RED TEAR ( Completed )
De Dororo_Chen
24.7K 1.9K 129
အတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ... Mai multe
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
35
36
37
38
39
40 ( Final)
34
446 36 0
De Dororo_Chen
ဧည့်သည်တွေရှုပ်နေတဲ့အချိန် Hunnie က အနားကို  ကပ်ချွဲလာခဲ့သည်​။
ကျနော့်ပါးဖောင်းဖောင်းလေးတွေကို hunnieက မုန့်နဲ့တူလို့ ကိုက်စားချင်လိုက်တာလို့ စနေရင်း လာကိုက်တဲ့အချိန်
ဘယ်အချိန်ကအနားကို ရောက်လာမှန်းမသိတဲ့ သူက ကျနော်တို့ အနားကိုရောက်လာပြီး Hunnieကို ထိုးဖို့လုပ်လိုက်တာနဲ့ ကျနော့်လက်တွေနဲ့ တားပြီးကာကွယ်ပေးလိုက်ရတယ်
တစ်ကယ်တော့ အခုလို ကာကွယ်ပေးလိုက်တာ Hunnie နာမှာစိုးလို့ဆိုတာထက် Hunnieက ပြန်ထိုးလိုက်လို့ရှိရင် သူ့ကို ထိခိုက်လာမှာစိုးရိမ်လို့ဆိုတာ Chanyeol သိဖို့​ကောင်းသည်​။
သူကတော့ ကျနော့်ကို Hunnieက နမ်းတယ်ဆိုပြီး ပေါက်ကွဲနေခဲ့တယ်
သူ့ကို စကားချိုချိုလေးတွေ ပြောပြီး ချော့ချင်ပေမဲ့
ဒီလိုမျိုးချော့လိုက်လို့ရှိရင် Hunnieက ကျနော်သူ့ကို အမြဲအရှုံးပေးနေရတာ သူပုံစံသွင်းတဲ့အတိုင်း နေနေရတဲ့သူဆိုတာ ရိပ်မိသွားနိုင်တယ်လေ ...
သေချာတယ် သူ့ကို ဖြတ်ခိုင်းတော့မှာ ...
မဖြတ်လို့ရှိရင်လည်း နောက်မှတွေ့တဲ့သူကြောင့် အရင်တည်းက သိခဲ့တဲ့သူတွေကို ပစ်ပယ်ရက်တယ်လို့ ပြောလာရင် ကျနော်ပဲ ချောင်ပိတ်မိမှာ...
သူ့ကို ဖြတ်ခိုင်းမှာ ကြောက်လို့ သူ့ကို ကျနော် အရှုံးမပေးရဘူးဆိုတာသိအောင် ခပ်တင်းတင်းပဲ ဆက်ဆံပေးလိုက်တာ ...
ဒါတောင် Hunnie က နားလည်မှုမရှိတဲ့သူနဲ့ တွဲနေတာလားဆိုပြီး မေးလာတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားတယ်...
သူ့ကို တစ်ခြားတစ်ယောက်က ဝေဖန်တာ ကျနော်မကြိုက်ဘူး ဒါပေမဲ့ ပြန်လည်း မပြောရဲဘူး ... သူ့ကို ဖြတ်ခိုင်းမှာပဲ စိတ်ပူနေမိ...
အသံမာမာနဲ့ ပြောတာ
သူအရမ်းခံစားသွားရမယ်ဆိုတာ သိပေမဲ့
နောက်မှပဲ ပြန်ချော့ရတော့မှာပေါ့
အခန်းထဲဆေးလူးပြီးတော့ထွက်လာတော့ သူက hunnieလေးကို ထပ်ထိုးဖို့ လုပ်နေပြန်​တယ်
ဒါက သူဘက်က စလွန်နေတာကို သိတယ်
သူ့ကို ချော့ပြီး မထိုးဖို့ ပြောလိုက်ချင်ပေမဲ့Hunnieက သူ့ဘက်က မပါပဲ အပြစ်ရှိတဲ့သူ့ဘက်ပါပြီး ချော့လိုက်ရင် သူ့အပေါ်အမြင်မကြည်ပဲ ပြဿနာ ပိုကြီးသွားနိုင်တယ်လေ
ထပ်ပြဿနာမဖြစ်အောင် မနက်မှ တွေ့မယ်ဆိုပြီး ပြန်ခိုင်းလိုက်တာကို သူက ကျနော့်ကို အထင်လွဲသွားပြီး မျက်ရည်တွေနဲ့ ထွက်သွားတာ မြင်လိုက်ရတော့ ရင်ထဲ တော်တော်လေးစိတ်မကောင်း ဖြစ်သွားမိတယ် ...
ညရောက်တော့လည်း တစ်ညလုံး မအိပ်နိုင်ဘူး
သူ့ကို မနက်ဘယ်လိုပြန်ချော့ရမလဲဆိုပြီး စကားလုံးတွေတန်းစီးပြီးစဉ်းစားနေရတာ လင်းခါနီးလောက်မှပဲ မှေးခနဲ အိပ်ပျော်သွားတော့တယ်
မနက်ကျောင်းကိုရောက်လာတော့ ထင်ထားသလို သူက ကျနော့်ကို စိတ်မဆိုးပဲ မနေ့ကိစ္စကို သူ့ဘက်ကစပြီး တောင်းပန်နေရှာ​တော့ .. အဆင်​​ပြေဖို့သာကြိုးစားမိသည်​။
*************************************
ပြဿနာအားလုံးရဲ့အစက သူ့ရဲ့အထင်​လွဲမှားမှူက စတင်​ခဲ့သည်​။
ဒီလိုနဲ့ တစ်ရက်မှာ သူကအိမ်ကို လာခေါ်ရင်း photo making လုပ်စရာရှိလို့ ဒီနေ့ ကျောင်းမတက်နိုင်ဘူး ပြောပြီး ကျောင်းရှေ့မှာ ချပေးသွားခဲ့တယ်
ကျောင်းထဲဝင်မလို့ လုပ်တော့ Hunnieက ရောက်လာပြီး coffee မှုန့်အသစ်တွေ ရောက်လာလို့ အရသာမြည်းပေးဖို့ လာခေါ်သွားတယ်...
သူလည်း မရှိတာနဲ့ ပြဿနာမဖြစ်လောက်ပါဘူး တွေးပြီး hunnieနဲ့ အတူတူ လိုက်သွားခဲ့မိတာ...
သူအထင်လွဲရလောက်တဲ့ အထိ ဖြစ်ရပ်မျိုးတွေ ဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့လို့ရှိရင် ကျနော်လိုက်သွားခဲ့မိမှာ မဟုတ်​လောက်
ဆိုင်ရောက်တော့ Hunnieက အပြင်သွား စရာရှိလို့ဆိုပြီး ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးနေတယ်...
ကျနော်ကတော့ Hunnie အခန်းထဲမှာပဲ coffee တစ်ခွက်နဲ့ အရသာ အဆင်ပြေမပြေ customerတွေ သဘောကျလာပါ့မလား စစ်ဆေးနေခဲ့တာလေ
ကျနော့်ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် သောက်နေရင်း ကော်ဖီခွက် လွတ်ကျကွဲသွားတယ် ...
ဖန်ကွဲစတွေ ကောက်ဖို့ လုပ်နေတုန်းမှာပဲ ကော်ဖီရည်တွေနဲ့ ချော်ပြီး လဲကျသွားမလို ဖြစ်သွားတယ်
Hunnieက ရေချိုးခန်းထဲက ထွက်အလာ ကျနော်လဲကျမလို ဖြစ်သွားတာကို တွေ့သွားပြီး အပြေးလှမ်းဆွဲထိန်းလိုက်တာ ပခုံးက အကျီစကို ဆွဲမိပြီး ဖြဲလိုက်သလို ဖြစ်သွားတယ်
တော်သေးတာပေါ့ လူက Hunnie ရင်ခွင်ထဲရောက်သွားလို့ ...
အောက်ကိုသာ လဲကျသွားလို့ကတော့ မတွေးရဲစရာပဲ
Hunnieက အဆင်ပြေလားလို့ မေးနေတာနဲ့ ပြန်အဖြေပေးမလို့လုပ်တဲ့အချိန်မှာပဲ
ကျနော်နဲ့ Hunnieကို မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ Yeollieကို တွေ့လိုက်ရတယ်...
နောက်တော့ သူက အထင်လွဲသွားပြီး
ပြေးထွက်သွားတယ်
ချက်ချင်း သူ့နောက်ကို ပြေးလိုက်သွားခဲ့ပေမဲ့ သူက ရှိမနေခဲ့ဘူး ...
ကျနော် အရမ်းကြောက်နေမိခဲ့တယ် ...
သူ အထင်လွဲသွားမှာ ...
ကျနော့်ကို ထားရစ်ခဲ့မှာ စိုးရိမ်​လာရတယ်
ဘယ်လိုက်ရမှန်း မသိလို့ ဖုန်းဆက်ကြည့်တော့လည်း သူက မကိုင်ဘူး...
တမင်မကိုင်ဘူးဆိုတာ သိလို့ ဖုန်းထပ်ခေါ်ရင်လည်း သူစိတ်အနှောင့် အယှက်ဖြစ်မှာစိုးလို့ ထပ်မဆက်တော့ပဲ
သူအိမ်ပြန်ရောက်လောက်မဲ့ အချိန်ကို မှန်းပြီး သူ့အိမ်ကို လိုက်သွားခဲ့တယ် ...
သူက ကျနော် ထင်ထားတာထက်တောင် ပိုဆိုးနေပြီး ကျနော့်ကို လုံးဝခါးခါးသီးသီးဖြစ်နေတယ် ...
အဆိုးဆုံးကတော့ အမှန်တရားကို ရှင်းပြခွင့် မပေးပဲ လူကို အတင်းနှင်ထုတ်နေတာပဲ...
သူအခုလိုမျိုး ပြောင်းလဲသွားတာကို ကျနော် လက်မခံနိုင်ဘူး ...
ရင်ဘတ်ထဲက စူးအောင့်ပြီး အဆမတန်နာကျင်လာရတယ် ...
သူ့ဆီက အရင်လိုပဲ ယုယကြင်နာမှုတွေ ပြန်ရချင်တယ် ... သူကျနော့်ကို အလိုမရှိတော့မှာကို ကြောက်တယ်...
သူက မေးလာတယ် သူတစ်ယောက်တည်းချစ်ခဲ့တာလားတဲ့ ...
ကျနော် Kaiကို ချစ်ခဲ့တယ်ဆိုတာ သူသိလို့ မဖြစ်ဘူးလေ...
လိမ်လည်း မပြောချင်တာနဲ့ တစ်ခြားတစ်ယောက်ကို ချစ်ခဲ့ဖူးတယ်လို့ ပြောတော့ သူက ပိုဆိုးသွားပြီ ...
သေချာပေါက် Hunnieဆိုပြီး စွပ်စွဲလာပြီ ...
သူ့ကို ရှင်းပြဖို့ ဆက်ကြိုးစားနေတုန်းမှာပဲ သူခေါ်ထားတဲ့ ရဲတွေက ကျနော့်ကို လာဖမ်းလာတယ်
မထင်ထားမိဘူး သူကျနော့်အပေါ် ဒီလောက်ထိ လုပ်လိမ့်မယ်လို့ ...
သူ့ကို စိတ်မဆိုးပါဘူး သူစိတ်ဆိုးနေတုန်းမို့ နေမှာပါ ..
. သူက ကျနော့်ကို သိပ်ချစ်တဲ့သူပဲ နောက်တာ့ အမှန်ကို ရှင်းပြလိုက်ရင် လက်ခံပေးနိုင်လောက်ပါတယ်
ကံကောင်းတယ်ပြောရမလားပဲ သူ့ Appaက ရဲတွေကျနော့်ကို ဖမ်းခေါ်နေတာမြင်သွားပြီး လွှတ်ပေးဖို့ပြောလိုက်တယ်
နောက်တော့ ကျနော့်ကို သူစိတ်ဆိုးပြေမှ ပြန်လာဖို့ ချော့ပြီး ပြန်ခိုင်းလိုက်တာနဲ့ အိမ်ကို ပြန်လာခဲ့ရတယ်
သူပစ်ထားတဲ့ရက်တွေမှာဆို လူက ဘာလိုလို့ လိုချင်မှန်းမသိ ဘဝကြီးက ဟာတာတာ ဖြစ်နေခဲ့တာ...
သူ့ဘေးမထိုင်ခိုင်းလို့ Lay နား သွားထိုင်ရပေမဲ့ စိတ်တွေက သူ့ဘေးနားပဲ ရောက်နေတာ ...
ရှင်းပြဖို့ ဘယ်လောက်ကြိုးစား ကြိုးစား ဘာမှ အရာမထင်ဘူး ...
သူ့အိမ်ရှေ့မှာ သူ့ကို ရှင်းပြချင်လွန်းလို့ သူထွက်လာတဲ့ အချိန်ထိ ဒူးထောက်ပြီး ထိုင်စောင့်နေပြန်တော့ နောက်ရက်မှ နားထောင်ပေးမယ်တဲ့ ...
တစ်ညလုံး လူက ချမ်းလွန်းလို့ စကားမပြောနိုင်တော့ သူ့ကို ရှင်းပြချင်တာတောင် မရှင်းပြနိုင်ခဲ့
သူ့အိမ်ကနေ ပြန်လာပြီးတည်းက အအေးမိပြီး ဖျားသွားလို့ လူက တစ်ပတ်လောက်ထိ မလှုပ်နိုင်ဘူး ...
သက်သာလာတာနဲ့ သူရှိတဲ့ ရိုက်ကွင်းကို လိုက်သွားပြီး သူ့မျက်နှာလေးကို အလွမ်းပြေသွားကြည့်ခဲ့တယ်
သူနဲ့ Sakuraက ရေခဲမုန့်တစ်ခုတည်း နှစ်ယောက်အတူတူ စားရမဲ့ ရိုက်​ကွင်း
သူကသာ ကျနော်နဲ့ ပတ်သက်ရင် သဝန်အရမ်းတိုပြပြီး ပေါက်ကွဲပြတတ်ပေမဲ့ ကျနော်ကတော့ သူ့ကို ဘယ်လောက်သဝန်တိုတို အမြဲ စိတ်ထားမှာပဲ ထားတယ် အပြင်ကို ထုတ်မပြောမိဘူး ... သူစိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့
shooting ပြီးတော့ သူက အနားကို ရောက်လာပြီး စကားလာပြောတယ်
ရွဲ့တဲ့တဲ့ ခနဲ့တဲ့တဲ့စကားတွေပါပဲ
ရှင်းပြမယ် လုပ်ပြန်တော့လည်း နောက်မှတဲ့
သူက သူ့လက်ထဲက ရေခဲမုန့်ကို စားဖို့ ကျွေးနေတယ်
စားဖို့ယူမလို့ပဲ ချောကလက် ရေခဲမုန့် ဖြစ်နေလို့ မတည့်လို့ မစားဖို့ငြင်းလိုက်တော့ သူက အထင်လွဲပြီး
သူက ရေခဲမုန့်ကို လွှင့်ပစ်ဖို့ လုပ်တာနဲ့ မတည့်မှန်းသိပေမဲ့လည်း သူက စားစေချင်တယ်ဆိုတော့ စားပေးဖို့ ဆုံးဖြတ်လိုက်တယ် ...
သူ့ကျွေးတာကို မငြင်းရက်တာလည်းပါတာပေါ့
စားနေတုန်း Allergic ပြလာ​ပေမဲ့
တောင့်ခံပြီး ဆက်စားနေသေးပေမဲ့ နောက်ဆုံးတော့ လုံးဝမရတော့
**********************************
ကျနော်သတိပြန်ရလာတော့ သူက အနားမှာ ရှိနေတာတွေ့လိုက်ရလို့ စိတ်အေးရတော့တယ် ...
ရှင်းပြမလို့ လုပ်တော့ အတိတ်က အရာအားလုံးကို မေ့လိုက်တော့ ...
သူလည်း မေ့လိုက်ပြီ ...
ပြန်အစမဖော်နဲ့တဲ့ ...
အမှန်ကို ရှင်းပြချင်ပေမဲ့ သူက နားမထောင်ချင်ဘူး ဆိုလို့ ဒီအတိုင်းပဲ နေလိုက်ရတော့တယ် ...
အရင်လို ပြန်ချစ်ပေးလာတာကိုတော့ ကျေးဇူးတင်ရမှာပဲ
သူနဲ့အဆင်ပြေနေတုန်းမှာပဲ နောက်ထပ်အနှောင့်အယှက်တစ်ခုက ထပ်ဝင်လာပြန်ပြီ
သူရယ် photomaking ရှိတယ်ပြောပြီး ကျွန်တော်နဲ့ အတူတူ ကျောင်းလာမတက်ဖြစ်ပြန်ဘူး...
ကတိအတိုင်း ညနေ သူရှိတဲ့ Hotel ဆီရောက်လာတော့ Sakuraကို ပွေ့ချီပြီး hotel ထဲ ဝင်သွားတဲ့သူ့ကို တွေ့လိုက်ရတယ် ... ကြည့်ရတာ Sakuraတစ်ခုခု ဖြစ်သွားပုံပဲ ...
အခန်းနံပတ်​​မေးပြီး လိုက်​သွားဖို့လုပ်​​သေး​ပေမဲ့ သူအ​နေရခက်​မှာစိုးလို့ ဒီတိုင်းပဲ လှည့်​ပြန်​လာလိုက်​တယ်
ဖုန်းဆက်​မယ်​ဆိုလည်း ဖုန်းအားကုန်နေတာနဲ့ coffee shopကို​တောင်​ ညနေ မသွားဖြစ်တော့ပဲ သူ့အိမ်ကနေပဲ ဖုန်းအားသွင်းရင်း စောင့်နေလိုက်တယ်
ဖုန်းအားပြည့်လို့ power ဖွင့်လိုက်တော့ သူက ဖုန်းဆက်လာပြီး သူ့အိမ်မှာစောင့်ရောက်နေတယ်ဆိုတော့ စောင့်နေ သူလာခဲ့မယ်တဲ့
သူပြန်ရောက်လာတော့ ကျနော့်ကို သူပိုင်တဲ့ ပန်းခြံထဲကို ခေါ်သွားတယ် ... စိတ်လှုပ်ရှားစရာကောင်းလောက်တဲ့ အပြင်အဆင်တွေကို ဖန်တီးထားပြီး သူက လက်ထပ်ခွင့်တောင်းလာတယ် ... ပျော်လွန်းလို့ စိတ်ထဲကြည်နူးမိတာများ ရစရာမရှိတော့
ထိုညက သူ့အတွက်ရော ကျွန်တော့်အတွက်ရော ပန်းခြံထဲမှာ ချစ်တဲ့ အကြောင်းတွေ ကြည်ကြည်နူးနူး ပြောပြီး မိုးလင်းခဲ့ကြတဲ့ ​နေ့တစ်​​နေ့​ပေါ့
**********************************
သူ ကျနော့်ကို အိမ်ပြန်ပို့ပြီး သိပ်မကြာခင်မှာပဲ သူ့ Appaနှင့် Omma က ကျနော့်ဆီကို ရောက်လာခဲ့တယ် ...
အခုအချိန်မှာ သူနဲ့ ကျနော့်ကို လက်ထပ်ဖို့ သဘောမတူပေးနိုင်ဘူး ..
ဘွဲ့ရမှပဲ သဘောတူနိုင်မယ်တဲ့ သူက ကျနော့် ဘေးနားမှာရှိနေရင် ကျနော်ကလွဲ ဘာမှ စိတ်မဝင်စားလို့ U.K. ကို ကျောင်းသွားတက်ခိုင်းဖို့ အားလုံး စီစဉ်ထားပြီးပြီတဲ့ ...
ကျနော့်ဘေးနားကနေ သူ့ကို ထွက်သွားရအောင် ကူညီပေးပါတဲ့ ...
သူ့ကို တစ်ကယ်ချစ်တယ်ဆိုရင် သူ့ဘဝ ရှေ့ရေးကို စဉ်းစားပြီးတော့ ဆုံးဖြတ်ပေးပါတဲ့ ...
အချစ်တစ်ခုတည်းကို ရှေ့တန်းတင်ပြီး သူ့ရဲ့ အနာဂတ်ကို မဖျက်စီးပါနဲ့တဲ့ ...
သူ ရင့်ကျက်လာပြီး ကိုယ့်ဘဝကို ထူထောင်နိုင်တဲ့ တစ်နေ့ကျ သူနဲ့ ကျနော့်ကို လက်ထပ်ပေးပါ့မယ်တဲ့
ကျနော့်မှာ ငြင်းဆို ပိုင်ခွင့်မှမရှိပဲ ...
သူ့မိဘတွေ ပြောတဲ့စကားကလည်း အမှန်တွေချည်းလေ ...
သူနဲ့ ခွဲခွာရမှာ ကျနော့်ကို နာကျင်စေမယ် ဆိုတာသိပေမဲ့ သူ့ဘဝ ကောင်းစားဖို့နဲ့ သူ့ မိဘတွေရဲ့ စကားကို လျစ်လျူမရှုချင်လို့ Lay ကို အကြောင်းစုံရှင်းပြပြီး အကူအညီတောင်း လိုက်တယ်
သူက ကျနော့်ဘေးနားက လွယ်လွယ်ကူကူနဲ့ ထွက်မသွားဘူးဆိုတာ သိနေလို့ ရင်ဘတ်တစ်ခုလုံး အနာကျင်ခံပြီး သူ့အတွက် ရက်စက်တဲ့ စကားတွေနဲ့ ဘေးနားက ထွက်ခွာအောင် အမျိုးမျိုး ပြောပေမဲ့ သူက နောက်မဆုတ်သွားဘူး ...
သူ့ကို သနားလွန်းလို့ ဘယ်လိုလုပ်ပေးရမလဲ ... ဒါပေမဲ့ သူ့ရဲ့ ဘဝတိုးတက်မှုအခွင့်အလမ်းတွေ ကျနော့်ကြောင့် မပျက်စီးစေချင်ဘူး
နောက်ဆုံးတော့ Yeon ကို အကူအညီတောင်းပြီး ကျနော့်မှာ ချစ်ရတဲ့သူ ရှိတယ်ဆိုတာ သူသိအောင်လုပ်ပြဖို့ စိတ်ကူးလိုက်တယ် ဒါမှ သူက ကျနော့်ဘေးက ထွက်သွားမှာလေ
Party ပွဲမှာ Yeon နှင့် တွဲကနေတာကို သူက မျက်တောင်မခတ်တမ်း စူးစိုက်ပြီး ကြည့်နေတယ်
ကျွန်တော် Yeon ရဲ့ လည်တိုင်လေးကို သူကြည့်နေမှန်းသိလို့ တမင်နမ်းချင်​​ယောင်​​ဆောင်​လိုက်တာ
သူက ပေါက်ကွဲသွားပြီး Yeon ကို တွန်းထုတ်လိုက်တယ်
Yeonက လဲကျသွားပြီး party တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်
ကျနော် သူ့ကို စိတ်မကောင်းဖြစ်မိပေမဲ့ ရွေးချယ်ခွင့် မရှိတဲ့ ကျနော်က သူ့ကို ဒေါသတွေ ထွက်ပြပြီး ကျနော်နဲ့ ဘယ်တော့မှ မပတ်သက်ဖို့နဲ့ ကျနော့်ဘဝထဲကနေ အပြီးအပိုင် ထွက်သွားဖို့ ပြောလိုက်တယ် ...
သူက မျက်ရည်တွေနဲ့ ကျနော့်ကို တောင်းပန်လာပြီး ဒီလိုမျိုးဆက်မပြောဖို့ ပြောနေရှာတယ် ...
ကျနော့်မျက်ဝန်းတွေကလည်း မျက်ရည်တွေ စီးကျလာကာ သူ့ရှေ့မှာ ဆက်ပြီး ဟန်မဆောင်နိုင်တော့မှာ ကြောက်လို့ party ကနေ အပြင်ကို ပြေးထွက်လာလိုက်တယ် ...
ဒါကျနော့်ရဲ့ ပြင်လို့မရတော့တဲ့ အမှားတစ်ခု ဖြစ်သွားခဲ့တယ်ဆိုတာ နောက်ကျမှ သိခွင့်ရလိုက်တယ်
ရှေ့မကြည့် နောက်မကြည့်ပြေးလာခဲ့ပြီး လမ်းပေါ် အရောက် ကျနော့်ဆီကို ကားတစ်စီးက ပြေးဝင်လာနေပြီ
ကျနော်အသိပြန်ဝင်လာတော့ ကျနော်က လမ်းဘေးမှာ လဲကျနေပြီး ကျနော့်အစား သူက သွေးအိုင်ထဲမှာလဲကျနေတယ် ...
ကျနော် အရမ်းထိတ်လန့်သွားပြီး ဆက်မကြည့်ရက်တော့လို့ မျက်နှာကို ချက်ချင်းလွှဲမိပြီးသား ဖြစ်နေတယ် ...
ဒါ အမြင်မှားတာနေမှာပါ ... သူက ဒီလို ဖြစ်စရာ အကြောင်းမှ မရှိတာ ... ဒီလို သွေးအိုင်ထဲမှာ လဲကျနေစရာ အကြောင်းမှ မရှိတာ ... သူက ကျနော့်ကို ထားမသွားဘူး ... ဟုတ်တယ် ဒါက အမြင်မှားတာ ... ဒါအမှန်တရား မဟုတ်ဘူး ... ကျနော် ထင်ချင်ရာထင် မြင်ချင်ရာ မြင်နေတာနေမှာပါ ...
လမ်းဘက်ကို နောက်ထပ်လှည့်မကြည့်ရဲတော့ပဲ ချက်ချင်းထပြီး နေရာကနေ ပြေးထွက်လာခဲ့မိတယ် ...
ပြေးသာပြေးလာရတာ ခြေထောက်တွေက မခိုင်တော့ပဲ တစ်နေရာ အရောက်မှာ ပြိုလဲကျသွားတယ် ...
ကျနော် အခုနက မြင်လိုက်ရတာ အမှန်မဖြစ်နိုင်ပါဘူးနော် ...
အခုအချိန်မှာ တုန်လှုပ်ခြောက်ခြားနေမိလို့ မြင်ခဲ့ရတဲ့ မြင်ကွင်းကို တစ်ကယ်ဖြစ်ခဲ့လား မဖြစ်ခဲ့ဘူးလားဆိုတာ အတည်မပြုနိုင်သေးပါ
လောလောဆယ်မှာတော့ ကျနော် လဲကျနေရာကနေ ပြန်မထနိုင်တော့ပဲ နေရာမှာပဲ မျက်ခွံတွေ မှိတ်ကျသွားပြီး ရက်စက်တတ်တဲ့ လောကကြီးနဲ့ ခဏ အဆက်အသွယ် ပြတ်သွားခဲ့တယ်
~~~~~~~~~T B C ~~~~~~~~~~
Continuă lectura
O să-ți placă și
3.5K 543 13
ကိုကိုနဲ့ သဲငယ်ဇာတ်လမ်းလေးပါနော် သဲငယ်ကကိုကိုကိုဘယ်လိုတွေ ဂျစ်တိုက်မလဲ... ကိုကိုကရော သဲငယ်ကို ဘယ်လိုတွေ အလိုလိုက်မလဲ ဆိုတာကို ဒီficလေးမှာဖတ်လို့ရပါတယ...
1M 54.2K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
543K 11.7K 38
In wich a one night stand turns out to be a lot more than that.
40.7K 3.6K 17