ဓားနှင့် ခုတ်ပိုင်းခံထားရလို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ သူ့ဝက်ဝံရုပ်ကြီးရဲ့ အပိုင်းအစတွေကို ကောက်ကိုင်ရင်း ကျနော့်ကို အပြစ်တင်သလို စူးစိုက်ကြည့်နေသူ
"ငါ့အမြင်တော့ မင်းအရုပ်နဲ့ အချိန်ဖြုန်းနေရမဲ့ အရွယ်မဟုတ်တော့ဘူးမလား"
"ငါ့မှာ ရင်ဖွင့်စရာဆိုလို့ သူပဲရှိတာပါ ဘယ်သူမှ နားမထောင်ချင်တဲ့ ငါ့အကြောင်းတွေ အမြဲနားထောင်ပေးတတ်တဲ့သူ..သူက မင်းကို ဘာလုပ်နေလို့လဲ"
" နားငြီးလိုက်တာ အခုချက်ချင်း မင်းမျက်ရည်တွေကို သုတ်လိုက်... ဒီအရုပ် မရှိတော့တာ ငိုစရာလား...ဘာလို့ အသက်မရှိတဲ့အရုပ်ကို လူတစ်ယောက်သတ်ထားသလို လာပြောနေတာလဲ"
အစထဲက ငါဒီလိုလုပ်တာ မမြင်ချင်ရင် မင်းအနေအထိုင် ဆင်ခြင်သင့်တာ မဟုတ်ဘူးလား
အခုတော့ ဖြစ်ပျက်နေတာ အရုပ်တစ်ရုပ်ပျက်စီးတာနဲ့မတူပဲ လူတစ်ယောက်သေသွားသလို အသုဘလာငိုနေတဲ့ မျက်နှာနဲ့ ကျက်သရေကို မရှိဘူး
" မင်းအမြင်တော့ သူက အရုပ်ပေါ့ ..အရုပ်ဆိုပေမဲ့ ငါဘယ်တုန်းကမှ အရုပ်လို့ သဘောမထားခဲ့ဖူးဘူး ...ဒါက လွန်ခဲ့တဲ့ဆယ်နှစ်က ငါ့မိဘတွေဆီက ငါနောက်ဆုံးရခဲ့တဲ့ မွေးနေ့လက်ဆောင်ပဲ..သူတို့အစား ငါ့ဘေးရှိနေပေးတဲ့ တစ်ခုတည်းသော ကိုယ်ပွား.. မင်းအရမ်းရက်စက်တယ် ... အမြဲတမ်း ငါ့ဘက်ကို ပြန်ကြည့်မပေးဘူး မင်းဖြစ်ချင်တာတွေကို မင်းလုပ်ချင်သလို လုပ်တယ်"
သူ့မိဘတွေပေးထားတဲ့ မွေးနေ့လက်ဆောင်တဲ့လား
ဒီတိုင်း Sehun နှင့် Lay တစ်ယောက်ယောက် ၀ယ်ပေးထားတယ် ထင်ခဲ့မိလို့
အရုပ်အပိုင်းအစတွေကို ကောက်ယူနေပြီး အော်ဟစ် ငိုကြွေးနေသည့် သူ့ကို ဘယ်ကစပြီး နှစ်သိမ့်ရမည်မသိသည့် အဆုံး
" တော်တော့ကွာ တိတ်တော့ "
" ဘာလို့လဲ ငါ့ကို မုန်းတာနဲ့ပဲ ဒီအရုပ်ကို ဒီလောက်ထိ လုပ်ဖို့ လိုအပ်လို့လား "
" လိုအပ်လို့ လုပ်တာပေါ့ မလိုအပ်ပဲနဲ့ ငါက လက်ညောင်းခံပြီး လုပ်ထားပါ့မလား "
" မင်းက နှလုံးသားမရှိဘူး ရက်စက်တယ် "
ဟုတ်တယ် Kyung Soo .. ငါက နှလုံးသားမရှိဘူး ဘာလို့လဲသိလား ငါ့နှလုံးသားက ငါ့ဆီမှာရှိမနေပဲ မင်းဆီမှာရောက်နေတာလေ
ငါပေးချင်မှန်းမသိ မပေးချင်မှန်းမသိ မင်းရအောင်ယူသွားခဲ့တဲ့ ငါ့နှလုံးသား ...
ငါကိုယ်တိုင်တောင် ဘာမှ မသိလိုက်ရပဲ ငါ့နှလုံးသားတစ်ခုလုံး ငါ့ဘဝတစ်ခုလုံး မင်းလက်ထဲ ပုံအပ်ထားပြီးသားဖြစ်နေတာ
"ရက်စက်တယ် မှန်တယ် ဒါပေမဲ့ ငါရက်စက်တတ်တာ မင်းကို မမှီသေးဘူး "
" ငါက မင်းအပေါ်ဘာတွေများ ရက်စက်ခဲ့ဖူးလို့လဲ "
" ကိုယ့်ကို အပြစ်လုပ်ထားပြီး မသိချင်ယောင်ဆောင် အရူးပုံဖမ်းနေရတာ မမောသေးဘူးလား Kyung Soo"
"အဲဒီတော့ ငါက မင်းသဘောကျအောင် မင်းအလိုကျ ဘယ်လိုနေပေးစေချင်တာလဲ ပြောလေ"
"ထွက်သွား အခန်းထဲက .. မျက်စိနောက်တယ်"
အမြဲတမ်း အနားမှာပဲနေပေးပါ ဘယ်သူနဲ့မှ မပတ်သက်ပါနဲ့လို့ အပ်ကြောင်းထပ်အောင် ပြောခဲ့ဖူးတယ် သူက ဘယ်တုန်းက စကားနားထောင်ခဲ့လို့လဲ အခု လည်း မေးပြန်ပြီ ပြောလည်း ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်နေဦးမှာပဲ
ရစရာမရှိတော့တဲ့ သူ့အရုပ်အပိုင်းစတွေကို သယ်ပြီး အခန်းထဲကပြေးထွက်သွားသည်။
ထွက်သွားဆိုတိုင်း လွယ်လွယ်ကူကူ ထွက်သွားနိုင်ပြန်သည့်
မင်းရဲ့ အပြုမူတွေကိုက မုန်းဖို့ကောင်းနေလိုက်တာ
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွတ် ... ဘယ်ရောက်နေတာလဲ
မီးဖိုချောင် ..ရေချိုခန်း ...ခြံထဲ ..နေရာစုံအောင် ပတ်ရှာကြည့်တော့ မတွေ့ရ ...မဟုတ်မှလွဲရော သူ ထွက်ပြေးသွားတာလား..
ဘယ်ဆီကို ထွက်ပြေးသွားတာလဲ
ခဏလေးအတွင်း ကျနော့်ရင်တွင်းဝယ် အကြောက်တရားတို့ လွှမ်းမိုးသွားသည်။
ဖုန်းဆက်ရင်ရော ကိုင်ပါ့မလား
ထွက်သွားဆိုတာ အခန်းထဲကနေ ထွက်ခိုင်းတာ
ငါ့ကိုထားပြီး မင်းကို ထွက်သွားခွင့်ပြုလိုက်တာ မဟုတ်ဘူး Do Kyung Soo
ဖုန်းကို ကိုင်ထားသည့် လက်တွေက တဆတ်ဆတ်တုန်ယင်နေသည်။ သူတစ်ကယ် ထွက်ပြေးသွားမှာကို သေမတတ် ကြောက်ရွံ့ နေမိသည်။
သူ့ဆီကို ဖုန်းဝင်သွားသည်နဲ့ နှလုံးခုန်နှူန်းတွေ မြင့်တက်လာသည်။
မြန်မြန်ကိုင်ပါတော့ Kyung Soo
ငါ့ကို သွက်သွက်ခါအောင် ရူးသွပ်သွားစေချင်တာလား
"Kai..ပြောလေ"
သူကိုင်လိုက်မှ ဆယ်နှစ်လောက် ပိတ်လှောင်ခံထားရတဲ့ အခန်းထဲက လွတ်မြောက်လာသူလို စိတ်သက်သာရာ ရသွားတော့သည်။
" မင်းအခုဘယ်မှာလဲ .."
"ဒါက..ဟို.."
" ငါမေးတာဖြေ မင်းအခု ဘယ်မှာလဲလို့ "
" ငါ .. ငါက အခု "
သူက ဆက်မပြောပဲ စကားရပ်နေတဲ့ အချိန် ဘေးနားကနေ "hyung ဘယ်သူဆက်တာလဲ " ဆိုတဲ့ Sehun ရဲ့ အသံကို ခပ်တိုးတိုး ကြားလိုက်ရသည်။
တောက်.. ထင်ထားတဲ့အတိုင်း .. လူလစ်လစ်သလို ထိန်းမရတဲ့ Do Kyung Soo ပါလား
မင်း အခု ဟိုကောင့်ဆီကို ထပ်သွားပြန်ပြီလား
~~~~~~~~~~~~~~~~~~~~~~~~~
ဆိုင်ကို ရောက်တော့ ဆိုင်မှာရှိမနေ .. အိမ်တဲ့.. သိပ်ကိုရဲတင်းနေကြတာပေါ့.. ဟုတ်လား..
" ဘယ်သူနှင့် တွေ့ချင်လို့ပါလဲ "
"Do Kyung Soo"
ခြံစောင့်က အ၀င် တံခါးကို ဖွင့်ပေးလိုက်တာနဲ့ ကားကို ခြံထဲ တန်းပြီး မောင်းဝင်လာခဲ့သည်။
ိ
အိမ်ထဲကို ၀င်လာသည့် ခပ်ပြင်းပြင်း ခြေသံကြောင့်
အိမ်ဖော်ဖြစ်ဟန်တူတဲ့ ကောင်မလေးက
ကြမ်းတိုက်နေရာက လန့်ပြီး မော့ကြည့်လာကာ
" ဧည့်သည် ထင်တယ် ဆရာနှင့် ဆရာကတော် အပြင်သွားပါတယ် "
"ဟိုကောင် Sehun ဆိုတာဘယ်မှာလဲ"
ကောင်မလေး မျက်နှာက သွေးမရှိသလို ဖြူဆုတ်၍ ကျနော့်ကို ကြောက်ပြီး တုန်နေသည်။
" အစ်ကိုလေးက ဖျားနေတယ် ဆင်းတွေ့နိုင်မှာမဟုတ်ဘူး"
"Kyung Soo ကို လာခေါ်တာလို့ သွားပြော"
"ဟုတ်..ပြောလိုက်ပါ့မယ်"
ကောင်မလေးကပြောပြီး အပေါ်ထပ်တက်သွားတော့ နောက်ကနေ မသိမသာ ကပ်လိုက်သွားလိုက်သည်။
အခန်းတစ်ခန်းရှေ့ အရောက် တံခါးခေါက်လိုက်သည့် ကောင်မလေးကို ဆွဲဖယ်လိုက်သည်။
" အောက်မှာ စောင့်နေခဲ့တာ မဟုတ်ဘူးလား"
" ငါစောင့်ချင်မှ စောင့်မှာပေါ့"
အော်လိုက်တော့ ကောင်မလေးက ကြောက်ကြောက်နဲ့ အောက်ထပ်ကို ပြန်ပြေးဆင်းသွားသည်။
ခဏအကြာ တံခါးလာဖွင့်သူက Sehun မဟုတ်ပဲ ကျနော့်ရဲ့ ချစ်လှစွာသော Dyo
တံခါးရှေ့ မှာရပ်နေတာတွေ့တော့ အံ့သြသွားတာလား ထိတ်လန့်သွားတာလား အဓိပ္ပာယ်ဖွင့်ရခက်သည့် မျက်နှာနဲ့
"ဒီအထိ ဘာလုပ်လာတာလဲ Kai.."
" မင်းက အခု မင်းကောင်ဖျားနေတာကို လာပြုစုနေတာပေါ့ ဟုတ်လား"
သူမျက်နှာက တော်တော်လေးကို စိတ်ဆင်းရဲသွားသည့်ပုံ
ဒါပေါ့ သူတို့အပျော်တွေ ပျက်စီးကုန်တော့မှာဆိုတော့လေ
" သူ နေမကောင်းလို့ ခဏလာကြည့်တာပါ .. Sehun အိမ်မှာလည်း လူကြီးတွေတစ်ယောက်မှ မရှိဘူးဆိုလို့"
ဒါပေါ့ Kyung Soo
မင်းတို့နှစ်ယောက်ထဲ .... လူမရှိတာ ဂွင်ကောင်းပဲ
ရေကန် အသင့် ကြာအသင့် လမ်းရှင်းထားပြီးသား
"ဘာ အကြောင်းပြချက်မှ လာမပေးနဲ့ Kyung Soo.. အခု ချက်ချင်း ငါနဲ့ပြန်လိုက်ခဲ့"
" ခဏ.. ဒီဆန်ပြုတ်ပဲ ကုန်အောင်တိုက်ပြီးတာနဲ့ ပြန်လိုက်မယ်"
ဆန်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်ပြီး Sehun ကို ခွံကျွေးဖို့ လုပ်လိုက်သည်။
ဒါ သက်သက်မဲ့ မျက်နှာပြောင်လာတိုက်တာ
"ငါ စကားရှည်ရှည်ဝေးဝေး မပြောချင်ဘူး.. သူ့ကို ဆက်ပြီး ပြုစုနေမှာလား..ငါနဲ့ပြန်လိုက်မလား..ပြော"
ဒေါသအရှိန်နဲ့ လေသံက ခက်ထန်သွားသည်။
ဒါတောင် သူ့ဆီက ပြန်လိုက်မယ်ဆိုတဲ့ အဖြေထွက်မလာ
ကြည့်မရတဲ့ အရှိန်နဲ့ သူ့လက်ထဲက ခွံ့ကျွေးဟန်ပြင်နေသည့် ဆန်ပြုတ်ခွက်ကို ပုတ်ထုတ်လိုက်သည်။
ဆန်ပြုတ်ရည်တွေက Sehun အကျီ င်္တွေပေါ် မှောက်ကျကုန်ပြီးတော့
"အား.. hyung ပူတယ်"
ဆိုပြီး Sehun အော်လိုက်တော့ သူ ချက်ချင်း ပျာယာခတ်သွားပြီး
"အကျီချွတ်လိုက် hyung လျှော်ပေးမယ် အခု အကျီတစ်ထည်လဲ"
ဆိုပြီး အကျီသစ် တစ်ထည်ပြေးယူလိုက်ပြီး ဆန်ပြုတ်ပူတွေ ပေနေတဲ့ Sehun လက်တွေ ကိုယ်တွေကို ရေခဲစိမ်ထားတဲ့ အဝတ်အစနဲ့ သုတ်ပေးနေသည်။
လူကို ဂရုမစိုက်နိုင်အားလောက်အောင်ကို Sehun ဆိုတဲ့ကောင်ကို ကြင်နာပြနေတာ
"မင်းဘာလုပ်နေတာလဲ ငါ အခုပြန်မယ်လို့ ပြောနေတာ မကြားသေးဘူးလား Do Kyung Soo"
" ဒီမှာ သူက နေမကောင်းနေတာ..အခု မင်းလုပ်လိုက်လို့ ဆန်ပြုတ်ပူတွေ လောင်းမိသွားပြီ .. ငါက မဆိုင်သလို မျက်နှာလွှဲပြီး အကောင်းပကတိ ရှိနေတဲ့ မင်းနောက်ကို လူမဆန် သလို လိုက်လာရမှာလား"
ဖြေရှင်းချက်တွေ နားထောင်ဖို့ ရောက်လာတာ မဟုတ်တဲ့အတွက် Sorry ပဲ Kyung Soo
အနုနည်းမရ အကြမ်းနည်းပေါ့
သူ့ လက်ကောက်ဝတ်နှစ်ခုလုံးကို ဖမ်းဆုတ်လိုက်ရော အကြောက်အကန် ရုန်းတော့သည်။
လုံးဝကို ခါးခါးသည်းသည်းပဲ
အဲဒီလိုရုန်းကန်နေရတဲ့ အကြောင်းပြချက်က Sehun ဆိုတဲ့ကောင်ကြောင့်
တွေးလိုက်တိုင်း ဘယ်လောက်ရင်နာစရာကောင်းသလဲ
စိတ်မရှည်တော့တဲ့အဆုံး သူ့ကို ဆွဲနေတဲ့ လက်တွေကို ဖြုတ်ချလိုက်သည်။
"အဲဒါတွေအကုန်လုံး မင်းကြောင့်"
ခွပ်...
အိပ်ရာပေါ်လဲနေတဲ့ Sehun ဆီကို ပြေးပြီး လက်သီးနှင့် ထိုးလိုက်တော့ နဂိုထဲက ကိုယ်ပူတွေတက်ပြီး အားလျော့နေတဲ့သူဆိုတော့ တစ်ချက်ထဲနဲ့ လဲကျသွားသည်။
" Kai..မလုပ်နဲ့"
အတင်းလက်ကို လာဆွဲတားနေလို့ ဆက်ထိုးလို့မရတော့
ဆွဲနေတဲ့ သူ့ရဲ့လက်တွေကို အားကုန်သုံးပြီး ပုတ်ထုတ်လိုက်သည်။
ပြီး အိပ်ရာထက်လဲကျနေသည့် Sehun ကို လက်နဲ့ပြန်ဆွဲထူပြီး ဆက်ထိုးမယ်လုပ်တော့ သူက ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ကာ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး
"ငါလာခဲ့တာပါ..ငါ့အမှားတွေပါ..မင်းမကျေနပ်ရင် ငါ့ကိုပဲထိုးပါ"
မျက်ရည်တွေ ကျပြပြီး အသနားခံနေတာ တောင်းပန်တာတွေအားလုံး Sehun အတွက်တဲ့လား
"မင်းကောင် အသားကိုထိတော့ နာတတ်ပြီပေါ့ ဟုတ်လား.. Do Kyung Soo ဖြေစမ်းပါ"
အကျီ င်္ကော်လံစကနေ ဆွဲမလိုက်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် လက်သီးကို သူ့မျက်နှာတည့်တည့် ရွယ်လိုက်သည်။
သူ့မျက်နှာကို ထိဖို့ ဆုပ်ထားသည့် လက်သီးစက နေရာတင်ရပ်တံ့နေကာ ဘယ်လိုမှ ဆက်တိုးမရ
လက်သီးဆုပ်ကိုဖြေလိုက်ပြီး ဆွဲယူထားတဲ့ကော်လံစကို လွှတ်ပေးလိုက်တော့ သူက အောက်ကိုပုံကျသွားသည်။
"မင်းတို့မှန်တယ်.. မင်းတို့ဆီ နောက်မှရောက်လာပြီး ၀င်ရှူပ်မိတဲ့ ငါပဲမှားတာ.. ငါပဲ အဆုံးသတ်လိုက်ရင်ရပြီ..ဘယ်သူမှ ပတ်ရမ်းစရာမလိုတော့ဘူး"
ကုတင်ဘေး စားပွဲပေါ်တင်ထားသည့် ကတ်ကြေးကို ဆွဲယူပြီး
ကိုယ့်လည်ပင်းကို ထောက်လိုက်သည်။
ကျနော့်ကို တုန်လှုပ်ခြောက်ခြားစွာ မော့ကြည့်လာရင်း
"Kai... ဒါဘာလုပ်တာလဲ အခုချက်ချင်း ပြန်ချထားလိုက် "
" မချဘူး ..မင်းက ငါချစ်သလိုမှ ငါ့ကိုပြန် မချစ်ပဲ..ဘယ်သူမှာမှ အပြစ်မရှိဘူး ...မင်းလိုလူကိုမှ ချစ်ခဲ့မိတဲ့ ငါကပဲ အပြစ်ရှိတာ မင်းကို ချစ်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ ပြန်အပြစ်ပေးလိုက်တော့မယ် "
ကတ်ကြေးကို ထိုးလိုက်တော့ လည်ပင်းထဲကို နစ်ဝင်ရမည့်အစား သူ့အတင်းအကျပ်လုယူနေတာကြောင့် သူ့လက်ထဲပါသွားကာ အပေါ်ယံရှပ်ထိမိရုံပဲ ထိုးမိကာ ရှပ်ထိမိသည့်နေရာကနေ သွေးတွေစီးကျလာသည်။
သူ့လက်ထဲက သွေးတွေပေနေတဲ့ ကတ်ကြေးကို ကြမ်းပြင်ပေါ် အလန့်တကြားလွှတ်ချလိုက်ပြီး
" မလုပ်ပါနဲ့ Kai... ငါ ငါ ငါ သွေးတွေကို ကြောက်လို့ပါ ငါချစ်တဲ့သူတွေက အဲဒီလို သွေး သွေး တွေထွက်ပြီးတော့...... ငါ့ ကို ထား သွား.. "
ဆက်မပြောတော့ပဲ ကျနော့် လည်ပင်းက စီးကျလာသည့် သွေးတွေကို မျက်လုံးအ၀ိုင်းသား ကြည့်ပြီး သူ့အသံတွေ တိမ်ဝင်သွားသည်။
" မင်းထင်သလို မဟုတ်ဘူး ငါတို့ချင်းက ညီအစ်ကိုတွေလိုပဲ နေလာတာ..ငါ့မှာလည်း ရည်ရွယ်ထားတဲ့ ချစ်သူရှိတယ် အချိန်တန်ရင် သူ့ဆီကိုပဲ ငါထွက်သွားမှာပါ Kai"
ဘာအခုမှ ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ချစ်သူတွေ လာအကြောင်းပြချက်ပေးနေတာလဲ Sehun
ပြောတိုင်းယုံရအောင် Kim Kaiကို ငတုံးငအထင်နေတာလား
" မလိုချင်ဘူး ... သူ့ဘေးနားမှာ ဘယ်သူမှ ရှိနေတာ ငါမကြိုက်ဘူး .. မင်းမှာ ချစ်ရတဲ့သူရှိလည်း မင်းချစ်သူနဲ့ နေပါလား ဘာလို့ သူများလူကို အခုလို ခေါ်ခေါ်ပြီး ငါ့ကို နှိပ်စက်နေတာလဲ "
" hyung ကို ခေါ်တယ်ဆိုတာ တစ်ခုခု ဖြစ်တိုင်း ငယ်ငယ်တည်းက အားကိုးတစ်ကြီး ခေါ်နေကြမို့ အကျင့်ပါသွားလို့ ...ဒီနေ့အတွက် တောင်းပန်ပါတယ်.. ငါဒီနိုင်ငံမှာ ဆက်ရှိနေရင် ငါတို့ကြားထဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေမဲ့ hyungကို ဆက်ပြီး မကြည့်ရက်တော့လို့ ထွက်သွားပေးမယ်.. ဒါပေမဲ့ တစ်ခုတော့ ကတိပြန်ပေးပါ ...hyungကို ဒီထက်ပိုပြီး ခံစားရအောင်မလုပ်တော့ပါဘူးလို့ .. မဟုတ်ရင် မင်းကို ချစ်တဲ့ အချစ်တွေနဲ့ hyung ရူးသွားလိမ့်မယ် ...hyung က Chanyeolတုန်းကထက်တောင် မင်းကို ပိုအလိုလိုက်ပြီး အကြိုက်နေပေးခဲ့တာ ငါတို့က ဘေးကလူတွေမို့ အသိဆုံးပါ"
" ရပြီ.. ဆက်မပြောနဲ့ မင်းထွက်သွားပေးမယ်ဆိုတာနဲ့တင် ကျေးဇူးတင်နေပြီမလို့ "
အကြောက်လွန်ပြီး အသိစိတ်မရှိတော့သလို ဖြစ်နေသည့် သူ့ကို ပွေ့ချီပြီး အိမ်ထဲကနေ ထွက်လာခဲ့သည်။
ဒီကောင် ထွက်သွားပေးမယ်ဆိုတာတော့ သေချာပါတယ်နော်
ကားပေါ်ထိုင်လိုက်သည်အထိ သူက လည်ပင်းက သွေးတွေကို မြင်ပြီး အကြောက်မပြေသေးလို့ ထင်သည် စကားတောင် မပြောနိုင်တော့ .. တစ်ချိန်လုံး လူကိုပဲ ကြွေကြတော့မည့် ပန်းပွင့်အလား မျက်တောင်မခတ်ကြည့်နေသည်။
ခဏအကြာမှာတော့ သူ့မျက်လုံးတွေပုံမှန်ပြန်ဖြစ်လာသည်။
မပြောမဆိုနဲ့ လည်ပင်းက ဒဏ်ရာက သွေးတွေကို ခပ်ဖွဖွလေးနမ်းပြီး စုပ်ယူလိုက်သည်။
တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး ကြက်သီးတွေတောင်ထလာသည်။
" ဘာလုပ်တာလဲ "
" သွေးတွေက ဆက်တိုက်ထွက်နေလို့ အာငွေ့ပေးတာ ဒီလိုစုပ်လိုက်ရင် သွေးတွေက သိပ်မထွက်တော့ဘူး ..."
ပြောပြီး သူ့အိပ်ကပ်ထဲက အိတ်ဆောင်ဆေးအနာကပ်ပလာစတာကို ထုတ်ကာ လည်ပင်းကို ကပ်ပေးလာသည်။
"နောက်တစ်ခါ ထပ်ပြီး ဒဏ်ရာတွေမရှာနဲ့နော်"
" မင်းနဲ့ မဆိုင်ပါဘူး ငါ့အသား ငါလုပ်တာ မင်းအသားကို လာလုပ်နေတာမှ မဟုတ်တာ "
ပြောသာ ပြောလိုက်ရပေမဲ့ သူ့ရှေ့မှာ သူကြောက်သည်ဆိုတဲ့ သွေးတွေ ထပ်မမြင်ရတော့အောင် ဆင်ခြင်ရမည်လို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။
သူချစ်ရတဲ့သူတွေက သူ့ကို သွေးတွေနဲ့ထားသွားတာတဲ့
အဲဒါ ဘယ်သူလဲ ... Chanyeolလား.. သူ Chanyeolကို မုန်းခဲ့တာမဟုတ်ဘူးလား...ဒါမှမဟုတ် အပျော်ကစားခဲ့တာလား...ဟိုနေ့က ဖတ်ရတဲ့ အထိတော့ သူနှင့် Chanyeol က အဆင်ပြေနေပါပြီ.. ဒါနဲ့များ ဘာတွေထပ်ဖြစ်ခဲ့လို့ Chanyeolနှင့်သူက ဒီလို အခြေအနေတွေထိ ဖြစ်လာခဲ့တာလဲ.. Chanyeolကို သူတစ်ချက်လေးတောင် လှည့်မကြည့်ပဲ ထားရစ်နိုင်ခဲ့တဲ့ အချက်က ဘာများလဲ
~~~~~~~~~~~T B C ~~~~~~~~~