အခန်းထဲက ထွက်လာတော့ အခန်းရှေ့မှာ Park Appa ရပ်နေတာ တွေ့ရတာနဲ့
" Kyung Soo ကို Appaသိလား"
ဆိုပြီး မေးလိုက်တော့ Appa မျက်နှာပျက်သွားတာနဲ့ မေးပြီးမှ နောင်တရမိတယ် မေးလိုက်မိတာ မှားပြီလားလို့။
"သား Chanyeolရဲ့ ကောင်လေးပါ သူလည်း သားလေးကို တော်တော်လေးချစ်ရှာပါတယ်"
မယုတ်မလွန်ပေးလာတဲ့ အဖြေတစ်ခု။ ပြီးတော့ Chanyeolရဲ့ ကောင်လေး။
ဘာပဲပြောပြော Appaရဲ့ အဖြေကို သဘောမကျတာတော့ အမှန်ပါ။ ပေးထားတဲ့ USB ကို Appaလည်း ကြည့်ပြီး လောက်ပါပြီ။ဒါနဲ့များ ဘာလို့ ဒီစကားမျိုး ပြောထွက်ရတာပါလိမ့်။
အရင်က Kyung Soo ဘက်က Chanyeol ကို ချစ်ခဲ့တယ်ထားပါဦး။
Chanyeol အခုလိုဖြစ်သွားရတဲ့ တရားခံက Kyung Soo ကြောင့်ပဲဟာ ကျနော်ဘက်ကတော့ တစ်စက်လေးမှ အကောင်းမြင်မပေးနိုင်။
Appaက ကျနော့်ကို Kyung Soo အကြောင်းမေးလိုက်တာနဲ့ ပတ်သက်ပြီး အထူးအဆန်းလိုကြည့်လာတာနဲ့။
"ကျွန်တော်က သူ့အကြောင်းတွေကို ဒီအတိုင်း စိတ်ဝင်စားလို့ပါ"
ပြောလိုက်တော့
" သားလေးကြောင့်လား"
ဆိုပြီးသံသယမကင်းတဲ့ မျက်လုံးတွေနဲ့ မေးလာသည်။
" Chanyeolကြောင့် မဟုတ်ပါဘူး ဒီတိုင်းပဲ စိတ်ဝင်စားလို့"
အမှန်တရားဆိုတာ နေရာတိုင်းနဲ့ မသင့်လျော်ဘူးမလား…မုသားတစ်ခုသာ လှပစွာသုံးရင်း Chanyeolကြောင့် စိတ်ဆင်းရဲနေတဲ့ Appaတို့ကို ဒီထက်ပိုပြီး ထပ်မနာကျင်စေချင်တော့တာ ကျနော့်ရဲ့ စိတ်ရင်းအမှန်။
"သားKaiလည်း အခုမှ ဒီကိုပြန်ရောက်တာဆိုတော့ ဒီတစ်ပတ်တော့ အေးဆေးအနားယူလိုက်ပါဦး… Do Kyung Soo နှင့် ပတ်သတ်ပြီးတော့ သူ့အကြောင်းတွေကို Appaမပြောပြလည်း နောက်တော့ အလိုလို သိလာမှာပါ "
Appaဘက်က Kyung Soo အကြောင်း သိပ်ပြောချင်ပုံမရကာ ဒီအတိုင်းပဲ စကားလမ်းကြောင်းလွှဲသွားခဲ့သည်။ ပြီးတော့ အချိန်ရတဲ့အခါ Chanyeolကိုထားထားတဲ့ SKY HEAVEN ကို သွားကြည့်ဖို့သာပြောပြီး ထွက်သွားသည်။
…………………………………………………………………
ဘာမလုပ်ပဲ အခန်းအောင်းလိုက် အိပ်လိုက်နဲ့ အချိန်တွေဖြုန်းနေတာ ဘာလိုလိုနဲ့ တစ်ပတ်တောင်ရှိလာပြီ။
ကျနော်ဘက်ကလည်း အစစအရာရာ အဆင့်သင့် ဖြစ်နေပါပြီ။
Chanyeol အတွက် ခံစားနေရတာတွေကို Kyung Soo ဆိုတဲ့သူ့အပေါ် အမုန်းတွေအဖြစ် ပြောင်းလဲပစ်လိုက်တော့ စိတ်ဓာတ်တွေ ခိုင်မာလာခဲ့သည်။
ရောက်ခါစကလောက် မခံစားရတော့ပေမဲ့ အခုထိ ရင်ဘတ်ထဲက အတွေးနဲ့တင် နာကျင်စေတုန်းပဲ။
………………………………………………………………
အပြင်သွားမလို့ကြည့်လိုက်တော့ ကားအသစ်တစ်စီးက အိမ်အောက်မှာ အဆင်သင့်။
"ကျွန်တော့်အတွက် ဝယ်လာတာလား"
"သားအပြင်သွားရင် လိုမယ်ထင်လို့ ကြိုက်ရဲ့လား"
အလိုက်သိလွန်းပါသည့် Chanyeolရဲ့မိဘတွေကြောင့် ပို၍ ကျွန်တော်လုပ်တော့မဲ့ အရာတစ်ခုအတွက် အားနာမိသည်။
"ကြိုက်ပါတယ် Appa… သား Koreaမှာပဲဆက်နေရရင်ကောင်းမလားလို့ အခုပဲ အိမ်အသစ်သွားစုံစမ်းမလို့"
"ဟိုကို မပြန်တော့ဘူးလား "
"နောက်ထပ် နှစ်လလောက်ကြာမှပဲ ပြန်ဖြစ်မယ်ထင်တယ်"
"Appaတို့ အိမ်မှာ သားနေရတာ အဆင်မပြေလို့လား"
"မဟုတ်ပါဘူး Appa… ဒီမှာနေရတာ လိုတာထက်ကို ပိုပြီး အဆင်ပြေပါတယ် …ဒီအတိုင်း တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေချင်လို့"
ကျနော်က Do Kyung Soo ဆိုတဲ့ သူ့ဘေးနားသွားဖို့ဆို Park စံအိမ်တော်နဲ့ ပတ်သက်နေတယ်ဆိုတာ သူသိလို့မဖြစ်ဘူးမလား။
ပြီးတော့ Chanyeol နာကျင်ခဲ့ရသလို ပြန်နာကျင်စေဖို့ဆိုရင် ကျနော်က အမြဲတမ်း သူနှင့် အနီးဆုံးနေရာမှာ ရှိနေဖို့က လိုအပ်လာသည်။
……………………………………………………………
အရင်ဆုံး ဆိုင်တစ်ဆိုင်ထဲကို ဝင်ပြီး ဝတ်နေကျ ပုံစံမဟုတ်သည့် ဖက်ရှင်ပုံစံပြောင်းလိုက်တော့ အရင်လို ကြည့်လိုက်တာနဲ့ အထက်တန်းလွှာက ဆင်းသက်လာသူမှန်း သိသာစေတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ဂျစ်ကန်ကန်နဲ့ ပြောစကား နားမထောင်တဲ့ သာမန်ကောင်လေးအသွင်မျိုး ဖြစ်လာသည်။ လုံးဝပြင်လို့မရတာကတော့ နဂိုတည်းက အပြစ်ပြောစရာမရှိအောင် ဆွဲဆောင်မှုအပြည့် ရှိနေတဲ့မျက်နှာပဲ။အခု စတိုင်အသစ်နဲ့လည်း အရင်လိုပဲ စွဲမက်ဖွယ်ဖြစ်ခဲ့တဲ့ အရာအားလုံးက မှေးမှိန်မသွားခဲ့။
နောက်တော့ hair styleပြောင်းဖို့ အကြံရသွားပြီး ခေါင်းအစ ခြေအဆုံး အရင်တုန်းက Kim Kai နဲ့ မတူတော့အောင် ပြောင်းလဲပစ်လိုက်သည်။
ဒီနေ့ကစပြီး အရင်လိုဖြူစင်ပြီး Park Chanyeol တစ်ယောက်ထဲသာသိတဲ့ Kim Kai ဆိုတာ သေသွားပြီ။
မှန်ထဲတစ်ချက်ပြန်ကြည့်ရင်း
အခုမြင်နေရတဲ့ ပုံရိပ်က Kim Jongin ပဲ ဖြစ်ရမယ်။
တစ်နေကုန် ပုံစံပြောင်း shopping ထွက်နေရတာနဲ့ သတိရလို့ နာရီကြည့်လိုက်တော့ 3:40 ။
lnternetကနေ 'FOREST' ဆိုင်ရဲ့ တည်နေရာကိုရှာလိုက်ကာ အတိအကျ နေရာသိတာနဲ့ ကားကို FOREST COFFEE SHOPဆီကိုသာ ဦးတည်မောင်းလိုက်သည်။
COFFEE SHOPဆီရောက်တော့ 4:00 ရှိနေပြီ။
တိုက်ဆိုင်စွာသတိပြုမိသည်က Chanyeol နှင့် သူ့DD တို့ စတွေ့ခဲ့တုန်းကလည်း ဒီလိုအချိန်ပဲ။
ဆိုင်ထဲကို ဝင်လာပြီဆိုတာနဲ့ တစ်ဆိုင်လုံးက လူတွေအားလုံးရဲ့အကြည့်က ကျနော့်ဆီ စုပြုံပြီး ရောက်လာသည်။
မိန်းကလေးတွေဆီက "ကြွေချင်စရာ" ဆိုတဲ့ မှတ်ချက်တွေ တိုးဖျဖျ ထွက်လာသလို ရွယ်တူကောင်လေးတွေဆီကလည်း " အမိုက်စားပဲ " ဆိုသည့် အချင်းချင်း ပြောဆိုနေတာတွေ ကြားလိုက်ရသည်။
တစ်ခုခုဆို ဓာတ်ပုံရိုက်ပြီး သတင်းတစ်ခုလို မျှဝေတတ်တဲ့ ဒီနိုင်ငံရဲ့ ထုံစံအတိုင်း ကျနော့်ပုံတွေကို မသိမသာ ရိုက်ယူနေကြသည်။
ဆိုင်ထဲကို တစ်ချက်လှမ်းကြည့်ပြီး မျက်လုံးတွေ အလုပ်ပေးလိုက်ကာ သူ့ကိုပဲ အရင်ဆုံး ရှာဖွေလိုက်သည်။
တွေ့ပါပြီ ကျနော့်ရဲ့အဓိကပစ်မှတ်က ဧည့်သည်တွေကျနေတဲ့ ဘေးဘက်ဝိုင်းတစ်ခုနားမှာ ရပ်နေခဲ့ပြီး သူ့ကြည့်ရတာ ကျနော်ဆိုင်ထဲဝင်လာတဲ့ အချိန်တည်းက တစ်ခြားဧည့်သည်တွေလိုပဲ လှမ်းကြည့်နေပုံ။
ူကျနော့်ဘက်က ပြန်ကြည့်လိုက်တော့ ကြည့်နေတာ လူမိသွားပြီး ရှက်သွားတယ်ထင်သည်။ မျက်နှာကို အောက်ငုံ့ပြီး အကြည့်တွေကို ရှောင်လွှဲသွားသည်။
နောက်တော့ အနားကို ရောက်လာကာ
စားပွဲရှေ့ Menu ချပေးလာသည်။
ကျနော်လို Play boy တစ်ယောက်အတွက် လူတစ်ယောက်ကို အကဲခတ်ရတာ အလွယ်ကူဆုံး အလုပ်တစ်ခုပဲ။
သူ့ကြည့်ရတာ ကျနော့်ကို သာမန် ဧည့်သည်တစ်ယောက်လိုမျိုး ဆက်ဆံနေတာ မဟုတ်ဘဲ သတိထားပြီး ဆက်ဆံနေတဲ့ ပုံစံမျိုးက သိသိသာသာ ပေါ်လွင်နေသည်။
ကျနော်ကပဲ ကံကောင်းတယ်ပြောရမလား သူကပဲ ကံဆိုးတယ်ဆိုရမလား …သူ့ရဲ့ မျက်ဝန်းထဲမှာ ကျနော့်ကို စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်။
ပထမဆုံး သူနှင့်ပတ်သက်ပြီး သိလိုက်ရတဲ့အချက်က Do Kyung Soo ဆိုတဲ့သူက ဟန်ဆောင်ခြင်း အတတ်ပညာ မကျွမ်းကျင်သေးတာပါပဲ။
သူ့ရဲ့စိတ်ကို ဖမ်းစားဖို့က ကျနော်ထင်ထားတာထက် ပိုပြီး လွယ်ကူနေခဲ့သည်။
ကျနော်သာ Chanyeol အကြောင်းတွေကို မသိထားရင် ရက်စက်တတ်တဲ့ ကောင်လေးလို့ ဘယ်လိုမှ ထင်ရက်စရာမရှိတဲ့အထိ သူက အရမ်းကို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပုံစံ ဖြစ်နေခဲ့လို့ပါပဲ။
Chanyeol မြင်မြင်ချင်း ချစ်သွားမိတာ အစက အံ့သြမိပေမဲ့ အခုတော့ မအံ့သြတော့ပါဘူး။
ကျနော်လည်း Chanyeolနေရာမှာဆို သူ့ရဲ့ရိုးသားဖြူစင်တဲ့ အကြည့်တွေအောက် ကျရှုံးသွားမိလေမလားပဲ။ အခုတော့ ရင်ဘတ်ထဲ အမုန်းတွေသာပြည့်နေတော့ ချစ်ဖို့နေနေသာသာ သူ့မျက်နှာမြင်ရလေ ရင်ထဲကပိုပြီးတော့ နာကျင်ခံစားရလေလေပဲ။
"သဘောကျတာ မတွေ့လို့လား"
Menu ကို အကြာကြီးကြည့်ပြီး မမှာသေးလို့ သူက မေးလာတော့မှ ကျနော့်အနားကပ်လာဖို့ သူ့ကို လက်ယက် ခေါ်လိုက်သည်။
အနားကိုရောက်လာမှပဲ သူ့နားရွက်ဖျားပေါ် နှုတ်ခမ်းကို အုပ်မိုးလိုက်ကာ တိုးတိုးလေးမှာမည်လုပ်တော့
လန့်ကာတုန်သွားပြီး ကိုယ်ချင်းခွာသွားတဲ့သူ…
ပြီးတော့ နူးညံ့စွာ စိုက်ကြည့်နေခဲ့သည့် မျက်ဝန်းတွေ…
အကြည့်ချင်းဆုံသွားမိသည့် အခိုက်အတန့်…
ဝန်ခံပါတယ်…အသိဝင်မလာခင် စက္ကန့်ပိုင်းလောက်တော့ တစ်လောကလုံးရော လူတွေအားလုံးပါ မေ့လျော့သွားမိတယ်။
အရာအားလုံး ပြန်လည်သက်ဝင်လာပြီး အသိစိတ်တစ်ခု ပြန်လည်ကပ်တွယ်လာတော့မှ
"ဒီနားကိုပြန်လာ ကိုယ်က နား နားကပ်ပြီး တိုးတိုးလေးပဲ မှာတတ်တာ ကိုယ် မှာတာ သူများမကြားစေချင်လို့ "
" Arr… ခုနက အပြုအမူရိုင်းသွားတယ်ဆို တောင်းပန်ပါတယ် "
သူ့ဘက်က ပြန်တောင်းပန်ရင်း အနားကို ထပ်ကပ်လာမှ နောက်တစ်ကြိမ် သူ့ရဲ့နားရွက်ဖျားကို နှုတ်ခမ်းနဲ့ခပ်ဖွဖွလေးထိပြီး Chocolate Cake နှင့် Black Coffee မှာလိုက်သည်။
မှာနေတဲ့ တစ်လျှောက်လုံး သူ့လက်တွေဟာ သိသိသာသာတုန်ယင်နေခဲ့တယ်။ မှာပြီးတော့လည်း အလျင်စလို ထွက်သွားပြန်တယ်။
အခုမှ အစပဲရှိသေးတယ် Do.Kyung Soo… ဒီအချိန်လေးမှာတောင် မင်းဒီလောက်ထိ ဖြစ်ပျက်နေရင် နောက်ပိုင်းတွေ ဘယ်လိုရင်ဆိုင်မလဲ စိတ်မကောင်းပါဘူးကွာ မင်းကို Chanyeolရဲ့ အနားကို မပို့ပေးလို့လည်းမရဘူး သူကမင်းကို သူ့ဘေးနားမှာ ထာဝရ ရှိနေစေချင်တာတဲ့။
Chanyeol သေသွားခဲ့ရတာ အဲဒီ ဘာမဟုတ်တဲ့ အူကြောင်ကြောင်ကောင်လေးကို ချစ်မိလို့ ဆိုတဲ့ အတွေးဝင်လာရင် သူ့ကို ချက်ချင်းသေသွားစေချင်မိသည်။
ဒါပေမဲ့ ချက်ချင်းကြီးဆို ဘယ်တရားပါ့မလဲ။
အနည်းဆုံးတော့
Chanyeol သူ့ကို ရူးသွပ်ခဲ့သလိုမျိုး ကျနော့်ကိုလည်း သူရူးသွပ်စေရမယ်
သူ့ကြောင့် Chanyeol သေခဲ့ရသလို ကျနော့်ကြောင့် သူသေစေရမယ်
ဒါမှ မျှတတဲ့ပွဲဖြစ်လာမှာ
ဒီအတိုင်း သူ့ကို သေခွင့်ပေးလိုက်မယ်ဆို ဘယ်ဖြစ်မလဲ။
ကိုယ်တိုင်နာကျင်ခံစားဖူးမှ သူလည်း Chanyeolကို ကိုယ်ချင်းစာတတ်လာမှာလေ။
အတွေးထဲနစ်နေမိဆဲ မှာထားတာလာချပေးသူကြောင့် ဘဝင်မကျတော့။
"ဘာလို့ မင်းက ဒါတွေကို လာချပေးတာလဲ ဟိုတစ်ယောက်ရော"
သူ မဟုတ်တဲ့ တခြား Waiter တစ်ယောက်ကပဲ ကျနော်မှာတာတွေ လာချပေးသည်မလား။
ကြောက်သွားလို့လား ဘာမှသူ့ကို မလုပ်မိပါဘူး
နားရွက်နားကပ်ပြီးမှာတာက တွေ့တွေ့ချင်း လူတစ်ယောက်ကို အသားယူလွန်းရာဖြစ်သွားလို့လား။
"သူ့ကို သူဌေးခေါ်ထားလို့"
"ဒါဆို ဒီကို ခဏပြန်လွှတ်ပေးပါ"
"ဒါက မဖြစ်"
ငြင်းဆိုလိုက်တဲ့ Waiterကောင်လေးကြောင့် စားပွဲခုံကို လက်နဲ့ပုတ်လိုက်ပြီး
"ဆက်မပြောနဲ့ သူ့ကို အမြန်လွှတ်လိုက်တာပဲ လိုချင်တယ် ဘာနေနေ customer စိတ်တိုင်းကျ လုပ်ပေးရမယ်ဆိုတာ နားမလည်ဘူးလား"
ပွဲကြမ်းလိုက်တော့မှ Waiterကောင်လေးက ထွက်သွားပြီး ခဏအကြာမှာတော့ ကျနော့်ရှေ့ကို Do Kyung Soo ပြန်ရောက်လာသည်။
"ဘာအဆင်မပြေလို့လဲမသိ"
"ဒါတွေက အရသာမရှိဘူး"
မှာထားတာတွေ လက်ညှိုးထိုးပြီး ပြောလိုက်တော့
"ပြန်ပြင်ပေးရမလား"
"မလိုဘူး အရသာမရှိတာကို ပြင်လည်း ဒီအရသာပဲနေမှာပေါ့"
ကျနော် ပြောလိုက်တာကို သူက မယုံသင်္ကာ မျက်ဝန်းတွေနဲ့ ကြည့်လာပြီး
"ကျွန်တော်တို့ဆိုင်က Chocolate Cakeက အရသာအရှိဆုံး cake အဖြစ် သတ်မှတ်ခံထားရတာပါ ဒီကလူက အရသာ မရှိဘူးဆိုတော့ ဒါက တမင် "
"ဒီတော့ မင်းက ကိုယ့်ကို လိမ်ပြောတယ်လို့ စွပ်စွဲချင်တာလား မယုံရင် မင်းစားကြည့်ပါလား"
ပါးစပ်ကလည်းပြော လက်ကလည်း cakeကို သူ့ပါးစပ်နားထိုးပေးလိုက်တယ်…အမှန်တိုင်းပြောရ ကျနော်တစ်ကယ် ဒါကို မမြည်းကြည့်ရသေး။ ကောင်းလား ဆိုးလား တစ်ကယ်မသိ။
အဲဒီအချိန်မှာပဲ သူ့နှုတ်ခမ်းနားက ကျနော့် လက်ကို တစ်စုံတစ်ယောက်က ပုတ်ထုတ်လိုက်လို့ မော့ကြည့်လိုက်တော့
ဘဝမှာ Park Chanyeol ပြီးရင် ဘယ်သူ့ကိုမှ ချောမောခန့်ညားသည် မထင်ခဲ့ဖူးသည့် ကျနော်…ပထမဆုံး အကြိမ်ထိုလူကိုတော့ အသိမှတ်ပြုမိသွားသည်။ ဖွေးဥနုဖတ်နေကာ Idol တစ်ယောက် ရှုံးလောက်အောင် ချောမောလှပနေပေမဲ့ သူက Kyung Soo လိုမျိုး ဖြူစင်တဲ့ပုံစံမျိုးမဟုတ်ပဲ ထက်မြက်သည့်ပုံစံမျိုး။
"ပြဿနာဖြစ်ရင် ပြေပြေလည်လည်ဖြေရှင်းပါ ဧည့်သည် လက်မပါပါနဲ့"
"ခင်ဗျားက ဘယ်သူလဲ"
ကျနော့်လက်ကို ပုတ်ထုတ်လိုက်ထဲက မကျေနပ်ထားတဲ့အရှိန်နဲ့ ခပ်ဆောင့်ဆောင့်မေးလိုက်တော့
"ဒီဆိုင်ပိုင်ရှင်…ဒီဆိုင်က အစားအစာတွေအတွက် တာဝန်ရှိသူ … မကျေနပ်တာရှိရင် ကျွန်တော်နဲ့ဖြေရှင်းပါ"
"သူ မယုံဘူးဆိုလို့ ကျွေးတာ "
"သူ့အစား ကျွန်တော် မြည်းကြည့်ပေးမယ်… ဘာအဆင်မပြေတာလဲဆိုတာ"
ဆိုင်ပိုင်ရှင်ဆိုတဲ့သူက ကျနော့်လက်ထဲက cakeထည့်ထားတဲ့ ခရင်းကိုယူပြီး မြည်းကြည့်တော့
အဆင်ပြေနေရင် တမင်ပဲ ပြဿနာရှာမိတာနဲ့ တူနေမလားဆိုပြီး စိုးရိမ်မိသေးပေမဲ့
"အရသာအတွက် တောင်းပန်ပါတယ် တစ်နေရာရာမှာ အမှားပါသွားတယ် ထင်တယ်…အသစ်တစ်ခု ထပ်ပြင်ဆင်ပေးပါ့မယ်"
ဆိုကာ ချက်ချင်းပဲ တောင်းပန်စကားပြောလာတော့ အဆင်သင့်သလိုဖြစ်သွားသည်။
"တော်ပြီ စားချင်စိတ်မရှိတော့ဘူး "
အစထဲက သိပ်စားချင်လွန်းလို့ မှာထားတာမှ မဟုတ်ပဲ။
"ဒါဆို ကော်ဖီ ဖိုးပဲ ရှင်းခဲ့ပါ"
"cake အတွက်ပါ ရှင်းပေးမှာပါ အရသာ ဘယ်လိုပဲဖြစ်နေပါစေ ဒီ cakeက ကျွန်တော်မှာထားတာပဲ cakeတန်ဖိုးပါရှင်းသင့်တာပေါ့"
" Customer ဘက်က ကျေနပ်ရင်တော့ သဘောအတိုင်းပါပဲ"
ဆိုင်ပိုင်ရှင်ဆိုသူက ဖြေရှင်းပေးပြီးတာနဲ့ အနားက ထွက်သွားပေးခဲ့သည်။
"မင်းပြောတော့ မင်းတို့ဆိုင်က cakeက အကောင်းဆုံးဆို"
အခုထိ ဘေးနားမှာ မျက်နှာငယ်လေးနဲ့ ရပ်နေတဲ့ သူ့ကို ဘာတတ်နိုင်သေးလဲဆိုတဲ့ ပုံစံနှင့် မထိတထိပြုံးပြရင်း မေးလိုက်တော့…
"ကျွန်တော် သကြားနဲ့ဆား မှားထည့်မိသွားတာ ထင်တယ်…ဆိုင်ကလူတွေများလာတော့ တခြားလူတွေ မအားသေးတာနဲ့ စောင့်နေရမှာစိုးလို့ လုပ်ပေးမိတာ … Miyanae"
အပြစ်တင်စကားပြောရက်စရာ မရှိလောက်အောင် သူဟာဖြူစင်လွန်းနေသလိုပါပဲလား…တစ်ကယ်တော့ ဒါက သူ့ရဲ့ မာယာတွေပဲဖြစ်မှာပါ
"မင်းကိုယ်တိုင် ပြင်ပေးတာ စားစေချင်လို့လား"
မရည်ရွယ်ပဲ ထွက်သွားမိတဲ့ စကားက သူ့အတွက် အရှိုက်ထိသွားလေသလား… ပါးစပ်ကလေးဟပြီး ဘာပြောရမှန်းမသိဖြစ်နေပုံက လိမ်တာမိသွားတဲ့ ဆရာရှေ့က ကလေးတစ်ယောက်လို။
"တခြား လူ…လူတွေ မအား လို့ "
အသံတွေကလည်းတုန်နေပြီး စကားတွေက ထစ်နေခဲ့သည်။
"သေချာလား"
"omm…"
ခေါင်းကိုပြတ်ထွက်လုမိမတတ် ညိမ့်ပြလိုက်သည့်သူ့ကြောင့် ပြုံးလိုက်မိရင်း
"မင်းလိမ်နေတာ မင်းမျက်လုံးတွေက ပြောပြနေတယ် ကိုယ့်ကို မင်းလိမ်နေတယ်တဲ့"
"……"
အဲဒီနောက်မှာ ပူထူသွားပုံရသည့်မျက်နှာနဲ့ … ကျနော့်ကို ကြည့်နေတဲ့သူ ချက်ချင်းပဲ အကြည့်လွှဲသွားခဲ့သည်။
"အပြင်ကနေစောင့်နေမယ် ခဏနေ အပြင်ထွက်လာခဲ့ "
ကျနော့် စကားကြောင့် သူက ပြန်မော့ကြည့်လာရင်းက
"wae? ဆိုင်က မပိတ်သေးဘူး"
"မပိတ်လည်း အလုပ်စောဆင်း"
"ကျွန်တော် အလုပ်စဆင်းတာ 3:30 မှ အခု တစ်နာရီပဲကြာသေးတယ် အလုပ်ဆင်းဖို့ အဆင်မပြေသေးဘူး"
"တစ်နေကုန် ဒီဆိုင်မှာ လုပ်တာ မဟုတ်ဘူးလား"
"အချိန်ပိုင်းပဲ လုပ်တာ"
"ရတယ်လေ… ဒါဆို မင်းထွက်မလာမချင်း စောင့်နေမယ်… ပြီးတော့ ခုမှာထားတွေ မင်းရမဲ့ ပိုက်ဆံထဲက ခဏစိုက်ရှင်းထားလိုက်နော် "
ယတိပြတ်ပြောပြီး ဆိုင်ပြင်ထွက်လာခဲ့သည်။
အခုမှ စတွေ့တဲ့ ကျနော်လို လူတစ်ယောက်အတွက် Do Kyung Soo ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ သိချင်လို့ စိန်ခေါ်ကြည့်လိုက်တာ သူထွက်လာရင် ကျနော့် စိန်ခေါ်မှုက အောင်မြင်တယ် ပြောရမှာပဲ။
……………………………………………………………
သိပ်မစောင့်လိုက်ရပါဘူး 15min လောက်ကြာတော့ သူထွက်လာသည်။
အရမ်းကြီး မျှော်လင့်မထားခဲ့ပေမဲ့ သူတစ်ကယ်ထွက်လာသားပဲ။
"ဘာဖြစ်လို့ ထွက်လာခိုင်းတာလဲ"
သိချင်နေတဲ့ မျက်လုံးတွေနဲ့ အနားကို သူရောက်လာပြီးမေးတော့
"စကားပြောချင်လို့"
ကျနော့်ရဲ့ အဖြေအဆုံး မျက်လုံးအရောင်လေးတွေ မှိန်ကျသွားတယ်။ ဘာကြောင့်လဲ။
" ပြောလေ"
ခုနကလို မဟုတ်တော့။
"မင်းနာမည် မသိရသေးဘူး"
"Do Kyung Soo "
မေးရင်မေးတာပဲဖြေတတ်ပုံရသည်။ အပိုအလိုမရှိ။
" ကိုယ့်နာမည်က Kim Jongin မှတ်ထားမယ်မလား"
သူ့မျက်ဝန်းတွေစိုက်ကြည့်ပြီး ပြုံးပြရင်းဆိုလိုက်တော့… တစ်ခဏတော့ ကျနော့်အပြုံးတွေကို သူငေးကြည့်နေခဲ့သည်။
Chanyeolနဲ့ပတ်သက်ဖူးတယ်ဆိုတော့ Kai ဆိုတာ လူမမြင်ဖူးရင်တောင် နာမည်တော့ သိထားနိုင်တာပဲ။
ဘယ်လိုပဲပြောပြော Chanyeolနှင့်ပတ်သက်ပြီး ကျနော့်အကြောင်း ဘယ်အရာမှ သူ့ကို မသိထားစေချင်တာအမှန်။
"မှတ်ထားလိုက်ရင် မိတ်ဆွေတွေဖြစ်သွားတော့မှာလား"
သူ့စကားက ကျနော့်ကို ပြုံးလိုက်မိစေသည်။
"မိတ်ဆွေဆိုတာ မရင်းနှီးတဲ့ အသိတွေမှ သုံးတာ ကိုယ်တို့က ရင်းနှီးလာနိုင်တယ်မလား"
"ဘယ်အတိုင်းအတာထိလဲ… သူငယ်ချင်းလိုမျိုးလား"
တစ်ကယ်ပဲ ဘာမှမသိရှာသူလို မေးနေပုံ။
သူတစ်ကယ် တော်ပါတယ်။
ဖြူစင်တဲ့အမူအယာတွေကို လက်နက်တစ်ခုလို အသုံးချတတ်တယ်။
ဘယ်လိုပဲ သူလုပ်ပြနေပါစေ သူဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ ကျွန်တော်အသိဆုံးပဲ။
အခုလည်းကြည့် မျက်လုံးတွေက တစ်ကယ်ဘာမှ မသိရှာတဲ့ ကလေးလေးလိုပဲ ချစ်စရာကောင်းနေတာတော့ မှန်ပေမဲ့ သူ့ရဲ့ အဲဒီပုံစံကို မုန်းတယ်။
"အဲဒါ ကိုယ်တို့နှစ်ယောက်ပေါ်မှာပဲ မူတည်ပါတယ် Kyung Soo "
"………"
ကျနော့် အပြောကြောင့် သူမျက်နှာတွေ ရဲတက်လာသည်။ သတိထားမိတာ နောက်တခုက တစ်ခုခုဆို သူ အရမ်း ရှက်တတ်တယ်ဆိုတာပဲ။
"ပြန်တော့မှာမလား…အိမ်ကို လိုက်ပို့ပေးမယ်"
" omm "
သူငြင်းမယ် ထင်ထားတာ မငြင်းခဲ့ဘူးပဲ ။
သူ့ကိုချဉ်းကပ်ရတာ ကျွန်တော်ထင်ထားတာထက် ပိုလွယ်ကူနေခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် အရာအားလုံး အဆင်ပြေ ချောမွေ့နေခဲ့လို့ ကျေနပ်တယ်
"ကျေးဇူးနော်…လိုက်ပို့ပေးတာအတွက်"
"ဒါနဲ့ ခုနက အကြွေးအတွက် မှတ်ထားလိုက်နော်…ကိုယ်သေချာပေါက်ပြန်ဆပ်မှာပါ"
"ပြန်မပေးလည်း ရပါတယ်"
"Kyung Soo …အကြွေးဆိုတာရှိနေရင် ပြန်ဆပ်ရတယ်မလား… ကိုယ်က အကြွေးတင်နေရင်မနေတတ်ဘူး"
သူကတော့ ကျနော့်စကားကို သာမန်ပဲ သဘောထားပြီး အိမ်ထဲဝင်သွားသည်။
မင်းလည်း ငါ့အပေါ်တင်နေတဲ့ အကြွေးတွေ တစ်နေ့သေချာပေါက် ပြန်ပေးဆပ်ရမယ် Do Kyung Soo မင်းမပေးလည်း ငါက ရအောင်ယူမှာမလို့။
အခုမှသတိထားမိတယ် သူနေတာ လူချမ်းသာတွေသာ နေနိုင်တဲ့ရပ်ကွက်မျိုး။
Waiter ကောင်လေးက ဒီလို အိမ်မျိုးနဲ့ နေနိုင်တယ် ဆိုတော့ စဉ်းစားစရာဖြစ်နေပေမဲ့ သူ့ဘေးအိမ်ကိုတော့ ရအောင် ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။
အိမ်ခြံမြေ အကျိုးဆောင်ဆီ တစ်ခါထဲဖုန်းဆက်ပြီး လိုချင်တဲ့ အိမ်ရဲ့ လိပ်စာနှင့်ခြံနံပတ်ပါ တစ်ခါထဲပေးလိုက်ကာ ဘယ်ဈေးနဲ့ဖြစ်ဖြစ်ဝယ်မယ်လို့သာ အပြတ်ပြောလိုက်သည်။
……………………………………………………………
Park အိမ်တော်ကို ပြန်ရောက်တော့ အရင်ဆုံး Chanyeolအခန်းထဲသာဝင်လိုက်ပြီး စာအုပ်လှန်လိုက်ကာ မနေ့က ဆက်မဖတ်လိုက်ရသည့် နေရာမှစ၍ ကျနော်မသိခဲ့ရသေးသည့် သူနှင့် Chanyeolရဲ့ အတိတ်ကနေ့ရက်များဆီသို့ ……
~~~~~~~~~~T B C ~~~~~~~~~~