12

541 49 1
                                    

ကားကို သူ့ခြံရှေ့မှာ ရပ်လိုက်တာနဲ့  ခြံထဲကနေ ဝမ်းသာအားရပြေးထွက်လာခဲ့တဲ့ ကျနော့်အတွက် ဘယ်တော့မှ နောက်ထပ်နှစ်ယောက်ရှိမလာနိုင်တော့တဲ့ တစ်ဦးတည်းသောချစ်ရသူလေး။

သူ့ကို  ကားပေါ်ကနေ ဆင်းပြီးတော့ ကားတံခါးကို ဖွင့်ပေးလိုက်တော့ လူကို ရူးသွပ်အောင် ပြုစားနိုင်တဲ့ မနက်ခင်းရဲ့ အပြုံးလွင်လွင်လေးနဲ့အတူ သူကကားထဲကို ဝင်ထိုင်လိုက်ပြီး

"အစောကြီးပဲ ဘယ်သွားစရာရှိလို့ ဒီအချိန်ထွက်လာခိုင်းတာလဲ"

သူ့ကို ဒီနေ့မနက် အစောကြီးလာခေါ်တာအတွက် သိလိုစိတ်စွာပြင်းစွာ စူးစမ်းလာသည်။

"ဒါက ထိပ်တန်းလျို့ဝှက်ချက်…ဟိုရောက်ရင်သိလိမ့်မယ်"

လျို့ဝှက်ဆန်တဲ့ အပြုံးဖြင့် သူ့ကို ပြန်ပြုံးပြရင်း ရည်ရွယ်ထားသည့် နေရာဆီသို့သာ ခေါ်ဆောင်လာခဲ့သည်။

……………………………………………………………………

SKY HEAVENကို ဝင်လာတဲ့အခါမှာ ပန်းခြံစောင့် ဦးလေးကြီးက ကျနော့်ကိုပြုံးပြ နှုတ်ဆက်နေရင်းက ဘေးနားကသူ့ကို မြင်သွားကာ

"သားသူငယ်ချင်း Kim Kai ဆိုတာလား ချစ်စရာလေးပဲ"

ကျနော် ဦးလေးကြီးကို အလိုမကျတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်ရင်း

" အားတော့နာပါတယ် Arjushi …သူ့ကို ကျနော်ကလွဲလို့ ဘယ်သူမှ ချစ်စရာကောင်းတယ်လို့ ပြောတာ မကြိုက်ဘူး နောက်ပြီး သူ့ကို မကြည့်ပါနဲ့ ပြောစရာရှိ ကျွန်တော့်ကိုပဲ ကြည့်ပြောပါ "

သူကတော့ ဦးလေးကြီး ကို အားနာလို့ ထင်သည်။ ဆက်မပြောဖို့ လက်ဟန်ခြေဟန် နဲ့ ဘေးကနေတားပေမဲ့ 

" သူက ကျွန်တော့်သူငယ်ချင်း Kai မဟုတ်ပါဘူး ကျွန်တော့်ချစ်သူ Do Kyung Sooပါ …ဒါကြောင့် အခု သူနဲ့ လွတ်လွတ်လပ်လပ် နေချင်လို့ ခဏလောက် ရှောင်ပေးနိုင်မလား …တောင်းဆိုတာပါ"

ကျနော်ကတော့ ပြောစရာရှိတာ ဆက်ပြောလိုက်တယ်။

"သားChanလေးက သားချစ်သူကို တော်တော်ချစ်ပုံပဲ နားလည်ပါတယ်ကွယ် …အေးအေးဆေးဆေး လှည့်ပတ်ကြည့်ပြီးမှ ပြန်ကြပေါ့"

RED TEAR ( Completed )Onde as histórias ganham vida. Descobre agora