Sunshine (Zawgyi+Unicode)

Od nora_nono

158K 18.5K 1.1K

Relationship=Me=Friendship Cover by @byunasunapark00? Více

Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26

Part 1

16.7K 856 4
Od nora_nono

နာရီလက္တံႏွစ္ခုထပ္တူက်ခ်ိန္....
အပူ႐ွိန္ျပင္းလြန္းေသာ ေနလံုးပူပူႀကီးက ဦးေခါင္းတည့္တည့္ကို က်ေရာက္ေနသလို.....

မြန္းတည့္ခ်ိန္ ဆယ့္ႏွစ္နာရီ.....

ေန႔လည္စာ နားခ်ိန္လည္းျဖစ္ ဒီေန႔မွ သိသိသာသာ အပူခ်ိန္ကလည္းပိုေနသည္မို႔ အမ်ားသူငွါ အပန္းေျဖဖို႔ ႐ွိေနတဲ့ ပန္းျခံေလးမွာ အနားယူေနသည့္ လူအေရအတြက္က ယခင္ေန႔မ်ားထက္ အေတာ္ေလးေတာ့မ်ားေနသည္။

ေန႔စဥ္ေန႔တိုင္းထိုင္ေနက် လူသိပ္မလာေသာ ေခ်ာင္တေခ်ာင္မွာ႐ွိေနသည့္ အပင္ႀကီးေအာက္မွာေတာင္ မိသားစုတစ္စု႐ွိေနေလသည္။

အျမဲတမ္းဒီေနရာမွာပဲ ထိုင္ေနက်မို႔ တျခားထိုင္စရာေနရာလည္း မ႐ွာခ်င္ေတာ့ပီမို႔ ထိုမိသားစုနဲ႔ အနည္းငယ္လွမ္းသည့္ အပင္ေအာက္တစ္ေနရာမွာပဲ ဝင္ထိုင္လိုက္သည္။

ေျခေထာက္ဆင္းကာေျခပစ္လက္ပစ္ထိုင္လိုက္မွ တစ္မနက္လံုး မတ္တပ္ရပ္ထားရသည္မို႔ ေတာင့္တင္းေနသည့္ အေၾကာအ႐ွင္ေတြ အနည္းငယ္ေတာ့ ေျပေလ်ာ့သြားသလို။

အပင္ေအာက္ေနရိပ္တဲ့ ေနရာလည္းေရာက္ပီမို႔ အေပၚထပ္ဝတ္ထားသည့္ ႐ွပ္အနီကြက္လက္႐ွည္ေလးကို ခြၽတ္လိုက္သည္။

ကိုယ္တိုင္က အပူဒဏ္မခံႏိုင္။
သို႔ေသာ္လည္း အျပင္တစ္ခါ ထြက္တိုင္း လက္႐ွည္တစ္ထည္ ထပ္မဝတ္မိပါက တစ္ကိုယ္လံုးရဲစပ္လာတတ္ေသာ အထိမခံႏိုင္သည့္ အသားအေရေၾကာင့္ ပူအိုက္ေသာ္ျငားလည္း အေပၚဝတ္ကို အျမဲထပ္ဝတ္ရသည္။

ကိုယ္လုပ္ေနရသည့္ အလုပ္ေတြနဲ႔ ႏူးညံလြန္းသည့္ အသားအေရတို႔က တိုက္႐ိုက္အခ်ိဳးေတာ့မက်။

ရွပ္အက်ႌခ်ြတ္တုန္းက လက္ထဲကေန ေဘးမွာခ်ထားသည့္ ေန႔လည္စာစားဖို႔ ထြက္လာတည္းက ဝယ္လာခဲ့သည့္ ထမင္းလိပ္နဲ႔ ေရဘူးအေသးေလးကို ယူလိုက္သည္။

အျပင္ကရာသီဥတုနဲ႔ ဆန္႔က်င္စြာ ေအးစက္ေနသည့္ ထမင္းလိပ္တို႔က ကိုယ့္ကို သနားေနသေယာင္။

ဘာရယ္မဟုတ္ မ်က္လံုးအၾကည့္ ေဝ့ဝိုက္မိကာ မလွမ္းမကမ္းက ထိုင္ေနသည့္ မိသားစုေလးရဲ႕ ေပ်ာ္ပြဲစား ထမင္းဝိုင္းဆီ အေရာက္မွာ စကၠန္႔ပိုင္းေလာက္ ေငးမိသြားတာဝန္ခံပါသည္။

စကၠန္႔ပိုင္းပါပဲ....

ကိုယ္တိုင္သတ္မွတ္ေပးထားသည့္ ကိုယ္ရဲ႕ေန႔လည္စာ ထမင္းလိပ္ေလး ခုထက္ပိုပီး ေအးစက္မသြားခင္ ပါးစပ္ထဲေကာက္ထည့္ဝါးလိုက္ေတာ့ ေအးစက္ေတာင့္တင္းကာ ေလ်ွာေလ်ွာလွ်ဴလွ်ဴ မဝင္သည့္မို႔ ေရ႕သန္႔ဘူးဖြင့္ကာ ေရနဲ႔အျမန္ေမ်ွာခ်ရသည္။

တစ္ရက္ေလာက္ေတာ့......
အင္း.....
တစ္ရက္ေလာက္ေပါ့ အလုပ္မသြားဘဲ အေမခ်က္ေကြၽးတဲ့ ထမင္းပူေႏြးေႏြးကို သံုးနပ္ျပည့္ေအာင္ စားခ်င္မိသည္။

သို႔ေသာ္လည္း...
စိတ္ကူးထဲမွာ နားမယ္လို႔ ေတြးလိုက္တာနဲ႔ စားလက္စ ထမင္းလိပ္က လည္ေခ်ာင္းမွာ နင္သြားရသည္မို႔ ရင္ဘတ္ကို လက္နဲ႔အသာထုရေသးသည္။

စိတ္ပ်က္ညီးေငြ႔စရာေကာင္းလြန္းလွသည့္ ဘဝႀကီးက စိတ္ကူးထဲမွာတာင္ နားခြင့္မေပး။

ဟုတ္တယ္.....
Baekhyunဆိုတာ တစ္ေန႔ကို ႏွစ္ဆယ့္ေလးနာရီ႐ွိရင္....
အိပ္ခ်ိန္က ေျခာက္နာရီ....
အနားယူခ်ိန္က သံုးနာရီ....
အလုပ္လုပ္ခ်ိန္က ဆယ့္ငါးနာရီ...ဟု ကိုယ္တိုင္သတ္မွတ္ထားရသည္။

အလုပ္ႀကီးအကိုင္ႀကီးလားဆိုေတာ့မဟုတ္။
မနက္ႏိုးပါပီဆိုကတည္းက လုပ္လိုက္ရသည့္ အခ်ိန္ပိုင္းအလုပ္ေတြက ညအခ်ိန္ေနာက္က်မွသာ အိမ္ျပန္ေရာက္သည္ခ်ည္း။

အေဖ႐ွိစဥ္ကာ အဆင္ေျပခဲ့သည္ထက္ပိုခဲ့ေသာ Baekhyunတို႔ မိသားစုဟာ အေဖကြယ္လြန္ခ်ိန္မွစ၍ စီးပြားပ်က္သြားရသည္။

Baekhyunအေနနဲ႔ ဆယ္ေက်ာ္သက္အရြယ္သာ ႐ွိေသးသည္မို႔ အေဖရဲ႕ အလုပ္ေတြကို နားမလည္။

အေမဆိုသည္ကလည္း အိမ္ေထာင္မႈသာႏိုင္နင္းသည့္ မိန္းမတစ္ေယာက္ျဖစ္ေလေတာ့ အေဖရဲ႕အလုပ္ကိစၥေတြ တစ္ခုမွမသိ။

ကံဆိုးပီဆို စုျပံဳလာတတ္သည္မို႔ အေဖဆံုးပီးအၾကာခင္ လုပ္ငန္းေတြ အ႐ွံုးေပၚကာ ေဒဝါလီခံရသည္အထိ။ ပံုက်လာသည့္ ေငြေၾကးအခက္အခဲေတြကို ႐ွိသမ်ွ ေငြအကုန္ အိမ္ေတြဝိုင္းေတြပါမက်န္ အကုန္ထိုးဆပ္လိုက္ရသည္။

အေမစုေဆာင္းထားသည့္ ေငြအနည္းငယ္ရယ္ လက္ဝတ္လက္စားအနည္းငယ္နဲ႔ Baekhyunတို႔ အိမ္အေသးေလးတစ္လံုးသာ အဖတ္တင္သည္။

ျမန္ဆန္လြန္းလွေသာ အေျပာင္းအလဲေတြၾကား မ်က္စိသူငယ္နားသူငယ္နဲ႔ Baekhyunတို႔ သားအမိက်န္ခဲ့ရသည္။ အလယ္တန္းသာ႐ွိေသးသည္မို႔
အေမကသူတတ္ကြၽမ္းသည့္ လက္မႈလုပ္ငန္းေလးေတြလုပ္ကာ Baekhyunကို ေက်ာင္းဆက္ထားေပးသည္။

အထက္တန္းေရာက္သည့္ႏွစ္မွာပဲ အေမက ႏွလံုးအားနည္းကာ အျမဲလိုလို မက်န္းမမာျဖစ္လာတတ္သည္မို႔ Baekhyun အေမ့ကို အလုပ္မလုပ္ေစခ်င္ေတာ့။

တဆတဆျမင့္တတ္လာသည့္ အိမ္စရိတ္ေတြရယ္ အေမ့ေဆးဖိုးေတြရယ္က Baekhyunအတြက္ ဖိအားေတြျဖစ္လာပီမို႔ အထက္တန္းေက်ာင္းပီးတဲ့အခါ တကၠသိုလ္ ဆက္မတက္ျဖစ္ေတာ့။

ဘြဲ႔ရမဟုတ္သည့္ Baekhyunလိုလူမ်ိဳးအတြက္ အလုပ္အကိုင္အေကာင္းကေတာ့ ရမည္မဟုတ္။

တစ္ေန႔ကို ဝမ္ႏွစ္ေသာင္းေလာက္႐ွိမွ အဆင္ေျပႏိုင္မည္မို႔ ဘာအလုပ္ရယ္မေတြးဘဲ ရရာအလုပ္မွန္သမ်ွဝင္လုပ္ခဲ့သည္။

မိုးလင္းပါပီဆိုကတည္းက အခ်ိန္ပိုင္းအလုပ္ေတြ ဆက္တိုက္႐ွာကာ လုပ္ရသည္။
အစပိုင္း အလုပ္ေတြနဲ႔ အသားမက်ခင္အခ်ိန္ကဆို Baekhyunေသေလာက္ေအာင္ ပင္ပန္းခဲ့သည္။

သူမ်ားေတြ ေအးခ်မ္းစြာ ေက်ာင္းေနတက္ေနရသည္ကို ျမင္ရေတာ့လည္း Baekhyun႐ူးေလာက္ေအာင္ ေက်ာင္းတက္ခ်င္သည္။

လူငယ္ဘဝကို လြတ္လပ္ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနတဲ့ လူငယ္ေတြကို ၾကည့္ပီးလည္း
Baekhyunအရမ္းကို အားက်မိသည္။

ေနသားမက်သည့္ ပတ္ဝန္းက်င္မွာ ဆင္မေျပမႈေတြ မ်ားလာေတာ့ ေလာကႀကီးကို အ႐ွံုးေပးကာ ထြက္သြားဖို႔ ႀကိဳးစားမိသည္က အႀကိမ္ႀကိမ္။

ထိုသို႔ ေတြးလိုက္တိုင္းလည္း တစ္ေယာက္တည္းအားငယ္စြာ.က်န္ရစ္ခဲ့မဲ့ အေမကို ေတြးမိေလေတာ့ Baekhyun ေလာကႀကီးကို အ႐ွံုးမေပးခ်င္ေတာ့။

ပင္ပန္းသမ်ွကို အေမမ်က္ႏွာတစ္ခုတည္းေၾကာင့္သာ သည္းခံပီး ရသမ်ွအလုပ္မွန္သမ်ွတြန္းလုပ္ေတာ့သည္။

အေမကို Baekhyun တစ္ေယာက္တည္းကသာ ကာကြယ္ေစာင့္ေ႐ွာက္ေပးရမည္။

ပိုက္ဆံရရင္ပီးေရာ ရသမွ်အလုပ္အကုန္လုပ္သည္။
ဥပေဒနဲ႔မလြတ္ကင္းသည္က လႊဲလို႔။

ခုလည္း အလုပ္ကို အခ်ိန္မီျပန္သြားရမည္မို႔ ေန႔လည္စာစားခ်င္းကို အဆံုးသတ္လိုက္သည္။

တစ္ခါေလာက္ေတာ့......
စိတ္ႀကိဳက္သံုးျဖဳန္းကာ ဘဝကို ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းခ်င္သည္။

အေမကိုလည္း ျပည့္ျပည့္စံုစံုထားခ်င္မိတာ Baekhyunရဲ႕ အဓိကက်ေသာ ဆႏၵတစ္ခု....

~~~~~~~~~~~~~~~

Officialၿပီးသြားပီဆိုေတာ့ အသစ္ကေလး။
ဖတ္ေပးပါအံုးလို႔😙
Coverအတြက္ byunasunapark00
ေက်းဇူးအထူးတင္ပါေၾကာင္း💛

နာရီလက်တံနှစ်ခုထပ်တူကျချိန်....
အပူရှိန်ပြင်းလွန်းသော နေလုံးပူပူကြီးက ဦးခေါင်းတည့်တည့်ကို ကျရောက်နေသလို.....

မွန်းတည့်ချိန် ဆယ့်နှစ်နာရီ.....

နေ့လည်စာ နားချိန်လည်းဖြစ် ဒီနေ့မှ သိသိသာသာ အပူချိန်ကလည်းပိုနေသည်မို့ အများသူငှါ အပန်းဖြေဖို့ ရှိနေတဲ့ ပန်းခြံလေးမှာ အနားယူနေသည့် လူအရေအတွက်က ယခင်နေ့များထက် အတော်လေးတော့များနေသည်။

နေ့စဉ်နေ့တိုင်းထိုင်နေကျ လူသိပ်မလာသော ချောင်တချောင်မှာရှိနေသည့် အပင်ကြီးအောက်မှာတောင် မိသားစုတစ်စုရှိနေလေသည်။

အမြဲတမ်းဒီနေရာမှာပဲ ထိုင်နေကျမို့ တခြားထိုင်စရာနေရာလည်း မရှာချင်တော့ပီမို့ ထိုမိသားစုနဲ့ အနည်းငယ်လှမ်းသည့် အပင်အောက်တစ်နေရာမှာပဲ ဝင်ထိုင်လိုက်သည်။

ခြေထောက်ဆင်းကာခြေပစ်လက်ပစ်ထိုင်လိုက်မှ တစ်မနက်လုံး မတ်တပ်ရပ်ထားရသည်မို့ တောင့်တင်းနေသည့် အကြောအရှင်တွေ အနည်းငယ်တော့ ပြေလျော့သွားသလို။

အပင်အောက်နေရိပ်တဲ့ နေရာလည်းရောက်ပီမို့ အပေါ်ထပ်ဝတ်ထားသည့် ရှပ်အနီကွက်လက်ရှည်လေးကို ချွတ်လိုက်သည်။

ကိုယ်တိုင်က အပူဒဏ်မခံနိုင်။
သို့သော်လည်း အပြင်တစ်ခါ ထွက်တိုင်း လက်ရှည်တစ်ထည် ထပ်မဝတ်မိပါက တစ်ကိုယ်လုံးရဲစပ်လာတတ်သော အထိမခံနိုင်သည့် အသားအရေကြောင့် ပူအိုက်သော်ငြားလည်း အပေါ်ဝတ်ကို အမြဲထပ်ဝတ်ရသည်။

ကိုယ်လုပ်နေရသည့် အလုပ်တွေနဲ့ နူးညံလွန်းသည့် အသားအရေတို့က တိုက်ရိုက်အချိုးတော့မကျ။

ရှပ်အကျႌချွတ်တုန်းက လက်ထဲကနေ ဘေးမှာချထားသည့် နေ့လည်စာစားဖို့ ထွက်လာတည်းက ဝယ်လာခဲ့သည့် ထမင်းလိပ်နဲ့ ရေဘူးအသေးလေးကို ယူလိုက်သည်။

အပြင်ကရာသီဥတုနဲ့ ဆန့်ကျင်စွာ အေးစက်နေသည့် ထမင်းလိပ်တို့က ကိုယ့်ကို သနားနေသယောင်။

ဘာရယ်မဟုတ် မျက်လုံးအကြည့် ဝေ့ဝိုက်မိကာ မလှမ်းမကမ်းက ထိုင်နေသည့် မိသားစုလေးရဲ့ ပျော်ပွဲစား ထမင်းဝိုင်းဆီ အရောက်မှာ စက္ကန့်ပိုင်းလောက် ငေးမိသွားတာဝန်ခံပါသည်။

စက္ကန့်ပိုင်းပါပဲ....

ကိုယ်တိုင်သတ်မှတ်ပေးထားသည့် ကိုယ်ရဲ့နေ့လည်စာ ထမင်းလိပ်လေး ခုထက်ပိုပီး အေးစက်မသွားခင် ပါးစပ်ထဲကောက်ထည့်ဝါးလိုက်တော့ အေးစက်တောင့်တင်းကာ လျေှာလျေှာလှျူလှျူ မဝင်သည့်မို့ ရေ့သန့်ဘူးဖွင့်ကာ ရေနဲ့အမြန်မျေှာချရသည်။

တစ်ရက်လောက်တော့......
အင်း.....
တစ်ရက်လောက်ပေါ့ အလုပ်မသွားဘဲ အမေချက်ကျွေးတဲ့ ထမင်းပူနွေးနွေးကို သုံးနပ်ပြည့်အောင် စားချင်မိသည်။

သို့သော်လည်း...
စိတ်ကူးထဲမှာ နားမယ်လို့ တွေးလိုက်တာနဲ့ စားလက်စ ထမင်းလိပ်က လည်ချောင်းမှာ နင်သွားရသည်မို့ ရင်ဘတ်ကို လက်နဲ့အသာထုရသေးသည်။

စိတ်ပျက်ညီးငွေ့စရာကောင်းလွန်းလှသည့် ဘဝကြီးက စိတ်ကူးထဲမှာတာင် နားခွင့်မပေး။

ဟုတ်တယ်.....
Baekhyunဆိုတာ တစ်နေ့ကို နှစ်ဆယ့်လေးနာရီရှိရင်....
အိပ်ချိန်က ခြောက်နာရီ....
အနားယူချိန်က သုံးနာရီ....
အလုပ်လုပ်ချိန်က ဆယ့်ငါးနာရီ...ဟု ကိုယ်တိုင်သတ်မှတ်ထားရသည်။

အလုပ်ကြီးအကိုင်ကြီးလားဆိုတော့မဟုတ်။
မနက်နိုးပါပီဆိုကတည်းက လုပ်လိုက်ရသည့် အချိန်ပိုင်းအလုပ်တွေက ညအချိန်နောက်ကျမှသာ အိမ်ပြန်ရောက်သည်ချည်း။

အဖေရှိစဉ်ကာ အဆင်ပြေခဲ့သည်ထက်ပိုခဲ့သော Baekhyunတို့ မိသားစုဟာ အဖေကွယ်လွန်ချိန်မှစ၍ စီးပွားပျက်သွားရသည်။

Baekhyunအနေနဲ့ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည်မို့ အဖေရဲ့ အလုပ်တွေကို နားမလည်။

အမေဆိုသည်ကလည်း အိမ်ထောင်မွုသာနိုင်နင်းသည့် မိန်းမတစ်ယောက်ဖြစ်လေတော့ အဖေရဲ့အလုပ်ကိစ္စတွေ တစ်ခုမှမသိ။

ကံဆိုးပီဆို စုပြုံလာတတ်သည်မို့ အဖေဆုံးပီးအကြာခင် လုပ်ငန်းတွေ အရှုံးပေါ်ကာ ဒေဝါလီခံရသည်အထိ။ ပုံကျလာသည့် ငွေကြေးအခက်အခဲတွေကို ရှိသမျှ ငွေအကုန် အိမ်တွေဝိုင်းတွေပါမကျန် အကုန်ထိုးဆပ်လိုက်ရသည်။

အမေစုဆောင်းထားသည့် ငွေအနည်းငယ်ရယ် လက်ဝတ်လက်စားအနည်းငယ်နဲ့ Baekhyunတို့ အိမ်အသေးလေးတစ်လုံးသာ အဖတ်တင်သည်။

မြန်ဆန်လွန်းလှသော အပြောင်းအလဲတွေကြား မျက်စိသူငယ်နားသူငယ်နဲ့ Baekhyunတို့ သားအမိကျန်ခဲ့ရသည်။ အလယ်တန်းသာရှိသေးသည်မို့
အမေကသူတတ်ကျွမ်းသည့် လက်မွုလုပ်ငန်းလေးတွေလုပ်ကာ Baekhyunကို ကျောင်းဆက်ထားပေးသည်။

အထက်တန်းရောက်သည့်နှစ်မှာပဲ အမေက နှလုံးအားနည်းကာ အမြဲလိုလို မကျန်းမမာဖြစ်လာတတ်သည်မို့ Baekhyun အမေ့ကို အလုပ်မလုပ်စေချင်တော့။

တဆတဆမြင့်တတ်လာသည့် အိမ်စရိတ်တွေရယ် အမေ့ဆေးဖိုးတွေရယ်က Baekhyunအတွက် ဖိအားတွေဖြစ်လာပီမို့ အထက်တန်းကျောင်းပီးတဲ့အခါ တက္ကသိုလ် ဆက်မတက်ဖြစ်တော့။

ဘွဲ့ရမဟုတ်သည့် Baekhyunလိုလူမျိုးအတွက် အလုပ်အကိုင်အကောင်းကတော့ ရမည်မဟုတ်။

တစ်နေ့ကို ဝမ်နှစ်သောင်းလောက်ရှိမှ အဆင်ပြေနိုင်မည်မို့ ဘာအလုပ်ရယ်မတွေးဘဲ ရရာအလုပ်မှန်သမျှဝင်လုပ်ခဲ့သည်။

မိုးလင်းပါပီဆိုကတည်းက အချိန်ပိုင်းအလုပ်တွေ ဆက်တိုက်ရှာကာ လုပ်ရသည်။
အစပိုင်း အလုပ်တွေနဲ့ အသားမကျခင်အချိန်ကဆို Baekhyunသေလောက်အောင် ပင်ပန်းခဲ့သည်။

သူများတွေ အေးချမ်းစွာ ကျောင်းနေတက်နေရသည်ကို မြင်ရတော့လည်း Baekhyunရူးလောက်အောင် ကျောင်းတက်ချင်သည်။

လူငယ်ဘဝကို လွတ်လပ်ပျော်ရွွင်စွာ ဖြတ်သန်းနေတဲ့ လူငယ်တွေကို ကြည့်ပီးလည်း
Baekhyunအရမ်းကို အားကျမိသည်။

နေသားမကျသည့် ပတ်ဝန်းကျင်မှာ ဆင်မပြေမွုတွေ များလာတော့ လောကကြီးကို အရှုံးပေးကာ ထွက်သွားဖို့ ကြိုးစားမိသည်က အကြိမ်ကြိမ်။

ထိုသို့ တွေးလိုက်တိုင်းလည်း တစ်ယောက်တည်းအားငယ်စွာ.ကျန်ရစ်ခဲ့မဲ့ အမေကို တွေးမိလေတော့ Baekhyun လောကကြီးကို အရှုံးမပေးချင်တော့။

ပင်ပန်းသမျှကို အမေမျက်နှာတစ်ခုတည်းကြောင့်သာ သည်းခံပီး ရသမျှအလုပ်မှန်သမျှတွန်းလုပ်တော့သည်။

အမေကို Baekhyun တစ်ယောက်တည်းကသာ ကာကွယ်စောင့်ရေှာက်ပေးရမည်။

ပိုက်ဆံရရင်ပီးရော ရသမှျအလုပ်အကုန်လုပ်သည်။
ဥပဒေနဲ့မလွတ်ကင်းသည်က လွွဲလို့။

ခုလည်း အလုပ်ကို အချိန်မီပြန်သွားရမည်မို့ နေ့လည်စာစားချင်းကို အဆုံးသတ်လိုက်သည်။

တစ်ခါလောက်တော့......
စိတ်ကြိုက်သုံးဖြုန်းကာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းချင်သည်။

အမေကိုလည်း ပြည့်ပြည့်စုံစုံထားချင်မိတာ Baekhyunရဲ့ အဓိကကျသော ဆန္ဒတစ်ခု....

~~~~~~~~~~~~~~~

Officialပြီးသွားပီဆိုတော့ အသစ်ကလေး။
ဖတ်ပေးပါအုံးလို့😙
Coverအတွက် byunasunapark00
ကျေးဇူးအထူးတင်ပါကြောင်း💛

Pokračovat ve čtení

Mohlo by se ti líbit

446K 9.5K 51
Two girls are exchanged at birth and are given to the wrong mothers and after 13 years the truth comes out Rosabella Rossi is different from her sist...
1.5M 130K 62
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
226K 13.7K 45
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
525K 37K 45
ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်