Dreams(Completed)

By Park_Harnuu

106K 6.9K 225

Idol Park Chanyeol and his fanboy Baekhyun More

Dreams ep1
Dreams ep 2
Dreams ep3
Dreams ep4
Dreams ep 5
Dreams ep 6
Dreams ep7
Dreams ep8
Dreams ep9
Dreams ep 10
Dreams ep11
Dreams ep12
Dreams ep 13
Dreams ep 14
Dreams ep 15
Dreams ep 16
Dreams ep 17
Dreams ep 19
Dreams ep 20
Dreams ep 21
Dreams ep 22
Dreams ep 23
Dreams ep 24
Dreams ep 25
Dreams ep 26
Dreams ep 27
Dreams ep 28
Dreams ep 29
Dreams ep 30
Dreams ep 31
Dreams ep 32
Dreams Final

Dreams ep 18

2.2K 156 2
By Park_Harnuu

"Chanyeollie ​ရေ"

"..."

"Park Chanyeol ​ရေလို့"

"...."

"Baek Baek အသည်းတုံး​လေး​​ရေ"

"...."

"အချစ်​​ရေ ​ခေါ်​နေတာ​လေးကိုအားနာပြီး နည်းနည်း​လေးပြန်​ထူးပါဦး"

"...."

"​တော်​ပြီ ဒီ​လောက်​ထိဖြစ်​​နေလည်း မ​ခေါ်​တော့ဘူး ဒီမှာလဲမ​နေ​တော့ဘူး ကိုယ့်​တိုက်​ခန်းဘဲပြန်​​တော့မယ်​ တစ်​ခါတစ်​​လေ​တွေ့ရတာ​တောင်​ စိတ်​ဆိုးချင်​​နေတယ်​ ဟွန့်​"

ဒီ​လောက်​ထိ​ချော့​နေတာကို နည်းနည်းမှအဖက်​မလုပ်​​သော အဘိုးကြီး​ကြောင့်​ Bobohu ​လေးလဲ စိတ်​​ကောက်​ချင်​လာပါပြီ။
စိတ်​ကရှည်​တာမဟုတ်​ဘူး ။ ဘာမဟုတ်​တာ​လေးကိုစိတ်​​ကောက်​​နေ​လေရဲ့ ။ဒီလူကြီး အခုတ​လော ရစ်​ချင်​လာသည်​။ ဖြစ်​ပုံက ဒီလို။ ကျွန်​​တော်​ရဲ့ အသစ်​ထွက်​ထား​သော Album အတွက်​ Fansign ထိုးပွဲမှာ Fan တစ်​​ယောက်​က ပန်းတစ်​ပွင့်​ယူလာပြီး ပန်​ခိုင်းတယ်​​လေ။ ကျွန်​​တော်​လဲ ငြင်းလို့ဘယ်​​ကောင်းမလဲ ဒါ​ကြောင့်​ ပန်​​ပေးလိုက်​တာ​ပေါ့။

အဲဒါကို ဒီလူကြီးက SNS မှာမြင်​ပြီး အခုလိုစိတ်​​ကောက်​​နေတာ ​လေ။ အလကား လူမှု​ရေးမသိတက်​တဲ့သူကြီး။ သူ့အလှည့်​​တွေတုန်းက ကျွန်​​တော်​လဲညာမှမ​ပြောရဘာပဲနဲ့ အခု​တော့ စိတ်​​ကောက်​လို့ကိုမပြီး​တော့ဘူး ။ ​တော်​ပါပြီ မ​ချော့​တော့ပါဘူး။ ကိုယ့်​ဘာသာကို စိတ်​​ပြေရင်​​ပြေ။

ချော့ခြင်း is not Bobohu's style ပါ​နော်​။

"​တွေ့လား မင်းကငါ့ကို​တောင်​မ​ချော့ချင်​ဘူး နည်းနည်း​လေး​ချော့တာ နဲ့စိတ်​မရှည်​​တော့ဘူး မဟုတ်​လား"

"စိတ်​​ကောက်​စရာမရှိ ကြံဖန်​စိတ်​​ကောက်​​နေတာကိုး"

"ဘာ...ကြံဖန်​စိတ်​​ကောက်​တယ်​ဟုတ်​လား ကြည့်​စမ်းပါဦး ဒီ video ​လေးထဲမှာ မျက်​နှာကိုက မှိုရထားတဲ့အတိုင်း ပြုံးရယ်​​နေတာများ မ​ပြောလိုက်​ချင်​ဘူး "

"ဟာ ဒါဆိုကျွန်​​တော်​က မျက်​နှာကို မပြုံးဘဲ ရှစ်​​ခေါက်​ချိုးထားရမှာလား ခင်​ဗျားလဲ Idol တစ်​ယောက်​မဟုတ်​ဘူးလား"

"​အခု​တော့ ခင်​ဗျားဖြစ်​သွားပြီ​ပေါ့ ဟုတ်​လား အဟက်​ မင်းကငါ့ကို တကယ်​မချစ်​ပါဘူး ငါ့ရဲ့ Idol ဆိုတဲ့ အရှိန်​အဝါကို မက်​​မောတာပါ မင်းလဲအခြားသူ​တွေလိုဘဲ"

"Yeol....ခင်​ဗျား"

သူတကယ်​ ကျွန်​​တော့်​အချစ်​ကို ​စော်​ကားရက်​တယ်​။ သူ့ကို Idol တစ်​​ယောက်​အဖြစ်​ သိခဲ့ရ​ပေမဲ့ ရင်​ထဲအသည်း​တွေထိချစ်​မိသွားတာ​လေ ။ ဒါ​တောင်​သူက ဒီလို​ပြောရက်​တယ်​။

-  -  -  -  -  -   -   -   -   -@-  -  -  -  -   -   - - -  -   -   -   -

နေ့လည်​က စကားများပြီးကတည်းက လုံးဝမဆက်​သွယ်​လာ​သော Baekhyun ​ကြောင့်​ Chanyeol ထိုင်​မရထမရ ဖြစ်​​နေရသည်​။ အမှန်​ဆို ဒီကိစ္စက အဲ​လောက်​ထိမကြီးသွားသင့်​မှန်း သူသိသည်​။ သို့​သော်​ တစ်​ခါတစ်​​လေ​လေး Baekhyun ​ချော့တာခံချင်​သဖြင့်​ ကြံဖန်​​ကောက်​စိန်​လုပ်​​နေတာကို သူကမ​ချော့သ
ဖြင့်​ တင်းသွားကာ စိတ်​ထဲကမပါ​သော စကားများ​ပြောလိုက်​မိသည်​။ ဒါကိုထိုက​လေးက အကြီးအကျယ်​ခံစားမှာ သိ​သော​ကြောင့်​ စိတ်​မ​ကောင်းဖြစ်​ရသည်​။ ဆက်​သွယ်​ချင်​​နေ​ပေမဲ့ ရှိ​နေ​သောမာန အနည်းငယ်​​ကြောင့်​ ဖုန်းကိုသာတင်းတင်းဆုတ်​ကိုင်​ကာ ထိုင်​​နေမိသည်​။

ထိုစဉ်​ မြည်​လာ​သော ringtone ​ကြောင့်​အပြုံးတစ်​ခုက မျက်​နှာထက်​မှာချက်​ချင်း ဆင်​မြန်းသွားသည်​။

"Hello"

"Hello အခုဆက်​​နေတဲ့ ဖုန်းပိုင်​ရှင်​နဲ့ သိသလားဗျ"

"ဗျာ အခုသူကဘယ်​မှာလဲ"

"​ဩော်​ ဒီဖုန်းပိုင်​ရှင်​က ည​နေ​လောက်​ကတည်းက ​သောက်​​နေတာအခုဆိုင်​ပိတ်​​တော့မှာကို မပြန်​​သေးလို့ ဖုန်းထဲမှာမှတ်​ထားတဲ့ နံပါတ်​တစ်​ကို ​ခေါ်လိုက်​တာပါဗျ သူက​တော့မူးပြီး​မှောက်​​နေပါပြီ"

"ဟုတ်​ကဲ့ ဒါဆိုအဲဆိုင်​ကဘယ်​နားမှာလဲဗျ ကျွန်​​တော်​လာ​ခေါ်လိုက်​ပါ့မယ်​"

"ဟုတ်​ကဲ့ ဟန်​မြစ်​​ဘေးက xxxဆိုင်​ပါ မြန်​မြန်​​လေးလာ​ခေါ်​ပေးပါ​နော်​ ဆိုင်​ပိတ်​​တော့မှာမို့"

"ဟုတ်​ကဲ့"

သိလိုက်​ရ​သော အ​ကြောင်းအရာ​ကြောင့်​ စားပွဲ​ပေါ်က ကား​သော့ကို အလျှင်​အမြန်​ဆွဲယူကာ Waiter ​ကောင်​​လေး​ပြော​သော ဆိုင်​သို့ အမြန်​သွားလိုက်​ရသည်​။ ဟိုကို​ရောက်​​တော့ ကိုယ်​​တော်​​ချောက မူးပြီး​ခေါင်း​တောင်​စိုက်​​နေ​လေပြီ။ ​ဘေးနားမှာလဲ ဘီယာ အရက်​ဘူးများက တန်းစီ​နေသည်​။ တစ်​ဆိုင်​လုံးပင်​ ဝယ်​​သောက်​ထားလားမသိ။ ကျသမျှပိုက်​ဆံကိုရှင်းလိုက်​ကာ ​ကျော​ပေါ်မှာပိုး၍ ကား​ပေါ်သို့တင်​လိုက်​ရသည်​။

အိမ်​ကိုမ​ရောက်​မီပင်​ တစ်​​ဝေါ့​ဝေါ့နှင့်​အန်​ချင်​​နေသဖြင့်​ ကားကိုရပ်​ကာ လမ်း​ဘေးသို့အန်​ခိုင်းလိုက်​ရသည်​။ စားထား​သောက်​ထားသမျှကို အန်​​နေ​သော ​ကောင်​​လေးကို ​ကျော​လေးအသာပုတ်​၍ ကိုယ်​ကိုထိန်းထား​ပေးရသည်​။ အမှန်​ဆိုဒါက သူ့ပ​ယောဂမကင်း။ သူ​ပြောလိုက်​​သော စကားများ​ကြောင့်​ အခုလို ​သောက်​စားမူးယစ်​ ​နေရသည်​မဟုတ်​လား။

အိမ်​​ရှေ့ကို​ရောက်​​တော့ ​ဘောင်းဘီအိတ်​၌ ထိုးထည့်​လာ​သော ​သော့ကိုထုတ်​၍ တစ်​ဖက်​က ​ကောင်​​လေးကိုထိန်း လက်​တစ်​ဖက်​ဖြင့်​သာ တံခါးကိုဖွင့်​​နေရသည်​။ ခက်​ခက်​ခဲခဲနဲ့ ဖွင့်​လိုက်​ရ​သော တံခါးကိုဖွင့်​ကာ အိပ်​ခန်းသို့ ​ခေါ်လာပြီး ကုတင်​​ပေါ်မှာ ချ​ပေးလိုက်​​တော့ တအင့်​အင့်​​အော်​ကာ ​ယောင်​​နေသည်​။

ညစ်​ပတ်​​နေ​သော အဝတ်​အစားများကို လဲ​ပေး​တော့ ထိုက​လေးက မျက်​လုံးကိုအသာလှန်​ပြီး ဘုကြည့်​ကြည့်​​နေသည်​။

"အခုလုပ်​​ပေး​နေတာ ဘယ်​သူလဲ"

"မင်းအ​ဖေ Park Chanyeol ​ဟေ့"

"ကျွန်​​တော့်​အ​ဖေက Park Chanyeol မဟုတ်​ဘူး Park Chanyeol ဆိုတာဟိုလူဆိုးကြီး မဟုတ်​လား"

"ကိုယ့်​အ​ဖေကိုမ​မေ့​သေးတဲ့အထိ သတိရှိ​သေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​​နော်​ park chanyeol ကလူဆိုမဟုတ်​ဘူး မင်းလင်​"

"ကျွန်​​တော့်​မှာ လင်​မရှိ​သေးဘူး ခင်​ဗျားလင်​ဘဲဖြစ်​မယ်​ ဒါနဲ့ဘာလို့ ကျွန်​​တော့အဝတ်​​တွေကိုချွတ်​​နေတာလဲ ခင်​ဗျား ဘာမ​ကောင်းကြံ​မလို့လဲ"

ကျွန်​​တော်​ ချွတ်​ထားသဖြင့်​ အ​ပေါ်ပိုင်းဗလာနဲ့ဖြစ်​​နေ​သော ရင်​ဘက်​ကိုလက်​နှစ်​ဖက်​ဖြင့်​ အုပ်​ကာ စွတ်​​အော်​​နေ​သော ​ကောင်​​လေး​ကို နာရင်းသာနာနာရိုက်​လိုက်​ချင်​သည်​။ ​ပြောပုံကိုက ကျွန်​​တော်​က နှာဘူးလိုလို။

"ရှက်​မ​နေနဲ့ ငါမမြင်​ဘူးတာလဲမဟုတ်​ဘူး အခုတစ်​ကိုယ်​လုံး နံ​စော်​​နေတဲ့မင်းကို အဝတ်​လဲ​ပေး​နေတာ ပါးစပ်​​လေးပိတ်​ထား​ပေးစမ်းပါ"

အနည်းငယ်​ ​အော်​​ပြောလိုက်​​တော မျက်​စိကိုဘယ်​ညာ ​ဝေ့ဝိုက်​ကြည့်​ကာ ​ကြောင်​​တောင်​​တောင်​ ​နေပြ​နေသည်​။ အဝတ်​အစားလဲပြီး​တော့ သူ့ကိုကြည့်​လိုက်​​တော့ အိပ်​သွားသည်​က ဘယ်​ကတည်းကမသိ။ ထို့​ကြောင့်​ အရက်​သမား​လေးကို ဖက်​လိုက်​ကာ သူ့​ဘေးနားမှာ ဝင်​အိပ်​လိုက်​သည်​။

"Good Night"

-  -  -  -  -  -  -  -  -  -  -@ -   -  -  -  -  -  -  -  -  -  -  -  -

အိမ်​မှာတစ်​​ယောက်​တည်းရှိ​နေရသဖြင့်​ Baekhyun ပျင်း​နေသည်​။ ဟိုတစ်​​နေ့က ပြသာနာက တစ်​​ယောက်​နှင့်​တစ်​​ယောက်
အ​လျော့ ​ပေးလိုက်​ကြ​သော​ကြောင့်​​ပြေလည်​သွားသည်​။ အခုလဲ Chanyeol က US ကို Concert အတွက်​သွား​နေတာ
ကြောင့်​ ပျင်းပျင်းနဲ့ မုန့်​​တွေစားလိုက်​ TV ကြည့်​လိုက်​ ဖုန်းကြည့်​လိုက်​လုပ်​​နေရသည်​။

"Tong Tong"

အိမ်​​ရှေ့က Bell မြည်​သံ​ကြောင့်​ တံခါးသွား​ဖွင့်​​ပေးလိုက်​​တော့ လုံးဝမ​မျှော်​လင့်​ထားသည့်​သူတစ်​ဦး။

"မင်းက Byun Baekhyun လား"

ဆိုဖာတွင်​ ထိုင်​ကာ သူ့ကိုတည့်​တည့်​ကြည့်​၍ ​မေးလိုက်​သည့်​သူ​ကြောင့်​ ​ခေါင်းညိတ်​ကာအ​ဖြေ​ပေးလိုက်​မိသည်​။ ကြည့်​တယ့်​ ပုံစံကိုက သားအဖနှစ်​​​ယောက်​လုံး တစ်​ပုံစံတည်း။

"အဟင်း ငါက ကိုယ့်​သားတစ်​​ယောက်​လုံးကို လွတ်​လွတ်​စပယ်​ လွှတ်​ထားတဲ့ အ​ဖေတစ်​​ယောက်​မဟုတ်​ဘူး သူဘာလုပ်​​နေတယ်​ ဘာကိုင်​​နေတယ်​ အကုန်​လုံးငါသိတယ်​"

"ဟုတ်​ကဲ့"

"သူ Idol လုပ်​မယ်​ဆိုတုန်းက ငါတို့တားခဲ့တယ်​ ဒါ​ပေမဲ့ သူ့ဝါသနာ​ကြောင့်​ သူက အိမ်​​ပေါ်ကဆင်းသွားပြီး Entertainment မှာ ဒုက္ခ​ပေါင်းစုံခံရပြီး အခု​နေရာကို​ရောက်​လာတာ ငါတို့က ဘာမှမ​ပြောဘဲ ဒီအတိုင်းကြည့်​​နေခဲ့တယ်​ ဒါ​ပေမဲ့ မင်းနဲ့ကိစ္စမှာ​တော့ ဒီအတိုင်းထိုင်​ကြည့်​​နေလို့မရ​တော့ဘူး "

သူ့ကို စူးစူးစိုက်​စိုက်​ကြည့်​ပြီး တစ်​ခွန်းချင်း​ပြော​နေတဲ့ Park လုပ်​ငန်းစုရဲ့ ဥက္ကဌ Park Yongmin ​ကြောင့်​ ထိုင်​​နေရင်းက ​တုန်​လှုပ်​​နေမိသည်​။

"မင်းသိမှာပါ သူဒီ​နေရာ​ရောက်​ဖို့ ဘယ်​​လောက်​ကြိုးစားခဲ့ရတယ်​ဆိုတာကို အဲ​တော့ မင်းတို့နှစ်​​ယောက်​ရဲ့ အချစ်​က သူ့​အောင်​မြင်​မှု​တွေကို အကုန်​ဆုံးရှုံး​စေနိုင်​တယ်​ ပြီး​တော့ ငါကမိဘတစ်​​ယောက်​အ​နေနဲ့ ​မြေးမြစ်​​တွေလိုချင်​​သေးတယ်​ Chanyeol လဲမိဘတစ်​​ယောက်​ဖြစ်​ချင်​မှာဘဲ ဒီတာဝန်​ကို မင်းကထမ်း​ဆောင်​နိုင်​လို့လား"

ခေါင်း​ဆောင်​တစ်​​ယောက်​ပီပီအချက်​ကျကျ ​ပြောဆို​နေ​သော အမှန်​တရားများ​ကြောင့်​ ​ခေါင်းကိုသာတွင်​တွင်​ငုံ့ကာ တန်​ပြန်​စကားများကမထွက်​ ။ ကျဆင်းလုလု မျက်​ရည်​​တွေကို ရ​အောင်​ထိန်းထားရသည်​က ပင်​ပန်းလှသည်​။

"ဒါ​ကြောင့်​ မင်းကအချိန်​မလွန်​ခင်​ ​နောက်​ဆုတ်​​ပေးလိုက်​ပါ Chanyeol ကို ငါ့နဲ့အတူပူး​ပေါင်း​နေတဲ့ Royal လုပ်​ငန်းစုရဲ့ သမီး Junny နဲ့လက်​ထပ်​​ပေးဖို့ စီစဉ်​ထားတယ်​ ​ဩော်​ ဒါနဲ့ မင်းမိဘ​တွေက Busan က​နော်​ သူတို့ကို ဒုက္ခ​ပေးရမှာက ငါ့အတ်​က်​သိပ်​လွယ်​လွန်းတယ်​ မင်း​သေ​သေချာချာ စဉ်းစားပါ ငါသွားပြီ"

အိမ်​ထဲမှထွက်​သွား​သော ​နောက်​​ကျောကိုကြည့်​ကာ မျက်​ရည်​​တွေက တားဆီးမရထွက်​လာသည်​။ သွားပြီ အကုန်​လုံး သွားပြီ။

သူ့ရဲ့​အောင်​မြင်​မှု ကျွန်​​တော့်​ရဲ့ မိဘနဲ့ကတစ်​ဖက်​၊ ကျွန်​​တော်​နဲ့ သူရဲ့အချစ်​က တစ်​ဖက်​။ ကျွန်​​တော်​ ဘာကို​ရွေးရမလဲ။ ​သေချာတာက သူနစ်​နာ​စေမဲ့ ဆုံးဖြတ်​ချက်​ကို​တော့ ကျွန်​​တော်​​ရွေးလိမ့်​မည်​ မဟုတ်​။

Tada update ပါ။ အပျင်းတစ်​​နေတာနဲ့ ကြာသွားတယ်​ဟီးဟီး။ မုန်​တိုင်း is coming ပါ​နော်​။ ဟာနူး​လေးရဲ့ ဒီဇိုင်းကာလာက​တော့ဖြင့်​ မုန်​တိုင်းပါ။

Continue Reading

You'll Also Like

3.1K 519 24
" แ€Ÿแ€”แ€บแ€”แ€ฎ .. แ€€แ€ญแ€ฏแ€šแ€บ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€’แ€ฎแ€กแ€แ€ฑแ€ฌแ€กแ€แ€ฝแ€„แ€บแ€ธ แ€•แ€ผแ€ฑแ€ฌแ€•แ€ผแ€…แ€›แ€ฌแ€แ€ฝแ€ฑ แ€กแ€™แ€ปแ€ฌแ€ธแ€€แ€ผแ€ฎแ€ธ แ€›แ€พแ€ญแ€”แ€ฑแ€แ€ฒแ€ทแ€แ€ฌ " Started date - 24 . 4 . 2024 End date - ? ๐Ÿ“๐Ÿค ๐‘ฉ๐‘จ๐‘ฌ๐‘ฒ๐‘บ๐‘ถ๏ฟฝ...
214K 9.6K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...
298K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
2.2K 335 17
แ€กแ€แ€ปแ€…แ€บแ€†แ€ญแ€ฏแ€แ€ฒแ€ท แ€กแ€›แ€ฌแ€€แ€ญแ€ฏ แ€–แ€”แ€บแ€แ€ฎแ€ธแ€œแ€ญแ€ฏแ€ทแ€œแ€ฒ แ€™แ€›แ€žแ€œแ€ญแ€ฏ แ€แ€ฌแ€ธแ€†แ€ฎแ€ธแ€œแ€ญแ€ฏแ€ทแ€œแ€ฒ แ€™แ€›แ€˜แ€ฐแ€ธแ€ธ Chansoo Sebaek