သူ့ကို ခေါ်ပြီး မြို့ပြင်ကို ထွက်လာတဲ့အခါ
" ပျင်းလိုက်တာ "
လူတွေ ဘယ်သူမှမရှိပဲ တိတ်ဆိတ်နေတဲ့ နေရာဆိုတော့ သူက သဘောမကျလို့ ညည်းသံသဲ့သဲ့ထွက်လာသည်။
"ဒီနေရာက ပျင်းစရာမကောင်းဘူးလားလို့ "
" ပျင်းတာပေါ့ Kai က လူကို ဒီနေရာကို ခေါ်လာပြီး ဘာစကားမှလည်း မပြောဘူး "
" ဘာပြောရမှာလဲ "
သူက ကျနော့်ကို စကားပြောစေချင်ပေမဲ့ ကျနော်ကတော့ ဘာမပြောပဲ သူ့မျက်နှာလေးပဲ ငေးကြည့်ချင်မိသည်။
"ပြောစရာ မရှိလည်းနေ… ဒါဆို အခုအိမ်ပြန်ကြမယ် "
တစ်ကယ်က သူ့ကို ပြောစရာစကားမရှိဆိုလို့ သူစိတ်မရှည်တော့တာ။
" မပြန်ချင်သေးဘူး "
ကားထဲကနေ မထွက်ပဲ အိမ်မပြန်ချင်ဘူးပြောလိုက်တဲ့ ကျနော့်ကြောင့် သူ့မျက်နှာစူပုပ်လာပြီး မကျေမနပ်ကြည့်လာသည်။
"ဒီကားထဲမှာပဲ ထိုင်နေတော့မှာလား"
" လာလေ လမ်းလျှောက်ရအောင် "
ကားပေါ်ကနေဆင်းလိုက်ပြီး သူ့ကို လက်ကမ်းပေးလိုက်တော့
သူက ကျနော့်လက်တွေကို ဆုပ်ကိုင်ပြီးတော့ ကားပေါ်ကနေ ဆင်းလိုက်ရင်း
" ဒီနေရာကို ဘာလို့ ခေါ်လာတာလဲ "
" လူတွေ မရှိတဲ့နေရာကို သဘောကျလို့ "
" ဘာလို့ လူတွေကို သဘောမကျတာလဲ "
" လူတွေကို သဘောမကျတာ မဟုတ်ဘူး ကိုယ့်ရဲ့ Dyoကို လူတွေ ကြည့်ကြမှာကို သဘောမကျတာ"
အဲဒီတော့မှ သူက သဘောပေါက်သွားပြီး ရယ်လိုက်သည်။...သူ့ရဲ့အပြုမူတိုင်းက ဘာလို့ ကျနော့်အတွက် အမြဲရင်ခုန်ယစ်မူးဖွယ်ဖြစ်နေခဲ့တာလဲ။
"ဘယ်လိုလုပ်ရမလဲ Dyoက ကစားကွင်းသွားချင်တာကို"
ကစားကွင်းတဲ့ ပြောပြန်ပြီ...ဘာလို့များ ဒီကောင်လေးက လူပေါတဲ့နေရာတွေကို ဒီလောက်တောင် သဘောကျနေရတာပါလိမ့်။
"ကိုယ့်ကို အရွဲ့တိုက်နေတာလား"
တစ်ကယ် လိုက်ပို့မပေးချင်ဆုံး နေရာတစ်ခု။
"အဲလိုသဘောပြောတာ မဟုတ်ပါဘူး …သွားရအောင်နော် အနည်းဆုံးတော့ ဒီနေရာထက် ပျော်စရာကောင်းမှာပါ"
လက်ကို ဆွဲလှုပ်ပြီး ကလေးလေးလို ပူဆာနေတယ်။ နောက်ပြီး အသနားခံမျက်လုံးလေးတွေနဲ့ ကြည့်နေတော့ ဒီထက်ပိုပြီး ခေါင်းမမာနိုင်တော့ဘဲ ခေါင်းညိမ့်လိုက်ရတယ်။
………………………………………………………………………
ထင်သည့်အတိုင်း ကစားကွင်းဆိုတာ စုံတွဲတွေအပြည့်…မိသားစုတွေနဲ့ ကလေးတွေ…လူတွေဆိုတာ ရှုပ်ယှက်ခတ်လို့။
"Dyoကို ဖောက်ပေးပါ"
လက်ထဲသူထည့်ပေးလာသည်က သကြားလုံးတစ်ခု။
အလာတုန်းကလည်း သကြားလုံး ယူမလာပါဘူး သူဘယ်ကနေများ ရလာပါလိမ့်။
" ဘယ်ကနေရလာတာလဲ "
"သူများတွေပဲ လိုက်ငေးနေတာကို Dyoကိုမှ ဂရုမစိုက်တာ ဘယ်သိပါ့မလဲ "
သူပြောမယ်ဆိုလည်း ပြောချင်စရာ။
စရောက်ထဲက ပတ်ပတ်လည်က ဖြတ်သွားဖြတ်လာတွေသာ ဘယ်သူများ သူ့အာရုံစိုက်နေမလဲဆိုပြီး လိုက်ကြည့်နေခဲ့မိတာကို။
"မဟုတ်ပါဘူး ဘယ်သူတွေကများ ကိုယ့် Dyoလေးကို လိုက်ငေးနေမလဲလို့ လိုက်ကြည့်နေတာ"
ပြောလိုက်တော့မှ သူက ကျေနပ်ပုံပြပြီး အနားကို နီးသထက်နီးအောင် ကပ်လာလျက် ကျနော်မထင်ထားတဲ့ အနမ်းတစ်ခုက ပါးပြင်ပေါ်ဆင်းသက်လာသည်။နှုတ်ခမ်းသားအိအိလေးရဲ့ နူးညံ့တဲ့အထိအတွေ့က ပါးမို့တွေထက်နစ်ဝင်သွားသည်။
တစ်ကယ်ပါ ရင်ဘတ်ကြီးတစ်ခုလုံး လှုပ်ခါရမ်းသွားလို့ ပွင့်ထွက်သွားပြီလားပဲ။
သူ့အပြုအမူကြောင့် ပတ်ဝန်းကျင်က လူတွေ ကွက်ကြည့်ကွက်ကြည့် လုပ်သွားတာနဲ့ မျက်နှာပူသွားသည်။
Chanyeolနဲ့အနေများခဲ့လို့ ပတ်ဝန်းကျင်ကို သူ ဂရုမစိုက်တတ်တော့တာများလား။
သူခွာခိုင်းတဲ့ သကြားလုံးခွာပေးနေရင်းက သူဒါတွေ ဘယ်ကရလာလဲ ပတ်ပတ်လည်တစ်ချက်ဝဲကြည့်မိတော့
ခုနက အရှေ့ပဲ ကြည့်နေလို့ အနောက်ကို လှည့်မကြည့်မိတာနဲ့ jocker ဝတ်စုံဝတ်ထားသူက ကစားကွင်းထဲ လာတဲ့ ကလေးတွေကို သကြားလုံး ဝေပေးနေတာကို မသိလိုက်။
သူ ကလေးလည်းမဟုတ်ပဲ သကြားလုံးတွေ တောင်းလာခဲ့တာများလား။
သူ့လက်ထဲ အခွံခွာပြီးသား သကြားလုံးကို ထည့်ပေးလိုက်တော့
"ခွံ့ကျွေး"
သူက ပေးတာကို လှမ်းမယူပဲ သူ့နှုတ်ခမ်းဟပေးလာတော့ အလိုက်မသိသည့် ကိုယ့်လက်ကိုယ်ပြန်ရှက်သွားမိ။
သူ့နှုတ်ခမ်းနား သကြားလုံးတေ့ပေးလိုက်တော့
" ဘယ်သူက ဒီလို ကျွေးခိုင်းလို့လဲ "
ဒီလိုကျွေးခိုင်းတာ မဟုတ်ဘူးလား…လက်ထဲက သူဖောက်ခိုင်းလို့ ဖောက်ပေးထားတဲ့ သကြားလုံးကို ကြည့်လိုက်ရင်း
"ဒီလိုမကျွေးရင် ဘယ်လိုကျွေးရ"
မေးနေတုန်း ကိုယ့်ကိုအတွေးပေါက်သွားကာ မေးလက်စစကားက သူ့အလိုလိုရပ်သွားသည်။
"ဘယ်လို ကျွေးရမလဲဆိုတာ တစ်ကယ်မသိတာလား"
ကျနော်ရယ်ပြီး ခေါင်းရမ်းလိုက်တော့ သူပါလိုက်ရယ်နေသည်။
" မသိဘူး တစ်ကယ် "
"သိရဲ့သားနဲ့ "
သူ့မျက်ဝန်းတွေက ပန်းခြံထဲက ဖြတ်သွားဖြတ်လာတွေနဲ့ လူအုပ်စုတွေဆီ အကြည့်ရောက်သွားပြီး ဘာမှမထူးခြားသလို ဖြစ်နေပေမဲ့ ကျနော်ကတော့ ကျင့်သားမရသေး။
" ဒီနေရာကြီးမှာလား လူတွေ ကြည့်နေတယ်"
"ဘာမဖြစ်ဘူး ကြေညာပီးသား ဖြစ်တာပေါ့ "
မျက်စိတွေမှိတ်ပြီး သူ့နှုတ်ခမ်းကြီးကို အရှေ့ထိုးပေးလာကာ ကျွေးတော့ဆိုတဲ့ ပုံစံလုပ်ပြနေသည်။
ဒီတစ်ယောက်နဲ့ကြာကြာနေ မြန်မြန်ရူးမှာပဲ။
ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လက်နဲ့ကွယ်လိုက်ကာ သကြားလုံးကို နှုတ်ခမ်းလွှာတွေကြား ညှပ်လိုက်ပြီး သူ့ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းလွှာတွေကြား လွှဲပြောင်းပေးလိုက်သည်။
အစကတော့ မနက်ခင်းကချိုမြိန်နေသေးတယ်…သူနှင့် ကျနော်ဆိုတာလည်း ကောက်ရိုးမီးလိုပဲ အဆင်ပြေချိန်ဆိုတာ တစ်ခဏတာ…ခဏသာ တစ်ဟုန်းဟုန်းတောက်ပြီး ချက်ချင်းပြာကျသွားသလိုပဲ…
ကစားကွင်းထဲ လျှောက်ကြည့်ကြရင်း ပြိုင်ကားတိုက်စီးတဲ့ နေရာကို ရောက်လာတော့
" ကားစီးမယ် "
" မစီးဘူး "
ပြိုင်ကားတိုက်စီးမှာကို သဘောမကျဘူး ပြီးတော့ ဒီနေရာက လူတွေလည်း အရမ်းရှုပ်တယ်
"ဘာလို့လဲ"
" ကား မစီးဖူးတာလည်း မဟုတ်ပဲနဲ့ အပြန်ကျရင်လည်း စီးရမှာပဲ"
"အဲလို စကားကိုကပ်သီးကပ်ဖဲ့ မပြောနဲ့လေ ဒီကပြိုင်ကားက အပျော်တိုက်စီးရတဲ့ကား ...ဟိုကားက တိုက်စီးလို့မှ မရတာ"
မသိတဲ့သူတွေ အခုမှဆုံဖူးတဲ့သူတွေနဲ့ စနောက်စီးရမဲ့ ကစားနည်းမျိုး သူ့ကို ကျနော်က အလွယ်တကူ ခွင့်ပြုပေးမယ် ထင်မှတ်ထားတာလား။
ကစားကွင်းပို့ဆိုလို့ ပို့ပေးပြီးပြီ…တာဝန်ကျေပြီပဲ ဒီတစ်ခုတော့ လုံးဝမလုပ်ပေးနိုင်ဘူး
"မစီးဘူးလို့ပြောပြီးပြီ…ကိုယ်မစီးရင် မင်းလည်း မစီးရဘူး ဒါပဲ…နောက်ထပ် အသံမထွက်နဲ့တော့"
အမိန့်သံဆန်တဲ့ စကားလုံးတွေအဆုံးမှာတော့
သူက မျက်နှာ အောက်ငုံ့သွားပြီး
ကျနော့်ရှေ့ကနေ လှည့်ထွက်သွားသည်။
" အခုချက်ချင်း အဲဒီနေရာမှာရပ်လိုက်"
သူ့ခြေလှမ်းတွေ ရပ်တံ့ သွားပြီး စိတ်ပျက်နေတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်လာသည်။
ဘာမှ ဆက်မပြောချင်တော့တာနဲ့ သူ့လက်တွေကို အကြမ်းပတမ်းဆုပ်ကိုင်လိုက်ပြီး ရိုလာကိုစတာစီးလို့ရတဲ့ နေရာဆီ ဆွဲခေါ်လာခဲ့သည်။
ဒီလောက်တောင် ကားစီးချင်နေရင် ဒါသာစီး။
လေလိုမြန်တဲ့အရှိန်ထဲ ဘယ်သူကမှ ကြည့်လို့ရမှာမဟုတ်ဘူး။ အမြင့်ကြီးကနေ အောက်ကို ထိုးကျလာတဲ့အချိန်ဆို ကောင်းကင်မှာ ပျံသန်းနေရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်။
" ဒါစီးမလို့လား "
ထိတ်လန့်ကြောက်ရွံ့နေတဲ့ မျက်ဝန်းတွေနဲ့ သူက မော့ကြည့်လာတယ်။
ဘာလို့ သူ ဒီလိုပုံစံ ဖြစ်နေရတာလဲ။
သူပဲ သေမလို ကားစီးချင်နေတာလေ။
စိတ်မရှည်ချင်တော့ဘူး... ကစားကွင်းကို လာချင်ခဲ့တာကလည်းသူပဲ
" ဟုတ်တယ်….လာ "
သူ့လက်ကို ဆွဲပြီး အပေါ်တက်မယ်လုပ်တော့ သူ့ကို ဆွဲထားတဲ့ ကျနော့်လက်တွေကို အတင်းရုန်းနေတယ်
"တောင်းပန်ပါတယ် ..ဒါကြီးကို Dyo မစီးရဲဘူး ကြောက်ဖို့ကောင်းတယ် …နောက်ပြီး"
ကျနော်သူ့ကို အလိုမကျစွာ မျက်မှောင်ကျုံ့
ကြည့်လိုက်တော့မှ သူ့စကားကို မဆက်တော့ဘဲ အသာတကြည် လိုက်လာခဲ့တော့သည်။
အပေါ်မှာစီးနေတဲ့အချိန် အော်နေလိုက်တာများ နားပေါက်ထွက်မတတ်ပဲ…ဘာလို့များ ဒီလောက် ကြောက်တတ်ရတာပါလိမ့်…အောက်ရောက်တော့လည်း ထိုးအန်နေတယ်…လုံးဝကို အဖြစ်မရှိဘူး ပျော့ညံ့လိုက်တာ ယောက်ျားတစ်ယောက်လုပ်နေပြီး။
" စိတ်ဆိုးနေတာလား"
ဘေးနားကနေ ခါးကြီးထောက်ပြီး သူ့ကို မကျေမနပ်ကြည့်နေတဲ့ ကျနော့်ကို သူက အားနာသလိုမျက်နှာနဲ့ မော့ကြည့်လာသည်။
ပျော်ချင်လို့လာတာ ဘာတွေ ဖြစ်ကုန်ပြီလဲမသိတော့..သူ့ကို ဒီလိုပုံစံမြင်ရတာ စိတ်အပျက်ဆုံးပဲ။
"စိတ်ပျက်တယ်... ဒါလေး စီးတာ သေတော့မဲ့အတိုင်းပဲ ဖြစ်ပျက်နေလိုက်တာ..."
"အစထဲကမစီးရဲဘူးပြောသားပဲ…ပြီး အဲဒါစီးရင် ခေါင်းတွေမူးပြီး နှလုံးတွေတုန်လို့"
"တော်ပြီ…နောက်ဘယ်တော့မှ ထပ်မလာဘူး…ဒီမှာလည်း ဆက်မလည်ချင်တော့ဘူး…ပြန်မယ်"
"ဒါဆို ပြန်ရအောင်လေ Kaiမှ မနေချင်တော့တာ ပြန်ကြတာပေါ့ "
အပြန်လမ်းမှာ သူလည်း စကားမပြော …ကျနော်လည်း စကားမပြောတာကြောင့် တိတ်ဆိတ်နေသည်။
ဘယ်လိုဟာလေးလဲမသိဘူး အမြဲပဲ ဂျစ်ကန် ဂျစ်ကန်နဲ့ ပြောစကားဆို နားမထောင်ချင်ဘူး ပြန်ကပြောချင်သေးတာ။
Super marketရှေ့ရောက်လာတော့
"ကားကို ခဏရပ်ပေး"
သူက ရပ်ခိုင်းတာနဲ့ ကားကိုရပ်ပေးလိုက်ရင်း
" ဝယ်စရာရှိလို့လား "
ကားပေါ်က ဆင်းဖို့ဟန်ပြင်နေတဲ့ သူ့ကို မေးလိုက်တော့
"ရေခဲသေတ္တာထဲ စားစရာတွေ သိပ်မကျန်တော့ဘူး
ဟင်းချက်စရာတွေရယ် အသီးအနှံတွေနှင့် မုန့်တွေ ဝင်ဝယ်မလားလို့ "
" ဒါဆို ဝင်လေ "
အထဲကို ရောက်လာပြန်တော့လည်း ပြဿနာတစ်ခုက စတင်ပြန်သည်။
" ဘာလို့ ခြင်းထဲထည့်သမျှ အကုန်လိုက်ထုတ်နေတာလဲ"
သူဝယ်သမျှက ကျနော်မကြိုက်တာတွေချည်းပဲမလို့ အကုန်လုံးကို ပြန်ထုတ်နေတော့ သူက မကျေမနပ်ဖြစ်ပြီး စအော်သည်။
ချစ်တယ်သာပြောတာ ကျနော် ဘာလုပ်လုပ် အကောင်းကို မမြင်တာလည်း သူပဲ။
"မကြိုက်လို့"
"Dyo ကြိုက်တယ်လေ "
"အခုမကြိုက်နဲ့တော့ အခုက စပြီး ကိုယ်ကြိုက်တာတွေကိုပဲ လိုက်ကြိုက်"
" လူတိုင်း အကြိုက်တူဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ"
" မဖြစ်နိုင်ဘူး…အဲဒါ တစ်ခြားသူတွေအတွက် ဒါပေမဲ့ Dyo ကတော့ ကိုယ်နဲ့ အကြိုက်တူရမယ်"
ပြောလိုက်တော့ သူက စိတ်ပျက်သွားသည့်မျက်ဝန်းတွေနဲ့ ကျနော့်ကို မော့ကြည့်လာရင်း..
"Dyo ကို ချစ်တယ်ဆိုတာ တစ်ကယ်ရော ဟုတ်ရဲ့လား"
သူ့နှုတ်ခမ်းက ထွက်လာတဲ့ စကားတွေကတော့ ရင်ကို အစိမ်းလိုက် ဓါးနဲ့ခွဲလိုက်သလို အသွေးသားတွေ ဗလာင်ဆူလို့ ဆတ်ဆတ်ခါအောင်နာသွားသည်။
မေးရက်လိုက်တာ ကြည့်စမ်း…သူက ကျနော့်အချစ်တွေကို မယုံကြည်တာလား သူ့ဆန္ဒတွေကို မလိုက်လျောပေးနိုင်တာနဲ့ပဲ ကျနော့် အချစ်တွေကို သံသယဝင်တော့တာလား။
"ဒီနေ့ မင်းဝယ်ချင်တာဝယ် ပြန်ချင်သလို ပြန်လာခဲ့တော့
မင်းကို လွတ်လပ်ခွင့် ပေးလိုက်ပြီ …မင်းလိုချင်တာ ဒါပဲမလား… ငါက မင်းကို ချုပ်ခြယ်နေတာနဲ့ပဲ တစ်ကယ်မချစ်ဘူးလို့ ခံစားရတယ်မလား…နေချင်သလိုနေတော့"
ပြောပြီးတာနဲ့ သူ့ကို ကုန်တိုက်ထဲမှာ ပစ်ထားခဲ့ပြီး လှည့်ထွက်လာခဲ့သည်။
ကားပေါ်ရောက်တော့ စက်မနှိုးသေးပဲ သူကျန်ခဲ့တဲ့ Shopping Marketထဲသာကြည့်ရင်း ဝေ့သီလာတဲ့ မျက်ရည်စတွေ…သူ့ကို စသိတဲ့အချိန်ထဲက သူ့ကြောင့် ကျခဲ့ရတဲ့ မျက်ရည်ပေါင်းများစွာက ဒီတစ်သက် ကုန်ဆုံးဦးမှာလား။
သူပြောလိုက်တဲ့စကားက သူ့အတွက် ဘာမဟုတ်ပေမဲ့ တစ်ဖက်လူ မခံစားနိုင်လောက်အောင်ကို နာကျင်ရမယ်ဆိုတာ မသိဘူးလား။
အခုလို သူ့ကို စိတ်ပူပေးနေတာ ချုပ်ခြယ်နေတာ
တွေက ဆုံးရှုံးရမှာကြောက်လို့ အဆုံးရှုံးမခံနိုင်လို့
အရမ်းချစ်လို့ဆိုတာ နားမလည်ဘူးလား။
မင်းရဲ့လွတ်လပ်ခွင့်တစ်ခုအတွက်နဲ့ ငါ့ရဲ့အချစ်တွေကို ယုံကြည်ချက်ကင်းမဲ့နေရင်တောင် မင်းပါးစပ်ကထွက်ကျလာလောက်တဲ့အထိ ငါ့ရဲ့နှလုံးသားကို ထပ်မစော်ကားပါနဲ့တော့ Do Kyung Soo
……………………………………………………………………
အိမ်ပြန်ရောက်ပြီး အချိန်တော်တော်ကြာတဲ့အထိ သူပြန်ရောက်မလာဘူး။
တစ်ယောက်တည်း ထားခဲ့မိတာ မှားများမှားသွားပြီလား တခုခုများဖြစ်နေလား
အတွေးပေါင်းစုံနှင့် စိတ်ပူရပြန်သည်။
ကိုယ့်ဒေါသရှေ့တန်းတင် မာနနဲ့ကျောခိုင်းခဲ့သမျှ အဆုံးသတ်ရလဒ်က ကိုယ်ပဲပြန်နာကျင်ရသည်။
သူ့ဆီကို လိုက်သွားဖို့ ပြင်တော့ အိမ်ရှေ့လာရပ်တဲ့ ကားတစ်စီးကြောင့် ခြံရှေ့ပဲ ထွက်လာလိုက်သည်။
ပြန်တော့ပြန်လာခဲ့သေးတာပဲ။
ရပ်ထားတဲ့ကားကTaxi မဟုတ်ပဲ ပြိုင်ကားတစ်စီး ဖြစ်နေသည်။
သူဆင်းလာတဲ့ ကားပေါ်က ရှေ့ဆင့်နောက်ဆင့် ဆင်းလာတဲ့ လူတစ်ယောက်…သိပ်မုန်းပါသည်ဆိုသောသူ…လူမြင်ဖို့ မပြောနဲ့ နာမည်တောင် မကြားချင်တဲ့သူ…သူက အခု အဲဒီကောင်ကို ခေါ်လာပြီး အိမ်ပြန်လာခဲ့တာပေါ့။
ဒေါသအရှိန်အဟုန်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့။
ဘာမှမစဉ်းစားပဲ ကားပေါ်ကနေဆင်းလာတဲ့ သူ့ဘေးနားကကောင်ကို ပြေးဝင်ထိုးလိုက်သည်။
ရုတ်တရက်အထိုးခံလိုက်ရလို့ ထိုကောင်ကြောင်သွားသေးပေမဲ့ နှစ်ချက်လောက်ထိုးပြီးတော့ ချက်ချင်း အထိုးမခံတော့ပဲ လက်ကို ပြန်ပုတ်ထုတ်ပြီး တားလိုက်တာကြောင့် ဆက်မထိုးလိုက်ရ။
"ခင်ဗျားက ဘယ်သူလဲ…ဘာကိစ္စနဲ့ ကျနော့်အသားလာထိတာလဲ"
"Hunnie နောက်မှ Hyungသေချာရှင်းပြပါ့မယ်…အခု ဆိုင်ပြန်ပါတော့နော်"
သူအခုလို ကြားထဲဝင်ပါနေတာ ကျနော့်အတွက် ပိုဒေါသထွက်စရာကောင်းနေတာ မသိတာလား။ ဒါမှမဟုတ် တမင်စိတ်ကိုဆွပေးနေတာလား။
"ဘာမှ ရှင်းပြစရာမလိုဘူး ..ဟိတ်ကောင် မင်းလည်း ငါ့ Kyung Soo နှင့် နောက်ထပ် မပတ်သက်ပါနဲ့ … တွေ့လို့ရှိရင် အဲဒီအချိန်ကျ မင်းအသက်ကို ငါအာမမခံဘူးနော်"
" မင်းကဘယ်သူမလို့ ငါ့ကို Kyung Soo hyungနဲ့ပတ်သက်ပြီး လာအမိန့်ပေးနေတာလဲ"
မချေမငံပြန်ပြောနေပုံက သူသာ ကြားထဲ ကန့်လန့်ခံမနေရင် မျက်ခွက်ကို ဖြတ်ရိုက်ပစ်ချင်စရာ။
"Do Kyung Soo ရဲ့ ချစ်သူ… Do Kyung Soo ရဲ့ပိုင်ရှင်…သူနဲ့ပတ်သက်တဲ့ အရာအားလုံး ဘယ်သူ့ကိုမဆို အမိန့်ပေးနိုင်တယ်"
သူ့ရှေ့ဟာသ လာပြောပြနေတယ် ထင်နေတာလား...လူကို လှောင်ရယ်နေရင်း … ခပ်ထန်ထန်မျက်ဝန်းတွေနဲ့ ကျနော့်ကို ပြန်စိန်ခေါ်သလို ကြည့်လာသည်။
အဲလို အကြည့်ခံရတာ သူ့ ကြောင့်
သူအနေအထိုင်မတတ်လို့
အခု ဘာလို့ပါးစပ်ပိတ်နေတာလဲ ငါ့ဘက်ကဝင်ပြောပေးလေ Do Kyung Soo
"သူ့ကို ပိုင်တယ် ဟုတ်လား...hyung နှင့်ပတ်သက်ပြီး ဒီစကားမျိုးကြားရတာ ဒါ ဒုတိယအကြိမ်ပဲ
မင်းအရင်ကလည်း ငါ့ကို တခြားတစ်ယောက်က ဒီလို ပြောခဲ့တာပဲ ...အခုတော့လည်း သူပိုင်တယ်လို့ ပြောခဲ့ဖူးတဲ့ hyungက မင်းလက်ထဲရောက်နေပြီဆိုတော့
နောင်တစ်ချိန်မှာ မင်းပိုင်တဲ့လို့ ပြောခဲ့တဲ့
hyungက တခြားတစ်ယောက်ရင်ခွင်ထဲ "
တောက်…ဒီကောင်ကွာ နားထောင်ပေးနေတိုင်း အကောင်းမှတ်နေတာ …
ရှေ့က ကာနေတဲ့ သူ့ကို ဆွဲဖယ်ပြီး ထိုးမယ်ပြင်တော့ ဘယ်လိုမှ ရှေ့တိုးမရအောင် ဖယ်လို့မရတဲ့သူ။
ကာကွယ်ပေးနေတာ…သူ အခုလို ကာကွယ်နေလို့ ဟိုကောင်က ရောင့်တက်နေတာ…ကျနော့်ကို ရှိတယ်လို့ကို မထင်တာ
သူ ကာကွယ်ပေးနေလေလေ … Kim Kai ဆိုတဲ့ကောင်ကလည်း အဲဒီကောင်ကို ပိုပြီးတော့ သတ်ချင်လာလေလေပဲ
ဘယ်လိုမှ Hunnie ဆိုတဲ့ကောင်ကို သူ့ကြောင့် မလုပ်ရတော့ သူစီးလာတဲ့ကားမှန်ကို လက်သီးတွေနှင့် အတင်းဝင်ထိုးပစ်တယ်…ကားမှန်က နံရံအလား အရာတောင်မယွင်း…ထိုးနေတဲ့ လက်သာ ပွန်းပဲ့ကုန်ပြီး သွေးတွေ တစ်စက်စက်ကျလာသည်။
"မလုပ်နဲ့လို့ Kai… Kai Ah Dyo ပြောတာ နားထောင်"
သူဝင်တားလည်း သူ့ကို ဘေးဘက် တွန်းဖယ်လိုက်သည်။
"hyung သူ့ကို ထိန်းဦး …သူက အရင်ကတစ်ယောက်ထက် ပိုကြောက်စရာကောင်းတယ်"
လက်သီးနှင့်ကားမှန်ကို အဆက်မပြတ်ထိုးနေရာကနေ အဲ့ဒီကောင်ရဲ့ မျက်နှာကို လှည့်ကြည့်ပြီး ခပ်မဲ့မဲ့ စိုက်ကြည့်ရင်း
"မင်းပါးစပ်က သူ့ကို hyung လို့ ခေါ်ပိုင်ခွင့်မရှိဘူး"
ထိုကောင်က ပြန်ပြောဖို့လုပ်လိုက်တော့ သူက ပြန်မပြောဖို့ လုပ်ပြနေတာနဲ့ Hunnie ဆိုတဲ့တစ်ယောက်က အချေအတင် ပြန်မငြင်းတော့။
"အခုမှ Chanyeolတောင် ဆရာပြန်ခေါ်ရမဲ့ ကောင်မျိုးနဲ့ လာတိုးနေပါလား"
အဲဒီကောင်ပါးစပ်ကနေ မကြားတကြား ပြောသွားတာကို ကြားဖြစ်အောင် ကြားလိုက်ရသေးသည်။
……………………………………………………………………
ဟိုအမွှေကောင် ပြန်သွားပြီး အိမ်ထဲဝင်လာပေမဲ့ သူနဲ့ကျနော့်စစ်ပွဲကမပြီးသေး။
သူဝယ်လာတဲ့ စားစရာတွေနှင့်အသီးအနှံတွေက ကျနော်ဆွဲလွှင့်ထားလို့ အောက်မှာ မြင်မကောင်းအောင် တစ်စစီပျံ့ကျဲနေတယ်။
" ငါက လွတ်လပ်ရေးပေးလိုက်တာနဲ့
ချက်ချင်း အဲဒီကောင်ကို ခေါ်ပြီး အပျော်လွန်နေတာပေါ့…အပြင်မှာ ပျော်ခဲ့ရတာ အားမရလို့ ငါရှိနေတဲ့ အိမ်အထိ ခေါ်လာခဲ့တာလား"
" မဟုတ်ဘူး …သူများ ရှင်းပြတာလည်း နားထောင်ပေးဦးမှပေါ့"
တော်စမ်းပါ နားခါးတယ်…
မင်းက ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ မျက်ကွယ်ပြုလိုက်တာနဲ့ ကွယ်ရာဖောက်ပြန်ဖို့ကြိုးစားနေတဲ့ကောင်ပဲ Do Kyung Soo
"ဘာမှ လာမရှင်းပြနဲ့ …မင်းမှ ငါ့အချစ်ကို မယုံတာမဟုတ်ဘူး
ငါလည်း မင်းအချစ်ကို မယုံဘူး…မင်းစကားတွေကိုလည်း အယုံအကြည် မရှိတော့ဘူး"
"Hun နဲ့က မတော်တဆဆုံတာပါ သူက လိုက်ပို့မယ် ပြောလို့ ငြင်းပါသေးတယ် သူက အတင်းလိုက်ပို့ပေးလို့"
"လမ်းဘေးမှာပဲသွားပြော…ငါ့ရှေ့လာမပြောနဲ့ ဟိုက လိုက်ပို့ချင်တာ နည်းနည်း မင်းက လိုက်ချင်နေတာ များများမလား"
သူရှင်းပြနေတာတွေကို နားပိတ်ငြင်းပြီး အသံကုန် အော်ပစ်လိုက်သည်။
"ဒါက Kai လက်ခံထားတဲ့အမှန်တရားဆိုလည်း ဒီထက်ပိုပြီး ပြောစရာစကားမရှိတော့တာ တောင်းပန်ပါတယ်"
ထစ်ကနဲရှိ ကျနော့်ရှေ့ သူ မျက်ရည်ကျပြတယ်
လာပြန်ပြီ မမြင်ချင်တဲ့ သူ့မျက်ရည်တွေ
သူ့မျက်ရည်တွေကို မြင်ရင် မခံစားနိုင်တာ
လက်တွေနဲ့ သူ့မျက်ရည်တွေကို သုတ်ပေးချင်မိတာ
သူငိုပြီး တောင်းပန်ရင် အမှန်လို့ ယုံကြည်ချင်နေတဲ့
ကိုယ့်ကိုတောင် မုန်းချင်လာတယ်
ဘယ်တော့မှ ပြေလည်အောင်အဆုံးထိမရှင်းဘူး
သူ့ကိုနည်းနည်းလောက်ပြောမိရင် သူ့မျက်လုံးက အဲအရည်တွေထွက်လာပြီး ရှောင်ထွက်ဖို့ပဲ လုပ်တဲ့သူ
အခုလည်း သူဒီအတိုင်း ရှောင်ထွက်သွားရင် ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး
တင်းခံထားတဲ့မာနနဲ့ ဒေါသအချို့ တဒင်္ဂအတွင်း လျော့ချလိုက်ကာ ကျနော့်ရှေ့က ရှောင်ထွက်ဖို့လုပ်တဲ့ သူ့လက်တစ်ဖက်ကို ဆွဲလိုက်ပြီး ရင်ခွင်ထဲသွင်းလိုက်သည်။
"တောင်းပန်ပါတယ်…အရာအားလုံးအတွက်…ကိုယ်က မင်းကို နာကျင်စေခဲ့ရင်"
ဒီအချိန်မှာ ဒီစကားထွက်ဖို့ ကျနော့်အတွက်မလွယ်ကူပေမဲ့ သူ့အတွက် တစ်လုံးချင်း နှုတ်ခမ်းဖျားက ထွက်ကျလာသည်။
သူက သူ့ကို ဖက်ထားတဲ့ ကျွန်တော့်လက်တွေကို ပြန်ဆုပ်ကိုင်လာသည်။
ကိုယ့်ကို သတိထားမိလာတာကတော့ သူ့ရဲ့ မျက်ရည်တွေအောက်မှာ ကျရှုံးနေခဲ့ပြီဆိုတာပါပဲ။
သူ့ကို အရမ်းစိတ်ဆိုးနေပြီး လုံးဝခွင့်မလွှတ်ချင်ပေမဲ့ သူ့မျက်ရည်တွေက အရာအားလုံး ချေဖျက်သွားခဲ့တယ်…အားလုံး ဘာမဖြစ်ခဲ့သလို နေလိုက်မိပြန်သည်။
"လက်မှာ သွေးတွေ…ဆေးထည့်ရအောင်"
သူ့ကိုဖက်ထားတဲ့ လက်ကသွေးတွေကို သူမဝံ့မရဲကိုင်ကြည့်ရင်း ဆိုလာကာ ချက်ချင်းထွက်သွားကာ ဆေးဘူးယူလာသည်။
ကျနော့်လက်တွေကို ဖွဖွလေးဆုပ်ကိုင်ပြီး ဆေးတွေထည့်ပေးက ပတ်တီးစည်းပေးနေတဲ့ သူ့မျက်နှာလေးကို ငေးကြည့်နေမိရင်း သူဂရုစိုက်ပေးတာ ခံရလို့ ကျေနပ်မိပြန်သည်။
" နောက်တခါ ကိုယ့်ကို ထပ်မနှိပ်စက်နဲ့နော် "
လက်က ဒဏ်ရာကို စိတ်မကောင်းသလို ကြည့်ပြီး သူ သတိပေးလာတဲ့အခါ
" အဲဒါကတော့ Dyo ပေါ်မှာပဲ မူတည်တယ် "
သူက ပျက်ယွင်းနေတဲ့ မျက်နှာနဲ့ ပတ်တီးစည်းထားတဲ့လက်က အနာကို ငုံ့နမ်းလိုက်ကာ
" တောင်းပန်ပါတယ် နာကျင်စေမိလို့"
မင်းအခုလိုတွေ လုပ်ပြတာ ပိုနာကျင်ရတယ် Kyung Soo
တစ်ခါတလေ ငါအစားထိုးခံလိုက်ရတာလားဆိုပြီး မတွေးသင့်တဲ့ အတွေးတွေ ဝင်လာတယ်
Chanyeol အပေါ်ရော ဒီလိုတွေလုပ်ပေးခဲ့ဖူးလား
လူတွေပြောကြတဲ့ ငါက Chanyeolထက် မင်းအပေါ်ပိုဆိုးနေခဲ့တာရော တစ်ကယ်ပဲလား
မင်းကရော Chanyeolတုန်းကတောင် အဆုံးထိတောင့်မခံပဲ ထွက်ပြေးခဲ့သေးတာ ငါက သူ့ထက်ဆိုးလာတဲ့အခါ ထားရစ်ခဲ့မှာပဲလား။
သူ့ကို ကျနော် အနာပေးလိုက် ဆေးကျွေးလိုက် လုပ်နေတာ ကိုယ့်ကိုလည်း သိတယ် သူနှင့်ပတ်သက်လာရင် စိတ်တွေကို မထိန်းချုပ်နိုင်တာတော့ အမှန်ပဲ …အရင်ထဲက တစ်ခုခုဆို ပေါက်ကွဲလွယ်တဲ့ ကျနော် အခုတော့ သူ့ကြောင့် ပိုဆိုးလာတော့တာပေါ့။
ငယ်ငယ်တုန်းက Chanyeolနဲ့အကြိုက်တူခဲ့သမျှ နောင်တမရမိပေမဲ့ သူနဲ့ပတ်သက်တဲ့ ဒီတစ်ခုတော့ နောင်တလို့ မဆိုမိသော်ညား ဝဋ်ကျွေးလို့သာ ထင်မိသည်။
ထပ်ပြီး ပြဿနာတွေမဖြစ်ကြပဲ ဒီတိုင်းလေးပဲ အဆင်ပြေချင်တယ် Kyung Soo
~~~~~~~~~~T B C ~~~~~~~~~~