RED TEAR ( Completed )
By Dororo_Chen
24.7K 1.9K 129
အတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ... More
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40 ( Final)
7
618 54 0
By Dororo_Chen
ကျောင်းကို စတက်တဲ့ ပထမနေ့။
"ငါတို့ကျောင်းတော့ သိပ်မကြာခင် ပြန်ပြီး အသက်ဝင်လာတော့မှာပဲ"
ကျနော် ကားကိုရပ်လိုက်ပြီး ဆင်းလာတာကို မြင်သည်နဲ့ ပါးစပ်ကလည်းပြော လက်ကလည်း သူ့ဖုန်းကိုထုတ်ပြီး ဓာတ်ပုံရိုက်လိုက်ကာ သူ့ သူငယ်ချင်းတွေဆီ ပို့လိုက်သည့် ကျောင်းသားတစ်ယောက်။
ဒီကျောင်းထဲကို ဝင်လာတာ ဒီလောက်တောင်ပဲ သိသာခဲ့လား။
အတွေးတောင် မဆုံးလိုက်။
ကျောင်းသားကျောင်းသူတွေ အကုန်လုံး အတန်းဘက်တွေကထွက်လာပြီး ကျနော်ရှိတဲ့နေရာဘက် မလှမ်းမကမ်းကနေ ဝိုင်းအုံကြည့်လာခဲ့ကြသည်။
ကျနော်ကတော့ ဒါတွေဂရုမစိုက်နိုင်သေး။ ကျောင်းတက်ဖို့ နာမည်စာရင်းသွင်းရန် အတန်းပိုင်ရှိနေမဲ့ အခန်းဘက်သို့သာ ဦးတည်လျှောက်လာခဲ့သည်။
" ရောက်လာပြီလား Mr.Park ပြောထားလို့ အားလုံးပြင်ဆင်ထားပြီးပြီ..."
ရုံးခန်းထဲကို ဝင်လာတာမြင်တော့ ဆရာ တစ်ယောက်က ဦးကြိုနှုတ်ဆက်လာတာနဲ့
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ဆရာ...ကျွန်တော့်နာမည် Kim Jongin ပါ "
ကိုယ့်ကိုယ်ကို အတန်းပိုင်ဆရာနဲ့ မိတ်ဆက်လိုက်သည်။
" ဟုတ်ပြီ Jongin... အခု အတန်းတက်တော့မှာဆိုတော့ Sam နောက်ကနေလိုက်ခဲ့ "
.....................................................................
အတန်းထဲဝင်လာတော့ ဆရာက ကျောင်းသားတွေရှေ့ နေရာယူလိုက်ပြီး ကျနော်က ဘေးမှာ ရပ်နေခဲ့သည်။ Special Class မှာရှိတဲ့ အတန်းသား အတန်းသူ အားလုံးကလည်း ဆရာ့ဘေးက လူသစ်အဖြစ်ရှိနေတဲ့ ကျနော့်ကို စူးစမ်းနေကြသည်။
" ကဲ ကလေးတို့ အားလုံး ...Sam မိတ်ဆက်ပေးမလို့
သူက Kim Jongin လို့ခေါ်တယ်...ဒီနေ့မှ Sam တို့ အတန်းကို အသစ်ရောက်လာတဲ့သူပေါ့ ...အားလုံးပဲ သူ့ကို သူငယ်ချင်းအဖြစ် အသိမှတ်ပြုပေးကြပြီး မသိတာရှိ ရှင်းပြပေး ကူညီပေးကြဖို့ပဲ ပြောချင်တယ်"
ဆရာ မိတ်ဆက်ပေးပြီးတဲ့အခါမှာတော့
"Wow ... Kim Jongin တဲ့..." ကျောင်းသားအားလုံးဆီက အချင်းချင်း ပြောဆိုသံအချို့ထွက်ကျလာသည်။
အတန်းအလယ်မှာ လွတ်နေခဲ့သည့် ခုံနှစ်ခုံ။ တစ်ချိန်က Chanyeol နှင့် Kyung Soo တို့ ထိုင်ခဲ့သည့်နေရာ ဖြစ်ပုံရသည်။
" Jongin အတွက် အဆင်ပြေမယ်ဆိုရင်တော့ ဟိုနေရာမှာပဲ ထိုင်လိုက်ပါလား"
ဆရာက ကျနော်ကြည့်နေတဲ့ အရင် Chanyeol ထိုင်ခဲ့တဲ့နေရာကို လက်ညှိုးညွှန်ပြရင်း ဆိုလာတော့
"အဆင်ပြေပါတယ် ဆရာ...ကျွန်တော် အဲဒီနေရာကို ကြိုက်ပါတယ်"
"ဘေးခုံမှာ အရင်က ထိုင်တဲ့ တစ်ယောက်က အတန်းမလာတာ တစ်ပတ်ရှိပြီ ...သူအတန်း လာတက်ရင် သားနဲ့ အဆင်ပြေပါ့မလား... တစ်ယောက်ထဲ ထိုင်ချင်တာမျိုးတွေ ရှိလား"
Park Appaက မည်သို့ပြောထားလို့ရယ် မသိ။ ဆရာက Chanyeolနေရာထိုင်မည့် ကျနော့်ကို စိုးရိမ်စကားအချို့ ဆိုလာတော့သည်။
"Do Kyung Soo ကို ပြောတာလား ...သူနှင့် ကျွန်တော်က သိပြီးသားပဲ အဆင်မပြေစရာမရှိပါဘူး "
ကျနော့်ရဲ့ အဖြေကြောင့် ဆရာအပါအဝင် အတန်းထဲက ကျောင်းသားအားလုံးဟာ အံ့သြတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကို ကြည့်လာကြကာ ဆရာကတော့
" သား အဆင်ပြေရင် ပြီးတာပဲ " ပြောပြီး Chanyeol ထိုင်ခဲ့တဲ့နေရာ ကျနော်ဝင်ထိုင်လိုက်တာနဲ့ သင်ခန်းစာကိုပဲ စသင်ပါတော့သည်။
........................................................................
နေ့လည်ခင်း Break Time အနားယူနေခိုက် သူဘာလို့ ကျောင်းမလာတာလည်းဆိုပြီး စဉ်းစားနေဆဲ
"ဟေ့ K ကျောင်းကို လာပြီတဲ့"
ဘေးခုံက ကောင်မလေးတစ်ယောက်ရဲ့ အော်သံနှင့်အတူ တစ်ခန်းလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြကာ
"ဒီအချိန်ကြီးလာခဲ့တာလား..."
"Cuttie King ရော သေချာရဲ့လား...ဖြစ်နိုင်ပါ့မလား"
"သူ ဒီတစ်သက် အတန်းလာမတက်တော့ဘူး ထင်နေတာ... ကျောင်းကိုတော့ ပြန်လာသေးသားပဲ"
အတန်းထဲက ကျောင်းသား ကျောင်းသူတွေရဲ့ တစ်ယောက်တစ်မျိုး ပြောဆိုနေတဲ့ အသံကြောင့် မျက်လုံးတွေက အလိုလိုနေရင်း သူဝင်လာမဲ့ အတန်းရှေ့ကိုသာ ကြည့်နေမိသည်။
မျှော်လင့်ထားတဲ့နေ့ တစ်ကယ် ရောက်လာခဲ့ပြီပဲ။ သူ့ ဘေးနားမှာ အချိန်တိုင်းရှိနေဖို့ အတွက် အခွင့်ရေး ထပ်ရောက်လာပြန်ပြီ။
ကြည့်နေတဲ့ အခန်းရှေ့က တံခါးကိုဖြတ်ကျော်ကာ ပုံမှန်လူတစ်ယောက်လိုပဲ ရိုးရှင်းတဲ့ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ အတန်းထဲဝင်လာခဲ့တဲ့သူ။
" Hello...Kyung Soo "
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့မှမလိုက် ရက်စက်တတ်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက်နှင့် ကျနော့်ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုက အတန်းထဲရှိ လူတွေအားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။
သူက ဝမ်းသာအားရ ကျနော် မတ်တပ်ရပ်နေတဲ့ ထိုင်ခံတွေကြားက လျှောက်လမ်းဘက်ကို ရောက်လာရင်း
"Aww...Jongin "
ဆိုကာ ပြုံးပြနှုတ်ဆက်ပြီးတာနဲ့ ကျနော်ရပ်နေသည့်ဘေးက ထိုင်ခုံကို ရောက်မလာပဲ တစ်နေရာသွားဖို့ ဟန်ပြင်လိုက်တော့
"Kyung Soo နေရာက ဒီနေရာ မဟုတ်ဘူးလား...
ဆရာ ပြောတာ ဒီနေရာမှာ ထိုင်တာဆို "
သူက ကျနော်ပြသည့် ထိုင်ခုံကို စူးစိုက်ကြည့်နေခဲ့သည်။
"အရင်ကတော့ ဟုတ်တယ် ... အခု မထိုင်ချင်တော့လို့"
ထိုအဖြေထဲတွင် နာကျင်မှုတစ်စုံတစ်ရာ ရှိနေခဲ့သည်ကို ထူးဆန်းစွာ သူ့မျက်ဝန်းတွေက တစ်ဆင့် ခံစားမိလိုက်သည်။
"နေရာ အပိုရှိလို့လား"
သူက ခေါင်းတစ်ချက်ညိမ့်ပြလာကာ
"Kyung Soo အတွက် ဒီနေရာမဟုတ်တဲ့ နေရာတစ်ခုကျန်သေးတယ်လေ Jongin"
နောက်ဆုံးတန်းမှာ ထိုင်နေခဲ့တဲ့ ကောင်လေးက လှမ်းပြောလာပြီး သူက ထိုတစ်ယောက်ရဲ့ဘေးကို သွားထိုင်လိုက်သည်။
ဟုတ်သားပဲ...သူ Chanyeol ဘေးနား မရောက်ခင်က ပထမဆုံး ထိုင်ခဲ့တဲ့ နေရာရှိခဲ့မှာပေါ့။
သူ့နေရာကို လိုက်သွားကာ
"ဒါက အရင်ဆုံးထိုင်ခဲ့တဲ့နေရာလား"
ဆိုတော့ သူက အံ့သြစွာကြည့်လာရင်း
"အရင် ဒီနေရာမှာထိုင်တာ ဘယ်လိုသိလဲ"
ဆိုပြီး ကျနော့်ကို မေးလိုက်သည်။
စကားမှားသွားပြီဆိုတာ သိလိုက်ပေမဲ့လည်း
"ဒီတိုင်း စိတ်ထဲထင်တာ ပြောကြည့်တာပါ"ဆိုပြီး သူ့ခေါင်းထဲ တခြားအရာတွေ ထပ်မတွေးစေရအောင် ဖြေရှင်းချက်တစ်ခုနဲ့ လျောချလိုက်သည်။
သူ့ဘက်က ကျနော့်ကို သံသယဝင်သည့် အမူအယာတော့မရှိ။
ဒါပေမဲ့ သူ့ကို ဒီနေရာမှာတော့ ထိုင်ခွင့်မပေးနိုင်။ ကျနော့်အတွက် အချိန်က သိပ်မရတာမလို့ Chanyeolကို ပေးထားတဲ့ ကတိအတွက် ရှေ့ဆက်စရာတွေ ဖန်တီးရဦးမယ်မလား။
"အရင်နေရာ မထိုင်ချင်တော့တာက ဘေးခုံကို ကိုယ်ရောက်လာတာကြောင့်လား"
စိတ်မကောင်း ဖြစ်သွားတဲ့ လေသံမျိုးနဲ့ တမင်လူသနားချင်အောင် အမေးစကားဆိုလိုက်တော့
"Jongin နေရာက"
စိုးထိတ်စွာ မေးလာသည့်သူ။
"အရင် Kyung Soo ထိုင်ခဲ့တဲ့ ဘေးခုံ"
"............"
ကျနော့်အဖြေကြောင့် လိုတာထက်ပို ပြူးကျယ်လာတဲ့ မျက်ဝန်းတစ်စုံနဲ့ သူက ချက်ချင်းဆိုသလိုပဲ သိသိသာသာ မျက်နှာပျက်ယွင်းသွားခဲ့သည်။
"ဘာလို့ မျက်နှာက ဒီလောက် ပျက်သွားရတာလဲ ... မထိုင်စေချင်လို့လား"
"Arr......အဲလို မဟုတ်ပါဘူး"
ချက်ချင်းပဲ အကြောက်အကန်သူငြင်းလိုက်သည်။ ကျနော် သူ့ကို စိတ်ခုသွားမှာ စိုးရိမ်နေပုံ။
သူမျက်နှာပျက်သွားတာ Chanyeol ကြောင့်များလား။
မသိဘူး... အခုချိန် ဘာမှ ထပ်မတွေးချင်းဘူး...လုပ်စရာရှိတာပဲ ဆက်လုပ်ရမယ် ...အချိန်တန်ရင် သူ Chanyeolဘေးကို ရောက်သွားဖို့ကသာ အရေးကြီးတယ်။
"Dyo"
"........."
ရုတ်တရက် အခေါ်အဝေါ် ပြောင်းလဲသွားသလို ချက်ချင်းနူးညံ့သွားတဲ့ အမူအယာကြောင့် သူက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ကျနော့်ကို ဘာဖြစ်သွားတာလဲဆိုသည့် ပုံစံမျိုးနဲ့ ကြည့်လိုက်သည်။
"ကိုယ်နှင့် အတူတူ မထိုင်ချင်ဘူးလား...ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်ပဲ...အတူတူထိုင်လို့ မရဘူးလား...တစ်ယောက်ထဲ ထိုင်ရမှာ အထီးကျန်တယ်"
မျက်နှာကို တမင်ညှိုးငယ်သွားအောင် လုပ်လိုက်ပြီး သူ့မျက်လုံးတွေ စိုက်ကြည့်ကာ ခပ်ချွဲချွဲဆိုလိုက်တဲ့ ကျနော့်ရဲ့စကားအဆုံးမှာတော့ သူက ဘယ်လုပ်ရမှန်း မသိတဲ့ပုံစံနဲ့ သူ့လက်မကို ပါးစပ်ထဲထည့်ကိုက်လိုက်ရင်း ခဏအကြာ သူ့လွယ်အိတ်ကိုပိုက်ပြီး မတ်တပ်ထရပ်လာသည်။
"တစ်ကယ်ပါပဲ...ပြောနေပုံက ကလေးလေး လာချွဲနေတာကျနေတာပဲ" ဆိုပြီး သူက ကျွန်တော့် ပါးတွေကို ဆွဲလိမ်လိုက်တယ်။
တစ်ကယ်ကို လူကြီးတစ်ယောက်က ကလေးလေးတစ်ယောက်ကို ချစ်စနိုးနဲ့ ဆွဲဖဲ့လိုက်သမျိုး။
သူ့ရဲ့ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေရဲ့အကြည့်... ရုတ်တရက် မထင်မှတ်ထားတဲ့ အပြုအမူ... ရင်ဘတ်တစ်စုံဟာ လန့်သွားတာကြောင့်လား ...ဗြောင်းဆန်သွားခဲ့သလို
"Ah...နာတယ်...မလုပ်နဲ့"
သူ့ရဲ့ အထိအတွေ့ကို လိပ်ပြာမလုံစွာ သူ့လက်တွေကို ဖယ်ရှားလိုက်သည်။
"တောင်းပန်ပါတယ်...Jonginက ချစ်ဖို့ အရမ်းကောင်းသွားလို့ ကလေးလေးလိုထင်ပြီး သတိလွတ်သွားတာ"
အားနာသလို ဆိုလာပြီး သူ့လက်တွေကို နှုတ်ခမ်းနဲ့ ကိုက်လိုက်ကာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိအောင် ရှက်ဖြာသွားသည့်သူ။
သူ့နှုတ်ခမ်းတွေကို စိုက်ကြည့်နေမိရင်းက သူ့နှုတ်ခမ်းတွေနဲ့ ထိတွေ့နေသည့် သူလက်ချောင်းကို ဘာကြောင့် အလိုမကျမိတယ်ရယ် မသိ။
သူ့နှုတ်ခမ်းတွေရဲ့ အထိအတွေ့ နူးညံမှုတွေကို ခံစားနေမဲ့ သူ့လက်တွေကို လုံးဝ မနှစ်မြို့တော့သည်ကြောင့် ထိုလက်တွေကို ဆွဲဖယ်မည်လုပ်လေတော့ လန့်သွားသည့်သူက နောက်ဆုတ်ကာ ရှောင်လိုက်သည်။
"မရှောင်နဲ့လေ...ဘာလို့ လက်တွေကိုက်နေတာလဲ...လူမြင်မကောင်းအောင် "
သူ့လက်တွေ မြင်ပြင်းကတ်စွာ ဖယ်ချလိုက်သည်။
"ခုနက ရုတ်တရက်ဆိုတော့ DDလန့်သွားလို့"
" D D? "
ဒီနာမည်က သူနှင့်Chanyeolကြားက သီးသန့်မူပိုင် နာမည်မလား။ ဘာအတွက် သူ့နှုတ်ဖျားက ထွက်ကျလာတာလဲ။ သူ Chanyeolကို မုန်းတီးနေခဲ့တာ မဟုတ်ဘူးလား။ဒီနာမည်က သူ့ဘဝမှာ သေဆုံးသွားခဲ့ပြီ မလား။ ဒါကြောင့်လည်း တစ်ခြားမိန်းမ တစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တာပေါ့။
" အမြဲတမ်းကိုယ့်ကို ဒီလိုပဲ သုံးနေကျမလို့... ရုတ်တရက် ထွက်သွားတာ"
တိုးတိမ်စွာ ဖြာကျလာတဲ့ သူ့ရဲ့ အားဖျော့နေတဲ့ အဖြေအဆုံး နှလုံးသားဟာ ကျဉ်စက်နဲ့အတို့ခံလိုက်ရသလို။
ဒီနာမည်ကြားရင် သိသိသာသာ စူးအောင့်လာတယ်။
အဲဒီနာမည်ထပ်ထွက်မကျလာအောင် သူ့ နှုတ်ခမ်းတွေကို အားရပါးရဆွဲကိုက်ပစ်ချင်လာသည်။
မျက်နှာနှစ်ခုကြား အကွာအဝေးသိပ်မဝေးတော့သလို နှုတ်ခမ်းနှစ်စုံကြား စင်တီမီတာ အနည်းငယ်မျှသာ ကွာဟတော့တဲ့ အခိုက်အတန့်။
"Jongin...ဘာလုပ်မလို့လဲ"
သူ့ရဲ့ အသံကြောင့် ခဏတာလွတ်သွားတဲ့ အသိစိတ်တို့က ပြန်ကပ်ညိလာရင်း
"အသာလေးကိုက်ကြည့်ချင်တာ ဘာအရသာလဲ သိချင်လို့"
ဆိုတဲ့စကားကြောင့် မျက်နှာတွေရဲတက်လာကာ သူ့နှုတ်ခမ်းသားတွေ မသိမသာတုန်ယင်သွားခိုက်။
" ကိုယ့်ပါးကို ဆွဲလိမ်သွားတဲ့ Kyung Soo ရဲ့ လက်တွေကို"
ဆက်ပြောလိုက်လေမှ အခုမှအသက်ရှူချောင်သွားသူလို သူ့ဆီက သက်ပြင်းချသံသဲ့သဲ့ ထွက်လာသည်။
သူ့ရဲ့လက်တွေကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းသားတွေနဲ့ ထိမိခိုက် ... လွှတ်ပေးဖို့ မေ့လျော့သွားသလို
သူ့ဘက်က လက်ကို ပြန်ရုတ်သိမ်းသွားမှ အသိဝင်လာရင်း
"ဘာလို့ လက်ပြန်ရုတ်သွားတာလဲ"
"Jonginကရော...ကိုက်ဖို့အတွက် ဘယ်နှစ်နာရီလောက် အချိန်ယူနေမှာလဲ"
နှုတ်ခမ်းစူပြီး ခပ်ငေါ့ငေါ့ သူပြောလာမှ ကိုယ်အနည်းငယ်လွန်သွားခဲ့သည်ကို သတိပြုမိတော့သည်။
အတန်းထဲဆိုတာ ကျနော် မေ့ထားမိခဲ့သလို ဘေးမှာ တခြားသူတွေ ရှိနေသေးတာာ ဘာလို့ မျက်ကွယ်ပြုမိပါလိမ့်။
အခုမှ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်မိတော့ ဆယ်ယောက်ကျော်သာရှိသော အတန်းထဲက လူတစ်စုရဲ့ မျက်လုံးအစုံက သူနှင့်ကျနော်ရှိနေရာ တည်နေရာ တစ်ဝိုက်မှာသာ။
"လူတွေက ဘာလို့ ငါတို့နှစ်ယောက်ကို ကြည့်နေကြတာလဲ "
ကျနော်တို့ကို ကြည့်နေကြတဲ့ လူတွေကို အလိုမကျသလို မျက်မှောင်တွန့်ချိုး ဆိုလိုက်တော့
"မျက်လုံးပါလို့ ကြည့်တာနေမှာပေါ့"
သူ့ဘက်က ဘာမဖြစ်သလို တုံ့ပြန်လာသည့် အဖြေ။
အခုမှ ပဲ ရှင်းသွားတော့အောင် ဖြေလည်း ဖြေပေးတတ်သည့်
Do Kyung Soo ။
နောက်ဆုံးတော့လည်း သူက ကျနော့်အလိုကျအတိုင်း ကျနော့်ရဲ့ ဘေးခုံကို ရောက်လာပေးရသည်ပဲလေ။
အတန်းက ကျနော်တို့ နှစ်ယောက်ကိုသာ အာရုံစိုက်နေကြလို့ တိတ်ဆိတ်နေခဲ့ရာက ရုတ်တရက် ကျောင်းသားကျောင်းသူတွေရဲ့ တီးတိုးသံတွေ ထွက်လာတာကြာင့် နှစ်ယောက်စလုံး အပြိုင် လှမ်းကြည့်မိတော့ သူနှင့် ကျနော် စကားပြောနေတဲ့နေရာကို ကောင်မလေးတစ်ယောက် ရောက်လာခဲ့ပြီး
ဖြန်းးးးးး...
ထင်မှတ်မထားသည့် အပြုအမူတစ်ခု။
" ဟာ..." တစ်ခန်းလုံး အံ့အားသင့်သွားစေသည်အထိ ထိုမိန်းမချောလေးက Kyung Soo ရဲ့ ညာဘက်ပါးပြင်ကို အရှိန်နဲ့ ရိုက်ချလိုက်သလို သူ့ခေါင်းကလည်း ဘယ်ဘက်ကို လည်ပြန်စောင်းသွားခဲ့သည်။
"မင်း...မင်း...ဘာလုပ်တာလဲ"
ကောင်မလေးရဲ့ ရိုင်းစိုင်းလွန်းသည့် အပြုအမူကြောင့် ဘေးကနေ ဝင်ပြောလိုက်လေမှ ပိုဆိုးသွားလေသလား
"မမြင်ဘူးလား နောက်တစ်ခေါက် ထပ်လုပ်ပြရမှာလား"
ဆိုကာ ထိုကောင်မလေးက Kyung Sooရဲ့ ကျန်နေတဲ့ နောက်ပါးတစ်ဖက်ကို ထပ်ရိုက်ချလိုက်သည်။
ဘယ်သူလဲ ... အဲဒီမိန်းမက ဘယ်သူမလို့ Kyung Soo က ပြန်မလုပ်ပဲ ငြိမ်ခံနေတာလဲ။
နောက်တစ်ကြိမ် ထပ်ရိုက်ဖို့ လက်ကို ထပ်မြှောက်ပြန်တော့ ထပ်ပြီး သည်းမခံနိုင်တော့တဲ့ ကျနော်
" မင်း..တော်တော့နော် ."
သူမရဲ့ လက်ကို ဆွဲတားပြီး ဘေးကို လွှတ်ချလိုက်သည်။
သူမက ချက်ချင်းပဲ စူးရဲစွာ ကျနော့်မျက်နှာ စိုက်ကြည့်လာပြီး
"ရှင်က Chanyeol နောက်ကို လိုက်သွားချင်လာတဲ့ ဒုတိယတစ်ယောက်လား"
သူမပါးစပ်က Chanyeol နာမည်ကြားလိုက်ရမှ အသိစိတ်အချို့ ပြန်ဝင်လာကာ။
ဟုတ်သားပဲ ဒီနေရာကို ရောက်လာတာ Chanyeolအတွက် လက်စားချေမလို့။
ဘာကိစ္စ ကိုယ်သေချာမသိတဲ့ ပြဿနာတစ်ခုအတွက် သူ့ဘက်က ဝင်နာပြီး ကာကွယ်ပေးနေရမှာလဲ။
ဘာလို့ မေ့သွားခဲ့ရတာပါလိမ့်။ ကျနော်နဲ့မှ မဆိုင်တာ။
"ကောင်းပြီ မိန်းကလေး...ဒီကိစ္စ ကိုယ်နဲ့ မဆိုင်ဘူး ဒါပေမဲ့ ကိုယ့်ကို ဘယ်တော့မှ ဒုတိယလို့ မပြောနဲ့ မကြိုက်ဘူး"
ကျနော်လက်ခံထားတဲ့ ဒုတိယဆိုတာ အနိုင်မဟုတ်ဘူး။ အမြဲတမ်း ပထမကို ရှုံးနေတဲ့သူ။ ဒါကြောင့် ဒုတိယကို မုန်းတယ်။ ပထမမှ မရရင် ဒုတိယဆိုတာကို ဘယ်တော့မှ လက်မခံဘူး။
"ရှင် သူ့ဘေးနားမှာ ဒီအတိုင်း ဆက်နေမယ်ဆိုရင် မကြာခင် သူ့မာယာတွေထဲနစ်မျောပြီး Park Chanyeol လိုပဲ သေသွားမှာစိုးလို့ သတိပေးတာ...ဝေဒနာ ဖြစ်သွားရင်တော့ sorryပဲ"
လှပတဲ့ နှင်းဆီဖူးရောင်နှုတ်ခမ်းပါးထပ်က ဖိတ်ကျလာသမျှ စကားလုံးတိုင်းက သိပ်ကို အကျည်းတန်လွန်နေပါလား။
" ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ကြောင့် မင်းနာကျင်ခဲ့ရရင်"
Kyung Soo ဘက်က သူမကို တောင်းပန်နေပေမဲ့
"ရှင့်ပါးစပ်ပိတ်ထားလိုက် ရှင့်အသံ မကြားချင်ဘူး ဘာလို့ ရှင်ကမသေဘဲ Oppaကပဲ သေသွားခဲ့ရတာလဲ"
ခါးခါးသည်းသည်း အော်ဟစ်ငြင်းဆန်လိုက်တဲ့ သူမဟာ ကျားရိုင်းမလေးသဖွယ်။
" Sakura စိတ်မရှိပါနဲ့ ကျေးဇူးပြုပြီးတော့ အတန်းထဲက ထွက်သွားပေးပါ"
ရန်လိုနေတဲ့ သူမနားကို အတန်းထဲက ကျောင်းသားတစ်ယောက်ရောက်လာပြီး တားမြစ်လိုက်သည်။
"ကျမကိုနှင်ထုတ်ရအောင် ရှင်က ဘယ်သူလဲ"
အခုချိန် သူမက မြင်မြင်သမျှအရာတိုင်း ရန်သူလိုသာ သဘောထားနေတော့သည်။
"အတန်းခေါင်းဆောင် ...ဒီတော့ နှင်ထုတ်ပိုင်ခွင့်ရှိတယ်"
ဒီတော့ သူမက ထိုကျောင်းသားကို သလျော်ပြုံးနဲ့
" ရှင့်ဟာရှင် ဘာခေါင်းဆောင်ဖြစ်ဖြစ်
ဂရုမစိုက်ဘူး "
သူမ စကားကြောင့် ထိုကျောင်းသားမျက်နှာက တင်းမာလာကာ
"ရှင်းစရာရှိရင် အပြင်မှာရှင်းပါ ... အတန်းထဲလာပြီး ကိုယ်ထိလက်ရောက် ကျူးလွန်တာတင်မကဘူး အတန်းသား တစ်ယောက်ကို ရစရာမရှိအောင် ပြောဆိုနေတာ အတန်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘေးကနေ ရပ်ကြည့်မနေနိုင်ပါဘူး မဟုတ်ရင် မင်းကို အခန်းပြင် ဆွဲထုတ်ရလိမ့်မယ် "
အပြတ်ပြောပြီးသည့်အခါမှာ သူမရဲ့ လှပနေတဲ့ မျက်နှာက မာနကြောင့် တင်းမာနေခဲ့ပြီး ဒေါသကြောင့် အသားတွေတောင် တဆတ်ဆတ် တုန်လာသည်။
"သူကများ ငါ့လို star တစ်ယောက်ကို ရာရာစစ"
Star...သူမက နာမည်ကြီး အနုပညာ အသိုင်းဝိုင်းထဲကပဲလား။ အဲ့ဘက်ပိုင်းတွေ သိပ်စိတ်မဝင်စားခဲ့လို့လားမသိ သူမကို ကျနော်မသိခဲ့။
" idol က idolလို သိက္ခာရှိရှိနေပါ အပြူအမူတွေ ရိုင်းနေရင်တော့ idolမကလို့ ဘာကြီး ဖြစ်နေပါစေ ဒီအတန်းထဲက ထွက်ခိုင်းရမှာပဲ "
" တော်ပါတော့ .... ဆက်မပြောကြပါနဲ့တော့"
ထိုအချိန် ရန်ဖြစ်နေတဲ့ အတန်းခေါင်းဆောင်နှင့် Sakura ဆိုတဲ့ ကောင်မလေးကြား Kyung Soo က ဝင်တားလိုက်သည်။
"အခုမှလာပြီး သနားစရာ ကောင်းအောင်လုပ်ပြမနေနဲ့ Kyung Soo... တစ်နေ့ Ra ကိုယ်တိုင် ရှင့်ကို Park Chanyeolဆီ အရောက် ပို့ပြမယ် "
Sakura က ပြောပြီး အတန်းထဲကနေ လှည့်ထွက်သွားသည်။
ကျနော်ကတော့ စကားတစ်ခွန်းမှ ဝင်မဆိုနိုင်ပဲ ဖြစ်သမျှအရာအားလုံးကို ပါးစပ်တောင်မပိတ် နိုင်သည်အထိ ဘေးကနေကြည့်နေခဲ့သည်။
အဲဒီအချိန်မှာပဲ တိုက်ခိုက်မှုပုံစံခြင်းမတူရင်တောင် ရည်ရွယ်ချက်ချင်းတူနေခဲ့တဲ့ ကျနော့်ရဲ့ ဘက်တော်သား တစ်ယောက်ကို တွေ့ရှိလိုက်ရသည်။
"Lay ...ကျေးဇူးပဲ"
သူ့ဘက်က ဝင်နာပေးတဲ့ အတန်းခေါင်းဆောင်ဆိုသည့် ကျောင်းသားကို သူ ကျေးဇူးတင်စကားဆိုတော့
" ကိုယ့်ကို ဂရုစိုက်ပါ ငါမင်းကို အတန်းထဲတင်ပဲ ကာကွယ်ပေးလို့ရမှာ"
Layဆိုတဲ့ အတန်းခေါင်းဆောင်ကပြောပြီးတာနဲ့ သူ့
ရှေ့က ထွက်သွားတော့သည်။
Lay ထိုင်တဲ့နေရာက အရင် Kyung Soo ထိုင်ခဲ့တဲ့ နောက်ဆုံးတန်းရဲ့ ဘေးခုံ။
"စိတ်အနှောင့်ယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်...Jongin"
သူ့ဘေး တိတ်ဆိတ်နေတဲ့ ကျနော့်ကို သူက အားနာစွာ ဆိုလိုက်တော့
" အဆင်ပြေရဲ့လား "
သူ့မျက်နှာမှာ လက်ဝါးရာနှစ်ခုက အထင်းသား
ဒီလို မြင်ရတော့ စိတ်မကောင်းတော့ ဖြစ်မိပေမဲ့လည်း သူဘယ်သူဆိုတာ တွေးလိုက်ရင်တော့ စိတ်တွေက ချက်ချင်း အမုန်းဘက်ကို ပြောင်းလဲ သွားခဲ့ပြန်သည်။
စကားပြောနေဆဲမှာပဲ Layဆိုတဲ့ အတန်းခေါင်းဆောင်က နောက်ထပ် အနားပြန်ရောက်လာပြီး Kyung Soo ကို ဘာမပြောပဲ လက်ကို ဆွဲခေါ်သွားခဲ့သည်။
" Jongin ခဏနော် "
သူက ချက်ချင်းပဲ ဆွဲခေါ်သွားတဲ့နောက် ငြင်းချိန်တောင်မရလိုက်စွာ ပါသွားခဲ့သည်။
စိတ်ထဲမပါပေမဲ့ ခေါင်းတစ်ချက်ညိမ့်ပြလိုက်ရင်းသာ နေရာမှာ ကျန်ရစ်ခဲ့သည်။
အချိန်အနည်းငယ် ကြာလာသည်အထိ Kyung Soo ပြန်မရောက်လာခဲ့။
" Kim Jongin ..."
ခေါ်သံကြားလို့ မော့ကြည့်မိတော့ ရှေ့တည့်တည့်ရပ်နေသူက မိန်းမချောလေးတစ်ယောက်။
"ကိုယ့်နာမည်ကို ဘယ်လိုသိ"
" Jongin မနက်ကျောင်းလာတည်းက လူကို တွေ့လိုက်ပေမဲ့ နာမည်သိတာတော့ သိပ်မကြာသေးဘူး "
" ဘာပြောစရာရှိလို့လဲ "
" မေးစရာရှိလို့ Kyung Soo Oppa ရော"
ဒီကောင်မလေးကို မြင်ဖူးသလိုပဲ ။ ဘယ်နေရာမှာ ...တွေ့ဖူးတာလဲ။
သူမ မျက်နှာ အသေချာကြည့်မိတော့... မြင်ကွင်းတစ်ခုက အတွေးထဲ ခပ်ရေးရေး ပြန်ပေါ်လာသည်။
Partyပွဲညမှာ Kyung Soo နဲ့အတူတူတွဲကခဲ့လို့ Chanyeol တွန်းပစ်လိုက်တဲ့ ကောင်မလေးပဲ။
" မရှိဘူး Lay ဆိုလား...အဲတစ်ယောက်ခေါ် သွားတယ်"
ဒီတော့မှ သူမက ခုနကလို တည်တည်ငြိမ်ငြိမ် မဟုတ်တော့။
" တစ်ခုခုဖြစ်ခဲ့တာလား ...Lay Oppa က ဘာမဖြစ်ပဲနဲ့ Oppaကို ခေါ်သွားစရာ အကြောင်းမှ မရှိတာ"
သူမက ဘာလို့ Kyung Soo နှင့် Lay အကြောင်း ဒီလောက်သိနေရတာလဲ။
" ဖြစ်ခဲ့တယ် ...Sakura ဆိုတဲ့ တစ်ယောက် အတန်းထဲဝင်လာပြီး မင်း Oppa ကို ပါးရိုက်သွားလို့ "
"borrr ... Sakura က Oppaကို ပါးရိုက်တယ် "
ဒေါသဖြစ်သွားပုံရသည့် ကောင်မလေးက ချက်ချင်းပဲ လှည့်ထွက်မယ်လုပ်တော့ ကျနော် သူမလက်ကို ဆွဲထားလိုက်ပြီး
" ဘာလို့ ဆွဲထားတာလဲ Sakura နဲ့ သွားစာရင်း ရှင်းမလို့ အခု လွှတ် "
" မင်းကဘယ်သူလဲ အဲဒီ Sakura ဆိုတာကရော ဘယ်သူလဲ"
အစက စိတ်မဝင်စားပေမဲ့ အခုတော့ Chanyeolနှင့်ပတ်သက်ပြီး နှစ်ယောက်စလုံးကို စိတ်ဝင်စားသည်။
" ဟုတ်သားပဲ...မိတ်ဆက်ဖို့မေ့သွားတယ်... ကျမက Min Yeon ပါ... Jongin သိချင်တဲ့ Sakura က Park Company ရဲ့ ပင်တိုင်စံ model... ဘာထပ်သိချင်သေးလဲ...မေးစရာ မရှိရင်လည်း လက်ကို လွှတ်တော့ "
"Park chanyeolနဲ့ သူမနဲ့က ဘယ်လို ပတ်သက်လဲ "
Yeon က မျက်နှာလေးတမင်မဲ့ပြကာ
" ဘယ်လို ပတ်သက်လဲတော့ မသိဘူး ...သူတို့နှစ်ယောက်က အတူတူတွဲ ကြော်ငြာတွေ ရိုက်ရင်း ရင်းနှီးသွားတာ ... သူက Chanyeol Oppaကို သဘောကျနေတာဆိုတော့ Kyung Soo Oppaကို မနာလိုဖြစ်ပြီးသက်သက်မဲ့ လိုက်မုန်းနေတာ...အခုလည်း Kyung Soo Oppaကို လာပြဿနာရှာတာ နေမှာပေါ့... oppaသာငြိမ်ခံမယ် Yeon ကတော့ ငြိမ်မခံနိုင်ဘူး....."
Yeon ဆိုတဲ့ ကောင်မလေး ပြောပြီး ထွက်သွားကာ သိပ်မကြာလိုက်... Kyung Soo နှင့် Lay အတန်းထဲပြန်ဝင်လာခဲ့သည်။
သူ့ကို တစ်ခြားတစ်ယောက်နဲ့ အတူတူ တွဲဝင်လာတာ မြင်ရတာ လုံးဝ သဘောမကျပါ။
Chanyeol အတွက် ရည်စူးထားတဲ့သူဆိုတော့ တခြားလူနဲ့ သဘောမကျတာ မဆန်းကျယ်ဘူးမလား။
ကိုယ့်ကိုတော့ ဒီလိုပဲယူဆလိုက်တယ်။
ဘေးကို ဝင်လာထိုင်တော့မှ
" သူက ဘာလို့မင်းကို ခေါ်သွားတာလဲ "
စူအောင့်အောင့်နဲ့ မေးလိုက်ရင်း
" ဆေးလူးပေးတာ "
" aww "
ပြောသာပြောလိုက်ရတာ စိတ်ထဲ အလိုမကျ။
ဆေးလူးပေးတာများ အပြင်ခေါ်သွားစရာ လိုလို့လား။
...............................................................
အတန်းဆင်းလို့ လွယ်အိတ်ထဲ စာအုပ်တွေသိမ်းထည့်နေဆဲ
"Jongin ပြန်တော့မလို့လား"
" Kyung Soo ရော မပြန်သေးဘူးလား"
" ပြန်တော့မှာ "
"အတူတူပြန်ရအောင်လေ ကိုယ်တို့က အိမ်နီးချင်းတွေပဲ"
" ဟုတ်လား Jongin က ဘယ်မှာ နေတာလဲ "
" Kyung Soo ရဲ့ ဘေးအိမ် "
" ဒါဆို ကျောင်းအတူတူလာပြီး အတူတူပြန်လို့ရပြီပေါ့ "
သူကတော့ တိုက်ဆိုင်တယ်လို့ ယုံကြည်ထားပုံပဲ။
ဒါတွေက သူ့ကို အလဲထိုးဖို့ ကြိုတင် စီစဉ်ထားတဲ့ အကွက်တွေဆိုတာ မသိဘဲ ကျနော့်ဘေးကနေ အပြုံးတွေနဲ့ အတူတူလိုက်ပါလာခဲ့တာလေ။
သူကတော့ ကျနော့်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက် စကားတွေ ပြောလိုက်နဲ့ ပျော်နေတယ် ထင်ရပေမဲ့။
ကျနော်တော့ သူ့ကိုမုန်းတဲ့ ခံစားချက်တွေ ရင်ထဲမှာသိမ်းထားပြီး ဟန်ဆောင် အပြုံးတွေ နဲ့ပဲ ဆက်ဆံနေရတာ ပင်ပန်းတယ်...။
ဖြစ်နိုင်ရင် သူ့မျက်နှာကို ကြည့်ပြီး စိတ်ရှိလက်ရှိ ပေါက်ကွဲပစ်လိုက်ချင်တယ်။
သို့သော်လည်းပဲ ကျနော့် အစီစဉ် အောင်မြင်ဖို့အတွက် အခုတော့ ဆက်သည်းခံမှဖြစ်မယ်လို့ပဲ တွေးပြီးတော့သာ ဖြေသိမ့်နေလိုက်ရသည်။
ခြံရှေ့အရောက်
" အိမ်ရောက်ပြီ ... Jongin အရင်ဝင် ... ဆောင်းဝင်ပြီဆိုတော့အရမ်းအေးတယ် ...ရေချိုးပြီးရင် အနွေးထည်ထူထူဝတ်ဦး...ခြံထဲမှာမနေနဲ့ လေစိမ်းတွေတိုက်တယ်"
ကလေးလေးကို အိမ်ကအမေက မူကြိုပို့ရင် မှာတတ်သလိုမျိုး မှာနေခဲ့တဲ့သူ့ကြောင့်
" ကိုယ်က ကလေးလား... ဒီလောက်ထိပြောနေရတာ"
" ဒီတိုင်း စိတ်ပူလို့ပါ"
ဒါတွေကလည်း မင်းရဲ့ မာယာလက်နက်တွေထဲက တစ်ခုပဲလား Do Kyung Soo ။
Chanyeol ကိုလည်း ဒီလို မြူဆွယ်ခဲ့ပြီး မလိုတော့မှ ပုတ်ထုတ်လိုက်တာမျိုးလား။
ဒါမျိုးတွေ Chanyeolကိုပဲ လုပ်လို့ရမယ် ... Kim Kai ကိုတော့ လာမစမ်းနဲ့ ...ဒီအထာတွေ ရိုးနေပြီ။
သူ နှုတ်ဆက်ပြီး ထွက်သွားတော့မှ အိမ်ထဲဝင်လာခဲ့ရင်း Park Appaဆီ ဖုန်းဆက်ကာ Sakuraရဲ့ ဖုန်းနံပါတ်ကို မေးလိုက်ပြီး Appa ဖုန်းချသွားမှ သူမဆီ ဖုန်းခေါ်လိုက်သည်။
" yobosaeyo......nugu? "
ဟိုဘက်က ပြန်ဖြေသံကြားတာနဲ့
" မင်းပြောသွားတဲ့ Chanyeol နောက်ကို လိုက်ချင်နေတာလားဆိုတဲ့သူဆိုရင် မှတ်မိလား"
" aww ....ဘာလဲ ရှင့်လူအတွက် မကျေနပ်လို့လား"
" မင်းကို ကျေးဇူးတင်နေတာ"
"ရှင်က ကျေးဇူးတင်တယ်...ဘာအတွက်လဲ "
"အရင်ဆုံး ကိုယ့်နာမည်လေးတော့ မင်းမေးသင့်တယ် မထင်ဘူးလား"
" မမေးလည်း ရှင်က ပြောမှာပဲမလား"
သူမစကားကြောင့် ဒီဘက်ကနေ ရယ်လိုက်ရင်း
" Kim Kai ဆိုရင်ရော ..."
"တစ်ကယ် ... တစ်ကယ်လား...ရှင်က တစ်ကယ်ပဲ Kim Kaiဆိုတဲ့သူလား"
အစကလို ပေါ့ပျက်ပျက်မဟုတ်တော့ပဲ ချက်ချင်းပြန်ပြီး အလောတကြီးမေးခွန်းထုတ်လာခဲ့တဲ့ သူမ။
Chanyeol နဲ့ပတ်သက်ခဲ့ရင် Kim Kaiဆိုတာ လူမမြင်ဖူးရင်တောင် နာမည်တော့ အသေအချာ သိနေမှာပဲ။
" ဟုတ်တယ် ... Chanyeolအတွက် ထမ်းဆောင်ရမဲ့တာဝန်တစ်ခုရှိနေလို့ မင်းရဲ့ အကူအညီတွေ လိုအပ်တယ် "
သူမဘက်က တိတ်ဆိတ်သွားပြီး ခဏနေတော့
"ကောင်းပြီ အပြင်မှာ တွေ့ပြီး ဆွေးနွေးကြတာပေါ့...မနက်ဖြန် ညနေ 4:00 လောက် အဆင်ပြေမဲ့ နေရာဆက်သွယ်လိုက်မယ်"
" Ok ... Sakura "
သူမဘက်က ဖုန်းကိုချသွားပြီဆိုတော့မှ ခြံထဲကို ဆင်းလာပြီး ပြာလဲ့နေတဲ့ ကောင်းကင်ယံကို မော့ကြည့်မိရင်း မျက်လွှာတွေ မှိတ်ချလိုက်ကာ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေ ဖျေဖျောက်လိုက်သည်။
အတွေးထဲမှာတော့ သူ့ရဲ့ အပြုံးတို့က နေရာယူလို့။
ရှေ့ဆက်ပြီး မင်းဘက်က ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ ငါစောင့်ကြည့်ချင်သေးတယ် Do Kyung Soo။
~~~~~~~~~T B C~~~~~~~~~~
Continue Reading
You'll Also Like
40.7K 3.6K 17
1M 53.9K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
232K 5.7K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
562K 34.4K 98
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...