တစ္ရံေရာအခါ.....

By SmileSmile553

59.7K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... More

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 6 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 10 )

1.1K 58 12
By SmileSmile553

သံစဥ္ကို သူ ညီမေလးတစ္ေယာက္လို ခ်စ္ခင္တာကလြဲရင္ ဒီထက္မပိုေပ။ သူမ မိမိအေပၚေျပာဆိုဆက္ဆံတာေတြကိုၾကည့္၍ သူမရဲ႕စိတ္ကို သူ ရိပ္မိသေလာက္ေတာ့႐ွိသည္။ တစ္႐ံုးထဲတြင္ အလုပ္တူတူလုပ္ေနၾက၍ ေန႔တိုင္းေတြ႕ေနရေသာ္လည္း သူတတ္ႏိုင္သမွ် သူမကိုေ႐ွာင္သည္။ သူ႕အေနႏွင့္ ခ်စ္သူ႐ွိၿပီးသား ျဖစ္တာေၾကာင့္ မလိုလားအပ္တဲ႔ ကိစၥေတြျဖစ္လာမွာကိုလည္း သူ မလိုလားေပ။မိမိအေနႏွင့္ သူမ ကိုတားျမစ္ရေအာင္လည္း သူမ ကဖြင့္ေျပာေနတာလည္းမဟုတ္။ ခုလည္း မွာထားတာေတြေရာက္ထဲက မိမိပန္းကန္ထဲ ထည့္ေပးေနတာက မၿပီးဆံုးေတာ့ေပ။ အားလံုးက ဝိုင္းေျပာသည့္အျပင္ အန္ကယ္သီဟ ကိုယ္တိုင္ကပါ ေခၚလာလို႔ အားနာလို႔သာ သူ ဒီစားပြဲဝိုင္းထဲေရာက္ေနေပမယ့္ ျပန္ခ်င္စိတ္တို႔က တဖြားဖြား။

" ကိုခန္႔ မ်က္ႏွာမေကာင္းပါလား။ ဘာလို႔လဲ စားမေကာင္းလို႔လား "

သံစဥ္အေမးကို သူေခါင္းသာ ခါျပလိုက္မိသည္။ ထိုစဥ္ ကိုသက္က

" သံစဥ္တို႔မ်ား ကိုလင္းခန္႔ကို ဂ႐ုစိုက္ေနလိုက္တာ အားက်ဖို႔ေတာင္ ေကာင္းတယ္။ ႏွစ္ေယာက္သား အရမ္းလိုက္ဖက္တယ္ေနာ္……"

" မဟုတ္တာဗ်ာ… သံစဥ္က ကြၽန္ေတာ့္တြက္ ညီမေလးလိုပါပဲ … ၿပီးေတာ့ ကြၽန္ေတာ္မွာ ခ်စ္ရမယ့္သူ ႐ွိၿပီးသားပါ "

သူ႕စကားေၾကာင့္ သံစဥ္ မ်က္ႏွာပ်က္သြားတာ သိေပမယ့္ မတတ္ႏိုင္။ အနည္းဆံုးေတာ့ သူမ သိေအာင္ အရိပ္အႁမႊက္ေတာ့ ေျပာထားမွျဖစ္မည္။ တကယ္ဆို ဟန္႔လက္ကိုတြဲ၍ ဒါ ကြၽန္ေတာ့္ခ်စ္သူပါလို႔ သူေျပာခ်င္ေပမယ့္ ဟန္က အစ္ကို႔သူငယ္ခ်င္းကလြဲၿပီး တစ္ျခားသူ မသိပါေစနဲ႔ဦး လို႔ ေျပာထားသလို မိမိကိုယ္တိုင္ကလည္း ငယ္႐ြယ္ေသးတဲ႔ ဟန္႔အေပၚ ပတ္ဝန္းက်င္ရဲ႕ ႐ိုက္ခတ္မႈေတြကို မခံေစခ်င္။ မိမိကိုခ်စ္မိတာေၾကာင့္ သူေလး စိတ္အားငယ္တာမ်ိဳး မျဖစ္ေစခ်င္ေပ။

" ကိုလင္းခန္႔ တကယ္ေျပာေနတာလား "

ကိုသက္က အံ႔ၾသၿပီးေမးတာေၾကာင့္ သူေခါင္းၿငိမ့္လိုက္ေတာ့ ေမႏွင္းက

" wow ထင္ေတာင္မထင္ထားဘူး အစ္ကိုရာ။ ဘယ္သူလဲဟင္။ နာမည္မေျပာရင္ေတာင္ ပံုစံေလး ေျပာျပပါလား "

လင္းခန္႔ၿပံဳးလိုက္၍ ဟန္႔မ်က္ႏွာေလးကို သူျမင္ေယာင္ရင္း

" အင္း …  သူ႔ပံုစံေလးက မ်က္ႏွာဝိုင္းဝိုင္း ပါးေဖာင္းေဖာင္းေလးနဲ႔ ။ တစ္ခါတစ္ခါ ကေပါက္တိကေပါက္ခ်ာ ေမးခြန္းေတြနဲ႔ ကေလးဆန္တတ္လြန္းေပမယ့္ တစ္ခါတစ္ခါ လူႀကီးေလးလိုလည္း ရင့္က်က္လြန္းတယ္ ။ ၿပီးေတာ့ …… "

" ၿပီးေတာ့ ဘာျဖစ္လဲ အစ္ကို ဆက္ေျပာေလ "

လင္းခန္႔စကားေတြရပ္သြားသည္မို႔ ေမႏွင္းကဝင္ေထာက္ေတာ့ သူအားလံုးကိုၿပံဳးျပကာ

" ကြၽန္ေတာ္ အသိတစ္ေယာက္ကို ေတြ႕လို႔ သြားႏႈတ္ဆက္လိုက္ဦးမယ္ "

" အာ ကိုလင္းခန္႔ကလည္း ဇာတ္႐ွိန္တတ္မွ ဗ်ာ "

ကိုသက္စကားေၾကာင့္ သူတစ္ခ်က္ရယ္၍

" မေလာပါနဲ႔ဗ်ာ အခ်ိန္တန္ရင္ ကြၽန္ေတာ္ အားလံုးနဲ႔ မိတ္ဆက္ေပးပါ့မယ္ ခုေတာ့ ကြၽန္ေတာ္ သြားပါရေစဦး "

~~~~~~

မမသဇင္ စကားေၾကာင့္ ဟန္စစ္ စိတ္တို႔ေတြေဝေနလွ်က္ ႐ွိသည္။ သူ အစ္ကို႔ကို ခ်စ္သည္။ မထင္မွတ္ထားေသာ ေတြ႕ဆံုမႈေလးတစ္ခုကေန အစျပဳၿပီး သူအစ္ကို႔ကို ခ်စ္ခဲ႔မိျခင္းျဖစ္သည္။ ၁၀ ႏွစ္၊ ၁၀ႏွစ္လံုးလံုး အစ္ကိုက သူ႔ႏွလံုးသားရဲ႕ အ႐ွင္သခင္ ျဖစ္ခဲ႔သည္။ ေကာ္ဖီဆိုင္မွာ အစ္ကိုနဲ႔ ျပန္ဆံုေတာ့ သူ႔ဘဝတြင္ တစ္ခါမွ်မလုပ္ဖူးေသာ အလုပ္မ်ိဳးကိုေတာင္ သူလုပ္ခဲ႔မိသည္။ ထိုေန႔က အစ္ကိုေ႐ွ႕တြင္ တမင္ဖုန္းကိုလႊတ္ခ်၍ က်က်န္ခ်င္ေယာင္ေဆာင္ခဲ႔သည္။ မိမိေနာက္ကို လိုက္လာ၍ ဖုန္းျပန္ေပးခဲ႔သူက အစ္ကိုမဟုတ္လို႔ သူစိတ္ပ်က္မိခဲ႔ေပမယ့္ တစ္ပတ္ေလာက္ေနေတာ့ fbမွာ Lin Khant Naing accက စကားလာေျပာေတာ့ သူရိပ္မိခဲ႔ေပမယ့္ မသိခ်င္ေယာင္သာေဆာင္ေနခဲ႔သည္။

အစ္ကို မိမိကို ခ်စ္ေၾကာင္းဖြင့္ေျပာတုန္းက မိမိေလာက္ေပ်ာ္မည့္သူ ဒီကမာၻတြင္မ႐ွိဟုေတာင္ ထင္မိသည္။ ခ်စ္သူေတြျဖစ္ၿပီးေနာက္ပိုင္း မိမိကို အစ္ကိုဘယ္ေလာက္ထိခ်စ္သည္ဆိုတာကို ခံစားမိလာတာႏွင့္အမွ် သူအစ္ကို႔ကို ပိုတိုး၍သာ ခ်စ္လာမိသည္။ တျဖည္းျဖည္းနဲ႔ အစ္ကို႔ကို ဆံုး႐ႈံးရမည္ကို သူေၾကာက္လာမိသည္။ ၿပီးေတာ့ မိမိခ်စ္သူကို အျခားတစ္ေယာက္ႏွင့္ ယွဥ္လုရမည့္အျဖစ္မ်ိဳး သူမလိုခ်င္ပါ။ မိမိခ်စ္သူကို ယံုၾကည္ခ်င္သည္။ ပူေလာင္ေနမည့္ခ်စ္ျခင္းမ်ိဳး သူမလိုခ်င္။ မိမိ အစ္ကို႔ကို ယံုၾကည္သည္။ အကယ္၍ အစ္ကိုသာ ထိုမိန္းကေလးကိုခ်စ္ေနခဲ႔ရင္……

ဟန္စစ္ေတြးရင္း ေတြးရင္း စိတ္တို႔ ႐ႈပ္ေထြးလွ်က္႐ွိေနစဥ္ ႐ုတ္တရက္ မိမိေဘးတြင္ လူတစ္ေယာက္လာထိုင္ေသာေၾကာင့္ ေမာ့အၾကည့္

" အစ္ကို "

မိမိကို တအံ႕တၾသနဲ႔ ေမာ့ၾကည့္ေနေသာေကာင္ေလးရဲ႕ ႏွာေခါင္းကို ဖြဖြေလးဖ်စ္ညွစ္လိုက္၍

" ကိုယ့္ကို ေတြ႕တာေတာင္ မေခၚပါလား …။ ရက္စက္လိုက္တာကြာ "

လင္းခန္႔ မ်က္ႏွာငယ္ေလးနဲ႔ေျပာလိုက္ေတာ့

" မဟုတ္ပါဘူးဗ်ာ … ကြၽန္ေတာ္က အစ္ကို႔အလုပ္က သူငယ္ခ်င္းေတြနဲ႔ဆိုေတာ့ အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ပါ "

ေခါင္းခါကာ အေႏွာင့္အသြားမလြတ္ေအာင္ ေျပာလိုက္ေပမယ့္ မ်က္ႏွာမေကာင္းေသာ ထိုေကာင္ေလးေၾကာင့္ လင္းခန္႔ စိတ္မေကာင္းျဖစ္မိသည္။ ထိုေကာင္ေလး မိမိႏွင့္ပတ္သက္၍ တစ္ခုခုကိုစိတ္ထင့္ေနၿပီဆိုတာ သူသိသည္။ ၾကည့္ရတာ ခုဏက သံစဥ္နဲ႔ သူ႕ပံုစံကို ျမင္သြားတာေၾကာင့္ ထင္သည္။ ေနပါဦး …… ဒီေကာင္ေလး သူ႕ကိုသဝန္တိုေနတာလား။ ႐ွား႐ွားပါးပါးခ်စ္သူေလးက သဝန္တိုတာေၾကာင့္ လင္းခန္႔ၿပံဳးလိုက္မိသည္။ ခုေလာေလာဆယ္ေတာ့ သဝန္တိုေနတဲ႔ ခ်စ္သူေလးကို စလိုက္ပါဦးမည္ေလ။ ေနာက္မွ ျပန္ေခ်ာ့ေတာ့မည္။

" ဟန္ လာႏႈတ္ဆက္တာနဲ႔ ကိုယ္က ဘာလို႔ အေႏွာင့္အယွက္ျဖစ္ရမွာလဲ ဟင္ … "

" ဗ်ာ "

အစ္ကို႔အေမးေၾကာင့္ ဟန္စစ္ ႐ုတ္တရက္ေၾကာင္သြားမိသည္။ စိတ္႐ႈပ္ေနတာမို႔ မိမိကိုယ္တိုင္ ဘာေျပာမိမွန္းမသိ။ေနာက္မွမိမိစကားမွားသြားတာကို စဥ္းစားမိကာ
အားး ႐ွက္ဖို႔ေကာင္းလိုက္တာ။ အစ္ကို႔ကိုၾကည့္ေတာ့လည္း မ်က္ႏွာက ၿပံဳးစိစိနဲ႔႔ မုန္းဖို႔ေကာင္းလိုက္တဲ႔ လူႀကီး ။

" ေျပာပါဦး … ကိုယ္က ဘာလို႔ အေႏွာင့္အယွက္ျဖစ္ရတာလဲ ဟင္ "

" ဟုတ္သားပဲ … ကိုလင္းခန္႔က သူငယ္ခ်င္းေတြနဲ႔ မုန္႔စားေနတာကို ဟန္စစ္ သြားႏႈတ္ဆက္တာနဲ႔ပဲ ဘာဆိုင္လို႔ ကိုလင္းခန္႔ကအေႏွာင့္အယွက္ ျဖစ္ရတာပါလိမ့္ "

ဟန္စစ္တစ္ေယာက္ ဘာေျဖရမွန္းမသိ အခက္ေတြ႕ေနစဥ္ မမသဇင္ကပါ ဝင္ေမးေနသည္မို႔ လူက ဘာကိုစိတ္တိုမွန္း မသိ စိတ္တိုလာသည္။ တရားခံ႐ွာမေတြ႕သည့္ေနာက္ဆံုး မိမိေ႐ွ႕ကပန္းကန္ထဲ႐ွိ အသားလံုးေတြကိုသာ တရားခံအျဖစ္ သတ္မွတ္၍ ပါးစပ္ထဲေကာက္ထည့္ကာ ဝါးေနလိုက္သည္။

မိမိေ႐ွ႕က အ႐ွက္သည္းေနေသာခ်စ္သူေလးကို ၾကည့္ၿပီး လင္းခန္႔ သေဘာက်ေနမိသည္။ မိမိခ်စ္သူေလးက ေယာက္်ားေလးျဖစ္ေပမယ့္ အ႐ွက္သည္းလြန္းလွသည္။ ၿပီးေတာ့ သူ႐ွက္ေနပံုေလးက အရမ္းခ်စ္ဖို႔ေကာင္းတာမို႔ …

" ေျပာပါဦး … ကိုယ္က ဘာလို႔ အေႏွာင့္အယွက္ျဖစ္ "

စပ္ၿဖီးၿဖီးနဲ႔ လာေမးေနေသာ အစ္ကို႔အား တစ္ခ်က္ေစြၾကည့္ကာ ဟန္စစ္စိတ္ေပါက္ေပါက္နဲ႔ စားပြဲေအာက္က ေျခေထာက္ကိုသာ ဖိနင္းလိုက္သည္။

" အားး…… "

" အယ္ ကိုလင္းခန္႔ ဘာျဖစ္တာလဲ "

" ကြၽန္ေတာ္ကို ပု႐ြက္ဆိတ္တက္နင္းလို႔ သဇင္ရဲ႕ "

စကားေျပာေနရင္းမွ ႐ုတ္တရက္ ထေအာ္တာေၾကာင့္ သဇင္ေမးေတာ့ မ်က္ႏွာေလး႐ႈံမဲ႔ ႐ႈံမဲ႔ ပံုစံလုပ္ကာေျဖလာေသာ ကိုလင္းခန္႔အေျဖေၾကာင့္ သေဘာတက်ရယ္မိကာ

" ခြီးး အဲ႔တာဆို ပု႐ြက္ဆိတ္က ေတာ္ေတာ္အေကာင္ႀကီးတာေနမွာ "

" ေတာ္ေတာ္ႀကီးတယ္ သဇင္ရဲ႕။ ပါးေဖာင္းေဖာင္းေလးနဲ႔ အစားကလည္းႀကီးေသး "

" အစ္ကို …… "

ဟန္စစ္ေအာ္သံေၾကာင့္ လင္းခန္႔နဲ႔ သဇင္တို႔ ၿပိဳင္တူရယ္မိလိုက္ၾကေလသည္။ 

မၾကာေသးခင္က အေတြးကိုယ္စီနဲ႔ တိတ္ဆိတ္ေနေသာ ဟန္စစ္တို႔စားပြဲဝိုင္းေလးက ခုေတာ့ ရယ္သံမ်ားနဲ႔ ဖံုးလႊမ္းလွ်က္႐ွိသည္။ အေဝးတစ္ေနရာကေန ၾကည့္ေနေသာ ဝမ္းနည္းရိပ္သန္းေနသည့္ မ်က္ဝန္းတစ္စံုကိုေတာ့ သူတို႔ သံုးေယာက္လံုး သတိမထားမိခဲ့ၾကေခ်။

~~~~~~~

ခ်စ္ရမယ့္သူ႐ွိသည္ တဲ႔လား ။ မိမိေ႐ွ႕တြင္ သူခ်စ္ရသူအေၾကာင္းကို ေပ်ာ္႐ႊင္ၾကည္ႏူးမႈအျပည့္ျဖင့္ ေျပာေနေသာ ကိုခန္႔ကိုၾကည့္၍ သူမ နာက်င္မိသည္။ ကိုခန္႔ ကို စေတြ႕တုန္းက သူမလန္႔ေနမိေသာ္လည္း ထိုပံုစံက သူမ ေမ့မရခဲ႔ေပ။ မိမိတို႔အလုပ္တြင္ အသစ္ေရာက္လာမည့္ ဂရစ္ဖစ္ဒီဇိုင္နာကကိုခန္႔ဆိုတာ သိတုန္းက မိမိမည္မွ်ဝမ္းသာခဲ႔ရသည္ကို ကိုယ္တိုင္သာ အသိဆံုးျဖစ္သည္။ သူမ ခ်စ္မိသည့္ အခ်စ္က မွားခ႔ဲၿပီလားလို႔ေတာ့ သံစဥ္ မသတ္မွတ္ပါရေစနဲ႔ ကိုခန္႔ရယ္။

စကားေျပာေနရင္းမွရပ္ကာ ထသြားေသာ ကိုခန္႔ေနာက္ကို သံစဥ္လိုက္ၾကည့္မိေတာ့ ေကာင္မေလးတစ္ေယာက္ႏွင့္ ေကာင္ေလးတစ္ေယာက္႐ွိေသာ စားပြဲဝိုင္းတြင္ ဝင္ထိုင္လိုက္တာကို သူမေတြ႕လိုက္သည္။ ကိုခန္႔ ထိုေကာင္ေလးကို ၾကည့္ေနေသာအၾကည့္တို႔က

ဟင္အင္း မဟုတ္ဘူး ကိုခန္႔ ခ်စ္ေနတဲ႔သူဆိုတာ အဲ႔ေကာင္ေလး မျဖစ္ႏိုင္ဘူး ။  သံစဥ္ အေတြးမွားတာပဲ ေနမွာ ……

သူမစိတ္တို႔က ျငင္းဆန္ေနေပမယ့္ မ်က္လံုးက ျမင္ေနရေသာ အမွန္တရားအခ်ိဳ႕က ျငင္းဆန္မရေပ။ေဘးလူက ရိပ္မိရေလာက္တဲ႔ထိေတာင္ အဲ႔ေကာင္ေလးကိုခ်စ္တာလား။ ေတာင္းပန္ပါတယ္ ကိုခန္႔ ။ သံစဥ္ ေနာက္မဆုတ္ေပးႏိုင္ဘူး ထင္တယ္။ ကိုခန္႔ သူ႕ကို ခ်စ္သလို သံစဥ္လည္း ကိုခန္႔ကို ခ်စ္ေနမိၿပီ။ တစ္ခါေလာက္ေတာ့ သူမ႐ူးမိုက္ပါရေစ။  သူမေနာက္မဆုတ္ပါရေစနဲ႔ေတာ့။ သဘာဝတရားကို လြန္ဆန္ေနတဲ႔ ကိုခန္႔ရဲ႕ခ်စ္ျခင္းနဲ႔ယွဥ္ရင္ ကံၾကမၼာက သူမဘက္မွာ ႐ွိေနမယ္လို႔ မိမိယံုၾကည္ေနမိသည္။ ဒီဇာတ္လမ္းမွာ သူမက ဗီလိန္ဆိုရင္ေတာင္ ႏူးညံ႔သိမ္ေမြ႕တဲ႔ ဗီလိန္ျဖစ္ပါရေစ……

~~~~~~~
NOTE

တစ္ျခားအရာေတြမွာ ေခတ္နဲ႔အမွီ လိုက္ေနႏိုင္ေပမယ့္ ခ်စ္ျခင္းတရားနဲ႔ ပတ္သက္လာရင္ေတာ့ ကိုယ္က ေ႐ွး႐ိုးဆန္တာမို႔ နားလည္ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္

ခ်စ္ေသာ💕💕
Coral

-----------------------------------------

Part(10)

သံစဉ်ကို သူ ညီမလေးတစ်ယောက်လို ချစ်ခင်တာကလွဲရင် ဒီထက်မပိုပေ။ သူမ မိမိအပေါ်ပြောဆိုဆက်ဆံတာတွေကိုကြည့်၍ သူမရဲ့စိတ်ကို သူ ရိပ်မိသလောက်တော့ရှိသည်။ တစ်ရုံးထဲတွင် အလုပ်တူတူလုပ်နေကြ၍ နေ့တိုင်းတွေ့နေရသော်လည်း သူတတ်နိုင်သမျှ သူမကိုရှောင်သည်။ သူ့အနေနှင့် ချစ်သူရှိပြီးသား ဖြစ်တာကြောင့် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာမှာကိုလည်း သူ မလိုလားပေ။မိမိအနေနှင့် သူမ ကိုတားမြစ်ရအောင်လည်း သူမ ကဖွင့်ပြောနေတာလည်းမဟုတ်။ ခုလည်း မှာထားတာတွေရောက်ထဲက မိမိပန်းကန်ထဲ ထည့်ပေးနေတာက မပြီးဆုံးတော့ပေ။ အားလုံးက ဝိုင်းပြောသည့်အပြင် အန်ကယ်သီဟ ကိုယ်တိုင်ကပါ ခေါ်လာလို့ အားနာလို့သာ သူ ဒီစားပွဲဝိုင်းထဲရောက်နေပေမယ့် ပြန်ချင်စိတ်တို့က တဖွားဖွား။

" ကိုခန့် မျက်နှာမကောင်းပါလား။ ဘာလို့လဲ စားမကောင်းလို့လား "

သံစဉ်အမေးကို သူခေါင်းသာ ခါပြလိုက်မိသည်။ ထိုစဉ် ကိုသက်က

" သံစဉ်တို့များ ကိုလင်းခန့်ကို ဂရုစိုက်နေလိုက်တာ အားကျဖို့တောင် ကောင်းတယ်။ နှစ်ယောက်သား အရမ်းလိုက်ဖက်တယ်နော်……"

" မဟုတ်တာဗျာ… သံစဉ်က ကျွန်တော့်တွက် ညီမလေးလိုပါပဲ … ပြီးတော့ ကျွန်တော်မှာ ချစ်ရမယ့်သူ ရှိပြီးသားပါ "

သူ့စကားကြောင့် သံစဉ် မျက်နှာပျက်သွားတာ သိပေမယ့် မတတ်နိုင်။ အနည်းဆုံးတော့ သူမ သိအောင် အရိပ်အမြွှက်တော့ ပြောထားမှဖြစ်မည်။ တကယ်ဆို ဟန့်လက်ကိုတွဲ၍ ဒါ ကျွန်တော့်ချစ်သူပါလို့ သူပြောချင်ပေမယ့် ဟန်က အစ်ကို့သူငယ်ချင်းကလွဲပြီး တစ်ခြားသူ မသိပါစေနဲ့ဦး လို့ ပြောထားသလို မိမိကိုယ်တိုင်ကလည်း ငယ်ရွယ်သေးတဲ့ ဟန့်အပေါ် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို မခံစေချင်။ မိမိကိုချစ်မိတာကြောင့် သူလေး စိတ်အားငယ်တာမျိုး မဖြစ်စေချင်ပေ။

" ကိုလင်းခန့် တကယ်ပြောနေတာလား "

ကိုသက်က အံ့သြပြီးမေးတာကြောင့် သူခေါင်းငြိမ့်လိုက်တော့ မေနှင်းက

" wow ထင်တောင်မထင်ထားဘူး အစ်ကိုရာ။ ဘယ်သူလဲဟင်။ နာမည်မပြောရင်တောင် ပုံစံလေး ပြောပြပါလား "

လင်းခန့်ပြုံးလိုက်၍ ဟန့်မျက်နှာလေးကို သူမြင်ယောင်ရင်း

" အင်း …  သူ့ပုံစံလေးက မျက်နှာဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ။ တစ်ခါတစ်ခါ ကပေါက်တိကပေါက်ချာ မေးခွန်းတွေနဲ့ ကလေးဆန်တတ်လွန်းပေမယ့် တစ်ခါတစ်ခါ လူကြီးလေးလိုလည်း ရင့်ကျက်လွန်းတယ် ။ ပြီးတော့ …… "

" ပြီးတော့ ဘာဖြစ်လဲ အစ်ကို ဆက်ပြောလေ "

လင်းခန့်စကားတွေရပ်သွားသည်မို့ မေနှင်းကဝင်ထောက်တော့ သူအားလုံးကိုပြုံးပြကာ

" ကျွန်တော် အသိတစ်ယောက်ကို တွေ့လို့ သွားနှုတ်ဆက်လိုက်ဦးမယ် "

" အာ ကိုလင်းခန့်ကလည်း ဇာတ်ရှိန်တတ်မှ ဗျာ "

ကိုသက်စကားကြောင့် သူတစ်ချက်ရယ်၍

" မလောပါနဲ့ဗျာ အချိန်တန်ရင် ကျွန်တော် အားလုံးနဲ့ မိတ်ဆက်ပေးပါ့မယ် ခုတော့ ကျွန်တော် သွားပါရစေဦး "

~~~~~~

မမသဇင် စကားကြောင့် ဟန်စစ် စိတ်တို့တွေဝေနေလျှက် ရှိသည်။ သူ အစ်ကို့ကို ချစ်သည်။ မထင်မှတ်ထားသော တွေ့ဆုံမှုလေးတစ်ခုကနေ အစပြုပြီး သူအစ်ကို့ကို ချစ်ခဲ့မိခြင်းဖြစ်သည်။ ၁၀ နှစ်၊ ၁၀နှစ်လုံးလုံး အစ်ကိုက သူ့နှလုံးသားရဲ့ အရှင်သခင် ဖြစ်ခဲ့သည်။ ကော်ဖီဆိုင်မှာ အစ်ကိုနဲ့ ပြန်ဆုံတော့ သူ့ဘဝတွင် တစ်ခါမျှမလုပ်ဖူးသော အလုပ်မျိုးကိုတောင် သူလုပ်ခဲ့မိသည်။ ထိုနေ့က အစ်ကိုရှေ့တွင် တမင်ဖုန်းကိုလွှတ်ချ၍ ကျကျန်ချင်ယောင်ဆောင်ခဲ့သည်။ မိမိနောက်ကို လိုက်လာ၍ ဖုန်းပြန်ပေးခဲ့သူက အစ်ကိုမဟုတ်လို့ သူစိတ်ပျက်မိခဲ့ပေမယ့် တစ်ပတ်လောက်နေတော့ fbမှာ Lin Khant Naing accက စကားလာပြောတော့ သူရိပ်မိခဲ့ပေမယ့် မသိချင်ယောင်သာဆောင်နေခဲ့သည်။

အစ်ကို မိမိကို ချစ်ကြောင်းဖွင့်ပြောတုန်းက မိမိလောက်ပျော်မည့်သူ ဒီကမ္ဘာတွင်မရှိဟုတောင် ထင်မိသည်။ ချစ်သူတွေဖြစ်ပြီးနောက်ပိုင်း မိမိကို အစ်ကိုဘယ်လောက်ထိချစ်သည်ဆိုတာကို ခံစားမိလာတာနှင့်အမျှ သူအစ်ကို့ကို ပိုတိုး၍သာ ချစ်လာမိသည်။ တဖြည်းဖြည်းနဲ့ အစ်ကို့ကို ဆုံးရှုံးရမည်ကို သူကြောက်လာမိသည်။ ပြီးတော့ မိမိချစ်သူကို အခြားတစ်ယောက်နှင့် ယှဉ်လုရမည့်အဖြစ်မျိုး သူမလိုချင်ပါ။ မိမိချစ်သူကို ယုံကြည်ချင်သည်။ ပူလောင်နေမည့်ချစ်ခြင်းမျိုး သူမလိုချင်။ မိမိ အစ်ကို့ကို ယုံကြည်သည်။ အကယ်၍ အစ်ကိုသာ ထိုမိန်းကလေးကိုချစ်နေခဲ့ရင်……

ဟန်စစ်တွေးရင်း တွေးရင်း စိတ်တို့ ရှုပ်ထွေးလျှက်ရှိနေစဉ် ရုတ်တရက် မိမိဘေးတွင် လူတစ်ယောက်လာထိုင်သောကြောင့် မော့အကြည့်

" အစ်ကို "

မိမိကို တအံ့တသြနဲ့ မော့ကြည့်နေသောကောင်လေးရဲ့ နှာခေါင်းကို ဖွဖွလေးဖျစ်ညှစ်လိုက်၍

" ကိုယ့်ကို တွေ့တာတောင် မခေါ်ပါလား …။ ရက်စက်လိုက်တာကွာ "

လင်းခန့် မျက်နှာငယ်လေးနဲ့ပြောလိုက်တော့

" မဟုတ်ပါဘူးဗျာ … ကျွန်တော်က အစ်ကို့အလုပ်က သူငယ်ချင်းတွေနဲ့ဆိုတော့ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ "

ခေါင်းခါကာ အနှောင့်အသွားမလွတ်အောင် ပြောလိုက်ပေမယ့် မျက်နှာမကောင်းသော ထိုကောင်လေးကြောင့် လင်းခန့် စိတ်မကောင်းဖြစ်မိသည်။ ထိုကောင်လေး မိမိနှင့်ပတ်သက်၍ တစ်ခုခုကိုစိတ်ထင့်နေပြီဆိုတာ သူသိသည်။ ကြည့်ရတာ ခုဏက သံစဉ်နဲ့ သူ့ပုံစံကို မြင်သွားတာကြောင့် ထင်သည်။ နေပါဦး …… ဒီကောင်လေး သူ့ကိုသဝန်တိုနေတာလား။ ရှားရှားပါးပါးချစ်သူလေးက သဝန်တိုတာကြောင့် လင်းခန့်ပြုံးလိုက်မိသည်။ ခုလောလောဆယ်တော့ သဝန်တိုနေတဲ့ ချစ်သူလေးကို စလိုက်ပါဦးမည်လေ။ နောက်မှ ပြန်ချော့တော့မည်။

" ဟန် လာနှုတ်ဆက်တာနဲ့ ကိုယ်က ဘာလို့ အနှောင့်အယှက်ဖြစ်ရမှာလဲ ဟင် … "

" ဗျာ "

အစ်ကို့အမေးကြောင့် ဟန်စစ် ရုတ်တရက်ကြောင်သွားမိသည်။ စိတ်ရှုပ်နေတာမို့ မိမိကိုယ်တိုင် ဘာပြောမိမှန်းမသိ။နောက်မှမိမိစကားမှားသွားတာကို စဉ်းစားမိကာ
အားး ရှက်ဖို့ကောင်းလိုက်တာ။ အစ်ကို့ကိုကြည့်တော့လည်း မျက်နှာက ပြုံးစိစိနဲ့့ မုန်းဖို့ကောင်းလိုက်တဲ့ လူကြီး ။

" ပြောပါဦး … ကိုယ်က ဘာလို့ အနှောင့်အယှက်ဖြစ်ရတာလဲ ဟင် "

" ဟုတ်သားပဲ … ကိုလင်းခန့်က သူငယ်ချင်းတွေနဲ့ မုန့်စားနေတာကို ဟန်စစ် သွားနှုတ်ဆက်တာနဲ့ပဲ ဘာဆိုင်လို့ ကိုလင်းခန့်ကအနှောင့်အယှက် ဖြစ်ရတာပါလိမ့် "

ဟန်စစ်တစ်ယောက် ဘာဖြေရမှန်းမသိ အခက်တွေ့နေစဉ် မမသဇင်ကပါ ဝင်မေးနေသည်မို့ လူက ဘာကိုစိတ်တိုမှန်း မသိ စိတ်တိုလာသည်။ တရားခံရှာမတွေ့သည့်နောက်ဆုံး မိမိရှေ့ကပန်းကန်ထဲရှိ အသားလုံးတွေကိုသာ တရားခံအဖြစ် သတ်မှတ်၍ ပါးစပ်ထဲကောက်ထည့်ကာ ဝါးနေလိုက်သည်။

မိမိရှေ့က အရှက်သည်းနေသောချစ်သူလေးကို ကြည့်ပြီး လင်းခန့် သဘောကျနေမိသည်။ မိမိချစ်သူလေးက ယောက်ျားလေးဖြစ်ပေမယ့် အရှက်သည်းလွန်းလှသည်။ ပြီးတော့ သူရှက်နေပုံလေးက အရမ်းချစ်ဖို့ကောင်းတာမို့ …

" ပြောပါဦး … ကိုယ်က ဘာလို့ အနှောင့်အယှက်ဖြစ် "

စပ်ဖြီးဖြီးနဲ့ လာမေးနေသော အစ်ကို့အား တစ်ချက်စွေကြည့်ကာ ဟန်စစ်စိတ်ပေါက်ပေါက်နဲ့ စားပွဲအောက်က ခြေထောက်ကိုသာ ဖိနင်းလိုက်သည်။

" အားး…… "

" အယ် ကိုလင်းခန့် ဘာဖြစ်တာလဲ "

" ကျွန်တော်ကို ပုရွက်ဆိတ်တက်နင်းလို့ သဇင်ရဲ့ "

စကားပြောနေရင်းမှ ရုတ်တရက် ထအော်တာကြောင့် သဇင်မေးတော့ မျက်နှာလေးရှုံမဲ့ ရှုံမဲ့ ပုံစံလုပ်ကာဖြေလာသော ကိုလင်းခန့်အဖြေကြောင့် သဘောတကျရယ်မိကာ

" ခွီးး အဲ့တာဆို ပုရွက်ဆိတ်က တော်တော်အကောင်ကြီးတာနေမှာ "

" တော်တော်ကြီးတယ် သဇင်ရဲ့။ ပါးဖောင်းဖောင်းလေးနဲ့ အစားကလည်းကြီးသေး "

" အစ်ကို …… "

ဟန်စစ်အော်သံကြောင့် လင်းခန့်နဲ့ သဇင်တို့ ပြိုင်တူရယ်မိလိုက်ကြလေသည်။ 

မကြာသေးခင်က အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေသော ဟန်စစ်တို့စားပွဲဝိုင်းလေးက ခုတော့ ရယ်သံများနဲ့ ဖုံးလွှမ်းလျှက်ရှိသည်။ အဝေးတစ်နေရာကနေ ကြည့်နေသော ဝမ်းနည်းရိပ်သန်းနေသည့် မျက်ဝန်းတစ်စုံကိုတော့ သူတို့ သုံးယောက်လုံး သတိမထားမိခဲ့ကြချေ။

~~~~~~~

ချစ်ရမယ့်သူရှိသည် တဲ့လား ။ မိမိရှေ့တွင် သူချစ်ရသူအကြောင်းကို ပျော်ရွှင်ကြည်နူးမှုအပြည့်ဖြင့် ပြောနေသော ကိုခန့်ကိုကြည့်၍ သူမ နာကျင်မိသည်။ ကိုခန့် ကို စတွေ့တုန်းက သူမလန့်နေမိသော်လည်း ထိုပုံစံက သူမ မေ့မရခဲ့ပေ။ မိမိတို့အလုပ်တွင် အသစ်ရောက်လာမည့် ဂရစ်ဖစ်ဒီဇိုင်နာကကိုခန့်ဆိုတာ သိတုန်းက မိမိမည်မျှဝမ်းသာခဲ့ရသည်ကို ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။ သူမ ချစ်မိသည့် အချစ်က မှားခ့ဲပြီလားလို့တော့ သံစဉ် မသတ်မှတ်ပါရစေနဲ့ ကိုခန့်ရယ်။

စကားပြောနေရင်းမှရပ်ကာ ထသွားသော ကိုခန့်နောက်ကို သံစဉ်လိုက်ကြည့်မိတော့ ကောင်မလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက်ရှိသော စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်တာကို သူမတွေ့လိုက်သည်။ ကိုခန့် ထိုကောင်လေးကို ကြည့်နေသောအကြည့်တို့က

ဟင်အင်း မဟုတ်ဘူး ကိုခန့် ချစ်နေတဲ့သူဆိုတာ အဲ့ကောင်လေး မဖြစ်နိုင်ဘူး ။  သံစဉ် အတွေးမှားတာပဲ နေမှာ ……

သူမစိတ်တို့က ငြင်းဆန်နေပေမယ့် မျက်လုံးက မြင်နေရသော အမှန်တရားအချို့က ငြင်းဆန်မရပေ။ဘေးလူက ရိပ်မိရလောက်တဲ့ထိတောင် အဲ့ကောင်လေးကိုချစ်တာလား။ တောင်းပန်ပါတယ် ကိုခန့် ။ သံစဉ် နောက်မဆုတ်ပေးနိုင်ဘူး ထင်တယ်။ ကိုခန့် သူ့ကို ချစ်သလို သံစဉ်လည်း ကိုခန့်ကို ချစ်နေမိပြီ။ တစ်ခါလောက်တော့ သူမရူးမိုက်ပါရစေ။  သူမနောက်မဆုတ်ပါရစေနဲ့တော့။ သဘာဝတရားကို လွန်ဆန်နေတဲ့ ကိုခန့်ရဲ့ချစ်ခြင်းနဲ့ယှဉ်ရင် ကံကြမ္မာက သူမဘက်မှာ ရှိနေမယ်လို့ မိမိယုံကြည်နေမိသည်။ ဒီဇာတ်လမ်းမှာ သူမက ဗီလိန်ဆိုရင်တောင် နူးညံ့သိမ်မွေ့တဲ့ ဗီလိန်ဖြစ်ပါရစေ……

~~~~~~~
NOTE

တစ်ခြားအရာတွေမှာ ခေတ်နဲ့အမှီ လိုက်နေနိုင်ပေမယ့် ချစ်ခြင်းတရားနဲ့ ပတ်သက်လာရင်တော့ ကိုယ်က ရှေးရိုးဆန်တာမို့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်


ချစ်သော💕💕
Coral

Continue Reading

You'll Also Like

2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
11K 297 28
fic name,ဇာတ်ကောင်တွေရဲ့နာမည်နဲ့ အကြောင်းအရာတွေဟာ တစ်ခြားauthorလေးတွေနဲ့တိုက်ဆိုင်သွားခဲ့ရင် တောင်းပန်ပါတယ်။‌ လေးစားစွာလည်း crd‌ပေးပါတယ်😊။သည်းခံနားလ...
1.4M 34.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...