​ "
ခုနက အချိန်​မ​သေ​သေး​သော Aegyo ​တွေ သူ့​ရှေ့လုပ်​ပြလိုက်​​တော့ ဟိုက သူ့ကို ​ကြောင်​ပြီးကြည့်​​နေသည်​။
"ဒီလိုလုပ်​ကွာ ​အဲဒီ ဝမ်​နှစ်​​ထောင်​ကို ​နောက်​တစ်​ခါ​တွေ့ရင်​ ​လေး​ထောင်​​ပေးမယ်​​လေ မင်းအလုပ်​လုပ်​တဲ့ဆိုင်​ကိုလဲ ငါသိတာဘဲ "
"ဘယ်​လိုဟာ​တွေလဲမသိဘူး ကား​တွေတိုက်​ခန်း​တွေကျရှိတယ်​ ဝမ်​နှစ်​​ထောင်​ကျ​တော့ မရှိကြဘူး သနားစရာ​လေး​တွေ"
"​ဟေ့တိုးတိုး တိုးတိုးနဲ့​ပြောမ​နေနဲ့ ငါကြားတယ်​ ဒီ​နေ့က လကုန်​ရက်​မို့ပါကွာ မနက်​ဖြန်​ဆိုရင်​ လစာထုတ်​ပြီ​လေ "
"ပြီး​ရော "
ပြောလဲ​ပြော အိတ်​ထဲက ဝမ်​နှစ်​​ထောင်​ကို ဆူပုပ်​ပြီး ထုတ်​​နေတဲ့ ထိုအနှီ​ကောင်​​ကြောင့်​ Kai ရယ်​ချင်​သည်​ကိုမနည်းထိန်း​နေရသည်​။ သူ့ကိုစရတာ ဤမျှ​ပျော်​ဖို့​ကောင်း​ကြောင်း သိလိုက်​ပြီး ​နောက်​လဲစရမည်​ဟု ​တေးမှတ်​လိုက်​သည်​။ ကြက်​​ကြော်​ကို ယူပြီးအထဲဝင်​လာ​တော့ Baekhyun ကအ​ငေါ်တူးသည်​။
"လာ​တောင်​လာ​သေးတယ်​​နော်​ ငါကတံခါးအဝမှာဘဲ
ကြက်​​ကြော်​နဲ့နှစ်​​ယောက်​တစ်​ကမ္ဘာ ​တည်​​ထောင်​​နေကြပြီလားလို့ မြန်​မြန်​လုပ်​ ငါဗိုက်​ဆာတယ်​ "
"​အေးပါကွာ လာစား "
ထို​နေ့က ​နေ့လည်​စာကို ကြက်​နှစ်​​ကောင်​နဲ့သာ သူတို့နှစ်​​ယောက်​​ဖြေရှင်းလိုက်​ကြ​လေသည်​။
ရေးထားပြီးရင်​ မတင်​ဘဲမ​နေနိုင်​တဲ့စိတ်​​ကြောင့်​ တင်​လိုက်​ပါပြီ​နော်​ ၃ ရက်​​လောက်​​ပျောက်​မည်​ ဟီး
Continue Reading
You'll Also Like
33.4K 2.8K 11
807K 30K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
72K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode
600K 9.3K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...