တစ္ရံေရာအခါ.....

Por SmileSmile553

59.7K 2.4K 130

လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္... Más

Part ( 1 )
Part ( 2 )
Part ( 3 )
Part ( 4 )
Part ( 5 )
Part ( 7 )
Part ( 8 )
Part ( 9 )
Part ( 10 )
Part ( 11 )
Part ( 12 )
Part ( 13 )
Part ( 14 )
Part ( 15 )
Part ( 16 )
Part( 17 )
Part ( 18 )
Part ( 19 )
Part ( 20 )
Part ( 21 )
Part ( 22 )
part ( 23 )
Part ( 24 )
Part ( 25 )
Part ( 26 )
Part ( 27 )
Part ( 28 )
Part ( 29 )
Part ( 30 )
Part ( 31 )
Part ( 32 )
Part ( 33 )
Part ( 34 )
Part ( 35 )
Part ( 36 )
Part ( 37 )
Part ( 38 )
Part ( 39 )
Part ( 40 )
Part ( 41 )
Part ( 42 )
Part ( 43 )
The End
ေက်းဇူးတင္လႊာ

Part ( 6 )

1.4K 79 5
Por SmileSmile553

ဟီးး ဟီးးး

TV ၾကည့္ေနရင္းမွ တဟီးဟီးရယ္သံ ၾကားတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ဟိုေကာင္လင္းခန္႔ ေခါင္းအုန္းႀကီးကိုပိုက္၍ တဟီးဟီး တဟားဟားနဲ႔ ရယ္ေနေလရဲ႕။ ဟိန္းမင္းသူကိုၾကည့္၍ ဘာျဖစ္တာလဲဟူေသာ သေဘာျဖင့္ ေမးေငါ့ျပလိုက္ေတာ့ ပခံုးတစ္ခ်က္တြန္႔ျပၿပီး ေခါင္းသာရမ္းျပေလသည္။ မ်က္ႏွာႀကီးၿပံဳးၿဖီးေနေသာ လင္းခန္႔ကိုၾကည့္ၿပီး ေခါင္းသာခါလိုက္၍ TV ဆက္ၾကည့္ေနလိုက္သည္။

ခြီ ဟားးးးး

ေနာက္ထပ္ၾကားလိုက္ရေသာ ရယ္သံေၾကာင့္ အံ႔မင္းသာ မ်က္ေမွာင္ၾကဳတ္၍

" ေဟ်ာင့္ လင္းခန္႔ တဟီးဟီး တဟားဟားနဲ႔ မင္းဘာျဖစ္ေနတာလဲ "

TVမွာဖြင့္ထားသည့္ Annabelle ဇာတ္ကားမွ အားမနာဘဲ ရယ္ေနတာေၾကာင့္ အံ႔မင္းသာ ေမးလိုက္မိျခင္းျဖစ္သည္။

" ဟုတ္တယ္ လင္းခန္႔ မင္းဘာျဖစ္ေနတာလဲ "

သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ အေမးေၾကာင့္ လင္းခန္႔ မ်က္ႏွာပိုးသတ္လိုက္ၿပီး

" ေအး မင္းတို႔ႏွစ္ေယာက္ကို ေျပာစရာ႐ွိတယ္ "

" ေျပာစမ္းပါဦး ဘာမ်ားလည္း "

လင္းခန္႔စကားကို အံ႔မင္းျပန္ေမးလိုက္သည္။

" ငါ ဟန္႔ကို ဖြင့္ေျပာလိုက္ၿပီ "

" ဘာ "

" ဘယ္လို "

လင္းခန္႔စကားေၾကာင့္ ငအံ႔နဲ႔ ငဟိန္းတို႔ အာေမဋိတ္သံထြက္ေပၚလာၿပီး

" အဲ႔ေတာ့ မင္းကိုလက္ခံလိုက္လား လင္းခန္႔ "

သိလိုေဇာျဖင့္ အံ႔မင္းသာ အေလာတႀကီးေမးလိုက္မိသည္။

" လက္ခံတယ္ ငါတို႔ခ်စ္သူေတြျဖစ္သြားၿပီ "

" wow ေဟ်ာင့္ သားႀကီး one table ေနာ္ "

ဟိန္းမင္းသူက ဝမ္းသာအားရေျပာလိုက္ၿပီး အ႔ံမင္းသာကလည္း

" ေဟ်ာင့္ con con သားႀကီး လင္းစမ္းပါဦး
ဘယ္တုန္းက ဖြင့္ေျပာလိုက္တာလည္း "

" ဒီညေနပဲဖြင့္ေျပာလိုက္တာ "

>>>>>>

ညေနက

ေျပာလိုက္ပါေတာ့မယ္...... ငါ့ရဲ႕အခ်စ္မ်ားနဲ႔......

ဒါ ၾကာရင္ ႐ူးလိမ့္မယ္ ......

ဘယ္သူက ယံုမွာလည္း ...... ငါတို႔က

သူငယ္ခ်င္းတဲ႔...... ဘယ္သူက ယံုမွာလဲ ......

မင္းငါ့ကို မခ်စ္ဘူးတဲ႔ ...... ဘယ္ခ်ိန္မွာ

ဆံုမွာလည္း......မင္းရဲ႕ အခ်စ္မ်ားနဲ႔ ......

ဘာေၾကာင့္မို႔ အခ်ိန္ေတြဆြဲထားမလဲ ......

ကားထဲတြင္ဖြင့္ထားေသာ ဘန္နီၿဖိဳးရဲ႕ ခ်စ္တယ္ဟုတ္ သီခ်င္းကို တိုးတိုးေလးလိုက္ဆိုေနရင္း ကားျပတင္းေပါက္ေဘာင္ေပၚတြင္ သီခ်င္းရဲ႕စည္းခ်က္အလိုက္ လက္ေခ်ာင္းေလးမ်ားကို ေဆာ့ကစားေနရင္း အျပင္ဘက္ကိုေငးၾကည့္ေနေသာ
ဟန္႔ကို သူၾကည့္ရင္း လင္းခန္႔တစ္ေယာက္ထဲ အေတြးနယ္ခ်ဲ႕ေနမိသည္။

ေယာက္်ားေလးႏွစ္ဦး ခ်စ္ႀကိဳက္တဲ႔အေပၚ ဟန္႔သေဘာထားကိုေမးေတာ့ ျပန္ေျဖရင္းမိမိကို ၾကည့္ေနေသာအၾကည့္က မိမိအေပၚတြင္ ခံစားခ်က္႐ွိေနသလိုပင္။ ဒါမွမဟုတ္သူပဲ ဟန္႔ကိုခ်စ္လြန္းလို႔ တစ္ဖတ္သက္အထင္မ်ားလား။

သူ ဖြင့္ေျပာသင့္လား။ ဟန္လည္း မိမိလိုပင္
မိမိအေပၚတြင္ခံစားခ်က္ ႐ွိေနမလား ။

လင္းခန္႔ အေတြးမ်ားျဖင့္ ႐ႈပ္ေထြးေနခ်ိန္ ႐ုတ္တရက္
မိမိလက္ေမာင္းကို ဆြဲလႈပ္ခံလိုက္ရေသာေၾကာင့္

" ဟင္ ဘာျဖစ္လို႔လဲ ဟန္ "

" မွတ္တိုင္ေရာက္ေတာ့မယ္ ဆင္းရေအာင္လို႔
ဘာေတြ ဒီေလာက္အေတြးမ်ားေနတာလဲ
အစ္ကိုရာ ကြၽန္ေတာ္ေခၚေနတာ
ေတာ္ေတာ္ၾကာၿပီ "

" ဟုတ္သားပဲ sorry ကိုယ္အေတြးနည္းနည္းမ်ားသြားတယ္ သြားရေအာင္ေလ လာ "

" ဟုတ္ကဲ႔ "

ေဟာဗ်ာ ဒီအစ္ကိုတစ္ေယာက္ ဘာျဖစ္ေနတာပါလိမ့္ ကားေပၚမွာလည္း တစ္လမ္းလံုးစကားလည္းမေျပာ မွတ္တိုင္ေရာက္လို႔ ဆင္းဖို႔ေျပာတုန္းကလည္း ေခၚမၾကားေအာ္မၾကား။
ခုလည္း သူေခၚေနတာအေတာ္ၾကာေနၿပီ မၾကားေပ။ စိတ္မ႐ွည္ေတာ့တဲ႔အဆံုး

" အစ္ကို...... "

မိမိအရပ္ထက္ ၅လက္မေလာက္ ပို႐ွည္ေသာ သူ႔အရပ္ကိုမွီေအာင္ ေျခဖ်ားေထာက္၍ ပခံုးကိုဖိလိုက္ၿပီး နားနားတြင္ကပ္၍ ေအာ္လိုက္သည္။

လင္းခန္႔စိတ္ေတြ ဒိြဟျဖစ္ေနမိသည္ ။သူဖြင့္ေျပာလိုက္လို႔ လက္ခံေပးလွ်င္ထားေတာ့ လက္မခံဘဲ ခါးခါးသီးသီးျဖစ္ေနလွ်င္ ခံစားရမည့္သူက သူကိုယ္တိုင္ပင္။
အနားမွာ႐ွိေနခြင့္ေလးပါ ဆံုး႐ႈံးရလိမ့္မည္။
အကယ္၍ ဟန္လည္း မိမိကိုယ္ခ်စ္ေနသည္ဆိုပါက
ဖြင့္မေျပာဘဲေနလွ်င္လည္း......

တျဖည္းျဖည္းစိတ္ေတြ ႐ႈပ္ေထြးလာမိသည္။
ေနာက္ဆံုး ဖြင့္ေျပာဖို႔ပဲ ဆံုးျဖတ္လိုက္သည္။
လက္မခံရင္ေတာင္ မိမိကိုအနည္းဆံုးေတာ့
နားလည္ေပးႏိုင္ပါလိမ့္မည္။
ထိုစဥ္......

" အစ္ကို...... "

႐ုတ္တရက္ နားနားကပ္ကာ ေအာ္လိုက္ေသာ
ဟန္႔အသံစူးစူးေၾကာင့္ နားပင္အူသြားရသည္။
ဒီေကာင္ေလး ပုရစ္ေသလို႔ဝင္စားတာေနမယ္ အသံအေတာ္ေအာင္သည္။

" အာ ဟန္ရာ ဘာလို႔ အဲ႔ေလာက္ေအာ္ရတာလဲ တိုးတိုးေျပာလည္း ကိုယ္ၾကားပါတယ္ကြာ "

လင္းခန္႔ နားကိုပိတ္၍ ျပန္ေျပာလိုက္ေတာ့
မိမိကို မ်က္ေထာင့္ႏွင့္ၾကည့္၍

" အစ္ကိုက ေခၚမၾကား ေအာ္မၾကားျဖစ္ေနတာေလ "

ဟန္႔အေျပာေၾကာင့္ လင္းခန္႔ၿပံဳးလိုက္ၿပီး
ဟန္႔ေခါင္းကို လက္သီးျဖင့္ အသာထုလိုက္ၿပီး

" ဟုတ္ပါၿပီကြာ ကုိယ္မွားပါတာပါ
ဟန္ အိမ္မျပန္ပါနဲ႔ဦးလား
ကိုယ္တို႔ ဗႏၶဳလပန္းၿခံမွာ ခဏသြားထိုင္ရေအာင္ "

" ဟိုနားက ဘယာေၾကာ္ဝယ္ေကြၽးရင္
စဥ္းစားေပးမယ္ "

မီးဖိုအေသးေလးျဖင့္ တစ္ႏိုင္တစ္ပိုင္လိုက္လွည့္၍ ေရာင္းၾကေသာ ဘယာေၾကာ္အသည္ကို
ေမးေငါ့ျပ၍ ေျပာလာေသာေၾကာင့္
လင္းခန္႔ၿပံဳး၍သာ

" ေကာင္းပါၿပီဗ်ာ "

ဘယာေၾကာ္ကို အားရပါးရစားေနေသာ ဟန္႔ကိုၾကည့္ၿပီး

" ဟန္ ကိုယ္ေျပာစရာ႐ွိတယ္ "

" ဟုတ္ကဲ႔ ေျပာေလ အစ္ကို "

ေျပာေလဆိုေတာ့မွ ေျပာမည့္စကားတို႔က လည္ေခ်ာင္းမွာတစ္ဆို႔ေနသည္။ ႏႈတ္ကအသံထြက္မလာ ။ စိတ္လႈပ္႐ွားတာေရာ စိတ္ပူေနတာေရာ အားလံုးေပါင္းၿပီး လူကေခြၽးေစးေတြပါ ျပန္လာသည္။

" အစ္ကို ေျပာစရာ အယ္ အစ္ကိုေခြၽးေတြနဲ႔ပါလား
ေရာ့တစ္သွ်ဴး သုတ္လိုက္ဦး "

တစ္သွ်ဴးထုတ္ကိုေဖာက္၍ ကမ္းေပးလာေသာ ဟန္လက္ကိုဆုတ္ကိုင္၍

" ခ်စ္တယ္ ကိုယ္မင္းကို ခ်စ္တယ္ ဟန္ "

" ဗ်ာ... ကြၽန္ေတာ္သိပါတယ္ဗ်ာ "

ဟင္ ဒါဆို ဟန္သိေနခဲ႔တာေပါ့ ။ ကြၽန္ေတာ္ခ်စ္ေနမွန္းကို သို႔ေသာ္......

" အစ္ကိုကြၽန္ေတာ္ကို ညီအရင္းတစ္ေယာက္လိုခ်စ္မွန္း။ "

ဆက္ၾကားလိုက္ရေသာ စကားေၾကာင့္ လင္းခန္႔ စိတ္ကိုတင္း၍

" ကိုယ္က ခ်စ္သူတစ္ေယာက္လို ခ်စ္တာ "

" ဗ်ာ "

ကြၽန္ေတာ့္စကားကိုၾကားၿပီးေနာက္ အံ႔ၾသေနေသာ ဟန္႔ကိုၾကည့္၍

" ဟုတ္တယ္ ဟန္ ကိုယ္မင္းကို
ညီေလးတစ္ေယာက္လို တစ္ခါမွသေဘာမထားခဲ႔ဘူး။
ကိုယ္ခ်စ္သူတစ္ေယာက္လို မင္းကိုခ်စ္တာ "

" အစ္ကို ကြၽန္ေတာ္က ေယာက္်ားေလးေနာ္
မိန္းကေလးမဟုတ္ဘူး "

" မင္းမိန္းကေလးမဟုတ္မွန္း ကိုယ္သိပါတယ္
ဒါေပမယ့္ ကိုယ္မင္းကိုခ်စ္တဲ႔
အခ်စ္ေတြကို မထိန္းခ်ဳပ္ႏိုင္ခဲ႔ဘူး "

" အစ္ကို "

" ကိုယ့္ကိုယ္ ႀကိဳးစားခြင့္ေပးပါလား ဟန္ "

" ...... "

" ကိုယ္နားလည္ပါတယ္ ဟန္႔အတြက္
ခက္ခဲမယ္မွန္း ကိုယ့္ကိုယ္ေတာ့ အခြင့္အေရး "

" ကြ်န္ေတာ္လည္း အစ္ကို႔ကို ခ်စ္ပါတယ္ "

႐ုတ္တရက္ ကြၽန္ေတာ္စကားကိုျဖတ္၍
ေျပာလိုက္ေသာ စကားေၾကာင့္
ဟန္႔ကိုၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ကိုၿပံဳး၍
ၾကည့္ေနေလရဲ႕

" ခ်စ္သူတစ္ေယာက္လို ဟီး ဟီး "

" ဟင္ ဟန္ ဘယ္လိုေျပာလိုက္တယ္ "

လင္းခန္႔ အံ႔ၾသလြန္းလို႔ မယံုၾကည္ႏိုင္၍ ျပန္ေမးလိုက္ေတာ့ သူ႕လက္ေလးျဖင့္ ရင္ဘက္ကိုပုတ္ၿပီး

" ကြၽန္ေတာ္ ဟန္စစ္က "

ေနာက္ ကြၽန္ေတာ္ ရင္ဘက္ကို လက္ညိဳးေလးျဖင့္ေထာက္၍

" ေဟာဒီက လင္းခန္႔ႏိုင္ဆိုတဲ႔ အစ္က႔ိုကို
ခ်စ္သူတစ္ေယာက္လို ခ်စ္ပါတယ္လို႔ "

" တကယ္ ဟန္ တကယ္ေျပာတာေနာ္
ကိုယ္ အိမ္မက္မက္ေနတာ မဟုတ္ပါဘူးေနာ္"

" ကြၽန္ေတာ္ တကယ္ေျပာတာပါ ေနာက္ၿပီး
အစ္ကို အိမ္မက္မက္ေနတာလည္း မဟုတ္ပါဘူး "

လင္းခန္႔ ဝမ္းသာလြန္းလို႔ မ်က္ရည္က်မတတ္ပင္
ဟန္႔လက္ေလးကိုဆြဲ၍ နမ္းလိုက္ၿပီး

" ဟန္ ကိုယ္ေလ ကိုယ္တို႔ႏွစ္ေယာက္ေ႐ွ႕က
ဆူးေလေစတီကို တိုင္တည္ၿပီး သစၥာဆိုတယ္
ကိုယ့္တစ္သက္လံုး ဟန္႔ကိုပဲ ခ်စ္ၿပီး သစၥာ႐ွိပါ့မယ္လို႔ "

သူ႕အေျပာေၾကာင့္ ဟန္က

" ကြၽန္ေတာ္ အစ္ကို႔ကို ယံုတယ္ "

>>>>>

" အဲ႔တာနဲ႔ပဲ မင္းတို႔ႏွစ္ေယာက္
ခ်စ္သူေတြ ျဖစ္သြားၿပီဆိုပါေတာ့ "

အံ႔မင္းစကားကို လင္းခန္႔ေခါင္းၿငိမ့္ျပလိုက္၍

" ေအး ဟုတ္တယ္ ငါ့ရဲ႕ ဟန္ေလးကေလ
လိင္တူျဖစ္ေစ လိင္ကြဲျဖစ္ေစ ကိုယ့္ခ်စ္သူအေပၚ ခ်စ္တဲ႔ အခ်စ္က ခံစားခ်က္အမွန္ျဖစ္ဖို႔နဲ႔
သစၥာ႐ွိဖို႔ပဲ လိုတယ္တဲ႔ "

ဟိန္းမင္းက ပိုရန္ေကာဟူေသာ အၾကည့္ျဖင့္ ၾကည့္လိုက္ၿပီး

" မင္းတို႔ႏွစ္ေယာက္က လြန္လြန္းေနပါၿပီကြာ "

" ဟုတ္ပါ့ အရင္ကေတာင္ ေသာက္ျမင္ကပ္ဖို႔ ေကာင္းေနတာ အခုခ်စ္သူေတြ ျဖစ္သြားၿပီဆိုေတာ့ "

ဟိန္းမင္းစကားကို အံ႔မင္းသာက ေထာက္ခံ၍ ေျပာလိုက္ေလသည္။

လင္းခန္႔ သူငယ္ခ်င္းႏွစ္ေယာက္လံုးရဲ႕ ပခံုးကိုပုတ္လိုက္ရင္း

" သူငယ္ခ်င္းတို႔ရာ မင္းတို႔က ခ်စ္ရမယ့္သူမ႐ွိေတာ့ ဘယ္စာနာတတ္ပါ့မလဲ "

" လဒေကာင္ "

လင္းခန္႔ စကားကို သူငယ္ခ်င္းႏွစ္ေယာက္က
သံၿပိဳင္ေရ႐ႊတ္၍ ခ်ီးမႊမ္းေထာပနာျပဳလိုက္ၾကေတာ့
တိုက္ခန္းေလးထဲ လင္းခန္႔ရယ္သံမ်ား
ဖံုးလႊမ္းသြားေလေတာ့သည္။

ထိုေနညက တိုက္ခန္းေလးထဲ ဆိုဖာခံုတြင္ထိုင္၍ သူငယ္ခ်င္းႏွစ္ေယာက္အား မိမိရဲ႕အခ်စ္ေရးအေၾကာင္း ႂကြားေနေသာေကာင္ေလးႏွင့္ သူငယ္ခ်င္းျဖစ္သူရဲ႕အခ်စ္ေရးအတြက္ ဝမ္းသာေနၾကေသာ ေကာင္ေလးတစ္သိုက္႐ွိသလို

တစ္ဖက္တြင္လည္း အခန္းငယ္ေလးထဲတြင္ ေခါင္းအုန္းေလးပိုက္၍ ထိုေန႔ညေနက အျဖစ္အပ်က္ကိုျပန္စဥ္းစားရင္း ႐ွက္ေသြးျဖာေနေသာ ေကာင္ေလးလဲ႐ွိေနေလသည္။

လမင္းႀကီးကေတာ့ သူ၏အေပါင္းအေဖာ္မ်ားျဖစ္ၾကေသာ ၾကယ္ေလးမ်ားႏွင့္အတူ ေကာင္းကင္တြင္ လင္းထိန္ေတာက္ပလွ်က္ ထိုေကာင္ေလးႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းတြက္
ဝမ္းသာေပးေနသေယာင္ပင္ ။

ခ်စ္ေသာ💕💕
Coral

----------------------------------

Part(6)

ဟီးး ဟီးးး

TV ကြည့်နေရင်းမှ တဟီးဟီးရယ်သံ ကြားတာကြောင့် လှည့်ကြည့်လိုက်တော့ ဟိုကောင်လင်းခန့် ခေါင်းအုန်းကြီးကိုပိုက်၍ တဟီးဟီး တဟားဟားနဲ့ ရယ်နေလေရဲ့။ ဟိန်းမင်းသူကိုကြည့်၍ ဘာဖြစ်တာလဲဟူသော သဘောဖြင့် မေးငေါ့ပြလိုက်တော့ ပခုံးတစ်ချက်တွန့်ပြပြီး ခေါင်းသာရမ်းပြလေသည်။ မျက်နှာကြီးပြုံးဖြီးနေသော လင်းခန့်ကိုကြည့်ပြီး ခေါင်းသာခါလိုက်၍ TV ဆက်ကြည့်နေလိုက်သည်။

ခွီ ဟားးးးး

နောက်ထပ်ကြားလိုက်ရသော ရယ်သံကြောင့် အံ့မင်းသာ မျက်မှောင်ကြုတ်၍

" ဟျောင့် လင်းခန့် တဟီးဟီး တဟားဟားနဲ့ မင်းဘာဖြစ်နေတာလဲ "

TVမှာဖွင့်ထားသည့် Annabelle ဇာတ်ကားမှ အားမနာဘဲ ရယ်နေတာကြောင့် အံ့မင်းသာ မေးလိုက်မိခြင်းဖြစ်သည်။

" ဟုတ်တယ် လင်းခန့် မင်းဘာဖြစ်နေတာလဲ "

သူငယ်ချင်းနှစ်ယောက်ရဲ့ အမေးကြောင့် လင်းခန့် မျက်နှာပိုးသတ်လိုက်ပြီး

" အေး မင်းတို့နှစ်ယောက်ကို ပြောစရာရှိတယ် "

" ပြောစမ်းပါဦး ဘာများလည်း "

လင်းခန့်စကားကို အံ့မင်းပြန်မေးလိုက်သည်။

" ငါ ဟန့်ကို ဖွင့်ပြောလိုက်ပြီ "

" ဘာ "

" ဘယ်လို "

လင်းခန့်စကားကြောင့် ငအံ့နဲ့ ငဟိန်းတို့ အာမေဋိတ်သံထွက်ပေါ်လာပြီး

" အဲ့တော့ မင်းကိုလက်ခံလိုက်လား လင်းခန့် "

သိလိုဇောဖြင့် အံ့မင်းသာ အလောတကြီးမေးလိုက်မိသည်။

" လက်ခံတယ် ငါတို့ချစ်သူတွေဖြစ်သွားပြီ "

" wow ဟျောင့် သားကြီး one table နော် "

ဟိန်းမင်းသူက ဝမ်းသာအားရပြောလိုက်ပြီး အ့ံမင်းသာကလည်း

" ဟျောင့် con con သားကြီး လင်းစမ်းပါဦး
ဘယ်တုန်းက ဖွင့်ပြောလိုက်တာလည်း "

" ဒီညနေပဲဖွင့်ပြောလိုက်တာ "

>>>>>>

ညနေက

ပြောလိုက်ပါတော့မယ်...... ငါ့ရဲ့အချစ်များနဲ့......

ဒါ ကြာရင် ရူးလိမ့်မယ် ......

ဘယ်သူက ယုံမှာလည်း ...... ငါတို့က

သူငယ်ချင်းတဲ့...... ဘယ်သူက ယုံမှာလဲ ......

မင်းငါ့ကို မချစ်ဘူးတဲ့ ...... ဘယ်ချိန်မှာ

ဆုံမှာလည်း......မင်းရဲ့ အချစ်များနဲ့ ......

ဘာကြောင့်မို့ အချိန်တွေဆွဲထားမလဲ ......

ကားထဲတွင်ဖွင့်ထားသော ဘန်နီဖြိုးရဲ့ ချစ်တယ်ဟုတ် သီချင်းကို တိုးတိုးလေးလိုက်ဆိုနေရင်း ကားပြတင်းပေါက်ဘောင်ပေါ်တွင် သီချင်းရဲ့စည်းချက်အလိုက် လက်ချောင်းလေးများကို ဆော့ကစားနေရင်း အပြင်ဘက်ကိုငေးကြည့်နေသော
ဟန့်ကို သူကြည့်ရင်း လင်းခန့်တစ်ယောက်ထဲ အတွေးနယ်ချဲ့နေမိသည်။

ယောက်ျားလေးနှစ်ဦး ချစ်ကြိုက်တဲ့အပေါ် ဟန့်သဘောထားကိုမေးတော့ ပြန်ဖြေရင်းမိမိကို ကြည့်နေသောအကြည့်က မိမိအပေါ်တွင် ခံစားချက်ရှိနေသလိုပင်။ ဒါမှမဟုတ်သူပဲ ဟန့်ကိုချစ်လွန်းလို့ တစ်ဖတ်သက်အထင်များလား။

သူ ဖွင့်ပြောသင့်လား။ ဟန်လည်း မိမိလိုပင်
မိမိအပေါ်တွင်ခံစားချက် ရှိနေမလား ။

လင်းခန့် အတွေးများဖြင့် ရှုပ်ထွေးနေချိန် ရုတ်တရက်
မိမိလက်မောင်းကို ဆွဲလှုပ်ခံလိုက်ရသောကြောင့်

" ဟင် ဘာဖြစ်လို့လဲ ဟန် "

" မှတ်တိုင်ရောက်တော့မယ် ဆင်းရအောင်လို့
ဘာတွေ ဒီလောက်အတွေးများနေတာလဲ
အစ်ကိုရာ ကျွန်တော်ခေါ်နေတာ
တော်တော်ကြာပြီ "

" ဟုတ်သားပဲ sorry ကိုယ်အတွေးနည်းနည်းများသွားတယ် သွားရအောင်လေ လာ "

" ဟုတ်ကဲ့ "

ဟောဗျာ ဒီအစ်ကိုတစ်ယောက် ဘာဖြစ်နေတာပါလိမ့် ကားပေါ်မှာလည်း တစ်လမ်းလုံးစကားလည်းမပြော မှတ်တိုင်ရောက်လို့ ဆင်းဖို့ပြောတုန်းကလည်း ခေါ်မကြားအော်မကြား။
ခုလည်း သူခေါ်နေတာအတော်ကြာနေပြီ မကြားပေ။ စိတ်မရှည်တော့တဲ့အဆုံး

" အစ်ကို...... "

မိမိအရပ်ထက် ၅လက်မလောက် ပိုရှည်သော သူ့အရပ်ကိုမှီအောင် ခြေဖျားထောက်၍ ပခုံးကိုဖိလိုက်ပြီး နားနားတွင်ကပ်၍ အော်လိုက်သည်။

လင်းခန့်စိတ်တွေ ဒွိဟဖြစ်နေမိသည် ။သူဖွင့်ပြောလိုက်လို့ လက်ခံပေးလျှင်ထားတော့ လက်မခံဘဲ ခါးခါးသီးသီးဖြစ်နေလျှင် ခံစားရမည့်သူက သူကိုယ်တိုင်ပင်။
အနားမှာရှိနေခွင့်လေးပါ ဆုံးရှုံးရလိမ့်မည်။
အကယ်၍ ဟန်လည်း မိမိကိုယ်ချစ်နေသည်ဆိုပါက
ဖွင့်မပြောဘဲနေလျှင်လည်း......

တဖြည်းဖြည်းစိတ်တွေ ရှုပ်ထွေးလာမိသည်။
နောက်ဆုံး ဖွင့်ပြောဖို့ပဲ ဆုံးဖြတ်လိုက်သည်။
လက်မခံရင်တောင် မိမိကိုအနည်းဆုံးတော့
နားလည်ပေးနိုင်ပါလိမ့်မည်။
ထိုစဉ်......

" အစ်ကို...... "

ရုတ်တရက် နားနားကပ်ကာ အော်လိုက်သော
ဟန့်အသံစူးစူးကြောင့် နားပင်အူသွားရသည်။
ဒီကောင်လေး ပုရစ်သေလို့ဝင်စားတာနေမယ် အသံအတော်အောင်သည်။

" အာ ဟန်ရာ ဘာလို့ အဲ့လောက်အော်ရတာလဲ တိုးတိုးပြောလည်း ကိုယ်ကြားပါတယ်ကွာ "

လင်းခန့် နားကိုပိတ်၍ ပြန်ပြောလိုက်တော့
မိမိကို မျက်ထောင့်နှင့်ကြည့်၍

" အစ်ကိုက ခေါ်မကြား အော်မကြားဖြစ်နေတာလေ "

ဟန့်အပြောကြောင့် လင်းခန့်ပြုံးလိုက်ပြီး
ဟန့်ခေါင်းကို လက်သီးဖြင့် အသာထုလိုက်ပြီး

" ဟုတ်ပါပြီကွာ ကိုယ်မှားပါတာပါ
ဟန် အိမ်မပြန်ပါနဲ့ဦးလား
ကိုယ်တို့ ဗန္ဓုလပန်းခြံမှာ ခဏသွားထိုင်ရအောင် "

" ဟိုနားက ဘယာကြော်ဝယ်ကျွေးရင်
စဉ်းစားပေးမယ် "

မီးဖိုအသေးလေးဖြင့် တစ်နိုင်တစ်ပိုင်လိုက်လှည့်၍ ရောင်းကြသော ဘယာကြော်အသည်ကို
မေးငေါ့ပြ၍ ပြောလာသောကြောင့်
လင်းခန့်ပြုံး၍သာ

" ကောင်းပါပြီဗျာ "

ဘယာကြော်ကို အားရပါးရစားနေသော ဟန့်ကိုကြည့်ပြီး

" ဟန် ကိုယ်ပြောစရာရှိတယ် "

" ဟုတ်ကဲ့ ပြောလေ အစ်ကို "

ပြောလေဆိုတော့မှ ပြောမည့်စကားတို့က လည်ချောင်းမှာတစ်ဆို့နေသည်။ နှုတ်ကအသံထွက်မလာ ။ စိတ်လှုပ်ရှားတာရော စိတ်ပူနေတာရော အားလုံးပေါင်းပြီး လူကချွေးစေးတွေပါ ပြန်လာသည်။

" အစ်ကို ပြောစရာ အယ် အစ်ကိုချွေးတွေနဲ့ပါလား
ရော့တစ်သျှူး သုတ်လိုက်ဦး "

တစ်သျှူးထုတ်ကိုဖောက်၍ ကမ်းပေးလာသော ဟန်လက်ကိုဆုတ်ကိုင်၍

" ချစ်တယ် ကိုယ်မင်းကို ချစ်တယ် ဟန် "

" ဗျာ... ကျွန်တော်သိပါတယ်ဗျာ "

ဟင် ဒါဆို ဟန်သိနေခဲ့တာပေါ့ ။ ကျွန်တော်ချစ်နေမှန်းကို သို့သော်......

" အစ်ကိုကျွန်တော်ကို ညီအရင်းတစ်ယောက်လိုချစ်မှန်း။ "

ဆက်ကြားလိုက်ရသော စကားကြောင့် လင်းခန့် စိတ်ကိုတင်း၍

" ကိုယ်က ချစ်သူတစ်ယောက်လို ချစ်တာ "

" ဗျာ "

ကျွန်တော့်စကားကိုကြားပြီးနောက် အံ့သြနေသော ဟန့်ကိုကြည့်၍

" ဟုတ်တယ် ဟန် ကိုယ်မင်းကို
ညီလေးတစ်ယောက်လို တစ်ခါမှသဘောမထားခဲ့ဘူး။
ကိုယ်ချစ်သူတစ်ယောက်လို မင်းကိုချစ်တာ "

" အစ်ကို ကျွန်တော်က ယောက်ျားလေးနော်
မိန်းကလေးမဟုတ်ဘူး "

" မင်းမိန်းကလေးမဟုတ်မှန်း ကိုယ်သိပါတယ်
ဒါပေမယ့် ကိုယ်မင်းကိုချစ်တဲ့
အချစ်တွေကို မထိန်းချုပ်နိုင်ခဲ့ဘူး "

" အစ်ကို "

" ကိုယ့်ကိုယ် ကြိုးစားခွင့်ပေးပါလား ဟန် "

" ...... "

" ကိုယ်နားလည်ပါတယ် ဟန့်အတွက်
ခက်ခဲမယ်မှန်း ကိုယ့်ကိုယ်တော့ အခွင့်အရေး "

" ကျွန်တော်လည်း အစ်ကို့ကို ချစ်ပါတယ် "

ရုတ်တရက် ကျွန်တော်စကားကိုဖြတ်၍
ပြောလိုက်သော စကားကြောင့်
ဟန့်ကိုကြည့်လိုက်တော့ ကျွန်တော်ကိုပြုံး၍
ကြည့်နေလေရဲ့

" ချစ်သူတစ်ယောက်လို ဟီး ဟီး "

" ဟင် ဟန် ဘယ်လိုပြောလိုက်တယ် "

လင်းခန့် အံ့သြလွန်းလို့ မယုံကြည်နိုင်၍ ပြန်မေးလိုက်တော့ သူ့လက်လေးဖြင့် ရင်ဘက်ကိုပုတ်ပြီး

" ကျွန်တော် ဟန်စစ်က "

နောက် ကျွန်တော် ရင်ဘက်ကို လက်ညိုးလေးဖြင့်ထောက်၍

" ဟောဒီက လင်းခန့်နိုင်ဆိုတဲ့ အစ်က့ိုကို
ချစ်သူတစ်ယောက်လို ချစ်ပါတယ်လို့ "

" တကယ် ဟန် တကယ်ပြောတာနော်
ကိုယ် အိမ်မက်မက်နေတာ မဟုတ်ပါဘူးနော်"

" ကျွန်တော် တကယ်ပြောတာပါ နောက်ပြီး
အစ်ကို အိမ်မက်မက်နေတာလည်း မဟုတ်ပါဘူး "

လင်းခန့် ဝမ်းသာလွန်းလို့ မျက်ရည်ကျမတတ်ပင်
ဟန့်လက်လေးကိုဆွဲ၍ နမ်းလိုက်ပြီး

" ဟန် ကိုယ်လေ ကိုယ်တို့နှစ်ယောက်ရှေ့က
ဆူးလေစေတီကို တိုင်တည်ပြီး သစ္စာဆိုတယ်
ကိုယ့်တစ်သက်လုံး ဟန့်ကိုပဲ ချစ်ပြီး သစ္စာရှိပါ့မယ်လို့ "

သူ့အပြောကြောင့် ဟန်က

" ကျွန်တော် အစ်ကို့ကို ယုံတယ် "

>>>>>

" အဲ့တာနဲ့ပဲ မင်းတို့နှစ်ယောက်
ချစ်သူတွေ ဖြစ်သွားပြီဆိုပါတော့ "

အံ့မင်းစကားကို လင်းခန့်ခေါင်းငြိမ့်ပြလိုက်၍

" အေး ဟုတ်တယ် ငါ့ရဲ့ ဟန်လေးကလေ
လိင်တူဖြစ်စေ လိင်ကွဲဖြစ်စေ ကိုယ့်ချစ်သူအပေါ် ချစ်တဲ့ အချစ်က ခံစားချက်အမှန်ဖြစ်ဖို့နဲ့
သစ္စာရှိဖို့ပဲ လိုတယ်တဲ့ "

ဟိန်းမင်းက ပိုရန်ကောဟူသော အကြည့်ဖြင့် ကြည့်လိုက်ပြီး

" မင်းတို့နှစ်ယောက်က လွန်လွန်းနေပါပြီကွာ "

" ဟုတ်ပါ့ အရင်ကတောင် သောက်မြင်ကပ်ဖို့ ကောင်းနေတာ အခုချစ်သူတွေ ဖြစ်သွားပြီဆိုတော့ "

ဟိန်းမင်းစကားကို အံ့မင်းသာက ထောက်ခံ၍ ပြောလိုက်လေသည်။

လင်းခန့် သူငယ်ချင်းနှစ်ယောက်လုံးရဲ့ ပခုံးကိုပုတ်လိုက်ရင်း

" သူငယ်ချင်းတို့ရာ မင်းတို့က ချစ်ရမယ့်သူမရှိတော့ ဘယ်စာနာတတ်ပါ့မလဲ "

" လဒကောင် "

လင်းခန့် စကားကို သူငယ်ချင်းနှစ်ယောက်က
သံပြိုင်ရေရွှတ်၍ ချီးမွှမ်းထောပနာပြုလိုက်ကြတော့
တိုက်ခန်းလေးထဲ လင်းခန့်ရယ်သံများ
ဖုံးလွှမ်းသွားလေတော့သည်။

ထိုနေညက တိုက်ခန်းလေးထဲ ဆိုဖာခုံတွင်ထိုင်၍ သူငယ်ချင်းနှစ်ယောက်အား မိမိရဲ့အချစ်ရေးအကြောင်း ကြွားနေသောကောင်လေးနှင့် သူငယ်ချင်းဖြစ်သူရဲ့အချစ်ရေးအတွက် ဝမ်းသာနေကြသော ကောင်လေးတစ်သိုက်ရှိသလို

တစ်ဖက်တွင်လည်း အခန်းငယ်လေးထဲတွင် ခေါင်းအုန်းလေးပိုက်၍ ထိုနေ့ညနေက အဖြစ်အပျက်ကိုပြန်စဉ်းစားရင်း ရှက်သွေးဖြာနေသော ကောင်လေးလဲရှိနေလေသည်။

လမင်းကြီးကတော့ သူ၏အပေါင်းအဖော်များဖြစ်ကြသော ကြယ်လေးများနှင့်အတူ ကောင်းကင်တွင် လင်းထိန်တောက်ပလျှက် ထိုကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းတွက်
ဝမ်းသာပေးနေသယောင်ပင် ။


ချစ်သော💕💕
Coral

Seguir leyendo

También te gustarán

1.6M 97.9K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
64.3K 4.2K 32
Dika Yoai #sweet.#Romance Kadi
16.3K 524 18
This will be random one shots. It will have no schedule. do not anticipate for an update. Whatever comes to mind, I'll write and post. Each OS may se...