သန်းခေါင်ယံ ချစ်သူ Season - 1

By MayKingMK119

492K 36.3K 211

မှော်ပညာဆိုတာ တကယ်ရှိသလား။ မှော်လောကဆိုတာရော တကယ်ရှိသလား။ မှော်ခေါင်းဆောင်ဆိုတာရှိခဲ့မယ်ဆိုရင် ဘယ်လိုလူမျိုး... More

သန်းခေါင်ယံ ချစ်သူအပိုင်း(21)
သန်းခေါင်ယံ ချစ်သူအပိုင်း (22)
သန်းခေါင်ယံ ချစ်သူအပိုင်း (23)
သန်းခေါင်ယံ ချစ်သူအပိုင်း (24)
သန်းခေါင်ယံ ချစ်သူအပိုင်း (25)
သန်းခေါင်ယံ ချစ်သူအပိုင်း (26)
သန်းခေါင်ယံ ချစ်သူ pre order
ချစ်လှစွာသော နွေဦးလေးထံသို့ တမ်းချင်း
သန်းခေါင်ယံ ချစ်သူ - အပိုင်း(1) (Unicode)
သန်းခေါင်ယံ ချစ်သူ- အပိုင်း(2)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(3)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(4)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(5)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(6)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(7)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(8)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(9)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(10)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(11)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(12)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(13)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(14)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(15)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(16)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(17)
သန်းခေါင်ယံ ချစ်သူ - အပိုင်း (18)
သန်းခေါင်ယံ ချစ်သူ - အပိုင်း (19)
သန်းခေါင်ယံ ချစ်သူ - အပိုင်း(20)
အပိုင်း(21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
သန်းခေါင်ယံ ချစ်သူအပိုင်း (27)
သန်းခေါင်ယံ ချစ်သူအပိုင်း(28)
သန်းခေါင်ယံ ချစ်သူအပိုင်း(29)
သန်းခေါင်ယံ ချစ်သူအပိုင်း(30)
သန်းခေါင်ယံ ချစ်သူအပိုင်း(31)
သန်းခေါင်ယံ ချစ်သူအပိုင်း(32)
သန်းခေါင်ယံ ချစ်သူအပိုင်း(33)
သန်းခေါင်ယံ ချစ်သူအပိုင်း(34)
သန်းခေါင်ယံ ချစ်သူအပိုင်း(35)
သန်းခေါင်ယံ ချစ်သူအပိုင်း(36)
သန်းခေါင်ယံ ချစ်သူအပိုင်း(37)
သန်းခေါင်ယံ ချစ်သူအပိုင်း(38)
သန်းခေါင်ယံ ချစ်သူအပိုင်း(39)
သန်းခေါင်ယံ ချစ်သူအပိုင်း(40)
သန်းခေါင်ယံ ချစ်သူအပိုင်း(41)
သန်းခေါင်ယံ ချစ်သူအပိုင်း(42)
သန်းခေါင်ယံ ချစ်သူအပိုင်း(43)
သန်းခေါင်ယံ ချစ်သူအပိုင်း(44)
သန်းခေါင်ယံ ချစ်သူအပိုင်း(45)
သန်းခေါင်ယံ ချစ်သူအပိုင်း(46)
သန်းခေါင်ယံ ချစ်သူအပိုင်း(47)
သန်းခေါင်ယံချစ်သူအပိုင်း (48) - ဇာတ်သိမ်းပိုင်း
သန်းခေါင်ယံ ချစ်သူ Season (2) Link


5.5K 357 1
By MayKingMK119

သန်းခေါင်ယံ ချစ်သူ

အပိုင်း(15)

ကဝေက နွေဦးကို ကတိပေးထားသည့်အတိုင်း သူ့မှော်အစွမ်းဖြင့် ပြပေးခဲ့သည်။ နွေဦးသည် အိပ်ယာထက်မှ ရွာထဲတွင် မတ်တပ်ရပ်လျက်သားရောက်သွားသည်။ မိမိဘေးတွင် ရွာသားများသွားလာ လှုပ်ရှားနေသည်။ တကယ့်ကို လွန်ခဲ့တဲ့ 9 နှစ်က မိမိ ရွာတွင်နေထိုင်စဉ်က ရွာသားများ၏ လှုပ်ရှားမှုများကို ပြန်မြင်နေရသည်။

နွေဦးက ရွာထဲတွင် လူများသွားလာနေသည်ကို ငေးနေရင်း ကျောင်းစိမ်းဝတ်စုံနှင့် ပြန်လာသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်သည်။ သု့ကို မြင်လိုက်မိစဉ် နွေဦး မြင်ဖူးသလို ခံစားလိုက်ရသည်။

ရှည်သွယ်သော အရပ်၊ လွယ်အိတ်ကို စလွယ်သိုင်းကာ တယောက်တည်း အေးဆေးစွာဖြင့် ကျောင်းမှ ပြန်လာသည့် ကျောင်းသားလေးကို ငေးကြည့်နေစဉ် ကျောင်းသားလေးက တရွေ့ရွေ့နီးလာခဲ့သည်။ ထိုကျောင်းသားလေး၏ မျက်နှာကို အနီးကပ်တွေ့တော့မှ မိမိငယ်စဉ် ဆယ်တန်းကျောင်းသားလေး ဖြစ်စဉ်က ပုံ၇ိပ်မှန်းသိတော့သည်။


"ဟင်..."

နွေဦး ရင်ထဲ အေးသွားသည်။ ဆယ်တန်းကျောင်းသားလေး နွေဦးက မိမိကိုယ်ကို ဖြတ်ကာ ခြံထဲကို ၀င်သွားသည် မဟုတ်လား။ ဒါဆို မိမိက အကောင်ထည်မရှိပဲ အတိတ်ကို ပြန်ရောက်နေသည်ပေါ့။ အတိတ်က လူသားများကလည်း မိမိကို မမြင်နိုင်ပေ။ နွေဦး လည်း နောက်ကိုလှည့်ကာ ခြံထဲကို လိုက်ဝင်လာခဲ့သည်။


"နွေဦး...သားလေး...ရေချိုးတော့လေ။ ကြီးမေ ဟင်းချက်ထားတာ ကျက်ပြီ။ မင်းအကြိုက် ကြက်သားနဲ့ ဗူးသီးချက် ထားတယ်။ ခရမ်းချဉ်သီး ပန်ထွေဖျော်နဲ့ ပဲဟင်းရည်ကို ဆူးပုပ်ကြီးခတ်ထားတယ်။ ငါ့တူ ရေသွက်သွက်လေး ချိုးလိုက်။"


"ဟုတ်ကဲ့ ကြီးမေ။"

နွေဦးသည် လွန်ခဲ့သော သုံးနှစ်က ကွယ်လွန်သွားသော ဖေဖေ့ အစ်မကြီး ကြီးကြီးမေကို ငေးကြည့်ရင်း လွမ်းလာမိသည်။ ကြီးကြီးမေက မိမိကို တကယ့်ကို သူ့သားလေးလိုကို ချစ်သည် မဟုတ်လား။ ကြီးမေ၏ ပုံရိပ်ကို ငေးကြည့်ရင်း နွေဦး ရင်ဝယ် လွမ်းဆွတ်ခြင်းကို ခံစားလာရသည်။ ထိုစဉ်က မိမိဘာကြောင့် ကြီးမေကို ဒီထက် ရင်းနှီးစွာ မဆက်ဆံခဲ့မိသည်ကို တွေးကာ နောင်တရနေမိသည်။

အတိတ်က နွေဦးက မတုန်မလှုပ်ဖြင့် အိမ်ပေါ်တက်ကာ လွယ်အိတ်ထားပြီး ရေချိုးရန် ဆင်းလာခဲ့သည်။ မိမိရေချိုးရင်း အ၀တ်လျှော်ရန် လုပ်နေသည်ကို ကြီးမေက လှမ်းအော်လိုက်သည်။


"သား..နွေဦး အ၀တ်တွေ ထားခဲ့လိုက်။ ကြီးမေ လျှော်လိုက်မယ်။ "


"ရတယ် ကြီးမေ။ ကျွန်တော့်ဖာသာလျှော်ပါ့မယ်။ "


"မဟုတ်တာ။ မင်းက ဆယ်တန်းကျောင်းသား။ သွား ...ထားခဲ့။ မင်းအဖေက မင်းကို သိပ်ဖြစ်မြောက်စေချင်တာ။ သွား သွား စာကျက်။ ကြီးမေ လျှော်လိုက်မယ်။ အအေးပတ်မယ်။ သွား ရေချိုးပြီး ထမင်းလာစားတော့။ "


"ဟုတ်ကဲ့ .."

မိမိက ကြီးမေ အတင်းတားသောကြောင့် လျှော်လက်စ အ၀တ်ကို ချန်ထားကာ အမြန်ရေချိုးပြီး အပေါ်ကို တက်လာခဲ့သည်။ ကြီးမေသည် ရေချိုးပြီးတက်သွားသည့် မိမိကျောပြင်ကို ငေးကြည့်ကာ ပြုံးနေသည်ကို နွေဦး တွေ့လိုက်တော့ ကြီးမေအနားကို သွားကာ ဖက်ထားလိုက်သည်။ သို့သော် မိမိလက်က ကြီးမေ ကိုယ်ကိုဖောက် ဖောက်ထွက်သွားတော့သည်။


"အလကားပဲ နွေဦး။ မင်းက အတိတ်ကို လာလည်လို့ပဲရတယ်။ ဘာမှ ထိတွေ့လို့မရဘူး။ စကားပြောလို့လည်း မရဘူး။"

ထိုစဉ် ကဝေ၏ အသံကို ကြားလိုက်ရသည်။ နွေဦး သက်ပြင်းချလိုက်မိသည်။ ထို့နောက် အပေါ်ထပ်မှ ဆင်းလာသည့် အတိတ်မှ မိမိကိုယ်ကို ပြန်ငေးကြည့်နေမိသည်။ ထိုစဉ်က မိမိက ကြီးမေကို ဘာကြောင့် ဒီလိုဖာသိဖာသာ ဆက်ဆံခဲ့သည် ကိုမမှတ်မိတော့ပေ။ တကယ်ဆို ကြီးမေကို ဖက်လှဲတကင်းဆက်ဆံသင့်သည် မဟုတ်လား။

ကြီးမေ မိမိကို သားအရင်းလို သဘောထားသည်ကို နွေဦးသိပါသည်။ သို့သော် ငယ်ကတည်းက အိမ်က အမေက သားတွေကို ဖက်လှဲတကင်းဆက်ဆံခြင်း မရှိသဖြင့် နွေဦးလည်း လူကြီးသူမကို ချစ်သည်ဆိုလည်း အမူယာအားဖြင့် အဖော်ပြတတ်ခဲ့ပေ။ ချစ်သည်ကို စိတ်ထဲမှာပဲ သိမ်းထားကာ ဖာသိဖာသာ အေးတိအေးစက် ဆက်ဆံတတ်သည့် ပုံစံဖြစ် သွားခဲ့သည်။

"လာ..သားလေး။ များများစားနော်။ ဆယ်တန်းကျောင်းသားဆိုတာ အားရှိအောင်စားရတယ်။ စား သားလေး။"

ကြီးမေက မိမိကို ဟင်းများခပ်ထည့်ပေးနေသည်ကို ငေးကြည့်ကာ နွေဦး အမှတ်တမဲ့ပြုံးနေမိသည်။ ဆုံးသွားသော ကြီးမေ၏ အယုအယများကို ပြန်တမ်းတမိသည်။ ထိုစဉ်က မိမိကံကောင်းသည်ကို နွေဦး မသိခဲ့ပါချေ။


"မင်းကို အမြဲ ကိုယ်စောင့်ကြည့်ခဲ့တဲ့ မြင်ကွင်းတွေပေါ့။ ဒါတွေက ကျုပ်ရဲ့ မှတ်ဥာဏ်ကို မင်းကို ပြန်ပြပေးနေတာ။"

ကဝေ၏ အသံကိုကြားသော်လည်း သူ့ရုပ်ကို မမြင်ရသဖြင့် နွေဦး သူ့ကိုပြောလိုက်သည်။

"ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို မျက်နှာမပြသေးတာလဲ။ "

ကဝေက ငြိမ်သွားပြီးမှ တိုးတိုးပြောခဲ့သည်။


"အချိန်မတန်သေးဘူး နွေဦး။ မင်း ကျုပ်မျက်နှာကိုတွေ့မိရင် ကျုပ်တို့လောကသားတွေ မင်းကို ရန်ရှာလိမ့်မယ်။ မင်းကို ကျုပ်ကြောင့် စိတ်အနှောက်ယှက် မဖြစ်စေချင်ဘူး။"

သူ့စကားကြောင့် နွေဦး ရင်ထိတ်သွားသည်။ မိမိကို ကဝေလောကသားတွေ သိနေပြီတဲ့လား။ သူတို့ မိမိကို ဘာကြောင့် ရန်မူချင်တာလဲ။ ကဝေကြောင့်လား။


"ဟုတ်တယ်။ ကျုပ်က ကဝေလောကသားကို လက်တွဲဖော်အဖြစ်မရွေးပဲ သာမာန်လူသားကို ရွေးလို့ တချို့က မကျေနပ်ချင်ကြဘူး။ ဒါပေမယ့် ကျုပ်ရဲ့ အစွမ်းက မင်းကို ဘယ်သူမှ မထိနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုပဲ ရှိတယ်။ မင်း ကျုပ်ရဲ့မျက်နှာကိုတွေ့ဖို့ အချိန်မတိုင်သေးလို့ ကျုပ်မျက်နှာကို ပြမရတာ ခွင့်လွှတ်ပေးပါ နွေဦး။ "

နွေဦးသည် သူ့စကားကိုကြားသော် အနည်းငယ်အောင့်သက်သက်လည်းဖြစ်သွားသည်။ သို့သော် မမှုပါဆိုသည့် သဘောဖြင့် ပြန်ပြောလိုက်သည်။


"ပြီးတာပဲံလေ။ ကျွန်တော်လည်း ထမင်းးစား မပျက်ချင်လို့ ခင်ဗျား ရဲ့ရုပ်ဆိုးတဲ့ မျက်နှာကို မတွေ့ချင်ပါဘူးဗျာ။"

ကဝေက ခပ်တိုးတိုးရယ်လိုက်သံကို ကြားသော် နွေဦး အနည်းငယ် ရှက်သွားသည်။ မိမိစကားနာ ထိုးသည်ကို သူသိ သည့် ပုံပေါ်နေသည် မဟုတ်လား။ နွေဦးသည် အတိတ်က မိမိနှင့် ကြီးမေကို လှမ်းကြည့်နေလိုက်သည်။

ထိုစဉ် ရွာထဲမှ လူတစ်ဦးပြေးလာပြီး ကြီးမေကို လာပြောသည်။


"ကြီးမေရေ ကြီးမေ...လုပ်ပါဦး ..."

ရွာတောင်ဖျားမှ ကြီးတော်ဖြူ၏ သား သံချောင်းက ပြေးပြီး ကြီးမေကိုလာခေါ်သည်။


"ကိုကြီးထွန်းအုံရယ် ...တောင်ကျချောင်းနားမှာ....အဲဒါ အဲဒါ...အမေက ကြီးမေကို ခေါ်ခိုင်းလိုက်လို့..."

အတိတ်က မိမိက ငေးကြောင်ကြည့်နေသော်လည်း ကြီးမေက ဖျတ်လတ်စွာထရပ်ကာ မေးလိုက်သည်။


"ဟဲ့ သံချောင်း သေချာပြောစမ်းပါဟယ်။ ထွန်းအုံ ဘာဖြစ်လို့ တောင်ကျချောင်းနားမှာ ရှိနေရတာလဲ။ သူ မြို့တက်သွား တာမဟုတ်လား။"

သံချောင်းက မောနေသဖြင့် ချက်ချင်း ပြန်မဖြေအားပေ။ ခဏနေမှ ကြီးမေ မေးသည်ကို ဖြေနိုင်တော့သည်။


"ကိုကြီးထွန်းအုံ မြို့တက်ဖို့အသွား ကိုမင်းကြိုင်ကို သူ့အဖေက ထိုးနေတာကို တွေ့လို့ ၀င်ဆွဲတာကနေ စကားများကြတယ်... ခု သူတို့နှစ်ယောက်လုံးကို ကိုမင်းကြိုင်ရဲ့ အဖေက ဌက်ကြီးတောင်ဒါးနဲ့ လိုက်ခုတ်လို့ ထွက်ပြေးရင်း တောင်ကျချောင်းကမ်းပါးစွန်းမှာရပ်နေကြတယ် ..."

အတိတ်မှ ကျွန်တော်က ထမင်းကို လက်စသတ်ကာ ကြီးမေနှင့်အတူ လိုက်ဟန်ပြင်နေသည်။


"သား နွေဦး နေရစ်ခဲ့လေ။ မလိုက်ခဲ့နဲ့။"


"ကျွန်တော် လိုက်ပါရစေ ကြီးမေ။ ကိုထွန်းအုံ ကို စိတ်ပူလို့ လိုက်ပါရစေ.."

အတိတ်က ကျွန်တော့်စကားကို ကြီးမေ မလွန်ဆန်နိုင်သဖြင့် ခေါင်းငြိမ့်ကာ အတူခေါ်သွားတော့သည။်


"လာ..လာ..သွက်သွက်သွားကြစို့။ မင်းကြိုင်ရဲ့ အဖေ မင်းပျိုက ဒေါသသိပ်ကြီးတယ်။ အားလုံး လက်မလွန်ခင် တားရအောင်။"

ကိုထွန်းအုံက ကြီးမေ၏ တူ နှစ်ဝမ်းကွဲတော်သဖြင့် ကြီးမေက စိုးရိမ်တကြီးဖြင့် ပြေးထွက်လာခဲ့သည်။ နွေဦးလည်း သူတို့ သုံးယောက်နောက်ကို လိုက်လာခဲ့သည်။


"ဟင်....."

တောင်ကျချောင်းက ရေတိုးနေသဖြင့် အရှိန်နှင့်စီးနေသည်။ အထက်မြစ်ညှာပိုင်းတွင် မိုးရွာသဖြင့် ချောင်းချောက်ကြီးက ကြောက်စရာကောင်းအောင် ရေစီးသန်နေသည်။ ချောင်းကမ်းပါးတွင် ကိုမင်းကြိုင်နှင့် ကိုထွန်းအုံကို လက်တွဲလျက်သားတွေ့လိုက်ရသည်။


"မင်းကြိုင်၊ ထွန်းအုံ... "

ကိုမင်းကြိုင်၏ ဖခင် ဦးမင်းပျိုက ဌက်ကြီးတောင်ဒါးကို ကိုင်ကာ သူတို့နှစ်ဥိးကို တစ်စုံတစ်ခု အော်ပြောနေသည်။ ကြီးမေက အော်ကာ ပြေးသွားခဲ့သော်လည်း အနားမရောက်ခင် ကိုမင်းကြိုင်နှင့် ကိုထွန်းအုံးက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ ချောင်းရေထဲံကို ခုန်ချသွားတော့သည်။


"အောင်မယ်လေး...လုပ်ကြပါဦး.."


"မင်းကြိုင်နဲ့ ထွန်းအုံရေ... မိုက်လိုက်တာ.."


"လု့ပ်ကြပါဟ... ချောင်းအောက်ပိုငိးကို လိုက်ကြ...ဆယ်လို့ရရင် လိုက်ဆယ်ကြစမ်း.."


"မိုက်လိုက်တဲ့ကောင်တွေကွာ..."


လူအုပ်ကြီး၏ စကားသံများစွာကြားတွင် ကြီးကြီးမေ၏ အော်သံပျောက်ဆုံးသွားခဲ့သည်။ ကြီးမေက ထိုမြင်ကွင်းကို မြင်သော် လဲပြိုကျသွားတော့သည်။ အတိတ်က မိမိက ကြီးမေကို ပွေ့ကာ အနားက လူများကို အကူညီတောင်း လိုက်သည်။

"လုပ်ကြပါဦး။ ကြီးမေ သတိမေ့သွားလို့..."


"ကြီးမေ ..ကြီးမေ..."

သံချောင်းနှင့် မိမိက ကြီးမေကိုအတင်းလှုပ်နိုးနေမိသည်။


"ကဲ ... မင်းကြိုင်နဲ့ ထွန်းအုံတို့ဆီကို သွားရအောင်..."

နွေဦးသည် ကြီးမေကို စိုး၇ိမ်စွာငုံ့ကြည့်နေစဉ် ကဝေ၏ အသံကို ကြားလိုက်ရပြီး မိမိက ထိုနေရာမှ ပျောက်ကွယ်ပြီး အခြားနေရာကို ရောက်သွားတော့သည်။ ထိုနေရာက ချောင်းဘေးမဟုတ်ပဲ ကားလမ်းဘေးဖြစ်နေသည်။


"ဟင်..ငါတို့ ဒီကို ဘယ်လိုရောက်နေတာလဲ။ မင်းကြိုင်..မင်းကြိုင်..."

ကိုထွန်းအုံက ကိုမင်းကြိုင်ကို လှုပ်နှိုးကာ ပြောသည်။ ကိုမင်းကြိုင်က မျက်လုံးပွင့်လာပြီး ကိုထွန်းအုံးကို တွေ့သော် ဖက်ကာ မျက်ရည်ကျသည်။


"ထွန်းအုံ။ မင်း ဘယ်လိုလုပ်လိုက်တာလဲကွာ။ အဖေ ငါ့ကို ရိုက်တာ မသိချင်ယောင်ဆောင်နေလိုက်တာ မဟုတ်ဘူး။ အဖေ ဒေါသကြီးတာကို မင်းသိလျက်နဲ့ကွာ။မင်းကို အဖေ ဒါးနဲ့ တကယ်ပိုင်းလိုက်ရင် ဘယ်လိုလုပ်မလဲကွာ။"

ကိုမင်းကြိုင်က ကိုထွန်းအုံးကို ဖက်ကာ ငိုရင်းပြောသည်။ ကိုထွန်းအုံကလည်း မျက်ရည်ကျလာပြီး ပြောသည်။


"မင်းကို မင်းအဖေကြီးက ရက်ရက်စက်စက် ထိုးကြိတ်နေတာကို ငါကြည့်ရက်ပါ့မလား မင်းကြိုင်ရယ်။ မင်းအသားနာတာ ငါ့ အသားနာတာထက်ကို ငါပိုခံစားရတာပေါ့။ မင်း ထိုးကြိတ်ခံနေတာကို ဘာမှ မလုပ်ပဲ ငါကြည့်နေရင် ငါက မင်းရဲ့ ချစ်သူ ဘယ်ဟုတ်တော့မလဲ။ သေသွားတာမှ ကောင်းပါဦးမယ် ကွာ။"

ကိုထွန်းအုံ၏ စကားကိုကြားသော် ကိုမင်းကြိုင်က ဖက်ထားပြီး ပြောလိုက်သည်.။


"ငါလေ မင်းရဲ့ စိတ်ကို သိရတော့ သေပျော်ပြီသိလား။ အခု ငါတို့ တမလွန်ဘုံကို ရောက်နေပြီလား။ အတူ ချောင်းထဲ ခုန်ချလို့သေခဲ့ပြီ မဟုတ်လား။"

ကိုထွန်းအုံက ထိုအခါမှ မိမိအသားကို ဆွဲဆိတ်လိုက်သည်။


"အား..နာလိုက်တာ.."

ကိုမင်းကြိုင်က လန့်သွားသည်။


"မင်းဘာလို့ ကိုယ့်အသားကို ဆွဲဆိတ်ရတာလဲ ထွန်းအုံ။"


"ငါ အိပ်မက်မက်နေတာလား။ တကယ်လားဆိုတာ စမ်းကြည့်တာ။နာတယ်ကွ.။ ငါတို အသက်မသေသေးဘူး မင်းကြိုင်ရ.."

ထိုအခါ ကိုမင်းကြိုင်က လူးလဲထကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။


"ဟုတ်သားပဲ။ ငါတို ကားလမ်းမဘေးကိုဘယ်လိုရောက်နေတာလဲ။ ထူးဆန်းလိုက်တာ။ နေဦး ဟိုမှ မင်းလွယ်အိတ် မဟုတ်လား။"


"အင်း ဟုတ်တယ်။ အထဲမှာ ငါ မြို့တက်ပြီး ဓါတ်မြေသြဇာဝယ်ဖို့ ငွေနည်းနည်းပါတယ်ကွ။ ငါတို့ တစ်နေရာရာကို သွားဖို့ ခရီးစရိတ်ရလောက်ပါတယ်။"

ကိုထွန်းအုံက လွယ်အိတ်ကို သွားဖွင့်ကြည့်သောအခါ တစ်ထောင်တန် 10 အုပ်ထွက်လာသည်။ ကိုထွန်းအုံက ငိုင်သွားသည်။


"ဘာဖြစ်လို့လဲ ထွန်းအုံ။ ပိုက်ဆံတွေ ပျောက်ကုန်လို့လား။"


"မဟုတ်ဘူး။ ငွေတွေရောက်နေတာ။ ဆယ်သိန်းတောင်မှ။ ငါ့ ပိုက်ဆံတွေ မဟုတ်ဘူး။"

ကိုမင်းကြိုင်က လွယ်အိတ်ကို ယူကာ သေချာသွန်ကြည့်တော့တကယ်ကို ထောင်တန် 10 အုပ် ငွေဆယ်သိန်းတိတိ ဖြစ်နေသည်။


"မင်း ပိုက်ဆံမဟုတ်ပဲ မင်းလွယ်အိတ်ထဲ ဘယ်လိုရောက်နေတာလဲ ထွန်းအုံ။"


"ငါလည်း မသိဘူး။နေဦး ဒီမှာစာတစ်စောင်ပါလား။ "

စာခေါက်လေး တစ်စောင်ကိုတွေ့တော့ ကိုထွန်းအုံက ဖွင့်ဖတ်လိုက်သည်။


"မင်းကြိုင်.....ဒီစာကို ဖတ်ပြီးရင် ဒီနေရာက အမြန်ခွာကြပါ။ မင်းရဲ့ အဖေနဲ့ ရွာသားတွေ လိုက်လာတော့မယ်။ ငွေတွေက ငါ မင်းတို့နှစ်ယောက်ကိုကူညီတဲ့ငွေပါ။ နယ်စပ်ကို သွားပါ။ ဘ၀တစ်ခုထူထောင်ပါ။ ဒီငွေနဲ့ ရင်းနှီးပြီး စားသောက်ပါ။ ပျော်စရာ ဘ၀တစ်ခုကိုထူထောင်ပါ။ "

ကိုထွန်းအုံနှင့် ကိုမင်းကြိုင်သည် စာကိုဖတ်ပြီး ငိုင်နေကြသည်။


"ဘယ်လိုလုပ်မလဲ ထွန်းအုံ။ မင်း ရွာကနေ ထွက်လာနိုင်လား။"


"မင်းရှိတဲ့အရပ်ဆိုရင် ဘယ်နေရာမဆို ငါလိုက်ရဲတယ် မင်းကြိုင်။ ငါတို့ သံယောဇဉ်ဆိုတာ ခုမှ ဖြစ်လာတာမှ မဟုတ်တာကွာ။ "


"ဒါဆို ငါ ဒီငွေကို သုံးပြီးစာထဲက အတိုင်း နယ်စပ်မြို့ကိုသွားမယ်။ မင်းလိုက်မယ် မလား။"


"ကြာသလားလို့။ သွားကြမယ်။ ဟော..ဟိုမှာ ကားတစ်စီးလာပြီ။ သွားကြစို့။ "

ကိုထွန်းအုံက လက်ကမ်းပေးလိုက်သည်။ ကိုမင်းကြိုင်က လက်ကို လှမ်းဆုပ်ကိုင်ကာ ထရပ်လိုက်သည်။

နှစ်ယောက်သား ကားကိုတားလိုက်ပြီးကားပေါ်တက်လိုက်သွားတော့သည်။

ကားထွက်ပြီး မြင်ကွင်းက ပျောက်သွားတော့မှ ရွာသားများနှင့်ဦးမင်းပျိုတို့အဖွဲ့ရောက်လာခဲ့သည်။


"ကဲ ...တို့ပြန်ကြစို့ နွေဦး။ မင်းကျေနပ်ပြီလား။ "

နွေဦးကျေနပ်သွားသည်။ မိမိငယ်စဉ်ကတည်းက ချောင်းရေထဲ ခုန်ချကာ သတ်သေသွားကြသည့် ကိုမင်းကြိုင်နှင့် ကိုထွန်းအုံတို့ နှစ်ယောက်ကို စိတ်စွဲကာ ရင်ထဲ တနုံ့နံ့ဖြစ်နေသည်တို့ ယခုမှ သက်သာရာရသွားတော့သည်။


"ခင်ဗျား ကူညီလိုက်တာ ကိုမင်းကြိုင်သိရဲ့လား။ "


"အင်း အခု သိသွားပြီ.။ ကျုပ်သူ့ကို အိပ်မက်ပေးလိုက်တာ။ "

နွေဦးသည် ချစ်သူနှစ်ဦးကို ကူညီပေးလိုက်သည့် ကဝေအကြောင်းကို တွေးနေမိသည်။ ဒီလို လူတွေကို ကူညီနိုင်မည် ဆိုလျှင် မှော်အစွမ်းရှိတာလည်း မဆိုး ဘူးဟု တွေးမိသည်။


"အင်း တစ်ခုတော့ရှီတယ်။ ကျုပ်တို့ ကလူတိုင်းကိုတော့ ကူညီလို့ မရဘူး။ ခုက သွေးသားလည်း တော်စပ်လို့ ကူညီနိုင်တာ။ သူစိမ်းကို ကူညီရင် အရမ်း ကရုစိုက်ရတယ်။ ကျိန်စာတွေနဲ့လည်း ကာကွယ်ရတယ်။"


"ဘာဖြစ်လို့လဲ။"


"မဟုတ်ရင် ကျုပ်တို့ ကဝေလောက အကြောင်းပေါက်ကြားကုန်မှာပေါ့ကွာ။ ကဲ နွေဦးလေး။ အိပ်တော့။ မနက် အလုပ်သွားရအုံးမယ် မဟုတ်လား။ "

နွေဦးသည် သူ့စကားသံကို နောက်ဆုံးကြားလိုက်ရပြီး အိပ်မောကျသွားတော့သည်။

နောက်ပိုင်း ကဝေဖြူ၏ အစွမ်းကို နွေဦး တဖြည်းဖြည်းလက်ခံလာခဲ့သည်။ သူက တကယ့်ကို မိမိကို စောင့်ရှောက်နေသည်က လိုလေသေးမရှိအောင်ပင်။ တစ်ခါတစ်လေ နွေဦးက သူ့ကိုလိုက်ထိန်းနေရသည်။

ဖြစ်ပျက်ပုံက ဆေးရုံမှ စကားပြောမောက်မာကာ သင်ကြားပေးခြင်းမရှိပဲ မိမိကို အထက်စီးဖြင့်ခိုင်းစေ တတ်သည့် AS မမ တစ်ယောက်ကို သူလက်တုန့်ပြန်လိုက်ပုံဖြစ်သည်။


"ခုတင်နံပါတ် 10 က လူနာက သွေးပေါင်ချိန် ပြန်တိုင်းရမှာ မဟုတ်လား။ မင်း ကဆရာဝန်ဖြစ်ပြီး ဒါလေးတောင် မလုပ်ထားဘူးလား။ ဘယ်လိုလုပ် လူနာကို ကုမလဲ။ သွား ခုချက်ချင်းသွားတိုင်းစမ်း..."

စကတည်းက ယဉ်သကိုဇာတ်ခင်းကာ ထိုလက်ထောက်ဆရာဝန်မက နွေဦးကို နှိမ့်ချကာ အထက်စီးဖြင့် အော်ငေါက် ကာ ခိုင်းစေလာခဲ့သည်။ သူနှင့် လေကြောင်းတည့်သည့် အခြားအလုပ်သင် က ပြုံးစိစိနှင့် လှောင်သလို ကြည့်နေ သဖြင့် နွေဦး ဒေါသထောင်းခနဲဖြစ်သွားသည်။ သို့သော် လူနားများလည်းရှိသဖြင့် စကားဖြင့်ပြန်ပြောနေရင် အကျယ် အကျယ် ဖြစ်ကာ လူကြားမကောင်းမည်စိုးသဖြင့် သည့်းခံကာ သွေးပေါင်ချိန်တိုင်းရန် ထွက်ခဲ့သည်။

လူလို ကောင်းကောင်းမွန်မွန် ပြောခိုင်းလျှင် ရနိုင်ပါလျက်နှင့် ဘာကြောင့် မလိုအပ်ပဲ အာဏာ ပါဝါပြချင်သည်ကို နွေဦး နားမလည်တော့ပေ။ တကယ်ဆိုလျှင် အင်မတန်ကို ပင်ပန်းကာ ဂျူတီချိန် ကြာသည့် ဆေးကုသခြင်းကိုလုပ်နေကြသည့် ၀န်ထမ်းအချင်းချင်း ရိုင်းပင်းကူညီကြလျှင် ဒီ အလုပ်တွေကို သက်တောင့်သက်သာ လုပ်ဆောင်သွားနိုင်မှာဖြစ်သည်။

ဒါကို အော်ငေါက်ချင်သူနှင့်၊ အချင်းချင်းကို ကျောကာ အလုပ်ကို ခိုကပ်သူနှင့် တွေ့လေတော့ နွေဦး ပိုလို့ စိတ်မောမိ သည်။ သူတို့ကို တွက်ကတ်ရမည်ကို ရှက်သဖြင့် အလုပ်များကို ကျုံးလုပ်ရင်း မိမိသာ အလုပ်ပိလို့ သေမလိုဖြစ်မည်။ ဒါကို ထို လက်ထောက်ဆရာဝန်မမက အသိမှတ်မပြုသည့်အပြင် အ လို့ လုပ်သည်ဟု မြင်လေသည် လားတော့ မသိတော့ပေ။ မိမိကိုဆိုလျှင် ပိုပိုခိုင်းကာ အော်ငေါက်လည်း ခိုင်းတတ်နေသည်။

"ဗုန်း..."


"ဒုန်း..."


"အမေလေး..."

နွေဦး သွေးပေါင်ချိန်တိုင်းပြီး ပြန်လာကာ ရှိသေးသည်။ထိုဆရာဝန် မမက ကော်ရစ်ဒါတွင် ဘာမှ မရှိပဲ ချော်လဲကာ လူနာထိုင်သည့် ခုံလက်ရန်းနှင့် ခေါင်းဆောင့်မိကာ ခေါင်းပေါက်သွားခဲ့သည်။


"ဟာ... မမ...ဘယ်ထိသွားလဲ။"

နံဘေးမှ သူနှင့် ပါတနာကျသည့် အလုပ်သင်ဆရာဝန်လေးက လက်ထောက်ဆရာဝန် မမကို အပြေးထူရင်း မေးလိုက်သည်။ ထိုစဉ် သွေးများက မျက်နှာပေါ်ကို စီးကျလာခဲ့သည်။

"သွေးတွေ... ခေါင်းပေါက်ပြီထင်တယ်..."

သူနာပြုများလည်း ၀ိုင်းလာထူပြီး ဆရာဝန်နားနေခန်းကို တွဲခေါ်လာကြသည်။လူနာများကလည်း ဘာမှ မရှီသည့် နေရာတွင် အသားလွတ်ကြီးချော်လဲကာ ခေါင်းပေါက်သွားကြသည့် အပေါက်ဆိုးသည့် ဆရာဝန်မကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ ဖွင့်မပြောသော်လည်း သူတို့၏ မျက်နှာပေါ်တွင် ကျေနပ်သည့်ပုံ ပေါ်နေကြသည်။

နွေဦး ထိုမြင်ကွင်းကို ကြည့်ကာ တရားရမိသည်။ သူတို့ကို ကုသပေးသည့် ဆရာဝန်ဖြစ်သော်လည်း လူမုန်းများအောင် ပြောဆိုမိသည့်အတွက် သူတခုခုဖြစ်လျှင် သူ့ကို သနားမည့်သူု မရှိသည့်အဖြစ်ကို တွေးနေမိသည်။

ပြီးမှ နွေဦး သတိရသွားသည်။ ထိုနေရာတွင် ရေလည်းမရှိပဲ လက်ထောက်ဆရာဝန် မမက ဘာကြောင့် ချော်လဲရသနည်း။ ကဝေများ လုပ်လိုက်သလားဟု တွေးလိုက်မိသည်။


"ခင်ဗျား သူ့ကို လုပ်လိုက်တာလား ကဝေကြီး။"

နွေဦးသူ့ကိုမေးသော်လည်း သူပြန်မဖြေခဲ့ပါ။ နွေဦး မတင်မကျစိတ်ဖြင့် အလုပ်ထဲကို မနည်းစိတ်နစ်နေရသည်။ တကယ်ပဲ ကဝေ၏ လက်ချက်ဆိုလျှင် သူ့ကို ပြောရအုံးမည်။ မိမိကြောင့် တဖက်သားထိလိုက်သည်ကိုတော့ နွေဥိး မဖြစ်စေချင်ပါ။


Continue Reading

You'll Also Like

51.8K 4.1K 30
ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ...
2.8K 159 14
အလုပ်တွေ၊လူနာ​တွေ နဲ့သာ အချိန်ကုန်နေပြီး ချစ်သူအတွက် အချိန်မပေးနိုင်ခဲ့သည့် စေတနာဆရာဝန်လေးတစ်ယောက်နဲ့ တဇွက်ထိုးဆန်ပြီး ဒေါသကြီးသည့် သူ့ရဲ့ချစ်သူကောင်...
281K 50.5K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
115K 18.2K 102
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။