Dreams(Completed)

Autorstwa Park_Harnuu

106K 6.9K 225

Idol Park Chanyeol and his fanboy Baekhyun Więcej

Dreams ep1
Dreams ep 2
Dreams ep3
Dreams ep4
Dreams ep 5
Dreams ep 6
Dreams ep7
Dreams ep8
Dreams ep9
Dreams ep 10
Dreams ep11
Dreams ep12
Dreams ep 14
Dreams ep 15
Dreams ep 16
Dreams ep 17
Dreams ep 18
Dreams ep 19
Dreams ep 20
Dreams ep 21
Dreams ep 22
Dreams ep 23
Dreams ep 24
Dreams ep 25
Dreams ep 26
Dreams ep 27
Dreams ep 28
Dreams ep 29
Dreams ep 30
Dreams ep 31
Dreams ep 32
Dreams Final

Dreams ep 13

2.5K 191 5
Autorstwa Park_Harnuu

"​ဗျာ ကျွန်​​တော်​လုံးဝသ​ဘောမတူနိုင်​ဘူး ဇာတ်​လမ်းကိုလာကမ်းလှမ်းကတည်းက kiss sence ရိုက်​ရမယ်​လို့မှမပါတာ"

"မင်းသမီးက​တောင်​ဘာမှမ​ပြောတာ မင်းကဘာဖြစ်​​နေတာလဲ တကယ်​ဆိုကိုယ့်​ဖက်​က နစ်​နာစရာလဲ မရှိဘူး"

"မသိဘူးဗျာ မဖြစ်​မ​နေဆိုလဲ လူစားထိုးရိုက်​လိုက်​ ကျွန်​​တော်​က​တော့ မရိုက်​နိုင်​ဘူး"

"မင်း...မင်း....park chanyeol"

CEO ကိုအပြတ်​​ပြောကာ ရုံးခန်းမှထွက်​လာလိုက်​သည်​။
တကယ် ​​ဆိုအစကတည်းက ဇာတ်​လမ်းမှာမှမပါတာ။အရင်​ဇာတ်​ကား​တွေတုန်းက ဆိုလဲဒီလိုဘဲ အစားထိုးရိုက်​​နေကြ။  အဲဒါကို ဘာ​တွေအဆန်းထွင်​​နေကြလဲမသိ။ အခု​တော့ ပီပြင်​​အောင်​လို့ တကယ်​နမ်းရမည်​ ဆိုတဲ့ ဒါရိုက်​တာကိုသာ အ​သေသတ်​ချင်​စိတ်​​ပေါက်​သွားသည်​။

တကယ်​ပါ First kiss ကို Byun Baekhyun ဆိုတဲ့ ငမူး​လေး အတင်းယူသွားမှသာ ကုန်​ဆုံးခဲ့တာပါ။ ဒီEntertainment နဲ့ စာချုပ်​သက်​တမ်းမပြည့်​​သေးလို့သာ သည်းခံ​နေရတာ။ CEO က Idol ​တွေကို အရမ်းနှိမ်​ချင်​သည်။ သူလုပ်​လို့သာ အခုလို​အောင်​မြင်​လာရတာ ဆိုပြီး အမြတ်​ကြီးလည်း တအားစားသည်​။

ထို့​ကြောင့်​ စာချူ ပ်​သက်​တန်းပြည့်​သည်​နှင့်​ ကိုယ်​တိုင်​ Entertainment ​ထောင်​မည်​။ ​ကျေးဇူးကန်းသည်​ဟုဘဲဆိုဆို သူများလက်​​အောက်​၌ အလုပ်​လုပ်​ရသည်​ကို အမှန်​ပင်​မကြိုက်​ပါ။ ထို့​​ကြောင့်​ စာချူ ပ်​သက်​တန်းပြည့်​သည်​နှင့်​ ကိုယ့်​ babe ​လေးကို​ခေါ်ကာ Entertainment ​ထောင်​ရန်​ အခုကတည်းက အစီစဉ်​ချထားရသည်​။

အခု​တော့ Kiss sence ပါမည်​ဆိုသဖြင့်​ စိတ်​မ​ကောင်းဖြစ်​သွားရှာတဲ့ ထိုက​လေးဆီကိုသာ သွားရန်​ အ​ရေး
ကြီး​နေသည်​။ ယ​နေ့မည်​သည့်​ schedule မရှိသဖြင့်​ တိုက်​ခန်းမှာသာရှိမှာ​သေချာသည်​။ ​ရေခဲ​သေတ္တာသည်​ အမြဲရှင်းလင်း​နေတက်​သည့်​ သူ့အကျင့်​ကိုသိသဖြင့်​ မသွားခင်​ ကုန်​တိုက်​သို့အရင်​ဝင်​ပြီ မုန့်​များသစ်​သီးများ ဝယ်​ရသည်​။

တိုက်​ခန်းသို့​ရောက်​​တော့ တံခါး password ကိုနှိပ်​ရသည်​။ Password ကို ကိုယ့်​​မွေး​နေ့အဖြစ်​​ပေးထားတဲ့ Byun Baekhyun ​လေးဟာ ​တော်​​တော်​ကိုချစ်​စရာ​ကောင်းပါတယ်​။
27111992 ဆိုတဲ့ Password ​လေးကိုနှိပ်​ကာ တိုက်​ခန်းအတွင်းသို့ဝင်​လာလိုက်​သည်​။ ဧည့်​ခန်းတွင်းရှာလိုက်​​တော့ မ​တွေ့သဖြင့်​ တိုက်​ခန်းအနှံ့ရှာလိုက်​ရာ ကိုယ်​​တော်​​လေးက ​ရေချိုး​နေသည်​။

ထို့​ကြောင့်​ ပါလာသည့်​ မုန်​ထုတ်​​တွေကို ​ရေခဲ​သေတ္တာ
ထဲသို့ ထည့်​ရန်​ကြည့်​လိုက်​ရာ ထင်​သည့်​အတိုင်း​ရေခဲ​သေတ္တာက ​ပြောင်​သလင်းခါ​နေသည်​။ ဘယ်​​လောက်​ဖြည့်​ဖြည့်​မပြည့်​ရသည်​ကား ထိုက​လေးသည်​ ​တွေ့သမျှမုန်​​တွေ့ကို ပါးစပ်​မလပ်​စားတက်​သည်​​ကြောင့်​ပင်​။ ကြာ​တော့ ဝက်​ပုတ်​​လေးပင်​ ဖြစ်​လာ​တော့မည်​။

"အာ Yeol ​ရောက်​​နေတာလား"

ရေချိုးခန်းထဲမှထွက်​လာ၍ထင့်​။ ​ခေါင်းက ​ရေစက်​​လေး​တွေက တဖြုတ်​ဖြုတ်​ကျ​နေကာ နှုတ်​သီး​လေးကလည်း နီရဲ​နေသည်​။ Tower တစ်​ထည်​ကို ပတ်​ထား၍ ​ဆံပင်​များကို သုတ်​လျက်​သား ​မေးလာသည်​။ ထို့​ကြောင့်​ ဆံပင်​မ​ခြောက်​လျှင်​​နေမ​ကောင်း ဖြစ်​မယ်​စိုး​သော ကိုယ်​ကပင်​ ပုဝါကို ယူကာ ခုံ​ပေါ်တွင်​ထိုင်​​စေ၍ သုတ်​​ပေးရပြန်​သည်​။

"ကိုယ်​က Baek ​ရေချိုး​နေကတည်းက ​ရောက်​တာ ဆံပင်​ကို ဒီလိုအစိုအတိုင်းမထားရဘူး ​နေမ​ကောင်းဖြစ်​မှ ကိုယ်​ရင်​ကျိုး​နေရမယ်​"

"အင်းပါ ဒါနဲ့ ဇာတ်​ကားကိစ္စ ဘယ်​လိုဖြစ်​သွားပြီလဲ"

"ကိုယ်​က​တော့မရိုက်​နိုင်​ဘူးလို့​ပြောခဲ့တယ်​ သူတို့ဘာသာ လူစားထိုးရိုက်​လိမ့်​မယ်​"

"Yeol ကလဲ သူတို့က ဇာတ်​ကားကို ပိုပြီးအသက်​ဝင်​​အောင်​ရိုက်​ခိုင်းတာ​နေမှာပါ"

"ဇာတ်​ကား အသက်​ဝင်​ဖို့ထက်​ ကိုယ့်​ရဲ့နှုတ်​ခမ်းက Baek မဟုတ်​တဲ့အခြားတစ်​​ယောက်​နဲ့ မထိ​တွေ့ရဖို့က အ​ရေးကြီးတယ်​ Baek သိတယ်​မလား ကိုယ့်​နှုတ်​ခမ်းက Byun Baekhyun ဆိုတဲ့ ခင်းဗျား​လေးရဲ့ မူပိုင်​ဆိုတာ"

"အင်းပါ သိပါတယ်​"

"ကဲ ​ဆံပင်​လဲ ​ခြောက်​သွားပြီ အဝတ်​အစားသွားဝတ်​ ကိုယ်​ Baek ကြိုက်​တဲ့ ပဲ​ခေါက်​ဆွဲဝယ်​လာတယ်​ စားကြမယ်​"

"ဟုတ်​"

အစားဆိုတာနဲ့ ​ခေါင်းကို ပုတ်​သင်​ညိုလိုညိတ်​ကာ အ​ပြေး​ထွက်​သွား​သော​ကောင်​​လေး​ကြောင့်​ ​ခေါင်းကိုသာအသာခါလိုက်​မိသည်​။ ​တော်​​တော်​လဲ အစားပုတ်​တဲ့ဟာ​လေး။

"Yeol ဘယ်​မှာလဲ ပဲ​ခေါက်​ဆွဲက"

"ထမင်းစားခန်းမှာ လာသွားကြမယ်​"

"ဟင်​ တစ်​ပွဲတည်းလား"

"အင်းဟုတ်​တယ်​​လေ"

"ကျွန်​​တော်​မဝဘူး ဒါ​လေးနဲ့"

လခွမ်း ကိုယ်​က သူ​လေးနဲ့အတူ ပဲ​ခေါက်​ဆွဲတစ်​ပွဲကို နှစ်​​ယောက်​သား ရိုဆန်​ဆန်​​လေးစားမယ်​လို့​တွေးထားတာ ကိုယ်​​တော်​​လေးက မဝဘူးတဲ့။

"မဝရင်​ ​ရေခဲ​သေတ္တာမှာ အပြည့်​ရှိတယ်​ လာ ဒါက နှစ်​​ယောက်​စားရမှာ"

"အင်း​လေ ဘယ်​တက်​နိုင်​မလဲ စားရ​တော့မှာ​ပေါ့"

ထို့​နောက်​ ပဲ​ခေါက်​ဆွဲတစ်​ပွဲတည်းကို နှစ်​​ယောက်​သား ​ခေါင်းချင်းဆိုင်​ကာ တစ်​ရှူးရျူးတရှဲရှဲဖြင့်​ စားလိုက်​ကြသည်​။ ခဏ​လေးအတွင်းမှာပင်​ ​ပဲ​ခေါက်​ဆွဲက ကုန်​သွားကာ​နောက်​ဆုံးအမျှင်​​လေး တစ်​ခုသာကျန်​ခဲ့သည်​။ ထိုအမျှင်​​လေးကို ပင်​တစ်​ဖက်​တစ်​ချက်​စီတွင်​နှစ်​​​ယောက်​သား ကိုက်​ထားကာ တဖြည်းဖြည်းတိုလာပြီး နှုတ်​ခမ်းနှစ်​ခုက​ပေါင်းစည်းသွားသည်​။ သူတို့လဲ အလွတ်​မ​ပေးဘဲ အနမ်းတိုက်​ပွဲကိုနှစ်​​ယောက်​သား ဆင်​နွဲလိုက်​သည်​။

"Yeol ကျွန်​​တော်​ မနက်​ဖြန်​ ကိုယ့်​မြို့ကိုသွားမလို့ လိုက်​ခဲ့မလား"

"ဟင်​ ဘာလို့သွားမှာလဲ"

"​မေ​မေတို့က လာဖို့မှာ​နေကြတယ်​ ကျွန်​​တော်​ တက္ကသိုလ်​တက်​ကတည်းက မ​ရောက်​တာကြာပြီမို့လို့​လေ"

"အင်း ကိုယ်​မနက်​ဖြန်​ schedule ​တွေကို အချိန်​​ရွှေ့လိုက်​မယ်​​လေ ​ယောက္ခမ​တွေနဲ့လည်း​တွေ့ရတာ​ပေါ့"

"ကျွန်​​တော်​တို့အ​ကြောင်း​ပြောလို့မဖြစ်​ဘူး​နော်​ ​မေ​မေတို့က အရမ်း​ရှေးရိုးမဆန်​​ပေမဲ့ လက်​ခံဖို့က မ​သေချာ​သေးဘူး"

"​အေးပါ ကိုယ်​သိပါတယ်​ ကိုယ်​တို့ကို လူ​တွေလက်​ခံလာတဲ့အချိန်​ကို​စောင့်​ရမှာ​ပေါ့"

"စိတ်​မ​ကောင်းမဖြစ်​နြ့​နော်​ ကျွန်​​တော်​ Yeol ကိုချစ်​တာသိတယ်​မလား"

"အင်း ကိုယ်​သိပါတယ်​"

"ဒါဆို အခုကျွန်​​တော်​တို့ ဂိမ်းကစားရ​အောင်​"

"အိမ်းဂိမ်းကစားမယ်​ဆို​တော့ အ​လောင်းအစား​လေးလဲပါမှဖြစ်​မှာ​ပေါ့"

"ဘယ်​လို​လောင်းမလဲ"

"Baek ရှုံးရင်​ကိုယ့်​ကိုနမ်း ကိုယ်​ရှုံးရင်​ Baek ကိုနမ်းမယ်​ Ok"

"အရမ်းကြီးလဲ နစ်​နာ​နေပါဦးမယ်​"

"အနစ်​နာခံရပါ​စေကွာ သ​ဘောတူလား"

"Ok ​လေ cool"

သူတို့နှစ်​​ယောက်​ဂိမ်းကစား​နေတာကို ဒီကမ​အေးရီ​လေးက ကုတင်​​အောက်​မှ​ချောင်း​နေ​ကြောင်းပါ။

Czytaj Dalej

To Też Polubisz

320K 9.6K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
664K 33.4K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
468K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
604K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...