RED TEAR ( Completed )
By Dororo_Chen
24.7K 1.9K 129
အတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ... More
1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40 ( Final)
9
543 55 0
By Dororo_Chen
အတန်းထဲဝင်လာတော့ ရှေ့ကနေ ပိတ်ရပ်လိုက်တဲ့ကောင်လေးတစ်ယောက်။
တော်တော်သတ္တိရှိတဲ့ကောင်ပဲ အရင်စိတ်နဲ့ဆို ဆွဲထိုးမိမှာမှန်ပေမဲ့ DDကို ကတိပေးထား လို့ အသာတကြည်ပဲ ရှောင်သွားဖို့ စိတ်ကူးလိုက်တယ်။
ဒါပေမဲ့ ကောင်လေးက သွားလို့ မရအောင် ထပ်ပိတ်ရပ်ပြန်ပြီ။
" မင်း ဒါဘာလုပ်တာလဲ "
ဘယ်လိုမှ သည်းမခံနိုင်တော့လို့ ဒဲ့တိုးမေးလိုက်တော့
" မမြင်ဘူးလား လမ်းပိတ်ရပ်နေတာလေ "
ထိုပိတ်ရပ်တဲ့ ကောင်လေးကလည်း အာဂသတ္တိပဲ ကျနော့်ကိုတောင် မချေမငံပြန်ပြောရဲသည်ဆိုတော့။
"ငါ့ကို စိန်ခေါ်တာလား ရန်မဖြစ်ချင်ဘူး အေးဆေးဖယ်ပေးပါ"
" ငါ့လူကို ပြန်ပေး "
"ဘယ်သူ့ကို ပြန်ပေးရမှာလဲ ဘာတွေလာပြောနေတာလဲ"
ထိုကောင်လေးနဲ့ ဆက်စကားမပြောချင်လို့ ရှောင်ထွက်ဖို့ လုပ်လိုက်တယ်။
"အခုမှလာပြီး အတိတ်မေ့ချင်ယောင် ဆောင်မနေနဲ့ ငါ့ဘေးနားက မင်းခေါ်ထုတ်သွားတဲ့ Do Kyung Soo"
"အဲဒါမင်းလူလား စိတ်မကောင်းပါဘူးကွာ အခုသူက ငါ့လူ ဖြစ်သွားပြီ "
" ငါ့သူငယ်ချင်းကို အသာတကြည် ပြန်ပေးပါ Park Chanyeol"
" ဘာဆိုင်လို့ ပြန်ပေးရမှာလဲ"
"Do Kyung Soo ဆိုတာ Layရဲ့ တစ်ဦးတည်းသော သူငယ်ချင်း …Park Chanyeol နဲ့ ဘာမှ မပတ်သက်ဘူး …အဲဒါကြောင့်ပြန်ပေး"
ကျနော်လည်း ခြောက်ကပ်နေတဲ့ အသံကြီးနဲ့ တမင် အမြင်ကတ်စရာကောင်းအောင် လုပ်ရယ်ပြလိုက်ကာ
"ဒီမယ် Layတွေ ဘာတွ နားမလည်ဘူး မကျေနပ်ရင်လည်း မတတ်နိုင်ဘူး DDကို ငါပိုင်တယ် သူက ငါ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ် ဘယ်သူ့ အတွက်မှမဖြစ်စေရဘူး နားလည်လား"
" မင်းပိုင်တယ်ပြောရအောင် သူက မင်း အရုပ်မဟုတ်ဘူး ခံစားချက်ရှိတဲ့လူ"
ခံစားချက်ရှိတဲ့လူ ဟုတ်လား …… ဒါဆိုလည်း အဲဒီခံစားချက်တွေက Park Chanyeolနဲ့ပဲ သက်ဆိုင်နေရမယ်…ဘယ်သူနဲ့မှ မသက်ဆိုင်စေရ။
"လူတွေ အရုပ်တွေ မသိဘူး နောက်တစ်ခေါက်ထပ်ပြောမယ် သူ့ကို ငါပိုင်တယ် …ဘယ်သူမှ ပြန်မပေးနိုင်ဘူး ငါ့ဘေးနားက သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားတဲ့သူ ငါ့ရဲ့ မဟာရန်သူပဲ …မင်းအေးအေးဆေးဆေး လူ့လောကမှာ ထပ်နေချင်သေးရင် နောက်တခါ DDနဲ့ပတ်သက်ပြီး ငါ့ရှေ့ ပါးစပ်မဟမိစေနဲ့ "
ပြောပြီးတာနဲ့ ပိတ်ရပ်ထားတဲ့ Layကို ဝင်တိုက်လိုက်ပြီး ကိုယ့်နေရာမှာကိုယ် သွားထိုင်လိုက်တယ်
သူက လမ်းမရှောင်ပေးတော့ ကိုယ်က တိုက်ပြီး ထွက်သွားရုံပေါ့။
စိတ်ထဲကလည်း တော်တော်လေးကို Layကို မကျေမနပ်ဖြစ်မိသည်။
အရင်ကစိတ်နဲ့ဆို ဒင်းအမှုန့်ဖြစ်နေလောက်ပြီ။
အဆိုးဆုံးက DDသူငယ်ချင်းဆိုတာပဲ။
ဘာသူငယ်ချင်းလဲ သဝန်တိုမိတာတော့ အမှန်။စိတ်တောင် မချချင်တော့ဘူး။
ဒီနေ့မှ DDက နောက်ကျနေလိုက်တာ ဘာလို့ များပါလိမ့်။
တွေးနေရင်းက အတန်းထဲဝင်လာတဲ့ ကျနော့်ရဲ့ ကလေးလေးကြောင့် ညစ်နေတဲ့စိတ်တွေ လွင့်ထွက်ကုန်ကာ
" DD နောက်ကျလိုက်တာ "
စိတ်ပူမိတာပေါ့…သူအခုလို ရောက်သင့်ချိန်ထက်ကျော်ပြီး ရောက်လာတဲ့အခါ။
" omm…Yeollie waeyo" ဆိုပြီး DDက လွယ်အိတ်ကိုနေရာချရင်း မှိုင်ဖျော့နေသည့် ကျနော့် မျက်နှာကို သူ့ဘက်ဆွဲလှည့် မေးရှာသည်။
" ညက အိမ်မပျော်ဘူးသိလား "
ခပ်ချွဲချွဲဆိုလိုက်သည်။တစ်ကယ်လည်း အိပ်မပျော်ဘူး တစ်ညလုံး သတိရနေလို့။
" wae? "
" DDကို လွမ်းလို့ "
တမင် Lay မကြား ကြားအောင် အသံကျယ်ကြီးနဲ့ ပြောလိုက်တဲ့အခါ
အခန်းထဲက သူတွေက ကျနော်တို့နှစ်ယောက်ကို ပြုံးစိပြုံးစိနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေပြန်တယ်လေ။
ဘယ်ရမလဲ နောက်ကို လှည့်ပြီး ကျနော့်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတဲ့ Layကို အောင်နိုင်သူအပြုံးနဲ့ ဝင့်ကြွားစွာ ကြည့်လိုက်သေးသည်။
" တိုးတိုးပြောပါ Yeollieကလည်း လူတွေ ကြည့်ကုန်ပြီ "
" မျက်လုံးပါလို့ ကြည့်တာ ကြည့်ပါစေ"
" ညကလည်းဖုန်းအကြာကြီး ဆက်သေးတယ်လေ မတွေ့ရတဲ့လူလည်း မဟုတ်ပဲနဲ့"
"မတွေ့ရတဲ့လူတွေပဲ လွမ်းခွင့်ရှိတာလား…ဒါဆိုမတရားဘူး"
Layဆိုတဲ့တစ်ယောက်ကြားမှကြားရဲ့လား။
ဒီထက် အကျယ်ကြီး ထပ်ပြောရဦးမလား။
ဒါမှ ကျနော် Kyung Sooကို ပိုင်တယ်ဆိုတာ သူသိပြီး အမြင်မှန်ရမှာ။
အခုအတန်းထဲ အနီးကပ် ရန်သူရှိနေတော့ ပိုဆိုး... သဝန်တိုတယ်ဆိုတာကလည်း ချစ်လို့ ။
ကျနော်ကိုယ်တိုင်လည်း သိပါတယ် ...DDနဲ့ပတ်သက်ရင် အရာရာတိုင်း အထိမခံနိုင်ဖြစ်လွန်းနေတယ်ဆိုတာ။
အခုလည်း မအိပ်ရသေးတာ အကြောင်းပြပြီး DD ပခုံးပေါ်မှီပြီး မှေးစက်လိုက်တော့…သူ့အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ကျနော့်ကမ္ဘာက ခဏတာပြည့်စုံသွားလေရဲ့။
ခဏနေတော့ အကြာကြီးမှီအိပ်နေ သူ့ပခုံးတွေ နာနေမှာစိုးရိမ်တာနဲ့ အသာလေးထပြီး ခေါင်းဖယ်ပေးလိုက်တယ်။
" ဘာလို့ ထလာတာလဲ ...sam မဝင်သေးပါဘူး "
"ကို့ DDလေး ပခုံးတွေ နာနေမှာပေါ့ ဒီလောက်အိပ်ရ တော်ပါပြီ"
ဒီတော့မှ DDက ဘာပြန်မပြောတော့။
သူ့ကို ကြည့်နေမိရင်းက ပိုင်ဆိုင်လိုစိတ်တွေ ပြင်းထန်လာကာ သူနှင့် ပတ်သက်လို့ ဘယ်လောက်တောင် အတ္တကြီးနေမိသလဲဆိုရင် ဖြစ်နိုင်မယ်ဆို ဘယ်မှမထွက်ခိုင်းပဲ အခန်းထဲမှာ သော့ခတ်သိမ်းထားလိုက်ချင်သည်။ဘယ်သူမှ သူ့ကို ထပ်မတွေ့စေရတော့အောင်။
……………………………………………………………………
ကျောင်းက တစ်ခြားဘာသာရပ်တွေအပြင် အနုပညာချိန်တွေမှာဆို အနုပညာနဲ့ပတ်သက်တဲ့အရာတွေပါ သင်ကြားပို့ချတတ်သည်။
အရင်ကတော့ ဒီအချိန်တွေ တက်လေ့မရှိပေမဲ့ အခုတော့ DD ကြောင့် အတန်းမပျက်ချင်တာနဲ့ ဆက်နေဖြစ်သည်။
"အားလုံးသိကြမှာပါ သီချင်းဆို တော့မယ်ဆိုရင် သီချင်းရဲ့ အနှစ်သာရကို ဖော်ပြဖို့အတွက် ခံစားချက်က အရေးကြီး ဆုံးပဲ
ပြောရမယ်ဆိုရင် အချစ်နှင့်ပတ်သက်တဲ့ သီချင်းကို ဆိုမယ်ဆိုရင် ကိုယ်ကိုတိုင်က အချစ်ဆိုတဲ့ အရာကို ခံစားပြီး သီဆိုပေးမှ နားထောင်သူလည်း ထပ်တူထပ်မျှ ခံစားလို့ရမှာ
ဒီတော့ sam ဒီနေ့သင်မဲ့ အပိုင်းက  ခံစားချက်တွေအကြောင်း * love feeling *
အားလုံးထဲက တစ်ယောက်လောက် sam ကို အချစ်နဲ့ပတ်သက်တဲ့ အမြင်လေး ပြောပြပေးနိုင်မလား"
အစက ပျင်းစရာကောင်းမယ်ထင်ထားတဲ့ အတန်းချိန်က ဒီလိုကျတော့ စိတ်ဝင်စားဖို့ကောင်းနေသလို
ကျနော် လက်ထောင်လိုက်တော့ sam က တအံ့တသြ ကျနော့်ကိုကြည့်လိုက်တာ သူက အချစ်ဆိုတာ ဘာလဲ သိလို့လား ဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်ရင်း မကောင်းတတ်၍သာ
" ဟုတ်ပြီ သားပြော "
Sam ပြောလိုက်တော့
ကျနော် နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး
"Not reasons about love,
  it can't limit and nothing unfair in love.
ဖြေပြီးအဆုံးသတ်မှာ
" သူပြောတာကို ကန့်ကွက်တဲ့သူ ရှိရင် လက်ထောင် "
Samက ကျောင်းသားတွေဘက် လှည့်မေးလိုက်တယ်
ကြည့်လိုက်တော့ Lay ဆိုတဲ့ တစ်ယောက်သာ လက်ထောင်ပြီး ကန့်ကွက်နေတာ တွေ့ရသည်။
တစ်ခန်းလုံး သူတစ်ယောက်ပဲ လက်ထောင်တာ။
ကျန်တာတွေကတော့ လက်ခံလို့လား ကျနော့်ကို ကြောက်လို့ လက်မထောင်တာလား။ သူတို့သာ အသိဆုံးနေမှာပါ။
ဘာပဲပြောပြော DDက လက်ခံတယ် ဆိုတော့ ကျေနပ်ပါတယ်။
"ဟုတ်ပြီ သားက ဘာကြောင့် မထောက်ခံတာလဲ ပြောပြ
နောက်ပြီး ထောက်ခံတဲ့သူတွေထဲက တစ်ယောက်ကလည်း ဘာကြောင့် ထောက်ခံလည်း အားလုံး ကိုယ်စားပြောပေး
...ဘယ်သူထမလဲ "
Samက အားတက်သရော မေးလိုက်သည်။
ထောက်ခံတဲ့ သူတွေထဲက တစ်ယောက်မှ မထကြ။
" ဘယ်သူမှမထဘူးလား "
Sam စိတ်မရှည်စွာမေးလိုက်တော့မှ
"ကျွန်တော် " ... ဆိုပြီး DDက မတ်တပ်ရပ်လိုက်တော့မှ စိတ်အေးရတော့သည်။
"ရပြီ သားတို့ သုံးယောက် ရှေ့ထွက်လာခဲ့
ဘာကြောင့် မထောက်ခံရတာလည်း ဆိုတာ အရင်ပြောပါ"
Samက သုံးယောက်လုံး အတန်းရှေ့ထွက်ခိုင်းလိုက်တော့
Layက စတင်ပြီး
"အချစ်မှာ reasons ရှိပါတယ် …လူတစ်ယောက်ကို ချစ်မိတာ တချို့က ဖြူစင်လို့ ချစ်တယ် …ရိုးသားတာကို မြတ်နိုးတယ် …ဒါမှမဟုတ်ရင် ဆွဲဆောင်မှုရှိလို့ သဘောကျကြမယ် ဘာကြောင့် ချစ်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ဆိုတာ တစ်ခုမဟုတ်တစ်ခု ရှိပါတယ်"
ဒါကြောင့် " Not reasons about love " ကို ကန့်ကွက်တာပါ sam "
" ထောက်ခံတဲ့သူကရော " samက DDကို ကြည့်ပြီး မေးလိုက်တဲ့အခါ ကျနော် သူရဲ့ အဖြေကိုသာ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေလိုက်တယ်။
သူရော ကျနော်နှင့် ခံယူချက်ချင်းများ တူနေခဲ့မလား။
"အချစ်မှာ အကြောင်းပြချက် ဆိုတဲ့ reasons ရှိခဲ့မယ်ဆို ဒီအချစ်က  အချစ်စစ် တစ်ခု ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး..
ဘာလို့လဲဆိုတော့ ရိုးသားမှုကို ချစ်တယ်လို့ ပြောလို့ မရသလို ဖြူစင်တာတို့ ဆွဲဆောင်မှု ရှိတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုကို အချစ်ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပြီဆိုပါတော့
ဖြူစင်လို့ လူတစ်ယောက်ကို ချစ်မိပြီ ဆိုတဲ့သူတစ်ယောက်က
သူချစ်ရတဲ့သူ သူ့အပေါ်ကို မရိုးသားတော့တဲ့ တစ်နေ့ သူ့ကို အရင်လို ဆက်ချစ်နိုင်ပါ့မလား
လူ့စိတ်ဆိုတာ အမြဲပြောင်းလဲနေတာပါ အမြဲ တစ်သတ်မှတ်တည်းမရှိပါဘူး
အဲဒီအချိန်ကြရင် ဖြူစင်မှုကို ချစ်တဲ့သူက တခြား ဖြူစင်တဲ့သူကိုပဲ ဆက်ချစ်တော့မှာပါ သူအရင်က ချစ်တဲ့သူကို ထားသွားခဲ့လိမ့်မယ်
ဒါက အချစ်စစ် မဟုတ်လို့… အချစ်မှာ ချမ်းသာလို့ ချစ်တာပဲဖြစ်ဖြစ် ထူးချွန်လို့ ချစ်တာပဲ ဖြစ်ဖြစ် ဆွဲဆောင်မှုရှိလို့ ချစ်တာပဲ ဖြစ်ဖြစ် ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေသာ ရှိလာခဲ့မယ်ဆိုရင် အဲဒီ ချမ်းသာတာတွေ ထူးချွန်တာတွေ ဆွဲဆောင်မှု တွေမရှိတော့တဲ့ တစ်နေ့ အချစ် ဆိုတာ အလိုလို ပျောက်ကွယ်သွားမှာပါ သူချစ်တာလူကို မဟုတ်ပဲ ဂုဏ်တွေကိုပဲ ချစ်နေလို့ပါ
စစ်မှန်တဲ့ အချစ်မှာ အကြောင်းပြချက်မရှိပါဘူး သူဘယ်သူပဲဖြစ်နေပါစေ သူဘာတွေပဲ လုပ်နေပါစေ သူ့ရဲ့အပြုမူတိုင်းကို ချစ်တယ် သူ့အမူယာတိုင်းက ကိုယ့်အတွက် ချစ်ဖို့ ကောင်းနေတယ် ဘာလုပ်လုပ် အပြစ်မမြင်မိဘူး…လူဆိုး တစ်ယောက် ဖြစ်နေရင်လည်း ချစ်မှာပဲ ဘာကြောင့် ချစ်တာပါ ဆိုတဲ့ အကြောင်းပြချက် မရှိခဲ့တဲ့အတွက် ချစ်သူကိုလည်း ဘယ်တော့မှ ထားမသွားတော့ဘူး … သူ့ရဲ့ အဆိုးအကောင်းမှန်သမျှ အားလုံး လက်ခံပေးနိုင်လာမယ် ဒါကို အချစ် လို့ ခေါ်တယ်
DD ဖြေရှင်းချက်အဆုံးမှာ sam အပါအဝင် အားလုံးဆီက ပြိုင်တူ လက်ခုပ်သံတွေ ထွက်လာခဲ့ပါတယ်။
" very good ...Answer is perfect "
Samက DD ကို ချီးကျူးလိုက်သည်။
တစ်ကယ်တော့ ကျနော့်ရဲ့အတွေးတွေထက် ထိုအဖြေက DD ဖြေလိုက်မှ လိုအပ်တာထက် ပိုရှင်းလင်းသွားသည်။
" love can't limit" ဆိုတာကရော ဘာအတွက် ကန့်ကွက်တာလဲ ဆိုပြီး samက Layကို ထပ်မေးလိုက်တော့ သူက
"အချစ်ကို ကန့်သတ်နိုင်သလို တားမြစ်လို့လည်းရတယ်လို့ ထင်ပါတယ် …ဘာလို့လဲဆိုတော့ တချို့ စုံတွဲ တွေမှာ အိမ်က သဘောမတူဘူးဆိုတဲ့ တားမြစ်ချက်ရှိပါတယ်…ဂုဏ်အဆင့်ချင်းမတူတဲ့အခါမျိုး ဒါမှမဟုတ် အသွင်တူ ယောက်ျားနှစ်ယောက် ဒါမှမဟုတ် မိန်းကလေးချင်း ချစ်ကြိုက်ကြတဲ့အခါမျိုးမှာသူတို့အချစ်က မဖြစ်သင့်ဘူးလို့ ပြင်းထန်စွာ ကန့်သတ်ထားတာမျိုး…လွတ်လပ်တဲ့နိုင်ငံတွေမဟုတ်ပဲ အာဏာစနစ်ထိန်းချုပ်ထားတဲ့ အချို့နိုင်ငံတွေဆို ဒါမျိုးတွေက သေမိန့်အထိရှိတယ်"
ကျနော့် မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး Lay ပြောလိုက်တာပါ။
သူ ဘာကို ရည်ရွယ်ဆိုလိုသလဲ ကျနော်သိသလို အခုလို သူရဲ့ အဖြေအတွက်လည်း အနည်းငယ် ဒေါသထွက်မိသည်။
DD ရော ကျနော့်ခံစားချက်တွေသိနေမယ်ဆို စိတ်ပျက်သွားလေခဲ့မလား။
သို့သော်…ကျနော့်အား အံ့အားသင့်စေခဲ့သည့် DD
"Layပြောတဲ့ ကန့်သတ်ချက်တွေဆိုတာ မဖြစ်သင့်ဘူးဆိုပြီး လူတွေကပဲ သတ်မှတ်လို့ရတာပါ
တစ်ကယ်လို့ နှလုံးသားက ရွေးချယ်သူက လူတွေလက်ခံပေးနိုင်တဲ့သူ မဟုတ်ပဲ တစ်ခြားတစ်ယောက်ဖြစ်နေရင် နှလုံးသားရဲ့အလိုကို ငြင်းဆိုပြီး မချစ်ရလို့ တားထားလို့ ဆက်မချစ်ပဲ နေနိုင်မယ်ထင်သလား
ကောင်လေးတစ်ယောက်ရဲ့ နှလုံးသားက ရွေးချယ်သူက ကောင်မလေးမဟုတ်ပဲ ကောင်လေးတစ်ယောက် ဖြစ်နေခဲ့ရင်ရော…သူက ကောင်မလေးပဲ ပြောင်းချစ်သွားလို့ရမယ် ထင်လား
ကိုယ်ချစ်မိသွားတဲ့သူက ကောင်မလေးလည်း ဖြစ်နိုင်သလို ကောင်လေးလည်း ဖြစ်သွားနိုင်တာပဲ ဘာလို့လဲဆိုရင်
အချစ်ဆိုတာ လုပ်ယူ ဖန်တီးလို့မှ မရတာ
ဒီလူကို မချစ်ချင်ပေမဲ့လည်း ချစ်မိသွားနိုင်သလို
ချစ်နိုင်အောင် ကြိုးစားလုပ်ယူပေမဲ့လည်း ချစ်လို့မရတာမျိုးတွေ ရှိတယ်မလား
ကိုယ့်နှလုံးသားက သူ့အလိုလို ရွေးချယ်သွားတာ ကိုယ့်အသိနဲ့ကို ရွေးချယ်လိုက်တာ မဟုတ်တော့ ကိုယ်တိုင်လည်း ဒီအချစ်ကို တားဆီးလို့ မရနိုင်ဘူး. တစ်ခြားတစ်ယောက်က လာပြီး ကန့်သတ်ခဲ့ရင်လည်း လူကိုပဲ တားဆီးလို့ရမယ် …နှလုံးသားထဲက သူ့အလိုလိုဖြစ်ပေါ်လာတဲ့ အချစ်ဆိုတဲ့အရာကိုတော့ ဘယ်တော့မှ တားဆီးလို့ ရမှာမဟုတ်ဘူး
အချစ်ဆိုတာ စမ်းရေ လိုပါပဲ
နှလုံးသားထဲမှာ အမြဲတသွင်သွင်စီးဆင်းနေမဲ့
မမြင်ရပေမဲ့ခံစားလို့ရတဲ့ ဒြပ်မဲ့အရာတစ်ခု
စမ်းချောင်းတွေ မြစ်တွေ အမြဲစီးဆင်းနေ သလိုမျိုး အချစ်ဆိုတာလည်း ရင်ဘတ်ထဲမှာ ထာဝရစီးဆင်းနေမဲ့ မြစ်တစ်စင်းပါ ဒါကို ရပ်တန့်လိုက်လို့ မရနိုင်ပါဘူး။
Everybody can limit for man but can't limit for love
ဒီအချက်နဲ့တင်ကို ထောက်ခံခြင်းက လုံလောက်မယ်ထင်ပါတယ် "
အဖြေကို သဘောကျပြီး Layကို မြင်တယ်နော်ဆိုတဲ့ ပုံစံမျိုးနှင့် အနိုင်ရသူအပြုံးမျိုးနဲ့ ကျနော် ကြည့်လိုက်တဲ့အခါ
"ကောင်လေးချင်းစိတ်ဝင်စားရင် သေချာတယ် ယောက်ျားရော မိန်းမရော မရှောင်တဲ့ တဏှာရူးတွေပဲနေမှာ"
" ဟေ့ကောင် မဆိုင်တာတွေ ဆွဲမထည့်နဲ့ "
ထွက်လာတဲ့ဒေါသနှင့်အတူ မှီရာလှမ်းဆွဲလိုက်သည်က Layရဲ့ ရင်ဘတ်ကအကျီ င်္စကို
ရန်မဖြစ်ချင်သည့်ကြားမှ ထိန်းချုပ်နိုင်မှုတွေကို ထိုလူသားက တစ်စစီ ချေဖျက်နေသည်။
"ဒါက စာသင်နေတာပါ ရန်မဖြစ်ကြနဲ့ လူတိုင်းမှာ အမြင်ကိုယ်စီရှိကြမှာပဲ "
sam က ရုတ်တရက် တင်းမာလာတဲ့ အခြေနေကြောင့် ဝင်တားလိုက်မှ ကျနော်သူ့အကျီ င်္စတွေကို ဖြေလျော့လိုက်သည်။
ဒါပေမဲ့ ကျနော့်ရဲ့ ဖြူစင်တဲ့အချစ်တစ်ခုကို အဲဒီညစ်ညမ်းတဲ့ ထင်မြင်ချက်တစ်ခုအောက်မှာ စုတ်ပြတ်သတ်သွားမည်ကိုတော့ မလိုလား။
"မင်းမသိသေးတဲ့ ဖြူစင်တဲ့အချစ်တွေကို မင်းရဲ့သတ်မှတ်ချက်တွေနဲ့ မပြောင်းလဲနဲ့"
ကျနော့် စကားကြောင့် Lay ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"လူတိုင်းက မင်းပြောတာ နားလည်နိုင်မယ်ထင်လား"
"မထင်ပါဘူး…တစ်ခါတလေမှာ လူတိုင်းခံစားနားလည်ပေးလို့ မရနိုင်တဲ့ အချစ်မျိုးတွေလည်းရှိတယ် … ရှင်းရှင်းပဲပြောမယ်
ငါကောင်လေးတစ်ယောက်ကို ချစ်တယ် သူက ငါ့အတွက်ကလေးလေးပဲ ကလေးလေးတွေ ထက်တောင် ပိုချစ်ဖို့ကောင်းတယ် ..ဘာတပ်မက်မှုမှမပါဘူး…သူဆိုတဲ့ ပုံရိပ်လေးကို ရိုးရိုးလေးပဲ မြတ်နိုးတယ်…ငါ့အချစ်က သူတစ်ယောက်တည်း အတွက်ပဲ"ပြောပြီး DD ကို ကြည့်လိုက်ရင်း " ငါ…Do Kyung Soo ကို ချစ်တယ်
ဒီအချစ်က သူငယ်ချင်း တစ်ယောက်လို ချစ်တာမဟုတ်တာတော့ သေချာတယ် "
" ဘာ "
Layရဲ့အော်သံက တစ်ခန်းလုံးကို မြည်ဟီးသွားတယ်
"အခုက စာအကြောင်း ဆွေးနွေး နေတာမဟုတ်ဘူးလား"
Samက ဘာပြောရမှန်းမသိအောင် ရှုပ်ထွေးနေတဲ့ အခြေအနေတွေ ထိန်းချုပ်ဖို့ ကြိုးစားသော်လည်း
"စာအကြောင်းဆွေးနွေးရင်း ကျွန်တော်ချစ်ရတဲ့ ကောင်လေးကို အားလုံး ရှေ့မှာ ချစ်ခွင့်ပန်နေတာပါ sam"
ကျနော်ကတော့ ဒီလိုစာသင်ခန်းအတွင်းမှာ ဖွင့်ပြောဖို့ စိတ်မကူးထားသော်လည်း အခြေအနေတစ်ခုအောက်မှာ ခံစားချက်တွေကို ရဲဝံ့စွာ ထုတ်ဖော်လိုက်သည်။
ရင်မဆိုင်နိုင်စရာ မရှိပါဘူး။
DD ပြောသလို အချစ်ဆိုတာ တားဆီးမရနိုင်ဘူးမလား။
ကျနော့်နှလုံးသားက  တောင်းတနေတဲ့ ကောင်လေးတစ်ယောက်ကို ဘယ်တော့မှ ကျနော့်ဦးနှောက်က ငြင်းဆိုမည်မဟုတ်တာ သေချာသည်ထက် သေချာသွားခဲ့သည်။
"Yeollie …ဆက် မပြောနဲ့တော့ "
DD က မျက်နှာတွေပူလာပြီး ကျနော့်ကို လှမ်းတားနေပေမဲ့
"ကိုယ်က ပြောလို့ပြီးပြီလေ … DD အဖြေပေးဖို့ပဲ ကျန်တော့တာ"
" …Do Kyung Soo…Do Kyung Soo…Do Kyung Soo"
ဆိုပြီး ကျောင်းသားတွေက သူ့နာမည်ကို စည်းချက်ညီညီအော်ပြီး တွန်းအားပေးနေခဲ့ကြတယ်
နောက်ဆုံးတော့ သူ ကျနော့်ဘက်လှည့်ပြီး
" me too…love you" တဲ့
တိုးတိုးလေး…တစ်ကယ်တိုးတိုးလေးပါ
ဒါပေမဲ့ အဲဒီတိုးတိုးလေးက ကျနော့်နှလုံးသားနံရံတွေ ပဲ့တင်သံခတ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
DD ဆီက အဖြေရတာနဲ့ ကျနော် Layဘက်ကို လှည့်ပြီး
" Nothing unfair in love
အချစ်မှာမတရားဘူးဆိုတာမရှိဘူး
မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ
ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရဖို့ဆိုရင် ဘယ်လို နည်းလမ်းပဲသုံးသုံး တရားမျှတတယ်.... ဘယ်သူ့ လက်ထဲကပဲ လုယူရပါစေ သူက ကိုယ့်ကို ပြန်ချစ်ဖို့က အဓိကပဲ…သူ့မှာ တရားဝင်လက်ထပ်ထားသူ မရှိမချင်းပေါ့"
ကျနော်တို့ရဲ့ အတန်းချိန်လေးကတော့ ရင်ခုန်ဖွယ် လှပစွာ အဆုံးသတ်သွားတယ် ပြောရမလားပဲ
Sam ထွက်သွားတော့ အတန်းသားတွေဆီက ကျနော်နဲ့ DDကို ဂုဏ်ယူပါတယ် ဆိုတဲ့အားပေးစကားတွေ ပြောခဲ့ကြသလို sam ကတော့ ကျနော်တို့ နှစ်ယောက် အတွက် cupid ပေါ့
အဓိကကတော့ Layကျေးဇူးတွေပါ …သူ လမ်းကြောင်းပြခဲ့တာကြောင့် ဖွင့်ဟဝန်ခံရဲခဲ့တာ။
………………………………………………………………
ဒီအဖြစ်ပျက်တွေ ဖြစ်ပွားပြီး မကြာခင်မှာပဲ တစ်ကျောင်းလုံးက အသိမှတ်ပြုထားတဲ့ အရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲ ကျနော်တို့ ကျောင်းမှာ ပေါ်ပေါက်လာခဲ့ပါတယ်
သူတို့နှစ်ယောက်က အရမ်းချစ်ကြတယ်ဆိုတာ ဘေးကနေ မြင်တာနဲ့ သိနိုင်တဲ့ အထိပါပဲ
တစ်ယောက်နဲ့ တစ်ယောက်လည်း အပြန်အလှန် ဂရုစိုက်ကြပါတယ်
နှစ်ယောက်လုံးက အရမ်းချစ်ဖို့ကောင်းပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်တဲ့အထိလည်း အဖြစ်သည်းတတ်ကြတဲ့ လူတိုင်းအားကျ ငေးမောရတဲ့ အတွဲလေးပေါ့
နာမည်အကြီးဆုံးကတော့ Park Chanyeol ဆိုတဲ့ ကောင်လေးက သူရဲ့ DDကို သဝန်တိုတဲ့နေရာမှာတော့ သူလိုလူ နှစ်ယောက် မရှိပါဘူး …တခြားသူတွေရဲ့ သဝန်တိုမှု စံချိန်ကို ချိုးနိုင်တဲ့ အထိ အလွန် သဝန်တိုတတ်ပါတယ်… ဘယ်သူမှ DD ဆိုတဲ့ ကောင်လေးကို Chanyeol ရှေ့မှာ ယောင်လို့တောင် စေ့စေ့ မကြည့်ရဲကြပါဘူး
အဲလိုနဲ့ပဲ ကျနော်ဆိုတဲ့ Park Chanyeol မှာ နောက်ထပ် nick name တစ်ခု အသစ်ထပ်ရလာပါတယ်
baby_minderတဲ့
သူ့အဖြစ်က ချစ်သူတစ်ယောက်ကို ဂရုစိုက်နေရတာထက် ကလေးတစ်ယောက်ကို လိုက်ထိန်းနေရတာနဲ့ ပိုတူနေလို့ပါ
သူကိုယ်တိုင်ကလည်း အဲကလေးလေးကို လိုက်ထိန်းချင်နေတာ ဖြစ်ပါတယ်
DD နဲ့အတူရှိနေခဲ့တဲ့ နေ့ရက်တိုင်းက သူ့ ဘဝရဲ့ အပျော်ဆုံး နေ့စွဲလေးတွေပါပဲတဲ့။
..................................................................
စာအုပ်ဖတ်နေရင်း အတွေးလွန်နေတုန်းရှိသေး အိမ်ရှေ့ တံခါးကို တဗုန်း ဗုန်း ရိုက်နေတဲ့ အသံကြောင့် စာအုပ်ကို ကျနော် အလျင်တလို ပိတ်လိုက်ပြီး အံဆွဲထဲထည့်ကာ အောက်ထပ် တံခါးဆီကို မြန်မြန်သွားပြီး ဖွင့်လိုက်တော့
ဟင် ဒါ သူ ဘယ်လိုဖြစ်လာတာလဲ။
~~~~~~~~~T B C ~~~~~~~~~
Continue Reading
You'll Also Like
1M 54K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
566K 34.7K 99
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
23.5K 2.4K 26
Park Chan Yeol✨Doh Kyung Soo (14.8.2021)
3.3K 371 19