'Byun Baekhyun မင္းေနာ္ တကယ္မမိုက္ဘူး
ဒဏ္ရာရတာေတာင္ ငါ့ဆီတစ္ခ်က္ဖုန္းမဆက္ဘူး Ommaသာမေျပာရင္ ငါဘာမွေတာင္သိလိုက္မွာ မဟုတ္ဘူး'
Baekhyunအသာျပံဳးလိုက္မိသည္။ ျခံေ႐ွ႕ဆိုင္ကယ္ရပ္သံၾကားကတည္းက ဒီလိုပြစိပြစိ ေျပာသံေတြ ၾကားရေတာ့မယ္ဆိုတာ သိပီးသား။
"ငါက အားနာလို႔ပါကြာ... မင္းဖုန္းလာတာကို Ommaကိုင္ပီး ငါ့ဒဏ္ရာရတာ ေျပာလိုက္တယ္ဆိုေတာ့ ommaကိုေတာင္ ေျပာလိုက္ေသးတယ္ အလကားသက္သက္စိတ္ပူေနမယ္လို႔''
'ဘာအားနာစရာလိုလဲကြာ....'
ေျခေထာက္က သက္သာေနပီျဖစ္ေပမယ္ အနည္းငယ္ေတာ့နာေနေသးသည္။ ေရခ်ိဳးပီးထြက္လာတာမို႔ ဆက္တီတစ္ခုမွာ ဝင္ထိုင္ရင္း ေျခေထာက္လိမ္းဖို႔ ေဆးဘူးေလးယူလိုက္သည္။
'ေဆးလိမ္းမလို႔လား ေပး...ငါလိမ္းေပးမယ္'
Baekhyunလက္ထဲက ေဆးဘူးေလးယူကာ ၾကမ္းျပင္ေပၚထိုင္လိုက္ပီး Baekhyunရဲ႕ ေျခေထာက္ေလးကို ခံုပုေလးေပၚတင္ေပးလိုက္သည္။
"ရပါတယ္ဆိုကြာ...''
'Byun Baek မင္းကာစိမ္းကားေနတာလား?'
မ်က္ေမွာင္ႀကီးက်ဳတ္ကာ ေမးေနသည္မို႔ Baekhyunျပံဳးကာ....
"မဟုတ္ပါဘူးကြာ...
ေက်ာင္းေျပးလာတာေတာ့ မဟုတ္ဘူးမလား?''
'မဟုတ္ပါဘူး....
ေန႔လည္စာစားခ်ိန္မင္းဆီလာမယ္ဆိုပီး ဖုန္းလွမ္းဆက္တာ မင္းေရခ်ိဳးေနတယ္ဆိုပီး Ommaကဖုန္းကိုင္တာ...Ommaေျပာျပတာနဲ႔ တစ္ခါတည္းတန္းထြက္လာတာ'
အနည္းငယ္ေယါင္ေနေသးသည့္ ေျခေထာက္ေလးကိုအသာကိုင္ပီး အသားထဲစိမ့္ဝင္ေအာင္ အသာအယာႏွိပ္ပီး လိမ္းေပးေနသည္။
Baekhyun ေ႐ွ႕ကသူငယ္ခ်င္းေလးကိုၾကည့္ပီး ထပ္ျပံဳးမိျပန္သည္။ Baekhyunနဲ႔ ပတ္သတ္လာရင္ အျမဲတမ္းဂ႐ုတစိုက္႐ွိလွေသာ သူငယ္ခ်င္းေလး။ အခုလည္း ေဆးလိမ္းေနသည္ကို အာရံုစိုက္ထားသည္မို႔ ခပ္ထူထူမ်က္ခံုးႏွစ္ခုပင္ ထိကပ္လုနီးပါးျဖစ္ေနသည္။
ေယာက်ာ္းဆန္တဲ့အသားေရပဲေခၚမလား Baekhyunေလာက္ ျဖဴႏုမေနေပမယ့္ အသားအေရလတ္ဆတ္တဲ့အထဲမွာပါေလသည္။
မ်က္ခံုးတန္းႏွစ္ခုကလည္း ထူထဲသည္။ မ်က္ခံုးထူထူေအာက္က မ်က္လံုးတို႔ကလည္း အျမဲစူး႐ွေနတတ္သည္။ ႏွေခါင္းခြၽန္ခြၽန္ ႏႈတ္ခမ္းပါးတင္းေစ့ေစ့နဲ႔ Baekhyunရဲ႕ သူငယ္ခ်င္းေလးက နာမည္ႀကီးသ႐ုပ္ေဆာင္ Kim Woo Binနဲ႔ေတာင္ ခပ္ဆင္ဆင္တူေလသည္။
အရပ္အေမာင္းလည္းျမင့္မားကာ ဂ်စ္ကပ္ကပ္ပံုစံက ေကာင္မေလးေတြတင္မက ခ်စ္စရာေကာင္ေလးေတြၾကားလည္း နာမည္ႀကီးသည္။
ရည္းစားအ႐ႈပ္အ႐ွင္းကင္းကာ Baekhyunနဲ႔ပဲ အျမဲတြဲေတြ႔ေနသည္မို႔ တစ္ခ်ိဳ႕ဆို Baekhyunကို အျမင္ကပ္ၾကသည္။
Baekhyunသည္လည္း အေပါင္းအသင္းအနည္းငယ္႐ွိေပမယ့္ အျမဲတပူးတြဲတြဲေနျဖသ္သည္ကေတာ့ Baekhyunေ႐ွ႕မွာ ထိုင္ကာ ေဆးလိမ္းေပးေနသည့္ Woo Shinဆိုသည့္ သူငယ္ခ်င္းေလးတစ္ေယာက္သာ ႐ွိေလသည္။
လူေကာင္ေသးညႇက္သည့္ Baekhyunကို အျမဲကာကြယ္ေပးတတ္သည္။
Baekhyunနဲ႔ Shinဆိုတာ တစ္ေယာက္အေၾကာင္းတစ္ေယာက္သိကာ သူငယ္ခ်င္းဆိုတဲ့ ဆက္ဆံေရးထက္ ေလးနက္သည္ကေတာ့အမွန္။
အထက္တန္းတုန္းကလည္း Baekhyunတို႔ႏွစ္ေယာက္တြဲေနပါသည္ဆိုတဲ့ ေကာလဟာလေတြ ထြက္ခဲ့ေပမယ့္ ႏွစ္ေယာက္လံုးမေျဖ႐ွင္းခဲ့။
ဝန္မခံခဲ့သလို ျငင္းလည္းမျငင္းခဲ့ၾက။ ပတ္ဝန္းက်င္မွာ ေျပာေနၾကသည့္ စကားေတြက Baekhyunတို႔ႏွစ္ေယာက္အတြက္ အေႏွာင့္အယွက္မျဖစ္ခဲ့၍ ထူးၿပီး မေျဖ႐ွင္းခဲ့ၾကျခင္းျဖစ္သည္။
အထက္တန္းပီးၾက၍ Baekhyunေက်ာင္းဆက္မတက္ျဖစ္သည့္တိုင္ Shinနဲ႔ အဆက္သြယ္မျပတ္သြားတဲ့ Baekhyunတို႔က သူမ်ားေတြေျပာလည္းေျပာခ်င္စရာ။
Baekhyunရဲ႕ အေမကိုလည္း Shinက Ommaလို႔ ေခၚသလို Baekhyunသည္လည္း Shinရဲ႕အေမကို Ommaလို႔သာ ေခၚျဖစ္သည္။
ခ်စ္သူေတြ မဟုတ္ၾကေပမယ့္ Shinအနားေရာက္လွ်င္ Baekhyun အပူပင္ေတြေလ်ာ့ကာ ေပါ့ပါးေနတတ္သည္။
ရင္ခုန္သံေတြ မက်ယ္ေလာင္ေပမယ့္ Shinနဲ႔သာဆို Baekhyun အျမဲေပ်ာ္ေနတတ္တာေတာ့ ဝန္ခံပါသည္။
................
"အဟမ္း...''
ေခ်ာင္းဟန္႔သံထြက္လာ၍ Shinနဲ႔ စေနာက္ေနရာမွ တံခါးဝဘက္လွည့္ၾကည့္မိသည္။
Chanyeolသည္လည္း Baekhyunေျခေထာက္ကို ေဆးလိမ္းေပးေနသည့္ေကာင္ေလးနဲ႔ Baekhyunတို႔ စေနာက္ေနၾကသည္ကို ရပ္ၾကည့္မိေနတာ အေတာ္ၾကာပီ။
သူ႔ကို ႏွစ္ေယာက္လံုး မရိပ္မိ၍ ေခ်ာင္းဟန္႔သံေပးလိုက္ေပမယ့္ ျပဴးေၾကာင္ေၾကာင္ေလးၾကည့္ေနသည့္ ေကာင္ေလးေၾကာင့္ Chanyeolအိမ္ထဲသို႔ ဝင္ရန္ခက္ေနမိသလို။
Chanyeolအသံေပးလိုက္မွ ရပ္တန္႔သြားရသည့္ ေကာင္ေလးရဲ႕ အျပံဳးတစ္ခ်ိဳ႕ကို ႏွေျမာမိသလိုလည္း ျဖစ္သြားရသည္။
'သား ဧည့္သည္ကို အိမ္ထဲေခၚေလ'
"အာ...ဟုတ္ကဲ့ အိမ္ထဲဝင္ပါဗ်''
"ျခံတံခါးပြင့္လ်က္ႀကီးျဖစ္ေနလို႔ တစ္ခါတည္းဝင္ခဲ့လိုက္တာ အေႏွာင့္အယွက္မ်ားျဖစ္သြားသလား?''
"မျဖစ္ပါဘူး....႐ုတ္တရက္ဆိုေတာ့ က်ေတာ္လည္း.... ''
"ရပါတယ္... ေျခေထာက္ေရာ သက္သာလား?''
Chanyeolယူလာတဲ့ သစ္သီးျခင္းကို စားပြဲေပၚတင္ကာ Baekhyunေဘးလြတ္ေနသည့္ ဆက္တီခံုတစ္ခုေပၚဝင္ထိုင္လိုက္သည္။
Shinကလည္း ေဆးလိမ္းေပးပီးလို႔ ထိုင္ရာကထကာ Baekhyunေဘးမွာ ခံုအလြတ္မ႐ွိေတာ့၍ Baekhyunထိုင္ေနသည့္ ခံုရဲ႕ လက္တင္သည့္ေနရာေပၚမွာ က်ပ္သပ္စြာ ဝင္ထိုင္ေလသည္။
Ommaကေတာ့ မီးဖိုထဲ ဝင္သြားကာ ဘာေတြအလုပ္႐ႈပ္ေနသည္မသိ။
"ဟုတ္ကဲ့ သက္သာပါတယ္...မနက္ျဖန္ေတာင္ အလုပ္ျပန္ဆင္းေတာ့မို႔ ''
"မရပါဘူး!''
'မရပါဘူး!'
Baekhyunကို အလယ္မွာထားကာ ေအာ္လိုက္သည္ေၾကာင့္ ကိုယ္ေလးပင္က်ံဳ႕သြားရသလို....
'Baek မင္း အေရးမပါတာေတြ မေျပာစမ္းနဲ႔...
ဒဏ္ရာကေယာင္ေနေသးတာကို ဘာအလုပ္သြားမွာလဲ... ေခါင္းမမာနဲ႔'
Baekhyunရဲ႕ ေခါင္းကိုခပ္ဖြဖြကိုင္ကာ ဆံပင္ေလးေတြဖြရင္း ေျပာသည့္ Shinေၾကာင့္ ႏႈတ္ခမ္းဆူမိသည္။
'ဒါနဲ႔ သူက?'
"အာ....သူက Park Chanyeolတဲ့ ငါ့ကို ေဆးခန္းလိုက္ပို႔ေပးတဲ့သူေလ''
'ဪ....''
"Chanyeol Hyung သူက က်ေတာ့သူငယ္ခ်င္း Shin....Woo Shinတဲ့ ''
"ဟုတ္ပါပီ....
မနက္ျဖန္ေတာ့ အလုပ္မသြားေသးနဲ႔အံုးေနာ္ Baekhyun...ကိုယ္တစ္ေခါက္လာၾကည့္အံုးမွာ''
"ရပါတယ္.... အားနာစရာႀကီး....ေနာက္ပီး လက္ေဆာင္ေတြလည္း ယူမလာပါနဲ႔ ေဆးခန္းပို႔ေပးတာနဲ႔တင္ ေက်းဇူးတင္လွပါပီ....ေနာက္ပီး မေန႔က Ommaကိုေပးခဲ့တဲ့.....''
'Shin ထမင္းစားသြားမွာလား?''
'စားမွာေပါ့ Ommaရဲ႕'
'ဟို...သားေလးေရာ တစ္ခါတည္းစားသြားမလား?
ဟင္းကေတာ့ အရမ္းႀကီးေတာ့ အဆင္ေျပမွာ မဟုတ္ေလာက္ဘူး'
"Omma အားနာစရာႀကီး.... Hyungက အလုပ္႐ွိရင္႐ွိေနမွာေပါ့''
"Lunch Break ပဲ Baekhyunရဲ႕ ....
Ommonyi က်ေတာ္ဝင္စားလို႔ ျဖစ္တယ္မလား?
ဗိုက္ဆာေနပီ''
'ရပါ့႐ွင့္'
ဗိုက္ေလးပြတ္ကာ Ommaကို ျပန္ေျပာေနသည့္ Chanyeolဆိုသည့္သူက တကယ့္ကေလးေလး တစ္ေယာက္အတိုင္း....
Shin ကေတာ့ Ommaနဲ႔ မီးဖိုထဲအရင္ဝင္သြားေလသည္။
"ေလွ်ာက္ႏိုင္လား?.
ကိုယ္ထိန္းေပးရမလား?''
"ရပါတယ္ Chanyeol Hyung...
ဟို....ေနာက္ပီးေလ...မေန႔က...Hyung...Ommaကိုေပးသြားတဲ့ ပိုက္ဆံေတြ ျပန္ယူသြားပါေနာ္... က်ေတာ္လက္မခံခ်င္ဘူး''
"ဘာလို္႔လဲ? ""
"Hyung နဲ႔မဆိုင္တဲ့ ကိစၥေလ...
ေဆးခန္းလိုက္ပို႔ေပးတာေတာင္ က်ေတာ္က ေက်းဇူးတင္လွပီ...ပိုက္ဆံကိုေတာ့...''
"ယူထားလိုက္ပါ Baekhyun...
ကိုယ္က ဘာေမွ်ာ္လင့္ခ်က္မွမပါပဲ ေစတနာသန္႔သန္႔နဲ႔ ကူညီေပးတာပါ...ကိုယ့္ေစတနာကို အသိအမွတ္ျပဳေပးရင္ မျငင္းနဲ႔ Baekhyun''
"ဒါေပမယ့္....''
'Baek မလာေသးဘဲ ဘာလုပ္ေနတာလဲ?''
Shinရဲ႕ ေခၚသံအပီးမွာ Chanyeolလည္း ထမင္းစားခန္းထဲ ဝင္သြားသလို Baekhyunေျပာခ်င္ေသးသည့္ စကားေတြလည္း ေ႐ွ႕ဆက္မရခဲ့။
Baekhyunကို မာနႀကီးတယ္ပဲေျပာေျပာ....
Shinဆီက အကူအညီေတာင္ မျဖစ္သာတဲ့ အေျခအေနမွသာယူတာ...
ပိုက္ဆံကိစၥဆို ပိုလို႔ေတာင္ အကူအညီမေတာင္းခဲ့။
ပိုက္ဆံနဲ႔ပတ္သက္ပီး အေျပာခံရမွာေသမေလာက္ေၾကာက္သည္။ ထို႔ေၾကာင့္လည္း ကိုယ္တတ္စြမ္းသေလာက္ ေငြရေအာင္႐ွာခဲ့သည္။
အခုလည္း သိကြၽမ္းတာပင္မၾကာေသးသည့္ Chanyeolဆိုသည့္သူဆီက အကူအညီကို လံုးဝလက္မခံခ်င္။
ဟူး.....
မျဖစ္ျဖစ္တဲ့နည္းနဲ႔ေတာ့ သူ႔ပိုက္ဆံကိုျပန္ေပးၾကည့္ရမွာပဲ.....
....
....
....
Chanyeol တစိမ္းအိမ္မွာ ထမင္းစားဖူးတာ ပထမဆံုးမို႔ အေနရခက္ေပမယ့္ ေဖာ္ေရြလွသည့္ Ommonyi ေၾကာင့္သာ အနည္းငယ္ သက္သာရသည္။
သို႔ေပမယ့္....
မ်က္ႏွာခ်င္းဆိုင္က Shinဆိုသည့္ ေကာင္ေလးေၾကာင့္ေတာ့ အနည္းငယ္ အစာမေၾကခ်င္။
Baekhyunပန္းကန္ထဲကို အသားႏႊာေပးေနသည္က ႏွစ္႐ွည္လမ်ားလုပ္ေပးလာသည့္အတိုင္း။
Chanyeolေဘးမွာ ထိုင္ေနသည့္ Ommonyiကလည္း ျပံဳးေနသည္မို႔ သူတို႔က ေတာ္ေတာ္ေလးရင္းႏွီးပံုရသည္။
Omma Ommaနဲ႔ ပါးစပ္ဖ်ားက မခ်သည့္ Shinကို Chanyeolဘာလို႔ မေက်မနပ္ျဖစ္ေနမွန္းမသိ။
လူတစ္ေယာက္ကို ဘလိုင္းႀကီးမမုန္းတတ္ေပမယ့္ Shinကိုေတာ့ တကယ္ၾကည့္မရ။ Baekhyunတို႔ သားအမိနဲ႔ လိုတာထက္ရင္းႏွီးတယ္ဆိုတာ ျပေနသေယာင္။
Chanyeolကိုယ့္ကိုလည္း နားမလည္။
တစ္ခါႏွစ္ခါမ်ွသာ ေတြ႔ဖူးသည့္ေကာင္ေလးက အေတြးထဲအျမဲစိုးမိုးေနတတ္သည္။
ဒီေန႔လည္း အလုပ္ေတြအရမ္း႐ႈပ္ေနသည့္ၾကားက ေန႔လည္စာစားခ်ိန္ဟု အေၾကာင္းျပကာ အျမန္ေရာက္လာရျခင္း။
ခုလို ထမင္းလက္ဆံုစားရင္း ေသခ်ာသြားသည္က Baekhyunရဲ႕အေၾကာင္းအရာေသးေသးေလးကအစ အေသးစိတ္သိခ်င္မိသည္။ Baekhyunလိုအပ္တာကို ျဖည့္ေပးမယ္သူကလည္း သူပဲျဖစ္ခ်င္သည္။
Baekhyunတို႔သားအမိကို ေစာင့္ေ႐ွာက္ေပးရမည့္သူကလည္း သူပဲျဖစ္ခ်င္သည္။
ေနာက္ဆံုး...
Woo Shinထက္ ပိုပီးေလးနက္တဲ့ ဆက္ဆံေရးမ်ိဳးနဲ႔ Baekhyunေဘးမွာ အၾကာႀကီး႐ွိေနရမယ့္သူကလည္း Park Chanyeolဆိုတဲ့ သူပဲျဖစ္ရမည္။
ဒီေန႔ေနလည္စာက Woo Shinေၾကာင့္ မ်က္စိေနာက္ရသည္က လြဲလို႔ အရသာ႐ွိလြန္းလွသည္။
...................................................
'Byun Baekhyun မင်းနော် တကယ်မမိုက်ဘူး
ဒဏ်ရာရတာတောင် ငါ့ဆီတစ်ချက်ဖုန်းမဆက်ဘူး Ommaသာမပြောရင် ငါဘာမှတောင်သိလိုက်မှာ မဟုတ်ဘူး'
Baekhyunအသာပြုံးလိုက်မိသည်။ ခြံရေှ့ဆိုင်ကယ်ရပ်သံကြားကတည်းက ဒီလိုပွစိပွစိ ပြောသံတွေ ကြားရတော့မယ်ဆိုတာ သိပီးသား။
"ငါက အားနာလို့ပါကွာ... မင်းဖုန်းလာတာကို Ommaကိုင်ပီး ငါ့ဒဏ်ရာရတာ ပြောလိုက်တယ်ဆိုတော့ ommaကိုတောင် ပြောလိုက်သေးတယ် အလကားသက်သက်စိတ်ပူနေမယ်လို့''
'ဘာအားနာစရာလိုလဲကွာ....'
ခြေထောက်က သက်သာနေပီဖြစ်ပေမယ် အနည်းငယ်တော့နာနေသေးသည်။ ရေချိုးပီးထွက်လာတာမို့ ဆက်တီတစ်ခုမှာ ဝင်ထိုင်ရင်း ခြေထောက်လိမ်းဖို့ ဆေးဘူးလေးယူလိုက်သည်။
'ဆေးလိမ်းမလို့လား ပေး...ငါလိမ်းပေးမယ်'
Baekhyunလက်ထဲက ဆေးဘူးလေးယူကာ ကြမ်းပြင်ပေါ်ထိုင်လိုက်ပီး Baekhyunရဲ့ ခြေထောက်လေးကို ခုံပုလေးပေါ်တင်ပေးလိုက်သည်။
"ရပါတယ်ဆိုကွာ...''
'Byun Baek မင်းကာစိမ်းကားနေတာလား?'
မျက်မေှာင်ကြီးကျုတ်ကာ မေးနေသည်မို့ Baekhyunပြုံးကာ....
"မဟုတ်ပါဘူးကွာ...
ကျောင်းပြေးလာတာတော့ မဟုတ်ဘူးမလား?''
'မဟုတ်ပါဘူး....
နေ့လည်စာစားချိန်မင်းဆီလာမယ်ဆိုပီး ဖုန်းလှမ်းဆက်တာ မင်းရေချိုးနေတယ်ဆိုပီး Ommaကဖုန်းကိုင်တာ...Ommaပြောပြတာနဲ့ တစ်ခါတည်းတန်းထွက်လာတာ'
အနည်းငယ်ယေါင်နေသေးသည့် ခြေထောက်လေးကိုအသာကိုင်ပီး အသားထဲစိမ့်ဝင်အောင် အသာအယာနှိပ်ပီး လိမ်းပေးနေသည်။
Baekhyun ရေှ့ကသူငယ်ချင်းလေးကိုကြည့်ပီး ထပ်ပြုံးမိပြန်သည်။ Baekhyunနဲ့ ပတ်သတ်လာရင် အမြဲတမ်းဂရုတစိုက်ရှိလှသော သူငယ်ချင်းလေး။ အခုလည်း ဆေးလိမ်းနေသည်ကို အာရုံစိုက်ထားသည်မို့ ခပ်ထူထူမျက်ခုံးနှစ်ခုပင် ထိကပ်လုနီးပါးဖြစ်နေသည်။
ယောကျာ်းဆန်တဲ့အသားရေပဲခေါ်မလား Baekhyunလောက် ဖြူနုမနေပေမယ့် အသားအရေလတ်ဆတ်တဲ့အထဲမှာပါလေသည်။
မျက်ခုံးတန်းနှစ်ခုကလည်း ထူထဲသည်။ မျက်ခုံးထူထူအောက်က မျက်လုံးတို့ကလည်း အမြဲစူးရှနေတတ်သည်။ နှခေါင်းချွန်ချွန် နွုတ်ခမ်းပါးတင်းစေ့စေ့နဲ့ Baekhyunရဲ့ သူငယ်ချင်းလေးက နာမည်ကြီးသရုပ်ဆောင် Kim Woo Binနဲ့တောင် ခပ်ဆင်ဆင်တူလေသည်။
အရပ်အမောင်းလည်းမြင့်မားကာ ဂျစ်ကပ်ကပ်ပုံစံက ကောင်မလေးတွေတင်မက ချစ်စရာကောင်လေးတွေကြားလည်း နာမည်ကြီးသည်။
ရည်းစားအရွုပ်အရှင်းကင်းကာ Baekhyunနဲ့ပဲ အမြဲတွဲတွေ့နေသည်မို့ တစ်ချို့ဆို Baekhyunကို အမြင်ကပ်ကြသည်။
Baekhyunသည်လည်း အပေါင်းအသင်းအနည်းငယ်ရှိပေမယ့် အမြဲတပူးတွဲတွဲနေဖြသ်သည်ကတော့ Baekhyunရေှ့မှာ ထိုင်ကာ ဆေးလိမ်းပေးနေသည့် Woo Shinဆိုသည့် သူငယ်ချင်းလေးတစ်ယောက်သာ ရှိလေသည်။
လူကောင်သေးညှက်သည့် Baekhyunကို အမြဲကာကွယ်ပေးတတ်သည်။
Baekhyunနဲ့ Shinဆိုတာ တစ်ယောက်အကြောင်းတစ်ယောက်သိကာ သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးထက် လေးနက်သည်ကတော့အမှန်။
အထက်တန်းတုန်းကလည်း Baekhyunတို့နှစ်ယောက်တွဲနေပါသည်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့် နှစ်ယောက်လုံးမဖြေရှင်းခဲ့။
ဝန်မခံခဲ့သလို ငြင်းလည်းမငြင်းခဲ့ကြ။ ပတ်ဝန်းကျင်မှာ ပြောနေကြသည့် စကားတွေက Baekhyunတို့နှစ်ယောက်အတွက် အနေှာင့်အယှက်မဖြစ်ခဲ့၍ ထူးပြီး မဖြေရှင်းခဲ့ကြခြင်းဖြစ်သည်။
အထက်တန်းပီးကြ၍ Baekhyunကျောင်းဆက်မတက်ဖြစ်သည့်တိုင် Shinနဲ့ အဆက်သွယ်မပြတ်သွားတဲ့ Baekhyunတို့က သူများတွေပြောလည်းပြောချင်စရာ။
Baekhyunရဲ့ အမေကိုလည်း Shinက Ommaလို့ ခေါ်သလို Baekhyunသည်လည်း Shinရဲ့အမေကို Ommaလို့သာ ခေါ်ဖြစ်သည်။
ချစ်သူတွေ မဟုတ်ကြပေမယ့် Shinအနားရောက်လှျင် Baekhyun အပူပင်တွေလျော့ကာ ပေါ့ပါးနေတတ်သည်။
ရင်ခုန်သံတွေ မကျယ်လောင်ပေမယ့် Shinနဲ့သာဆို Baekhyun အမြဲပျော်နေတတ်တာတော့ ဝန်ခံပါသည်။
................
"အဟမ်း...''
ချောင်းဟန့်သံထွက်လာ၍ Shinနဲ့ စနောက်နေရာမှ တံခါးဝဘက်လှည့်ကြည့်မိသည်။
Chanyeolသည်လည်း Baekhyunခြေထောက်ကို ဆေးလိမ်းပေးနေသည့်ကောင်လေးနဲ့ Baekhyunတို့ စနောက်နေကြသည်ကို ရပ်ကြည့်မိနေတာ အတော်ကြာပီ။
သူ့ကို နှစ်ယောက်လုံး မရိပ်မိ၍ ချောင်းဟန့်သံပေးလိုက်ပေမယ့် ပြူးကြောင်ကြောင်လေးကြည့်နေသည့် ကောင်လေးကြောင့် Chanyeolအိမ်ထဲသို့ ဝင်ရန်ခက်နေမိသလို။
Chanyeolအသံပေးလိုက်မှ ရပ်တန့်သွားရသည့် ကောင်လေးရဲ့ အပြုံးတစ်ချို့ကို နှမြောမိသလိုလည်း ဖြစ်သွားရသည်။
'သား ဧည့်သည်ကို အိမ်ထဲခေါ်လေ'
"အာ...ဟုတ်ကဲ့ အိမ်ထဲဝင်ပါဗျ''
"ခြံတံခါးပွင့်လျက်ကြီးဖြစ်နေလို့ တစ်ခါတည်းဝင်ခဲ့လိုက်တာ အနေှာင့်အယှက်များဖြစ်သွားသလား?''
"မဖြစ်ပါဘူး....ရုတ်တရက်ဆိုတော့ ကျတော်လည်း.... ''
"ရပါတယ်... ခြေထောက်ရော သက်သာလား?''
Chanyeolယူလာတဲ့ သစ်သီးခြင်းကို စားပွဲပေါ်တင်ကာ Baekhyunဘေးလွတ်နေသည့် ဆက်တီခုံတစ်ခုပေါ်ဝင်ထိုင်လိုက်သည်။
Shinကလည်း ဆေးလိမ်းပေးပီးလို့ ထိုင်ရာကထကာ Baekhyunဘေးမှာ ခုံအလွတ်မရှိတော့၍ Baekhyunထိုင်နေသည့် ခုံရဲ့ လက်တင်သည့်နေရာပေါ်မှာ ကျပ်သပ်စွာ ဝင်ထိုင်လေသည်။
Ommaကတော့ မီးဖိုထဲ ဝင်သွားကာ ဘာတွေအလုပ်ရွုပ်နေသည်မသိ။
"ဟုတ်ကဲ့ သက်သာပါတယ်...မနက်ဖြန်တောင် အလုပ်ပြန်ဆင်းတော့မို့ ''
"မရပါဘူး!''
'မရပါဘူး!'
Baekhyunကို အလယ်မှာထားကာ အော်လိုက်သည်ကြောင့် ကိုယ်လေးပင်ကျုံ့သွားရသလို....
'Baek မင်း အရေးမပါတာတွေ မပြောစမ်းနဲ့...
ဒဏ်ရာကယောင်နေသေးတာကို ဘာအလုပ်သွားမှာလဲ... ခေါင်းမမာနဲ့'
Baekhyunရဲ့ ခေါင်းကိုခပ်ဖွဖွကိုင်ကာ ဆံပင်လေးတွေဖွရင်း ပြောသည့် Shinကြောင့် နွုတ်ခမ်းဆူမိသည်။
'ဒါနဲ့ သူက?'
"အာ....သူက Park Chanyeolတဲ့ ငါ့ကို ဆေးခန်းလိုက်ပို့ပေးတဲ့သူလေ''
'ဪ....''
"Chanyeol Hyung သူက ကျတော့သူငယ်ချင်း Shin....Woo Shinတဲ့ ''
"ဟုတ်ပါပီ....
မနက်ဖြန်တော့ အလုပ်မသွားသေးနဲ့အုံးနော် Baekhyun...ကိုယ်တစ်ခေါက်လာကြည့်အုံးမှာ''
"ရပါတယ်.... အားနာစရာကြီး....နောက်ပီး လက်ဆောင်တွေလည်း ယူမလာပါနဲ့ ဆေးခန်းပို့ပေးတာနဲ့တင် ကျေးဇူးတင်လှပါပီ....နောက်ပီး မနေ့က Ommaကိုပေးခဲ့တဲ့.....''
'Shin ထမင်းစားသွားမှာလား?''
'စားမှာပေါ့ Ommaရဲ့'
'ဟို...သားလေးရော တစ်ခါတည်းစားသွားမလား?
ဟင်းကတော့ အရမ်းကြီးတော့ အဆင်ပြေမှာ မဟုတ်လောက်ဘူး'
"Omma အားနာစရာကြီး.... Hyungက အလုပ်ရှိရင်ရှိနေမှာပေါ့''
"Lunch Break ပဲ Baekhyunရဲ့ ....
Ommonyi ကျတော်ဝင်စားလို့ ဖြစ်တယ်မလား?
ဗိုက်ဆာနေပီ''
'ရပါ့ရှင့်'
ဗိုက်လေးပွတ်ကာ Ommaကို ပြန်ပြောနေသည့် Chanyeolဆိုသည့်သူက တကယ့်ကလေးလေး တစ်ယောက်အတိုင်း....
Shin ကတော့ Ommaနဲ့ မီးဖိုထဲအရင်ဝင်သွားလေသည်။
"လေှျာက်နိုင်လား?.
ကိုယ်ထိန်းပေးရမလား?''
"ရပါတယ် Chanyeol Hyung...
ဟို....နောက်ပီးလေ...မနေ့က...Hyung...Ommaကိုပေးသွားတဲ့ ပိုက်ဆံတွေ ပြန်ယူသွားပါနော်... ကျတော်လက်မခံချင်ဘူး''
"ဘာလို့်လဲ? ""
"Hyung နဲ့မဆိုင်တဲ့ ကိစ္စလေ...
ဆေးခန်းလိုက်ပို့ပေးတာတောင် ကျတော်က ကျေးဇူးတင်လှပီ...ပိုက်ဆံကိုတော့...''
"ယူထားလိုက်ပါ Baekhyun...
ကိုယ်က ဘာမေှျာ်လင့်ချက်မှမပါပဲ စေတနာသန့်သန့်နဲ့ ကူညီပေးတာပါ...ကိုယ့်စေတနာကို အသိအမှတ်ပြုပေးရင် မငြင်းနဲ့ Baekhyun''
"ဒါပေမယ့်....''
'Baek မလာသေးဘဲ ဘာလုပ်နေတာလဲ?''
Shinရဲ့ ခေါ်သံအပီးမှာ Chanyeolလည်း ထမင်းစားခန်းထဲ ဝင်သွားသလို Baekhyunပြောချင်သေးသည့် စကားတွေလည်း ရေှ့ဆက်မရခဲ့။
Baekhyunကို မာနကြီးတယ်ပဲပြောပြော....
Shinဆီက အကူအညီတောင် မဖြစ်သာတဲ့ အခြေအနေမှသာယူတာ...
ပိုက်ဆံကိစ္စဆို ပိုလို့တောင် အကူအညီမတောင်းခဲ့။
ပိုက်ဆံနဲ့ပတ်သက်ပီး အပြောခံရမှာသေမလောက်ကြောက်သည်။ ထို့ကြောင့်လည်း ကိုယ်တတ်စွမ်းသလောက် ငွေရအောင်ရှာခဲ့သည်။
အခုလည်း သိကျွမ်းတာပင်မကြာသေးသည့် Chanyeolဆိုသည့်သူဆီက အကူအညီကို လုံးဝလက်မခံချင်။
ဟူး.....
မဖြစ်ဖြစ်တဲ့နည်းနဲ့တော့ သူ့ပိုက်ဆံကိုပြန်ပေးကြည့်ရမှာပဲ.....
....
....
....
Chanyeol တစိမ်းအိမ်မှာ ထမင်းစားဖူးတာ ပထမဆုံးမို့ အနေရခက်ပေမယ့် ဖော်ရွေလှသည့် Ommonyi ကြောင့်သာ အနည်းငယ် သက်သာရသည်။
သို့ပေမယ့်....
မျက်နှာချင်းဆိုင်က Shinဆိုသည့် ကောင်လေးကြောင့်တော့ အနည်းငယ် အစာမကြေချင်။
Baekhyunပန်းကန်ထဲကို အသားနွွာပေးနေသည်က နှစ်ရှည်လများလုပ်ပေးလာသည့်အတိုင်း။
Chanyeolဘေးမှာ ထိုင်နေသည့် Ommonyiကလည်း ပြုံးနေသည်မို့ သူတို့က တော်တော်လေးရင်းနှီးပုံရသည်။
Omma Ommaနဲ့ ပါးစပ်ဖျားက မချသည့် Shinကို Chanyeolဘာလို့ မကျေမနပ်ဖြစ်နေမှန်းမသိ။
လူတစ်ယောက်ကို ဘလိုင်းကြီးမမုန်းတတ်ပေမယ့် Shinကိုတော့ တကယ်ကြည့်မရ။ Baekhyunတို့ သားအမိနဲ့ လိုတာထက်ရင်းနှီးတယ်ဆိုတာ ပြနေသယောင်။
Chanyeolကိုယ့်ကိုလည်း နားမလည်။
တစ်ခါနှစ်ခါမျှသာ တွေ့ဖူးသည့်ကောင်လေးက အတွေးထဲအမြဲစိုးမိုးနေတတ်သည်။
ဒီနေ့လည်း အလုပ်တွေအရမ်းရွုပ်နေသည့်ကြားက နေ့လည်စာစားချိန်ဟု အကြောင်းပြကာ အမြန်ရောက်လာရခြင်း။
ခုလို ထမင်းလက်ဆုံစားရင်း သေချာသွားသည်က Baekhyunရဲ့အကြောင်းအရာသေးသေးလေးကအစ အသေးစိတ်သိချင်မိသည်။ Baekhyunလိုအပ်တာကို ဖြည့်ပေးမယ်သူကလည်း သူပဲဖြစ်ချင်သည်။
Baekhyunတို့သားအမိကို စောင့်ရေှာက်ပေးရမည့်သူကလည်း သူပဲဖြစ်ချင်သည်။
နောက်ဆုံး...
Woo Shinထက် ပိုပီးလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ Baekhyunဘေးမှာ အကြာကြီးရှိနေရမယ့်သူကလည်း Park Chanyeolဆိုတဲ့ သူပဲဖြစ်ရမည်။
ဒီနေ့နေလည်စာက Woo Shinကြောင့် မျက်စိနောက်ရသည်က လွဲလို့ အရသာရှိလွန်းလှသည်။
...................................................