မပြောမဆိုဘဲနဲ့ Kai နဲ့စကားပြောနေတုန်း လက်ကိုအတင်းဆွဲကာခေါ်လာသော Chanyeol ကြောင့် Baekhyun အူတူတူဖြင့် သူ့နောက်သို့လိုက်ပါလာရသည်။ ဆိုင်ထဲတွင် လူအများအပြားမရှိလို့သာ တော်သေးသည်။ ရှိသည့်လူအနည်းငယ်ကလည်း စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ ရှေ့နောက်မစဉ်းစားဘဲ ကိုယ်ဖြစ်ချင်တာကိုသာ ဇွက်လုပ်သော Chanyeol ကြောင့် Baekhyun သူ့အစားရင်မောမိသည်။
"မင်းကိုယ့်ကို ငြင်းနေတာတွေက ဒါတွေကြောင့်ပေါ့ဟုတ်လား"
"ဘာတွေပြောနေတာလဲ ခင်ဗျားပြောတာ ဘာမှနားမလည်ဘူး "
"ကိုယ်နဲ့ရှိနေတုန်းကကျ မမြင်ရတဲ့ မင်းရဲ့အပြုံးတွေက ဘာဖြစ်လို့ ခုဏကကောင်ရှေ့ကျတော့ ဖောဖောသီသီပေးနေရတာတုန်း မင်းပြောတော့ မဖြစ်နိုင်တာတွေဆို "
"ခင်ဗျား ကျွန်တော့်ကို သိက္ခာမချပါနဲ့ အခုခင်ဗျားနဲ့ ကျွန်တော်နဲ့က အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးဘဲရှိတော့တာ သတိရပါ "
ငိုချင်နေသည့် စိတ်ကိုထိန်းထားရင်း ရင်ထဲကမပါသော စကားများကို Baekhyun ပြောလိုက်မိသည်။ သူရဲ့ဘဝထဲမှာ ပါဝင်ခဲ့တယ့် အတိတ်တွေကို မေ့ပျောက်ပြီး ကောင်းကောင်းကြီး ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်စေလိုသည်မှာ Baekhyun ၏ အတ္တ။ ထို့ကြောင့် သူ့ကိုစိတ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် သာ ဤသို့ပြောဆိုနေခြင်း။
"အဟား Baekhyun မင်းတော်တော် ပြောင်းလဲသွားတာဘဲ "
"ဟုတ်တယ် ကျွန်တော် အားလုံးပြောင်းလဲသွားပြီ အရင်တုန်းက ကျွန်တော့် ပုံစံတွေရော ခင်ဗျားကို ချစ်ခဲ့တဲ့ အချစ်တွေအကုန်လုံးရောဘဲ"
"မင်းကိုယ့်ကို အကြောင်းပြချက်လေးဘဲပေးပါ ဘာကြောင့်ကိုယ့်ကို ထားခဲ့ရတာလဲ ဆိုတာ အခုတော့ ဘာမှမသိတဲ့ ကိုယ်ကအရူးကြီးလိုဘဲ"
"ခင်ဗျားသိလဲ ဘာမှထူးသွားမှာ မဟုတ်တဲ့အတွက် ကျွန်တော်မပြောပြနိုင်ဘူး ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့တော့ ဒီလိုဆိုရင် ကျွန်တော် နောက်တစ်ခေါက် အဝေးကို ထွက်ပြေးသွားရလိမ့်မယ် "
"Ok ကိုယ်မင်းကို မနှောင့်ယှက်တော့ဘူး မင်းလဲကိုယ့်လမ်းကိုယ်လျှောက် ကိုယ်လဲကိုယ့်လမ်းကို ကိုယ်လျှောက်တော့မယ် Good luck"
လက်အစုံကိုမြှောက်ကာပြောပြီး ကျောခိုင်းထွက်သွားသော သူ့ကြောင့် Baekhyun ရင်တွေကြေမွသွားသလိုခံစားရသည်။ တကယ်ဆို သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ချစ်ကြသားနဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ဆိုသည့် တံတားကြီးက ခြားထားသည်။ တစ်ခါတစ်လေ မည်သူမှမရှိတဲ့ ကမ္ဘာမှာ နှစ်ယောက်သား အတူဖြတ်သန်းချင်တဲ့စိတ်ဖြစ်လာသော်လည်း တကယ်တော့ အိမ်မက်သာသာပင်။ ဒီတစ်ခါတော့ တကယ်သူတို့ရဲ့ ဇာတ်လမ်းက ပြီးဆုံးပြီထင်ပါရဲ့။
"နောင်ဘဝ ဆိုတာရှိရင်တော့ ကျိန်းသေပေါက် အတူတူ ဘဝကိုဖြတ်သန်းပါရစေ"
တရွှေ့ရွှေ့ထွက်ခွာသွားသော ကျောပြင်ကြီးကို ကြည့်လျက် Baekhyun နေရာမှာပင်ရပ်ကာ တောင်းဆုပြုမိလိုက်သည်။
ဆိုင်ထဲတွင်တော့ ကျန်ခဲ့သော Kai က လူတစ်ယောက်ဆွဲခေါ်သွားသော Baekhyun နောက်ကို အပြေးလိုက်သွားရန်ကြံသည်။ သို့သော် သူ့ရှေ့မှာ လာတားသော ကတုံးဆံပင်ပေါက်နဲ့ စားပွဲထိုးကြောင့် နေရာမှာပင်ရပ်လိုက်ရသည်။
"ဘာလဲ ဖယ်စမ်း ငါ့သူငယ်ချင်းကို လူတစ်ယောက်ဆွဲခေါ်သွားတာ ငါလိုက်ရမယ်"
"လူကြီးမင်းတို့စားထားတာ မရှင်းရသေးပါဘူး ဒါကြောင့် ဒီဆိုင်က ခြေတစ်လှမ်းမှ ထွက်ခွင့်မပြုနိုင်ပါဘူး "
"ငါက လူဆိုးရုပ်ပေါက်နေလို့လား "
"လူကြီးမင်းရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်ပိုင်ခွင့်မရှိပါဘူး စားထားတာကိုသာ ရှင်းပေးပါ"
မျက်နှာတည်တည်နဲ့ ပိုက်ဆံသာတောင်းနေသော ရှေ့က ကတုံးကြောင့် Kai ဒေါသမထွက်ဘဲ ရယ်သာရယ်ချင်နေသည်။ အရပ်က သူ့ရင်ခွင်လောက်သာရှိပြီး ထူးခြားသည်က သူရဲ့ အသည်းပုံ နှုတ်ခမ်းပင်ဖြစ်သည်။ သို့သော် Baekhyun ဆီသို့လိုက်သွားရန်လိုသောကြောင့် စဉ်းစားချိန်သိပ်မရ။
"မင်းနာမည်က Do Kyung Soo လား"
စားပွဲထိုးအဝတ်မှာ ထိုးထားသော Nametag ကြောင့် မေးလိုက်တော့ မျက်ခုံးပင့်ကာ လူကိုတစ်ချက်လာကြည့်ပြီး တုံးတိတိဖြေသည်။
"ဟုတ်တယ် "
"မင်းတို့ရဲ့ဆိုင်က ဝန်ဆောင်မှုသိပ်ညံ့တာဘဲ အထူးသဖြင့် မင်းလို ဝန်ထမ်းကြောင့်ပေါ့ အာဒါနဲ့ ဒါကငါတို့ စားထားတဲ့အတွက် ပိုက်ဆံ "
သူ့အနားသို့ကပ်ကာ ပြောလိုက်ပြီး ပိုက်ဆံကိုလက်ထဲထည့်ပေးလိုက်တော့ မျက်လုံးပြူးပြူးနဲ့ လူကို ကြည့်ပြီး ကျန်ခဲ့သည့် ထိုကောင်လေးကြောင့် တစ်ချက်ရယ်လိုက်သည်။ ဆိုင်ပြင်ကို ရောက်တော့ မတုန်မလှုပ်နေရာမှာ ရပ်နေသော Baekhyun ကြောင့် သူ့အနားသို့အလျှင်အမြန်သွားလိုက်သည်။
"Baekhyun ဘာဖြစ်နေတာလဲ"
"ဘာမှမဟုတ်ဘူး သွားကြမယ်လေ "
"သူက ဘာပြောသွားလို့မင်းက မျက်ရည်ကျနေတာလဲ "
"ဘာမှမဟုတ်ပါဘူးကွာ ပိုးကောင်ဝင်သွားလို့ စပ်လို့ကျလာတာပါ"
ကျဆင်းနေသော မျက်ရည်တွေကို သုတ်လိုက်ကာ Baekhyun ပြန်ဖြေလိုက်သည်။
"အခုဘယ်သွားမှာလဲ "
"ငါ့တိုက်ခန်းကိုဘဲ လိုက်ပို့တော့ ငါခွင့်ယူလိုက်မယ် "
"အေး အေး "
ကားပေါ်ကို တက်တက်ချင်း စကားဆက်မပြောတော့ဘဲ လမ်းဘေးရှုခင်းတွေကိုသာ ကြည့်နေသော Baekhyun ကြောင့် Kai ကားကိုသာဂရုတစိုက်မောင်းလိုက်သည်။ ဘာအကြောင်းကြောင့် မျက်နှာညိုးနေတာလဲ သူမပြောတဲ့အတွက် မသိပေမဲ့ သူတကယ်ကို စိတ်မကောင်း။ စတွေ့တွေ့ကတည်းက အခုထိ အရာရာကိုတိုင်ပင်ခဲ့ပေမဲ့ သူ့အချစ်ရေးကိုတော့ တစ်ခါမှဖွင့်ဟခဲ့ခြင်းမရှိပေ။
"ကဲ ငါ့တိုက်ခန်းကိုရောက်ပြီ အပေါ်ကိုလိုက်ဦးမလား တစ်ခုခုသောက်ဖို့ "
"တော်ပါပြီ ငါ့အလုပ်တွေရှိသေးတယ် မသောက်တော့ဘူး Baekhyun ငါမင်းကို သွေးရင်းညီအကိုတစ်ယောက်လို သဘောထားတယ်ဆိုတာသိတယ်မလား "
"အင်း"
"ဒါကြောင့် စိတ်ညစ်စရာရှိရင် ငါ့ကိုရင်ဖွင့် အကူညီလိုရင်တောင်းကြားလား တစ်ယောက်တည်း မခံစားနဲ့ သိလား "
"ကောင်းပါပြီ အဘိုးရယ် မင်းကငါ့အဘိုးလိုဘဲ သိပ်စကားများ တယ်"
"ကဲ အဘိုးသွားပြီ ငါ့မြေး"
Kai ကိုနှုတ်ဆက်ပြီး တိုက်ခန်းသို့တက်လာလိုက်သည်။ ဒီနေ့အတွက်တော့ ခံစားခဲ့ရတာတွေက လုံလောက်ပါပြီလေ။ ဒါတွေကို ခံနိုင်ရည်မရှိရလောက်တော့အောင် သူက ဆယ်ကျော်သက်ကောင်လေးလဲ မဟုတ်တော့ ။ တစ်နေ့တာလုံး ပင်ပန်းခဲ့သည်များ ကို ရေအေးအေးဖြင့်ချိုးကာ ခေါင်းထဲမှထုတ်ပြီး Computer ကိုင်ကာ Design အဆန်းတွေကို စိတ်ကူး ရေးဆွဲလိုက်သည်။ အခုတော့ သူ့ရည်ရွယ်ချက်ပြည့်တော့မယ်လေ ။
Park Chanyeol က သူ့ Design တွေကို ဝတ်ဆင်ပြီး စင်ပေါ်မှာ ဖျော်ဖြေမှာမို့လို့ပေါ့။
အဟမ်း အဟမ်း Daily update နေတဲ့ ဟာနူးလေးကို အားနာပြီး Feedback တစ်ကြောင်းလောက် ချရေးပေးခဲ့ကြပါနော် ကိုယ့် Fic လေးအခြေအနေဘယ်လိုရှိလဲ သိချင်လို့ပါ ။