Dreams(Completed)

By Park_Harnuu

106K 6.9K 225

Idol Park Chanyeol and his fanboy Baekhyun More

Dreams ep1
Dreams ep 2
Dreams ep3
Dreams ep4
Dreams ep 5
Dreams ep 6
Dreams ep7
Dreams ep8
Dreams ep9
Dreams ep 10
Dreams ep11
Dreams ep 13
Dreams ep 14
Dreams ep 15
Dreams ep 16
Dreams ep 17
Dreams ep 18
Dreams ep 19
Dreams ep 20
Dreams ep 21
Dreams ep 22
Dreams ep 23
Dreams ep 24
Dreams ep 25
Dreams ep 26
Dreams ep 27
Dreams ep 28
Dreams ep 29
Dreams ep 30
Dreams ep 31
Dreams ep 32
Dreams Final

Dreams ep12

2.7K 192 7
By Park_Harnuu

"ဒီမှာ ခင်​ဗျားကို hyung နဲ့ လုံးဝသ​ဘောမတူနိုင်​ဘူး hyungကို ကျွန်​​တော့်​ ဘဝထဲက​နေဆွဲထုတ်​ခွင့်​မပြုနိုင်​ဘူး"

"ဒါ​ပေမဲ့ မင်းhyung ချစ်​တာက ငါ​လေ သူလဲသူချစ်​တဲ့ မိန်းက​လေးနဲ့ ​နေချင်​မှာ​ပေါ့"

"မဟုတ်​ဘူး မဟုတ်​ဘူး ခင်​ဗျားလိမ်​​နေတာ အား..."

"Cut"

Drama ရိုက်​ကူး​နေရသဖြင့်​ စိတ်​ကို Drama ထဲမှာသာနှစ်​၍ သရုပ်​​ဆောင်ရသည်​။ အပြုအမှု တစ်​ခုချင်းစီကိုလဲ သတိထားရမည်​ဟု ချစ်​လှစွာ​သော အနာဂါတ်​လင်​ကြီး ၏သင်​ပြမှု​ကြောင့်​ အ​ကောင်းဆုံးသရုပ်​​ဆောင်​လိုက်​သည်​။

"Baekhyun shi အရမ်း​တော်​တယ်​ဗျာ သရုပ်​​ဆောင်​​နေတာလို့​တောင်​ မထင်​ရဘူး"

"​ကျေးဇူးတင်​ပါတယ်​ဗျ"

Staff များ၏ ချီးကျူးစကား​ကြောင့်​ လူကအ​ပေါ်သို့မြင့်​ချင်​သလို​တောင်​ဖြစ်​သွားသည်​။ Staff များကို ​ခေါင်းငုံ့နှုတ်​ဆက်​ကာ ခုံ​ပေါ်တွင်​ ဇိမ်​ကျကျထိုင်​​နေ​သော ချစ်​ရသူကြီးဆီသို့သာ သွားလိုက်​သည်​။

"ပြီးပြီလား"

"​နောက်​တစ်​​ခေါက်​က Yeol အလှည့်​မလား"

"အင်း​ ​ရော့ coffee ကိုယ်​ခုဏကဝယ်​ခိုင်းလိုက်​တာ"

"​ကျေး​ကျေး ​ကောင်း​ကောင်း​သောက်​ပါ့မယ်​"

Coffee ​သောက်​ရင်း​ဘေးနားသို့ ​ပေသွား​သော​ကောင်​​လေး​ကြောင့်​ Chanyeol တစ်​ချက်​ပြုံးကာ တစ်​လျူးဖြင့်​ သုတ်​​ပေးလိုက်​သည်​။

"က​လေးကျ​နေတာဘဲ ​ဘေးနား​တွေလဲ​ပေလို့"

"ကျွန်​​တော်​က က​လေးဘဲဟာကို"

"မင်း​ပြော​တော့ က​လေးသုံး​ယောက်​​တောင်​ယူလို့ရ​နေပြီဆို"

"ဟင်​ အဲဒါ Yeol ဘယ်​လိုသိတာလဲ"

"ဘာလို့ဆို အဲဒီတိုက်​မိတဲ့သူက ကိုယ်​မလို့​ပေါ့ ​ကောင်​စုတ်​ရဲ့"

"ဟာ ကျွန်​​တော်​လုံးဝ​တောင်​မမှတ်​မိဘူး အဲတုန်းက Yeol က အကြမ်းဖက်​သမားလိုလို လုပ်​ကြံမယ်​လူလိုလိုနဲ့ကိုး"

"​ပြောလိုက်​တာလဲ နဲနဲ​လျှော့အုံး ကိုယ်​​ထောင်​ကျမဲ့အကွက်​​တွေချည်းဘဲ"

"ဟီးဟီ ကျွန်​​တော်​က အမှန်​​ပြောတာပါ"

သူတို့နှစ်​​ယောက်​စကား​ပြော​နေစဉ်​ ​ဘေးနားသို့ Junny လာပြီး ဝင်​​ပြောသည်​။

"အဟင်း Baekhyun ခုဏက သရုပ်​​ဆောင်​တာက တကယ်​လိုဘဲ​နော်​ သရုပ်​​ဆောင်​​နေတာလို့ကိုမထင်​ရဘူး"

"ကျွန်​​တော်​က ကိုယ်​လုပ်​တဲ့အလုပ်​ကို စိတ်​နှစ်​ထားရုံပါ"

"အင်းပါ ဒါ​ပေမဲ့ နှ​မျောဖို့​ကောင်းတာက ဇာတ်​ကားအဆုံးထိမပါရဘူး​နော်​ ​သေသွားရှာတယ်​"

"ပရိသတ်​​တွေရဲ့ ရင်​ထဲကို ​သေဆုံးခြင်းက ရင်​ထဲ​ရောက်​​စေတယ်​​လေ ​နောက်​ဆုံးမှာ​ပျော်​ကျန်​ခဲ့မယ်​သူထက်​ ​သေသွားတဲ့သူကို ပို
ပြီး အမှတ်​ရ​နေကြမှာ​ပေါ့ ကျွန်​​တော်​လဲ ပရိတ်​သတ်​ အဖြစ်​ကလာတာပဲ​လေ"

"ဟုတ်​ပါပြီ ကြိုးစား​ပေးပါ ဟုတ်​ပြီလား ဇာတ်​ကားတစ်​ကားက အားလုံးကြိုးစားမှ ​အောင်​မြင်​မှာမလား "

"ကဲ ​ပြောလို့ပြီးပြီဆိုရင်​ baek ကိုယ်​တို့သွားစရာရှိတာ သွားကြရ​အောင်​"

"​ဩော်​ Chanyeol shi တို့နှစ်​​ယောက်​က သိပ်​တွဲသွားတွဲလာ လုပ်​ကြတာဘဲ​နော်​ Fan ​တွေ ship ထားသလိုများဖြစ်​​နေကြပြီလား"

"ဒါက ကျွန်​​တော်​တို့ကိစ္စပါ လာ baekhyun"

သူလက်​ကိုအတင်းဆွဲ​ခေါ်လာကာ ကားထဲသို့ Chanyeol ထည့်​လိုက်​ပြီး ခါးပတ်​ပတ်​​ပေးလိုက်​သည်​။ ထိုမိန်းမက ဒီ​လောက်​ ​ပြောဆို​နေတာကို အသာတကြည်​ငြိမ်​ခံ​နေတာကို သူမ
ကျေနပ်​ခြင်းဖြစ်​သည်​။

"Yeol ကျွန်​​တော်​တို့ သွားစရာရှိတယ်​လို့လဲ မ​ပြောမိပါလား"

"ကိုယ်​ဝယ်​ထားတဲ့အိမ်​ကိုသွားမှာ မင်းမ​ရောက်​ဖူးဘူး မဟုတ်​လား"

"အင်း Yeol မှမ​ခေါ်တာ"

"ဒါ​ကြောင့်​အခုသွား​နေပြီ​လေ "

"အင်းပါ"

Chanyeol ၏ အိမ်​က မြို့ပြင်​မှာဖြစ်​ကာ တိတ်​ဆိတ်​​အေးချမ်းသည်​။ ခြံဝင်းထဲတွင်​ ​ရေတံခွန်​အတု​လေးတစ်​ခုလုပ်​ထားကာ ထို​ရေတံခွန်​မှ​ရေစက်​များတသွင်​သွင်​စီးဆင်းလျက်​ရှိသည်​။ နှင်းဆီခင်းများလည်းစိုက်​ပျိုးထားပြီး ပန်းခင်း​ဘေးတွင်​ ဒန်း​လေးတစ်​ခုရှိသည်​။ခြံဝင်းကလည်းကျယ်​ဝန်းသဖြင့်​ ​ရေကူးကန်​​လေးတစ်​ကန်​လည်းရှိသည်​။ အိမ်​​လေးမှာ နှစ်​ထပ်​တိုက်​အိမ်​​လေးဖြစ်​ပြီး တိုက်​တစ်​ခုလုံးကို အပြာ​ရောင်​​ဆေးခြယ်​ထားသည်​။ ခြုံ၍​ပြောရလျှင်​ အလွန်​သာယာလှပ​သော အိမ်​​လေးပင်​ဖြစ်​​ပေသည်​။

"Wow အိမ်​​လေးကလှလိုက်​တာ ကျွန်​​တော်​​တော့ သူ​ဌေးကိုချစ်​သူ​တော်​ထားရတာဘဲ"

"ဒါ​ပေါ့ ငါကဘယ်​သူလဲ။ နိုင်​ငံ​ကျော်​ idol ​ဟောဒီက Byun Baekhyun ချစ်​သူ Park Chanyeol ​လေ"

"အင်းပါ နည်းနည်း​လေး ​မ​ပြောလိုက်​ရဘူး ဘဝင်​က တက်​သွားလိုက်​တာ သိကြားမင်းဖင်​ဝကိုထိုး​နေပြီ"

"နည်းနည်း​လေးယဉ်​​ကျေးလို့မရဘူးလား Byun Baekhyun shi ငါ့ ချစ်​သူလို့​ပြောရမှာ ရှက်​ဖို့​ကောင်းလိုက်​တာ"

"မရဘူး Byun Baekhyun ကမ​မွေးခင်​ကတည်းက ရိုင်းလာတာ နည်းနည်းမ​ပြောနဲ့ များများလဲ မယဉ်​​ကျေး​ပေးနိုင်​ဘူး"

"​အော်​​ဟော ကိုယ့်​ကိုပြန်​​ပြောတယ်​​ပေါ့ လာစမ်းအပြစ်​​ပေးရမယ်​"

"Blah Blah"

Baekhyun Chanyeol ကိုလျှာထုတ်​ပြကာ အိမ်​ခန်းထဲတွင်​ လှည်​ပတ်​ကာ​ပြေး​နေသည်​။ Chanyeol ကလဲ အားကျမခံလိုက်​ဖမ်းကာ မကြာမီပင်​လိုက်​ဖမ်းမိသည်​။

"လာခဲ့မိပြီ မင်းရဲ့ ​ခြေတံတိုတို​လေးနဲ့ ​ပြေးတယ်​​ပေါ့ဟုတ်​လား "

"ခင်​ဗျားဟာကိုက မ​တော်​မတရားရှည်​​နေတာကို ကျွန်​​တော်​က ပုံမှန်​ဘဲ"

"မရဘူး အပြစ်​​ပေးမယ်​"

"အပြစ်​ကို​နောက်​မှ​ပေးပါ​နော်​ အခုဗိုက်​ဆာ​နေပြီ ကျွန်​​တော့်​ကိုစပါကတီလုပ်​​ကျွေး"

"​အော်​ ကို့ကို့်​အသဲ​လေးက ဗိုက်​ဆာ​နေပြီလား ဒါဆိုရင်​ ကိုကိုက လုပ်​​ကျွေးရမှာ​ပေါ့ စားပြီးမှ အကြီးကြီးအပြစ်​​ပေးမယ်​​နော်​ ကြားလား "

"ဟုတ်​ကဲ့ ကိုကို"

နှစ်​​ယောက်​သား ချွဲချွဲနွဲ့နွဲ့​​ပြောကာ ပြိုင်​တူရယ်​လိုက်​ကြသည်​။ အမှန်​က ချွဲနွဲ့တာကသူတို့နှင့်​မကိုက်​။ ရန်​ဖြစ်​လိုက်​ပြန်​ချစ်​လိုက်​နဲ့သာ ဖြစ်​ကြသည့်​ Relationship။Chanyeol မီးဖို​ဆောင်​မှာ စပါကတီလုပ်​​နေ​တော့ Baekhyun က chanyeol ​နောက်​​ကျောကိုမှီကာ ရပ်​​နေသည်​။

"​ဟေ့ အသဲ​လေး သူများ​တွေမှာ ချစ်​သူ​တွေတစ်​ခုခုလုပ်​​ကျွေးရင်​ ခါးကိုဖက်​ပြီး​နောက်​က​နေ တီတီတာတာ​ပြောကြတယ်​ မင်းကျမှဘာလို့ ငါ့​ကျောကို မင်း​ကျောနဲ့မှီ​နေတာလဲ မ​တော်​လဲကျသွားရင်
ဖြင့်​ ရင်​ကျိုးရ​ချေရဲ့"

"ကျွန်​​တော်​က သူများ​တွေလုပ်​ဖူးပြီးသား မလုပ်​ချင်​ဘူး ဒါ​ကြောင့်​ ဒီလိုမှီ​နေတာ စကား​ပြောရတာ ပိုပြီး ဗိုက်​ဆာလာပြီ မြန်​မြန်​လုပ်​ဗျာ"

"​အေးပါကွာ ခဏ​စောင့်​အုန်း ရ​တော့မယ်​"

စပါကတီလုပ်​ပြီး​တော့ နှစ်​​ယောက်​သား တစ်​​ယောက်​နဲ့တစ်​​ယောက်​အပြန်​အလှန်​​လေး ခွိ့​ကျွေးကြသည်​။ စလိုက်​​နောက်​လိုက်​ဖြင့်​ စားလိုက်​ကြသဖြင့်​ ဘယ်​လိုကုန်​သွားမှန်း​တောင်​မသိလိုက်​ကြ။ သူတို့နှစ်​​ယောက်​ အတူတူရှိ​နေရချိန်​က ဘဝမှာ အဖိုးအတန်​ဆုံးအချိန်​ပင်​ဖြစ်​သည်​။

"ကဲ စားပြီး​သောက်​ပြီးပြီဆို​တော့ အပြစ်​​လေးစ​ပေးရ​အောင်​"

"သက်​သက်​ညှာညှာ​လေး​တော့ ​ပေးပါ​နော်​ ကိုကိုး"

"ဒါ​ပေါ့ ကိုယ့်​အချစ်​​လေးကို သနားညှာတာပြီး​ပေးရမှာ​ပေါ့ ကဲမျက်​လုံးမှိတ်​"

"ဟင်​ မျက်​လုံးမှိတ်​ဖို့လိုလို့လား"

"အင်း ဒီအပြစ်​က မျက်​လုံးမှိတ်​မှ​ပေးလို့ရတာ"

"အင်းပါ ဒါဆိုမှိတ်​ပြီ​နော်​"

Baekhyun မျက်​လုံးမှိတ်​လိုက်​ပြီး Chanyeol ​ပေးမယ့်​အပြစ်​ကို ရင်​တုန်​စွာ ​စောင့်​​မျှော်​လိုက်​သည်​။ ခဏ​နေ​တော့ သူ့နှုတ်​ခမ်း​လေးကို ခပ်​ဖွဖွထိ​တွေ့လာ​သော နှုတ်​ခမ်း​ကြောင့်​ အလိုက်​သင့်​သာ စီး​မြောလိုက်​သည်​။ သူ့နှုတ်​ခမ်းရဲ့ အရသာက Baekhyun အတွက်​ မညိမ်း​ငွေ့နိုင်​စရာ​ကောင်းလှသည်​။ ရ​လေလို​လေ
အိုတ​စ္ဆေ ပင်​ဖြစ်​သည်​။ အိမ်​တစ်​အိမ်​၏ ဧည့်​ခန်းတွင်​အနမ်း ​ရေယျာဉ်​​ကြော၌​မြောပါ​နေ​သော ​ကောင်​​လေးနှစ်​​ယောက်​ကို ​တွေ့နိုင်​​လေသည်​။

ထိုသို့အပြစ်​​ပေးခံချင်​ပါသလား။ ဆု​တောင်းပါ ဟွန့်​။

Continue Reading

You'll Also Like

197K 4.1K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.4K 197 7
ဒေါ်လေးနဲ့ အီဟယ်ချန်းက စတာခံရပြီးတိုင်း "မုန်းတယ်" လို့ ခနခနရေရွတ်ဖြစ်တယ် ဒေါ်လေးကို မုန်းတာလည်း မဟုတ်သလို အီဟယ်ချန်းလေးကို မုန်းတာလည်း မဟုတ်တာ သူသိ...
102K 11.8K 40
ChanBaek Fanfiction (Zawgyi+Unicode) [Romance / Sweet] This is my new acc par bya💗
758K 28K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...