ကျနော် အတန်းမတက်ဖြစ်သလို သူနဲ့ မတွေ့ဖြစ်သည်မှာလည်း ဘာလိုလိုနဲ့ တစ်ပတ်တောင်ရှိသွားလေပြီ။
ဒီနေ့ ကြော်ငြာရိုက်ဖို့လည်းရှိနေတော့
Sakura နဲ့တွေ့လို့ အဆင်ပြေလားမေးရင်တောင် အားတက်ဖွယ်ရာ အဖြေက ရှိမနေ
...................................................................
Shootingကို ရောက်လာတော့ Sakuraက အနားကိုပြေးလာပြီး
ထင်တဲ့အတိုင်း မေးခွန်းတွေစလာပြီ
" Oppa... ဟိုတစ်ယောက်ကို မေ့သွားပြီလား... "
မေ့သွားပြီလားတဲ့
မမေ့သေးတာတော့ သေချာတယ်
မနက်အိပ်ရာထတာနဲ့ သူ့ကိုပဲ အရင်သတိရပြီး သူ့မျက်နှာကိုပဲ မြင်ယောင်နေမိတာကလွဲရင်ပေါ့ ကျန်တာ အဆင်ပြေပါသည်။
" မေ့သင့်တဲ့သူပဲ မေ့ရမှာပေါ့ "
" Oppaစကားကြီးကလည်း ဘာကြီးလဲ ... မေ့ရမှာပေါ့ဆိုတော့ အခုထိ မမေ့သေးဘူးဆိုတဲ့ သဘောလား"
" မုန်းဖို့လွယ်တယ် မေ့ဖို့ခက်တယ်တဲ့ တစ်ချို့လူတွေကပြောကြတယ်... သူတို့တောင် မုန်းနိုင်ပြီး မေ့ဖို့ခက်သေးတာပဲ ... Oppaက အခုထိ သူ့ကို မုန်းဖို့တောင် မလွယ်သေးတာ မေ့ဖို့ဆိုတာက အရမ်းကို ခက်ခဲသွားပြီ "
"သူ့ကို မမုန်းနိုင်သေးဘူးလား"
" မသိဘူး... သူနဲ့ပတ်သက်တဲ့ ခံစားချက်တွေက အခုထိ ရှင်သန်နေတုန်းပဲ"
" ဖြစ်တတ်ပါတယ် ဒါက Oppa အနေနဲ့ အချစ်ဦးဖြစ်ပြီး ပထမဆုံး ခံစားရတာ ဖြစ်နေလို့ပါ... နောက်ကျရင် သူ့ကို မုန်းပြီး မေ့နိုင်သွားမှာပါ"
" ဒီလိုပဲ မျှော်လင့်မိတာပဲ"
Shooting စတော့ Director ခိုင်းတဲ့ အတိုင်း Sakura နှင့်ကျနော်က Ice-Cream တစ်ခုတည်းကို အတူတူ စားပြတဲ့ အခန်းရိုက်ရတယ်
သူလည်း Ice-Cream အရမ်းကြိုက်တာ
အရင်တုန်းက စိတ်ကူးဖူးတယ်
သူနှင့်အတူတူ Ice-Cream တစ်ခုတည်းအတူတူ စားဖို့ ...
အခုတော့ အကြံအစည်တွေ မအောင်မြင်လိုက်ခင်မှာပဲ အရာအားလုံးကို သူက ဖျက်ဆီးသွားခဲ့ပြီပဲမလား
" Cut"
ဆိုတဲ့ Directorရဲ့ အော်သံကြောင့် ice-cream စားနေတဲ့ Sakura ရော ကျနော်ပါ စားနေတာရပ်ပြီး ပြိုင်တူ လှည့်ကြည့်လိုက်သည်။
" Chanyeol ...... မင်း သရုပ်ဆောင်နေတာ လုံးဝ အသက်မပါဘူးဖြစ်နေတယ်...... ရေခဲမုန့်ကို ချစ်သူနှစ်ဦးက တစ်ယောက်နဲ့ တစ်ယောက် ကြည်ကြည်နူးနူး ကြည့်ပြီး မြိန်ရေယှက်ရေ စားပြရမှာလေ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးက ရေခဲမုန့်ရဲ့ ချိုမြိန်မှုတွေအောက်မှာ သာယာနေပြီး sweet ဖြစ်ရင်း စားနေတဲ့ ပုံစံ သရုပ်ဆောင်ရမှာ... အခုက မျက်နှာကြီးက တည်နေပြီး စားနေတာကလည်း မလွှဲသာ လို့ စားနေရတဲ့ ပုံစံဖြစ်နေတယ်"
Director က ပြောလာတော့ နောက်တစ်ကြိမ် ထပ်ကြိုးစားပါ့မယ် ပြောပြီး ဆက်ရိုက်နေပေမဲ့ ခြောက်ကြိမ်လောက်ရှိတဲ့ အထိ Directorက သူလိုချင်တဲ့ ပုံစံမရလို့ စိတ်ရှုပ်ပြီး ခေါင်းတွေ ကုပ်နေပြီ
နောက်ဆုံးအနေနဲ့ Directorက ကျနော့်မျက်လုံးတွေကို စူးစိုက်ကြည့်လိုက်ပြီး
"အချစ်ဆိုတာကို ခံစားဖူးလား... အရမ်းချစ်ခဲ့ရတဲ့သူရောရှိလား ... တစ်ကယ်လို့ သရုပ်ဆောင်ရတာ အဆင်မပြေဘူးဆိုရင် Sakura နေရာမှာ ကိုယ်ချစ်ရတဲ့သူလို့ မြင်ယောင်ပြီးတော့ သရုပ်ဆောင်ကြည့်ပါလား"
Directorရဲ့ စကားက ကျနော့်ရင်ဘတ်ထဲကို တည့်တည့်ထိမှန်လာတယ် ... ကျနော် အချစ်ဆိုတာကို ခံစားတတ်တယ်...ခံစားတတ်လွန်းလို့ သေမလောက်အထိ ခံစားရပြီးပြီ ... ချစ်ရတဲ့သူတဲ့ သိပ်ရှိတာပေါ့ဗျာ... ကျနော် သူ့ကို သိပ်ချစ်ခဲ့တာ
"ဟုတ်ကဲ့ ဒီတစ်ခါ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ် စိတ်မပျက်စေရပါဘူး"
ဒီအခန်းကို ထပ်တလဲလဲရိုက်ပေးနေတဲ့ Director ကြီးကို အားနာလာတာနဲ့ အစွမ်းကုန်ကြိုးစားပေးဖို့ ဆုံးဖြတ်လိုက်တယ်
Sakura နေရာမှာ သူလို့မြင်ယောင်ထားပြီး ခံစားချက်တွေ အသက်သွင်းလိုက်တယ်
ဒီတစ်ခါတော့ ခံစားချက်တွေနဲ့အတူတူ မျက်နှာ အမူအယာရော သရုပ်ဆောင်ချက်တွေပါ အသက်ဝင်သွားလို့ ထင်သည်။ Director က good လို့ လှမ်းအော်လိုက်ပြီးတော့ ဒီနေ့တော့ ဒီလောက်ပဲ ဆိုပြီး shooting ကို ရပ်နားလိုက်တော့သည်။
Sakura နှင့်အတူတူ တွဲလျှောက်လာတုန်း လာကြည့်နေတဲ့ လူအုပ်ကြားထဲကနေ သူ့ကို လှစ်ခနဲ မြင်လိုက်ရသည်။
ရင်ထဲ ဒိတ်ခနဲဖြစ်သွားသလို ကိုယ်တိုင်တောင် ဘာမသိလိုက်ခင် သူ့အနားကို ခြေလှမ်းတွေက အလိုလိုလှမ်းနေခဲ့ပြီး မရည်ရွယ်ပဲ သူ့ဆီသို့ လျှောက်သွားမိပြီးသား ဖြစ်နေသည်။
ဘေးနားက Sakura ကလည်း ထပ်ကြပ်မကွာ လိုက်လာခဲ့သည်ကို သူ့ဆီရောက်မှပဲ သတိပြုမိတော့သည်။
သူနဲ့ မျက်နှာချင်းဆိုင် ဖြစ်လာမှ ငါ ဘာလို့ သူ့ဆီကို လာခဲ့မိပါလိမ့် ဆိုပြီး အသိပြန်ဝင်လာပြီး
ငါဆိုတာဟာလည်း သူ့ကိုမြင်လိုက်ရရင်ကို လူက အလိုလိုနေရင်း သတိလက်လွတ်ဖြစ်သွားပြီး အိနြေ္ဒတောင်မဆည်နိုင်တဲ့အထိပါပဲလား သရုပ်ပျက်လိုက်တာ
" ဒီအထိ ရောက်လာတာကြည့်ရတာ ငါနှင့် Sakura ရေခဲမုန့်အတူတူ စားနေတာကို ကြည့်ချင်လို့နဲ့တူတယ်"
မရည်ရွယ်ပဲ ထွက်သွားသည့် စကားလုံးတွေ
"Chanyeol... ငါ့ကို မရွဲ့ပါနဲ့.. ငါ့ကို ခံစားစေချင်ရုံသက်သက်ဆို မင်းနိုင်ပါတယ်... ငါ တစ်ကယ် နာကျင်နေရပြီမလို့် .. ငါလည်း မင်းလိုပဲ သဝန်တိုတတ်တဲ့ သူဖြစ်နေလို့ ... ငါလည်း ခံစားချက်ရှိတဲ့ လူသားတစ်ယောက်မလို့ ... မင်းကို ချစ်မိတဲ့အချစ်တွေက ငါ့ကိုအချိန်မရွေး အလဲထိုးနေပြီးသားမလို့ မင်းနိုင်ပါတယ် ကျေးဇူးပြုပြီး တော်ပါတော့.."
တစ်ကယ်တမ်း သူ့ရဲ့စကားတစ်ခွန်းဆီတိုင်းက နှလုံးသားထဲ တစ်ချက်ပြီး တစ်ချက် စိုက်ဝင်လာကာ အလိမ်အညာတွေမှန်းသိသိနဲ့ နာကျင်နေသည့် ကျနော့်ရင်ဘတ်တစ်စုံဟာ လုံးဝ အမှတ်သည်းခြေမရှိသေးပေ။
မင်းက နိုင်တာပါ Kyung Soo
မင်းရဲ့ ဒီလိုအပြောအဆိုတွေကို ငါမခံစားနိုင်တာသိလို့ သက်သက်မဲ့ လာနှိပ်စက်နေခဲ့တာပဲမလား...
"ချစ်တယ်လား... မသိပါဘူး .. မင်းလိုလူက ချစ်ရမဲ့သူတွေပေါများနေလို့ နှလုံးသားထဲမှာ ငါ့အတွက် အခန်းလွတ်မှကျန်သေးရဲ့လားလို့ စိတ်ပူနေတာ... ဒီအတိုင်းဆိုရင် ငါ့အတွက် နေရာလွတ်တစ်ခုတော့ ရှိသေးသားပဲ"
ခပ်မဲ့မဲ့ လှောင်ရိပ်သန်းနေတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်က ကျနော့်ရဲ့ နာကျင်မှူတွေကို သူတော့ မြင်နိုင်မယ်မထင်
ငါ ဘာကို အခုထိ ရူးမိုက်စွာ မျှော်လင့်နေတာလဲ
မင်းရင်ဘတ်ထဲ နေရာတစ်နေရာစာရဖို့အတွက်လား
"မင်း စွပ်စွဲနေတာ ငါရှင်းပြတာ နားထောင်ပေးလို့ဆို.. တစ်ခါတည်း ဒီတစ်ကြိမ်ပဲ ငါ့ကို ယုံကြည်ပေးလို့မရဘူးလား Chanyeol"
"နားထောင်ပေးချင်ပေမဲ့ အခုတော့ ငါ မအားသေးဘူး မင်းမြင်တဲ့ အတိုင်းပဲ"
လှည့်ပြန်မလို့ လုပ်ပြီးမှ သူရေခဲမုန့် ကြိုက်တာ သတိရသွားလို့ ကြော်ငြာရိုက်ပြီးရင် စားမယ်လို့ စိတ်ကူးပြီး ယူလာတဲ့ ရေခဲမုန့်ကို သူ့လက်ထဲ ထည့်ပေးလိုက်တယ်
"ဒီနေရာကို လာခဲ့တာ ငါနှင့် Sakura ကို လာကြည့်တာ မဟုတ်ရင် ရေခဲမုန့် စားချင်လို့များလား... ငါစားမကုန်တော့တဲ့ တစ်ခုတော့ ကျန်သေးတယ် .. ပတ်သက်ခဲ့တာလေး ထောက်ထားပြီး ဒီတစ်ခုတော့ မင်းကိုဧည့်ခံလိုက်မယ်နော်"
စိတ်ထဲရှိသည့် စကားတွေမဟုတ်ပဲ ဘာလို့ ဒီလိုတွေ ထွက်လာမိတာလဲ
" တော်ပြီ..မင်းပဲ ၀အောင်စားလိုက်ပါ .. ဒါက ငါ့အတွက် အဆင်မပြေဘူး "
" ငါမင်းကို ဘာလို့ စိတ်ပျက်လဲသိလား Do Kyung Soo .. ငါ့ကိုဆို ဘာနေနေ အကုန်ငြင်းပြီး ဟိုကောင်တွေနဲ့ကျတော့ ဘာနေနေ အကုန်လက်ခံနေတဲ့ မင်းအပြုအမူတွေကြောင့်ပဲ... ဒီရေခဲမုန့်လေးကျွေးတာတောင် ငါကျွေးတော့ မစားချင်ဘူး ... Sehun လာကျွေးရင်တော့ စားမှာမို့လား... မစားနဲ့ ငါကျွေးတာမလို့ မစားနဲ့ "
ရေခဲမုန့်ကို လွှင့်ပစ်မယ်လုပ်တော့ သူက လက်ကို တားလိုက်ပြီး
" ငါ့ကို တစ်ကယ်စားစေချင်တာလား ... မင်းစားစေချင်ရင် စားပါ့မယ် ... မင်းစေတနာရှိလို့ ကျွေးတာပဲ မင်းစိတ်ချမ်းသာမယ်ဆိုရင်ပေါ့"
လက်ထဲကရေခဲမုန့်ကို ယူပြီး ကျနော့်ကို ပြုံးပြလိုက်သည်။
ဒီအပြုံးတွေက ဘာလို့ သက်သောင့်သက်သာ မရှိပဲ လေးလံနေသလို ခံစားနေရတာပါလိမ့်
အားရပါးရ စားပြနေသည့်သူ
ဒါပေမဲ့ ကြည့်နေရင်း ဘာကို ဘ၀င်မကျဖြစ်နေသည်မသိ
နေအပူရှိန်ဟာ ပျင်းတာလည်း မဟုတ်ပဲ သူချွေးစေးတွေ ထွက်နေသည်။
ရုတ်တစ်ရက် သူ့ဆီဖုန်းဝင်လာတာနဲ့အတူ သူ့မျက်နှာက စိတ်မသက်မသာဖြစ်နေပုံ
မျက်နှာကလည်း ခုနကနဲ့မတူ နီရဲတက်လာပြီး ချက်ချင်းပြေးထွက်သွားသည်။
သူ ဘယ်သူ့ဆီက ဖုန်းမလို့ ရှောင်ပြေးသွားတာလဲ
"ဘာလို့ ထွက်ပြေးသွားတာလဲ"
Sakura က ခေါင်းခါပြနေသည်။
ကျနော်တောင်မသိတာ သူမလည်း ဘာသိမလဲ။
ှူသူ ချန်ရစ်ပြီး ထွက်သွားသည့်နေရာမှာ အချိန်အနည်းငယ် ကြာသည်အထိ မလှူပ်မယှက် ရပ်နေမိသည်။
သူ ဒီကို တစ်ယောက်တည်းလာခဲ့တာလား
အတွေးမဆုံးလိုက် .. ရိပ်ခနဲ လူတွေကြားထဲ Sehun ကို မြင်လိုက်ရသည်။
Sehun လည်း ကျနော့်ကို လှမ်းမြင်လိုက်ပြီး ချက်ချင်းအနားကို ရောက်လာကာ
" Hyung ကို တွေ့မိလား .. Ph ဆက်နေတာ နာရီဝက်လောက်ရှိနေပြီ ကိုင်ထားပေမဲ့ ဘာသံမှ မကြားရလို့"
Speaker ဖွင့်ပြပြီး ကျနော့်ရှေ့ အမှူစစ်သလို မေးနေသည်။
အခုမှ သတိထားမိရဲ့ ဖုန်းကိုင်ထားတဲ့ Sehun လက်တွေက တုန်ယင်နေသည်။
မျက်နှာမှာလည်း Sehunက သူ တစ်ခုခုဖြစ်နေမှာကို အလွန်အမင်း စိုးရိမ်နေသလို
"မင်း စိတ်ပူရင် မင်းမျက်လုံးနဲ့တွေ့အောင်ရှာပေါ့"
မုန်းဖို့ကောင်းတယ် ငါမဟုတ်တဲ့ တစ်စုံတစ်ယောက်က မင်းကို စိတ်ပူပေးနေတာကို ငါသေလောက်အောင်မုန်းတယ်
"ဟုတ်ကဲ့ ဒီဘက်က ဖုန်းကိုင်ထားသူရှိလား"
ရုတ်တရက် Sehun ဖုန်းထဲက ထွက်လာသည့် Kyung Soo မဟုတ်သည့် အသံကြောင့် ရှောင်ထွက်သွားဖို့ဟန်ပြင်နေရာက အလိုလို တုံ့ဆိုင်းသွားမိသည်။
"ဟုတ် ကျနော် ကိုင်ထားပါတယ်... အခု ပြောနေတာ Hyung အသိလား"
"မဟုတ်ပါဘူးဗျာ.. အခုဖုန်းပိုင်ရှင်က ဖုန်းကိုင်ထားရင်း လဲကျသွားလို့ .. ပြီးတော့ တစ်ကိုယ်လုံး အနီစက်တွေထနေတယ်"
ချက်ချင်း Sehun က သူ့ ဖုန်းကို speaker ပြန်ပိတ်ပြီး
"အခု ဘယ်နေရာလဲ ကျနော့်ကို ပြောပြပါ "
ဖုန်းပြောရင်း ပြေးထွက်သွားသည့် Sehun နောက်ကို ကျနော်လိုက်မည်အလုပ်
"Oppa ဘယ်သွားမလို့လဲ"
ဆွဲထားသည့် Sakura လက်ကိုဖြုတ်လိုက်ကာ
"သူတစ်ခုခုဖြစ်နေတယ်... Oppa သွားကြည့်မှဖြစ်မယ်"
Sehun ပြေးထွက်သွားသည့်ဘက် လိုက်လာပြီး အနားကိုအရောက် မျက်လုံးတွေပြာဝေသွားသည်။
ရှင်သန်နေထိုင်ရမည့် ကမ္ဘ္ဘ္ဘာတစ်ခုပျောက်ဆုံးသွားသလို ဘာလုပ်လို့ ဘာကိုင်ရမယ်မသိတော့သည့် ပွဲကြည့်ပရိတ်သတ်ပမာ စိတ်နှင့်ကိုယ် မကပ်တော့ပဲ တောင့်တောင့်ကြီးရပ်နေလျက်
တဒင်္ဂအတွင်း ရှာဖွေတွေ့ရှိသည့် အဖြေတစ်ခုဟာ
သူ ဘယ်တော့မှ ကျနော့်ရှေ့က ပျောက်ကွယ်သွား၍ မဖြစ်ဟူသည့် အဖြေတစ်ခုသာ
..........................................................
" hyung ...တောင်းပန်ပါတယ် မျက်လုံးတွေ ဖွင့်လာပေးပါ... ဒီအတိုင်း ကျနော်တို့ အားလုံးကို ထားပြီး ထွက်မသွားဘူးမလား"
ဘာတွေလဲ ... ဘယ်သူ့ခွင့်ပြုချက်နဲ့ သူက ထွက်သွားရမှာလဲ ..
စားလက်စ မကုန်သေးသည့် ရေခဲမုန့်က သူ့လက်ထဲ အရည်ပျော်နေပြီ ဖြစ်သလို ခုနကနဲ့  ကွဲပြားစွာ မျက်နှာမှာ အနီပျောက်တွေအပြည့်... ကျနော်သဘောကျခဲ့သည့် ကြယ်ပွင့်လေးနဲ့ တူသည့် သူ့မျက်လုံးတွေ မှေးစက်နေခဲ့သလို သူ အသက်ရော ရှူနေရဲ့လား မသိရအောင် Sehunပွေ့ချီထားသည့် လက်ပေါ်တွင် လုံးဝငြိမ်သက်နေသည်။ သူတင်းကျပ်နေအောင် ဆုပ်ထားသည့် ရေခဲမုန့်ကို Sehun က မျက်နှာပျက်ယွင်းစွာ ကြည့်ပြီး သူ့လက်ထဲကနေ အလျင်အမြန် ဖယ်ရှားလိုက်သည်။
သူအခုလို ဖြစ်သွားလို့ တုန်တုန်ယင်ယင်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ ကျနော့်ကို Sakura လက်ဆွဲလှူပ်ပြီး သတိပေးလိုက်တော့မှ အသိဝင်လာသည်။
" oppa ဘာလုပ်နေတာလဲ ... သွားကြမယ် ... ပုံစံကြည့်ရတာ သွေးရိုးသားရိုး မဟုတ်ဘူး.. သူတစ်ခုခု ဖြစ်သွားရင် oppaကို လာအမှုပတ်နေဦးမယ် "
ဘာပြောပြော အခုချိန် နားဝင်မည်မဟုတ်
သူအသည်းအသန်ဖြစ်နေချိန် အထူးသဖြင့် သူဘာဖြစ်နေတာလဲတောင် မသိတဲ့အခြေအနေမှာ ကျနော်က ဒီနေရာကနေ ဘယ်လို လှည့်ပြန်ရက်မလဲ
အရေးပေါ် လူနာတင်ယာဉ် ရောက်လာပြီး သူ့ကိုတင်ခေါ်သွားမှ ဘာဆက်လုပ်ရမည်ဆိုတာ အသိဝင်လာကာ
" ခဏလေး...ငါရောလိုက်မယ် "
Sehun ဆီက စူးရှတဲ့အကြည့်က ကျနော့်ဆီ ၀ဲပျံလာပြီး
"လူနာနဲ့ သက်ဆိုင်သူကလွဲရင် ပြင်ပလူ လိုက်ခွင့်မရှိဘူး"
Sehun ပြောပြီးချင်းမှာပင် လူနာတင်ယာဉ်ရဲ့ တံခါးချပ်က ချက်ချင်းပြန်စေ့သွားပြီး စက္ကန့်ပိုင်းအတွင်း မြန်ဆန်လွန်းလှသည့် အရှိန်ဖြင့် မြင်ကွင်းထဲက ပျောက်ကွယ်သွားသည်။
သက်ဆိုင်သူကလွဲရင် ... လိုက်ခွင့် မရှိဘူးတဲ့လား
မဟုတ်ဘူး ငါတို့က မသက်ဆိုင်တဲ့သူတွေမှ မဟုတ်တာ
ငါတို့က သူစိမ်းတွေမဟုတ်ဘူး ... မဟုတ်ဘူး ...
" သူ့နောက်ကို လိုက်ချင်ရင် Sakura ပို့ပေးရမလား"
အလျင်အမြန် ခေါင်းညိမ့်လိုက်သည်။
Sakura ဆီက သက်ပြင်းချသံ တိုးသဲ့သဲ့ ကြားလိုက်ရပြီး ကျနော့် ရင်ဘတ်တစ်ခုလုံးကတော့ သောကမီးတွေ တဟုန်းဟုန်း တောက်လောင်နေလျက်
...............................................................
ဆေးရုံရောက်ရောက်ချင်း Operation ခန်းရှေ့ ဂနာမငြိမ် ဖြစ်နေသည့် Sehun ဆီ တန်းပြေးကာ
"သူ ဘာဖြစ်တာလဲ ... ငါ့ကိုပြောပြပေးပါ ... တောင်းပန်ပါတယ် ငါစိတ်ပူလို့ ရူးတော့မယ်"
Sehun က ကျနော့်ကို စိတ်ပျက်သလို တွန်းထုတ်လိုက်ပြီး
"ကိုယ့်ဟာကိုယ်တောင် ရူးချင်နေရတဲ့ကြားထဲ ဘာတွေလာမေးနေတာလဲ ... မင်းနှင့်ဘာမဆိုင်တော့တာကြောင့် မင်းစိတ်ပူဖို့ မလိုဘူး... ကျေးဇူးပြုပြီး ဒီနေရာက ထွက်သွားပေးပါ"
စိတ်ဓာတ်တွေက အောက်ဆုံးထိထိုးကျသွားပြီး သူ ဘာဖြစ်နေသလဲ ဘာမသိရတဲ့ အခြေအနေမျိုးမှာ အရေးတယူ ရှင်းပြပေးသူ မရှိသလို လာခဲ့မိတာပင် အပြစ်ကျူးလွန်ထားသည့်အလား မောင်းထုတ်ခံနေရသည်။
သာမန်အချိန်ဆို မောင်းထုတ်ရကောင်းလားဆိုပြီး တစ်ပွဲတစ်လမ်း ချမိမလားမသိပေမဲ့ အခုချိန်က လူက ဖတ်ဖတ်မော နေပြီး သူ့ကို စိုးရိမ်စိတ် ကြီးမားနေသည်ကလွဲရင် ရန်တွေ့ဖို့ အားအင်တောင် မကျန်တော့ပေ။
"Sehun... Kyung Soo ဘာဖြစ်တာလဲ"
သတင်းကြားကြားချင်း ပြေးလာဟန်တူသော Lay က အခုမှ အလျင်စလို ရောက်လာသလို သူ့အပူနဲ့သူဆိုတော့ အခုထိတော့ အနီးပတ်ဝန်းကျင်မှာ ကျနော်ရှိနေသည်ကို သတိပြုမိသေးဟန်မတူ
" chocolate တွေ စားထားတယ်"
"မဖြစ်နိုင်တာ သူနဲ့မတည့်တာ သူဘယ်တုန်းက စားဖူးလို့လဲ"
"ကျနော်လည်း အဲဒါပဲ တွေးနေတာ ... Hyung ဘာလို့ အခုလို လုပ်ခဲ့လည်းဆိုတာ"
"Suicide လုပ်ခဲ့တာတော့ မဟုတ်ပါဘူးနော် ... ဒါစားရင် သူ့အသက် အန္တရာယ်အထိ ထိခိုက်နိုင်တာ သူမသိစရာလား"
Chocolate?
ကျနော်ကျွေးလိုက်တဲ့ သူမစားချင်ဘူးလို့ ငြင်းခဲ့တဲ့ ရေခဲမုန့်ကြောင့်များလား ... အဲဒါ Chocolate နဲ့ လုပ်ထားတာလေ
"သူ့မှာ Chocolate နဲ့ပတ်သက်ပြီး Allergic ရှိတာလား"
အလန့်တကြား မေးလိုက်တဲ့ ကျနော့်ကို Sehun ချက်ချင်းဆိုသလို သံသယ မျက်လုံးတွေနဲ့ ကြည့်လာကာ Layကလည်း မသင်္ကာတဲ့အကြည့်နဲ့
" အဲဒါ မင်းလက်ချက်လား "
" ငါတစ်ကယ်မသိခဲ့လို့"
"မင်းက အရူးလိုကောင်ပဲ"
မျက်နှာပေါ် အရှိန်ပြင်းသည့် လက်သီးတစ်ချက်ကျလာပြီး မျက်နှာတစ်ခုလုံး လည်ထွက်သွားသည်။
Lay ထိုးလိုက်သည်ကို အားမရသလိုနဲ့ Sehun က Lay ကို ဆွဲဖယ်ကာ ကျနော့်လည်ပင်းက အကျီင်္စကို ဆုပ်ကိုင်ထားပြီး ထပ်ထိုးမလို့လုပ်လိုက်သည့်အခါ ဘယ်အချိန်တည်းက အနားကို ပြေးရောက်လာတယ်မသိသည့် Sakura က Sehunကို တွန်းထုတ်လိုက်သည်။
Sehunက တွန်းထုတ်လိုက်တဲ့ Sakuraကို ဘေးကို ပြန်ဖယ်လိုက်ရင်း ကျနော့်ရှေ့ တည့်တည့် လာရပ်ကာ
" မင်းက သူ့ရဲ့ ချစ်သူတစ်ယောက်လုပ်နေပြီး သူဘာမတည့်ဘူးဆိုတာ မသိတာ မဖြစ်နိုင်ဘူး... ဟိုတခါ ဆိုင်မှာ ငါနဲ့ hyung ကို မင်းထင်ချင်တာတွေ ထင်သွားပြီး hyung အပေါ် မတရားလုပ်နေတာတွေကို Lay ပြန်ပြောပြလို့ သိသိချင်း ရှင်းပြဖို့ လိုက်လာခဲ့တာပဲ ... ဒါပေမဲ့ မင်းက ငါ့ hyung ကို အခုလို အသေသတ်ဖို့အထိ ယုတ်မာလိမ့်မယ်တော့ မထင်မိဘူး
"မဟုတ်ဘူး"
အသံကုန် အော်ဟစ်လိုက်သည်။
ကျနော် အဲလောက်ထိ အောက်တန်းမကျဘူး
ဘာပဲပြောပြော သူတို့သိကြသည့် Kyung Soo နဲ့ ပတ်သက်သည့် အတွင်းရေးအချို့ လျို့ဝှက်ချက်များကို ကျနော်မသိခဲ့သည်က အစထဲက Kyung Soo အတွက် ဘောင်မ၀င်သူဖြစ်နေလို့ပဲလား
မင်းရဲ့ အသက်တမျှ အရေးကြီးတဲ့ ဒီလိုကိစ္စမျိုးကို သူများပြောမှ သိခွင့်ရတာကတော့ ငါ့ကိုယ်ငါ စိတ်မကောင်းဖြစ်မိတယ် Kyung Soo ... တစ်ကယ်တော့ ငါက မင်းအတွက် ဘာအဓိပ္ပာယ်မှ မရှိတဲ့ အလကားလူတစ်ယောက်ပဲ ထင်ပါတယ်။
အခုချိန် operation ခန်းထဲက သူ့ကို စိတ်ပူနေလို့ ပြိုင်ရန်မဖြစ်ချင်ပေမဲ့
" မင်းတို့ ယုံချင်မှလည်းယုံ... သူ chocolate allergic ရှိတာ ငါတစ်ကယ် မသိဘူး... ဘယ်သိမလဲ သူ့အတွက် ငါက အရေးမှမပါတာ ... မင်းတို့လို အရေးပါတဲ့ သူပဲ သိမှာပေါ့"
မြိုသိပ်မထားနိုင်သည့် စကားလုံးအချို့က အပြင်ဘက်ကို ကြေကွဲဖွယ်ရာ ထွက်ကျလာသည်။
"မင်းတစ်ကယ် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အခုချိန် ဘာမှပြင်မရတော့ဘူး ... ငါ့ hyung တစ်ခုခု ဖြစ်လို့ရှိရင် မင်းကို လုံးဝ အရှင်မထားဘူး....မင်းလိုလူ လက်ထဲကို ငါ့ hyung ကို ဘယ်တော့မှ ထည့်မပေးနိုင်တော့ဘူး ... မင်းကို hyung ဘယ်လိုများ ရွေးချယ်လိုက်လဲ ငါမသိပေမဲ့ မင်းက ငါ့hyung နဲ့ လုံးဝ မတန်တဲ့သူပဲ "
ငါ့လက်ထဲ ထည့်မပေးနိုင်တာ မင်းနဲ့သူက သာမန်ပတ်သက်မှု မဟုတ်လို့ပဲမလား .. ငါ့ကို ကန်ထုတ်ချင်တာနဲ့ပဲ လူကို အပြစ်ရှာပြီး စွပ်စွဲတယ် ပထုတ်တယ် မင်းအကြံ ဒါအကုန်ပဲလား Sehun
"ငါကလည်း မရနိုင်တာမှ ပိုလိုချင်တာ ... စောင့်ကြည့်ထားလိုက်ပါ .. ဘယ်သူက ပိုင်ရှင်အစစ်ဆိုတာ သက်သေပြမယ်"
မခံချင်စိတ်နဲ့ နောက်ထပ် စိန်ခေါ်လိုက်သည့် အဆုံးမှာ တိတ်တိတ်လေး ဆုတောင်းမိသည်။
ငါ့အတွက် ပြန်ပြီးရှင်သန်လာပေးပါ
တစ်ခါလောက်ပဲ ငါ့ကို အနိုင်ပေးပေးပါ
စိတ်ထဲမပါရင်တောင် ဟန်ဆောင်ပြီးပဲဖြစ်ဖြစ် ချစ်တယ်လို့ ထပ်လိမ်ညာပေးပါ
မင်းအသံတွေ ထပ်မကြားရတော့မှာ ကြောက်တယ် DD
မင်းကို ထပ်မမြင်ရတော့မှာလည်း ကြောက်တယ်
ဒီတစ်ကြိမ် ပြန်လာရင် မင်းဘယ်လောက်ဆိုးဆိုး ကိုယ် စိတ်မဆိုးမိဖို့ ကတိပေးပါတယ် ကိုယ့်အတွက် ပြန်လည်နိုးထပေးမယ်မလား
.........................................................
ဆေးရုံက ပြန်လာပြီးချင်းမှာပင် အိမ်တောင်မ၀င်တော့ပဲ ဘုရားကျောင်းဆီကိုသာ ဦးတည်ပြီး သွားလိုက်သည်။
အချိန်မည်မျှကြာအောင် အာရုံပြုနေမိသည်မသိ နားထဲတိုးဝင်လာသည့် ဖုန်းထဲက သီးချင်းသံစဉ်ကြားမှ အာရုံပြုခြင်းကို ရပ်တန့်လိုက်သည်။
တစ်ချိန်လုံး တစ်ခုတည်းသော ဆုကိုသာ မရပ်မနားတောင်းဆိုခဲ့သည်။
သူ အမြန်ဆုံး ကျနော့်ဆီထပ်ရောက်လာဖို့။
အိမ်က ဆက်ထားသည့် အ၀င် Call အချို့
ပြန်ခေါ်မည်လုပ်တော့ Layဆီက ရုတ်တရက် ဖုန်းဝင်လာသည်။
"မင်း ဘယ်မှာလဲ... အခုချက်ချင်း ဆေးရုံကို လာခဲ့ပါ...Kyung Soo က သတိရလာထဲက မင်းနာမည်ပဲ ဆက်တိုက်ရွတ်နေတယ်.."
"ငါ အခုချက်ချင်း လာခဲ့မယ်"
ပြန်ရောက်လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် Kyung Soo
ကိုယ့်ကို ပထမဆုံး တမ်းတပေးခဲ့တာ အတွက်ရောပေါ့
.................................................................
အခန်းထဲ ၀င်လာချင်းမှာပင် သူက လှဲနေရာကနေ ဖြည်းဖြည်းချင်းထလာပြီး သူ့ကုတင်စွန်း ထိုင်လိုက်သည်နဲ့ ကျနော့်ကို စပြီး ဖက်လိုက်သည်။
ကျနော်လည်း သူ့ကို အလိုက်သင့်လေး ပြန်ဖက်လိုက်ပြီး သူ့ကိုယ်လုံးလေးကိုရင်ခွင်ထဲ ဆွဲသွင်းထားရင်း ခေါင်းလေးကို ပွတ်သပ်ပေးနေမိသည်။
သူ ကောင်းသည် ဖြစ်စေ သူ ဆိုးသည် ဖြစ်စေ သူ့ကို ချစ်နေသမျှတော့ သူ့ရဲ့ ဘယ်လို အပြုအမူတိုင်းကို မဆို ကျနော် လက်ခံပေးနိုင်ဖို့ ကြိုးစားရဦးမှာပဲ
"ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ် Chanyeollie ... အရမ်းလွမ်းနေခဲ့တာ"
"ကိုယ်ရောပဲ DD"
အံ့သြမှူကြောင့် ပွင့်ဟလာသည့် သူ့နှူတ်ခမ်းလေးကို ပထမဆုံး အနမ်းဦးတစ်ပွင့်ချွေလိုက်သည်။
"ကိုယ်က ပထမဆုံးပဲမလား"
မဟုတ်မှန်းသိလည်း ရူးမိုက်စွာမေးမိသည့် ထိုမေးခွန်းအတွက် မုသားတွေပေါင်းစည်းထားသည့် အဖြေတစ်ခု ထွက်လာဖို့ တောင်းတမိသည်။
"ပထမဆုံးပဲ"
ကျေနပ်သွားသည်လို့ ကိုယ့်ကို ထင်မှတ်မိသော်ညား အဆုံးသတ်မှာ နှလုံးသားက စူးအောင့်နေသည်။
"ထပ်ပြီး ထားမသွားရဘူးနော် Chanyeollie..."
သူတောင်းသည့် ကတိကို အလျင်အမြန် ခေါင်းညိမ့်လိုက်ရင်း
မင်းသာ ကိုယ့်ကိုထပ်ပြီး မရက်စက်ဖို့ ဆုတောင်းနေပါ့မယ် ... ကိုယ်လည်း မင်းကို ထားသွားဖို့ စိတ်ကူးမရှိလို့ မင်းဘက်ကလည်း ကိုယ့်ကို စပြီး ထားမသွားဖို့ မျှော်လင့်ပါရစေ
..................................................................
စာအုပ်ဖတ်နေဆဲမှာပင်
" ကျွီ...ဒုန်း "
ကားတစ်စီး ဘရိတ်အုပ်သံနှင့်အတူတူ တစ်ခုခု ဝင်တိုက်လိုက်သလိုမျိုး အသံကို ကြားလိုက်ရသည်။
ညအချိန်ဆိုတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေလို့လားမသိ အသံကတော်တော်ကျယ်သလို
" အား .... "
အောက်ထပ်ကနေ စူးစူးဝါးဝါး အော်လိုက်သည့် သူ့အသံကြောင့် ဖတ်လက်စ စာအုပ်ကိုပစ်ချကာ ချက်ချင်းဆိုသလို ပြေးဆင်းလာခဲ့သည်။
စိတ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုကတော့ ဆီးကြိုနေလျက် ... ခဏတာ ကျနော့်၏ နှလုံးခုန်သံတို့ရပ်တန့်သွားခဲ့သည်။
~~~~~~~~~~ T B C ~~~~~~~~~