Seoul ကို ရောက်တာနဲ့ အရင်ဆုံး ပြေးလာခဲ့မိတာ သူနဲ့ ကျွန်တော့်ရဲ့ အချစ်အိမ်လေးဆီကို
သူသာ ကျွန်တော့်ကို တွေ့လိုက်ရရင် အရမ်းပျော်သွားမှာပဲ အိမ်ထဲကနေ ပြေးပြီး လာဖက်မှာ မြင်ယောင်ပါသေးတယ်
ဒါပေမဲ့ အိမ်လေးကို ရောက်လာတဲ့အခါမှာတော့ ခြံတံခါးပေါ်က သော့ခလောက်အိမ်လေးကသာ ကျနော့်ကို လှမ်းကြိုနေခဲ့ပြီး သူကတော့ အိမ်မှာရှိမနေခဲ့ပါ
ဟုတ်သားပဲ အပျော်လွန်ပြီး မေ့နေလိုက်တာ
ဒီအချိန်ဆို ကျောင်းသွားနေမှာပေါ့
ကျောင်းဝန်းထဲကို ရောက်လာတာနဲ့ အရင်ဆုံး အတန်းထဲ မဝင်သေးပဲ မှန်တံခါးရှေ့သွားရပ်လိုက်ကာ ကိုယ့်ပုံစံ ပြန်ကြည့်မိသည်။
မပြုပြင်တာ ကြာပြီဖြစ်တဲ့ ဆံပင်တွေကို ဒီကို ပြန်မလာခင်က ဆိုင်မှာသွားညှပ်ထားတာကြောင့် ပုံစံတကျရှိနေသည်။
ကျန်းမာရေးအခြေအနေကြောင့် ဆိုးဝါးနေတဲ့ မျက်နှာကို အလှပြင်ပစ္စည်းတွေရဲ့ အကူအညီနဲ့ မသိသာအောင် ဖုံးထားတာ ပိရိရဲ့လားမသိ
အတန်းထဲဝင်လာတော့ Dyo ရှိမနေ...
Lay ကို မေးမလို့ ကြည့်တော့ Lay ကလည်းမရှိ
အတန်းထဲကလူတွေကလည်း ကျနော်ဝင်လာတာကို မမြင်ဖူးတဲ့လူလို ကြည့်နေကြသည်။
အထူးအဆန်းကျောက်ရုပ်ကြီးတွေလို ကြည့်နေကြတော့ လူက ဘယ်လိုနေလို့ နေရမှန်းမသိ ဖြစ်လာသည်။
မထူးပါဘူး မေးကြည့်တာအကောင်းဆုံးပဲ
"Kyung Soo ကျောင်းမလာဘူးလား "
တစ်ယောက်မှ ပြန်ဖြေသံထွက်မလာ
" မေးနေရင် ပြန်ဖြေမှပေါ့"
ဒေါသတကြီး အော်လိုက်တော့မှ ကောင်လေးတစ်ယောက်က မျက်နှာငယ်လေးနဲ့ ထလာပြီး
"သူ့ ဆီကို ပြန်လာတာလား သူ့ကို ပြန် မှတ်မိလာပြီလား "
ဆိုပြီးမေးလာနဲ့
" အင်း .. သူဘယ်မှာလဲ "
" သူမင်းကို စောင့်နေပါတယ် "
" ဘယ်မှာစောင့်နေတာလဲ "
ကျနော့် အမေးကို ကောင်လေးက မျက်ရည်တွေဝဲလျက် ကြည့်နေခဲ့ကာ
" ငါလိုက်ပို့ပေးပါ့မယ် သူ့ဆီကို "
ဆိုပြီး ပြောလာတော့ သူ တစ်ခုခုများ ဖြစ်နေတာလားဆိုပြီး စိတ်ထင့်သွားရသည်။
အခုမှ အသေအချာကြည့်မိတယ် တစ်ခန်းလုံးက လူတွေ မျက်နှာတွေ ပျက်ယွင်းနေပြီး ငိုတဲ့သူတွေက ကျိတ်ငိုနေကြသည်။
ဘုရား ... ဘုရား Dyo ဘာမဖြစ်ပါစေနဲ့
စိတ်ကလောနေပြီး ကောင်လေးခေါ်တဲ့နောက်ကိုသာ ရင်တမမနဲ့ လိုက်လာခဲ့ရတယ်
ဒီတိုင်းသာဆို ကင်ဆာ နဲ့ မသေပဲ နှလုံးခုန်ရပ် သေတော့မှာပဲ
ကောင်လေးကားရပ်လိုက်တာက Seoul ဆေးရုံကြီးရှေ့မှာပါ တော်ပါသေးတယ်
သူခေါ်လာတဲ့နေရာက ကျနော်ထင်ထားသလောက်အထိ ဆိုးရွားတဲ့ နေရာဖြစ်မနေခဲ့လို့
Dyo နေမကောင်းနေတာလား
ကျနော်ရှိတဲ့ အတောအတွင်း ဘယ်သူမှ ဂရုစိုက်မဲ့သူမရှိတော့ ဖျားသွားတာနေမယ် ... ဒါတွေကြောင့်စိတ်မချတာ
ကိုယ့်အတွေးတွေနဲ့ ကောင်လေးနောက်ကနေ ခပ်မြန်မြန်လေး လိုက်သွားရင်း
အခန်းတစ်ခုရှေ့အရောက် တံခါးဖွင့် ထွက်လာတဲ့ Lay ကို တွေ့လိုက်ရတယ်
ဒါဆို Lay ထွက်လာတာ Dyoရှိနေတဲ့ အခန်းပေါ့
ကျနော့်မှာ လွမ်းနေရတဲ့ မျက်နှာလေးကို အလျင်စလိုတွေ့ချင်ဇောအားကြီးပြီး ဝင်မယ်လုပ်တော့ Layက ကျနော့်လက်တွေကို ဖမ်းဆွဲထားလိုက်ရင်း
" မင်းသူ့ကို ပြန်မှတ်မိသွားပြီလား ... ကျေးဇူးပါ ပြန်မှတ်မိပေးလို့ ... မင်းကံကောင်းပါတယ် သူမင်းကို အခုထိစောင့်နေပါသေးတယ် ... နည်းနည်းလေးနောက်ကျမှ ပြန်မှတ်မိလာမယ်ဆို သူ မင်းကို စောင့်နေနိုင်တော့မှာ မဟုတ်တော့ဘူး "
Lay ဘာတွေပြောနေတာလဲ
သူက ဘာလို့ ကျနော့်ကို နောက်ကျသွားရင် မစောင့်တော့ဘူးလို့ ပြောတာလဲ
လောလောဆယ် Layကို ပြန်မပြောနိုင်သေးပဲ အခန်းတံခါးကိုသာ အလောတကြီး ဖွင့်ဝင်လိုက်သည်။
အခုချိန် မြင်ချင်နေတဲ့ မျက်နှာလေးကို မြင်ရဖို့က အရာအားလုံးထက် ပို အရေးကြီးတာမလို့
အခန်းထဲရောက်လာတော့ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်တော့တဲ့အထိ
ဒါ ကျနော့်ရဲ့ Dyoလား
ဆေးရုံကုတင်ဖြူဖြူလေးပေါ်မှာ အသက်ကို ခက်ခက်ခဲခဲရှူရှိုက်ရင်း မျက်စိစုံပိတ်ပြီး ဝေဒနာကို ခံစားနေရတဲ့ ကောင်လေးက ကျနော်ချစ်ရတဲ့သူတဲ့လား
အရင်တုန်းက ဖွေးဥနေတဲ့ ချစ်စရာပါးဖောင်းဖောင်းလေးတွေက အခုတော့ ပါးချောင်တွေကျပြီး မြင်ရက်စရာတောင်မရှိ
နီရဲနေတဲ့ စတော်ဗယ်ရီ အသည်းပုံနှုတ်ခမ်းလေးတွေနေရာမှာ
ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံက အစားထိုးနေရာယူထားတယ်
ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ
နေရာမှာကြောင်ပြီးရပ်နေတဲ့ ကျနော့်ရဲ့ ပခုံးတွေကို ဆုပ်ကိုင်လာတာနဲ့ ကြည့်လိုက်တော့ Lay က မျက်ရည်တွေနဲ့ ကျနော့်ကို စူးစိုက်ကြည့်လာပြီး
" သူမင်းကို မျှော်နေခဲ့တာ ... မင်းထွက်သွားတဲ့ နေ့တည်းက သူမင်းနဲ့ အတူတူနေခဲ့တဲ့ အိမ်ထဲကနေ ဘယ်ကိုမှ မထွက်တော့ဘူး ... ဘာကျွေးကျွေးလည်း မစားဘူး... မင်းပြန်လာမှ မင်းခွံ့ကျွေးမှ စားမှာတဲ့ ... သူက အရမ်းခေါင်းမာတယ် ငါတို့ ဘယ်လောက် နားချချမရဘူး ... တစ်ချိန်လုံး မင်းဝတ်ခဲ့တဲ့ အဝတ်အစားတွေကိုင်လိုက် နမ်းလိုက်နဲ့ မင်းနာမည်ပဲရွတ်နေခဲ့တာ... ငါသူ့ဘေးမှာ တစ်ချိန်လုံးနေပေးခဲ့လည်း သူလိုအပ်တာ ငါမှ မဟုတ်ပဲ .. သူ့ကို ဘာမှလုပ်ခိုင်းလို့မရတော့ဘူး တစ်ချိန်လုံး မင်းနေခဲ့တဲ့ အခန်းထဲမှာ မင်းပုံတွေကို ထိုင်ကြည့်လိုက် ... မင်းမကြိုက်တာတွေ မလုပ်တော့ပါဘူး ပြန်လာပါလို့ အော်လိုက်နဲ့ အရူးတစ်ယောက်လို ဖြစ်နေခဲ့တာ ...နောက်ဆုံးတော့ အအိပ်ပျက် အစားပျက်တဲ့ဒဏ်တွေနဲ့ လဲကျသွားတော့ ငါတို့ ဆေးရုံတင်ပေးထားရတယ် ... ဒါပေမဲ့ ဆေးတွေကလည်း သူ့စိတ်ကို နိုင်အောင်မတိုက်နိုင်ဘူးထင်ပါတယ်
သူအရင်လို ပြန်ကောင်းလာဖို့ဆို အစားဝင်အောင် ကျွေးရမယ်တဲ့... ဒါပေမဲ့ ငါကျွေးသမျှ သူဘာမှမစားဘူး မင်းလာကျွေးမှ စားမယ်ချည်းပဲပြောနေတာ ... အခုဆို သူမင်းကျွေးလို့ စားချင်ရင်တောင် စားလို့မရတော့ဘူး သူ့အစာအိမ်က ဘာမှလက်မခံတော့ဘူး ရေတောင်မနည်းဝင်အောင် တိုက်နေရတဲ့ အဆင့်ရောက်နေပြီ စကားလည်း မပြောနိုင်တော့ဘူး ဆရာဝန်တွေ ပြောတာတော့ သူရဲ့ နောက်ဆုံးအချိန်က နီးကပ်လာပြီတဲ့
သူစကားပြောနိုင်သေးတဲ့ တစ်ချိန်လုံး မင်းအကြောင်းတွေပဲ ပြောနေခဲ့တာ ... စကားမပြောနိုင်တဲ့ အချိန်ကျတော့ စာအုပ်ထဲမှာ မင်းနာမည်တွေကိုပဲ အထပ်ထပ်ချရေးပြီး ပြန်လာပါဆိုတာတွေပဲ ရေးနေခဲ့တာ ... နောက်ဆုံး စာမရေးနိုင်တော့တဲ့ အချိန်ကျမှ အခုလို အိပ်ယာပေါ်မှာ ငြိမ်ငြိမ်လေးလှဲနေတော့တာပဲ ... ငါ့အထင်ပြောရရင် သူဘာမှ မလုပ်နိုင်တော့ဘူး ဆိုပေမဲ့ မင်းပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ စောင့်နေတုန်းပဲထင်တယ်
သူစကားပြောနိုင်တုန်းက ငါ့ကို ပြောသွားတယ် သူအိပ်ပျော်နေတုန်း မင်းပြန်လာရင်နှိုးပါတဲ့
ပါးစပ်ကသာ ပြောတာ သူမအိပ်ဘူး တစ်ချိန်လုံး အခန်းတံခါးလေးကို ဖွင့်ပြီး မင်းများဝင်လာလေမလားဆိုပြီး တံခါးကိုပဲ အမြဲငေးကြည့်နေတာ ... ငါသနားလွန်းလို့ သူ့ကို ငေးကြည့်နေရုံကလွဲရင် ဘာမှမတတ်နိုင်ခဲ့ဘူး"
ကျွန်တော် ကြားနေတာတွေက အမှန်မဟုတ်ဘူး အဲဒါက Lay လိမ်ပြောနေတာနေမှာပါ
ဘာလို့သူက အခုလို ဖြစ်ရမှာလဲ ကျနော်မရှိလည်း သူ့ကို ပျော်ပျော်ရွှင်ရွှင်နေခဲ့ ဖို့ မှာထားတယ်လေ
သူက ကျွန်တော့်စကား နားထောင်မှာပါ သူပြောထားတယ်မလား
ကျနော့်စကားနားထောင်ပါ့မယ်ဆို
ဘာလို့ ကျနော်နေခိုင်းသလို မနေပဲ
ဆေးရုံမှာ ဒီပုံစံနဲ့ စောင့်နေခဲ့ရတာလဲ
ဘာလို့ စကားနားမထောင်ခဲ့ရတာလဲ
ဖြေးဖြေးချင်း သူ့ကုတင်နားကို လျှောက်သွားတော့ မှိတ်ထားတဲ့ သူ့မျက်လုံးတွေက ပွင့်လာပြီး ကျနော့်ကို မြင်တာနဲ့ မျက်နှာလေးက ပြုံးယောင်သမ်းသွားတယ်
အိပ်နေရာကနေ သူကထဖို့ကြိုးစားလိုက်တော့
ကျနော်က သူ့အနားကို ပြေးသွားပြီး သူ့ကိုယ်လုံးလေးကို ဆွဲထူပေးရင်း ကျနော့်ရင်ခွင်လေးထဲမှာ မှီပြီး မှေးစက်စေတယ်
ဖျတ်ခနဲ မျက်ရည်တစ်စက်ကသူ့ပါးပြင်ပေါ် ကျသွားတော့ သူက ကျနော့်မျက်ရည်တွေကို အားမရှိတဲ့ လက်ကလေးနဲ့ သုတ်ပေးလိုက်ရင်း မငိုဖို့ ခေါင်းခါပြနေတာ
သူစိတ်ချမ်းသာပါစေတော့ဆိုပြီး မငိုအောင်ထိန်းထားရပေမဲ့ မျက်ရည်တွေက ကျနေဆဲပင်
သူက ကျနော့်ကို ခေါင်းအုံးကို လက်ညှိုးထိုးပြလိုက်ပြီး ခေါင်းအုံးကို ဖယ်ဖို့ လက်ဟန်ခြေဟန်နဲ့ လုပ်ပြလိုက်တာနဲ့ ဖယ်ကြည့်လိုက်တော့ ခေါင်းအုံးအောက်မှာ စာအိတ်အနီလေးနဲ့ ထည့်ထားတဲ့ စာရွတ်ခေါက်လေး တွေ့တာနဲ့ ဖွင့်ဖတ်ကြည့်လိုက်တယ်
/Kaiကို Dyo ပြောသားပဲ Dyo ဆီကို ပြန်လာမှာပါလို့ ... အခု ပြန်လာပြီမို့လား ... Dyo ကို မှတ်မိသွားပြီပေါ့နော်... အရမ်းချစ်တယ် အရမ်းလည်း ကျေးဇူးတင်တယ် ပြန်လာပေးလို့ ...နောက်တစ်ခါ ထပ်ပြီး ထားမသွားပါနဲ့နော် ...Kai မရှိရင် Dyo မနေတတ်လို့ပါ အရင်လို Kai စကားနားမထောင်တဲ့ ကလေးဆိုးလေး မဖြစ်အောင်နေပေးပါ့မယ် ...... Normu normu saranghaeyo Kai /
သူက ကျနော်ပြန်လာမယ်ဆိုတာ ကြိုသိနေခဲ့လို့ စာရေးနိုင်တဲ့ အချိန်တုန်းက ဒီစာလေးရေးထားပြီး ပြန်လာရင် ပေးဖို့အတွက် စောင့်နေခဲ့တာတဲ့လား
သူငိုတာမကြိုက်ဘူးဆိုလို့ မျက်ရည်တွေကို သုတ်လိုက်ပြီး ချောင်ကျနေတဲ့ သူ့ပါးလေးကို ငုံ့ပြီး ခပ်ဖွဖွလေးနမ်းလိုက်ရင်း
"Dyo က အမြဲချစ်ဖို့ကောင်းနေတာပဲ "
ပြောလိုက်တော့ သူ့မျက်နှာ ကျေနပ်တဲ့ အပြုံးလေးတွေ ထင်ဟပ်လာခဲ့ပြီး
ကျနော့်ရဲ့ ပါးတွေကို သူ့ရဲ့ ဖြူဖတ်ဖြူလျော်နှုတ်ခမ်းလေးနဲ့ ပြန်နမ်းပေးရှာတယ်
သူ့အနမ်းတွေက ကျနော့်အတွက် ထာဝရချိုမြိန်နေမဲ့ အနမ်းတွေပါ ဘယ်တော့မှ လည်း ရိုးသွားမှာ မဟုတ်တဲ့ အနမ်းတွေပေါ့
ကျနော်သူ့ကို ပြောစရာတွေ အများကြီးရှိတယ်
သူနဲ့အတူတူ လုပ်ချင်တဲ့အရာတွေလည်း အများကြီးကျန်သေးတယ်
သူကတော့ အခုထိ ကျနော်ထွက်ပြေးသွားမဲ့ အတိုင်းပဲ သူ့ရဲ့လက်တွေနဲ့ ကျနော့်လက်တွေကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားဆဲ
" ကိုယ် ဘယ်ကိုမှထွက်မပြေးပါဘူး "
ပြောလိုက်တော့မှ လက်တွေကို အသာလေး ဖွဖွဆုပ်ကိုင်လာခဲ့တာ
" Dyo နေကောင်းအောင်ကြိုးစားနော် ... Dyo နေကောင်းလာရင် ကိုယ်တို့ ကစားကွင်းကို သွားကြမယ်
Dyo အရမ်းကြောက်တယ်ဆိုတဲ့ ပင်လယ်ဓားပြကို ဘယ်တော့မှ မစီးခိုင်းတော့ဘူး... ပြီးတော့ Dyo အရမ်းစီးချင်တဲ့ ပြိုင်ကားလည်း အတူတူတိုက်မယ်လေ"
သူက ရင်ခွင်ထဲကနေ ပြုံးပြီးခေါင်းညိတ်လာခဲ့သည်။
" Dyo ချက်ကျွေးတဲ့ အစားအသောက်တွေကို နောက်တစ်ခါ အရသာ မရှိဘူးလို့ မပြောတော့ဘူး ... ဒါကြောင့် နေပြန်ကောင်းလာအောင် လုပ်ပြီး ကိုယ့်ကို အရင်လို ပြန်ချက်ကျွေးပါနော် ... Dyo ရဲ့ ဝက်ဝံရုပ်ကြီးကို ကိုဖျက်ဆီးလိုက်တာ တောင်းပန်ပါတယ် နေကောင်းလာရင် နောက်ထပ်အရုပ်သစ်တွေတွေ တူတူသွားဝယ်ကြမယ်လေ ... အဲဒီအခါကျ အများကြီး အစား ပြန်ဝယ်ပေးမယ်"
သူက ကျနော့်လက်တွေကို ငုံ့နမ်းပြီး ခေါင်းလေးသာ ညိမ့်ပြီး နားထောင်လို့
ကျနော်သူ့ကို ပြောစရာတွေ နောက်ထပ်ကျန်သေးတာနဲ့
ရင်ခွင်ထဲမှီနေတဲ့ သူ့မျက်နှာလေးကို ကြည့်ရင်း သူနဲ့အတူတူ လုပ်ချင်တာတွေသာ တရစပ် ပြောနေမိသည်။
" နေကောင်းလာလို့ရှိရင် အရင်လို မချုပ်ခြယ်တော့ဘူးနော် တစ်ခြားလူတွေနဲ့လည်း သဝန်မတိုအောင် ကိုယ့်ကို ထိန်းနိုင်အောင် ကြိုးစားပေးပါ့မယ် ...Hunnieကိုလည်း Dyo စိတ်မကောင်းဖြစ်အောင် မထိုးတော့ဘူး .. အားလုံး Dyo သဘောကျနေပေးပါ့မယ် ... အဝတ်စားတွေအများကြီးလည်း အနိုင်ကျင့်ပြီး မလျှော်ခိုင်းတော့ပါဘူး ... ဆူလည်းမဆူတော့ဘူး အော်လည်းမအော်တော့ဘူး ဒါကြောင့် နေကောင်းလာအောင် လုပ်ပေးပါနော် ...နေပြန်ကောင်းလာရင် ပင်လယ်ဘက်ကို တူတူသွားကြမယ်လေ... ကိုယ်နဲ့ အတူတူ ခရီးသွားချင်တယ်ဆို... ကမ်းခြေတွေမှာ လှိုင်းတွေစီးမယ် ...သောင်ပြင်ပေါ်မှာ အိပ်ပြီး ကောင်ကင်ကြီးကို အတူတူမော့ကြည့်ကြမယ်... အကြင်နာတွေလည်း အများကြီးပေးမယ်...
အမှတ်တရ ဓာတ်ပုံတွေလည်း တူတူရိုက်ကြမယ်လေ ... အရင်တုန်းကလို Dyo ကို စိတ်ညစ်အောင် မလုပ်တော့ဘူး ပျော်အောင်ထားပေးမယ်လေ Dyo က နေကောင်းလာအောင် လုပ်တော့နော် ကြိုးစားပေးမယ်မို့လား "
မျက်ရည်တွေနဲ့ ပြုံးနေပြန်သည့်သူ
ကျနော့် မျက်ရည်စက်တွေကလည်း သူ့ပါးပြင်ပေါ်ကျသွားပြီး သူ့မျက်ရည်စက်တွေနဲ့ ရောသွားတယ်
သူက ကျနော့်နှုတ်ခမ်းလေးကို သူ့လက်တွေနဲ့ ထိလိုက်ပြီး သူ့နှုတ်ခမ်းလေးကို ထိပြလိုက်ကာ
သူ့ကို နမ်းပေးဖို့တောင်းဆိုလာတော့
အရင်တုန်းကလို ချစ်စရာကောင်းတဲ့ သူ့အသံချိုချိုလေးကို ကြားချင်မိပေမဲ့ အခုချိန်မှာ ကျနော်ကြားခွင့်မရနိုင်တော့ဘူးထင်ပါရဲ့
သူကျေနပ်အောင် သူ့နှုတ်ခမ်းလေးတွေကို ကျနော့်နှုတ်ခမ်းလေးတွေနဲ့ ထိတွေ့ပေးလိုက်ရုံပဲ တတ်နိုင်ခဲ့တာပါ
ကျနော့်နှုတ်ခမ်းရဲ့ အနမ်းတွေကို လက်ခံနိုင်လောက်တဲ့အထိ သူ့နှုတ်ခမ်းတွေက အားမရှိဘူးလေ...
အားနည်းနေတဲ့ သူ့နှုတ်ခမ်းတွေကို ကျနော့်နှုတ်ခမ်းတွေနဲ့ ခဏလောက် ထပ်တူကျစေပြီးတာနဲ့ ပြန်ခွာပေးလိုက်တယ်
သူက ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်နေသည်။
သူဘာစကားမှ မပြောနိုင်တော့ပေမဲ့ သူ့မျက်လုံးတွေက ပြောနေတဲ့ စကားတိုင်းကို ကျွန်တော် ဘာသာပြန်တတ်နေတာ အံ့သြစရာ
သူကဆုပ်ကိုင်ထားတဲ့ ကျနော့်လက်တွေကို အသာလေးမလိုက်ပြီး သူ့နှုတ်ခမ်းတွေမှာ ဖိကပ်ထားရင်း မျက်လုံးလေးမှိတ်ထားတယ်
သူ့မျက်နှာလေးကို ငေးစိုက်ကြည့်နေတုန်းမှာပဲ သူနမ်းနေတဲ့ ကျနော့်လက်တွေက ဟန်ချက်ပျက်သွားပြီး
သူ့ခေါင်းကလည်း ကျနော့်လက်မောင်းတွေ ပေါ်ပြုတ်ကျလာခဲ့သည်။
"Dyo ... Dyo .."
လှူပ်နိုးခြင်းတွေမှာ တုံ့ပြန်မှူတွေ ကင်းမဲ့နေလျက်
ခပ်လှမ်းလှမ်းမှာ ကြည့်နေတဲ့ Lay လည်းမြင်သွားပြီး အနားကို ပြေးလာကာ သူ့ပခုံးကို အဆက်မပြတ်လှုပ်နေရင်း
"Kyung Soo Ah ... Kyung Soo"
ဘယ်သူ လှုပ်နိုးနိုး သူမျက်လုံးတွေက လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပေ။
"မင်း မထားသွားလည်း .. သူက အခု ငါတို့အားလုံးကို ထားခဲ့ပြီ Kai"
Lay ပြောလာတော့ နှလုံးသားတစ်ခုလုံး ကျဉ်စက်နဲ့ အတို့ခံလိုက်ရသလို ထုံကျဉ်သွားကာ
သူ့ပခုံးတွေကို လှုပ်ကိုင်ပြီး နှိုးနေတဲ့ Lay ကို ဘေးသို့ တွန်းဖယ်လိုက်ရင်း
" ဘာတွေလာပြောနေတာလဲ ...မသိပဲနဲ့ လျှောက်မပြောနဲ့... သူက ပင်ပန်းလို့ အိပ်ပျော်သွားတာ ... သူက အမြဲ ငါ့ရင်ခွင်ထဲမှာ အိပ်ပျော်နေကြပဲ .. မင်းမသိပဲနဲ့ လျှောက်မပြောနဲ့ ...ရှူး တိုးတိုး ... မင်းကြောင့် သူနိုးသွားလိမ့ယ်"
သူ အိပ်ပျော်နေချိန်က အပြစ်ကင်းဆုံးမလို့
သူအိပ်ပျော်နေရင် သဘောကျတယ်ဆိုတာ သိလို့
သူက အိပ်ချင်ယောင်ဆောင်နေတာပါ
အစထဲက အိပ်ချင်ယောင်ဆောင်သူတွေက နှိုးရခက်တာပဲမလား။
"Lay သတိထားပါဦး .. မင်းအခုလို ထင်ရာတွေပြော ဇွတ်ငြင်းနေရမဲ့ အချိန်မဟုတ်ဘူး"
ကျနော် ဘယ်သူပြောတာမှ ထပ်မကြားရအောင် နားတွေပိတ်လိုက်သည်။
နှူတ်ဆက်ရုံသက်သက်နဲ့တော့ သူက ခဏတာ နိုးမထလာလောက်ဘူးမလား
ကျနော်ထားသွားမှာကို အမြဲတွေးပူနေတဲ့သူက ဘာလို့ ကျနော့်ကို ထားသွားရမှာလဲ
ဒါက လုံးဝမဖြစ်နိုင်ဘူး
ဘယ်သူတွေ ဘာပြောပြော သူက ဘယ်တော့မှ မပျောက်ဆုံးသွားရဘူး
ပျောက်ဆုံးသွားရင်တောင် သူဟာ ဒီလောကရဲ့ တစ်နေရာမှာ ပုန်းခိုနေတာပဲ ဖြစ်ရမည်
အဲဒါ ကျနော့်နှလုံးသားထဲလား ဒါမှမဟုတ် ကျနော့်ရဲ့ အိပ်မက်တွေထဲမှာလား
သေချာတာပေါ့ Dyo မင်းက ကိုယ့်ရဲ့ နှလုံးသားထဲ
အတွေးတွေထဲကနေ ဘယ်တော့မှ ပျောက်ကွယ်မသွားပဲ ထာဝရရှင်သန်နေရမဲ့သူလေ
အကယ်၍ ဒီလောကကြီးထဲက ခဏတာ ထွက်ပြေးသွားခဲ့ရင်တောင်မှ ဒါဟာ ခဏတာပဲဖြစ်ရမယ် ဘယ်တော့မှ ထာဝရ ဖြစ်မလာစေရဘူး။
ဒီနေ့တော့ ကောင်းကောင်းအနားယူပြီး မနက်ဖြန်မှ စောစောနိုးထလာပါ Dyo
ကိုယ်ပြန်လာမယ်ဆိုတာ မင်းကလွဲပြီး ယုံကြည်မဲ့သူ မရှိခဲ့သလိုမျိုး မင်း အိပ်ပျော်နေတယ်ဆိုတာလည်း ကိုယ်ကလွဲလို့ ယုံကြည်တဲ့သူ မရှိဘူး Dyo
သူ့ ခန္ဓာကိုယ်ကို ပို၍တင်းကျပ်အောင် ပွေ့ဖက်ထားလိုက်သည်။ ဘယ်သူမှ လာပြီး ဆွဲထုတ်လို့မရအောင်။
Lay အချက်ပြခလုတ်ကိုနှိပ်လိုက်တော့ Doctor နှင့် Nurse တွေ အရေးပေါ်လို ပြေးဝင်လာကြသည်။
ကျနော့်ရင်ခွင်ထဲက သူ့ကို မျိုးစုံ စမ်းသပ်နေကြသည်။
"စိတ်မကောင်းပါဘူး..လူနာ အသက်မရှိတော့ဘူး"
Doctor တစ်ယောက်ရဲ့ စကားအဆုံး Lay က သူ့ကို ဖက်ပြီးငိုနေပေမဲ့
ကျနော်ကတော့ မျက်ရည်တွေထွက်မလာခဲ့ပါ။ အိပ်ပျော်နေတဲ့ လူတစ်ယောက်အတွက် ငိုနေဖို့ မျက်ရည်ကျဖို့ လိုမှမလိုတာ ဟုတ်တယ်မလား။
အစထဲက ကျနော်က သူ့အတွေးထဲ ဘယ်သူမှရှိမနေတဲ့ သူ အိပ်စက်နေချိန်ကိုသာ အနှစ်သက်ဆုံးမလို့ သူအိပ်ပျော်နေသရွေ့  မငိုတော့ဘူး။
အရာအားလုံးက ကျနော်နဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုလိုပဲ ကြောင်ပြီး ငေးကြည့်နေလိုက်သည်။
.............................................
" သတိရလာပြီလား "
Lay ကမေးလာတာကိုခေါင်းလေးညိတ်ပြရင်း
မျက်နှာကျက်ကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေလိုက်တယ်
lay ကဘာမပြောတော့ပဲ ကျနော့်လက်ထဲကို စာအုပ်လေး တစ်အုပ်ထည့်ပေးလာခဲ့တယ်
သူ့ရဲ့Diaryလေး
ကျနော်ချစ်ရတဲ့သူတွေက ကျနော်သူတို့ဆီကို ပြန်လာတဲ့အခါတိုင်း ကျနော့်ကို ထားသွားကြပြီး ကျနော့်အတွက် Diary တွေပဲ ချန်ထားခဲ့ကြတယ်
Chanyeol တုန်းကလည်း ကျနော့်ကို Diary စာအုပ်နဲ့ထားသွားပြီး ... သူကလည်း အခု ကျနော့်ကို Diary စာအုပ်နဲ့ပဲ ထားသွားပြန်ပြီ
သူကျနော့်ကို ထားသွားမလားလို့ ကြောက်ခဲ့မိပေမဲ့ ဒီလိုပုံစံမျိုးနဲ့ ထားခဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး
သူ့ရဲ့ စာအုပ်လေးက သူ့ရဲ့ အငွေ့အသက်တွေမို့ ခဏလေးပဲဖြစ်ဖြစ် သူအနားမှာ ရှိနေတယ်လို့ ခံစားရလိုရညား စာအုပ်အဖုံးလေးကို လှန်လိုက်တဲ့အခါမှာတော့ ကျနော်သိချင်ခဲ့တဲ့ အတိတ်က ပဟေဠိတွေဆီကို စာမျက်နှာတွေက ခေါ်ဆောင်သွားခဲ့ပြီလေ
~~~~~~~~~~T B C ~~~~~~~~~~