RED TEAR ( Completed )

By Dororo_Chen

24.7K 1.9K 129

အတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ... More

1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40 ( Final)

6

654 52 4
By Dororo_Chen


ဒီနေ့မနက်ခင်းက ဟိုအရင်နေ့တွေတုန်းကနဲ့ မတူဘဲ ဘာလို့ ဒီလောက်တောင် စိတ်ကျေနပ်စရာကောင်းတဲ့ သာယာတဲ့ မနက်ခင်းလေး ဖြစ်နေရတာလဲ။

ရင်တွေခုန်ပြီး စိတ်လှုပ်ရှားလွန်းလို့ လူက တစ်စက်ကလေးမှ ဂနာမငြိမ်တော့။

မျက်လုံးတွေက FOREST ဆိုင်ထဲကိုသာ စူးစိုက်ကြည့်နေပြီး DD ကို ရှာနေရတာ အမော။

သူ့ကို မတွေ့ရသေးပေမဲ့လည်း အခုလို မျှော်နေရတာကိုပဲ ကျေနပ်သဘောကျနေမိတာ။

သနားစရာ ကျနော့်ဖုန်းမှာ မနက်တည်းက ငြိမ်ငြိမ်မနေရ။

5min ခြားတစ်ခါ FOREST ဆိုင်ကို ဖုန်းခေါ်လိုက် အသံနားထောင်လို့ DD မဟုတ်ရင် ပြန်ချလိုက်နဲ့ တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့တာ။

တစ်ခါမှ ဒီလိုမလုပ်ဖူးတော့ ပျော်သလိုလိုတောင် ခံစားရသေးတယ်။

Do Kyung Soo ဆိုတဲ့ ကျနော့်ရဲ့ DDလေးက ကျနော့် ဘဝတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားအောင် ပြောင်းလဲပေးနိုင်တဲ့ မှော်အစွမ်းတွေ ပိုင်ဆိုင်ထားတယ် ထင်သည်။

နောက်တစ်ကြိမ် ဖုန်းဆက်တော့လည်း DD မဟုတ်ပြန်ဘူး။

" ဒီဆိုင်မှာ waiter ဘယ်နှစ်ယောက် ရှိတာလဲ "

စိတ်မရှည်တော့ဘဲ မေးတဲ့အထိ အဆင့်တက်လိုက်ရတယ်။

တစ်ကယ်ပါကွာ DD အသံလေး ကြားချင်ပါတယ်ဆို ဘယ်သူတွေ လာလာ ကိုင်မှန်းမသိ။

"ကျွန်တော်တို့ဆိုင်မှာ waiter ခြောက်ယောက်ရှိပါတယ် ဘာကိစ္စရှိလို့ပါလဲ ခင်ဗျ "

တစ်ဖက်က ပြန်ဖြေတာနဲ့

"  Do Kyung Soo ဆိုတာလေ … သူ မလာသေးဘူးလား"

ကျနော်သိချင်တာကို သွယ်ဝိုက်မနေတော့ပဲ ဒဲ့တိုး မေးပစ်လိုက်သည်။

" ဟုတ်ကဲ့ …သူက ကျွန်တော်တို့ဆိုင်ကို ညနေ 3:30လောက်မှ စပြီး အချိန်ပိုင်းဆင်းတာပါ ဒီဆိုင်က အလုပ်သမားမဟုတ်ပါဘူး"

အလုပ်သမား မဟုတ်ဘူး။ ဒါဆို DD က ဒီဆိုင်ကို ညနေတိုင်း ဘာလို့ Waiter လာလုပ်တာလဲ။

စသိထဲက Do Kyung Soo ဆိုတဲ့ ကျနော့်ရဲ့ DD လေးက ကျနော့်အတွက် ပဟေဠိဆန်လွန်းနေခဲ့သည်။

" သူ့ ph.noကို လိုချင်တယ် ပေးလို့ ရမလား"

"ဟိုလေ အဲဒါက သူဌေးပဲသိမှာဗျ … ကျွန်တော်တို့က အလုပ်ချိန်အလုပ်ပဲလုပ်တာ… ph.no သိရလောက်တဲ့အထိ သူနဲ့ မရင်းနှီးဘူးဗျ"

" ရပြီ အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါ"

ဖုန်းချလိုက်ပြီး ကျောင်းကို သွားဖို့ ပြင်လိုက်တော့သည်။

ဒီပုံစံတိုင်းဆို Ph.no လိုချင်ရင် သူ့ သူဌေးဆိုတဲ့လူဆီ သွားတောင်းရင်တောင်း ဒါမှမဟုတ် သူဆိုင်ကိုလာမှပဲ ကိုယ်တိုင်တောင်းရင်တောင်း။ လုပ်ရမှာက ဒီနှစ်ခုပဲရှိတာမလား။

" တွေ့ချင်လို့ မနက်တည်းက အစောကြီး ထွက်လာပါတယ်ဆို မြင်ချင်တဲ့ မျက်နှာလေးကို မြင်ခွင့်မရတဲ့ ငါ့ဘဝ ဆိုးလိုက်တာကွာ "

ကိုယ့်ကိုသာ မကျေမနပ် ရေရွတ်အပြစ်တင်လိုက်တော့သည်။

……………………………………………………………………

ကျောင်းထဲကို ဝင်လာတော့ ဘယ်သူမှ မရောက်ကြသေးဘူး။

ဘယ်သူမှ မရောက်တော့ အရင်လို ဆူညံဆူညံ အသံတွေ မကြားရတော့တာ တစ်မျိုးတော့ ကောင်းသား။

ကျနော်ကလည်း ဒီနေ့မှ DD ကို တွေ့ရမယ်ထင်လို့ ဝီရိယတွေကောင်းနေပြီး  အစောကြီးထွက်လာလို့သာ  မရောက်စဖူး ရောက်နေခဲ့တာ။

တစ်ခါမှ ဒီအချိန် ကျောင်းကိုရောက်လာရိုး ထုံးစံမရှိခဲ့တဲ့သူ။

အရင်နေ့တွေတုန်းကသာဆိုရင် ဒီအချိန်က ရေချိုးခန်းထဲ အေးဆေးနှပ်နေခဲ့တဲ့အချိန်။

စိတ်အေးလက်အေး DD မျက်နှာလေး မြင်ယောင်ပြီး ခံစားလို့ကောင်းမဲ့ နေရာတစ်နေရာ စဉ်းစားမိတော့ ဒီကျောင်းရဲ့ အအေးချမ်းဆုံးနေရာလို့ ပြောလို့ရတဲ့ 12 land ကို သတိရသွားတာနဲ့ကျောင်းဆောင် 88 ရဲ့ အပေါ်ဆုံးထပ်ကို တက်လာဖြစ်ခဲ့သည်။

12 land ဆိုတာ  အဆောင်နံပါတ် 88 ရဲ့ အပေါ်ဆုံးထပ်။ လသာဆောင်မှာ ဖန်တီးထားတဲ့ ပန်းခြံသေးသေးလေး။ ကနုတ်အလှ ထိုင်ခုံတွေသာမက နှစ်ယောက်ထိုင်စာရုံမျှ ဒန်းအသေးလေးတွေအထိပါ ရှိနေတဲ့အတွက် စိတ်အေးလက်အေး အနားယူလို့လည်း ရသည့်နေရာ ဖြစ်သည်။  88 ကျောင်းဆောင်ဆိုတာလည်း ကျောင်းဝန်းရဲ့ အလယ်တည့်တည့်မှာ တည်ဆောက်ထားတာကြောင့် ဗဟိုနေရာဖြစ်သလို အမြင့်ဆုံးအဆောင်လည်းဖြစ်တာကြောင့် 12 land ဆိုတာ ကျောင်းတစ်ကျောင်းလုံးကို လှမ်းကြည့်ရင် အကုန်မြင်နိုင်တဲ့ တစ်ခုတည်းသောနေရာ။

ဒီလိုနေရာမျိုးမှာ စိတ်လွတ်ကိုယ်လွတ်နဲ့ မနေ့ကတွေ့ခဲ့တဲ့ သူ့ပုံရိပ်လေးတွေ ပြန်မြင်ယောင်ပြီး တစ်ယောက်တည်း ပြုံးနေမိတာ အခါခါ။

ဒီအချိန် တစ်ယောက်ယောက်များ ကျနော့်ကိုမြင်လိုက်ရင်ဖြင့် အရူးတစ်ယောက်လို့ ထင်သွားနိုင်သည်။

အပေါ်ထပ်မှာ တစ်ယောက်တည်း စိတ်ကူးတွေယဉ်နေမိတာ အချိန်တွေ ဘယ်လောက်ကြာသွားတယ်မသိ။

ကျောင်းထဲ လူတွေတစ်ဖွဲဖွဲရောက်လာပြီး ကျောင်းတက်ချိန်နီးလာခဲ့တာလည်း သတိမပြုမိခဲ့။

အုပ်စုလိုက် အော်သံတွေ ပြေးသံတွေကြားလာမှပဲ အသိပြန်ဝင်လာခဲ့တော့သည်။

ဟုတ်သားပဲ…အတန်းချိန်တောင်နီးလာပြီ။

ဘာဖြစ်နေကြတာလဲ… ကျောင်းတစ်ခုလုံး ပွတ်လောရိုက်နေခဲ့သည်က ကမ္ဘာပျက်နေကြသည့်အတိုင်း။

ကျနော် ကျောင်းလာတဲ့အချိန်တိုင်း ဒီလို ဆူညံသံတွေကြားရပြီး လူတွေ အုပ်စုလိုက် ဝိုင်းကြည့်ကြတာမို့ အထူးအဆန်းတော့ အရမ်းကြီး မဖြစ်မိပေမဲ့ အခုက ကျနော်လည်း ကျောင်းကိုရောက်လာပြီးပြီလေ။

ဒါကြောင့် အခုကြားနေရတဲ့ အသံတွေက ထူးဆန်းနေသလို ဖြစ်နေတာ။

သိချင်လာတာနဲ့ ဒန်းပေါ်ကနေထလာပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ တစ်ကျောင်းလုံးက လူတွေ အကုန်လုံး တစ်နေရာတည်းမှာ စုပြုံပြီးတော့ ဝိုင်းနေတာ တွေ့ရသည်။

ဘာပဲဖြစ်ဖြစ် အခြေအနေ အမှန်သိရအောင် အောက်ထပ်ကို ဆင်းပြီး သွားကြည့်ဖို့သာ စိတ်ကူးလိုက်သည်။

အရင်က ဒီကျောင်းမှာ လူတွေဒီလိုစုပြုံပြီး ဝိုင်းကြည့်ကြတာက ကျနော် ကျောင်းကို လာလေ့ရှိတဲ့အချိန်မှလို့ ထင်မှတ်ထားခဲ့တာ။

အခုကြည့်ရတာ ကျနော့်လိုပဲ လူတွေစိတ်ဝင်စားခံရတဲ့သူ နောက်တစ်ယောက် ရှိနေခဲ့တယ်ထင်တယ်။

အရင်ကသာ အမြဲကျောင်းတက်ခါနီးမှ ရောက်လာတတ်လို့ မသိခဲ့တာဖြစ်ပြီး ဒီနေ့မှ အစောကြီးရောက်လာလို့ ဒီမြင်ကွင်းကို မြင်လိုက်ရခြင်းပင်။

" ဟိတ်…K { ကေ }  လာပြီ "

အောက်ထပ်ကို ဆင်းလာတော့ ကောင်လေးတစ်ယောက်က အတန်းထဲမှာ မှန်ကြည့်ပြီး အလှပြင်နေတဲ့ ကောင်မလေးကို လှမ်းပြောနေတာ ကြားလိုက်ရတယ်

"အခုမှလာပြောရလား"

ကောင်မလေးက လာပြောတဲ့ ကောင်လေးကို ပြန်ရန်တွေ့တော့

"သူ့ကိုယ်သူ အလှပြင်နေတာများ…
လာပြောတာ ကျေးဇူးမတင်ပဲ ပြန်ရန်တွေ့မနေနဲ့"

ကောင်မလေးကို ပြောပြီး ကောင်လေးက ပြေးထွက်သွားသည်။

"ဘယ်ပြေးတာလဲ ခဏစောင့် ငါရောလိုက်မယ်"

"စောင့်နေရလို့ သူ့ကို မမြင်လိုက်ရရင် ဘယ်ဖြစ်မလဲ နောက်ကနေ မှီအောင်လိုက်ခဲ့"

"yarr ... နင်သေချင်တော့တာလား ငါ့ကိုစောင့်ဆို"

ကျိန်ဆဲလိုက်ရင်း  ရှေ့ကပြေးသွားတဲ့ ကောင်လေးနောက်ကို အော်ပြီး ပြေးလိုက်မလို့ လုပ်နေတဲ့ ကောင်မလေးရဲ့   ရှေ့ကနေပြီး သိချင်စိတ်ကြောင့် လမ်းပိတ်ရပ်လိုက်သည်။

အစကကောင်မလေးက ပြန်ရန်တွေ့မလို့ မော့ကြည့်လိုက်ပြီး ကျနော့်ကို မြင်တော့ ချက်ချင်းမျက်နှာက အမှားတစ်ခုလုပ်မိသူလို ထိတ်လန့်သွားတဲ့ ပုံစံပြောင်းသွားတယ်

"ဘယ်တုန်းက ရောက်လာတာလဲ ဝိုင် ( Y )… ကျောင်းကို ဒီအချိန်မလာသေးဘူးထင်လို့ ပြေးလာမိတာပါ…လမ်းရှေ့က ပိတ်ရပ်မိတာ မဟုတ်ပါဘူးနော်…ဒါကြောင့် ကျွန်မကို ဘာမလုပ်ပါနဲ့နော်"

တောင်းပန်နေတဲ့ ကောင်မလေးကို အချိုသာဆုံး ပြန်ပြုံးပြလိုက်တော့ ကောင်မလေး လန့်သွားသည်။

ကျနော် လူတစ်ယောက်ကို တစ်ခုခုလုပ်တော့မယ်ဆို အရင်ဆုံး ပြုံးပြတတ်တာ သိထားလို့များလား။

ဒါပေမဲ့ ကျနော် သူမကိုတော့ ရန်မမူပါဘူး။ သူမ ဘာအမှားမှ မလုပ်ထားတာ။

"မကြောက်ပါနဲ့ မင်းကို ကိုယ် ဘာမလုပ်ဘူး လမ်းပိတ်ရပ်တာ မင်းလုပ်တာမဟုတ်ပါဘူး …မေးစရာရှိလို့ ကိုယ့်ဘက်က ပိတ်ရပ်လိုက်တာ"

"Nae?"

"မင်းအခု ဘယ်သွားမလို့လဲ"

"ဟိုနေရာကို"

ဒီတော့ ကောင်မလေးက ကျနော့်ကို ကျောင်းဆောင်ဆီလာတဲ့ Main လမ်းမပေါ်က လူတွေအုံနေတဲ့နေရာကို လက်ညှိုးထိုးပြလိုက်တယ်။

"ဘာလို့လူတွေဒီလို ဖြစ်သွားတာလဲ အမြဲဒီလို ဖြစ်နေကြပဲလား"

ရှေ့က ကောင်မလေးက ကြောက်ကြောက်နဲ့ ခေါင်းခါရမ်းပြကာ

"ဒီကျောင်းမှာ နေ့တိုင်း လူတွေ အခုလို ရောက်လာပြီး ပွတ်လောရိုက်တဲ့ အချိန် နှစ်ချိန်ပဲရှိတယ် တစ်ချိန်က  K  ကျောင်းလာတဲ့အချိန်နဲ့ နောက်တစ်ချိန်က ..."

ကောင်မလေးက ဆက်မပြောပဲ ကျနော့်ကို လှမ်းကြည့်လိုက်တယ် …နောက်တစ်ယောက်က ကျနော်ဆိုတဲ့ သဘောမျိုးပေါ့။

"What iz K ? "

" သူ့နာမည်ရဲ့ ထိပ်ဆုံးအလုံး အဖျားစွတ်ခေါ်တာ…ပြီးတော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိလို့ Cuttie King လို့ တင်စားထားတဲ့သူ K King … Kလို့လည်း ခေါ်သလို KK လို့လည်း ခေါ်ကြတယ်"

Cuttie King လို့ တင်စားထားတဲ့ K

ဒီကျောင်းမှာ Cuttie King ရှိမှန်းတော့ သိပါတယ်။ ဒါပေမဲ့ ဘယ်သူဆိုတာတော့ တစ်ကယ်မသိခဲ့။ ကျနော်တို့ကျောင်းက ကျောင်းသား ကျောင်းသူတွေက အမြဲတမ်း သူတို့ သဘောကျတဲ့သူတွေဆို Nick Name တွေပေးပြီး မူရင်းနာမည်မဟုတ်တဲ့ Name တွေနဲ့သာ  အချင်းချင်း တီးတိုးပြောဆိုလေ့ရှိသည်မလား။ သူတို့ အသိအမှတ်ပြု တင်စားထားသူတွေက သူ့နေရာနဲ့သူပေါ့။ ကျနော်ကတော့ နဂိုထဲက ဘယ်သူ့ကိုမှ စိတ်မဝင်စားသူမလို့ ဒါမျိုးတွေနဲ့ ကင်းသည်။ကျနော့်ကိုလည်း သူတို့က သွေးအေးပြီး တစ်ယောက်တည်းနေတတ်သူမလို့ … တစ်ခါတစ်ခါ မထင်မထင်သလို ရန်ဖြစ်တတ်တာကြောင့် ကွယ်ရာမှာဆို Devil Y ဒါမှမဟုတ် Vampire King ဆိုပြီး အမျိုးမျိုး တင်စားတတ်ကြသေးပေမဲ့  ဒီဂုဏ်ပုဒ်တွေကို ဂရုမစိုက်သလို သာယာနေတဲ့သူ တစ်ယောက်လည်း မဟုတ်ဘူး။

ဒီနေ့တော့ လူတွေစိတ်ဝင်စားကြပါသည်ဆိုတဲ့ ကျနော့်လို လူနောက်တစ်ယောက်ကို တိုက်ဆိုင်လာတာနဲ့ မြင်ဖူးတယ်ရှိအောင် လူအုပ်ရဲ့ အရှေ့ကနေ ရပ်စောင့်နေလိုက်သည်။

လူအုပ်ကြားထဲက ထွက်လာတဲ့ တစ်ယောက်သောသူက ခေါင်းမဖော်တမ်း မြက်ခင်းပြင်ကိုကြည့်လျှောက်လာပြီး ရှေ့မှာရှိနေတဲ့ ကျနော့်ကို ဝင်တိုက်လိုက်ချိန်…
ရုတ်တရက်ကြီးမလို့ ဝင်တိုက်လာမယ်မထင်ထားလို့ ပိတ်ရပ်နေမိတဲ့ ကျနော်လည်း တိုက်မိလိုက်တဲ့ အရှိန်ကြောင့် နောက်ပြန်လန်သွားတဲ့ အချိန် မှီနေတဲ့ သူ့အကျီ င်္ရင်ဘတ်စကို ဆွဲကိုင်လိုက်သည်။

သူ့ကိုပါဆွဲချလိုက်သလို ဖြစ်သွားတာကြောင့် ကျနော်ရော သူပါ မြက်ခင်းပြင်ပေါ်လဲကျသွားသည်။

အားးးးးးးးးးး............

အရှိန်နဲ့နောက်ကိုလဲကျသွားရုံမက ကိုယ်ပေါ်ကိုလည်း ခုနက ကောင်လေးက ထပ်ကျလာတာကြောင့် … ရင်ဘတ်ရော ကျောရော နာကျင်မှုက မသက်သာ…။

ကျနော့် အပေါ်ကကောင်လေးကသာ လူပေါ် လဲကျသွားတာမလို့ အထိနာမဲ့ပုံမပေါ်ပေမဲ့ ကျနော်ကတော့ ခေါင်းနဲ့ မြက်ခင်းနဲ့က အလိုလို မိတ်ဆက်ပြီးသား ဖြစ်လျက်။မျက်လုံးတွေတောင် တော်တော်နဲ့ မဖွင့်နိုင်သေး။ နာကျင်မှုကြောင့် မှိန်းနေရပြီး အသိစိတ်က နာကျင်မှုဆီမှာသာ ရောက်နေခဲ့သည်။

အသိဝင်လာမှ နွေးထွေးနေတဲ့ နှုတ်ခမ်းပေါ်က တစ်စုံတစ်ရာကြောင့် ။

သွားပြီ။ အခုမှ တစ်ကယ်သွားပြီ။ လူမြင်ကွင်းကြီးမှာ တစ်သက်လုံးစောင့်ထိန်းလာတဲ့ အရှက်တရားတွေ ဗြန်းဗြန်းကွဲတာပဲ။

ကောင်လေးရဲ့ နှုတ်ခမ်းတွေနဲ့ ကျနော့်နှုတ်ခမ်းတွေက ထပ်တူကျနေခဲ့သည်။

နာကျင်တာရော ဒေါသထွက်တာရော လူတွေ အများကြီးရှေ့ ဒီလိုဖြစ်သွားတော့ ထူပူပြီး ရှက်တာတွေရောပေါင်းပြီး ကောင်လေးကို တွန်းထုတ်ဖို့ မျက်လုံးဖွင့် ကြည့်လိုက်တော့

"ဟင်......"

လမ်းပိတ်ရပ်ရင်တောင် သေမလောက်မုန်းတဲ့ ကျနော်က အခုတော့ လမ်းပိတ်ရပ်တာထက်ဆိုးတဲ့ လူကိုပါ ဝင်တိုက်ပြီး အသားနာအောင် လုပ်သွားတဲ့ကောင်လေးကို မြင်လိုက်ရချိန် ဒေါသဆိုတာ အစအနတောင် ရှာမရတော့။ဘယ်တွေ ထွက်ပြေးကုန်သည်မသိ။

ကျနော့်ရဲ့ DD ကို ဒီနေရာမှာ အခုလိုပုံစံမျိုးနဲ့ ပြန်တွေ့ရမယ်လို့ လုံးဝမတွေးမိခဲ့တာပါ။

"အရင်နေ့တွေကလို ရှေ့မှာ လူတစ်ယောက်မှမရှိဘူးထင်လို့"

တောင်းပန်နေတဲ့အသံက ကြောက်ရွံ့မှုကြောင့် ထင်ရဲ့ တစ်ကယ်မှတိုးတိုးလေး။

တစ်ချိန်ထဲမှာပဲ ဘေးနားကလူတွေဆီက စကားသံ မျိုးစုံထွက်လာလျက်

"ငါတို့ Cuttie King လေးတော့ သွားပါပြီ Mr Devilနဲ့ မှ ပက်ပင်းတိုးရလား"

"တိုးတိုး သူကြားသွားဦးမယ်"

"သူဆွဲထိုးရင်တော့ ငါက ဝင်တားမှာ"

"နင်ဒီကျောင်းက ထွက်သွားချင်တာလား သူကလည်း ဘာစိတ်ကူးနဲ့ ဒီနေ့မှ ကျောင်းကို အစောကြီး ရောက်လာတာလဲ "

"မသိဘူး ငါ့အတွက်တော့ ကံကောင်းတာပဲ ဟိဟိ နှစ်ယောက်လုံး အတူတူမြင်ရတော့ ဘယ်သူ့ပိုရင်ခုန်နေလဲတောင် ဝေခွဲရခက်သွားတယ်"

"အရေးထဲ နင်ကတစ်မျိုး အခြေနေမကောင်းတာ မြင်နေရဲ့သားနဲ့ ရင်ခုန်နိုင်သေးတာနော်"

တစ်ချိန်က ဘယ်သူဘာပြောပြော ဘေးအပြောတွေကို ဂရုမစိုက်ခဲ့တဲ့ ကျနော်… ကျနော့်ရဲ့ DD လေးကို  ဝိုင်းပစ်မှားနေကြတဲ့ လူတစ်စုကြောင့် စိတ်ထဲက ဘယ်လိုမှ သဘောမကျတော့။

ဘယ်လိုလုပ် သူက Cuttie King ဆိုတဲ့သူ ဖြစ်နေရတာလဲ။

အစတည်းက ဒီကျောင်းကဆိုတာရော ကျနော်က ဘာလို့ မသိခဲ့ရတာလဲ။

"ဘာလို့ လွှတ်မပေးသေးတာလဲ မကျေနပ်လို့လား… ထပြီး ထိုးချင်လည်း ရတယ်နော်"

ပြောနေပုံလေးကိုက တစ်စက်ကလေးမှ လွှတ်မပေးချင်လောက်အောင် ချစ်ဖို့ကောင်းနေတာ။

အခွင့်ရေး ယူတာရယ်တော့ မဟုတ်ပါ။ နာခဲ့ရတာနဲ့ တန်အောင် DD မှန်းသိတဲ့ အချိန်တည်းက ဒီအတိုင်း လဲကျတဲ့ နေရာကနေ မထသေးဘဲ ကျနော့် အပေါ်လဲကျနေတဲ့ သူ့ကိုယ်လုံးကို သူပြန်ထလို့မရအာင် တင်းကျပ်အောင် ဖက်ထားလိုက်သည်။

"ဘယ်လို လုပ်ရမလဲ…DD ကြောင့် ကိုယ့် ခေါင်းအရမ်းနာသွားပြီ …အဲဒါမထနိုင်သေးလို့ လွှတ်မပေးသေးတာ…အတူတူလဲတာဆိုတော့ ကိုယ်မထရင် DD လည်း မထရဘူးလေ "

"အပေါ်ကဖိထားတော့ ပို နာမှာပေါ့"

"ရတယ် ဒီအတိုင်းလေးပဲ ဆက်နေ"

ဝိုင်းကြည့်နေတဲ့လူအုပ်ကြီးဆီက " သူက အခုထိ မထသေးဘဲ ဘာလုပ်နေတာလဲ တစ်ခုခု လုပ်လိုက်မလား မသိဘူးနော်" ဆိုတဲ့ တီးတိုးစကားတွေ ထွက်လာပြန်ပါတော့သည်။

"Yeollie Shi…လွှတ်ပေးပါ တောင်းပန်ပါတယ် မကျေနပ်ရင်လည်း နောက်မှ ကြိုက်သလိုလုပ်ပါဗျာ အခုလူတွေအများကြီး ကြည့်နေတာ ကျွန်တော် ရှက်လို့"

"အနောက်က shi…ကြီး မထည့်စမ်းပါနဲ့ ကိုယ် DD ကို Yeollieပဲ ခေါ်ဖို့ပြောထားတာ နောက်က shi ကြီး ထည့်ခိုင်းလို့လား"

" omm…အဲဒါ မခေါ်ရဲလို့ "

ရူးနေပြီ Park Chanyeol… မင်းလည်း ကြာရင် မင်းအပေါ်က ကောင်လေးရဲ့ ချစ်စရာအပြုအမူတွေအောက် သွက်သွက်ခါအောင် ရူးတော့မှာ။

အခုလည်း မျက်လွှာလေးချပြီး တိုးတိုးလေး နှစ်ကိုယ်ကြားသာ ကြားနိုင်အောင် ပြောနေတာ။

ဘယ်လိုကောင်လေးလဲကွာ။စားစရာသာဆို အစနတောင်ကျန်တော့မှာ မဟုတ်။အခုတောင် လွှတ်မပေးပဲ အကောင်လိုက်မြိုချလို့ရ မြိုချထားချင်တာ။

"DD ပြောတာနော် မကျေနပ်ရင် နောက်မှကြိုက်သလိုလုပ်လို့ရတယ်လို့…ပြီးမှ မေ့မသွားရဘူး"

ပြောပြီး သူ့ကိုဖက်ထားတဲ့ လက်တွေကို ဖယ်ပေးလိုက်တော့ ဖယ်ပေးတာနဲ့ ချက်ခြင်း ထပြီးထွက်ပြေးသွားတော့သည်။

နောက်တော့ လူတွေဆီက "သူဘာမှ ပြန်မလုပ်ဘူးလား " ဆိုတဲ့ အသံတွေ ထွက်လာတော့တာပဲ။

"မေးစရာရှိလို့ ဒီထဲက သိတဲ့သူ တစ်ယောက်လောက်ဖြေပေး"

ဝိုင်းကြည့်နေတဲ့ လူတွေဘက် လှည့်မေးလိုက်သည်။

"Nae" လူအုပ်ကြီးရဲ့ ရှေ့ဆုံးမှာရပ်နေတဲ့ ကောင်မလေး တစ်ယောက်က ပြန်ဖြေလာတယ်

"သူက ဘယ်အတန်းကလဲ"

လူတွေအားလုံးက ကျနော့်ကို အထူးအဆန်းလို ဝိုင်းကြည့်လာကြကာ အုပ်စုထဲက တစ်ယောက်က

"သူ့ကိုမသိဘူးလား Y နဲ့ တစ်ခန်းထဲလေ … Special Class ကပဲ"

"ရပြီ … ကျေးဇူး "

"တစ်ကယ်ကျေးဇူးတင်ရင် သူ့ကို ဘာမလုပ်ပါနဲ့နော် တောင်းဆိုတာပါ"

"ငါသူ့ကို ဘာလုပ်လုပ် မင်းနဲ့ မဆိုင်ဘူး မင်းစိတ်ပူပေးစရာမလိုဘူး …အခုက စပြီး အားလုံးသိအောင် ပြောထားမယ်… နောက်ပြီး အားလုံး သူ ကျောင်းလာတဲ့အခါ အခုလို ဝိုင်းပြီးကြည့်နေမယ်ဆို အဆိုးမဆိုနဲ့ …သတိပေးပြီးပြီနော် …သူ့ကို ဘာအတွက်မှ ဂရုစိုက်ပေးစရာလည်း မလိုဘူး… သူ့ကို ငါကလွဲလို့ တခြားလူတွေ ဂရုစိုက်တာ ကြည့်တာ စိတ်ပူပေးတာ မကြိုက်ဘူး… ဒါပဲ"

အကုန်လုံး ပြောချင်တာတွေ တစ်ခုမကျန် ပြောပြီးတာနဲ့ သူဝင်သွားတဲ့ အတန်းဘက်ကိုပဲ ဆက်လျှောက်လာခဲ့သည်။

နောက်ကျောမှာတော့ ကျနော့်ကို နားမလည် နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ကျန်ခဲ့ကြမဲ့  ကျောင်းသားကျောင်းသူတွေ။

………………………………………………………………

အရင်တုန်းက အတန်းထဲ ဝင်လာတာနဲ့ ဘယ်သူကိုမှ လှည့်မကြည့်တတ်။အခုတော့ မကြည့်လို့မရတော့။

သူ့ကို မြင်တာနဲ့ နှုတ်ခမ်းတွေလှုပ်တယ်ဆိုရုံလေး ပြုံးလိုက်ပြီး အတန်းနောက်ဆုံးက အစွန်ဆုံး ခုံမှာထိုင်နေတဲ့ သူ့ဆီကို သွားလိုက်သည်။

"ဘာပြောစရာရှိလို့လဲ"

သူမေးနေတာကို မဖြေသေးပဲ
မပြောမဆိုနဲ့ သူ့ပခုံးနှင့် ဒူးကွေးအောက် လက်လျိုသွင်းလိုက်ကာ သူ့ကိုယ်လုံးကို ပွေ့ချီလိုက်တော့ ကျနော့် လက်ထဲ အရုပ်လေးလိုပဲ ပါလာတယ်။

"ဘာလုပ်တာလဲ ချီပြီးလွှင့်ပစ်မလို့လား… အဲဒါကြီးတော့ မလုပ်ပါနဲ့နော် နောက်တခါ အမှားမလုပ်မိအောင် နေဆို နေပါ့မယ်"

ကျနော့်ကို အလန့်တကြားပြောနေတဲ့ ကောင်လေးကို ချစ်စနိုးလေး ငုံ့ကြည့်လိုက်ပြီး ပြုံးလိုက်ကာ

"ကြောက်လား ကြောက်ရင် မျက်စိမှိတ်ထား အသာလေးလိုက်ခဲ့"

ပြောတော့လည်း ပြောသည့်အတိုင်း မျက်လုံးတွေကို တင်းနေအောင်ပိတ်ထားပြန်သည်။

မျက်လုံးဖွင့်လို့ရပြီပြောတော့လည်း ချက်ချင်းပြန်ပွင့်လာပြီး

"စာသင်ခန်းထဲမှာပဲလား အရင်နေရာလည်း မဟုတ်ဘူး"

သူ့နေရာမဟုတ်ဘူးဆိုပြီး ကလေးလေး တစ်ယောက် နေရာပျောက်သလို ပျာယာခတ်နေတဲ့ DD ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို တစ်စိမ့်စိမ့်ထိုင်ကြည့်ပြီး သဘောကျနေမိသည်။

"ဒီနေရာမှာပဲထိုင်ရမယ်"

ကျနော်ပြောလိုက်တော့ သူ့မျက်နှာမှာ အံ့သြမှုက အထင်းသား။

"Yeollie ဘေးမှာ ဘယ်သူမှမထိုင်ရဘူးဆို"

"အဲဒါတခြားလူတွေလေ DD မပါဘူး"

သူက ဘေးခုံတွေဘက် မျက်လုံးလေး တလည်လည်နဲ့ ဝဲကြည့်ရင်း

"အတန်းထဲက လူတွေ ကြည့်နေကြတယ်"

"သူတို့ကို ဂရုစိုက်မနေနဲ့ ဟုတ်ပြီလား"

"အရင်ကလည်း ဒီတိုင်းပဲ နေလာပြီး အခုမှ ဘာလို့."

"DD ထင်သလိုမဟုတ်ပါဘူး ဒုက္ခပေး မလို့မဟုတ်ပါဘူး ကိုယ်က တစ်ကယ် DD ကို ကိုယ့်ဘေးရှိနေပေးစေချင်ရုံလေး"

ကျနော်ကသာ ပြောနေရတာပါ …DD မျက်လုံးထဲမှာ ကျနော့်ကို ကြောက်နေတယ်ဆိုတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်

"Yeollieကို ကြောက်တယ် "

တစ်ခြားသူတွေ ဘာပြောပြော ဂရုမစိုက်တတ်ပေမဲ့ သူပြောသမျှတိုင်းကတော့ ရင်ဘတ်ကို တည့်တည့်ထိပါသည်။

သူ့မျက်စိထဲမှာ ကျနော့်ကို လူဆိုးတစ်ယောင်လို မမြင်စေချင်ပါ။

"မကြောက်ပါနဲ့ အရင်လို ကိုယ်မဆိုးတော့ဘူးလို့ ကတိပေးပါတယ် … ဒါကြောင့် ဒီနားပဲ ထိုင်ပါနော်… သူများတွေကိုလည်း အလကားနေရင်း ရန်မရှာတော့ဘူး… နော်လို့"

" တစ်ကယ်ပြောနေတာလား"

သူက မယုံကြည်ရဲဟန်နဲ့ မေးလာတော့

"တစ်ကယ်ပေါ့ မယုံရင် စောင့်ကြည့်လေ … ကိုယ်အမှားလုပ်မိရင် DD ကြိုက်သလိုဆုံးဖြတ် ကိုယ်နာခံပါ့မယ်"

"ဘာလို့ အခုလို ချိုချိုသာသာ ဆက်ဆံပေးတာလဲ ဒါ Yeollie ပုံစံ မဟုတ်ဘူးလေ"

"ပြောပြီးပြီးပဲ DD ကို ကိုယ့်ဘေးနားခေါ်ထားချင်လို့ပါဆို ကိုယ့်ပုံစံ မဟုတ်လည်း DD အတွက် ဒီလိုနေရတာကြိုက်တယ်"

"Yeollieက တစ်ကယ် နားလည်ရခက်တာပဲ"

DD က ခေါင်းလေးခါပြီး ဆိုလိုက်တော့ ကျနော်ကတော့ သူ့ရဲ့ ကျနော့်အတွက် ပထမဆုံးပေးလာသည့် သုံးသပ်ချက်အတွက် ပီတိဖြာမိသည်။

"နောက်တော့ နားလည်လာမှာပေါ့ … ကိုယ်နားမလည်တာ DDကို… ဘာလို့ ဟိုဆိုင်မှာ waiter သွားလုပ်နေတာလဲ"

Special Class ဆိုတာ စီးပွားရေးလောကရဲ့ ထိပ်တန်းအသိုင်းဝိုင်းက မွေးဖွားလာသူတွေမှသာ တက်နိုင်တဲ့အတန်းမျိုးမလား။

"ဒီတိုင်းပဲ အချိန်ပိုနေလို့"

ကျနော် ဘာမှဆက်မမေးမိ... အချိန်ပိုနေရင် တချို့လူတွေက ပိုက်ဆံရှိလည်း ကိုယ်ဝါသနာပါတဲ့ အလုပ်လုပ်ကြတယ်မလား။

"ဘယ်အချိန်တည်းက ကိုယ့်ကို DD သိနေတာလဲ"

သူ တစ်ချက်တွေသွားသည်။ ပြီး သူ့မျက်ဝန်းလေးက သိသိသာသာ ဖျော့တော့သွားသလို မျက်နှာလည်း အနည်းငယ် ပျက်သွားသယောင်။

ဒါပေမဲ့ ခဏအကြာ ဘာမဖြစ်တော့သလို ရွှင်ပျလာခဲ့သည်။

" ဟိုးတုန်းတည်းက…ကြာပြီ…ဘာလို့ဆို Yeollieက နာမည်ကြီးတယ်လေ"

"ဒါဆို ကိုယ့်အကြောင်းအကုန်သိနေတာပေါ့နော် … ဒါကြောင့် စတွေ့တုန်းက ကြောက်နေခဲ့တာလား…"

"Arnyi…ဒီတိုင်း မရင်းနှီးတဲ့ လူစိမ်းတွေဆို ငယ်ငယ်တည်းက ကြောက်တတ်တာ"

"အခုလူစိမ်းမဟုတ်တော့ဘူးမလား… မကြောက်တော့ဘူး မလား… ဟုတ်တယ်မလားလို့ "

သူ့လက်ကို အတင်းလှုပ်ပြီး အိမ်ကမိဘတွေကို ချွဲနေကြအတိုင်း ပြောတော့ သူခေါင်းလေးညိမ့်ပြခဲ့ပြီး "omm" တဲ့ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ကျနော့် DD လေးလဲ။

………………………………………………………………

အချိန်တွေ ကုန်လာတာနဲ့အမျှ ပိုရင်းနှီးလာခဲ့သလို DD က အရင်တုန်းကလို ကျနော့်ကို ကြောက်မနေခဲ့တော့ပဲ ကျနော်တောင်းဆိုသည့်အတိုင်း ဘေးနားမှာလည်း အမြဲ နေပေးတယ်။

သူပြောသမျှစကားတိုင်း ကျနော့်ဘက်က ဘာနေနေ နားထောင်ပေးတာလည်း သူသဘောကျတယ်တဲ့။

ကျနော်က သူ့ကို DD လို့ ခေါ်တာကိုလည်း ကြိုက်တယ်လို့ပြောတယ်။

သူကလည်း ကျနော့်ကိုဆို Yeollieလို့ အမြဲခေါ်ပေးသလို စကားပြောရင်လည်း အရင်လို တစ်စိမ်းမဆန်တော့ပဲ ချိုချိုသာသာနဲ့ ဆက်ဆံပေးတတ်လာတယ်။

အချိန်တွေကို ရပ်တန့်ထားလို့ ရမယ်ဆို သူနဲ့အတူတူ ပျော်နေခဲ့ပြီး အတူတူရှိနေခဲ့ရတဲ့ အချိန်လေးမှာပဲ  ရပ်တန့်သွားစေချင်မိခဲ့သည်။

ဘာလို့လဲဆိုတော့ သူဘးနားမှာရှိနေပေးတဲ့အချိန်တိုင်း ကျနော့် ဘဝကြီးတစ်ခုလုံး ဘာမှထပ်မလိုတော့အောင်  ပြည့်စုံမှုကို ခံစားရပြီး … သူနဲ့ ခဏတာ ကျောင်းဆင်းချိန် ဝေးလိုက်ရတာနဲ့ ဘဝတစ်ခုလုံး လစ်ဟာသွားသလို ခံစားလိုက်ရတယ်လေ။

...............................................................

နောက်ထပ် စာမျက်နှာတွေ ဖတ်ဖို့ကျန်နေသေးပေမဲ့လည်း တွေးစရာတွေများလာသလို မနက်ဖြန်အတွက်လည်း စီစဉ်စရာတွေ ကျန်နေသေးတော့ ညဥ့်နက်လာတာနဲ့ ဒီလောက်နဲ့ပဲ ခဏနားလိုက်ပြီး အိပ်ယာပေါ် ပစ်လှဲချလိုက်တော့သည်။

Kyung Soo က ဘာလို့ waiter လုပ်နေတာလဲ Chanyeol စာအုပ်ထဲက အတိုင်းဆို သူလည်း လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ သူတစ်ယောက်ပဲ။ Special Class ကပဲ ဆိုမှတော့ အဆင့်အတန်းကလည်း ပြောစရာမလိုအောင် အသိုင်းဝိုင်းကြီး တစ်ခုထဲကဆိုတာ ထင်ရှားနေခဲ့ပြီးသား။ သူလို လူတစ်ယောက်က ဘာလို့ သာမန် Coffee Shopလေးမှာ သူ့ရဲ့ အားလပ်ချိန်တွေကို waiter တစ်ယောက်အဖြစ် ရိုးရှင်းစွာပြောင်းလဲ ရှင်သန်နေခဲ့တာလဲ။

" မင်းအကြောင်းတွေက ထင်ထားတာထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းသားပဲ "

မျက်နှာကျက်ပေါ်မှာ Chanyeol ကပ်ထားတဲ့ ပုံတွေထဲက ကျနော့်ကို ရယ်ပြနေတဲ့ သူ့ကို လှမ်းပြောလိုက်ရင်း မဆီမဆိုင် Chanyeolကို သွားသတိရမိလိုက်သည်။

Chanyeolသာ အခုချိန် ကျနော်နှင့်အတူတူ ဒီအခန်းထဲမှာ  သာရှိနေခဲ့မယ်ဆိုရင် ချက်ချင်းမောင်းထုတ်လိုက်လေမလားပဲ။

DD လေးကို ဘယ်သူမှ ကြည့်တာ မကြိုက်ဘူးတဲ့။

"ငါ့ကို သဝန်မတိုပါနဲ့ကွာ …သူ့ အကြောင်းတွေ စုံစမ်းပြီး သူ့ဘေးနားနေဖို့ ကြိုးစားနေတာ အကုန်လုံး မင်းအတွက်ပါ မကြာခင် သူမင်းဆီကို လိုက်လာတော့မှာပါ သူငယ်ချင်း"

ကျနော်နှင့် Chanyeol နှစ်ယောက်အတူတူ တွဲရိုက်ထားသည့် ဓာတ်ပုံကို ထုတ်ကြည့်ကာ ဆိုလိုက်ရင်း
အခုထိ  မကုန်ခမ်းသေးသည့် မျက်ရည်တို့က ဓာတ်ပုံထက်ကို ပြုတ်ကျလာပြန်သည်။

ထပ်ငိုမိပြန်တာလား…အခုထိ အသုံးမကျတဲ့လူလို ဘာလို့ ငိုနေရတာလဲ Kim Kai။

မငိုချင်တော့ဘူး မျက်ရည်တွေကို မုန်းတယ် …ခံစားရတာကိုလည်းမုန်းတယ် …ကျနော့်ကို ငိုအောင်လုပ်တဲ့ Kyung Sooဆိုတဲ့ သူ့ကို လည်း… မုန်းတယ်

ကျနော့်သူငယ်ချင်းကို ရက်ရက်စက်စက် ခေါ်ထုတ်သွားတဲ့ သေမင်းတမန်တော်လည်း …မုန်းတယ် …မုန်းတယ် မုန်းတယ်......မုန်းတယ်…တစ်လောကလုံးက ရှိရှိသမျှ အရာအားလုံး … ကျနော်အပါအဝင်။

~~~~~~~~~~T B C ~~~~~~~~~~

Continue Reading

You'll Also Like

5.2K 558 5
'ကျွန်တော်တို့ရဲ့ ချစ်ခြင်းဟာ အချိန်အကန့်အသတ်နဲ့ပါ' 'ရှင်သန်နေရတာ တကယ်ဝမ်းနည်းဖို့ကောင်းတယ်' *Japanese movieကိုCS versionပြန်ရေးထားတာပါ*
537K 11.6K 38
In wich a one night stand turns out to be a lot more than that.
886 115 5
အတ္တမပါတဲ့ ချစ်ခြင်းတရားတွေပါ။ မင်းတစ်ယောက်တည်းကိုပဲ ချစ်မယ် ဆိုတဲ့ အကြောင်းတွေ တစ်ဝကြီးပြောမှာမလို့ ကိုယ့်ရင်ခွင်ထဲ မှေးစက်ရင်း Baby breath ပန်းလေ...
551K 57.9K 80
[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]...