ဆေးရုံအခန်းထဲကို ဝင်လာတော့
သူက အိပ်ပျော်နေဟတာနဲ့ အသာလေး ဘေးနားမှာ ဝင်ထိုင်လိုက်သည်။
" Lay မင်းပင်ပမ်းနေရင် နားတော့လေ ငါဆက်စောင့်ပေးထားလိုက်မယ် "
" ငါမင်းကို တောင်းဆိုစရာရှိလို့ "
" ဘာများလဲ"
" Kyung Soo ကိုလေ ချိုချိုသာသာ ဆက်ဆံပေးလို့ မရဘူးလား ... ငါသိပါတယ် မင်းသူ့ကို ဘယ်လောက်ထိချစ်လဲဆိုတာ ...ချစ်ရဲ့သားနဲ့ သူ့ကို မရက်စက်ချင်ပါနဲ့တော့"
" သူက ငါချစ်သလို ငါ့ကို မချစ်ဘူး "
" မင်းက သူ့အချစ်တွေကို မြင်အောင်မှ မကြည့်တာ .. အမြဲတမ်း သံသယတွေနဲ့ ဆက်ဆံပြီး သဝန်တိုဖို့ပဲ သိနေတဲ့သူလေ...သူနိုးလာရင် တစ်ခါလေးပဲ ဖြစ်ဖြစ် သူ့အချစ်တွေကို မြင်အောင်ကြည့်ပေးပြီး နားလည်ပေးဖို့ ကြိုးစားပေးပါ ... Hun တောင် အခု မင်းကြောင့် ထွက်သွားပေးပြီးပြီပဲ ... ဒီနေရာမှာတင် ငါ့သူငယ်ချင်းကို မင်းနိုင်စားနေတာတွေ ရပ်သင့်နေပြီ "
" ငါကြိုးစားကြည့်ပေးပါ့မယ် သူအခု ငါ့ကို တစ်ကယ်ချစ်ပေးတယ် ငါ့အပေါ် သစ္စာဆက်ရှိနေပေးမယ်ဆိုရင်ပေါ့ "
" မင်းမှာ အထင်လွဲစရာတွေရှိနေခဲ့လို့ နေမှာပါ
သူက အမြဲ မင်းအပေါ်သစ္စာရှိနေခဲ့တဲ့သူပဲ"
" ငါက သူများပြောတိုင်း လွယ်လွယ်မယုံတတ်ဘူး မင်းက သူ့သူငယ်ချင်းဆိုတော့ သူ့ဘက်ကလိုက်ပြော ပေးမှာပေါ့ ဒါတွေကထားလိုက်ပါ အဓိက မင်းသူငယ်ချင်းကို ချိုချိုသာသာ ဆက်ဆံပေးဖို့မို့လား "
" မင်းသူ့ကို မယုံဘူးလား နည်းနည်းလေးတောင် ယုံပေးလို့ မရတာလား "
" ချစ်ပေးဆို ချစ်ပေးလို့ရတယ် ယုံကြည်ပေးဖို့ ဆိုတာကတော့ ငါက အမြဲခံရတဲ့သူဆိုတော့ အခုချိန်မှာ ခက်ခဲသွားပြီ "
" မင်းမယုံကြည်တာက မင်းအပိုင်းပါ မင်းသိထားဖို့က D.o က မင်းတို့ သူငယ်ချင်းနှစ်ယောက်လုံးရဲ့ လက်ထဲမှာ မင်းတို့ ပုံစံသွင်းတဲ့ အတိုင်းရှိနေခဲ့တဲ့သူပါ မင်းတို့ ကံကောင်းပါတယ် သူ့လို လူမျိုးကို ရထားလို့
တစ်ခြားတစ်ယောက်သာဆို မင်းတို့ဒဏ်တွေ မခံနိုင်လောက်ဘူး "
" Chanyeol ဆီက သူထွက်ပြေးသွားတာ မဟုတ်ဘူးလား "
" သူထွက်ပြေးသွားခဲ့တာမှန်ရင်တောင် သူ့ဆီမှာ ထွက်ပြေးရမဲ့ ခိုင်မာတဲ့ အကြောင်းပြချက် ရှိနေခဲ့လို့ နေမှာပေါ့ "
" ငါသူ့ကို နားမလည်ဘူး .... သူကလည်း ငါ့ကို နားလည်နိုင်မှာမဟုတ်ဘူး "
" ဒါမင်းရဲ့ တစ်ဖက်သတ်အမြင်တွေပဲ သူက မင်းကို အမြဲနားလည်နိုင်အောင် ကြိုးစားပြီး နားလည်ပေးခဲ့တဲ့သူပါ "
စကားပြောနေတုန်း သူက နိုးလာတာနဲ့
Lay က နှုတ်ဆက်ကာ ပြန်သွားခဲ့ပြီး
ကျွန်တော်ပဲ အတွေးတွေနဲ့ ကျန်ရစ်ခဲ့သည်။
သူ့ကို နားလည်နိုင်အောင် ကျွန်တော်လည်း ကြိုးစားခဲ့ပါတယ်
ဒါပေမဲ့ ကြိုးစားလေလေ ပိုနားမလည်လာလေလေပဲ
" Kai ah "
" အင်း... ပြောလေ "
" တောင်းပန်ပါတယ် .. အတူတူ မထိုင်ချင်လို့ Lay ဘေးသွားထိုင်တာ မဟုတ်ပါဘူး "
" ရပါတယ် ထားလိုက်တော့ အခု မင်းသက်သာလာပြီပဲ "
" ငါက မင်းစိတ်ဆိုးသွားပြီ မှတ်နေတာ "
"မင်းက ငါ့ကို ထားသွားပြီထင်လို့ပါ အခုလို ငါ့ကြောင့် ဖြစ်သွားတာ စိတ်မကောင်းပါဘူး "
" ဘာလို့ထားသွားရမှာလဲ ... ငါကအမြဲ မင်းဘေးရှိနေပေးမှာပါဆို အခုဖြစ်တာကလည်း မင်းကြောင့်မဟုတ်ပါဘူး ကိုယ့်ကို အပြစ်မတင်နဲ့တော့နော် "
" ငါ အရမ်းပင်ပန်းတယ် ... စိတ်တွေကလည်း အမြဲလိုလို မွန်းကျပ်နေတယ် ... ငါဘာဖြစ်တာလဲ ... ဘာလုပ်ချင်တာလဲ အခုထိ .. ကိုယ့်ကိုလည်း မသိဘူး "
" စိတ်ပေါ့ပါးသွားအောင် ခရီးထွက်ရအောင်လေ ..ငါက မင်းနဲ့အတူတူ ခရီးအရမ်းသွားချင်တာ
ပင်လယ်တွေဘက်ပေါ့ "
" မင်းသက်သာတဲ့ အခါ သွားကြတာပေါ့"
" တစ်ကယ်နော် တစ်ကယ်ငါနဲ့အတူတူ သွားမှာနော် သေချာတယ်နော် "
သူက မယုံရဲတဲ့ပုံစံနဲ့ ဝမ်းသာအားရ မေးလာခဲ့တယ်
ကျွန်တော် သူ့ကို သနားသလိုတော့ ခံစားလိုက်ရတယ်
သူလည်း တစ်ခြားစုံတွဲတွေလို သွားချင်ရှာမှာပဲလေ
ဟိုတစ်ခါ ဝက်ဝံရုပ်ကြီးကို ပြောခဲ့တဲ့ စကားတွေက ကျနော့်ကို သူရည်ညွှန်းတာ ဆိုရင်ပေါ့
Lay ပြောသလိုပဲ သူ့ကို အကြွင်းမဲ့ မယုံကြည်ပေးနိုင်ရင်တောင်မှ နည်းနည်းလောက်တော့ ယုံကြည်ပေးလိုက်သင့်ပြီထင်တယ်
" အင်း သွားကြမယ်နော် .. Dyo"
" အခု ငါ့ကို Dyo လို့ ခေါ်လိုက်တာလား .. ငါ့ကို စိတ်ဆိုးပြေသွားပြီလားဟင် "
မျှော်လင့်ချက်အပြည့်မျက်ဝန်းလေးတွေနဲ့ သူမော့ကြည့်မေးလာတော့
သူ့ခေါင်းလေးကို ပုတ်ပြီး ခေါင်ညိတ်ပြလိုက်တယ်
သူက အားရပါးရရယ်လိုက်ပြီး အိပ်နေရာကနေ ထလာခဲ့ကာ ကျနော့်ခါးတွေကို လာဖက်လာတယ်
" အခုလိုလေး မင်းကို မဖက်ရတာ ကြာသွားပြီ "
လွမ်းသလိုလေး သူကပြောလိုက်တော့ ကျနော့်စိတ်ထဲ ကြည်နူးမှုလေးတစ်ခုက ဖြတ်သန်းစီးဆင်းသွားခဲ့တယ်
ကျနော်လည်း သူအရမ်းချစ်တာ ခံချင်နေတဲ့သူပဲလေ
..................................................................
နောက်ရက်တွေမှာတော့ သူရော ကျွန်တော်ရော ခရီးထွက်ဖို့ အတွက်ပြင်ဆင်ကြတာကြောင့် အားတယ်ရယ်မရှိ
shopping mall တွေဆီကိုသွား ကြိုက်တာတွေတွေ့လို ရှိရင်ဝယ်
ပင်လယ်ဘက်ကို သွားမှာဆိုတော့ လိုအပ်တဲ့ အသုံးအဆောင်တွေ ရှာပြီး ဝယ်ကြရတာပေါ့
အရင်တုန်းကဆို ကိုယ်ဝင်ချင်တာတွေပဲ ဝယ်တတ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ သူသဘောကျတာလေးတွေကိုပဲ ဦးစားပေးပြီး ဝယ်စေခဲ့တယ်
သူပြုံးနေတာလေးပဲ မြင်ချင်တယ်
သူ့ကို ထပ်ပြီး မခံစားစေချင်တော့တာ စိတ်ရင်းအမှန်ပါ
သူလည်း ကျွန်တော့်ကို ချစ်မယ် မျှော်လင့်မိတာပဲ
အခုတဖြည်းဖြည်း သူ့ဘေးနားမှာနေရင်း
သူကျွန်တော့်ကို သိပ်ချစ်တယ် ဆိုတာလေးတွေကိုလည်း မြင်အောင် ကြည့်တတ်ဖို့ ကြိုးစားမိလာသည်။
" ဒါလေးလှတယ်နော် "
သူပြနေတာကို ကြည့်လိုက်တော့ ဆင်တူ လက်စွပ်နှစ်ကွင်း
သူက ဘာလို့ ဒီနေရာတွေဘက် ခေါ်လာလည်းလို့ စဉ်းစားနေတာ လက်စသတ်တော့ သူက ကျနော့်ကို လက်စွပ်ဆင်တူ ဝတ်စေချင်လို့ကိုး
" လှတယ် Dyo ကြိုက်လို့လား "
" အင်း ... Kaiရော ကြိုက်လားလို့ မေးတာ "
လက်စွပ်လေးက သာမန် ပလက်တီနမ်ကွင်းလေးဆိုပေမဲ့
အသေအချာကြည့်မယ်ဆိုရင်တော့ အတွင်းထဲမှာ အသည်းလေးနှစ်ထပ်ကို ရေးရေးလေးပေါ်အောင် ထည့်ထားတာကြောင့် ပုံတုံးကြီးတော့ မဟုတ်ပါ
တစ်ကယ်လည်း ကျနော်သဘောကျတာနဲ့
"ကြိုက်တယ်"လို့ ပြောလိုက်တော့
သူက နှစ်ယောက်လုံးနှင့်တော်မဲ့ ဆင်တူ နှစ်ကွင်း ဝယ်လိုက်တယ်
အိမ်ကို ပြန်ရောက်ရောက်ချင်းပင်
ကျနော်က သူ့ကို လက်စွပ်ပေးလို့ တောင်းလိုက်တော့ သူက ကျွန်တော့်နားကို ပြုံးရင်း ကပ်လာရင်း
" ဒီအတိုင်းကြီး ပေးလို့ ဘယ်ဖြစ်ပါ့မလဲ "
"ဘယ်လိုပေးမှာလဲ ဒါဆို "
သူက ကျွန်တော့်မျက်နှာလေးကို မော့ကြည့်လာပြီး မျက်လုံးတွေကို စိုက်ကြည့်လိုက်ရင်း
"Dyo ကို လက်ထပ်ပေးနိုင်မလား "
ရင်ခုန်သံတွေဆူညံသွားခဲ့သလို
လတ်တလောတော့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားလို့
သူမေးနေတာ ဘာမှပြန်မပြောမိသေးပဲ သူ့ကိုသာ ငေးကြည့်နေမိသည်။
သူကျနော့်ကို လက်ထပ်ခွင့်တောင်းမယ်လို့ ယောင်လို့တောင် အိမ်မက်မမက်ခဲ့ဖူးပါ
သူ့အချစ်တွေကို အမြဲသံသယတွေ ဝင်ခဲ့မိတာ အခုမှ အားနာသလို ဖြစ်သွားခဲ့ရသည်။
ဘာမှမပြောပဲ ငေးကြည့်နေတဲ့ ကျွန်တော့်လက်တွေကို သူက ငုံ့နမ်းလိုက်ပြီး
" Kai .. အရမ်းချစ်တယ် ... Dyoကို ဘယ်တော့မှ မထားခဲ့ပါနဲ့နော် ... Dyo လည်း Kaiကို ဘယ်တော့မှ ထားမသွားဘူး ... Dyoကို လက်ထပ်မယ်မလား .. လက်ခံပေးမယ်မလား "
ကျွန်တော် ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်
" Dyoဘေးမှာ အမြဲနေပေးမယ်နော် ... ကိုယ်လည်း Dyoကို အရမ်းချစ်တာပါ "
သူက ကျွန်တော့်လက်ကို ယူကာ လက်စွပ်ကလေး ဝတ်ပေးလာတော့
ကျွန်တော်လည်း သူ့ကို လက်စွပ် ပြန်ဝတ်ပေးလိုက်တဲ့ အခိုက်အတန့်ဟာ ကြည်နူးစရာကောင်းလိုက်တာ
ကျွန်တော်သူ့ကို အခု တစ်ကယ်ပိုင်သွားပြီ ပေါ့
Chanyeol တုန်းကလိုမျိုး သူ့ကို suprise လုပ်ပေးချင်လို့ အိမ်မှာ နှစ်ယောက်တည်း ညစာစားပွဲ လုပ်ပေးဖို့ အကြံရသွားပြီး
" Dyo ကိုယ် အပြင်သွားဦးမယ် ဒီကနေစောင့်နေနော် "
" မြန်မြန်ပြန်လာနော် "
" omm "
သူ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့တာက ပထမဆုံး ပန်းဆိုင်တစ်ဆိုင်ကိုသာ။
သူ့ကို ပေးဖို့ ပန်းစည်းကို order မှာနေရင်း စဉ်းစားမိတာက ကောင်လေးကို ပန်းပေးလို့ ရယ်စရာများ ဖြစ်နေမလား
ဘာနေနေ သူက ကျွန်တော်ပေးရင် ဘာပေးပေး အကုန်ကြိုက်တဲ့သူလေ အဆင်ပြေမှာပါ
အပြန်လမ်း Mini Market တစ်ခုဝင်ရင်း
ဝိုင်ပုလင်းတွေရယ်
သူ့ကို လက်ဆောင်ပေးဖို့ နာရီတစ်လုံးရယ်
ပါဆယ်ထုပ်ပြီးတာနဲ့ အိမ်ကိုသာ တန်းပြန်လာခဲ့လိုက်တယ်
ညကတော်တော် မှောင်နေပြီမလား
.................................................................
ခြံပေါက်ကြည့်လိုက်တော့ သူက ခြံပြင်ကနေ ကျွန်တော့်ကို ရပ်စောင့်နေတာ တွေ့လိုက်ရသည်။
ကျွန်တော့်ကား ခြံနားမရောက်ခင်မှာပင်
အမူးသမား တစ်စုက ဘယ်ကနေ ထွက်လာတယ်မသိ
သူ့ကို ဝိုင်းပြီး ဆွဲလားရမ်းလားလုပ်နေတော့
ကားကို ခြံရှေ့ရောက်အောင် မြန်မြန်အရှိန်တင်လိုက်သည်။
ကားပေါ်ကနေ ကျနော် ပြေးဆင်းလာတာမြင်တာတောင် လူစိတ်မကပ်တဲ့ အမူးသမားတွေဟာ ဂရုမစိုက်သလိုနဲ့
" ကောင်လေး ဘာလို့ရုန်းနေတာလဲ ... လိုက်ခဲ့ပါကွာ တစ်ယောက်တည်းပျင်းနေမှာပေါ့ ငါတို့နှင့်အတူတူ သောက်စားပြီး ပျော်ရအောင်လေ ဘဝရဲ့ အရသာကို ခံစားကြည့်လိုက်စမ်းပါ "
" ကျွန်တော်မလိုက်ဘူးလို့ ပြောနေတယ်လွှတ် "
သူက အတင်းရုန်းနေတာကြောင့် ဘေးနားက တစ်ယောက်က သူ့ခေါင်းကို လက်ပြန်ရိုက်ချလိုက်ကာ မျက်နှာလေးလည်ကျသွားခဲ့တယ်
တောက် ... လူးပါးဝလို့
ဒေါသတွေလည်း မီးတောက်လို အရှိန်အဟုန်ပြင်းပြင်း တောက်လောင်လာပြီး
သူ့အသားကို နာအောင် လုပ်တဲ့လူ ..
သူ့ကိုရိုက်လိုက်တဲ့ လူဆီကို ပြေးပြီး
ရင်ဝကို အရှိန်အဟုန်နဲ့ ဆောင့်ကန်ချလိုက်တယ်
အဲဒီလူလဲကျသွားတာနဲ့ တက်ခွလိုက်ပြီး မျက်နှာကို သဲသဲမဲမဲ ဆက်တိုက်ထိုးနေတုန်း
ခွပ်
နောက်ကနေ ခေါင်းးကို မာနေတဲ့ အရာတစ်ခုနဲ့ ရိုက်ချခံလိုက်ရတာကြောင့်
ဆက်မထိုးနိုင်ပဲ အောက်ကို လဲကျသွားတော့သည်။
အရိုက်ခံထားရတဲ့ ခေါင်းကနေလည်း ချွဲပစ်ပစ်နဲ့ သွေးတွေက စီးကျလာသည်။
Arr Shi ဒုက္ခပဲ သူက သွေးဆို အလိုလိုနေလန့်တတ်တဲ့သူ
ုသွေးတွေမြင်ရင် အရမ်းကြောက်တတ်တာ
Dyo လေးမြင်လို့ မဖြစ်ဘူး
တောက်... ဒီလူတွေတော့ သေချင်ပြီထင်ရဲ့
စိတ်ကသာ ကြုံးဝါးပြီး ထထိုးဖို့လုပ်ပေမဲ့
နောက်ထပ် သစ်သားချောင်းနဲ့ ပခုံးကို ဖြတ်ရိုက်ခံလိုက်ရလို့ ချက်ချင်းပြန်လဲကျသွားကာ
လူက လှုပ်တောင် မလှုပ်နိုင်တော့ပေ။
ကျွန်တော့်နားထဲ ကြားနေရသည်။
မလုပ်ဖို့ သူတောင်းပန်နေတာတွေ
သူငိုနေတဲ့အသံ
သူတို့က 5ယောက် ကိုယ်က တစ်ယောက်ဆိုတော့ ဘယ်လိုမှ အားကမမျှ
ဒါတောင် ခုနက ကျွန်တော်ထိုးတာ ခံထားရတဲ့သူက
သူ့သူငယ်ချင်းလက်ထဲက သစ်သားချောင်းကို ပြေးယူလိုက်ပြီး
နောက်ထပ်ရိုက်ဖို့ ရွယ်လိုက်တော့
သူက သူ့ကို ချုပ်ထားတဲ့သူရဲ့ လက်ထဲက ရအောင်ရုန်းထွက်လာပြီး
လဲကျနေတဲ့ ကျွန်တော့်အပေါ်ကနေ ကာကွယ်ပေးဖို့ ကြိုးစားနေပြန်တာကြောင့်
" ဟိတ်ကောင်လေး ဘေးဖယ်နော် မဖယ်ရင် ငါ့လက်ထဲက သစ်သားချောင်းက မင်းကိုယ်ပေါ်ရောက်သွားလိမ့်မယ် "
သူက ခေါင်းမာမာနဲ့ မဖယ်ပဲနေလိုက်တော့
သစ်သားချောင်းနဲ့ လူယုတ်မာတွေက ကျွန်တော့်အပေါ်က ကာကွယ်နေတဲ့ သူ့ကို ရိုက်ဖို့ လုပ်လိုက်တာနဲ့
ရှိတဲ့အားလေးနဲ့ သူ့ကို အောက်ကို ဆွဲချလိုက်ပြီး
သူ့အပေါ်ကို ပြောင်းနေရာယူလိုက်နိုင်လို့တော်တော့သည်။
သစ်သားချောင်းတွေက ကျွန်တော့်ကျောပေါ်ပဲ ကျလာခဲ့ပြီး သူ့ကို မရိုက်လိုက်မိဘူး
တော်ပါသေးတယ် အချိန်မှီ ကယ်လိုက်နိုင်လို့
နာစရာရှိ ကျွန်တော်ပဲ အနာခံမယ် သူ့ကိုတော့ နည်းနည်းလေးမှ အပွန်းပဲ့မခံနိုင်
သူဆိုတာ ကျွန်တော့်ရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာ
ဘယ်လောက်ပဲ အပေါ်ကနေ ရိုက်နေကြပါစေ
ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေကို အံတုပြီး အောက်မှာရောက်နေတဲ့ သူ့နှုတ်ခမ်းတွေကို နမ်းရင်း ချိုမြိန်မှုတွေနဲ့ အစားထိုးလိုက်သည်။
သူက ကျွန်တော်ခံနေရတာ မကြည့်ရက်လို့ သူ့ခန္ဓာကိုယ်ပေါ်ကနေ အုပ်မိုးကာကွယ်ပေးထားတဲ့ ကျနော့်ကို တွန်းထုတ်ဖို့ ကြိုးစားနေပေမဲ့ ဂရုမစိုက်ပဲ သူ့ခန္ဓာကိုယ်လေးကို ကျွန်တော့်လက်တွေနဲ့ တင်းကျပ်နေအောင် ဖက်ထားလိုက်ပြီး သူ့နှုတ်ခမ်းတွေကို နမ်းနေတဲ့ အနမ်းတွေက ရပ်တန့်မသွားခဲ့
ကျွန်တော့်ကျောပေါ်က နာကျင်မှုတွေက သူ့နှုတ်ခမ်းတွေကပေးတဲ့ ချိုမြိန်မှုတွေကို အနိုင်ယူနိုင်ပါ့မလား
သတိလစ်ချင်ချင်ဖြစ်နေတဲ့ အချိန်မှာပဲ လမ်းဘေးနားက လူတစ်စုရဲ့
"ဟေး ဘာဖြစ်နေကြတာလဲ "
ဆိုတဲ့ အသံနှင့်အတူ
အမူးသမား အုပ်စုထွက်ပြေးသွားတော့မှ
သူ့ကို စိတ်ချသွားပြီး တင်းခံထားတဲ့ စိတ်ကို ဖြေလျော့လိုက်လို့
တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေမှုကို ခံစားလိုက်ရပြီး ဘာဆို ဘာမှမသိတော့ပဲ မျက်ခွံတွေ မှိတ်ကျသွားခဲ့ပြီး
အရာအားလုံး အမှောင်အတိ
................................................
သတိရလာတော့ ပထမဆုံး မြင်တွေ့လိုက်ရတာက မျက်နှာကျက်ဖြူဖြူတွေ
" အား... "
ထမယ် လုပ်ပြီးမှ ခေါင်းက ညတုန်းက အရိုက်ခံထားရတာသတိရသွားပြီး နာကျင်နေသေးသည့် ခေါင်းကြောင့် အသာ ပြန်လှဲချလိုက်ရတယ်
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ဆေးရုံအခန်းတစ်ခန်းထဲ ရောက်နေတာထင်တယ်
ဒါနဲ့ .. သူရော ဘယ်ရောက်နေတာလဲ
ဘာလို့ ကျနော့်ဘေးမှာ ရှိမနေခဲ့တာလဲ
မြင်နေရတဲ့ တံခါးကမှန်ကတစ်ဆင့် ကိုယ့်ကို ပြန်ကြည့်မိတော့ ခေါင်းမှာလည်းပတ်တီးအစည်းခံထားရပြီး တစ်ကိုယ်လုံးက ဒဏ်ရာတွေကို ဆေးထည့်ပေးထားကာ အနာကပ်ပလာစတာတွေ ကပ်ပေးထားတာတွေ့ရတယ်
ထိုအချိန်မှာပဲ
အခန်းထဲကို DUTY COAT အဖြူနဲ့ Doctor တစ်ယောက်က ဝင်လာပြီး
ကျွန်တော့်ဆီကို လျှောက်လာခဲ့တော့သည်။
" Kim Kai ဟုတ်ပါတယ်နော် "
" ဟုတ်ကဲ့ "
" မင်းမိဘတွေရော ရှိလား "
" U.K. မှာတော့ ရှိတယ် ... ဒီမှာတော့ ကျွန်တော် တစ်ယောက်တည်းပဲ "
" မင်းကို ဆေးရုံလာပို့တဲ့ကောင်လေးက အားနည်းပြီးလဲကျသွားလို့ အခု အားဆေးသွင်းပေးပြီး အနားယူခိုင်းထားတယ် ... အစကတော့ သူ့ကို အသိပေးမလို့ပဲ အခု ကာယကံရှင်က သတိရလာပြီဆိုတော့ doctor မင်းနဲ့ ပဲ တိုက်ရိုက်ဆွေးနွေးရတော့မယ် ထင်တယ် "
" ဘာအကြောင်းလဲ doctor "
" ပြောရမှာ စိတ်တော့မကောင်းဘူးကွယ် မင်းက ခေါင်းကို ထိထားလို့ ဦးနှောက်သွေးယိုစိမ့်မှုတွေ ဖြစ်မလား အတွင်း ဒဏ်ရာတွေ ရှိမလား ဆိုပြီး ဓာတ်မှန် ရိုက်ကြည့်ရာကနေ မမျှော်လင့်ပဲ ရောဂါကို ရှာတွေ့သွားတယ် မင်းသိပြီးသားလား"
" doctor ဘာတွေပြောနေတာလဲ ကျွန်တော် ဘာမှမသိဘူး ကျွန်တော့်မှာဘာရောဂါမှ မရှိဘူး ကျွန်တော်က လူကောင်းတစ်ယောက်ပါ "
" ဒါဆို လူနာမသိသေးဘူးထင်တယ် အရင်တုန်းကရော ခေါင်းတွေကိုက်တာ ခေါင်းတွေ နာတာမျိုးတွေ ဖြစ်လို့ ဆေးရုံလာမပြဖူးဘူးလား "
ဖြစ်တော့ဖြစ်တယ်
ဒါပေမဲ့ အခုလို ခေါင်းတွေ ကိုက်တဲ့ အချိန်တိုင်း ကျနော်သိတာက Dyoလေး ကြောင့် စိတ်ရှုပ်လို့ ဖြစ်လာခဲ့တာတွေလို့ ထင်ထားခဲ့တာ
နောက်ပြီး ခေါင်းကိုက်တတ်တာက အခုမှ မဟုတ်တာ
ဟိုးအရင်တည်းက မကြာမကြာ ဖြစ်တတ်လို့ ကျနော့်အတွက် အထူးအဆန်း မဟုတ်တော့သလို ဆေးရုံပြဖို့ထိ မလိုအပ်ဘူးထင်လို့ ဒီတိုင်းပဲ ခေါင်းကိုက်တိုင်း ဆေးသောက် အိပ်လိုက်တာလေ
အိပ်ယာထရင် သက်သာသွားနေကြပဲကိုး
" မပြဖြစ်ဘူး "
" အခုdoctor ပြောမဲ့ စကားကို သေချာနားထောင်ပေးပါ အခု လူနာမှာ brain cancer ဖြစ်နေတယ် "
" ဗျာ... မဖြစ်နိုင်ဘူး ကျွန်တော်အကောင်းကြီးပါ"
" ဟုတ်တယ် အစပိုင်းတုန်းကတော့ ခေါင်းမူး ခေါင်းကိုက်လောက်နဲ့ပဲ ပြင်းပြင်းထန်ထန် ဖြစ်မလာပေမဲ့ နောက်ပိုင်းကျရင်တော့ မင်းကိုယ်တိုင် ဆိုးဆိုးဝါးဝါး ခံစားလာရတော့မှာ"
" ဒါဆို ကျွန်တော့်ရဲ့ အခုအခြေအနေက .. ကုသမှူ ခံယူမယ်ဆိုရင်ရော"
" cancer ဆိုတာ ပျောက်အောင်ကုသလို့ မရဘူး ရောဂါနုနေသေးတဲ့ အချိန်တွေမှာ cancer cellတွေ မပျံ့ပွားအောင် ဆေးတွေနဲ့ ထိန်းထားလို့ပဲရတာ ... ဒါပေမဲ့ အခု လူနာက အရင်ထဲက ပေါ့ပေါ့ဆဆနေလာတော့ နောက်ဆုံးအဆင့်ထိတော့ မရောက်သေးဘူးဆိုပေမဲ့ ထိန်းချုပ်ထားလို့ရတဲ့ အဆင့်ကို ကျော်သွားပြီ cancer cells တွေက တော်တော်လေးပျံ့နှံ့နေပြီ "
" ကျွန်တော် အသက်ရှင်ဖို့ကရော Chance ? "
" စိတ်ကိုတော့ ကိုယ့်ကို သေလူလို့ မသတ်မှတ်ထားပါနဲ့ ဒီလို ရောဂါတွေဆိုတာ နာကျင်မှုကို သက်သာအောင် ဆေးတွေနဲ့ ကုသပေးလို့ပဲရတာ ... doctorတို့လည်း တစ်ကယ် စိတ်မကောင်းပါဘူး ... "
" ဆိုးဝါးတဲ့ ရောဂါလက္ခဏာတွေက ဘယ်တော့ စပြတော့မှာလဲ ကျနော့်မှာ အချိန်ဘယ်လောက် ကျန်သေးလဲ "
" ရောဂါ signatureတွေက ကတော့ သိပ်မကြာခင် ပြလာတော့မှာ ဓာတ်မှန်ထဲက result အရဆိုရင်တော့ အဆိုးကြီးတော့ မဟုတ်သေးပါဘူး အချိန်ကျန်ပါသေးတယ် ဒါပေမဲ့ Brain cancer လူနာရှင်တွေကို ရောဂါအတိ ပျောက်ကင်းသွားအောင် ကုသပေးနိုင်တဲ့ ဆေးတွေမထုတ်နိုင်သေးဘူး "
" ကျေးဇူးပါ doctor အခု ကျနော် အနားယူချင်လို့ ထွက်ပေးပါလား ... ဒီရောဂါနဲ့ ပတ်သက်ပြီး ဘယ်သူမှ အသိမပေးပါနဲ့နော်"
" ရပါတယ် လူနာစိတ်ချမ်းသာသလိုပဲ အနားယူပါ "
Doctor ထွက်သွားတော့ ကျနော်ရင်ဘတ်ကြီး တစ်ခုလုံး ဟင်းလင်းပြင်ဖြစ်သွားသလို ခံစားလိုက်ရတယ်
ကျွန်တော်သေမှာ မကြောက်ပါဘူး
သူ့ကို ထားခဲ့ရမှာကို ကြောက်တာ
ကျွန်တော့်ကြောင့် သူနာကျင်ခံစားပြီး ကျန်ရစ်ခဲ့မှာကို ကြောက်တာ
ကျွန်တော်မသေချင်သေးဘူး
မသေပဲနေလို့မရဘူးလား
ဘာလို့ အခုလို ရက်စက်ရတာလဲ
သူ့ကို စိတ်မချလို့ သူ့ကို ထားပြီး မထွက်သွားပါရစေနဲ့
သူ့ကို ဘယ်လို ရင်ဆိုင်ရမလဲ
မဖြစ်နိုင်ဘူး
သူ့ကို ထားပြီး ဘယ်ကိုမှ ထွက်သွားလို့ မဖြစ်ဘူး
ကျွန်တော် ထွက်သွားရင် သူခံစားရမှာ
ဘာဆက်လုပ်ရမလဲ
ဘယ်သူမှ ကျနော့်ကို မကယ်နိုင်တော့ဘူးလား
ကျနော်လုပ်ခဲ့တဲ့ အပြစ်တွေကို ဒဏ်ခတ်တယ်ဆို ဒီလောက်ထိတော့ မရက်စက်ပါနဲ့
သူ့ကို ထားပြီး ဘယ်မှ မထွက်သွားပါရစေနဲ့
သူခံစားပြီး ကျန်နေရစ်ခဲ့မှာ ကြောက်လို့
သူ့ကို မနာကျင်စေချင်တော့လို့ ဘယ်မှ မထွက်သွားလို့ မရဘူးလား
နည်းလမ်းမရှိတော့ဘူးလား လမ်းဆုံးသွားပြီလား
ဒါက ဘဝရဲ့ အဆုံးသတ်ဆိုတာလား
မုန်းတယ် ဒါက အဆုံးသတ်ဆိုရင်
ကျွန်တော့် ဘဝကြီးကို ကျနော် အရမ်းမုန်းတယ်
~~~~~~~~~~T B C ~~~~~~~~~