အတန်းထဲကို ဝင်မလို့လုပ်တော့
ရှေ့ကနေ ပိတ်ရပ်ထားပြီး
" Chanyeol ... ငါပြောတာလေး နားထောင်"သူ့စကားကို ဆုံးအောင်နားမထောင်ပဲ ပိတ်နေတဲ့ သူ့ကို တွန်းဖယ်လိုက်တော့
" ဝုန်း " ဆိုသော အသံနဲ့အတူ သူက အပေါက်ဝရှေ့လဲကျသွားတယ်
တစ်ကယ်ပါ စိတ်ရှုပ်ပါတယ် တွန်းလိုက်တာ ဒီလောက်ထိလည်း အားမပါပါဘူး...သူကိုက အသုံးမကျတာ
အမြဲတမ်း သူ့အပေါ် ကြင်နာတတ်ပြီး
အခုမှ ရုတ်တရက် အမူအယာတွေ ပြောင်းနေတဲ့ ကျနော့်ကို အတန်းသားတွေက ဝိုင်းကြည့်နေကြတယ်" ဘာကြည့်တာလဲ မင်းတို့နှင့် ဘာဆိုင်လို့လဲ
သူများအကြောင်း လိုက်စပ်စုချင်ကြတာ ဘယ်လိုဟာတွေမှန်းမသိဘူး"ကြည့်နေတဲ့ ကျောင်းသားတွေကို မာန်မဲပြီး ထိုင်ခုံဆီသို့ လျှောက်လာကာ လွယ်အိတ်ကို စားပွဲပေါ် ဘုန်းကနဲ ပစ်ချလိုက်ရင်း ဆောင့်ထိုင်ချလိုက်တယ်
တစ်ခန်းလုံး ထိတ်လန့်တုန်လှုပ်သွားကာ
အပ်ကျသံတောင် မကြားရတော့တဲ့ အထိ တိတ်ဆိတ်သွားသည်။ငြိမ်သက်နေသော အတန်းကို ဖြိုခွင်းလိုက်သော အသံတစ်ခု
" Kyung Soo မင်းဘာလို့ ဒီနေရာမှာလဲကျနေတာလဲ ... ဘာဖြစ်လို့လဲ"
အသံလာရာ ကြည့်လိုက်တော့ Lay ဖြစ်နေတယ်
ကြည့်ရတာ ခုနက သူအခန်းထဲရှိမနေလို့
ဘာမှသိလိုက်ပုံမပေါ်" ငါလား ဘာမဖြစ်ပါဘူး ... ဒီတိုင်းလဲကျ"
Lay ကို လိမ်ပြောဖို့ လုပ်နေတဲ့ သူ့စကားမဆုံးခင်
" ငါတွန်းချလိုက်တာ ... ဘာဖြစ်လဲ ... အဲဒီတော့ မင်းက ဘာလုပ်ချင်လဲ"
သူ့အစား ဖြေပေးလိုက်တယ်
Lay မျက်နှာက မယုံကြည်သလိုနဲ့
" တစ်ကယ် မင်းလုပ်တာလား" ဆိုပြီး ပြန်မေးလာသည်။" အေးလေ... ငါလုပ်တာ ... ငါ့ရှေ့လာပိတ်ရပ်နေလို့ "
ဘာမှအထူးအဆန်းမဟုတ်သလို ပြန်ပြောလိုက်တော့
" တောက်... Chanyeol မင်း ဒါဘာအရူးထတာလဲ ... သူ့ကို မင်းပဲ ချစ်တယ်ဆိုပြီး အနားခေါ်ထားတာ မဟုတ်ဘူးလား...အခုမှ ဒါဘာအချိုးချိုးတာလဲ"
ŞİMDİ OKUDUĞUN
RED TEAR ( Completed )
Hayran Kurguအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION